← Chapters

ကျိုးယီတောင်၏ဇာစ်မြစ်

Vol. 8 Ch. 755

ကျိုးယီတောင်၏ဇာစ်မြစ်

Vol. 8 Ch. 755

ကျိုးယီတောင်တွင် လျှို့ဝှက်ချက်တစ်ခု ရှိလေသည်။

ဆန်းလျန် တောင်ပေါ်သို့ရောက်ကတည်းက ထိုလျှို့ဝှက်ချက်ကို သတိထားမိလေသည်။ လောကတစ်ခုလုံးတွင် တောင်များသည် မြေ ၊ ရေ ၊ လေ ၊ မီး ဓာတ်ကြီး (၄)ပါးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်လေသည်။ သို့သော်… ကျိုးယီတောင်ကတော့ မတူကွဲပြားလေသည်။

ကျိုးယီတောင်၏ တောင်ထွတ် (၉)ခုစလုံးတွင် စမ်းချောင်းတစ်စင်းစီ စီးဆင်းလျှက်ရှိလေသည်။

အမှန်တော့ ထိုစမ်းချောင်းများသည် ဖွဲ့စည်းမှုတစ်ခု၏ ဝိညာဉ်စွမ်းအား သွေးကြောများဖြစ်လေသည်။ ဝိညာဉ်စွမ်းအားသွေးကြောများသည် ကျိုးယီတောင်ပေါ်တွင် စမ်းချောင်းအသွင်ဖြင့် ထပ်ဟပ်ပြထားခြင်း ဖြစ်လေသည်။

ကျိုးယီတောင်မှ အခြားသော တောင်ထွတ်ငယ် (၈၀)မှာ အဓိကတောင်ထွတ်ကြီး (၉)ခုနှင့် တွဲဆက်နေကြလေ သည်။

ဥပမာအားဖြင့် - ယွင်မုမြစ်ကမ်းနံဘေးမှ တောင်ထွတ်ငယ်သည် စွမ့်ယွမ်တောင်ထွတ်ကြီး၏ ဝိညာဉ်စွမ်းအား သွေးကြောဖြင့် ဆက်စပ်နေလေသည်။ ထိုတောင်ထွတ်ငယ်သည် ကျိုးယွီတောင်မှ တောင်စွယ်တစ်ခုဟုဆို၍ ရသော်လည်း အဓိက ဖြစ်တည်မှုတစ်ခုဟု သတ်မှတ်၍ မရပေ။

ကျိုးယီတောင်၏ ရေ မြေ ၊ ကျောက်တုံး ၊ သစ်ပင်များ အားလုံး၏ ဖွဲ့စည်းမှုသည် အခြားသောတောင်များနှင့် ခြားနားမှုသိပ်မရှိသော်လည်း ကျိုးယီတောင်သည်အခြားတောင်များကဲ့သို့ သဘာဝအတိုင်း ဖြစ်တည်နေသည့် တောင်တစ်ခု မဟုတ်ပေ။

ကျိုးယီတောင်သည် ဖွဲ့စည်းမှုတစ်ခုဖြစ်ပြီး တောင်တစ်တောင်၏ပုံသဏ္ဍန် အဘယ့်ကြောင့် ထင်ရှားဖြစ်တည်နေရ သနည်းဆိုပါသော် ကျင့်ကြံသူများ၏ ရုပ်ဝတ္ထုများကို ထိန်းချုပ်ပြုပြင်သည့် နည်းလမ်းများဖြင့် ဖန်ဆင်းထားသော ကြောင့် ဖြစ်လေသည်။

ဥပမာအားဖြင့် - ဆန်းလျန်သည် မိုးနှင့်မြေမှ အသက်ဓာတ်စွမ်းအားများကို စုစည်းက ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ် ထည့်သွင်းပေးလိုက်လျှင် ငှက် ၊ ပိုးမွှား ၊ ငါး  ၊ သစ်ပင် ၊ မြက်ပင် ၊ ဝါးပင် ၊ ကျောက်တုံး စသည်ဖြင့် ဖန်ဆင်းနိုင်မည် ဖြစ်လေသည်။

ထိုအရာများသည် အစစ်အမှန်နှင့် လုံး၀ ကွဲပြားခြားနားခြင်း မရှိပေ။

ယခုလည်း ဆန်းလျန်နှင့် အခြားသူများ တွေ့မြင်နေကြရသည့် ကျိုးယွီတောင်ကြီးသည် ထိုသို့ ဖြစ်တည်လာခြင်း ဖြစ်လေသည်။

ထို့ပြင်… ကျိုးယီတောင်၏ တည်ရှိမှုသည် ကျန်ရှိသည့် လောကတစ်ခုနှင့် လုံးဝခွဲခြားမရဘဲ တွဲဆက်နေလေသည်။

လက်မှုပညာရှင်တစ်ယောက်က သဘာဝတရားများကို တုပပြုလုပ်ထားခြင်းနှင့်ဆင်တူလေသည်။ တန်ခိုးစွမ်းအား နှင့်ဖန်ဆင်းခြင်းများကို အသာထား အနုပညာလက်ရာဖြစ်သည်ဟု ခေါ်ဆိုနိုင်လေ၏။

ကျိုးယီတောင်၏ ဖြစ်တည်မှုကို တွေးလိုက်မိသည့်အခါ မက်မွန်သီးပင် ပျောက်ဆုံးသွားရခြင်းအကြောင်းကို အနည်းငယ် ခန့်မှန်းကြည့်နိုင်လေသည်။

ကျိုးယီတောင်ထွတ်၏ တောင်ထွတ် (၉)ခုနှင့် ဆက်စပ်နေသည့် ဖွဲ့စည်းမှုများနှင့် ဝိညာဉ်စွမ်းအားသွေးကြောများ သည် ကျန်ရှိသည့် လောကတစ်ခုလုံးနှင့် ချိတ်ဆက်နေပြီး မိုးမြေစွမ်းအားများကို အဆက်မပြတ် စုပ်ယူနေလေ သည်။ ထို့ကြောင့် ကျိုးယီတောင်အောက်တွင် အမာခံ ဖိနှိပ်ထားသည့် တစ်စုံတစ်ရာ တည်ရှိနေနိုင်လေသည်။

ထို့ပြင်… ဝိညာဉ်စွမ်းအားသွေးကြော (၉)ခုသည် ချိန်းကြိုးတစ်ခုအလား ချိတ်ဆက်နေပြီး တောင်ကြီးတစ်ခုလုံးကို တုတ်နှောင်ထားလေသည်။ ကျိုးယီတောင်ကို ဖျက်စီးပစ်မည်ဆိုလျှင် စွမ်းအားအပြည့်ဖြင့် ချိတ်ဆက်မှု ပျက်စီးသွား အောင် ရိုက်ချလိုက်ရန်သာ လိုလေသည်။

သို့သော်… အချိန်ကာလ ကြာလာသည်နှင့်အမျှ ကျိုးယီတောင်ပေါ်တွင် သက်ရှိသတ္တဝါပေါင်း သန်းနှင့်ချီ၍နေထိုင် ကြလေသည်။ ထို့ကြောင့် ကျိုးယီတောင်ကို ဖျက်စီးပစ်မည်ဆိုလျှင် မိစ္ဆာတစ်ပါးဖြစ်သွားမည်ဖြစ်ပြီး ကံကြမ္မာရဟတ် တစ်ပတ်လည်သည့်အချိန်တွင် တန်ပြန်ပေးဆပ်ရမည် ဖြစ်လေသည်။

ဆန်းလျန်ကဲ့သို့ တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်အနေဖြင့် တန်ပြန်ပေးဆပ်ရမည်ကို ခုခံနိုင်စွမ်းရှိလေသည်။ သို့သော်… သူနှင့်ပတ်သက်နေသူများပါ တန်ပြန်ပေးဆပ်ရမည့်အချိန်တွင် ခံစားကြရမည် ဖြစ်လေရာ အကြောင်းအကျိုးနှင့်ယှဉ်လျှင် ပေးဆပ်ရမည့်တန်ဖိုးက မြင့်မားလွန်းလေသည်။

ထို့ကြောင့် ဆန်းလျန်က ကျိုးယီတောင်ကို ဖျက်စီးပစ်ရန် လုံး၀ ဆန္ဒမရှိပေ။ ဤတောင်ကို တွေ့မြင်ခဲ့ကြသည့် အခြားသော တန်ခိုးရှင်များသည်လည်း ထိုကဲ့သို့ပင် တွေးတောခဲ့ကြဟန် ရှိလေသည်။

လောကတွင် သံယောဇဉ်ကို ဖြတ်တောက်နိုင်သူဆိုသည်က အနည်းငယ်သာ ရှိလေသည်။ ထို့ကြောင့် ဆန်းလျန်သည်လည်း ကျိုးယီတောင်၏ ဖွဲ့စည်းတည်ဆောက်ထားမှုကြီးကို ဖျက်စီးပစ်ရန် စိတ်မဝင်စားခဲ့ပေ။ ဖျက်စီးပစ်ခဲ့ပါက သူနှင့်ပတ်သက်သည့် သံယောဇဉ်ရှိရသူများအားလုံး တန်ပြန်ပေးဆပ်ရသည့်အခါ နာကျင်ခံစားရမည်ကို မဖြစ်စေချင်မိပေ။

ထို့ကြောင့် ကျိုးယီတောင်၏ ဖြစ်တည်မှုသည် အလွန်မှ စေ့စပ်လှကြောင်း သိရှိနိုင်လေသည်။

လောကတွင် အရာအားလုံးကို ခန့်မှန်းတွက်ချက်နိုင်သည့်တိုင် ခန့်မှန်းထားသည်နှင့်အညီ ဖြစ်မလာနိုင်သည့် ပြောင်းလဲမှုများလည်း ရှိလေသည်။

ယခု မက်မွန်သီးပင် ပျောက်ကွယ်သွားသည့် ကိစ္စမျိုးပင် ဖြစ်လေ၏။

မက်မွန်သီးပင်သည် သူ့ဟာသူ ထွက်ပြေးသွားခြင်းဆိုလျှင်တော့ ဆန်းလျန်အနေဖြင့် သဲလွန်စကို သိရှိနိုင်မည် ဖြစ်လေသည်။ သို့သော်… ကျိုးယီတောင်အောက်တွင် နှစ်ပေါင်းများစွာ ဖိနှိပ်ထားသည့် အရာတစ်ခုကြောင့်ဆိုလျှင် တော့ထိုအချက်ကို သိအောင်ရှာဖွေရမည် ဖြစ်လေသည်။

နှစ်ပေါင်းများစွာ ကြာခဲ့ပြီးသည့်နောက် ကျိုးယီတောင်အောက်တွင် ဖိနှိပ်ထားသည့်အရာသည် ကျိုးယီတောင်နှင့် တစ်သားတည်းကျသွားဟန်ရှိလေသည်။ ထိုအရာသည် ထောင်ထဲတွင် ကြာရှည်စွာ နေထိုင်သည့် ထောင်အာဏာပိုင်အလား သူ၏အခွင့်အာဏာကို ဆန့်ကျင်သူများကို နှိပ်ကွပ်မည် ဖြစ်လေသည်။

ပြီးတော့ အဲဒီ ထောင်အာဏာပိုင်က ဆန်းလျန်ကို လျှို့ဝှက်ပြီး ကြည့်နေသည်လား ၊ ကြည့်မနေဘူးလား ဆိုသည်ကို ဆန်းလျန်လည်း သိရှိခြင်း မရှိပေ။

သို့သော်… ထိုအရာက ဆန်းလျန်ကို ကြည့်နေသည်ဆိုလျှင်လည်း ဆန်းလျန်က ကြိုဆိုပါသည်။ ထိုသူက ဆန်းလျန်ကို ကြည့်နေမှသာလျှင် ထိုသူ၏အကြောင်းကို ဆန်းလျန်ကလည်း ရှာဖွေနိုင်မည် ဖြစ်လေသည်။

လူသားများပြောလေ့ရှိသည့် စကားပုံတစ်ခုရှိလေသည်။

"မင်း ကိုယ့်ကိုပြန်မကြည့်လျှင် ကိုယ်ကြည့်နေတာကို မင်းဘယ်လိုလုပ်သိနိုင်မှာလဲ" ဟူ၍…။

ဆန်းလျန်က အတွေးများကိုတစ်ချက်လှည့်ပတ်လိုက်သည်နှင့် ကျိုးယီတောင်နှင့် မက်မွန်သီးပင်အကြောင်းကို ခန့်မှန်းပြီးသား ဖြစ်သွားလေသည်။

ထိုအချိန်မှာပင် …

ဟယ်ရှန်းတစ်ယောက် သူတို့ရှိရာသို့ လမ်းလျှောက်လာနေသည်ကို တွေ့မြင်လိုက်ရလေသည်။

သူမ၏ လမ်းလျှောက်ဟန်သည် မနေ့ကထက်ပင် ကျက်သရေရှိစွာဖြင့် လှပနေလေသည်။ ခြေလှမ်းများက ကျက်သရေရှိသည့်တိုင် ရိုးရှင်းပြီး သွက်လက်လေ၏။

သူမသည် တစ်ညတည်း သင်ပြပေးရုံမျှဖြင့် အလွန်တိုးတက်လာခဲ့လေသည်။

အခြားသူများဆိုလျှင်တော့ ထိုသို့တိုးတက်လာနိုင်ရန် ခဲယဉ်းမည်ဖြစ်သော်လည်း ဟယ်ရှန်းကတော့ သူမတူသည့် အရည်အချင်းများကိုပိုင်ဆိုင်သည့် ပါရမီရှင်လေး ဖြစ်လေသည်။ ဆန်းလျန်၏သင်ပြပေးမှုနှင့် သူမ၏ ပင်ကိုယ်ပါရမီပေါင်းစပ်လိုက်သည့်အခါ ပြိုင်ဘက်မရှိသူတစ်ယောက် ဖြစ်သွားခဲ့လေသည်။

ဆန်းလျန်သာ အစွမ်းကုန်သင်ပြပေးမည်ဆိုလျှင် သူမသည် နှစ်ထောင်ပေါင်းများစွာအတွင်း နတ်ဘုရားတစ်ပါးအဖြစ် အလျှင်မြန်ဆုံး အဆင့်တက်ရောက်နိုင်သူတစ်ယောက် ဖြစ်လာပေလိမ့်မည်။ သို့သော်… တကယ်တမ်းတွင် ထိုသို့ ဖြစ်လာရန် မလိုအပ်ပေ။ ထိုသို့ ဖြစ်လာခြင်းက သူမအတွက်လည်း ကောင်းနိုင်မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော်… နတ်ဘုရားတစ်ပါးဖြစ်သွားပြီးသည်နှင့် အရာအားလုံး အဆုံးသတ်သွားမည် မဟုတ်သေး ပေ။ နတ်ဘုရားတစ်ပါးဖြစ်ပြီးသည့်နောက်ပိုင်း စိန်ခေါ်မှုအသစ်များကို စတင်ကြုံတွေ့ရမည် ဖြစ်လေသည်။

ဟယ်ရှန်းက ရောက်လာသည်နှင့် ဆန်းလျန်နှင့် ကျွယ်ရှင်းကို အရင်ဆုံး ဂါရဝပြုလိုက်လေသည်။

"ဆရာတို့ … ဒီနားက မက်မွန်သီးပင် ဘယ်ကိုရောက်သွားတာလဲ…"

ကျွယ်ရှင်းက…

"ကျုပ်တို့ရောက်ကတည်းက ဒီတိုင်းဖြစ်နေတာပဲ…"

ဟယ်ရှန်းက…

"တကယ်တော့ နေ့ခင်းကပဲ အဲဒီမက်မွန်သီးပင်က ကျွန်မကို စကားပြောသေးတယ် ၊ ဒါပေမယ့် ကျွန်မက အရေးမစိုက်လိုက်မိဘူး ၊ ညကျရင်တွေ့ရမှာပဲလို့ ကျွန်မက ထင်နေတာလေ…"

ကျွယ်ရှင်းက…

"သူက မင်းကိုဘာတွေပြောတာလဲ…"

ဟယ်ရှန်းက နှုတ်ခမ်းကိုစေ့ထားကာပြုံးလိုက်ရင်း…

"သူပြောတာ ဆရာတို့ (၂)ယောက်က လူကောင်းတွေမဟုတ်ဘူးတဲ့…"

ကျွယ်ရှင်းက ရယ်မောလိုက်ရင်း…

"သူပြောတာမမှားဘူး ၊ ကျုပ်ဘုန်းကြီးကတော့ လူကောင်းမဟုတ်ဘူးဟေ့… ၊ လူကောင်းလို့မပြောပါနဲ့လေ… လူတောင်မဟုတ်ဘူးရယ်…"

ဟယ်ရှန်းက…

"ဆရာတော်က လူမဟုတ်ဘူးဆိုတာ ဟယ်ရှန်းလည်းသိပါတယ် ၊ ဒါပေမယ့် ဆရာတော်က ကျွန်မအပေါ်တော့ ကောင်းကောင်းဆက်ဆံတာပဲလေ ၊ ဆရာဆန်းလျန်လည်း အတူတူပါပဲ…"

ကျွယ်ရှင်းက…

"မင်းက ဒီလိုပြောမှတော့ ကျုပ်က မင်းကို ပညာကောင်းကောင်းသင်ပေးရတော့မှာပေါ့…"

ပြောပြီးသည်နှင့် ကျွယ်ရှင်း၏လက်ထဲတွင် ကြာပွတ်တစ်ခုပေါ်လာကာ ပြင်းထန်စွာဖြင့် ဟယ်ရှင်းကို တိုက်ခိုက်လိုက်လေသည်။

ကြာပွတ်သည် မက်မွန်သီးပင်မှ သစ်ကိုင်းမဟုတ်ပေ။

သို့သော်… မိုးကောင်းကင်နတ်မိစ္ဆာပညာဖြင့် ဖန်ဆင်းထားခြင်း ဖြစ်လေရာ ထိုကြာပွတ်ဖြင့်သာ အရိုက်ခံရပါက ဓားပေါင်းတစ်ထောင်ဖြင့် ထိုးစိုက်ခံရသည်ထက်ပင် ခံရခက်မည် ဖြစ်လေသည်။

ဟယ်ရှန်းမှာ ထင်မှတ်မထားဘဲ ရုတ်တရက်တိုက်ခိုက်ခံလိုက်ရသည့်အတွက် မည်သည့် ကြိုတင်ပြင်ဆင်မှုမှ မပြုလုပ်နိုင်ခဲ့ပေ။

ကျွယ်ရှင်းကနှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း…

"တကယ့်ရန်သူနဲ့တိုက်ခိုက်တဲ့အခါ ဘယ်သူကမှ မင်းကို တိုက်ခိုက်ပြီဆိုတာကို သတိပေးနေမှာ မဟုတ်ဘူး ၊ ဒါက မင်းအတွက် ဒီနေ့ ပထမဆုံးရသွားတဲ့ သင်ခန်းစာပဲ…"

ဟယ်ရှန်းက စကားပြန်မပြောနိုင်ပါ။

အဘယ်ကြောင့်ဆိုသော် ကျွယ်ရှင်းက စကားသာပြောနေသည် တိုက်ခိုက်မှုက ရပ်တန့်မသွားသောကြောင့် ဖြစ်လေ သည်။ ယနေ့ ကြာပွတ်ရိုက်ချက်များက မနေ့က ဓားကွက်များလောက် ရှုတ်ထွေးခြင်း မရှိပေ။ သို့သော်… မနေ့ကထက် နှစ်ဆ မြန်ဆန်လွန်းလေသည်။

ဟယ်ရှန်းမှာ နှစ်စက္ကန့်ခန့်သာ တောင့်ခံလိုက်နိုင်လေသည်။

ဟယ်ရှန်းက ရှက်သွားပြီး ရှောင်တိမ်းရန် ကြိုးစားကြည့်လိုက်သော်လည်း ကြာပွတ်ကို လှည့်ပတ်ရှောင်တိမ်း ရန်အတွက် သူမ၏ခန္ဓာကိုယ်က လိုက်မလုပ်နိုင်ခဲ့ပေ။

ရုတ်တရက် ဆန်းလျန်က ဝင်ပြောလိုက်လေသည်။

"မင်းက ကြာပွတ်ကိုရှောင်နေတာမဟုတ်ဘူး ၊ ကြာပွတ်ကလွတ်အောင် ထွက်ပြေးနေတာပဲ…"

ဟယ်ရှန်းမှာ ဆရာဆန်းလျန်၏ စကားကြောင့် စိတ်ပျံ့လွင့်သွားပြီး ကြာပွတ်ကို ရှောင်တိမ်းနိုင်ခြင်းမရှိတော့ပေ။ ကြာပွတ်ရိုက်ချက်ကို ခံလိုက်ရသည့်အခါ နာကျင်လွန်းသည့်အတွက် သူမ၏နဖူးထက်မှ ချွေးသီးချွေးပေါက်များပင် ကျလာလေသည်။

"ရှောင်ဖို့မလွယ်လို့ လွတ်အောင်ပြေးနေရတာပေါ့…"

ထိုစကားကို ဟယ်ရှန်းစိတ်ထဲမှ ပြောလိုက်ခြင်းသာ ဖြစ်လေသည်။

သူမအတွေးများကို ဆန်းလျန်က အရေးမလုပ်ဘဲ ဆန်းလျန်က စကားဆက်ပြောလိုက်လေသည်။

"လျှပ်စီးအလင်းရောင်ဟာလောကမှာ အလျှင်မြန်ဆုံးအရာပဲ ၊ ဒါပေမယ့် ကျင့်ကြံသူတွေက အဲဒီလျှပ်စီး အလင်းရောင်ကိုတောင် ရှောင်ရှားနိုင်စွမ်းရှိကြတယ် ၊ ဘာလို့လဲဆိုတော့ နက္ခတ်ဗေဒအပြောင်းအလဲတွေကို လေ့လာထားကြလို့ပဲ၊ ဘယ်နားကလျှပ်စီးလက်တာလဲလို့ သိလိုက်တဲ့အချိန်မှာ အလင်းရောင်က ဘယ်ကို သွားမလဲ ဆိုတာတန်းပြီး ခန့်မှန်းနိုင်တယ် ၊ ကြာပွတ်က သတိပေးချက်မရှိဘဲ ရောက်လာတယ်လို့ မင်းခံစားရသလား ၊ ဒါပေမဲ့ ကြာပွတ်ကိုအသုံးပြုသူရဲ့ ဝိညာဉ်စွမ်းအားပြောင်းလဲမှုကိုခံစားပြီး ဘယ်လိုရှောင်မလဲဆိုတာ ခန့်မှန်းလို့ရတယ်…"

ဟယ်ရှန်းသည် ဆန်းလျန်ပြောသည့်စကားများကို သေသေချာချာနားထောင်ပြီး စကားလုံး (၄)လုံးဖြင့် အနှစ်ချုပ်ပစ်လိုက်လေသည်။

"ရန်သူကို အရင် နားလည်အောင်လုပ်…."

ထို့ကြောင့် သူမသည် ကျွယ်ရှင်း၏ ကြာပွတ်ကို ရှောင်တိမ်းနေစဉ်မှာပင် သူမသည် စိတ်အာရုံကိုဖြန့်ကျက်ကာ ကျွယ်ရှင်း၏ ကြာပွတ်လှုပ်ရှားမှုကို နားလည်အောင် ကြိုစားလိုက်လေသည်။

အပြင်းအထန် ကြိုးစားပြီးသည့်နောက်တွင်တော့ ဟယ်ရှန်းသည် ကျွယ်ရှင်း၏ ကြာပွတ်လှုပ်ရှားမှုကို နားလည် သွားတော့သည်။ ကြာပွတ်၏ အရှိန်အဟုန်နှင့် ပြောင်းလဲမှုများကိုလည်း သိရှိသွားလေသည်။ သူမသည် ပြောင်းလဲမှု များကြားမှ မပြောင်းလဲသည့် နိယာမတစ်ခုကို ရှာတွေ့သွားလေသည်။

ထိုသို့သိအောင်ကြိုးစားခြင်းအတွက် သူမ ကြာပွတ် (၃)ချက် အရိုက်ခံလိုက်ရလေသည်။ သို့သော်… တန်ပါသည်။

ကြာပွတ်က သူမကိုယ်ပေါ်သို့ ရိုက်ချလာသည်ကို တွေ့လိုက်သည့်အခါ သူမက ရှောင်တိမ်းခြင်းမပြုသည့်အပြင် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်လေသည်။ ထို့နောက် ကိုယ်ကို ကိုင်းညွှတ်ချလိုက်ကာ ကြာပွတ်ကို ရှောင်တိမ်းလိုက် လေသည်။

သူမသည် လှပစွာဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ကြာပွတ်ကို ရှောင်တိမ်းပြီး ကျွယ်ရှင်းအနားသို့ တိုးကပ်လာလေသည်။

ဆန်းလျန်သည် ဟယ်ရှန်းကို မချီးကျူးဘဲ မနေနိုင်တော့ပေ။

ဤကလေးသည် အမှန်တကယ်ပင် အရည်အချင်း ရှိလွန်းလှသည်။ သူသင်ပြပေးသည့်အချက်များထဲမှ အဓိကအချက်ကို ချက်ချင်းပင် နားလည်နိုင်စွမ်း ရှိလေသည်။

All Chapters