← Chapters

အစစ်အမှန်အိပ်မက်

Vol. 8 Ch. 750

အစစ်အမှန်အိပ်မက်

Vol. 8 Ch. 750

ဆန်းလျန်၏ စိတ်ခံစားချက်များကိုတော့ ကျွယ်ရှင်းက သိရှိခြင်း မရှိပေ။

ယခုအချိန်တွင် သူသည် သခင်လေးကို အပြည့်အ၀ ယုံကြည်နေပြီ ဖြစ်သည်။ နောင်အနာဂတ်တွင် သူသည် သခင်လေး၏ အရှိန်အဝါကို ခိုလှုံကာ ကျင့်ကြံမှုများ အေးအေးဆေးဆေး ပြုလုပ်နိုင်မည်ဟု တွေးနေမိလေသည်။

ထိုသို့စဉ်းစားမိသည့်အခါ ကျွယ်ရှင်းမှာ အတိုင်းထက်အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရသည်။ ချယ်လန်းတောင်တွင် သခင်လေးနှင့်တိုက်ခိုက်ရန် မရွေးခြယ်ခဲ့မိသည်ကိုပင် ကျေးဇူးတင်မိလေသည်။ မဟုတ်ပါက သူ့ဘဝသည်လည်း စောစောက နတ်ဘုရား (၂)ပါးကဲ့သို့ အဆုံးသတ်သွားရပေမည်။

ကျွယ်ရှင်းက…

"သခင်လေး သူတို့ (၂)ယောက်ကို နှိမ်နင်းလိုက်တယ်ဆိုပေမယ့် ချွင်ယန်တာအိုနန်းတော်က လူတွေ ထပ်ရောက်လာကြဦးမှာပဲ မဟုတ်လား ၊ သူတို့က တုန်းဟွာတောက်ကျွင်းရဲ့ ကျင့်စဉ်တွေကို ဆက်ခံထားကြတဲ့ သူတွေပဲ ၊ သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ဒီအတိုင်းနှိမ်နင်းနေရမှာလား…"

ဆန်းလျန်က…

"တာအိုကျင့်ကြံသူတွေမှာ အချိန်ကာလဆိုတာမရှိဘူး ၊ နှစ် လ အချိန်တွေကို မှတ်သားမထားကြဘူး ၊ ဒီ နတ်ဘုရား  (၂)ပါး ပျောက်နေတယ်ဆိုတာ (၁၀)နှစ် ၊ အနှစ် (၂၀)နေမှ သူတို့တွေ ရိပ်မိကြမှာ ၊ ပြီးတော့ အခုကိစ္စတွေကို တုန်းဟွာတောက်ကျွင်းကိုယ်တိုင်တောင် ရိပ်မိချင်မှ ရိပ်မိမှာ…"

ကျွယ်ရှင်းက…

"ဒါပေမယ့် နတ်ဘုရားတွေက သူတို့နဲ့ပတ်သက်တဲ့လူတွေ တစ်ခုခုဖြစ်ရင် အာရုံခံနိုင်တယ် မဟုတ်လား…"

ဆန်းလျန်က…

"သူတို့ (၂)ယောက်ကို ကျုပ်တိုက်ခိုက်လိုက်တုန်းက မိုးနဲ့မြေမှာ ဘာသဲလွန်စမှ မချန်ခဲ့ဘူး ၊ ဒါကြောင့် ဘယ်သူမှ အာရုံခံနိုင်မှာ မဟုတ်ဘူး…"

ထိုသို့ သဲလွန်စမကျန် တိုက်ခိုက်နိုင်ခြင်းမှာ ဆန်းလျန်၏ တန်ခိုးစွမ်းအားများထဲမှ တစ်ခုဖြစ်လေသည်။

သူသည် မိုးနှင့်မြေ လောကတစ်ခုလုံးရှိ သဘာဝတရားများအားလုံးကို ခြောက်သွေ့သွားအောင်လည်း ပြုလုပ်နိုင် သလို ပြန်လည်လန်းဆန်းလာအောင်လည်း လုပ်ဆောင်နိုင်လေသည်။ သို့သော်… သဲလွန်စ မကျန်သည့် အတွက် အခြားသူများ၏ အမြင်တွင် သဘာဝတရား၏ ပြောင်းလဲမှုဟုသာ ထင်မှတ်မိကြမည် ဖြစ်လေသည်။

ဆန်းလျန်၏ စကားများကို ကျွယ်ရှင်းကတော့ နားလည်သလိုလို ၊ နားမလည်သလိုလို ဖြစ်နေလေသည်။ သို့သော်… သူ၏ ကျင့်ကြံခြင်းအဆင့်ဖြင့် နားမလည်လျှင်လည်း ပြဿနာ မရှိပေ။

…….

ည…

ကောင်းကင်ထက်တွင် လမင်းက ထိန်ထိန်သာနေသလို ကြယ်စင်များကလည် လင်းလက်တောက်ပနေလေ၏။

ဟယ်ရှန်း၏ အိမ်လေးထဲတွင် မီးရောင်လင်းလက်လျှက်ရှိနေပြီး ဟယ်ရှန်းသည် အိမ်တံခါးဝတွင်ထိုင်ကာ ကျိုးယွမ်တောင်ကြီးကို ငေးကြည့်နေလေသည်။ သူမက မိခင်ဖြစ်သူ ပြောခဲ့သည့်စကားများကို ပြန်လည် စဉ်းစားနေခြင်းဖြစ်လေ၏။

သာမန်မိန်းကလေးတစ်ယောက်အဖြစ် ဘဝကိုရှင်သန်မည်ဆိုပါက အိမ်ထောင်ပြုပြီး သားသမီးများကို ထိန်းကျောင်းကာ နေထိုင်ရမည် ဖြစ်လေသည်။ တကယ်တမ်းတွင် ထိုသို့သောဘဝမျိုးကို သူမ သဘောမကျမိပေ။

သို့သော်… မိခင်ဖြစ်သူ စိတ်ဆင်းရဲမည်ကိုလည်း သူမ စိတ်ပူမိလေသည်။

သူမသည် မိဘစကားကို နားထောင်သည့် သမီးအလိမ္မာတစ်ယောက် ဖြစ်လေသည်။ သို့သော်… သူမခံစားရသည့် နာကျင်မှုများ ၊ စိတ်ခံစားချက်များ ၊ ရုန်းကန်နေရမှုများကို နားလည်ပေးနိုင်မည့်သူ တစ်လောကလုံးတွင် တစ်ယောက်မှ မရှိပေ။

လမွန်းမတည့်မီအချိန်မှာပင် ဟယ်ရှန်းသည် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာချလိုက်နိုင်လေသည်။

ဆုံဖြတ်ချက် ကျသွားသည့်အခါတွင်တော့ သူမက ဖယောင်းတိုင်မီးကို မှုတ်လိုက်ပြီး အိမ်ထဲသို့ဝင်လာခဲ့လေသည်။ အိမ်ထဲသို့ရောက်သည့်အခါ သူမသည် အိမ်ခေါင်မိုးကို တစ်ချက်မော့ကြည့်လိုက်မိလေသည်။

ထိုခဏအတွင်းမှာပင်….

ကမ္ဘာမြေကြီး ၊ တောင်တန်းများ ၊ မြစ်ရေများအားလုံးသည် သူမ၏ ဖဝါးအောက်တွင် ရှိနေပြီး တိမ်တိုက်များသည် သူမ၏ အမြင်အာရုံ ၊ အကြားအာရုံများအဖြစ် ပြောင်းလဲသွားလေသည်။ ကျိုးယွမ်တောင်ကြီးသည် လက်ဖဝါးတစ်ခုစာမျှ သေးငယ်သွားကာ သူမတို့နေထိုင်သည့် ရွာလေးသည် မိုးကုတ်စက်ဝန်းမျဉ်းကြောင်းလေး တစ်ခုအလား မှုံဝါးသွားလေသည်။

မိုးနှင့်မြေ မည်မျှပင်ကြီးမား ကျယ်ပြန့်ပါစေ ဆုံးဖြတ်ချက်သာ ခိုင်မာမည်ဆိုလျှင် လောကတစ်ခုလုံးကို အပိုင်သိမ်းနိုင်မည် ဖြစ်လေ၏။

ဟယ်ရှန်းသည် သူမ၏ စိတ်ထဲမှ ထိန်းချုပ်ထားမှုများအားလုံးကို လွှတ်ချလိုက်လေသည်။ ထိုအခါ သူမ၏ တာအိုနှလုံးသားသည် လှုပ်ရှားလာပြီး အဆုံးမရှိ လွတ်လပ်မှုကို ခံစားလိုက်ရလေသည်။ တောင်နှင့်မြစ်ရေများ ထဲတွင်ပုန်းအောင်းနေသည့် အဆုံးမရှိသည့် လျှို့ဝှက်ဆန်းကျယ်မှုများကို ခံစားလိုက်ရလေသည်။

ထို့နောက်တွင်တော့…

သူမ၏ရင်ထဲမှ အမုန်းတရားနှင့် နာကျည်းမှုများ ပေါက်ကွဲထွက်လာလေသည်။

ထိုအခါ သူမရှေ့မှ လေထု ပေါက်ကွဲထွက်သွားပြီး တိမ်တိုက်ကဲ့သို့ ဖြူလွသည် ဝတ်စုံကိုဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ယောက် ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရလေသည်။

သူမ၏ အင်္ကျီလက်များက လေထဲတွင်လွင့်ပျံနေလေသည်။ သူမ၏ မျက်ခုံးများက ဓားသွားအလား ထက်ရှနေကာ မျက်ဝန်းများက ရေစင်အလား ကြည်လင်လျှက် ရှိလေ၏။ အသားအရေမှာလည်း နှင်းပွင့်အလား ဖြူစင်လှလေသည်။

ထိုမိန်းမပျိုသည်ကား အရင်နေ့တစ်နေ့တုန်းက သူမကို အနိုင်ကျင့်ခဲ့သူ မိန်းမပျိုပင် ဖြစ်လေသည်။

မိန်းမပျိုက ဟယ်ရှန်းကိုတွေ့သည်နှင့် အေးစက်သည့်လေသံဖြင့်…

"လက်စသတ်တော့ မင်းကလည်း ကျင့်ကြံသူတစ်ယောက်ကိုး ၊ အဲဒီနေ့က မင်းဟန်ဆောင်ခဲ့တာပေါ့လေ ၊ မင်း ဘာရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာလဲ ၊ ဒီနေ့တော့ မင်းကို အလွတ်ပေးမယ်မထင်နဲ့…."

ဟယ်ရှန်းက သူမရင်ထဲမှ အမုန်းတရားများကို ထိန်းချုပ်ထားလိုက်ပြီး…

"မမ… အဲဒီနေ့ကတော့ ကျွန်မက သာမန်လူတစ်ယောက်ပါပဲ ၊ ဒါပေမယ့် အခုတော့ မဟုတ်တော့ပါဘူး…"

ဟယ်စူးရင်းက…

"ရယ်စရာပဲ… လဝက်အတွင်းမှာ ဒီလောက်တန်ခိုးစွမ်းအားမြင့်မားသွားတဲ့ ကျင့်ကြံသူ လောကမှ ဘယ်လိုလုပ် ရှိနိုင်မှာလဲ…"

ဟယ်ရှန်းက…

"ကျွန်မ လိမ်ပြောနေတာမဟုတ်ဘူး ၊ မယုံလည်း မတတ်နိုင်ဘူး…"

"မယုံနိုင်ပါဘူး ၊ ပြီးတော့ ညဉ့်နက်သန်းကောင် ကျိုးယီတောင်ကို ကြည့်နေတာ ဘာတွေလေ့လာနေတာလဲ ၊ မင်း မဟုတ်တာ တစ်ခုခုလုပ်မလို့ ကြံစည်နေတာ မဟုတ်လား ၊ မင်းကို အပြစ်ပေးမှ ဖြစ်မယ်…"

ဟယ်စူးရင်းက ပြင်းပြင်းထန်ထန်ပင် ပြောလိုက်လေသည်။

ဟယ်ရှန်းက…

"မမ… မင်းက သိပ်ရက်စက်လွန်းတယ် ၊ ဒီနေ့တော့ လူတွေကို ထပ်ပြီး အနိုင်မကျင့်နိုင်အောင် ကျွန်မက ပညာပေးရတော့မယ်…"

ပြောပြီးသည်နှင့် ဟယ်ရှန်းက ဟယ်စူးရင်းကို တည်ငြိမ်သည့်အကြည့်ဖြင့် ကြည့်လိုက်လေသည်။ ပတ်ဝန်းကျင်မှ လေထုသည် တိတ်ဆိတ်ငြိမ်သက်လျှက်ရှိလေ၏။

ဟယ်စူးရင်းက နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း လက်တစ်ဖက်ကို ဘေးသို့ အသာဆန့်ထုတ်လိုက်လေသည်။ ထိုအခါ လေထဲတွင် ဓားတစ်လက်ပေါ်လာလေသည်။

ဓားမှာ အလွန်တင့်တယ်လှပပြီး စီးဆင်းနေသည့်မြစ်တစ်စင်းအလား လေထဲတွင် လှုပ်ရှားလျှက် ရှိလေသည်။

ဟယ်စူးရင်းက ဓားကို တစ်ချက်ဝှေ့ယမ်းလိုက်ကာ ဟယ်ရှန်းကို တိုက်ခိုက်လိုက်လေသည်။

ဟယ်ရှန်းမှာ ရုတ်တရက် ထိတ်လန့်သွားပြီး သတိလက်လွတ်ဖြင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိလေသည်။ ဓားရောင်တစ်ချက်လက်သွားပြီး ဟယ်ရှန်း၏ အင်္ကျီစွန်းကို ခုတ်ဖြတ်မိသွားကာ အင်္ကျီမှာ စုတ်ပြဲသွားရလေသည်။

ထိုအင်္ကျီလေးမှာ မိခင်ဖြစ်သူ မျက်စိမကွယ်ခင်က ချုပ်ပေးထားသည့် တစ်ထည်တည်းသော အင်္ကျီလေးဖြစ်လေ သည်။ ယခုတော့ မိခင်ဖြစ်သူမှာ အမြင်အာရုံဆုံးရှုံးခဲ့ပြီဖြစ်သောကြောင့် သူမအတွက် အင်္ကျီအသစ် ချုပ်မပေးနိုင် တော့ပေ။ ယခုနောက်ပိုင်း အင်္ကျီများကို သူမကိုယ်တိုင်သာ ချုပ်ခဲ့ရလေသည်။

ထို့ကြောင့် အင်္ကျီလေးပြဲစုတ်သွားသည့်အခါ ဟယ်ရှန်းမှာ များစွာစိတ်မကောင်း ဖြစ်သွားရလေသည်။

စိတ်မကောင်းဖြစ်ခြင်းများသည် ဒေါသအဖြစ်ကူးပြောင်းသွားသည့်အခါတွင်တော့ သူမ၏ နှလုံးသားသည် ဆူပွက်နေသည့် ဆီအိုးတစ်ခုပမာဖြစ်လာပြီး ဒေါသမီးတောက်က ဆီအိုးအတွင်းသို့ ကျသွားသည့်အခါ ပြင်းထန်သည့် မီးတောက်များ တောက်လောင်လာလေတော့သည်။

ထိုအခါ သူမ၏ တန်ခိုးစွမ်းအားများမှာ တစ်ရှိန်ထိုး မြင့်မားလာလေတော့၏။

ထို့နောက်တွင်တော့…

ဟယ်ရှန်းက ဟယ်စူးရင်း၏ ဓားကို လက်သီးဖြင့် ထိုးချလိုက်လေသည်။

လက်သီးချက်သည် လေထဲတွင် ကြည်လင်သည့် တန်ခိုးစွမ်းအားလှိုင်းလုံးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဟယ်စူးရင်း၏ ဓားသွားကို ခုခံတိုက်ခိုက်လိုက်လေသည်။

လရောင်က မြစ်ရေပြင်ထက်သို့ ဖြာကျနေလေသည်။

ဟယ်စူးရှင်း၏ ဓားမှ ဓားခြိမ်းသံကြီးတစ်ချက် ထွက်ပေါ်လာပြီး ချက်ချင်း ရပ်တန့်သွားလေတော့သည်။

ဟယ်စူးရင်း၏ မျက်နှာထက်တွင် ရုတ်တရက် ထိတ်လန့်တုန်လှုပ်သည့်အမူအရာတစ်ချက် ဖြတ်ပြေးသွားပြီးနောက် ချက်ချင်းပင် သူမ၏ မျက်နှာမှာ တင်းမာခက်ထန်သွားလေသည်။

ဟယ်စူးရင်းက သူမ၏လျှာဖျားကို သွားဖြင့်တစ်ချက်ကိုက်လိုက်ပြီး သူမ၏နှုတ်ခမ်းထက်မှ သွေးစက်များက ဓားသွားထက်သို့ ကျသွားလေသည်။ ထိုအခါ… ဓားနှင့်လူ တစ်သားတည်း ကျသွားလေတော့သည်။

ဟယ်စူးရင်း၏ ဓားမှာ ချက်ချင်းပင် သွေးနီရောင် တောက်ပလာလေသည်။

ထို့နောက်… မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားသွားသည် ဟယ်ရှင်း၏ ရင်ဝသို့ ထိုးစိုက်ချလိုက်လေတော့သည်။

ဟယ်ရှန်းသည် မည်သို့မှ ခုခံကာကွယ်နိုင်ခြင်း မရှိဘဲ သူမ၏ခန္ဓာကိုယ် ထုတ်ချင်းပေါက်သွားသည်ကို ခံစားလိုက်ရလေသည်။

သူမသည် ယခုမှ ကျင့်စဉ်လမ်းတွင် အောင်မြင်ကာစ ရှိသေးသည် သေဆုံးရတော့မည်လား…။

ထိုသို့သာဆိုလျှင် ထိုနေ့က မြစ်ကမ်းနံဘေးတွင် သေဆုံးခဲ့သည်နှင့် သူမ၏ဘဝက ဘာများ ခြားနားပါဦးမည်နည်း။

မတူညီသည့်နေရာတွင် တူညီသည့်လူတစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံရပြီး သူမသည် တန်ခိုးစွမ်းအား ကင်းမဲ့နေဆဲ ဖြစ်လေသည်။

……………….

ထိုအချိန်မှာပင်…

စွမ့်ယွမ်တောင်ထွတ် ၊ ဟယ်အိမ်တော်ရှိ သူမ၏ အခန်းထဲတွင် အိပ်ပျော်နေသည့် ဟယ်စူးရင်းသည် စူးရှစွာ တစ်ချက်အော်ဟစ်လိုက်ရင်း အိပ်ယာမှ လန့်နိုးလာလေသည်။

သူမ၏အော်သံကြောင့် ဟယ်အိမ်တော်တစ်ခုလုံးမှ လူများလည်း နိုးလာကြလေသည်။

ဖခင်ဖြစ်သူ ဟယ်ရှင်းယင်က သမီးဖြစ်သူ၏ အခန်းထဲသို့ ချက်ချင်းရောက်ရှိလာကာ ဟယ်စူးရင်းဘေးတွင် ထိုင်လိုက်လေသည်။

ဟယ်စူးရင်းက ဖခင်ဖြစ်သူကို တွေ့သည်နှင့် ဖက်ကာ ငိုလိုက်ပြီး….

"အဖေ… ကျွန်မတို့ ကျိုးယီတောင်ကို တစ်ယောက်ယောက်က မကောင်းကြံနေတယ်လို့ အိပ်မက်မက်တယ်…"

ဟယ်ရှင်းယင်က ပြုံးလိုက်ရင်း…

"သမီးအိပ်မက်ဆိုးမက်နေတာပါကွယ် ၊ ဘာမှ မဖြစ်ပါဘူး…"

ဟယ်စူးရင်းက…

"ဒါပေမယ့် အဲဒီလူကို သမီးအပြင်မှာတွေ့ဖူးတယ်…"

ဟယ်ရှင်းယင်က…

"ဒါဖြင့် ဘယ်သူများလဲ…"

ဟယ်စူးရင်းက ဖြစ်ခဲ့သည့်အကြောင်းများနှင့် အိပ်မက်အကြောင်းများကို ဖခင်ဖြစ်သူကို ပြောပြလိုက်လေသည်။

ထိုအခါ ဟယ်ရှင်းယင်က ရယ်မောလိုက်ရင်း…

"လွန်ခဲ့တဲ့လဝက်လောက်က သမီးနဲ့ တွေ့ခဲ့ဖူးတဲ့ သာမန်မိန်းကလေးတစ်ယောက်ကို အခု သမီးနဲ့ အဆင့်အတန်း တူတဲ့ ကျင့်ကြံသူမိန်းကလေးဖြစ်နေတယ်လို့ အိပ်မက်မက်တာပဲ သမီးရယ် ၊ အပြင်မှာ ဒီကိစ္စက ဘယ်လိုလုပ ်ဖြစ်နိုင်မှာလဲ ၊ မနက်ဖန်ကျရင် စိတ်တည်ငြိမ်သွားအောင် တရားထိုင်လိုက် ၊ ဘာမှ မဖြစ်တော့ဘူး…"

ဟယ်စူးရင်းက…

"ဒါပေမယ့် သမီးထင်တာတော့ အဲဒါ တကယ်ဖြစ်နေသလိုပဲ ၊ သူ့ကိုမြင်တာနဲ့ သမီးသတ်ပစ်ချင်တာ ၊ ပထမဆုံးအကြိမ်တွေ့တုန်းကလည်း အဲဒီလိုပဲ ခံစားရတယ် ၊ အဖေ… ယွင်မုမြစ်ကမ်းဘေးကို သွားကြည့်ရအောင်နော်…"

ဟယ်ရှင်းယင်က…

"အခု နောက်ကျနေပြီ ၊ သွားချင်ရင် နောက်နေ့မှသွားတော့ ၊ သမီးက မဟုတ်တာကို အာရုံစိုက်နေတယ် ၊ ပြီးတော့ သမီးပြောပုံအရဆိုရင် အဲဒီကလေးမလေးက သမီးကို ရန်စတာလဲမဟုတ်ဘူး ၊ ဘာလို့ ဇာချဲ့နေရတာလဲ ၊ အဖေတို့ ဟယ်အိမ်တော်ဆိုတာ မျိုးရိုးအစဉ်အဆက် ဂုဏ်သတင်းမြင့်မြင့်မားမားနဲ့ နေလာတာ ၊ ဘာလို့ သမီးက ပြဿနာရှာချင်နေရတာလဲ ၊ ပြီးတော့ အဖေတို့တွေ ဘယ်တုန်းကမှ အပြစ်မရှိတဲ့ သာမန်လူသားတွေကို သတ်ဖြတ်ခဲ့တာမျိုး မလုပ်ခဲ့ဖူးဘူး ၊ နောက် သမီး ဒီလိုလုပ်ရပ်မျိုးလုပ်ရင် အဖေကိုယ်တိုင် အပြစ်ပေးရလိမ့်မယ်…"

သာမန်မိန်းကလေးတစ်ယောက်ကို ဒုက္ခပေးသည့်အတွက် ဟယ်စူးရင်းကို သူက ချက်ချင်းပင် အပြစ်ပေးချင်နေမိလေသည်။

သို့သော်… ဟယ်စူးရင်းမှာ အစကတည်းက မာနကြီးသူတစ်ယောက်ဖြစ်လေရာ ယခုချက်ချင်းအပြစ်ပေးလိုက်လျှင် သူမ၏အပြစ်ကိုနားမလည်ဘဲ စိတ်ဆိုးဒေါသထွက်သွားမည် ဖြစ်လေသည်။

ထို့ပြင် ရွှမ်နွီနန်းတော်မှ ကျင့်ကြံသူမိန်းမပျို (၃)ယောက်လည်း ဟယ်အိမ်တော်တွင် ရောက်ရှိနေကြလေရာ သမီးဖြစ်သူလုပ်သည့်လုပ်ရပ်ကို သိရှိသွားပါက အထင်အမြင်သေးသွားနိုင်လေသည်။

အထူးသဖြင့် ကျီးယင်းက သမီးဖြစ်သူကို အထင်သေးသွားမည်ကို ဟယ်ရှင်းယင် မလိုလားပေ။

ဖခင်ဖြစ်သူက ဆူလိုက်သည့်အတွက် ဟယ်စူးရင်း နှုတ်ခမ်းစူထားမိလေသည်။

သို့သော်… ထိုကိစ္စကိုတော့ သူမ မရ ရအောင် စုံစမ်းမည်ဟု ဆုံးဖြတ်ချက်ချလိုက်လေ၏။

ထို့နောက် ဟယ်စူးရင်း စိတ်များတည်ငြိမ်သွားသည်အထိ ဟယ်ရှင်းယင်က နှစ်သိမ့်လိုက်လေသည်။ ဟယ်စူးရင်း တည်ငြိမ်သွားတော့မှ ဟယ်ရှင်းယင်လည်း သမီးဖြစ်သူ၏ အခန်းထဲမှ ထွက်လာခဲ့လေသည်။

ဟယ်စူးရင်း၏အော်သံကြောင့် အပြင်ဘက်တွင် စုရုံးရောက်ရှိနေကြသူများမှာ အရေးကြီးကိစ္စမဟုတ်သည့်အတွက် ပြန်လည် ထွက်ခွာသွားကြပြီဖြစ်လေသည်။

အပြင်ဘက်တွင်ကျီးယင်းတစ်ယောက်သာ ကျန်ရစ်ခဲ့လေသည်။

ကျီးယင်းက…

"ဒီနေ့ ကျားဖြူကြယ်စင်က လှုပ်ရှားနေတယ် ၊ တပည့်လေးစူးရင်းရဲ့ မျက်ခုံးနှစ်ခုကြားမှာ မိစ္ဆာစွမ်းအားတွေနဲ့ ပြည့်နေတယ် ၊ ကြည့်ရတာ… စူးရင်းဟာ သတ်ဖြတ်လိုတဲ့အငွေ့အသက်တွေနဲ့ ပြည့်နေပြီး မိစ္ဆာတစ်ယောက် ဖြစ်သွားနိုင်တယ်… ၊ အစ်ကိုရူယွမ်… ဒီကိစ္စကို သေသေချာချာ ဂရုစိုက်မှ ရမယ်နော်…"

ကျီးယင်း၏ စကားကြောင့် ဟယ်ရှင်းယင်မှာ အံ့သြသွားရလေသည်။

"စူးရင်းရဲ့ဆရာကလည်း စူးရင်းမှာ သတ်ဖြတ်လိုတဲ့အငွေ့အသက်တွေ အရမ်းများနေတယ်လို့ ပြောဖူးတယ် ၊ ဒါပေမယ့် မိစ္ဆာတစ်ယောက်ဖြစ်လာမယ်လို့တော့ မျှော်လင့်မထားမိဘူး ၊ ကျီးယင်းနတ်သမီးမှာ အဲဒီ ကိစ္စကို ဖြေရှင်းနိုင်မယ့် နည်းလမ်းများ ရှိမလား…"

ကျီးယင်းက…

"စိတ်ကိုသာ မပြုပြင်နိုင်ဘူးဆိုရင် စူးရင်း သေရလိမ့်မယ်…"

All Chapters