← Chapters

ဝိညာဉ်မြစ်မှာပိတ်မိသူ

Vol. 8 Ch. 784

ဝိညာဉ်မြစ်မှာပိတ်မိသူ

Vol. 8 Ch. 784

စုနီစဉ်းစားနေဆဲမှာပဲ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် အေးစက်သွားသည်ကို ခံစားလိုက်ရလေသည်။

အဘယ်ကြောင့်ဆိုသော်… သူမသည် ကိုယ်ယောင်ဖျောက်ထားသည့်တိုင် ဆန်းလျန်က သူမကို လှမ်းကြည့်လိုက် သောကြောင့် ဖြစ်လေ၏။ သူမသည် ဆန်းလျန်၏ မျက်ဝန်းများဆီမှ ဖုံးကွယ်ထားရန် မတတ်နိုင်ခဲ့ ပေ။

သူမက ရှင်သန်စေခြင်းကျောင်းတော်မှ ထိပ်တန်းအဆင့် ကိုယ်ပျောက်အတတ်ပညာကို ကိုယ်ပျောက်မှော်ဓား ပညာဖြင့် ပေါင်းစပ် အသုံးပြုထားခြင်းဖြစ်လေသည်။ သို့သော်… ဆန်းလျန်ရှေ့တွင်တော့ ဖုံးကွယ်ထားခြင်းငှာ လုံးဝမတတ်နိုင်ဘဲ ကလေးစကားသကဲ့သို့ ဖြစ်ခဲ့ရပြီ။

ဆန်းလျန်က သူမကို တစ်ချက်ကြည့်လိုက်သည်နှင့် သူမ၏စိတ်ထဲတွင် ရှက်ရွံ့ခြင်း ၊ ကြောက်လန့်ခြင်းနှင့် ဒေါသထွက်ခြင်းများ ကြီးစိုးသွားလေသည်။

သူမက ချက်ချင်းပင် ထွက်ခွာသွားရန် ဟန်ပြင်လိုက်သော်လည်း ဆန်းလျန်၏ နှုတ်ခမ်းလေးများ ပြုံးသွားသည်ကို သူမ တွေ့မြင်လိုက်ရလေသည်။

ချက်ချင်းပင် စုနီသည် အခြားသောလောကတစ်ခုသို့ ရောက်ရှိသွားလေသည်။

သူမသည် မိုးများရွာသွန်းနေသည့် လမ်းမထက်တွင် ရပ်နေခြင်း မဟုတ်တော့ပေ။

သူမရှေ့တွင် သွေးနီရောင် မြစ်တစ်စင်းရှိနေလေသည်။ သူမ၏ ခြေလှမ်းများသည် မြစ်ရေအတွင်းသို့ ဖြည်းဖြည်းခြင်း ဆင်းနေလေသည်။ သူမက ခြေလှမ်းများကို ရပ်တန့်လိုသော်လည်း သူမ၏ ခြေလှမ်းများကို သူမကိုယ်တိုင် ထိန်းချုပ် နိုင်ခြင်း မရှိတော့ပေ။

သူမသည် အလွန်ကြောက်ရွံ့ထိတ်လန့်နေလေသည်။

သူမကို ယခုကဲ့သို့ ဖြစ်အောင် ပြုလုပ်နေသူမှာ ဆန်းလျန်ဖြစ်သည်ကို သိရှိလိုက်သည်နှင့် သူမက အော်ဟစ် တောင်းပန်လိုက်လေသည်။

"ဆရာကြီး ၊ ကျွန်မ မှားမှန်းသိပါပြီ ၊ အပြစ်က ခွင့်လွှတ်ပေးပါ…"

စုနီသည် အနီရောင်မြစ်ရေထဲတွင် ရုန်းကန်းနေပြီး သူမ၏အသံကို မည်သူမှ ကြားနိုင်ခြင်း မရှိပေ။ သူမ၏ အော်သံသည် သူမနားထဲတွင်သာ ပဲ့တင်သံထပ်နေလေ၏။

သူမသည် ယခုတော့ မြစ်ရေထဲတွင် နစ်မြုလုနီးပါးဖြစ်နေပြီး မြစ်ရေကိုသာ ဖြတ်ကူးခြင်းမရှိပါက လွတ်လမ်း ရှိတော့မည် မဟုတ်ပေ။

သို့သော်… သူမ မြစ်ရေကို ဖြတ်မကူးနိုင်ရန် တန်ခိုးစွမ်းအားတစ်ခုက တားဆီးထားလေသည်။ ထိုတန်ခိုးစွမ်းအား သည် သဘာ၀ တန်ခိုးစွမ်းအား တစ်ခုဖြစ်ပြီး သူမကို ကမ်းပေါ်သို့ မတက်နိုင်ရန် တားဆီးထားလေသည်။

သူမသည် အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး မိစ္ဆာပေါင်းများစွာဖြင့်လည်း တိုက်ခိုက်ခဲ့ဖူးလေသည်။ သို့သော်… ယခုတော့ အလွန်မှ ကြောက်ရွံ့နေမိပြီး ကြောက်စိတ်ကိုလည်း ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။

မြစ်ရေထဲတွင် ဝိညာဉ်ပေါင်းများစွာ၏ အော်ဟစ်သံများထွက်ပေါ်နေပြီး ဝိညာဉ်များသည် အပြန်အလှန်ဆက်စပ် နေကြလေသည်။

သူမသည် ရှင်သန်စေခြင်းကျောင်းတော်မှ စစ်မှန်သော ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ခိုင်မာသည့် တာအိုစိတ်ထား ရှိသည့်အတွက်သာ အကြောက်လွန်ပြီး သွေးပျက်မသွားရခြင်းဖြစ်လေသည်။ မဟုတ်ပါက သူမ တစ်ဘဝလုံး ကျင့်ကြံခဲ့သည်များပင် ပျက်စီးသွားနိုင်လေ၏။

ရုတ်တရက်…

ရွှင်ယောင်းသည် မိုးရေထဲတွင် စိတ်များရှုတ်ထွေးနေသည့် အမူအရာဖြင့် မတ်တတ်ရပ်နေသည့် ဆရာဒေါ်လေး စုနီကို တွေ့လိုက်ရသည့်အခါ ရုတ်တရက် အံ့သြထိတ်လန့်သွားလေသည်။ သူမ၏ပါးစပ်မှ စကားများပြောဆို နေသော်လည်း ဗလုံးပထွေးဖြစ်နေပြီး သေသေချာချာ ကြားရခြင်း မရှိပေ။

သူမ၏ ပုံစံသည် အရူးတစ်ယောက်အလား ဖြစ်နေလေသည်။

ရွှင်ယောင်းက ဆန်းလျန်ကို ကြည့်လိုက်ရင်း….

"ဆရာကြီး ၊ ကျုပ်ရဲ့ ဆရာဒေါ်လေးက အပြစ်မရှိပါဘူး ၊ သူ့ကို ဒုက္ခမပေးပါနဲ့…"

ဆန်းလျန်က ခပ်ပါးပါးအပြုံးတစ်ချက် ပြုံးလိုက်ရင်း….

"ကျုပ်သင်ပေးတာတွေကို ခိုးနားထောင်မှတော့ အပြစ်ပေးခံရမှာပေါ့… ၊ ဒါပေမဲ့ ကျုပ်သူ့ကို ဝိညာဉ်မြစ်ထဲကို တကယ်ပို့လိုက်တာ မဟုတ်ပါဘူး …"

ရွှင်ယောင်းက ထိတ်လန့်တခြားဖြင့်…

"ဆရာကြီး ၊ အဲဒါ ဘာတန်ခိုးစွမ်းအားများလဲ …"

ဆန်းလျန်က…

"ဘယ်လောက်ပဲခက်ခက် သူ့ကိုယ်သူကယ်တင်ချင်တယ်ဆိုရင် လွတ်မြောက်လာမှာပါ…"

ရွှင်ယောင်းမှာ ဆန်းလျန်၏စကာကို စဉ်းစားမရဘဲ ပဟေဠိ ဖြစ်သွားလေသည်။

ထိုအချိန်မှာပင် ကောင်လေးတစ်ယောက်၏ စကားသံထွက်ပေါ်လာလေသည်။

"ဝိညာဉ်မြစ်ဆိုတာ နိုင့်ဟယ်မြစ်ကိုပြောတာပဲ ၊ ကြည့်ရတာ ဆန်းအစ်ကိုကြီးက အသူရာချောက်နဲ့ ဆက်စပ် ပတ်သက်နေတယ်ထင်တယ်…"

မိုးရေထဲတွင် အလင်းတန်းတစ်ချက်လှည့်ပတ်သွားပြီး မှန်တစ်ချပ်ပေါ်လာလေသည်။ ကြေးမုံမှန်သည် ဆန်းလျန်နှင့် မနီးမဝေးတစ်နေရာတွင် ရပ်တန့်သွားပြီး ကလေးငယ်လေးအသွင် ပြောင်းသွားလေ၏။

ဆန်းလျန်မှာ အဘိုးအိုတစ်ယောက်ပုံစံ ရုပ်ဖျက်ထားသော်လည်း ထျန်းတိကျန်းက သူ့ကိုမှတ်မိနေသည့် အတွက် မူလပုံစံအတိုင်း ပြန်ပြောင်းလိုက်လေသည်။

ဆန်းလျန်က…

"ထျန်းတိကျန်း ၊ မင်းက အများကြီးသိထားတာပဲ ၊ ပြောပါဦး ၊ အဲဒီမိန်းကလေး ဝိညာဉ်မြစ်က လွတ်မြောက်လာ အောင်ဘယ်လိုလုပ်နိုင်မှာလဲ…"

ထျန်းတိကျန်းက ခေါင်းတစ်ချက်ခါယမ်းလိုက်ရင်း…

"အဆင့်မြင့်နတ်ဘုရားတစ်ပါးဆိုရင်တောင်မှ ကိုယ့်အတွက်ပဲကိုယ် ရုန်းထွက်နိုင်လိမ့်မယ် ၊ အခြားသူတွေကို ကယ်တင်နိုင်မှာ မဟုတ်ဘူး… ဒါကြောင့်မို့လို့ သူ့ကိုယ်သူပဲ လွတ်မြောက်အောင် လုပ်နိုင်လိမ့်မယ် ၊ ဘယ်သူမှ မကယ်နိုင်ဘူး…"

ဆန်းလျန်က ထျန်းတိကျန်းကို အသိအမှတ်ပြုလိုက်လေသည်။

"ညီငယ်လေး ၊ မင်းက သိပ်တော်တာပဲ ၊ လာ … ကျုပ်နဲ့အတူ လက်ဖက်ရည် လာသောက်ပါ…"

အဘယ့်ကြောင့် ဆန်းလျန်က ထျန်းတိကျန်းကို ချီးကျူးရပါသနည်း။ ဆန်းလျန် ချီးကျူးသည်မှာ အလကား မဟုတ်ပေ။

ဗုဒ္ဓသာလျှင် သံသရာမှကင်းလွတ်ကာ သတ္တဝါများ၏ ဆင်းရဲဒုက္ခကို သိမြင်နိုင်သူဖြစ်လေသည်။ သို့သော်… အခြားသူများအတွက်တော့ ဒုက္ခတောထဲမှ ရုန်းထွက်ရန် ခက်ခဲလှလေသည်။

ထို့ကြောင့် ကွမ်ရင်မယ်တော်က -

"လူသားအားလုံးသည် ဒုက္ခနွံထဲတွင် နစ်နေကြပြီး ဗုဒ္ဓသာလျှင် ထိုဒုက္ခကို သိမြင်နားလည်နိုင်သည်"

ဟု ပြောခဲ့ခြင်း ဖြစ်လေ၏။

တိကျန်ဗောဓိသကျကလည်း -

"ငရဲမှာ လူများမကုန်သရွေ့ သူသည်လည်း ပါရမီဖြည့်နေရဦးမည်"

ဟု ဆိုခဲ့ဖူးလေသည်။

ထိုမျှ မြင့်မြတ်သည့် ဗောဓိသကျ (၂)ပါးသည်ပင် ထိုသို့သော စကားမျိုးကိုပြောခဲ့သည်မှာ သံသရာမှ မထွက်ခွာ နိုင်သေးသောကြောင့် ဖြစ်လေသည်။

သို့သော်… မရေရာသည် လူပြန်ဝင်စားရခြင်းမှ ရုန်းထွက်ပြီးလူပြန်ဝင်စားခြင်း တန်ခိုးစွမ်းအားကို အသုံးပြု နိုင်ပါက ကြီးမားသည့်အောင်မြင်မှုတစ်ခုဟု ဆိုနိုင်မည် ဖြစ်လေသည်။

နတ်ဘုရားများနှင့် ဗောဓိသကျများသည် လူပြန်ဝင်စားခြင်း တန်ခိုးစွမ်းအားကို အသုံးမပြုနိုင်သေးကြာလျှင်ပင် မိမိကိုယ်ကို လွတ်မြောက်ရာလမ်းကို ရွေးခြယ်နေကြသူများဖြစ်သည့်အတွက် သာမန်လူများအနေဖြင့် ကိုးကွယ်မည် ဆိုလျှင် ကိုးကွယ်ထိုက်လေသည်။

ဆန်းလျန်က အဘယ့်ကြောင့် စုနီကို နိုင့်ဟယ်မြစ်တွင် ပိတ်ထားခဲ့ပါသနည်း။ ထိုသို့ ပြုလုပ်ရသည်မှာ ရှင်းလင်းလေသည်။ သူ၏ ဟောပြောသင်ပြပေးမှုများကို စုနီသည် ခိုးပြီး နားထောင်ခဲ့လေသည်။ သူမက ခိုးပြီး နားထောင်ခဲ့သည့်အတွက် အကျိုးရှိခဲ့လေသည်။ သို့ရာတွင် ဆန်းလျန်က သူမကို အပြစ်ပေးရမည်ဖြစ်လေသည်။

အပြစ်ပေးရမည်ဖြစ်သလို သူ သင်ပြပေးလိုက်သည်များကို မည်သို့ ပြန်လည် အသုံးပြုနိုင်သည်ကိုလည်း ကြည့်ရမည် ဖြစ်လေသည်။

ဆန်းလျန်အနေဖြင့် အပြစ်မပေးလျှင်လည်း ရသော်လည်း လူတိုင်းသည် ကိုယ်လုပ်သည့် အကောင်းအဆိုး အကျိုး အပြစ်ကိုတော့ ခံယူရမည်ပဲ ဖြစ်လေသည်။

ထျန်းတိကျန်းကတော့အဘယ့်ကြောင့် အပြစ်ပေးမခံရပါသနည်း။ အဘယ်ကြောင့်ဆိုသော်… ထျန်းတိကျန်းက လည်သည့်အတွက် ဆန်းလျန်၏သင်ပြမှုများကို နားမထောင်ဘဲ ပုန်းအောင်းနေခဲ့သောကြောင့် ဖြစ်လေသည်။

သူက စုနီကို သတိပေးရန် ကြိုးစားသော်လည်း အချိန်မမီတော့ပေ။

ထို့ပြင် သူက စုနီကိုလည်း အနည်းငယ် ပညာပေးချင်နေသူဖြစ်လေရာ ယခုကဲ့သို့ အပြစ်ပေးခံရသည်မှာ နည်းတောင်နည်းသေးသည်ဟု တွေးနေမိလေသည်။

ထျန်းတိကျန်းဆိုသည်မှာ လူသားအသွင်ပြောင်းလဲနိုင်သည့် ချစ်စရာ ကလေးငယ်လေးတစ်ယောက်ဟု မထင်လိုက်ပါနှင့်။ သူသည်ကား အလွန်မှ လည်လွန်း ပတ်လွန်း ၊ အကုန်သိ ၊ အကုန်တတ်လေး ဖြစ်လေသည်။

ထို့ကြောင့် ဆန်းလျန်က ထျန်းတိကျန်းကို လက်ဖက်ရည်ကြမ်းသောက်ရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်လေသည်။ ဆန်းလျန်မှာ သူမသိသည့် အကြောင်းအရာများကို ထျန်းတိကျန်းထံမှ စုံစမ်းရန် အကြံအစည်း ရှိလေသည်။

ထို့ပြင် ထျန်းတိကျန်းဆိုသည်က မယ်တော်ဝမ်မူလောက် အဆင့်ရှိသူများကိုသာ မျက်လုံးထဲ ထည့်သူ ဖြစ်လေသည်။ ယခု ထျန်းတိကျန်းက ဆန်းလျန်နောက်သို့ လိုက်နေသည်မှာ ဆန်းလျန်သည် သာမာန်နတ်ဘုရား တစ်ပါး လုံး၀ မဟုတ်သောကြောင့် ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော်… လောကကြီးတွင် စကားလုံးများက အရေးမပါပေ။ လက်တွေ့ကသာ အရေးပါလေသည်။

စုနီ ဝိညာဉ်မြစ်ထဲတွင် ပိတ်မိနေသည်ကို မြင်တွေ့နေကြသရသည့် နတ်ဘုရား (၂)ပါးလည်း ရှိသေးသည်။

အခြားသူများမဟုတ်ပါ။ ယင်ရှန်းကျွင်းနှင့် နန်စန်းကျီတို့  (၂)ယောက် ဖြစ်လေသည်။

သို့သော်… သူတို့က ဆန်းလျန်အနား နီးနီးကပ်ကပ်သို့ မလာဝံ့ကြသည့်အတွက် အဝေးတစ်နေရာရှိ အဆောက်အဦး အမြင့်တစ်ခုထက်မှ ကြည့်နေကြခြင်း ဖြစ်လေသည်။

ထိုအဆောက်အဦးကို ကြယ်စင်ခူးဆွဲစင်မြင့်ဟု ခေါ်ကြလေသည်။ ဘုရင့်နေပြည်တော်တွင် အမြင့်ဆုံး အဆောက်အဦးတစ်ခု ဖြစ်သည့်တိုင် ယင်ရှန်းကျွင်းနှင့် နန်စန်းကျီတို့ကဲ့သို့ နတ်ဘုရားများ လာချင်သည်ဆိုလျှင် မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပေ။

မယ်တော်ဝမ်မူကတော့ သူတို့ကို တစ်ချက်လေးပင် အရေးမစိုက်တော့ပေ။

နန်စန်းကျီက…

"ဒီနတ်ဘုရားက ဘယ်ကများလဲ…"

ယင်ရှန်းကျွင်းက…

"ကျုပ်လည်း မသိဘူး ၊ ဒါနဲ့ ခင်ဗျားမှာ မိတ်ဆွေတွေများတာပဲ ၊ သဲလွန်စလေးဘာလေးများ မသိရဘူးလား…"

နန်စန်းကျီက…

"ကြည့်ရတာ… တစ်ယောက်နဲ့တော့ တော်တော်တူတယ်…"

ယင်ရှန်းကျွင်းက…

"ဘယ်သူများလဲ…"

နန်စန်းကျီက…

"ခင်ဗျားက ကိုယ့်လူရင်းဆိုတော့ ကျုပ်သိသလောက် ပြောပြပါ့မယ်…"

ချွင်ယန်နန်းတော်သည် တုန်းဟွာတောက်ကျွင်း၏ ကျင့်စဉ်များကို ဆက်ခံကျင့်ကြံသည့် တာအိုနန်းတော်တစ်ခု ဖြစ်လေသည်။

တုန်းဟွာတောက်ကျွင်းသည်၏ ကျင့်စဉ်များကို ကျင့်ကြံပြီး ချွင်ယန်တာအိုနန်းတော်မှ နတ်ဘုရား (၈)ပါး ပေါ်ထွက်လာခဲ့လေသည်။ ထိုနတ်ဘုရား (၈)ပါးမှာ ထိုက်ယီထျန်းရှန်းအဆင့် နတ်ဘုရားများ ဖြစ်ကြပြီး သူတို့ကို စန့်တုန့်နတ်ဘုရား (၈)ပါးဟု ခေါ်ဆိုကြလေသည်။

စန့်တုန့်နတ်ဘုရား (၈)ပါးသည် အလွန်ထူးခြားသူများ ဖြစ်ကြလေသည်။ သူတို့ အတူတူ ပူးပေါင်းတိုက်ခိုက်ကြလျှင် လောကတွင် မည်သူမှ သူတို့ကို ခုခံကာကွယ်နိုင်မည် မဟုတ်ပေ။

သို့သော်… လွန်ခဲ့သည့် နှစ်ပေါင်းများစွာက သူတို့သည် ကြီးမားသည့် ပြိုင်ဘက်တစ်ယောက်နှင့် ရင်ဆိုင်ခဲ့ကြရလေသည်။

ထိုသူမှာ ဆရာဘိုးဘိုး ယွမ်ချင်းပင် ဖြစ်လေတော့၏။

***

All Chapters