← Chapters

ကုချန်စန်း

Vol. 8 Ch. 766

ကုချန်စန်း

Vol. 8 Ch. 766

ဆန်းလျန်က "ထျန်း" ဆိုသည့် စာလုံးလေးကို တစ်ချက်ဖတ်ကြည့်လိုက်လေသည်။

သူက ရုတ်တရက် တစ်ချက်ပြုံးလိုက်ရင်း…

"ဒီစာလုံးကို ကျုပ်သဘောကျပါတယ် ၊ ကျေးဇူးပဲနော်.."

ကြာပန်းဖြူက…

"ရပါတယ်…"

ယခုအကြိမ်သည် သူတို့ (၂)ယောက် ဒုတိယအကြိမ် တွေ့ဆုံကြခြင်း ဖြစ်လေသည်။

သို့သော်… သူတို့ (၂)ယောက်သည် နှစ်ပေါင်းများစွာ သိကျွမ်းခဲ့ကြသည့် မိတ်ဆွေဟောင်းများလို ရင်းနှီးနေမိကြလေ သည်။

သူတို့ (၂)ယောက်သည် ချစ်သူများလည်း မဟုတ်ကြပေ။ သို့သော်… သူတို့ (၂)ယောက်ကြားတွင် ဖြစ်ပေါ်လာသည့် ခံစားချက်က ထူးခြားလေသည်။ မိတ်ဆွေ ၊ သူငယ်ချင်း ၊ မိသားစုဝင်အချင်းချင်း ငြိတွယ်ကြသည့် သံယောဇဉ် အလားဖြစ်လေ၏။

ဆန်းလျန်က ပန်းချီကားကိုယူဆောင်ကာ ချင်းရှတောင်ပေါ်မှ ပြန်ဆင်းလာခဲ့လေသည်။

ဆန်းလျန်က ကျောက်တုံးလှေကားထစ်များအတိုင်း တစ်ထစ်ချင်းဆင်းသွားလေသည်။ ကြာပန်းဖြူက ကျောက်တုံးလေကားထစ်များထိပ်မှ ဆန်းလျန်၏ကျောပြင်ကို တိတ်ဆိတ်စွာ ငေးကြည့်နေလေသည်။ သူမသည် ဆန်းလျန်မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ဆန်းလျန်ကို ငေးမောကြည့်နေမိလေသည်။

အစေခံမလေးက …

"နတ်သမီး ၊ နတ်သမီးကိုကြည့်ရတာ အဲဒီလူကိုများ မေတ္တာရှိနေတာလား…"

သူမသည် ကြာပန်းဖြူ၏ အစေခံမိန်းကလေးတစ်ယောက်ဖြစ်သော်လည်း သူမသည် လူသားတစ်ယောက်မဟုတ်ပါ။ သူမသည် ချင်းရှတောင်မှ မြွေတစ်ကောင်ဖြစ်လေသည်။

ကြာပန်းဖြူက…

"အချစ်အကြောင်း မင်းသိချင်တယ်ဆိုရင် လောကကြီးထဲကို သွားကြည့်ပေါ့ကွယ်…"

အစေခံမိန်းကလေးကလည်း လူ့လောကအလယ်သို့ သွားလိုစိတ်ဖြစ်မိလေသည်။

သို့သော် သူမက…

"မသွားတော့ပါဘူး ၊ ဒီမှာပဲ နတ်သမီးကို ပြုစုစောင့်ရှောက်ပါ့မယ်…"

ကြာပန်းဖြူက တိတ်ဆိတ်စွာပဲ ပြုံးလိုက်မိလေသည်။

ထို့နောက် တောင်ပေါ်တွင် မြူခိုးများ ရုတ်တရက် ထူထပ်လာပြီး ကြာပန်းဖြူနှင့်အစေခံမလေး၏ ပုံရိပ်ကို ဝိုးတဝါးသာ တွေ့မြင်ရလေတော့သည်။

ဆန်းလျန်က ချင်းရှတောင်သို့ ရောက်လာသည်ကို ဖုံးကွယ်ထားခြင်း မရှိသည့်အတွက် ရဲ့မော်ထျန်းက ဆန်းလျန်ကို တွေ့ရှိသွားလေသည်။

ရဲ့မော်ထျန်းက…

"မင်းက ဘယ်သူလဲ…"

ရဲ့မော်ထျန်း၏ အမေးကြောင့် ဆန်းလျန်က ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

ထို့နောက် သူက လက်နှစ်ဖက်နောက်ပစ်ကာ အနက်ရောင်မျက်နှာပိုင်ရှင်ကို ကြည့်လိုက်သည်။ ထိုသူ၏ ခန္ဓာကိုယ်က ပြောစရာမလိုအောင် ကြံ့ခိုင်ပြည့်စုံလွန်းလှလေသည်။ ကျုန်းတျဲယီသည်ပင် သူနှင့်ယှဉ်လျှင် ဆင်နှင့် ဆိတ်အလား ကွာခြားသွားမည် ဖြစ်လေသည်။

ထိုမျှ ကြံ့ခိုင်လှသည့်ခန္ဓာကိုယ်ပိုင်ရှင်သည် လောတွင် အရာအတော်များများကို ဖျက်စီးပစ်နိုင်စွမ်းရှိမည်မှာ အသေအချာပင် ဖြစ်လေသည်။ ထိုသို့သောလူတစ်ယောက်၏မေးမြန်းခြင်းနှင့်ရင်ဆိုင်ရပါက ဟိုင်သန်းအဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် စိတ်လှုပ်ရှားကြောက်ရွံ့သွားနိုင်လေ၏။

သို့သော်… ဆန်းလျန်ကတော့ လေတိုက်ခတ်သည့်တိုင် လှိုင်းထန်လာခြင်းမရှိလေသော တည်ငြိမ်အေးဆေးသည့် မျက်ဝန်းများဖြင့် ရဲ့မော်ထျန်းကို ကြည့်လိုက်လေသည်။

ရဲ့မော်ထျန်း၏ ဘဝတွင် ထိုကဲ့သို့သောအကြည့်ကိုပိုင်ဆိုင်သူတစ်ယောက်နှင့် ဆုံခဲ့ဖူးလေသည်။ ထိုသူမှာ ကျိကျိုက်ထျန်းကောင်းကင်ဘုံမှ လူပင် ဖြစ်လေ၏။

ယခု သူ့ရှေ့မှ သာမန်လူငယ်တစ်ယောက်၏အကြည့်သည် အဘယ့်ကြောင့် ကျိကျိုက်ထျန်းမှသူနှင့် အကြည့်ချင်း ဆင်တူနေရပါသနည်း။ သူ့ရှေ့မှလူသည် သာမန်လူတစ်ယောက် မဟုတ်သည်မှာ သေချာနေပြီ ဖြစ်သည်။

ရဲ့မော်ထျန်းက အံ့သြသွားသော်လည်း ကြောက်ရွံခြင်း မဖြစ်မိပေ။ လောကတွင် သူ၏အကြောက်တရားဖြင့် တန်သည့်သူ သိပ်မရှိလှပေ။ ထို့ပြင် သူတို့သည် ခရီးသွားဟန်လွှဲတွေ့ဆုံကြခြင်းသာ ဖြစ်လေသည်။

သို့သော်… သူ့အမေးစကားကို ဆန်းလျန်ပြန်ဖြေလိုက်သည့်အဖြေကို ကြားလိုက်ရသည့်အခါတွင်တော့ သူသည် အံ့သြခြင်းမက အံ့သြသွားရလေတော့သည်။

"ကျုပ်က မင်းမဆန့်ကျင်နိုင်တဲ့ လူတွေထဲက တစ်ယောက်ပဲ…"

သူက ဆန်းလျန်၏ အေးဆေးတည်ငြိမ်သည့်မျက်ဝန်းများထဲတွင် မထီမဲ့မြင်မှုများနှင့် အရေးမစိုက်ခြင်းများကို တွေ့မြင်လိုက်ရလေသည်။

ရဲ့မော်ထျန်း၏ဘဝတွင် တစ်ခါမှ ထိုသို့ နှိမ့်ချအထင်သေး ဆက်ဆံခံရခြင်းမျိုးကို မခံခဲ့ရဖူးပေ။ ထို့ကြောင့် ဒေါသ ချောင်းချောင်းထွက်သွားလေသည်။

ရဲ့မော်ထျန်းက စကားပြန်မပြောတော့ဘဲ ဆန်းလျန်ကို လက်သီးတစ်ချက်ဖြင့် ထိုးသွင်းလိုက်လေသည်။

ရိုးရှင်းသည့်လက်သီးချက်တစ်ချက်သည်ပင် အလွန်ကြောက်မက်ဖွယ်ရာစွမ်းအားများ ထွက်ပေါ်လာပြီး ပေါက်ကွဲ ထွက်သွားလေသည်။ လက်သီးချက်က ဆန်းလျန်ထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားလေ၏။

လက်သီးချက်သည် လျှင်မြန်သည်သာမက စွမ်းအားလည်း ပြင်းထန်လှသည့်အတွက် ရှောင်တိမ်းရန် မည်သို့မှ မဖြစ်နိုင်ပေ။

သို့ရာတွင် ရဲ့မော်ထျန်း၏ စွမ်းအားပြင်းထန်လှသည့် ထိုက်ယွဲ့လက်သီးချက်ကို ဆန်းလျန်က လက်နှစ်ချောင်းဖြင့် ပေါ့ပေါ့ပါးပါးလေးပင် တားဆီးထားလိုက်လေသည်။

တန်ခိုးစွမ်းအားမြင့်မားသည့် နတ်ဘုရားတစ်ပါးအတွက် လက်ချောင်းကိုအသုံးပြုခြင်းနှင့် လက်သီးကိုအသုံးပြု ခြင်းကခြားနားချက် မရှိပေ။ လောကကိုတုန်လှုပ်စေသည့် တန်ခိုးစွမ်းအားဆိုသည်က မည်သည့်အခြေအနေမှာပဲ ဖြစ်ဖြစ် အတူတူပင် ဖြစ်လေသည်။

ရဲ့မော်ထျန်းရင်ဆိုင်လိုက်ရသူမှာ သူနှင့်တန်ခိုးစွမ်းအား ညီမျှသူတစ်ယောက်မှ မဟုတ်ပေပဲ။

ရဲ့မော်ထျန်း၏ လက်သီးချက်ကို တားဆီးထားသည့် ကျောက်စိမ်းသားပမာ ဝင်းပလွန်းသည့် လက်ချောင်းလေးများ သည် မမြင်ရသည့်တွင်းနက်ကြီးတစ်ခုအလား ရဲ့မော်ထျန်း၏ တန်ခိုးစွမ်းအားများအားလုံးကို စုပ်ယူသွားလေသည်။ ရဲ့မော်ထျန်းမှာ စွမ်းအားများအားလုံး ပျောက်ဆုံးသွားပြီး အရုပ်ကျိုးပြတ်လဲကျသွားလေတော့သည်။

သူကျင့်ကြံခဲ့သည့် နတ်ဘီလူးကျင့်စဉ်နှင့် ထိုက်ယွဲ့သဏ္ဍန်မှန်ပညာအားလုံးမှာ တစ်ခဏအတွင်းမှာပင် ပျက်စီးသွားခဲ့ ရပြီဖြစ်လေသည်။

ထိုမျှ တန်ခိုးစွမ်းအားမြင့်မားသူမျိုးကို ဤလောကတွင် ရဲ့မော်ထျန်း တစ်ခါမှ မကြုံတွေ့ဖူးခဲ့ပေ။

ရဲ့မော်ထျန်းသည် မြေပြင်ထက်တွင် ဒူးထောက်လျှက်သားရှိနေလေသည်။ သူ၏ ခန္ဓာကိုယ်ကြီးဖြင့် ရိုက်ခတ်မိသည့်အတွက် မြေပြင်ထက်တွင် အက်ကွဲကြောင်းတစ်ခုပေါ်လာပြီး မြေအောက်ရေများ ထွက်ပေါ်လာလေ သည်။

နောင်လာမည့်နှစ်များတွင် ချင်းရှတောင်ကတော့ ပိုပြီးစိမ်းလန်းစိုပြေကာ သက်ဝင်လာတော့မည် ဖြစ်လေသည်။

ရဲ့မော်ထျန်း မြေပြင်ထက်မှ ပြန်ထ လာနိုင်ရန် အချိန်အတန်ကြာ ကြိုးစားခဲ့ရလေသည်။ သို့သော်… သူ ပြန်ထလာ နိုင်သည့်အချိန်တွင် ဆန်းလျန်သည် သူ့အရှေ့တွင် ရှိမနေတော့ပေ။

သူ၏စိတ်ထဲတွင် အကြောက်တရားက ကြီးစိုးသွားပြီ ဖြစ်လေသည်။ နောင်တစ်ချိန်တွင် ထိုသူကို ထပ်မံတွေ့ဆုံခွင့်ရမည်ဆိုလျှင် လုံး၀ တိုက်ခိုက်ရဲတော့မည် မဟုတ်ပေ။

သူ့ဘဝတွင် အရှုံးတရားကို ပီပီပြင်ပြင် သိရှိနားလည်လိုက်ရလေသည်။ နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာမှ အရှုံးတရားကို သိရှိနားလည်ခဲ့ပြီ ဖြစ်လေသည်။ ဆန်းကျယ်လှသည့် ကျိကျိုက်ထျန်းမှ ထိုသူပင်လျှင် သူ့ကို ထိုမျှ စိတ်ဓာတ်ကျအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။

ရုတ်တရက်…

ရဲ့မော်ထျန်း၏ ခေါင်းထဲသို့ အတွေးတ်စခု ဝင်ရောက်လာလေသည်။ ထိုကဲ့သို့သော လူတစ်ယောက်သာ လူ့လောကတွင် ရှိနေပါက ထိုသူကို ဆရာတင်ရန် အလွန်မှ သင့်တော်လှသည်ဆိုသည့် အချက်ပင် ဖြစ်လေသည်။

……………

မျက်စိတစ်မှိတ်အတွင်းမှာပင်…

မီးပုံးပွဲတော်ကျင်းပမည့် (၁)လပိုင်း (၁၅)ရက်နေ့သို့ ရောက်ရှိလာခဲ့လေပြီ။

ကူးဝေေ၀နှင့်အခြားသူများအားလုံးက မီးပုံးပွဲတော်ဆင်နွှဲရန်အတွက် ချင်ပြည်နယ်မြို့တော်သို့ ထွက်ခွာသွားကြလေ သည်။ ကျွယ်ရှင်းသည်ပင် သူတို့နှင့်လိုက်ပါသွားလေရာ စားသောက်ဆိုင်တွင် ဆန်းလျန်တစ်ယောက်သာလျှင် ကျန်ရစ်ခဲ့လေသည်။

ဆန်းလျန် မီးပုံးပွဲတော်ကို လိုက်မသွားရခြင်းမှာ အကြောင်း (၂)ခုရှိလေသည်။

ပထမအကြောင်းမှာ သူကိုယ်တိုင်က ပွဲတော်ကို စိတ်မဝင်စားသောကြောင့် ဖြစ်လေသည်။ ဒုတိယအကြောင်းက တော့ စားသောက်ဆိုင်သို့ ဧည့်သည်တစ်ယောက်ရောက်လာမည်ကို သိရှိနေသောကြောင့် ဖြစ်လေသည်။

လူသူကင်းရှင်းပြီး တိတ်ဆိတ်နေသည့် စားသောက်ဆိုင်ထဲတွင် မီးအိမ်လေးတစ်လုံးသာ ထွန်းညှိထားလေသည်။

အလင်းရောင်မှိန်မှိန်အောက်တွင် ဆန်းလျန်သည် တစ်ယောက်တည်း လက်ဖက်ရည်ကြမ်းသောက်နေလေ၏။ သူသည် မီးပုံးပွဲတော်ကျင်းပရာညကို တစ်ယောက်တည်း ကျေကျေနပ်နပ် ဖြတ်သန်းလျှက်ရှိလေသည်။

ရုတ်တရက်… စားသောက်ဆိုင်တံခါးပွင့်သွားပြီး လေများတိုက်ခတ်လာလေသည်။

ဆန်းလျန်၏ ရတောင့်ရခဲ ငြိမ်းချမ်းမှုလေး ပျက်စီးသွားရပြီ ဖြစ်လေသည်။ စားသောက်ဆိုင်တံခါးဝတွင် ဧည့်သည်တစ်ယောက်ရောက်ရှိနေပြီး တစ်ချိန်တည်းမှာပင် အပြင်ဘက်တွင်လည်း လေများတိုက်ခတ်ကာ မိုးဖွဲလေး များကျဆင်းလာလေသည်။

ရောက်ရှိလာသည့် ဧည့်သည်က အသက် (၃၀)အရွယ်ခန့် လူတစ်ယောက် ဖြစ်လေသည်။ အစိမ်းနုရောင်ချည်သား ပုဝါတစ်ခုဖြင့် ဆံပင်များကို စည်းနှောင်ထားပြီး မျက်ဝန်းများကတော့ မင်ရောင်အလား နက်မှောင်လွန်းလှလေသည်။

လူအုပ်ထဲတွင်ပင် ထိုသူ၏ပုံစံက မြင်သာထင်သာရှိနိုင်ပြီး တစ်ခါကြည့်ရုံဖြင့် မှတ်မိနေနိုင်သည့်ပုံစံမျိုး ဖြစ်လေ သည်။

အဘယ်ကြောင့်ဆိုသော်… ထိုသူသည် ချောမောလှပရုံသာမက ထူးဆန်းသည့် စိတ်နေစိတ်ထားလည်းရှိသော ကြောင့် ဖြစ်လေသည်။

ပြောရမည်ဆိုလျှင် သူသည် အလုံးစုံကို နားလည်သဘောပေါက်နေဟန်ရှိပြီး အကြောက်တရားလုံးဝမရှိသည့် ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်သည့် ပုံမျိုး ဖြစ်လေသည်။

ဘာမဟုတ်သည့်လူများနှင့်ရင်ဆိုင်ရခြင်းထက် ထိုသို့သောလူများနှင့်ရင်ဆိုင်ရသည်ကို ဆန်းလျန်က သဘောကျ လေသည်။

"ကျုပ်နာမည်က ကုချန်စန်းလို့ခေါ်ပါတယ် ၊ ခင်ဗျားက ဒီဆိုင်က ဆန်းလျန်ဆိုတဲ့သူမဟုတ်လား…"

ရောက်လာသည့် ဧည့်သည်က ပြောလိုက်သည်။

ဆန်းလျန်က…

"မင်း ဒီကိုလာတာ အစားအသောက်သုံးဆောင်ဖို့ ရောက်လာတာ မဟုတ်ဘူးဆိုတာ ကျုပ်သိပြီးသားပါ ၊ ဒါပေမဲ့ စားသောက်ဆိုင်ကိုရောက်လာပြီဆိုမှတော့ နည်းနည်းပါးပါးလောက်တော့ သောက်ပါဦးလား…"

စကားဆုံးသွားသည်နှင့် ဆန်းလျန်ထိုင်နေသည့် စားပွဲရှေ့တွင် မီးဖိုလေးတစ်လုံးပေါ်လာပြီး မီးဖိုထက်တွင် အနွေးဓာတ်ပေးထားသည့် အရက်အိုးတစ်လုံးကိုပါ တွေ့မြင်လိုက်ရလေသည်။

ကုချန်စန်းက မျက်မှောင်တစ်ချက်ကြုံ့လိုက်ရင်း…

"ကျုပ်အရက်မသောက်တတ်ဘူး…"

ပြီးတော့ သူက ဆန်းလျန်ကို တစ်ချက်ကြည့်လိုက်ရင်း…

"ကျင့်ကြံသူတွေက အရက်မသောက်သင့်ဘူး…"

ဆန်းလျန်က…

"ကျင့်ကြံသူတွေ အရက်မသောက်ရဘူးလို့ တားမြစ်ထားတဲ့စည်းကမ်း ရှိလို့လား…"

ကုချန်စန်းက ခေါင်းညိတ်လိုက်ပြီး…

"ရှိတယ်…"

ဆန်းလျန်ကပြုံးလိုက်ရင်း…

"ကျုပ်စပြီးကျင့်ကြံတုန်းက ဒီလိုစည်းကမ်းမျိုး မကြားဖူးပါဘူး ၊ ပြီးတော့ ဒီလိုစည်းကမ်းမျိုးရှိတယ်ဆိုလည်း ကျုပ်က ဖျက်စီးပစ်လိုက်မယ် ၊ မင်းရောက်လာပြီဆိုမှတော့ အရက်နည်းနည်းလောက်သောက်တာ ဘာဖြစ်မှာမို့လို့လဲ ၊ ပိုက်ဆံရှင်းရမှာနှမျောနေရင်လည်း စိတ်ထဲမထားပါနဲ့ ၊ ကျုပ်တိုက်မှာပါ…"

ကုချန်စန်း၏ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ဖိတ်ခေါ်မှုကို မငြင်းဆန်နိုင်သည့်အလား ခံစားလိုက်ရလေသည်။

ဆန်းလျန်၏ စကားများကြောင့် အားနာပြီး မငြင်းဆန်နိုင်ဖြစ်ရခြင်း မဟုတ်ပေ။

သူ၏စိတ်နှင့်ခန္ဓာကို တစ်စုံတစ်ယောက်က ထိန်းချုပ်ထားသည့်အလား ခံစားလိုက်ရပြီး ဆန်းလျန်၏ ဆန္ဒအတိုင်း အလိုအလျောက်လိုက်လုပ်နေမိခြင်းသား ဖြစ်လေသည်။

ချင်းယန်ကျောင်းတော်မှ သူ၏ဆရာဖြစ်သူ ယင်ရှန်းကျွင်းသည်ပင် လူတစ်ယောက်ကို ထိုသို့ ထိန်းချုပ်နိုင်စွမ်း မရှိပေ။

All Chapters