← Chapters

မရည်ရွယ်ပါဘဲ

Vol. 8 Ch. 742

မရည်ရွယ်ပါဘဲ

Vol. 8 Ch. 742

ဖခင်ဖြစ်သူကို သဂြိုလ်ရန်အတွက် သူမကိုယ်သူမရောင်းချနေသည့် မိန်းကလေးမှာ ဘုန်းတော်ကြီး၏ စကားကြောင့် တွန့်ကနဲဖြစ်သွားလေသည်။

ဆိုးဆိုးဝါးဝါး ညှီနံ့များထွက်နေသည့် ငါးကြီးကို ဘုန်းတော်ကြီးက သူမကို ဝယ်ခိုင်းလိမ့်မည်ဟု ထင်မထားမိပေ။ ယခုတော့ မမျှော်လင့်စွာပင် ဘုန်းတော်ကြီးက ဝယ်ခိုင်းနေပြီ ဖြစ်လေသည်။

မိန်းမပျိုက…

"ဆရာတော်… ကျွန်မလို ဆင်းရဲတဲ့မိသားစုကမိန်းကလေးတစ်ယောက်က ဘယ်လိုလုပ်ဝယ်နိုင်မှာလဲ…"

ဘုန်းတော်ကြီးက…

"မင်းဝယ်နိုင်တယ်ဆိုတာသိလို့ ကျုပ်ဘုန်းကြီးက ရောင်းနေတာပေါ့…"

ချောမောလှပသည့် မိန်းမပျိုလေးက…

"ဆရာတော် ၊ ကျွန်မ တကယ်ပဲ ပိုက်ဆံမတတ်နိုင်တာပါ ၊ မဟုတ်ရင် အဖေ့ကိုသဂြိုလ်ဖို့အတွက် ကျွန်မကိုယ် ကျွန်မတောင် ရောင်းမနေပါဘူး…"

ဘုန်းတော်ကြီးက ဒေါသတကြီးဖြင့်…

"မင်းက မင်းအဖေကို သဂြိုလ်ဖို့အတွက် မင်းကိုယ်မင်း ရောင်းနေတာ တကယ်ရော ဟုတ်လို့လား…"

မိန်းမပျိုလေးမှာ ဘုန်းတော်ကြီးကို ကြည့်ရင်း ကြောက်ရွံ့သွားပြီး…

"တကယ်ပါ ၊ ကျွန်မမှာ တခြားနည်းလမ်း မရှိတော့လို့ပါ…"

ဘုန်းတော်ကြီးက…

"မင်းက လွန်အားကြီးတယ်…"

ဘုန်းတော်ကြီးက ဒေါသတကြီး စကားပြောနေသည်မှာ သူမသည် အပြစ်လုပ်ထားသည့် အပြစ်သားတစ်ယောက် အလားပင် ဖြစ်လေသည်။

သူမက အားနည်းသည့်လေသံလေးဖြင့်…

"ဆရာတော်… ကျွန်မက…"

သူမ စကားမဆုံးခင်မှာပင် ဘုန်းတော်ကြီးက စကားဖြတ်ပြောလိုက်လေသည်။

"မင်းက သိပ်လောဘကြီးတာပဲ ၊ မင်းက ဖခင်ကိုသဂြိုလ်ဖို့ ကိုယ့်ကိုကိုယ်ရောင်းနေတယ်ဆိုပေမယ့် မင်းကို ဝယ်လိုက်တဲ့သူက မင်းအဖေကိုသဂြိုလ်ပေးရရုံတင်မကဘူး မင်းနေဖို့ စားဖို့အတွက်လည်း တာဝန်ယူပေးရဦးမယ် ၊ မင်းကို အငတ်ထားလို့လည်း မဖြစ်နိုင်ဘူးလေ"

မိန်းမပျိုမှာ စတင်ငိုကြွေးလေတော့သည်။

"ဆရာတော်… ကျွန်မ အဲဒီလို မတွေးခဲ့ရိုးအမှန်ပါ…"

ဘုန်းတော်ကြီးက…

"မင်းက မတွေးခဲ့ဘူးဆိုပေမယ့် မင်းက ဒီလိုလုပ်ဖို့ ရည်ရွယ်နေတာပဲလေ ၊ ပြီးတော့ မင်းကိုယ်မင်းကြည့်စမ်းပါဦး ၊ ဒီလောက်ပိန်ပိန်သေးသေးလေး ၊ အားလည်းရှိမယ့်ပုံမပေါ်ဘူး ၊ ဘာအလုပ်မှ လုပ်နိုင်မှာမဟုတ်ဘူး ၊ မင်းကိုဝယ်ရင် ဝယ်တဲ့သူပဲ ဒုက္ခရောက်ရမယ် ၊ ကြည့်ရတာ… မင်း အလုပ်မလုပ်နိုင်လို့ မင်းအဖေလည်း မင်းကို ကျွေးမွေးဖို့ အလုပ်တွေအများကြီးလုပ်ရလို့ စောစောသေရတာ ဖြစ်ရမယ်…"

ဘုန်းတော်ကြီး၏ စကားကြောင့် မိန်းကလေးမှာ တရှုံ့ရှုံ့ငိုကြွေးလေတော့သည်။

သူမသည် အားနည်းသော မိန်းကလေးတစ်ယောက်ဖြစ်သော်လည်း ဘုန်းတော်ကြီးကတော့ သူမကို ပြစ်တင် ရှုံ့ချလျှက်ရှိလေသည်။

ဈေးထဲမှလူများမှာလည်း ဘုန်းတော်ကြီး၏စကားကိုကြားမှ မိန်းကလေးမှာ ချောမောလှပသော်လည်း အလုပ်များစွာ လုပ်နိုင်မည်မဟုတ်သည်ကို သတိပြုလိုက်မိလေသည်။ မိန်းကလေးကို သနားသောကြောင့် ဝယ်ယူလိုက်မည် ဆိုလျှင်တောင်မှ သိပ်ပြီး အားကိုးရနိုင်ဖွယ်မရှိပေ။ ဝယ်သည့်သူသာလျှင် သနားစရာ ကောင်းသွားပေလိမ့်မည်။

မိန်းကလေးများသည် သဘာဝအားဖြင့် စိတ်ခံစားလွယ်တတ်ကြလေသည်။ သူမသည် ငိုနေရင်းမှပင် ဈေးထဲမှ လူများသည် သူမကို စိတ်မဝင်စားကြတော့သည်ကို သတိပြုလိုက်မိလေသည်။

ထို့ကြောင့် သူမက ငိုယိုရင်းဖြင့်…

"ဆရာတော်… ဆရာတော်ရဲ့ငါးကို ကျွန်မက မဝယ်တာနဲ့ဘဲ ကျွန်မကို အဲဒီလောက်အထိ မှိုချိုးမျှစ်ချိုး ပြောစရာ မလိုပါဘူး ၊ အခု ကျွန်မမှာ ကြေးပြား (၃)ပြားတော့ရှိတယ် ၊ ဆရာတော် လိုချင်ရင်ယူသွားပါ ၊ ဆရာတော်ရဲ့ ငါးကိုတော့ ကျွန်မ မလိုချင်ပါဘူး…"

ထို့နောက်… သူမသည် ကြေးပြား (၃)ပြားကို ထုတ်ယူကာ ဘုန်းတော်ကြီးရှေ့သို့ ပစ်ချလိုက်လေသည်။

ဘုန်းတော်ကြီးက…

"အခုနေ ငါးကို မင်းကိုရောင်းလိုက်ရင် လူတွေက ကျုပ်က ငါးကို အတင်းအဓမ္မဝယ်ခိုင်းတယ်လို့ ထင်ကုန်လိမ့်မယ် ၊ ဒါပေမယ့် ကျုပ်ဘုန်းကြီးကတော့ ပွင့်ပွင့်လင်းလင်းပဲဟေ့… ၊ မင်းဝယ်မယ်ဆိုရင် ရောင်းမယ်ဟေ့…"

စကားဆုံးသွားသည်နှင့် ဘုန်းတော်ကြီးသည် မိန်းမပျို ပစ်ပေးလိုက်သည့် ကြေးပြားများကို ကောက်ယူလိုက်လေ သည်။

"ဆရာတော်… ခဏနေပါဦး ၊ ကျုပ်က ဆရာတော်ရဲ့ ငါးကို ဝယ်ချင်လို့ပါ…"

စာပေသမားလူရွယ်ပုံစံဖန်ဆင်းထားသည့် ကျီးစစ်ကျွင်းက ဈေးထဲသို့ဝင်လာပြီး ပြောလိုက်ခြင်း ဖြစ်လေသည်။

ဘုန်းတော်ကြီး ကြေးပြားသုံးပြားကို ကောက်ယူလိုက်ပြီး တစ်ချက်ပြုံးလိုက်ရင်း…

"ငါးက အခုဆိုရင် ဒီမိန်းကလေး အပိုင်ဖြစ်သွားပါပြီ…"

ကျီးစစ်ကျွင်းက ရွှေတုံး (၃)တုံးကို ထုတ်ယူလိုက်ပြီး …

"မိန်းကလေး… ငါးကို ကျုပ်ကိုရောင်းပါ ၊ ဒီရွှေတုံး (၃)တုံး မင်းကိုပေးပါ့မယ်…"

ထိုအခါမှ ဈေးထဲမှလူများမှာ ငါးကြီးကို စိတ်ဝင်စားသွားကြလေသည်။  ငါးကြီးမှာ ရွှေတုံး (၃)တုံး ပေးရလောက် အောင်တန်ဖိုးကြီးနေသည် မဟုတ်ပါလား။

မိန်းမပျိုသည် ယခုတော့ ရွှေတုံး (၃)တုံး ရရှိတော့မည် ဖြစ်လေသည်။ ရွှေတုံး (၃)တုံးဆိုသည့် ငွေပမာဏသည် မိန်းမပျို၏ ဖခင်ကို သဂြိုလ်ပြီးလျှင်တောင်မှ အမြောက်အမြားပိုနေဦးမည့် ငွေကြေးပမာဏဖြစ်လေသည်။

မိန်းမပျိုလေးသည် အနည်းငယ် စိတ်လှုပ်ရှားသွားလေသည်။

သို့သော်… သူမက ဘုန်းတော်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး…

"ဆရာတော်… ကျွန်မ ဒီငါးကို မလိုချင်ပါဘူး…"

ဘုန်းတော်ကြီးက…

"မင်း တကယ်မလိုချင်ဘူးဆိုရင်လည်း ကျုပ်က မင်းပိုက်ဆံကို ပြန်ပေးမှာ မဟုတ်ဘူးနော်…"

မိန်းကလေးက တစ်ချက်တုံ့ဆိုင်းနေပြီးမှ…

"ဒီငါးက ဈေးကြီးလွန်းတယ် ၊ ကျွန်မ မယူရဲဘူး…"

ဆရာတော်က ရယ်မောလိုက်ရင်း…

"မင်း သိပ်ပြီး ရိုးသားပြနေစရာ မလိုဘူး ၊ ကျုပ်ဘုန်းကြီးက မင်းကို ရောင်းခဲ့ပြီးပြီပဲ ၊ မင်းရဲ့ပစ္စည်းဖြစ်သွားပါပြီ ၊ မင်းရဲ့ ကြေးပြား (၃)ပြားကိုတော့ ကျုပ် ယူသွားပြီ…"

ပြောပြီးသည်နှင့် ဘုန်းတော်ကြီးက ထွက်ခွာသွားလေတော့သည်။

ဘုန်းတော်ကြီးက ငါးကြီးကိုထားခဲ့ပြီး ထွက်ခွာသွားလေသည်။ ထိုအခါ ကျီးစစ်ကျွင်းက ငါးကြီးအနားသို့ တိုးကပ်သွားကာ သေချာကြည့်လိုက်လေသည်။ ငါးကြီးမှာ အလွန်ဆူဖြိုးပြီး အရသာရှိမည့်ပုံပေါက်လေသည်။ ငါးညှီနံ့များအဆုတ်ထဲသို့ ဝင်ရောက်သွားပြီး ခဏအတွင်းမှာပင် သူ၏ ဝိညာဉ်စွမ်းအားများ ပြည့်ဝလာသည်ကို ခံစားလိုက်ရလေသည်။

သူက မိန်းမပျိုကို တစ်ချက်ကြည့်လိုက်ရင်း…

"မိန်းကလေး… မင်းသာ ဒီငါးကို ကျုပ်ကိုရောင်းမယ်ဆိုရင် မင်းလိုချင်တာ ဘာမဆိုပေးပါ့မယ်…"

မိန်းမပျိုသည် ထွက်ခွာသွားသည့် ဘုန်းတော်ကြီးကို မျက်စိတစ်စုံးငေးကြည့်နေမိလေသည်။

ဘုန်းတော်ကြီးက ဆိုးဝါးသည့် စကားလုံးများဖြင့် သူမကို ပြစ်တင်ပြောဆိုခဲ့သည့်အတွက် သူမ အနည်းငယ် စိတ်ဆိုး နာကျည်းခဲ့လေသည်။ သို့သော်… ဘုန်းတော်ကြီးသည် ကြေးပြား (၃)ပြားတည်းဖြင့် တန်ဖိုးကြီးသည့် ငါးကြီးကို သူမကို ပေးခဲ့လေသည်။ ယခုတော့ သူမသည် ဘုန်းတော်ကြီးကို ကျေးဇူးမတင်ဘဲ မနေနိုင်တော့ချေ။

သူမအနေဖြင့် လောဘကြီးစရာမလိုပါ။

"အစ်ကိုကြီး ၊ ကျွန်မရဲ့ဖခင်ကိုသာ သဂြိုလ်ပေးပါ ၊ ဒီငါးကို ယူသွားလို့ရပါပြီ…"

ကျီးစစ်ကျွင်းက ပြုံးလိုက်ပြီး…

"ဒီကိစ္စလောက်ကတော့ ရပါတယ်ဗျာ…"

ပြောပြီးသည်နှင့် ကျီးစစ်ကျွင်းက ငါးကြီးကို ယူလိုက်တော့မည် ဟန်ပြင်လိုက်ချိန်တွင် လေထဲမှအော်ဟစ်သံ တစ်ချက် ထွက်ပေါ်လာလေသည်။

"ဘယ်သူက ငါတို့ ရွှမ်နွီနန်းတော်က ကျင့်ကြံသူတစ်ယောက်ဆီက အမြတ်ထုတ်ချင်နေရတာလဲ…"

…….

ဘုန်းတော်ကြီးမှာ ဈေးထဲမှ လျှင်မြန်စွာပင် ထွက်ခွာလာခဲ့လေသည်။ ထိုဘုန်းတော်ကြီးမှာ ကျွယ်ရှင်းပင် ဖြစ်လေ၏။

မိုးမခပင်တစ်ပင်အောက်တွင် ဆန်းလျန်သည် သူ့ကိုစောင့်နေလေသည်။

ကျွယ်ရှင်းက…

"ငါးကိုရောင်းလိုက်ပါပြီ ၊ ကျင့်ကြံသူတစ်ယောက်က အဲဒီငါးကို ဝယ်ချင်နေတာ ၊ ဒါပေမယ့် ကျွန်တော်က ခြေတစ်လှမ်းစောပြီးတော့ သခင်လေးပြောတဲ့ မိန်းကလေးဆီကို ရောင်းလိုက်ပါတယ်…"

ဆန်းလျန်က…

"ကျုပ်သိပါတယ်…"

ကျွယ်ရှင်းက…

"ဒါနဲ့ သခင်လေးက ဘာဖြစ်လို့ ကျွန်တော့်ကို ငါးသွားရောင်းခိုင်းရတာလဲ…"

ဆန်းလျန်က…

"လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်က ရွှမ်နွီနန်းတော်က မိန်းကလေးတပည့်တစ်ယောက် ကျုပ်ကြောင့်ဒဏ်ရာရ သွားခဲ့တယ် ၊ ရွှမ်နွီနန်းတော်ဆိုတာ သိပ်ကို ကြောက်စရာကောင်းတဲ့ မိန်းကလေးကျင့်ကြံသူဂိုဏ်းတစ်ဂိုဏ်းပဲ ၊ ကျိုးထျန်းရွှမ်နွီရဲ့ ကျင့်စဉ်တွေကို ဆက်ခံထားတဲ့ ကျင့်ကြံသူဂိုဏ်းတစ်ဂိုဏ်းလည်း ဖြစ်တယ် ၊ အခု  ငါးကို ဝယ်လိုက်တဲ့မိန်းကလေးရဲ့ဆရာက ရွှမ်နွီနန်းတော်ကပဲ ၊ မကြာခင် သူ့ဆရာက သူ့ကို လာခေါ်လိမ့်မယ် ၊ အဲဒီငါးကို ကျုပ်က မိုးမြေစွမ်းအားတွေနဲ့ ပြည့်နေအောင် လုပ်ထားတာ ၊ ကျုပ်ရဲ့ တာအိုစွမ်းအားတွေလည်း ငါးထဲမှာ ထည့်ထားတယ် ၊ သူတို့သာ ငါးကိုယူသွားမယ် ၊ ဒါမှမဟုတ် ငါးကို စားပစ်မယ်ဆိုရင် ရွှမ်နွီနန်းတော်အကြောင်းကို ကျုပ်ကောင်းကောင်းသိနိုင်လိမ့်မယ်…"

ကျွယ်ရှင်းက…

"အော်… ဒါကြောင့် သခင်လေးက သူ့ကို ငါးရောင်းဖြစ်အောင်ရောင်းဖို့ မှာလိုက်တာကိုး ၊ အစကတည်းက အဲဒီလိုပြောလိုက်လည်း ရရဲ့သားနဲ့…"

ဆန်းလျန်က…

"မင်းကိုပြောပြလိုက်ရင် ရွှမ်နွီနန်းတော်ကဆရာသခင်တွေ တစ်နည်းမဟုတ်တစ်နည်း ရိပ်မိသွားမှာပေါ့ ၊ မင်းသာ မတော်တဆ အမှားလုပ်မိရင် ဟိုက ချက်ချင်းရိပ်မိသွားမှာ ၊ အကြောင်းရင်းကိုမပြောဘဲ မင်းကိုလုပ်ခိုင်းလိုက်တော့မှ တခြားကျင့်ကြံသူတွေလည်း ငါးကိုစိတ်ဝင်စားလာကြတော့ ဘယ်သူမှ မရိပ်မိတော့ဘူးပေါ့"

ကျွယ်ရှင်းက…

"ဒါပေမယ့် သခင်လေးက ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာပဲလေ…"

ဆန်းလျန်က…

"မင်းကသာ ရည်ရွယ်ချက်ရှိတယ်ဆိုတာ သိတာလေ ၊ ကျုပ်က ရည်ရွယ်ချက်မရှိသလို ပုံစံမျိုးနဲ့ ဖြစ်စေချင်ခဲ့တာ ၊ မင်း အခုထိ နားမလည်သေးဘူးလား…"

ကျွယ်ရှင်းမှာ ဆန်းလျန်၏ စကားများကြောင့် စိတ်များ ရှုတ်ထွေးသွားလေသည်။

ဆန်းလျန်ကလည်း ထပ်ရှင်းပြမနေတော့ဘဲ သူတို့ (၂)ယောက် ဆက်လက်ခရီးထွက်ခဲ့ကြလေသည်။

…..

ကျီးစစ်ကျွင်းမှာ မထင်မှတ်စွာပင် ရွှမ်နွီနန်းတော်မှ မိန်းမပျိုနှင့် သွားရောက်ပတ်သက်ခဲ့မိပြီ ဖြစ်လေသည်။

ကျင့်ကြံခြင်းလောကတွင် ရွှမ်နွီနန်းတော်နှင့် သွားရောက်ပတ်သက်မိခြင်းမှာ ကြမ္မာဆိုးကြုံရခြင်းပင် ဖြစ်လေသည်။ ထို့ပြင် ရွှမ်နွီနန်းတော်မှ ကျင့်ကြံသူများသည် အမြဲတမ်း မာန်မာနကြီးကာ ဒေါသကြီးနေကြသူများ ဖြစ်ကြလေသည်။

ကျီးစစ်ကျွင်းမှာ ဘုန်းတော်ကြီးထံမှ ငါးကြီးကိုသာ လိုချင်စိတ် မရှိခဲ့လျှင် ရွှမ်နွီနန်းတော်နှင့် ထိပ်တိုက်ရင်ဆိုင်ရမည် မဟုတ်ဟုတွေးမိကာ နောင်တရလျှက် ရှိလေသည်။

ကောင်းကင်ထက်တွင် မိန်းမပျိုတစ်ယောက် ထွက်ပေါ်လာပြီး သာမန်လူများ သူတို့ကို မမြင်တွေ့စေရန်အတွက် ငွေရောင်အလင်းတန်းများထုတ်လွှတ်ကာ ကာကွယ်ထားလိုက်လေသည်။ ကျီးစစ်ကျွင်းမှာလည်း အလင်းတန်းများ နှင့်ဖုံးအုပ်ခြင်း ခံလိုက်ရလေသည်။

ကျီးစစ်ကျွင်းက မိန်းမပျိုကို စိုက်ကြည့်နေလေသည်။

မိန်းမပျိုမှာ ပြောမပြနိုင်လောက်အောင် အလွန်တရာ ချောမောလှပသူ ဖြစ်လေသည်။ သူမ၏ မျက်ဝန်းများက အေးစက်နေပြီး သူမသည် ကောင်းကင်ထက်တွင် တည်ငြိမ်စွာ ရပ်တန့်နေလေသည်။ လေထဲတွင် မည်သည့် မှော်ဝင်ပစ္စည်း ၊ ဝိညာဉ်စွမ်းအားပစ္စည်းကိုမှ အသုံးမပြုဘဲ ရပ်တန့်နေခြင်းဖြစ်သည့်အတွက် ထိုမိန်းမပျို၏ ကျင့်ကြံခြင်း အဆင့်သည် အနည်းဆုံး  ပုရွှီးအဆင့် ရောက်ရှိနေပြီဟု ဆိုနိုင်လေသည်။

ကျီးစစ်ကျွင်းသည် တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက် ဖြစ်ပြီး လောကနတ်ဘုရားတစ်ပါးထံမှပင် လွတ်မြောက်အောင် ထွက်ပြေးနိုင်သည့် လျှို့ဝှက်တန်ခိုးစွမ်းအားများကို ပိုင်ဆိုင်သူ ဖြစ်လေသည်။ သို့သော်… ယခု သူရင်ဆိုင်နေရသည့် မိန်းမပျိုမှာ ကျင့်ကြံခြင်းအဆင့် မြင့်မားရုံသာမက ရွှမ်နွီနန်းတော်မှ ဆရာသခင်တစ်ပါးလည်း ဖြစ်နေခဲ့လေသည်။ ထို့ကြောင့် သူက ပြေပြေလည်လည် ပြောဆိုရန် ဆုံးဖြတ်လိုက်လေသည်။

ကျီးစစ်ကျွင်းက…

"ရွှမ်နွီနန်းတော်က နတ်သမီး ၊ ဒီကိစ္စကို ကျုပ်က မသိလို့ပါဝင်ပတ်သက်မိခဲ့တာပါ ၊ ခွင့်လွှတ်ပေးနိုင်မလား…"

"ကျွန်မသာ အချိန်မီရောက်မလာရင် ကျွန်မရဲ့ ဂိုဏ်းတူအစ်မက ရှင့်ကြောင့် ဒုက္ခရောက်တော့မှာလေ ၊ ရှင့်ကို ဘယ်အလွတ်ပေးလို့ ဖြစ်မလဲ…"

All Chapters