← Chapters

ပန်းပွင့်ကလည်းအရွက်ကိုမတွေ့နိုင် အရွက်ကလည်းပန်းပွင့်နဲ့မဆုံနိုင်

Vol. 8 Ch. 765

ပန်းပွင့်ကလည်းအရွက်ကိုမတွေ့နိုင် အရွက်ကလည်းပန်းပွင့်နဲ့မဆုံနိုင်

Vol. 8 Ch. 765

ဤနတ်မိမယ်သည် အဘယ့်ကြောင့် "ထျန်း" ဆိုသည့်စာလုံးကို ကျောင်းတော်ခန်းမဆောင်ထဲတွင် ကိုးကွယ်ထားရ သည်ကို ရဲ့မော်ထျန်း ကောင်းကောင်း နားလည်သွားခဲ့ပြီ ဖြစ်လေသည်။

"တိ" ဆိုသည့် မြေကြီးကို ကိုးကွယ်ရန်မထိုက်တန်သောကြောင့် "ထျန်း" ဆိုသည့် မိုးကောင်းကင်ကို ကိုးကွယ်ရခြင်း မဟုတ်ပေ။

မိန်းမပျိုကျင့်ကြံသည့်ကျင့်စဉ်သည် ကောင်းကင်နှင့်သက်ဆိုင်ပြီး ကောင်းကင်ကို ကိုယ်စားပြုသည့် နိယာမတရား များကို ကျင့်သုံးရသည့်ကျင့်စဉ်ဖြစ်သည့်အတွက် "ထျန်း" ဆိုသည့် စာလုံးကို အလေးအမြတ်ထားရ ခြင်း ဖြစ်လေ၏။

ရဲ့မော်ထျန်းသည် မိန်းမပျိုကို တန်ခိုးစွမ်းအားအရာတွင် အဘယ်မှာ ယှဉ်ပြိုင်နိုင်ပါမည်နည်း။ သူ့အဆင့်က နတ်ဘုရားတစ်ပါးဖြစ်ရန် များစွာလိုအပ်နေသေးသည်။ ထို့ပြင်… သူက မိန်းမပျိုကို အစကတည်းက လေးစားသူ တစ်ယောက်ဖြစ်လေသည်။

ယခုတော့ သူ၏လေးစားမှုများသည် ကြောက်ရွံ့မှုအဖြစ်သို့ ကူးပြောင်းသွားပြီ ဖြစ်လေသည်။ မိန်းမပျိုကို မြင်တွေ့ရသည်မှာ မိုးကောင်းကင်ကြီးကို မြင်တွေ့ရသည့်အလား ခံစားလိုက်ရလေသည်။

သို့သော်… သူက မိန်းမပျိုထံမှ ပစ္စည်းများကို ရအောင်ယူခဲ့မည်ဟု မိစ္ဆာသခင်အား ကတိပေးထားခဲ့ပြီး ဖြစ်လေရာ သူ့အနေဖြင့် လက်ဗလာဖြင့် ပြန်ရန်မှာ မည်သို့မှ မဖြစ်နိုင်ပါချေ။ မဟုတ်ပါက သူ့ဘဝအဆုံးသတ်သည် ထူးမခြားနားပင် ဖြစ်ရပေမည်။

ကြာပန်းများ၏ အလင်းရောင်များအောက်တွင် ရဲ့မော်ထျန်းမှာ ကြယ်လေးတစ်စင်းကြွေသွားသည့်အလား ကျောင်းတော်အပြင်ဘက်သို့ လွင့်စင်ထွက်သွားကာ ချင်းရှတောင်ခြေသို့ တန်းရောက်သွားလေသည်။

ရဲ့မော်ထျန်းက ချင်းရှတောင်ပေါ်သို့ တစ်ချက်မော့ကြည့်လိုက်ရင်း…

"နတ်သမီးက ပစ္စည်းမငှားဘူးဆိုရင် ကျုပ်ကလည်း ဒီနေရာက တစ်ဖဝါးမှ မခွာနိုင်ဘူး ၊ ကျုပ်ရဲ့ဇွဲကောင်း သစ္စာရှိမှု ကိုကြည့်ပြီး နတ်သမီးက သနားလာကောင်းပါရဲ့…"

ပြောပြီးသည်နှင့် ရဲ့မော်ထျန်းသည် ချင်းရှတောင်ခြေတွင် တင်ပျဉ်ခွေကာ ထိုင်နေလေတော့သည်။ လှုပ်ရှားမှု တစ်စက်ကလေးမှမပြုဘဲ တောင်ကိုစောင့်နေသည့် ကျောက်ရုပ်တစရုပ်အလား ထိုင်နေခြင်း ဖြစ်လေသည်။

မိန်းမပျိုကတော့ ရဲ့မော်ထျန်းကို မောင်းထုတ်လိုက်ပြီးသည်နှင့် တစ်ချက်ပင် အရေးမစိုက်တော့ပေ။ သူမက ရဲ့မော်ထျန်းထက် များစွာသာလွန်သူဖြစ်လေရာ ရဲ့မော်ထျန်းကို သတ်ပစ်လိုက်၍ရလေသည်။ သို့သော်… ရဲ့မော်ထျန်း၏ နောက်ကွယ်မှလူကို ထောက်ထားသည့်အတွက် ရဲ့မော်ထျန်းကို လွှတ်ပေးလိုက်ခြင်း ဖြစ်လေ၏။

ရဲ့မော်ထျန်း၏ နောက်ကွယ်မှလူသည်။ ကျိကျိုက်ထျန်းကောင်းကင်ဘုံတွင် ရှိနေသည် မဟုတ်ပါလား။

ထိုသူသည် စစ်မှန်သည် မိစ္ဆာသခင်တစ်ပါးဖြစ်သွားပြီးသည့်နောက်ပိုင် ကျိကျိုက်ထျန်းသို့ ရောက်ရှိသွားခဲ့လေသည်။ သူတစ်ယောက်တည်းသာမဟုတ် သူနေထိုင်သည့် နေရာနှင့်သူ၏နောက်လိုက်များအားလုံး ရောက်ရှိသွားကြခြင်း ဖြစ်လေသည်။

ထို့ကြောင့် ထိုသူကို ဖျက်စီးပစ်ချင်ပါက တစ်ယောက်တည်းကို သုတ်သင်ပစ်၍မရပေ။ သူနှင့်ပတ်သက်သည့် နေရာတစ်ခုလုံးကို ဖျက်စီးပစ်ရမည် ဖြစ်လေသည်။ သို့သော်… ထိုသူကို ဖျက်စီးသုတ်သင်ပစ်ရန်မှာ အလွန်မျ ခက်ခဲလေသည်။

ထိုသူ၏လူများအားလုံးသည် သူတို့၏ ခံစားချက်များကို မေ့ပျောက်သွားပြီး ထိုသူနှင့် ပေါင်းစည်းသွားကြမည် ဖြစ်လေသည်။

ကြားရသည်မှာ ကြောက်မက်ဖွယ်ရာဖြစ်သော်လည်း တကယ်တမ်းတွင် သိပ်ပြီး ကြောက်မက်ဖွယ်ရာ မရှိပါချေ။ ထိုသူက ကျိကျိုက်ထျန်းတွင် နေထိုင်သည့်အချိန်တွင် သူသည် လူသားများနှင့် အလိုရှိတိုင်း ဆက်သွယ်၍ မရနိုင်တော့ပေ။ ကျိကျိုက်ထျန်းတွင် သူ့အတွက် ကိုယ်ပိုင်ကန့်သတ်ချက်များ ရှိနေလေသည်။

ထိုသူက အဘယ့်ကြောင့် သူမဆီမှ ပစ္စည်းများငှားချင်ရသည်ကို မိန်းမပျို ကောင်းကောင်းသိလေသည်။ ထိုပစ္စည်းများသာ ရရှိသွားပါက ထိုသူသည် ဤလောကသို့ ပြန်လာရန် အခွင့်အရေး ရသွားပေလိမ့်မည်။ ထိုအခါ… ဤလောကမှ ဝိညာဉ်များကို ထိန်းချုပ်ပြီး ဘေးအန္တရယ် ကျရောက်စေမည် ဖြစ်လေသည်။

သို့သော်… ထိုသူက သူမလက်ထဲတွင် ပစ္စည်းများရှိသည်ကို သိသွားပြီဖြစ်သည့်အတွက် ထိုပစ္စည်းများကို ရရှိရင် မည်သည့်အလုပ်ကိုမဆို ပြုလုပ်မည်ဖြစ်လေသည်။ ထိုအချက်ကတော့ တားဆီးနိုင်မည် မဟုတ်ပေ။

ယခု ပထမဆုံးအနေဖြင့် ရဲ့မော်ထျန်း သူမထံသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။ အမှန်တော့… ရဲ့မော်ထျန်းမှာ ရှေ့ပြေးစစ်သည်တော်တစ်ယောက်မျှသာ ဖြစ်လေ၏။

မိန်းမပျိုသည် တွေးတောနေရင်း တောင်ခြေတွင် တိတ်ဆိတ်ငြိမ်သက်စွာရှိနေသည့် ပိုင်ကျားမြို့လေးဆီသို့တစ်ချက် လှမ်းကြည့်လိုက်မိလေသည်။

ယခုတော့ ဆန်းလျန်သည် သူမရှာဖွေနေသည့်လူဟုတ်မဟုတ် မသေချာတော့ပေ။ သို့သော်… ထိုသူသာ ဆန်းလျန်ကို ထိန်းချုပ်သွားနိုင်ခဲ့လျှင် ကြီးမားသည့် ပြဿနာကြီးတစ်ခု ဖြစ်လာနိုင်လေသည်။

သူမသည် ဆန်းလျန်ကို အလွန်ကူညီချင်မိလေသည်။ သို့သော်… ထိုအတွေးများသည် သူမ ဤလောကသို့ ရောက်လာရသည့် တာဝန်များနှင့် သိပ်ပြီး သက်ဆိုင်လှခြင်း မရှိပေ။

ထိုအချိန်မှာပင်….

သူမ၏ နှလုံးသားသည် ရုတ်တရက်လှုပ်ရှားသွားပြီး သူမရှေ့တွင် တွန့်လိမ်နေသည့် စာလိပ်လေးတစ်လိပ်ပေါ်လာ လေသည်။ စာလိပ်ထဲတွင် စိတ်အာရုံစုစည်းမှုတစ်ခုပါဝင်နေပြီး သူမက စာလိပ်လေးကို ကိုင်လိုက်သည်နှင့် သူမ၏ လက်ထဲတွင် ရေကဲ့သို့ ကြည်လင်သည့် အလင်းရောင်များ ထွက်ပေါ်လာလေသည်။

စာလိပ်လေးထဲတွင် မီးတောက်ကဲ့သို့ ရဲရဲနီနေသည့် အနီရောင်ပန်းတစ်ပွင့်ရှိနေပြီး ထိုပန်းသည် အနီရောင်ပင့်ကူ ငရဲပန်းပင် ဖြစ်လေ၏။

တစ်ချိန်တည်းမှာပင်… ရေကဲ့သို့ ကြည်လင်သည့် အလင်းရောင်များအတွင်းမှ သီးချင်းသံတစ်ပုဒ် ထွက်ပေါ်လာလေ သည်။

ထိုသီချင်းသံသည် အဆုံးမရှိသည့်အချိန်နှင့် နေရာဒေသများကို ဖြတ်သန်းလာဟန် ရှိလေသည်။ နှစ်ပေါင်းများစွာကို ဖြတ်ကျော်လာခဲ့ပုံရသည့် သီချင်းသံသည် ချင်းရှကျောင်းတော်တစ်ခုလုံးတွင် ပျံ့နှံ့သွားလေတော့သည်။

ထိုသီချင်းသံကို လူ (၂)ယောက်သာ ကြားနိုင်လေသည်။

တစ်ယောက်မှာ မိန်းမပျိုဖြစ်ပြီး နောက်တစ်ယောက်ကတော့ "သောက်ပြီးရင်မပြန်နဲ့တော့" စားသောက်ဆိုင်ထဲတွင် ရှိနေသည့် ဆန်းလျန် ဖြစ်လေ၏။

ဆန်းလျန်က ကျွယ်ရှင်းကို လက်သီးသိုင်းသင်ပေးပြီးသည့်အချိန်မှာပင် သီချင်းသံက ထွက်ပေါ်လာခြင်းဖြစ်လေ သည်။

ဆန်းလျန်သည် ချက်ချင်းပင် စားသောက်ဆိုင်ခေါင်မိုးထက်သို့ ခုန်တက်လိုက်ပြီး ခေါင်းကိုမော့ကာ သီချင်းသံကို နားစွင့်လိုက်လေသည်။

သူ့နားထဲတွင်ကြားနေရသည့်သီချင်းသံသည် ဖော်မပြနိုင်လောင်အောင် သဘာဝဆန်လေသည်။

ဆန်းလျန်၏ မျက်ဝန်းများသည် အဆုံးမရှိသည့် အချိန်နှင့်နေရာဒေသများကို ထိုးဖောက်ကြည့်လိုက်ပြီး သီချင်းသံ ထွက်ပေါ်လာရာ ဇာစ်မြစ်ကို ရှာဖွေလိုက်လေသည်။

မည်သည့်အချိန်မှန်းမသိ… ၊ မည်သည့်နေရာမှန်းမသိ…။

စင်မြင့်ထက်တွင် သီချင်းတစ်ပုဒ်ကို သီဆိုဖျော်ဖြေနေသည့် မိန်းမပျိုတစ်ယောက်ကို တွေ့ရလေသည်။

သူမ၏ လှပသည့် မျက်ဝန်းများက ဆန်းလျန်ကို ကြည့်နေသယောင် ထင်မှတ်ရလေသည်။ သူမက နူးညံ့စွာသီချင်းဆိုနေပြီး သူမ၏မျက်နှာသည် ပိုင်ကျားမြို့တွင် သူနှင့်ဆုံတွေ့ခဲ့သည့် ချောမောလှပသည့် မိန်းမပျိုနှင့် ခပ်ဆင်ဆင်တူလေသည်။

သီချင်းဆိုနေသည့်မိန်းမပျိုသည် ဆန်းလျန်နှင့်ပိုင်ကျားမြို့တွင်ဆုံတွေ့ခဲ့သည့် မိန်းမပျို၏ အစစ်အမှန်နတ်ဘုရား ခန္ဓာများလေလား….။ ဆန်းလျန်၏ စိတ်ထဲတွင် ထိုမိန်းမပျိုကို ရင်နှီးသလိုလို ၊ မရင်းနှီးသလိုလို ခံစားနေရလေ သည်။

ဆန်းလျန်သည် သီချင်းဆိုနေသည့် မိန်းမပျိုကို ငေးကြည့်နေမိလေသည်။

သူမ၏ မျက်ဝန်းများက ရေစင်အလား ကြည်လင်နေပြီး သူမသီဆိုနေသည့် သီချင်းသံက နူးညံ့စွာ ထွက်ပေါ်နေလေ သည်။

"သူနဲ့သိခဲ့ရတဲ့အချိန်တွေပြီးဆုံးသွားခဲ့ပေမယ့်…

အမှတ်တရပေါင်းများစွာ ဒီရင်မှာ ထင်ကျန်ရစ်ခဲ့…

ပင်လယ်ကမ်းခြေမှာရပ်ရင်း…

ပင်လယ်လှိုင်းပုတ်ခတ်သံကိုနားထောင်ရင်း…

ပန်းတွေပြန်လည်ပွင့်လန်းလာမယ့်အချိန်ကိုစောင့်မျှော်နေမိတယ်…

နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့ပေမယ့်….

ဒီပင်လယ်ရဲ့အခြားဘက်ခြမ်းမှာ မီးပြတိုက်တစ်ခုတောင် ထွန်းလင်းမနေခဲ့…

ငါ… ငေးလို့ကြည့်နေဆဲ…

ကောင်းကင်ကြီးကမှောင်မိုက်လို့ ဆံပင်တွေတောင်ဖြူလာခဲ့ပြီ…

ငါ့ရဲ့မီးအလင်းရောင်ကို သူမှ မြင်ရရဲ့လား….

သူမကြားနိုင်လည်း ငါကတော့ သီချင်းတွေသီဆိုနေမိတယ်….

ငါ… ရှက်ရွံ့မနေချင်တော့ပါ…

သူ့ကိုငါ အရမ်းချစ်ခဲ့တယ်ဆိုတာ… သိစေချင်လိုက်တာ…."

ထိုသီချင်းသံသည် ဆန်းလျန်နေထိုင်သည့်လောကတွင် ကြားရလေ့ရှိသည့်သီချင်းသံများနှင့် လုံး၀ တူညီခြင်း မရှိပေ။

ထိုသီချင်းက ဂီတသံသွက်သွက်နှင့် သီချင်းစာသားများကလည်း ပွင့်ပွင့်လင်းလင်းရှိလေသည်။ သို့သော်… ဆန်းလျန်၏ရင်ကို ထိရှစေခဲ့သည်ကတော့ အမှန်ပင်။

ဆန်းလျန်သည် သီချင်းသံထွက်ပေါ်လာရာနောက်သို့ လိုက်ပါသွားရင်း ချင်းရှကျောင်းတော်သို့ ရောက်ရှိသွားလေ သည်။

သူက မိန်းမပျိုကိုတွေ့လိုက်သည်နှင့်…

"မင်းနာမည်ဘယ်သူများလဲ သိပါရစေ ၊ ဟိုနေ့ကတည်းက ကျုပ်မေးဖို့ မေ့နေမိတာ…"

မိန်းမပျိုက…

"ရှင် ကျွန်မကို ကြာပန်းဖြူလို့ ခေါ်နိုင်ပါတယ်…"

သီချင်းသံမှာ ရပ်တန့်သွားပြီ ဖြစ်လေသည်။

တန်ခိုးစွမ်းအားမြင့်မားလွန်းသူဆန်းလျန်သည်ပင်လျှင် ထိုမိန်းမပျို မည်သည့်နေရာ ၊ မည်သည့်အချိန်တွင် သီချင်းဆို နေသည်ကို ခန့်မှန်းနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ထိုနေရာက မည်သည့်နေရာများလဲ…။

ထိုနေရာသည် လောက၏ တစ်ဖက်ကမ်းလည်း ဖြစ်နိုင်လေသည်။ ဒါမှမဟုတ် လူ့လောကဒုက္ခပင်လယ်များထဲမှ အခြားသော နေရာတစ်ခုလည်း ဖြစ်နိုင်လေသည်။

ဆန်းလျန်က…

"နာမည်ကလည်း မလှလိုက်တာ…"

မိန်းမပျိုက….

"ဘာဖြစ်လို့ မလှရမှာလဲ…"

ဆန်းလျန်က…

"မင်းကို မနာလိုဖြစ်လို့ ပြောတာလေ…"

ကြာပန်းဖြူကပြုံးလိုက်ရင်း…

"အဲဒါက ရှင့်ရဲ့ကိစ္စပဲလေ ၊ ကျွန်မနဲ့ ဘာဆိုင်လို့လဲ…"

ဆန်းလျန်က…

"လောကမှာ လူတွေက ဒီလိုအကြောင်းတရားတွေနဲ့ ဆက်စပ်နေထိုင်ကြရတာပဲ မဟုတ်လား ၊ ဘယ်လိုလုပ် ရှောင်လွှဲလို့ရနိုင်မှာလဲ…"

ကြာပန်းဖြူက…

"ဒါပေမဲ့ ကျွန်မကတော့ အဲဒါတွေနဲ့ ဝေးဝေးနေချင်တယ်…"

ဆန်းလျန်က….

"တကယ်တော့ ကျုပ် မင်းကို တောင်းပန်ချင်လို့ လာခဲ့တာပါ…"

ကြာပန်းဖြူက…

"ဘာဖြစ်လို့တောင်းပန်မှာလဲ…"

ဆန်းလျန်က…

"ကျုပ် မင်းကို စစတွေ့တွေ့ချင်းတုန်းက မင်းကို အစစ်အမှန်မဟုတ်ဘူးလို့ ထင်ခဲ့မိတယ် ၊ ဖန်ဆင်းခံပုံရိပ်ယောင် တစ်ခုလို့ ယူဆပြီး မင်းကို မလေးမစားဆက်ဆံခဲ့မိတယ် ၊ အခု ကျုပ်မှားသွားတဲ့အတွက် တောင်းပန်ချင်လို့ပါ…"

ကြာပန်းဖြူက ခေါင်းတစ်ချက်ခါယမ်းလိုက်ရင်း…

"ရှင်မမှားပါဘူး ၊ ရှင့်ရဲ့သုံးသပ်ချက်တွေအားလုံးက မှန်ပါတယ် ၊ ကျွန်မက ဖန်ဆင်းခံထားရတဲ့ ပုံရိပ်ယောင် သက်သက်ပါပဲ…"

ဆန်းလျန်က….

"ဒါပေမဲ့ မတူဘူး ၊ သွေးနီရောင်ပင်လယ်တစ်ဖက်ကမ်းက အနီရောင်ပင့်ကူငရဲပန်းအကြောင်းကို မင်းသိတယ် မဟုတ်လား ၊ အဲဒီပန်းက အပွင့်ရှိရင် အရွက်မရှိဘူး ၊ အရွက်ရှိရင်လည်း အပွင့်မပွင့်ဘူး ၊ အဲဒီပန်းရဲ့ သဘာဝအရ အရွက်နဲ့အပွင့်ဟာ ဘယ်တော့မှ ဆုံစည်းခွင့်မရှိကြဘူး ၊ အဲဒါ မင်းနဲ့ မင်းကိုဖန်ဆင်းခဲ့တဲ့ နတ်ဘုရားရဲ့ ဆက်ဆံ ရေးပဲ ၊ မင်းရှိနေတဲ့ လောကမှာ သူမရှိနိုင်ဘူး ၊ သူရှိနေတဲ့ လောကမှာလည်း မင်းရှိမှာ မဟုတ်ဘူး ၊ ဒါပေမဲ့ ကြည့်ရတာ အခု သူက မင်းကို အကူအညီတစ်ခု တောင်းတော့မယ်ထင်တယ် ၊ သူလည်း မင်းရဲ့ တည်ရှိမှုကို ခံစားနေမိတယ် ထင်တယ် ၊ ဒါပေမဲ့ မင်းကို သူက ဝင်ရောက်စွက်ဖက်နိုင်စွမ်းမရှိဘူး ၊ ဒါကြောင့် သူက ဒီသီချင်းကို မင်းနဲ့ငါကြားနိုင်အောင် အချိန်နဲ့ နေရာဒေသတွေကို ဖြတ်သန်းပြီး ပို့ဆောင်ပေးလိုက်တာပဲ…"

ကြာပန်းဖြူက….

"ဒါပေမဲ့ ကျွန်မရဲ့ဖြစ်တည်မှု အဆုံးသတ်သွားပြီဆိုတာနဲ့ အဲဒါက ဘာအဓိပ္ပါယ်ရှိမှာလဲ…"

ဆန်းလျန်က…

"မင်းရဲ့ဆန္ဒတွေပြည့်သွားတဲ့တစ်နေ့ကျ အဲဒီပန်းပွင့်ကို ကျေးဇူးတင်သင့်တယ်…"

ကြာပန်းဖြူက..

"တကယ်တော့ ကျွန်မပျောက်ကွယ်သွားမှာကို ကျွန်မ မကြောက်ပါဘူး ၊ ဒါပေမဲ့ ရုတ်တရက် ကျွန်မနဲ့ မဆိုင်တဲ့ အလုပ်တွေ လုပ်ချင်လာမိတယ်…"

ဆန်းလျန်က…

"မင်းက ဘာလုပ်ချင်လာလို့လဲ…"

ကြာပန်းဖြူက…

"ရှင့်ကို ပြောပြဖို့ အဆင်သင့်မဖြစ်သေးဘူး…"

ဆန်းလျန်က…

"မင်း အဆင်သင့်ဖြစ်ပြီဆိုရင် ကျုပ်ကို ပြောပြနိုင်ပါတယ် ၊ ကျုပ်ကူညီနိုင်ရင် ကူညီပါ့မယ်…"

ကြာပန်းဖြူက…

"ကျေးဇူးတင်ပါတယ် ၊ ဒါပေမဲ့ ကျွန်မ ရှင့်ကို ထပ်ပြီးသတိပေးချင်တာက ရှင်က လူသားတစ်ယောက်မဟုတ်ဘူး ၊ နတ်ဘုရားတစ်ပါးဆိုတာကို မမေ့ပါနဲ့…"

ဆန်းလျန်က…

"ကျုပ်နားလည်ပါတယ် ၊ မင်းရဲ့စိတ်ထဲမှာ ပုံမှန်အတိုင်းပဲ တွေးနေတယ်ဆိုတာ…"

ကြာပန်းဖြူက…

"လူ့လောကရွှံ့နွံထဲမှာ နတ်ဘုရားတစ်ပါး နေတာကြာလာပြီဆိုရင် ဘေးဆိုးအန္တရယ်တွေနဲ့ ရင်ဆိုင်ရတတ်တယ် ၊ ကြည့်ရတာ… ရှင်လည်း ဘေးအန္တရယ်ကျရောက်တော့မယ် ၊ သိပ်မကြာတော့ဘူး…"

ကြာပန်းဖြူ၏စကားကြောင့် ဆန်းလျန်၏နှလုံးသားမှာ အနည်းငယ် လှုပ်ရှားသွားလေသည်။

သူက အကောင်းအဆိုးကိုဝေဖန်ပိုင်းခြားနိုင်သူတစ်ယောက် ဖြစ်လေရာ သိပ်ပြီးဂရုမစိုက်ဟန်ဖြင့်ပင် စကားပြန်ပြော လိုက်သည်။

"လူတွေဘယ်လိုပဲတားဆီးတားဆီး ရေလွှမ်းမိုးမှုဆိုတာက ဖြစ်ချင်ရင် ဖြစ်လာမှာပါပဲ ၊ ကျုပ်က ဘာပဲ ဖြစ်လာဖြစ်လာ ကောင်းဖို့ဖြစ်လာတာလို့ပဲ ယူဆထားပါတယ်…"

ကြာပန်းဖြူက…

"ရှင်လည်း ကိုယ်ပိုင်အတွေးအခေါ်ကောင်းတဲ့သူတစ်ယောက်ပဲလေ ၊ ကျွန်မ ရှင့်ကို အကြံတွေအများကြီး ပေးနေစရာမလိုပါဘူး ၊ ဒါပေမဲ့ ကျွန်မရှင့်ကို ဖျောင်းဖျချင်တာက ရှင့်စိတ်ထဲမှာ အခု ကြားနေ သိနေ မြင်နေ တာတွေ ကအရာအားလုံး မဟုတ်သေးဘူးဆိုတာပဲ ၊ ကျွန်မ ဒီတောင်ပေါ်မှာ အမြဲရှိနေမယ် ၊ ၊ ရှင်အကူအညီလိုတာရှိရင် ကျွန်မ အသင့်ရှိနေပါတယ်…"

ဆန်းလျန်က…

"ကျုပ်က မင်းကို ဘာမှ ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး…"

ကြာပန်းဖြူက…

"ဒါဖြင့်လည်း ကောင်းပြီလေ ၊ ရှင် ကျွန်မဆီရောက်လာတယ်ဆိုတာ ကြုံတောင့်ကြုံခဲ့ကိစ္စပဲ ၊ ရှင့်ကို ဘာမှတောင် ဧည့်မခံလိုက်ရဘူး ၊ ဒီတော့ ဒီပန်းချီကားလေးပဲ ရှင့်ကို လက်ဆောင်ပေးလိုက်ပါရစေ ၊ မကြိုက်ဘူးလို့တော့မပြောနဲ့ နော်…"

All Chapters