စမ်းရေကဲ့သို့တိတ်ဆိတ်
Vol. 8 Ch. 763
အချိန်တွေက အကုန်မြန်လွန်းလှလေသည်။
"သောက်ပြီးရင်မပြန်နဲ့တော့" စားသောက်ဆိုင်သို့ ဆန်းလျန်ရောက်လာခဲ့သည်မှာ ဘာလိုလိုနှင့် (၁)နှစ်ပင်ပြည့်ခဲ့ လေပြီ။
(၁)နှစ်အတွင်း စားသောက်ဆိုင်သို့ ဧည့်သည် စုစုပေါင်း (၁၈)ယောက်လာခဲ့ပြီး ပျမ်းမျှ (၁)လလျှင် (၂)ယောက်နှုန်း ဖြစ်လေ၏။
အချိန် (၁)နှစ်အတွင်းတွင် မြို့ထဲမှ လူအချို့မှာလည်း စားသောက်ဆိုင်သို့ စားသောက်ရန်လာရောက်ကြသော်လည်း စားသောက်ဆိုင်နားသို့ရောက်သည်နှင့် အမှောင်ထုထဲသို့ ကျရောက်သွားပြီး ရှေ့သို့ ခြေလှမ်းဆက်လှမ်းနိုင်ခြင်း မရှိကြတော့ပေ။
ထို့ကြောင့် နောက်ဆုံးတွင်တော့ သူတို့သည် "သောက်ပြီးရင်မပြန်နဲ့တော့" စားသောက်ဆိုင်သို့ လာရောက်ရန် မကြိုးစားကြတော့ပေ။
သူတို့သည် စားသောက်ဆိုင်မှာ မိစ္ဆာရောက်နေသည်ဟုယူဆပြီး မိစ္ဆာနှိမ်နင်းသည့် တာအိုဆရာများ ၊ ဘုန်းတော်ကြီးများကိုလည်း သွားရောက်ပင့်ဆောင်ရဲခြင်း မရှိကြပေ။
နောက်ဆုံးတွင်တော့… ပိုင်ကျားမြို့မှလူများသည် စားသောက်ဆိုင်တည်ရှိရာလမ်းကိုပင် တဖြည်းဖြည်းမေ့ပျောက် သွားကြပြီး "သောက်ပြီးရင်မပြန်နဲ့တော့" စားသောက်ဆိုင်အကြောင်းကိုလည်း သတိမမူမိကြတော့ပေ။
လွန်ခဲ့သည့် (၁)လခန့်ကတော့ လမ်းသွားလမ်းလာများသည် ညအချိန်တွင် စားသောက်ဆိုင်တစ်ခုလုံး ရုတ်တရက် ပျောက်ကွယ်သွားပြီး စားသောက်ဆိုင်နေရာတွင် မြေကွက်လပ်ကြီးတစ်ခုသာ ကျန်ရစ်ခဲ့သည်ကို တွေ့မြင်ကြရလေ သည်။
ထိုအဖြစ်အပျက်မှာ ပိုက်ကျားမြို့တွင် ဖြစ်ပေါ်လာသည့် ထူးဆန်းသည့် အဖြစ်အပျက် တစ်ခု ဖြစ်လေသည်။
လွန်ခဲ့သည့် (၂)လခန့်က ချင်းရှတောင်ပေါ်တွင် တာအိုကျောင်းတော်ကြီးတစ်ခု ရုတ်တရက် ဘွားခနဲ ပေါ်လာသည့် အဖြစ်အပျက်ကဲ့သို့ပင် ဖြစ်လေသည်။
ထိုအဖြစ်အပျက် (၂)ခုလုံးသည် ထူးဆန်းသည့် အဖြစ်အပျက်များဖြစ်ကြပြီး မြို့ထဲမှ ပုံပြောဆရာများသည်ပင် ထူးဆန်းသည့်နတ်ဘုရားပုံပြင်များအဖြစ် လူအများကို ပြောပြလေ့ရှိကြလေသည်။
ထိုပုံပြင်များသည် ချင်ပြည်နယ်မြို့တော်မှ စစ်ဗိုလ်ချုပ်ကြီးလီကျုန်းပင်း၏သား လီချင်းချန်နားထဲသို့ ရောက်ရှိသွား လေသည်။
လီချင်းချန်မှာ ဆန်းလျန်အပြစ်ပေးသည်ကို ခံခဲ့ရပြီးနောက် ဒဏ်ရာပျောက်ကင်းရန် နှစ်ဝက်ခန့် ကုသခဲ့ရလေသည်။ ဆန်းလျန်မှာ အလွန်တန်ခိုးစွမ်းအားမြင့်မားသူဖြစ်ပြီး သူ၏ ပြိုင်ဘက်မဟုတ်သည်ကို သိရှိသွားပြီးသည့်နောက် လီချင်းချန်သည် ချင်းရှတောင်ပေါ်သို့ ထပ်မသွားတော့ပေ။ သူသည် အဖြစ်အပျက်များကိုပင် မေ့မေ့ပျောက်ပျောက် ရှိနေခဲ့ချေပြီ။
သို့သော်… ယခု ချင်းရှတောင်မှ ထူးဆန်းထွေလာများကို တိုက်တိုက်ဆိုင်ဆိုင်ကြားသိလိုက်ရသည့်အခါတွင်တော့ တစ်ချိန်က ခံစားခဲ့ရသည့် အရှုံးတရားကို ပြန်လည် အမှတ်ရလာမိလေသည်။ ထိုအခါ… ဒဏ်ရာဟောင်းကို စွပေးသလို ဒေါသမထွက်ဘဲ မနေနိုင်တော့ပေ။
ထိုအချိန်မှာပင်… ချင်းယန်ကျောင်းတော်မှ ပို့လိုက်သည့် စာတစ်စောင်ကို သူလက်ခံရရှိလိုက်လေသည်။
ယင်ရှန်းကျွင်း၏ အကြီးဆုံးတပည့်ဖြစ်သူ သူ၏ဂိုဏ်းတူအစ်ကို ကုချန်စန်းသည် တောင်အောက်သို့ ဆင်းလာမည်ဆို သည့်အကြောင်းကြားစာပင် ဖြစ်လေသည်။
ကုချန်စန်းက ချင်ပြည်နယ်မြို့တော်မှ လီအိမ်တော်သို့ အရင်လာမည်ဖြစ်ကြောင်း စာထဲတွင် ဖော်ပြထားလေသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် အစ်ကိုဖြစ်သူက လီချင်းချန်ကို အင်မတန်ဂရုစိုက်သည်မှာ ထင်ရှားနေလေသည်။ ဂိုဏ်းတူအစ်ကိုသာ သူ့အတွက် လက်စားချေပေးနိုင်လျှင် အဘယ်မျှ ကောင်းလိုက်ပါမည်နည်း။
လီချင်းချန်က ကုချန်စန်းကို တကူးတက တိုင်ပြောနေစရာပင် မလိုပေ။ သူ့ကြာပွတ်ပျောက်ဆုံးသွားသည်ကို ရိပ်မိလိုက်သည်နှင့် အစ်ကိုဖြစ်သည်က ချက်ချင်း မေးမြန်းလာမည်ပဲ ဖြစ်လေသည်။ ထိုအခါ သူက အလိုက်သင့် လေးပင် ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်ရုံသာ ရှိလေသည်။
လီချင်းချန်က သူ့အတွေးနှင့်သူ ကျေနပ်လျှက်ရှိချိန်တွင် ပိုင်ကျားမြို့သို့ မိန်းကလေးငယ်တစ်ယောက် ရောက်ရှိလာလေသည်။
ထိုမိန်းကလေးငယ်မှာ အခြားသူမဟုတ်ပေ။ ဆန်းချင်းချင်းပင် ဖြစ်လေတော့သည်။
ဆန်းချင်းချင်းသည် "သောက်ပြီးရင်ပြန်မလာနဲ့တော့" စားသောက်ဆိုင်ရှေ့သို့ ရောက်ရှိလာလေသည်။ စားသောက်ဆိုင်မှာ ပျောက်ကွယ်နေပြီဖြစ်သည့်တိုင် သူမက မြေကွက်လပ်အတွင်းသို့ လှမ်းဝင်လိုက်လေသည်။
လမ်မပေါ်တွင် အိပ်ပျော်နေသည့် သူတောင်းစားတစ်ယောက်က မိန်းကလေးတစ်ယောက်ကို တွေ့မြင်လိုက်ရသည့် အတွက်အံ့သြသွားလေသည်။
သူက မနေနိုင်ဘဲ မိန်းကလေးနောက်သို့ လိုက်ကြည့်လေရာ မိန်းကလေးသည် "သောက်ပြီးရင်မပြန်နဲ့တော့" စားသောက်ဆိုင်ရှိရာ မြေကွက်လပ်အတွင်းသို့ ဝင်သွားပြီး ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရလေသည်။
ထို့နောက်တွင်တော့ … လေထဲတွင် မိန်းကလေးတစ်ယောက်၏ ဦးခေါင်းပေါ်လာလေသည်။
ထိုဦးခေါင်းက သူတောင်းစားကို မေးလိုက်လေသည်။
"နင် ငါ့နောက် ဘာကိစ္စလိုက်လာရတာလဲ…"
မိန်းကလေးမှာ ခေါင်းသာမြင်ရပြီး ခန္ဓာကိုယ်ကို မမြင်ရလေရာ သူတောင်းစားမှာ အံ့သြထိတ်လန့်သွားလေသည်။
ထို့နောက်တွင်တော့ သူတောင်းစားက စူးရှစွာအော်ဟစ်လိုက်ပြီး ထွက်ပြေးလေရာ အစကတည်းက စုတ်နေသည့် ဘောင်းဘီမှာ နှစ်ခြမ်းကွဲကာ ပြဲသွားလေတော့သည်။
ဆန်းချင်းချင်းက ခွက်ထိုးခွက်လန်အော်ဟစ်ရယ်မောလိုက်ပြီးသည့်နောက် ဝုန်းဆိုသည့် တံခါးပိတ်သံတစ်ချက် ထွက်ပေါ်လာကာ သူမ၏ဦးခေါင်းသည်လည်း ပျောက်ကွယ်သွားလေသည်။
ဆန်းချင်းချင်းက "သောက်ပြီးရင်မပြန်နဲ့တော့" စားသောက်ဆိုင်အတွင်းသို့ ဝင်လာလေသည်။ သူမကို အပြင်မှ အခြားသူများက တွေ့မြင်ရခြင်း မရှိပေ။ လမ်းမထက်မှ ဖြတ်လျှောက်သွားသူများအနေဖြင့်လည်း စားသောက်ဆိုင်ကို တွေ့မြင်ရမည် မဟုတ်ပေ။
သူမ သူတောင်းစားကို ခြောက်လှန့်လိုက်ရသည့်အတွက် ပီတိဖြာလျှက်ရှိလေသည်။
သူမက တံခါးကိုပိတ်လိုက်ပြီး နောက်သို့ပြန်လှည့်လိုက်ရာ သူမအနောက်တွင်ရပ်နေသည့် မိန်းကလေးတစ်ယောက် ကိုတွေ့လိုက်ရသည့်အတွက် ထိတ်လန့်သွားရလေသည်။
ဆန်းချင်းချင်းက ရင်ပတ်ကို လက်ဖြင့် အသာဖိထားလိုက်ရင်း…
"မမဝေေ၀ ၊ ခြေသံလည်းမကြားရဘူး ၊ အနားကို ဘယ်လိုရောက်လာတာလဲ…"
ကူးဝေေ၀က သူမကို တစ်ချက်ကြည့်လိုက်ပြီး…
"အားလျန်သင်ပေးထားတဲ့ လမ်းလျှောက်နည်းလေ… ၊ တိမ်တိုက်ခြေလှမ်းလို့ ခေါ်တယ် ၊ အဲဒီကျင့်စဉ်ကျင့်ကြံပြီး တော့ဘယ်သူမှ ငါ့ခြေသံမကြားတော့ဘဲ အရိပ်တစ်ခုရွေ့လျားနေသလိုမျိုး လမ်းလျှောက်နိုင်တယ်…"
ဆန်းချင်းချင်းက…
"တိမ်တိုက်ခြေလှမ်း… လရောင်စီးဆင်း စမ်းရေကဲ့သို့တိတ်ဆိတ် ဆိုတဲ့ ကဗျာထဲကအတိုင်း ဦးလေးကြီးက နာမည်ပေးထားတာ ဖြစ်ရမယ်…"
ထိုအချိန်မှာပင်… ဆန်းလျန်၏အသံထွက်ပေါ်လာလေသည်။
"မင်းက အဲဒီကဗျာကို ဘယ်ကကြားဖူးတာလဲ…"
ဆန်းချင်းချင်းက…
"ကျွန်မက စာတွေပေတွေလည်း ဖတ်တတ်ပါတယ်နော် ၊ ဒီကဗျာက ကျောက်ဖုန်းရေးထားတဲ့ ကဗျာပဲ ၊ ကျွန်မရဲ့ အဖေက သူ့ကိုသိပ်လေးစားတာ…"
စကားပြောနေရင်းဖြင့် ဆန်းလျန်က ဆိုင်အောက်ထပ်သို့ ဆင်းလာလေသည်။
ဆန်းလျန်က …
"ကျောက်ဖုန်းဆိုတာ ဘယ်သူလဲ…"
သူ့စိတ်ထဲတွင် ထူးဆန်းနေလေသည်။
ထိုကဗျာကို မည်သူရေးသားထားသည်ကို မမှတ်မိတော့သော်လည်း ကျောက်ဖုန်းရေးသားထားခြင်း မဟုတ်သည် ကတော့ သေချာနေလေသည်။
ဆန်းချင်းချင်းက…
"ဦးလေးကြီးက ကျောက်ဖုန်းကို မသိဘူးလား ၊ သူက သမိုင်းထဲမှာ အရမ်းတော်တဲ့ လူတစ်ယောက်ပဲ ၊ သူရေးခဲ့တဲ့ကဗျာတွေ သီချင်းတွေလည်း အများကြီးပဲ ၊ သူက ကဗျာပေါင်း (၃၀၀)ကျော်ရေးစပ်ခဲ့တာ ၊ သူက တော်ဝင်စာပေပညာရှင်တစ်ယောက် မဟုတ်ပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀)လောက်က သူ့ကို စာပေယဉ်ကျေး မှုရဲ့ခေါင်းဆောင်တစ်ယောက်လို့ သတ်မှတ်ခဲ့တယ် ၊ ဘုရင့်နန်းတော်က သူ့ကို ဝန်ကွေဆိုတဲ့ဘွဲ့ကို ချီးမြှင့်ခဲ့တယ် ၊ ဒါပေမဲ့ ဒီနှစ်ပိုင်းတွေမှာတော့ သူက အနုပညာလက်ရာတွေ သိပ်ပြီး မဖန်တီးတော့ဘူး…"
ဆန်းချင်းချင်း၏စကားဆုံးသွားသည်နှင့် ဆန်းလျန်က ကျောက်ဖုန်းအကြောင်းကို အာရုံခံကြည့်လိုက်လေသည်။ ထိုပုဂ္ဂိုလ်သည် အမှန်တကယ်ပင် ဝန်ကွေဘွဲ့ကိုရရှိခဲ့သည့် စာပေပညာရှင် ဖြစ်လေသည်။
သို့သော်… ကျောက်ဖုန်းသည် ဝန်ကွေဘွဲ့ကိုရရှိခဲ့သည့်တိုင် အခြားသူကိုသာ လိမ်ညာ၍ရလျှင်ရမည် ဆန်းလျန်ကို တော့ မည်သည့်ကိစ္စကိုမှ ဖုံးကွယ်ထား၍ မရနိုင်ခဲ့ပေ။
တကယ်တမ်းတော့ ကျောက်ဖုန်း၏အဆင့်သည် တောအရပ်မှ သာမန်ကျောင်းဆရာတစ်ယောက်၏ အဆင့်သာ ရှိလေသည်။ သူသည် အခြားသူများ၏ အရေးအသားများကို ကူးယူပြီး ကံကောင်းထောက်မစွာ ဝန်ကွေဘွဲ့ကိုရရှိခဲ့ ခြင်း ဖြစ်လေသည်။
သို့သော်… ကျောက်ဖုန်းသည် မည်သို့သောသူဖြစ်ပါစေ ဆန်းလျန်က စိတ်မဝင်စားပေ။ သူ၏ အချိန်များကို ထိုသူ အကြောင်းတွေးတောရင်း အကုန်မခံနိုင်ပေ။
ဆန်းလျန်က…
"မင်းလက်မထပ်ချင်လို့ ထွက်ပြေးလာတာမဟုတ်လား ၊ ဒီမှာ ဘယ်လောက်ကြာကြာနေမယ်လို့ စိတ်ကူးထားလဲ…"
ဆန်းချင်းချင်းက တအံ့တသြဖြင့်…
"ဦးလေးကြီးက ဘယ်လိုလုပ် သိတာလဲ…"
ကူးဝေေ၀က…
"အားလျန် ၊ နင်အမြဲတမ်း အဲဒီလိုလုပ်နေတာ မကောင်းဘူးနော် ၊ သူများတွေရဲ့ ပြဿနာတွေကို နင်က ကြိုသိနေပြီး လျှောက်ပြောနေတော့ ပျင်းစရာကောင်းကုန်ရော…"
ဆန်းလျန်က…
"အင်းပါ… နောက်တစ်ခါ ကျွန်တော် သတိထားပါ့မယ်…"
ဆန်းချင်းချင်း၏ ဖခင်ဖြစ်သူ ချင်းဟယ်မင်းသားက ဆန်းချင်းချင်းကို ဝေ့မင်းသားနှင့် လက်ဆက်စေချင်လေသည်။ သို့သော်… ဆန်းချင်းချင်းက ငြင်းဆန်လိုက်သည့်အတွက် ဖခင်ဖြစ်သူနှင့် စကားများကြပြီး ဆန်းချင်းချင်း အိမ်မှ ထွက်ပြေးလာခြင်း ဖြစ်လေသည်။
အိမ်မှထွက်ပြေးလာသည်နှင့် သူမ ပထမဆုံး သတိရမိသည့်နေရာမှာ "သောက်ပြီးရင်မပြန်နဲ့တော့" စားသောက်ဆိုင် ဖြစ်လေသည်။ ဤစားသောက်ဆိုင်တွင်ဆိုလျှင် သူမ၏ဖခင်လွှတ်လိုက်သည့်လူများ မည်သည့်နည်းနှင့်မျှ ရှာတွေ့နိုင်မည် မဟုတ်ပေ။
သူမက "သောက်ပြီးရင်မပြန်နဲ့တော့" စားသောက်ဆိုင်ဖြင့် ရေစက်ပါသူတစ်ယောက်ဖြစ်သည့်အတွက် စားသောက်ဆိုင်ကို မြင်တွေ့ရခြင်း ဖြစ်လေသည်။
သူမက ကူးဝေေ၀၏လက်လေးများကို အသာဖမ်းကိုင်လိုက်ပြီး…
"မမဝေေ၀ ၊ မမ ကျွန်မကို နေခွင့်ပေးမယ်မလား…"
ကူးဝေေ၀က…
"သိပ်ပြီးသနားစရာကောင်းအောင် လုပ်မနေပါနဲ့ဟယ် ၊ မင်းသမီးလေးကို နေခွင့်ပေးပါတယ်…"
ဆန်းချင်းချင်းက ဆန်းလျန်ကို တစ်ချက်ကြည့်လိုက်ပြီး…
"ဦးလေးကြီးကရော…"
ကူးဝေေ၀က…
"မမရဲ့ဆုံးဖြတ်ချက်ကအတည်ပဲ ၊ သူ့ကို အရေးစိုက်မနေနဲ့…."
ဆန်းချင်းချင်းက ကူးဝေေ၀၏ ပါးလေးကို ရွှတ်ခနဲ တစ်ချက်နမ်းလိုက်ပြီး…
"မမဝေေ၀ ၊ မမက အကောင်းဆုံးပဲ…"
ထို့နောက် သူမက ကူးဝေေ၀နောက်တွင် ရပ်နေသည့် ပိုင်ရှောက်ယွီ၏ လက်ကို ဖမ်းဆွဲလိုက်ရင်း…
"ရှောက်ယွီလေး ၊ နင် ငါ့ကို ပြန်တွေ့ရတာ ဝမ်းမသာဘူးလား ၊ အခု ငါ့အတွက် အခန်းလေးဘာလေး သန့်ရှင်းရေး လုပ်ပေးဦးလေဟာ…"
ပိုင်ရှောက်ယွီက…
"မင်းသမီးလေး အနားယူပါ ၊ ကျုပ် သန့်ရှင်းရေး အခုပဲ သွားလုပ်လိုက်ပါ့မယ်…"
ထိုအချိန်မှာပဲ … စားသောက်ဆိုင်တံခါးပွင့်သွားပြီး ထင်းစည်းတစ်စည်းကို သယ်ဆောင်လာသည့် ကျွယ်ရှင်း ဝင်လာလေသည်။
ကျွယ်ရှင်း၏မျက်နှာမှာ စုတ်ပြဲဖူးယောင်နေပြီး နဖူးမှာလည်း ဘုသီးကြီးနှစ်ခုထွက်လျှက် ရှိလေသည်။ မျက်လုံး တစ်ဖက်မှာလည်း ဖူးယောင်ကာပိတ်နေလေသည်။ သူ့ကိုကြည့်ရသည်မှာ တစ်ယောက်ယောက်နှင့် ရန်ဖြစ် သတ်ပုတ်လာဟန် ရှိလေ၏။
ကူးဝေေ၀က…
"ဆရာတော်… ဘယ်လိုဖြစ်ရတာလဲ…"
ကျွယ်ရှင်းက…
"ဘာမှမဖြစ်ပါဘူး… ချော်လဲလာတာ…"
ကူးဝေေ၀က မယုံကြည်ခြင်းများစွာဖြင့် ပြည့်နေသည့် မျက်နှာဖြင့် ကျွယ်ရှင်းကို ကြည့်လိုက်လေသည်။
ကျွယ်ရှင်းမှာ သူမထက်ပင် ကျင့်ကြံခြင်းအဆင့်မြင့်မားသူဖြစ်လေရာ ချော်လဲသည်ဆိုသည်မှာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။