အချစ်နှင့်နှောင်ကြိုးများကပင်ပန်းလွန်းလေသည်
Vol. 8 Ch. 761
မိန်းမပျို သူမထံသို့ တစ်လှမ်းချင်းလှမ်းလာနေသည်ကို ကူးဝေေ၀က စိုက်ကြည့်နေလေသည်။
ဆန်းလျန်ရှိနေသည့်အတွက် သူမ ကြောက်ရွံ့ခြင်းတော့ မဖြစ်မိပေ။ ဆန်းလျန်က သူမကို ကာကွယ်ပေးမည်ပဲ ဖြစ်လေသည်။
ဆန်းလျန်က အခြေအနေကို အေးအေးဆေးဆေးပင် ကြည့်နေလေသည်။ သူ့အဆင့်ဖြင့်ဆိုလျှင် ကူးဝေေ၀ကို ကာကွယ်ပေးရန် မခက်ပေ။ သို့သော်… မိန်းမပျိုကို ကူးဝေေ၀၏ ကိုယ်ပိုင်စွမ်းအားနှင့် နှိမ်နင်းနိုင်သည်ကို ဆန်းလျန်က သိရှိထားလေသည်။
မိန်းမပျိုသည် ကူးဝေေ၀နှင့် ခြေတစ်လှမ်းအကွာသို့ ရောက်ရှိလာပြီ ဖြစ်လေသည်။
သို့သော်… ဆန်းလျန်က မိန်းမပျိုကို တိုက်ခိုက်ခြင်း အလျဉ်းမရှိသေးပေ။ သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ အခြေအနေကို အေးအေးဆေးဆေးပင် ကြည့်နေလေသည်။
ရုတ်တရက်…
မိန်းမပျိုက ခြေလှမ်းများ ရပ်တန့်လိုက်လေသည်။ သူမ၏ဦးခေါင်းနောက်မှ ရောင်စဉ် (၉)ခု ပေါင်းစည်းသွားပြီး လှပသည့် ရောင်စုံကြာပန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။
မိန်းမပျို၏ မျက်ဝန်းများက ကူးဝေေ၀၏ ဘယ်ဘက်ခါးနားဆီသို့ စူးစိုက်ကြည့်နေလေသည်။ ထိုနေရာတွင် သားရေအိတ်တစ်အိတ် ချိတ်ဆွဲထားလေသည်။
မိန်းမပျိုက ထိုသားရေအိတ်ကို လက်ညိုးညွှန်ပြလိုက်ရင်း…
"အဲဒီ အိတ်ထဲမှာ ဘာရှိလဲ…"
မိန်းမပျိုမေးလိုက်သည်နှင့် ကူးဝေေ၀က ချက်ချင်းပင် စကားပြော၍ရလာလေသည်။
သူမက မိန်းမပျိုကို အနည်းငယ် ကြောက်ရွံ့နေသည့်တိုင် အားတင်းပြီး ပြန်ဖြေလိုက်လေသည်။
"ငါ ဟင်းချက်ရင်သုံးတဲ့ ဓားကျိုး ထည့်ထားတာ…"
မိန်းမပျိုက သားရေအိတ်ငယ်ကို စိုက်ကြည့်နေဆဲ ဖြစ်လေသည်။
သူမသည် အနည်းငယ်ပျောက်ဆုံးနေပုံရပြီး သူမ၏ လက်ချောင်းလေးများဖြင့် ထိုအိတ်ကို အသာထိကိုင်ကြည့်လိုက် လေသည်။
ရုတ်တရက်…
သားရေအိတ်ထဲမှ အဖြူရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ကျောက်စိမ်းသားအလား ကြည်လင်လွန်းလှ သည့်မိန်းမပျို၏ လက်ချောင်းလေးဆီမှ သွေးစက်များ စီးကျလာလေသည်။
ကူးဝေေ၀သည် မိန်းမပျိုကို သိပ်ပြီးမနှစ်သက်လှသည့်တိုင် သူမ၏ လှပလွန်းသည့်လက်ချောင်းလေး ဓားဒဏ်ရာ ကြောင့် ပြတ်ရှသွားသည်ကို တွေ့လိုက်ရသည့်အခါ စိတ်ပူသွားမိလေသည်။
ကူးဝေေ၀က…
"နင်ဘာမှမဖြစ်ပါဘူးနော်…"
မေးလိုက်ပြီးသည်နှင့် သူမသည် ယခင်ကအတိုင်း လုံး၀ လှုပ်ရှား၍ မရတော့ပြန်သည်ကို ချက်ချင်းသဘောပေါက် သွားရလေသည်။
မိန်းမပျိုက သွေးထွက်နေသည့် သူမ၏ လက်ချောင်းလေးကို ပါးစပ်ဖြင့် စုပ်လိုက်လေသည်။
သူမ၏ ဖူးငုံနေသည့် ပန်းနုရောင် နှုတ်ခမ်းအစုံဖြင့် လက်ချောင်းလေးကို အငမ်းမရစုပ်နေသည်ကိုကြည့်ပြီး မိန်းကလေးဖြစ်သည့် ကူးဝေေ၀ပင်လျှင် ရှက်လာမိလေသည်။
ကူးဝေေ၀က ဆန်းလျန်မည်သို့အခြေအနေရှိသည်ကို တစ်ချက်ခိုးကြည့်လိုက်တော့ ဆန်းလျန်က ပုံမှန်အတိုင်း အေးဆေးတည်ငြိမ်နေဆဲပင်။ ဆန်းလျန်အတွေးထဲတွင် မည်သို့ရှိမည်ကိုတော့ ကူးဝေေ၀ မခန့်မှန်းနိုင်ပေ။
ခဏအကြာတွင်တော့ မိန်းမပျိုက လက်ချောင်းကို စုပ်နေခြင်းကို ရပ်တန့်လိုက်လေသည်။
သူမက ကူးဝေေ၀၏ အမေးကို မဖြေဘဲ ဆန်းလျန်ကို လှမ်းကြည့်လိုက်လေသည်။ သူမသည် ဆန်းလျန်နှင့် အလွန်နီးကပ်နေပြီး သူမ၏ မျက်ဝန်းများက တစ်လက်လက် တောက်ပနေလေ၏။
ဆန်းလျန်က…
"အခုတော့ကျုပ်ရဲ့ ဂိုဏ်းတူအစ်မကို ဒုက္ခပေးလို့ မရဘူးဆိုတာ သိသွားပြီ မဟုတ်လား…"
မိန်းမပျိုက…
"ဒီမမက အဲဒီဓားကျိုးရဲ့ သခင်လား…"
သူမက ဗုဒ္ဓစာပေအတော်များများကိုပင် နားလည်တတ်ကျွမ်းသူဖြစ်လေရာ အမြင်အာရုံလည်း စူးရှထက်မြက်သူ ဖြစ်လေသည်။
သူမက တစ်ချက်ကြည့်လိုက်ရုံဖြင့် ကူးဝေေ၀က ဓားကျိုး၏ သခင်အစစ်အမှန်ဖြစ်သည်ကို ရိပ်မိထားလေသည်။ သို့သော် သူမက တမင်သက်သက် ဆန်းလျန်ကို မေးမြန်းလိုက်ခြင်း ဖြစ်ပါလေ၏။
ဆန်းလျန်က ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…
"ဟုတ်တယ် ၊ အဲဒီဓားက ဓားကောင်းတစ်လက်ပဲ ၊ ဒါကြောင့် မင်းနဲ့ကျုပ်နဲ့ဖြစ်တဲ့ ပြဿနာထဲမှာ ကျုပ်ရဲ့ ဂိုဏ်းတူအစ်မကို ဆွဲမထည့်ပါနဲ့…"
မိန်းမပျိုက ပြုံးလိုက်ရင်း….
"ကျွန်မက အစစ်အမှန်မဟုတ်တဲ့ ဖန်ဆင်းခံပုံရိပ်ယောင်တစ်ခုလို့ ရှင်က ပြောခဲ့တယ်နော် ၊ ဒီတော့ ကျွန်မကလည်း ကျွန်မ ကိစ္စအောင်မြင်ဖို့အတွက် နောက်မဆုတ်နိုင်ဘူး ၊ အစစ်အမှန်မဟုတ်တဲ့ ဖန်ဆင်းခံပုံရိပ်ယောင်တစ်ခုလိုပဲ ကျွန်မကလည်း လုပ်ရတော့မှာပေါ့…"
ထို့နောက် သူမက ဆန်းလျန်၏ အဖြေစကားကိုမစောင့်ဘဲ စကားဆက်ပြောလိုက်သည်။
"ကျွန်မရဲ့ သတ်ဖြတ်လိုတဲ့စိတ်က တစ်ချက်လှုပ်ရှားပြီးသွားပြီ ၊ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး ၊ ဒါကြောင့် နောက်တစ်ခါတော့ အလျှင်စလိုလုပ်မှာမဟုတ်တော့ဘူး ၊ ပြီးတော့ ဒီမမမှာ အဲဒီဓားရှိနေသရွေ့ ကျွန်မ သူ့ကို နာကျင်အောင် လုပ်နိုင်မှာ မဟုတ်ဘူး ၊ ရှင်က ဘာတွေ စိတ်ပူနေတာလဲ…"
ဆန်းလျန်က….
"လောကမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူး ၊ အဲဒီဓားက ဝိညာဉ်စွမ်းအားကောင်းလွန်းတဲ့ ဓားတစ်လက်ပဲ ၊ ဒါပေမဲ့ သက်မဲ့ ပစ္စည်းတစ်ခုလည်းဖြစ်တယ် ၊ ဒါကြောင့် အဲဒီဓားကို အနိုင်ယူနိုင်မယ့် နည်းလမ်း မင်းရှာတွေ့မသွားဘူးလို့ မပြောနိုင်ဘူးလေ ၊ ဒါကြောင့် ကျုပ်က စိတ်ပူနေရတာ…"
မိန်းမပျိုက သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"ရှင်က ကျွန်မရှာနေတဲ့လူ ဟုတ်ရောဟုတ်ရဲ့လား မသိပါဘူး ၊ ဘာလို့လဲဆိုတော့ ကျွန်မရှာနေတဲ့သူက ကျွန်မကို စိတ်ဆင်းရဲအောင် ဘယ်တော့မှ မလုပ်ဘူး ၊ အမြဲတမ်း စိတ်ချမ်းသာအောင်ထားတယ်…."
ထို့နောက် မိန်းမပျိုက ကူဝေေ၀ကို တစ်ချက်ကြည့်လိုက်ရင်း…
"နင် သူ့ကို တကယ်ချစ်တယ်ဆိုရင် သူ့ကို စွန့်လွှတ်လိုက်သင့်တယ် ၊ လူသားတွေရဲ့ သံယောဇဉ်နှောင်ကြိုးတွေနဲ့ သူ့ကိုရစ်ပတ်ချည်နှောင်ပြီး ဆွဲခေါ်မထားသင့်ဘူး…"
စကားဆုံးသွားသည်နှင့် သူမထံသို့ ပစ်ခတ်ထားကြသည့် ငွေကြေးများနှင့်အတူ မိန်းမပျိုသည် ပျောက်ကွယ်သွား လေတော့သည်။
ပတ်ဝန်းကျင်မှ လူအားလုံးမှာ နေ့ခင်းကြောင်တောင် မိန်းမပျို ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ကြရသည့်အခါ အံ့သြဆွံ့အသွားကြလေသည်။
လူအများစုက တောင်ပေါ်တစ္ဆေအခြောက်ခံရသည်ဟု ပြောဆိုနေကြပြီး အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေကြစဉ်မှာပင် ဆန်းလျန်က ကူးဝေေ၀ကိုခေါ်ကာ လူအုပ်ကြားမှ တိတ်တဆိတ် ထွက်ခွာလာခဲ့ကြလေတော့သည်။
အိမ်အပြန်လမ်းတွင် ကူးဝေေ၀က ဆန်းလျန်ကို ရုတ်တရက်မေးလိုက်လေသည်။
"အားလျန်… ငါက နင့်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေသလားဟင်…"
ဆန်းလျန်က…
"အဲဒီမိန်းကလေးပြောတာတွေကို အစ်မစိတ်ထဲ ထားမနေနဲ့…"
ကူးဝေေ၀က…
"တကယ်တော့ သူပြောတာလည်း မှန်ပါတယ် ၊ တကယ်တမ်း တန်ခိုးစွမ်းအားမြင့်မားတဲ့သူတစ်ယောက်သာ ရောက်လာရင် ငါ့ကို အသုံးချပြိး နင့်ကို ခြိမ်းခြောက်တာမျိုးတွေ လုပ်လာနိုင်တယ် ၊ အဲဒါဆိုရင် နင်ဟာ ငါ့ကြောင့် ဒုက္ခရောက်ရလိမ့်မယ် အားလျန် ၊ နင့်ကို ဒုက္ခပေးမိတဲ့သူက ငါကိုယ်တိုင် ဖြစ်နေလိမ့်မယ်…"
ဆန်းလျန်က…
"အဲဒီတော့ အစ်မက အဲဒီမိန်းကလေးစကားတွေကို နားထောင်ပြီး ကျွန်တော့်ကို ထားသွားတော့မလို့ပေါ့လေ…"
ကူးဝေေ၀က ခေါင်းတစ်ချက်ခါယမ်းလိုက်လေသည်။
သူမက တည်ကြည်သည့်မျက်နှာထားဖြင့်…
"အားလျန်… ငါကြိုးစားပြီး ကျင့်ကြံပါ့မယ် ၊ ဒါမှ နောင်ကျရင် ငါလည်းနင့်လိုပဲ နတ်ဘုရားတစ်ပါးဖြစ်လာပြီး နင့်အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်တော့မှာ…"
ကျင့်စဉ်လမ်းကိုလျှောက်လှမ်းသည့်အခါ ခိုင်မာသည့်စိတ်ထားရှိရန်လိုအပ်လေသည်။
ခိုင်မာသည့်စိတ်ထားရှိမှသာ ကျင့်စဉ်လမ်းက မည်မျှပင်ရှည်လျားပါစေ နောက်ဆုံးတွင် ကျော်လွှားဖြတ်သန်းနိုင်မည် ဖြစ်လေသည်။
အမှန်တော့ ကူးဝေေ၀နှင့် ဆန်းလျန်သည် အခြေခံအဆင့်တွင် သိပ်ပြီး ကွာခြားသူများ မဟုတ်ကြပေ။ သို့သော်… ကူးဝေေ၀ ကျင့်စဉ်လမ်းတွင် ထင်သလောက် မအောင်မြင်ရသည့်အကြောင်းရင်းမှာ သူမတွင် ယုံကြည်ချက် ပျောက်ဆုံးနေခြင်းကြောင့် ဖြစ်လေသည်။
သို့သော်… ယနေ့ အဖြစ်အပျက်နှင့် ကြုံတွေ့ပြီးသည့်နောက် ကူးဝေေ၀က ခိုင်မာသည့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်နိုင်ပြီ ဖြစ်လေသည်။ ဆုံးဖြတ်ချက်ချပြီးသည်နှင့် သူမသည် မဆုတ်မနစ် ကြိုးစားတော့မည် ဖြစ်လေသည်။
ကူးဝေေ၀၏ တည်ကြည်သည့်မျက်နှာထားကို လှမ်းကြည့်လိုက်ပြီး ဆန်းလျန်က ပြုံးလိုက်လေသည်။
"အဲဒီလိုနေ့မျိုးရောက်လာမှာပါ အစ်မရယ်.…"
အစ်မဖြစ်သူကို နှစ်သိမ့်ရန်အတွက် ထိုသို့သောစကားမျိုးပြောလိုက်ရသည့်တိုင် ဆန်းလျန်ကတော့ ရင်ထဲတွင် ကျိတ်ပြီး သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။
အဘယ်ကြောင့်ဆိုသော်… စောစောက ရင်ဆိုင်ခဲ့ရသည့်မိန်းမပျိုမှာ သူနှင့် အလွန်ရင်းနှီးနေသလို ခံစားနေရသောကြောင့် ဖြစ်လေသည်။
တကယ်တမ်းတွင် ….
နတ်ဘုရားများဆိုသည်ကလည်း အချစ်နှင့်ကင်းနိုင်ကြသူများ မဟုတ်ပေ။ ဆန်းလျန်ကိုယ်တိုင်သည်လည်း အချစ်နှင့် မကင်းသူတစ်ယောက် ဖြစ်လေသည်။
ထိုမိန်းကလေးသည် သူ၏ ချစ်ရသူတစ်ယောက်များလား….။
ဆန်းလျန်သည် ချစ်ခြင်းတရားနှင့်နှောင်ကြိုးများသည် ပင်ပန်းလွန်းသည့်အလား ခံစားနေရလေတော့သည်။
"အချစ်ဟာ တရားရဖို့အနှောက်အယှက်တစ်ခုအလား
အတိတ်တစ်ချိန်က တွေးထင်ခဲ့ဖူးတယ်…
တောင်တွေဆီကိုရောက်တဲ့အခါ… လဲကျမှာကို ကြောက်ရွံ့စွာနဲ့…
တရားဓမ္မအောက်မှာပဲ
အန္တရယ်ကင်းကင်းနဲ့ ငြိမ်းချမ်းစွာ လောကကြီးကို ရှိစေချင်မိတယ်…"
ဆန်းလျန်၏ စိတ်ထဲတွင် ထိုကဗျာလေးကို သတိရလိုက်မိလေသည်။
လက်ရှိသူ့အခြေအနေသည် ထိုကဗျာလေးအလားပင်ဖြစ်လေသည်။
သူသည် လုံးလုံးလျားလျား အချစ်နွံတွင်နစ်ခဲ့ဖူးဟန် တူလေသည်။ သို့သော်… သူ့ကိုယ်သူ အချစ်နွံတွင်နစ်နေမှန်း မသိခဲ့ဘဲ ချစ်ရသူကိုလည်း တန်ဖိုးထားခဲ့ပုံ မပေါ်ပေ။
တစ်ချိန်တည်းမှာပင်… သူသည် ကျင့်စဉ်လမ်းကိုသာ အာရုံစိုက်နေမိခဲ့လေသည်။
ကျင့်စဉ်လမ်းဆိုသည်က အဆင့်မြင့်လာလေလေ ပျော်ရွှင်ခြင်းကင်းမဲ့ရလေလေ ဖြစ်လေသည်။ သူ့ရှေ့မှ သူတော်စင်များကလည်း ထိုအချက်ကို အတည်ပြုထားခဲ့ကြလေသည်။ သူ့အလှည့်တွင် အခြားသူများထက် အခြေအနေပိုမဆိုးစေရန်သာ ကြိုးစားရမည် ဖြစ်လေသည်။
ထို့ပြင်… ထိုသို့သော အခြေအနေမျိုးတွင် အချစ်နှင့် ခံစားချက်များကိုပါ မေ့ပျောက်နေခဲ့ပါက သူသည် ဝိညာဉ်ရေးရာပိုင်းတွင် တိုးတက်လာတော့မည် မဟုတ်ပေ။
သို့မဟုတ်… သူ မည်သည့်အရာကိုမှ လုပ်နိုင်စွမ်းမရှိတော့ဘဲ လက်လျှော့ကောင်း လက်လျှော့ရပေမည်။
………..
ကျိုးယီတောင် ၊ ယွင်မုမြစ်ကမ်း….
လဝန်းက ကောင်းကင်ထက်တွင် ထိန်ထိန်သာနေလေသည်။
လမင်းထိန်ထိန်သာနေသည့်အတွက် ကြယ်စင်များက မှေးမှိန်နေသယောင် ထင်ရလေသည်။ သို့သော်… ကောင်းကင်ထက်တွင် ရွေ့လျားနေသည့် ကြယ်တစ်စင်းကတော့ တောက်ပလင်းလက်နေလေ၏။
"ဆရာ… အဲဒီကြယ်စင်က ဘာကြယ်စင်လဲ…"
ဟယ်ရှန်းက ဆန်းလျန်ကို မေးလိုက်လေသည်။
ဆန်းလျန်က နှင်းများဖုံးလွှမ်းနေသည့် ကျောက်ဆောင်တစ်ခုထက်တွင် ထိုင်နေလေသည်။ သူက ကောင်းကင်ထက်သို့ တစ်ချက်မော့ကြည့်လိုက်ပြီး အတန်ကြာမှ ဟယ်ရှန်း၏ အမေးကို အဖြေပြန်ပေးလိုက်လေ သည်။
"အဲဒီကြယ်စင်ကို ချန်ကန်းကြယ်စင်လို့ခေါ်တယ်…"
ဟယ်ရှန်းက…
"ဘာလို့ အဲဒီကြယ်စင်က အရမ်းတောက်ပနေရတာလဲ…"
ဆန်းလျန်က ချန်ကန်းကြယ်စင်ကို ထပ်မံမော့ကြည့်လိုက်လေသည်။
ထိုအခါ … ကြယ်စင်ထက်မှ မိန်းမပျိုတစ်ယောက် ဆင်းသက်လာသည်ကို တွေ့လိုက်ရပြီး မျက်စိတစ်မှိတ်အတွင်း မှာပင် မိန်းမပျိုသည် ပြန်လည် ပျောက်ကွယ်သွားလေသည်။
"ချန်ကန်းကြယ်စင်ဆိုတာ တကယ်တော့ စစ်မှန်တဲ့ ကျင့်စဉ်လမ်းကို လျှောက်လှမ်းခဲ့တဲ့ နတ်ဘုရားတစ်ပါးက ဖန်ဆင်းထားတဲ့ နတ်ဘုရားနယ်မြေတစ်ခုပဲ ၊ ဒါပေမဲ့ အဲဒီကြယ်စင်ကို အလှနတ်သမီးကြယ်စင်လို့လည်း ခေါ်တယ် ၊ ဘာလို့လည်းဆိုတော့ အဲဒီကြယ်စင်ထဲမှာ အလှနတ်သမီး နေထိုင်လို့ပဲ…"
……….
ထိုအချိန်မှာပင်…
စီးဆင်းနေသည့် မြစ်တစ်စင်းအလယ်တွင် လှေငယ်တစ်စင်း ရှိနေလေသည်။
လှေထဲတွင်တော့ မယ်တော်ဝမ်မူနှင့် လွိလော် ထိုင်နေကြလေ၏။
မယ်တော်ဝမ်မူက…
"အလှနတ်သမီးဆိုတာ အားလော်ဟယ်ဖန်ဆင်းထားတဲ့ နတ်သမီးတစ်ပါးပဲ ၊ လနတ်သမီးဟန်အယ်ရဲ့ပုံစံကိုယူပြီး ဖန်ဆင်းထားတာ ၊ တစ်လောကလုံးမှာ အလှဆုံး မိန်းမပျိုလို့ ဆိုနိုင်တယ် ၊ အခု အားလော်ဟယ်က လုပ်စရာ အလုပ်တစ်ခုရှိလို့ အလှနတ်သမီးကို လူ့လောကကို ဆင်းလာဖို့ အမိန့်ပေးလိုက်တာ ၊ ဒါကြောင့် ချန်ကန်းကြယ်စင်က ဒီည အရမ်းတောက်ပနေတာ…"
လွိလော်က….
"ဒါဖြင့် ကျွန်မတို့က အလှနတ်သမီးနဲ့ သွားတွေ့ရမှာလား…"
မယ်တော်ဝမ်မူက….
"တကယ်တော့ အားလော်ဟယ်က ရက်စက်တဲ့ နတ်ဘုရားတစ်ပါးပါပဲ ၊ ဒီတစ်ခေါက် ငါနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက် တာကလည်း သိပ်ပြီး စေတနာကောင်းနေလို့ မဟုတ်ဘူး ၊ ငါ့အကူအညီလိုနေလို့ပဲ ၊ ဒါကြောင့် သူ့စိတ်ထဲ ဘာတွေ တွေးနေလဲဆိုတာ အရေးစိုက်စရာ မလိုဘူး ၊ ပြီးတော့ အလှနတ်သမီးကလည်း အားလော်ဟယ် အမိန့်မရဘဲ သူ့သဘောနဲ့သူ ဘာမှလုပ်ရဲမှာ မဟုတ်ဘူး ၊ ပြီးတော့ သူသာ လူ့လောကကို ဆင်းလာရင် တစ်လောကလုံးမှာ အလှဆုံး မိန်းမပျိုတစ်ယောက် ဖြစ်လာလိမ့်မယ် ၊ ဒီလောကမှာ သူ့ရဲ့အလှတရားကြောင့် စိတ်မလှုပ်ရှားသူဆိုလို့ နန်းတော် (၃)ခုနဲ့ နတ်ဘုရားကျောင်းတော် (၄)ခုက ရှေးဟောင်းနတ်ဘုရား အနည်းငယ်လောက်ပဲ ရှိလိမ့်မယ် ၊ တခြားသူတွေကတော့ သူ့အလှတရားမှာ ကျရှုံးကုန်ကြမှာပဲ…"
အလှနတ်သမီးသည် ပြီးပြည့်စုံအောင် လှပလွန်းသူဖြစ်သည်သာမက သူမကို ဖန်ဆင်းစဉ်အခါက အားလော်ဟယ်က အချစ်နှင့် စိတ်ဆန္ဒများကိုပါ ထည့်သွင်းဖန်ဆင်းထားခဲ့လေသည်။ သူမကို ဖန်ဆင်းရသည့် အဓိကရည်ရွယ်ချက်မှာ ကျင့်ကြံသူများကို သွေးဆောင်ဖြားယောင်း အနှောက်အယှက်ပြုရန် ဖြစ်လေသည်။
သူမ၏ အလှတရားသည် ရှေးဟောင်းနတ်ဒေဝါမြေခွေးတစ်ပါး၏ အလှတရားကိုပင် ကောင်းကောင်း ယှဉ်နိုင်လေ သည်။
ထို့ကြောင့် အလှနတ်သမီးသာ လူ့လောကသို့ ရောက်ရှိလာပါက ပြဿနာများစွာ ရှုတ်ကုန်နိုင်လေသည်။ သို့သော်… မလိုအပ်သည့်ပြဿနာများဖြစ်မလာရန်အတွက် မယ်တော်ဝမ်မူကတော့ အလှနတ်သမီးနှင့် တမင်သက်သက် သွားရောက်ပတ်သက်မည် မဟုတ်ပေ။