← Chapters

မိုးထဲလေထဲ ချယ်လန်းဝတ်ကျောင်းတော်သို့ နောက်တစ်ကြိမ်

Vol. 8 Ch. 737

မိုးထဲလေထဲ ချယ်လန်းဝတ်ကျောင်းတော်သို့ နောက်တစ်ကြိမ်

Vol. 8 Ch. 737

အရိုးမိစ္ဆာများ ရုတ်တရက် ပျောက်ကွယ်သွားရသည့်အကြောင်းမှာ ဤသို့ ဖြစ်လေ၏။

"သောက်ပြီးရင်မပြန်နဲ့တော့" စားသောက်ဆိုင်တွင် ကူးဝေေ၀နှင့် ဆန်းချင်းချင်း အနည်းငယ် သဘောထား ကွဲလွဲမှု များဖြစ်ခဲ့ပြီးသည့်နောက် သူတို့ (၂)ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် အနည်းငယ်ရှိန်သွားကြလေသည်။

ထို့ကြောင့် ဆန်းချင်းချင်းက အနေရခက်သည့် အခြေအနေကို ကျော်လွှားရန်အတွက် ကူးဝေေ၀၏ လက်ကိုဆွဲကာ သူမအခန်းထဲသို့ ခေါ်သွားပြီး ရောက်တက်ရာရာများကို စကားတွတ်ထိုးနေခဲ့ကြလေသည်။

အမှန်တော့ သူတို့က အလှအပအကြောင်းများကို ပြောနေကြခြင်း ဖြစ်လေသည်။ ကူးဝေေ၀မှာ အလှအပ ပြင်ဆင်လေ့ရှိသူမဟုတ်လေရာ ဆန်းချင်းချင်းက သူမ၏ အလှပြင်ပစ္စည်းများကို ကူးဝေေ၀ကို ပြသနေခြင်း ဖြစ်လေသည်။ ပါးနီကိုမည်သို့ ခြယ်သရမည် ၊ အဝတ်အစားပေါ်တွင် လှပသည့်အဆင်တန်ဆာများ မည်သို့ ဆင်မြန်းရမည်ကို ဆန်းချင်းချင်းက ကူးဝေေ၀ကို ပြောပြနေလေသည်။

စကားများ ဟိုဟိုဒီဒီပြောလိုက်သည့်အတွက် သဘောထားမတိုက်ဆိုင်မှုများမှာလည်း ပျောက်ကွယ်သွားကြလေ သည်။

မိန်းကေလး (၂)ယောက် အခန်းထဲတွင် စကားတွတ်ထိုးနေကြသည့်အချိန်တွင် ဆန်းလျန်ကတော့ သူတို့နောက်သို့ လိုက်ပါလာခြင်း မရှိပေ။

မိန်းကေလး (၂)ယောက်သည် စကားပြောနေကြရင်း အချင်းချင်း စိတ်လွတ်ကိုယ်လွတ် ဆော့ကစားနေကြပြီး အခန်းထဲမှ အတောမသတ်နိုင်သည့် တစ်ခစ်ခစ်ရယ်မောသံလေးများ ထွက်ပေါ်လျှက် ရှိလေသည်။

ထိုအချိန်မှာပင်…

ကျောက်ဖြူသားကဲ့သို့ ဆွတ်ဆွတ်ဖြူနေသည့် အရိုးမိစ္ဆာတစ်ကောင်သည် သူမတို့၏ အခန်းထဲတွင် ရုတ်တရက် ထွက်ပေါ်လာလေသည်။

အရိုးမိစ္ဆာကို ပထမဆုံး တွေ့မြင်လိုက်သူမှာ ဆန်းချင်းချင်းဖြစ်ပြီး သူမသည် ကြောက်ရွံ့လွန်းသည့်အတွက် အသံပင်မထွက်နိုင်ပဲ ဆွံ့အသွားရလေသည်။

ကူးဝေေ၀ကတော့ အာခေါင်ကိုခြစ်ကာ အော်ဟစ်လိုက်မိလေသည်။

သို့သော်… သူမက သတိလွတ်မသွားဘဲ မေနန့်စန်းထံမှ ဆန်းလျန်ယူထားသည့် ယင်စွမ်းအားကျောက်စိမ်းပြားလေး ကိုထုတ်ယူလိုက်လေသည်။ ယင်စွမ်းအားများကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး အေးစိမ့်သွားပြီး အရိုးမိစ္ဆာမှာ ရုတ်တရက် အေးခဲသွားလေသည်။

အအေးဓာတ်များသည် ကူးဝေေ၀၏ မျက်ခုံး (၂)ခုကြားတွင် လာရောက်စုစည်းပြီး သူမ၏ မျက်ဝန်းများသည် စူးရှ တောက်ပလာကာ နတ်ဘုရားတစ်ပါး၏ တန်ခိုးစွမ်းအားများ ထွက်ပေါ်လာလေသည်။

ထို့နောက်… အရိုးမိစ္ဆာ လှုပ်ရှားမှု မပြုနိုင်သေးခင်မှာပင် ကူးဝေေ၀သည် သူမ၏အင်္ကျီလက်ထဲမှ ဟင်းချက်ရာတွင် အသုံးပြုသည့် ဓားကျိုးကို ထုတ်ယူကာ အရိုးမိစ္ဆာကို ခုတ်ပိုင်းချလိုက်လေတော့သည်။

အရိုးမိစ္ဆာသည် မျက်ခုံးအလယ်တည့်တည့်မှ နှစ်ပိုင်းကွဲသွားပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များနှင့်အတူ လေထဲတွင် ပျောက်ကွယ်သွားလေတော့သည်။

ထိုအချိန်မှာပင်…

ပိုင်ကျားမြို့တစ်မြို့လုံးကို ဒုက္ခပေးနေကြသည့် အရိုးမိစ္ဆာများအားလုံးမှာ တစ်ပြိုင်တည်း ပျောက်ကွယ်သွားကြခြင်း ဖြစ်လေတော့သည်။

ကူးဝေေ၀အသုံးပြုလိုက်သည့် ဓားကျိုးမှာ သူမ ဆန်းလျန်ကိုပေးလိုက်သည့် ဓားဖြစ်သည်ကို ဆန်းချင်းချင်းက မှတ်မိ လိုက်လေသည်။ ထိုဓားကျိုးသည် ထိုမျှ တန်ခိုးစွမ်းအားမြင့်မားလိမ့်မည်ဟု သူမ ထင်မထားခဲ့မိပေ။

ကူးဝေေ၀မှာလည်း သူမ ဟင်းချက်ရာတွင် အသုံးပြုနေသည့် ဓားကျိုးသည် ထိုမျှ အစွမ်းထက်လိမ့်မည်ဟု ထင်မထားခဲ့မိပေ။

ကူးဝေေ၀က အနည်းငယ် အားတုံ့အားနာဖြစ်သွားဟန်ဖြင့်…

"မင်းသမီးလေး ၊ ဒီဓားက တကယ်တန်ဖိုးရှိတဲ့ ဓားကောင်းတစ်လက်ပဲ ၊ မင်းသမီးလေးကို ပြန်ပေးလိုက်မယ် ၊ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ အသုံးပြုနိုင်တာပေါ့…"

ကူးဝေေ၀၏ စကားကြောင့် ဆန်းချင်းချင်းမှာ တစ်ချက် စိတ်လှုပ်ရှားသွားလေသည်။ တကယ်တမ်း သူမ ဓားကျိုးကို ပြန်လိုချင်မိလေသည်။

သို့သော်… သူမက အတွေးများကို ချက်ချင်းပင် ဖျောက်ဖျက်ပစ်လိုက်ပြီး ကူးဝေေ၀ကို ပြုံးပြလိုက်ရင်း…

"မမ ၊ ဒီဓားက မမတို့ကိုပေးလိုက်ပြီပဲ ၊ ကျွန်မ ပြန်မယူတော့ပါဘူး ၊ ပြီးတော့ ဒီဓားက ကျွန်မလက်ထဲမှာဆိုရင် ဒီလောက်လည်း အစွမ်းမထက်လှပါဘူး…"

ကူးဝေေ၀က ခေါင်းတစ်ချက်ခါယမ်းလိုက်ပြီး…

"မဖြစ်ဘူး ၊ ဒီဓားကအရမ်းတန်ဖိုးရှိတယ်လို့ အားလျန်က ပြောဖူးတယ် ၊ ဒါပေမယ့် ဒီလောက်အစွမ်းထက်မယ်လို့ ထင်မထားမိဘူး ၊ မမကို ကာကွယ်ပေးမယ့် အားလျန်ရှိပါတယ် ၊ ဒါပေမယ့် မင်းသမီးလေးက နန်းတော်ရဲ့ အဝေးကိုထွက်လာတာ ၊ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ ပိုပြီး လိုအပ်ပါတယ်…"

ဆန်းချင်းချင်းက…

"ကျွန်မကို အထိန်းတော်ကြီးက ကာကွယ်ပေးမှာပေါ့ ၊ မမ အထိန်းတော်ကြီးကို လျှော့မတွက်နဲ့နော်…"

ဆန်းချင်းချင်းက အတင်းငြင်းနေသည့်အတွက် ကူးဝေေ၀လည်း မတတ်နိုင်တော့ပေ။

ကူးဝေေ၀က ယဉ်ကျေးမှုရှိသူတစ်ယောက် ဖြစ်လေသည်။ ဆန်းချင်းချင်းက ငြင်းဆန်နေသည်ကို အတင်းပြန်ပေးနေပြန်လျှင်လည်း ရိုင်းရာကျလေသည်။ ထို့ကြောင့် နောင်တစ်ချိန် အခွင့်အရေးရမှသာ ဓားကျိုးကို ပြန်ပေးတော့မည်ဟု ဆုံးဖြတ်ချက် ချလိုက်မိလေသည်။

ထိုအချိန်မှာပင်…

အခန်းတံခါးပွင့်သွားပြီး အထိန်းတော်ကြီးဝင်လာလေသည်။ အထိန်းတော်ကြီးနောက်တွင် ပိုင်ရှောက်ယွီ လိုက်ပါလာ လေသည်။ သို့သော် ဆန်းလျန်ကိုတော့ မတွေ့ရပေ။

ကူးဝေေ၀က…

"အားလျန်ရော…"

ပိုင်ရှောက်ယွီက ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်ပြီး…

"အစ်ကိုဆန်းကို မတွေ့တော့ဘူး…"

ကူးဝေေ၀မှာ အနည်းငယ် စိတ်ရှုတ်ထွေးသွားရလေသည်။

ဆန်းလျန်မှာ တန်ခိုးစွမ်းအား မြင့်မားသူဖြစ်သည့်အတွက် စိုးရိမ်ပူပန်ခြင်းတော့ မဖြစ်မိပေ။ သို့သော်… အဘယ့်ကြောင့် ဆန်းလျန် ပျောက်ကွယ်သွားရသည်ကို သူမ သိချင်နေမိလေသည်။ သို့သော် သူမအတွက် အဖြေရှာမရနိုင် ရှိရလေသည်။

…….

ပိုင်ကျားမြို့နှင့် မိုင် (၃၀၀) အဝေးတွင် တောင်တစ်တောင်ရှိလေသည်။

ထိုတောင်သည် ချင်းရှတောင်ထက် များစွာ မြင့်မားလေသည်။ တောင်တက်လမ်းတစ်ခုလုံးမှာ မိုးရေများဖြင့် စိုရွှဲကာ ဗွက်ထနေလေ၏။ မိုးများက သဲထန်စွာ ရွာသွန်းနေပြီး မြူခိုးတိမ်တိုက်များကြောင့် အရှေ့ဆီသို့ မှုံဝါးဝါးသာ မြင်နိုင်လေသည်။

ဆန်းလျန်သည် မိုးရေထဲတွင် ခပ်ဖြည်းဖြည်း လမ်းလျှောက်နေလေသည်။ တောင်မြင့်ကြီး၏ ရှုခင်းများသည် သူနှင့် ရင်းနှီးနေသလို ခံစားနေရလေသည်။

သို့သော်…ချယ်လန်းတောင်သည်ကား သူ၏မွေးမိခင် ဆန်းအိမ်တော်မှ သခင်မလေးကို မြှုပ်နှံခဲ့ရာ နေရာ… ၊ သူ၏ ဘဝအစပိုင်းကာလများတွင် အစိမ်းရောင်ဝတ်လူနှင့် တာအိုဆရာလင်ချုန်းရှောင်တို့ တိုက်ခိုက်ခဲ့ကြလေရာ နေရာတစ်ခု ဖြစ်သည်ကို ဆန်းလျန်သည် မေ့လျော့နေခဲ့ပြီ ဖြစ်လေသည်။

ထို့ပြင်… မြေခွေးသားအဖဖြစ်သည့် ရှင်းချွိပင်းကျိရှောင်အန်းနှင့် ရှင်းစစ်စစ်နျန်တို့နှင့် ဆုံတွေ့ခဲ့ပြီး ချင်းရွှမ်နတ်တံခါး အကြောင်း စတင်သိကျွမ်းခဲ့ရသည့် နေရာတစ်ခုဖြစ်သည်ကိုလည်း ဆန်းလျန် မသိရှိတော့ပေ။

ဆန်းလျန်က အလျှင်လိုခြင်းမရှိဘဲ အရှေ့ဆီသို့ ဖြည်းဖြည်းချင်း သွားနေလေသည်။ လမ်းတစ်လျှောက်တွင် လေနှင့်မိုးများက တိုက်ခတ်နေပြီး နဂါးတစ်ကောင် ခရီးသွားနေသည့်အလား ဆန်းလျန်၏စိတ်ထားက သန့်စင်နေ လေသည်။

တောင်ပေါ်ရှိ မြင်ပင်များ ၊ သစ်ပင်များ ၊ ပန်းပွင့်များ ၊ သစ်ရွက်များ … အားလုံးသည် မိုးထဲလေထဲတွင် နတ်ဘုရားတစ်ပါးကို ဝပ်တွားကိုးကွယ်သည့်အလား ဆန်းလျန်ကို ဦးညွှတ်နေကြလေသည်။

ဆန်းလျန်ကလည်း ထိုသို့ ဦးညွှတ်ခြင်းကို ခံထိုက်သူတစ်ယောက်ဖြစ်လေသည်။

သစ်ပင်ပန်းမာလ်များ၏ သဘာဝတရားသည် အလွန်သန့်စင်လေသည်။ ထိုကြောင့် ဆန်းလျန်၏ ကြီးမြတ်ခြင်းနှင့် ထူးခြားသည့်တန်ခိုးစွမ်းအားများကို ခံစားနိုင်စွမ်း ရှိကြလေသည်။

ခဏကြာသည့်အခါတွင်တော့…

ပြိုကျပျက်စီးနေသည့် တံတိုင်းကြီးတစ်ခုကို ဆန်းလျန် တွေ့မြင်လိုက်ရလေသည်။

ထိုတံတိုင်းအပျက်ကြီးဆီမှ ပျက်စီးခဲ့ရသည့် ဘဝပေါင်းများစွာ၏ အငွေ့အသက်များသည် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ထွက်ပေါ်လျှက် ရှိလေသည်။ ထိုတံတိုင်းအပျက်ကြီးနောက်တွင်တော့ နက်ရှိုင်းလှသည့် ချောက်ကမ်းပါးကြီးတစ်ခုကို တွေ့မြင်နိုင်လေသည်။

ပုံမှန် ချောက်ကမ်းပါးဆိုလျှင် ကျောက်သားကျောက်ဆိုင်များ အနည်းနှင့်အများ ရှိရမည် ဖြစ်လေသည်။ သို့သော်… ယခု ချောက်ကမ်းပါးကြီးကတော့ မှန်သားကဲ့သို့ ချောမွေ့နေလေသည်။ သွေးစရာမလိုသည့် သဘာ၀ ကျောက်စိမ်း အလား ဖြစ်လေသည်။

ချောက်ကမ်းပါးကြီးထက်မှ ရေတံခွန်ငယ်တစ်ခုက ချောက်ကမ်းပါးအောက်သို့ စီးဆင်းကျနေလေသည်။

ဆန်းလျန်က…

"ဒီနေရာက ဓမ္မစွမ်းအားတွေက မင်းရဲ့ မိစ္ဆာစွမ်းအားတွေကို ဖုံးကွယ်ပေးထားတာပဲ ၊ ဒါပေမယ့် ကျုပ်ဆီကတော့ ဖုံးကွယ်လို့ရမယ်မထင်နဲ့ ၊ မင်းအရှက်ကွဲအောင် ကျုပ်ဆွဲထုတ်ရမလား ၊ ကိုယ့်ဟာကိုယ် ထွက်လာပြီး ကျုပ်ရှေ့မှာ အညံ့ခံမလား…"

ဆန်းလျန်သည် ထိုစကားကို မည်သည့်နေရာသို့မှ ကြည့်နေပြီး ပြောခြင်း မဟုတ်ပါ။

သူ့ကိုယ်သူပြောနေသကဲ့သို့ အေးအေးဆေးဆေးပင် ပြောနေခြင်း ဖြစ်လေသည်။

ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံပင် မကြားလောက်အောင် တိတ်ဆိတ်သွားလေသည်။

သို့သော်… သိပ်မကြာမီမှာပင် ချောမွေ့ကြည်လင်နေသည့် ချောက်ကမ်းပါးကြီးဆီမှ လူတစ်ယောက် ထွက်ပေါ်လာ လေသည်။

ထိုသူမှာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ဘုန်းတော်ကြီးတစ်ပါး ဖြစ်လေသည်။ မျက်ခုံးမွှေးများက ခပ်ကွေးကွေးနှင့်ဖြစ်ပြီး ပျံသန်းတော့မည့် ဇင်ယောင်တောင်များအလား ထင်မှတ်ရလေသည်။ မျက်လုံး ၊ နှာခေါင်း ၊ နားရွက်များနှင့် မျက်နှာဖွဲ့စည်းပုံက ထူးခြားလေသည်။ သို့သော်… ခြုံပြီးကြည့်မည်ဆိုလျှင်တော့ အလွန်မှ ပြည့်စုံလွန်းသည့် မျက်နှာကို တွေ့မြင်ရမည် ဖြစ်လေသည်။

သူက ဆန်းလျန်ကို ကြောက်ရွံ့နေဟန် မရှိပါ။ အေးဆေးတည်ငြိမ်စွာဖြင့်ပင် ချောက်ကမ်းပါးကြီးထက်တွင် မတ်တတ်ရပ်နေလေသည်။

"နတ်ဘုရား ၊ ကျုပ်က မင်းကို ဒုက္ခပေးဖို့ ရည်ရွယ်ချက် မရှိပါဘူး…"

ဆန်းလျန်က…

"မင်းက ထူးဆန်းတာပဲ ၊ ကျုပ်က မင်းကို မိစ္ဆာကျင့်စဉ်ကိုကျင့်ကြံနေတဲ့ မိစ္ဆာနတ်ဘုရားတစ်ပါးလို့ ထင်ထားတာ ၊ ဒါပေမယ့် အခု မင်းကိုတွေ့လိုက်ရတော့ မင်းကျင့်ကြံထားတဲ့တန်ခိုးစွမ်းအားက တကယ်နက်ရှိုင်းတာပဲ ၊ မင်းရဲ့ ဇာစ်မြစ်ကဘာလဲဆိုတာ ကျုပ်သိချင်မိတယ်…"

အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် ဘုန်းတော်ကြီးက ဆန်းလျန်ကို ရိုသေစွာဖြင့် တစ်ချက် ဦးညွှတ်လိုက်ရင်း…

"ကျုပ်က ကံကောင်းခဲ့တာပါ ၊ တကယ်တော့ ကျုပ်ရဲ့ဇာစ်မြစ်က ဒီချယ်လန်းတောင်ပေါ်က ခူယားကောင် တစ်ကောင်မျှသာပါပဲ ၊ ချယ်လန်းဝတ်ကျောင်းတော်နားက ပိုးစာပင်ပေါ်မှာ ကျုပ်နေထိုင်ခဲ့ပါတယ် ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀၀၀)လောက်က ရုတ်တရက် 'အတ္တ' ဆိုတဲ့ သဘောတရားကို နားလည်ခဲ့ပါတယ် ၊ အဲဒီအချိန်ကစပြီး အရမ်းကို ဆာလောင်မွတ်သိပ်မှုကို ခံစားခဲ့ရပါတယ် ၊ အဲဒါကြောင့်ကျုပ်နေထိုင်တဲ့ ပိုးစာပင်ကို (၂)ရက်တည်းနဲ့ အကုန်စားပစ်ခဲ့ပါတယ်"

"အဲဒီနောက်မှာတော့ ဘုန်းတော်ကြီး (၁)ပါးရောက်လာပြီး ကျုပ်ကို အချိန်အကြာကြီး ကြည့်နေခဲ့ပါတယ် ၊ အဲဒီအချိန် တုန်းက ကျုပ်အရမ်းကိုကြောက်လန့်နေခဲ့တယ် ၊ ဘာဖြစ်လို့လဲဆိုတော့ သူက ကျုပ်ကို လက်နဲ့ဖျစ်ပြီး တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်နိုင်တယ်လေ ၊ ဒါပေမယ့် နောက်ဆုံးမှာတော့ သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး ကျုပ်ကို စကားပြောခဲ့တယ် ၊ 'မင်းဒီအတိုင်းသာ စားနေမယ်ဆိုရင် ပိုးစာပင်တစ်ပင်လုံး သေသွားလိမ့်မယ် ၊ ဒါပေမယ့် မင်းက ဒီပိုးစာပင်ပေါ်မှာ အသိတရားရခဲ့တယ် ၊ မိုးမြေစွမ်းအားတွေဟာ ပိုးစာပင်နဲ့ ဆက်သွယ်နေတယ် ၊ ဒါကြောင့် မင်းအနေနဲ့ ဒီပိုးစာပင်ကနေ ထွက်ခွာသွားလို့လည်း မဖြစ်နိုင်ဘူး ၊ ပြီးတော့ မင်းအသိတရားရလာတာက လည်း ကံတရားအတိုင်းရလာခဲ့တာ ၊ မင်းရဲ့ ကံကောင်းခြင်းတွေက အလကားဖြစ်ကုန်တော့မှာပဲ ' တဲ့"

"အဲဒီအချိန်တုန်းက သူပြောနေတဲ့စကားတွေကို ကျုပ်နားမလည်ခဲ့ဘူး ၊ ဒါပေမဲ့ အဲဒီဘုန်းတော်ကြီးက ကျုပ်ကို ဒုက္ခပေးမယ့်သူမဟုတ်ဘူးဆိုတာ ကျုပ်သိလိုက်တယ် ၊ တစ်ချိန်တည်းမှာပဲ ပိုးစာပင်ကိုလည်း ဆက်ပြီးမစားချင် တော့ဘူး… ၊ ဒါပေမဲ့ ကျုပ် အရမ်းဆာလောင်နေတုန်းပဲ ၊ အဲဒီတော့ စားမှပဲ ဖြစ်မှာပေါ့"

အဲဒီနောက်မှာတော့ ဘုန်းတော်ကြီးက သူ့လက်ညိုးကိုကိုက်လိုက်ပြီး ထွက်လာတဲ့သွေးတွေနဲ့ ကျုပ်ရဲ့ ခန္ဓာကိုယ်ကို သုတ်လိုက်တယ် ၊ ကျုပ်က အရမ်းဆာလောင်နေလို့ ဘုန်းတော်ကြီးရဲ့လက်ကထွက်လာတဲ့သွေးတွေကို အငမ်းမရ စုပ်ယူလိုက်တယ် ၊ သူ့ရဲ့သွေးတွေက အရမ်းပဲ အရသာရှိလွန်းတယ် ၊ ပိုးစာပင်က သစ်ရွက်တွေထက် အရသာ ရှိတယ် ၊ အရသာကလည်း ချိုမြမြနဲ့ပေါ့"

"သူက နေ့တိုင်းကျုပ်ကို သွေးတွေတိုက်တယ် ၊ အဲဒါကြောင့် ကျုပ်ပိုးစာပင်ကို မစားတော့ဘူး ၊ ဒါပေမယ့် နောက်ပိုင်းကျတော့ သူရောက်မလာတော့ဘူး ၊ ကျုပ် အရမ်းဝမ်းနည်းသွားတယ် ၊ ပိုးစာပင်ကိုလည်း စားချင်စိတ်မရှိ တော့ဘူး ၊ ကျုပ် သစ်ပင်ပေါ်မှာပဲ ဒီအတိုင်းနေရင်း သူရောက်လာမယ့်အချိန်ကို စောင့်နေခဲ့တယ်"

"ပထမတော့ ကျုပ်ထင်တာက ပိုးစာပင်ကိုသာ မစားရရင် အဆာလွန်ပြီး သေသွားလိမ့်မယ်ပေါ့ ၊ ဒါပေမယ့် ရက်ပေါင်းများစွာ ကြာတဲ့တိုင်အောင် ကျုပ် မဆာလောင်တော့ဘူး ၊ ဒါပေမဲ့ ကျုပ်ရဲ့ခန္ဓာကိုယ်က တဖြည်းဖြည်း ကြီးလာတယ် ၊ သာမန် ခူယားကောင်လေးတစ်ကောင် မဟုတ်တော့ဘူး"

"တစ်နေ့ကျတော့… ကျုပ် အရမ်းနေရထိုင်ရခက်လာပြီး အန်လည်းအန်ချင်လာတယ် ၊ ပြီးတော့ အန်ချလိုက်တော့ ကျုပ်ရဲ့ပါးစပ်ထဲက ပိုးချည်မျှင်တွေ ထွက်လာတယ် ၊ အဲဒီအချိန်မှာ ကျုပ်အရမ်းကြောက်သွားတယ် ၊ ကျုပ်ခေါင်းတွေက ချာချာလည်မူးနေပြီး ကျုပ်သေရတော့မယ်လို့ ထင်လိုက်မိတယ်…"

"ကျုပ်မသေချင်သေးဘူး ၊ သေရမှာကို အရမ်းကြောက်တယ် ၊ ဒါပေမယ့် ကျုပ်ဆီကိုလာလေ့ရှိတဲ့ဆရာတော်ကို နောက်ထပ်တွေ့ခွင့်မရတော့မှာ ပိုပြီးကြောက်မိတယ် ၊ အဲဒီနောက်မှာတော့ နေ့တိုင်းပဲ ပိုးချည်မျှင်တွေကို အန်ထုတ် တယ် ၊ ပိုးချည်မျှင်တွေက ကျုပ်ရဲ့ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ်ရစ်ပတ်ထားခဲ့တယ် ၊ နောက်ဆုံး ဘုန်းတော်ကြီးကို ပြန်တွေ့ခွင့်ရတဲ့အထိ ကျုပ်ဟာ ပိုးချည်တွေနဲ့ ကျုပ်ကိုယ်ကျုပ် ရစ်ပတ်ထားခဲ့တယ်"

All Chapters