နိုင့်ဟယ်တံတား
Vol. 8 Ch. 785
ထိုစကားမျာကို ကြားသည့်အခါတွင်တော့ ယင်ရှန်းကျွင်း တစ်ချက်စိတ်လှုပ်ရှားသွားလေသည်။
"ဆရာဘိုးဘိုး ယွမ်ချင်း ဟုတ်လား ၊ ဆရာဘိုးဘိုးယွမ်ချင်းဆိုတာ ယွမ်တုဓားက လူပြန်ဝင်စားတဲ့ နတ်ဘုရားမဟုတ်လား…"
နန်စန်းကျီက…
"ဟုတ်တယ် ၊ သူက တစ်ချိန်တုန်းက အသူရာချောက်မှာလည်း ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ဖူးတယ် ၊ နတ်ဘုရား အတော်များများကိုလည်း သတ်ဖြတ်ခဲ့တယ် ၊ နောက်ပိုင်း သူက တာအိုဆရာသခင်ထိုက်ယီရဲ့ တပည့် ဖြစ်လာပြီး ကျင့်စဉ်လမ်းကို လိုက်ခဲ့တယ် ၊ အတိတ်နဲ့ အနာဂတ်ကို သိမြင်နိုင်တယ် ၊ သူရရှိခဲ့တဲ့ အောင်မြင်မှုက တကယ့်ပြိုင်ဘက်ကင်းပဲ ၊ တစ်ခုပဲ အပြစ်တင်စရာရှိတယ် ၊ ကျုပ်တို့ဘိုးဘေးတွေဖြစ်တဲ့ စန့်တုန့် နတ်ဘုရား(၈)ပါး ကိုဒုက္ခကောင်းကောင်းပေးခဲ့တာ တစ်ခုပဲ…"
ယင်ရှန်းကျွင်းက…
"ဒီလိုအဆင့်ရောက်အောင်တောင် ကျင့်ကြံပြီးမှ ဆရာဘိုးဘိုးယွမ်ချင်းနဲ့ စန့်တုန့်နတ်ဘုရား (၈)ပါးက ဘာဖြစ်လို့ သေလောက်အောင် တိုက်ခိုက်ကြရတာလဲ…"
နန်စန်းကျီက…
"အဲဒါတော့ မသိဘူး ၊ ကျမ်းစာတွေထဲလည်း အတိအကျ မရေးထားဘူး ၊ ဒါပေမဲ့ ဆရာဘိုးဘိုးယွမ်ချင်းက စန့်တုန့် နတ်ဘုရား (၈)ပါးရဲ့ မူလဝိညာဉ်ခန္ဓာတွေကိုတောင် အပိုင်းပိုင်းဖြတ်ပစ်လိုက်တာ ၊ ဆရာဘိုးဘိုး (၈)ယောက်သာ ထိုက်ယီထျန်းရှန်းအဆင့်မဟုတ်ဘူးဆိုရင် လူတောင်ပြန်ဝင်စားနိုင်မှာမဟုတ်ဘူး ၊ ဒါပေမဲ့ အဲဒီအချိန်ကတည်းက စန့်တုန့်နတ်ဘုရား (၈)ပါးဟာ လောကကနေ လုံး၀ ပျောက်ကွယ်သွားတော့တာပဲ…"
နောက်ပိုင်းတွင်တော့ စန့်တုန့်နတ်ဘုရား (၈)ပါး၏ အပိုင်းပိုင်းဖြစ်နေသည့် ဝိညာဉ်များကို ပြန်လည်စုစည်းပြီး လူပြန်ဝင်စားနိုင်ကြသည့်တိုင် ဆရာဘိုးဘိုးယွမ်ချင်း၏ သတ်ဖြတ်လိုသည့်အငွေ့အသက်များကို မသန့်စင်နိုင်ခဲ့ ကြသည့်အတွက် ကျင့်စဉ်လမ်းကို ပြန်လည် လျှောက်လှမ်းနိုင်ခြင်း မရှိကြတော့ပေ။
သို့သော်… အကြိမ်ပေါင်းများစွာ လူပြန်ဝင်စားပြီးသည့်နောက် သတ်ဖြတ်လိုသည့် အငွေ့အသက်များ တဖြည်းဖြည်းပြန်လည်သန့်စင်လာခဲ့ကြကာ ကျင့်စဉ်လမ်းကို လျှောက်လှမ်းနိုင်သည့်အဆင့်သို့ ပြန်လည် ရောက်ရှိ လာခဲ့ကြလေသည်။
နန်စန်းကျီက ဆက်ပြောလိုက်သည်။
"အခုဆိုရင် ကျုပ်တို့ ချွင်ယန်တာအိုနန်းတော်မှာ ဘိုးဘေး (၂)ယောက် ပြန်ရောက်လာကြပြီ ၊ ပြီးတော့ လွန်ခဲ့တဲ့ (၂)နှစ်ကလည်း တတိယဘိုးဘေး ဘယ်နေရာမှာ ရှိတယ်ဆိုတာကို သိလိုက်ရလို့ ပြန်ခေါ်ဖို့ အဲဒီ ဘိုးဘေး (၂)ယောက် ထွက်သွားကြတယ် ၊ ဒါပေမဲ့ ဘာလို့လဲမသိဘူ အဲဒီဘိုးဘေးတွေ အခုထိ ပြန်မလာကြသေးဘူး…"
"ပြီးတော့ သိပ်တောင်မကြာသေးဘူး ၊ တတိယဘိုးဘေးက ကျင့်စဉ်လမ်းကို ပြန်လည်လျှောက်လှမ်းနိုင်ပြီး ကျိုးယီတောင်က ဟယ်အိမ်တာ်နဲ့တောင် ပြဿနာဖြစ်ခဲ့သေးတယ် ၊ ဟယ်အိမ်တော်က ဟယ်စူးရင်းက ရွှမ်နွီနန်းတော်က တပည့်လေ ၊ သူ့ကို ကျုပ်တို့ ဘိုးဘေးလူပြန်ဝင်စားတဲ့ မိန်းကလေးက သုတ်သင်ပစ်လိုက်တာ…"
"ရွှမ်နွီနန်းတော်က ထျန်းချင်းယွမ်က အရမ်းတန်ခိုးစွမ်းအားမြင့်မားတာလေ ၊ သူက ဟယ်စူးရင်းကို သတ်လိုက်တဲ့သူ က ကျုပ်တို့ဘိုးဘေး လူပြန်ဝင်စားတဲ့လူမှန်းလည်းသိရော ကျုပ်တို့ ချွင်ယန် နန်းတော်ကို တာဝန်ယူဖြေရှင်းပေးဖို့ အကြောင်းကြားတယ်လေ…"
"ကျုပ်လည်း ကျိုးယီတောင်ကိုသွားပြီး မသိမသာ အခြေအနေစုံစမ်းကြည့်တော့ အဖြစ်အပျက် အကုန်လုံးသိခဲ့ရ တယ် ၊ အခုဘဝမှာ လူပြန်ဝင်စားတဲ့ကျုပ်တို့ဘိုးဘေးက ဟယ်မျိုးနွယ်ပဲ ၊ သူ့နာမည်က ဟယ်ရှန်းလို့ ခေါ်တယ် ၊ သူက အရမ်းအရည် အချင်းရှိလို့ အခု ကျုပ်တို့ရှေ့က အဲဒီကြောက်စရာ နတ်ဘုရားတစ်ပါးက … အမလေး ရက်ရက်ရောရောနဲ့ နတ်မက်မွန်သီးကိုတောင် ကျွေးပြီး ကျင့်စဉ်တွေ သင်ပြပေးခဲ့တာ ၊ အခုဆိုရင် နတ်ဘုရားတစ်ပါးတောင် ဖြစ်ခါနီးနေပြီ ၊ အရင်ဘိုးဘေး (၂)ယောက် ပျောက်သွားတာလည်း အဲဒီနတ်ဘုရားနဲ့ ပတ်သက်နေလားတောင် မသိပါဘူး ၊ ဒါပေမဲ့ ဘာသက်သေအထောက်အထားမှတော့ မပြနိုင်သေးဘူး…"
ယင်ရှန်းကျွင်းက…
"အင်း… သတိတော့ထားရမှာပဲ ၊ ဟိုနေ့က မယ်တော်ဝမ်မူတောင် သူနဲ့ တိုက်ခိုက်ချင်တဲ့ပုံမရှိကတည်းက ဒီနတ်ဘုရားက မိုးမြေကို တုန်လှုပ်စေလောက်တဲ့လူတစ်ယောက်ဆိုတာ ကျုပ် ရိပ်မိပါတယ် ၊ သူ့ကြောင့် လောကကြီး တစ်ခုလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားနိုင်တယ်…"
နန်စန်းကျီက သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"ဟင်း… ကျုပ်တို့ ချွင်ယန်တာအိုနန်းတော်မှာ ဒီလောက်နှစ်ပေါင်းထောင်ချီပြီး ဆုံးရှုံးမှုကြီး ခံစားခဲ့ရတော့ ပြောစရာ စကားတောင် မရှိတော့ပါဘူး…"
ယင်ရှန်းကျွင်းက…
"ပြီးတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်က ချင်းရှတောင်မှာ အတိတ်ကိုဖြတ်တောက်သွားတဲ့ နတ်ဘုရားတစ်ပါးလည်း ရှိသေးတယ်မဟုတ်လား ၊ သူ့ကိစ္စတွေသာ မပြီးသေးဘူးဆိုရင် သူလည်း အခုနေ ဒီလောကကို ရောက်ချင်ရောက်နေမှာ…"
နန်စန်းကျီက ရင်ထိတ်သွားသည့်လေသံဖြင့်….
"စကားကို သတိထားပြောစမ်းပါဗျာ…"
ယင်ရှန်းကျွင်းက…
"ကျုပ်စကားမှားသွားတာပါ ၊ ကျုပ်တို့တွေလည်း ကြောက်ရတဲ့သူတွေ တော်တော်များနေပါပြီ…"
ထို့နောက် သူတို့က ထိုအကြောင်းများကို ဆက်ပြီး မပြောကြတော့ဘဲ အခြားသော ရောက်တက်ရာရာများကို ပြောဆိုနေကြလေတော့သည်။
ထို့နောက် သူတို့ (၂)ယောက် သက်ပြင်းချလိုက်ကြပြီး လေနှင့်မိုးများကြားတွင် ပျောက်ကွယ်သွားကြလေတော့ သည်။
နန်စန်းကျီက လျှို့ဝှက်ချက်များကို ယင်ရှန်းကျွင်းကို ပြောပြသည်မှာ အကြောင်းရှိလေသည်။
ယခု ရှင်သန်စေခြင်းကျောင်းတော်သည် ထိုနတ်ဘုရား၏ ထောက်ပံ့မှုကို ရရှိသည်ကို တွေ့လိုက်ရသည့်အတွက် အရေးအကြောင်းရှိလာလျှင် ချွင်ယန်နန်းတော်ဘက်မှ ချင်းယန်ကျောင်းတော်က ရပ်တည်ပေးရန် ရည်ရွယ်ချက် ဖြင့် ပြောပြလိုက်ခြင်း ဖြစ်လေသည်။
အရေးအကြောင်း တကယ်တမ်းကြုံတွေ့လာလျှင် ချွင်ယန်တာအိုနန်းတော်အနေဖြင့် ချင်းယန်ကျောင်းတော်နှင့် မဟာမိတ်ပြုထားခြင်းက အရှုံးမရှိနိုင်ပေ။
နတ်ဘုရား (၂)ပါးသည် အကျိုးအမြတ်တွက်ချက်ကာ စကားပြောနေကြခြင်းသာ ဖြစ်ကြလေသည်။
သူတို့ (၂)ယောက် ပြောနေသည့် စကားများကို ဆန်းလျန်သာမက ထျန်းတိကျန်းပါ ကောင်းကောင်း ကြားနေရလေသည်။
သို့သော်… သူတို့ပြောသည့် စကားများထဲတွင် ဆန်းလျန်ကို လေးစားကြောက်ရွံ့မှုများကိုသာ တွေ့ရသည့်အတွက် လာရောက်ပြဿနာရှာမည့် အရိပ်အယောင်တော့ မရှိပေ။
ထျန်းတိကျန်းက လက်ဖက်ရည်တစ်ခွက်ကို မော့သောက်လိုက်သည်။
ရွှင်ယောင်းကတော့ ဆန်းလျန်နှင့် ထျန်းတိကျန်အတွက် လက်ဖက်ရည်ငှဲ့ထည့်ပေးနေပြီး စုနီကို လွှတ်ပေးရန်အတွက် ဆန်းလျန်ကို မည်သို့ တောင်းပန်ရမည်ကို စဉ်းစားနေလေသည်။
ထျန်းတိကျန်းက…
"သောက်စကားတွေများနေတဲ့ ဟိုတာအိုဆရာနှစ်ယောက်တော့ ထွက်သွားကြပြီ ၊ ခုမှ လောကကြီး သန့်သွားတော့တယ်…"
ဆန်းလျန်က ရယ်မောလိုက်ရင်း…
"ဒါပေမဲ့ သူတို့ပြောနေတာတွေက စိတ်ဝင်စားဖို့ ကောင်းပါတယ်…"
ထျန်းတိကျန်းက အနည်းငယ်တုံ့ဆိုင်းနေပြီးမှ…
"ဆန်းအစ်ကိုကြီး ၊ အစ်ကိုကြီးမှာ တပည့်တစ်ယောက်ရှိမယ်လို့ ထင်မထားမိဘူး ၊ ကျွန်တော် သူ့ကိုသွားတွေ့ပြီး စမ်းသပ်ကြည့်ချင်လိုက်တာ ၊ လောကကြီးမှာ လျှို့ဝှက်ချက်တွေများလွန်းတယ် ၊ ပြီးတော့ ကျွန်တော်သိတာ တွေလည်း သိပ်များတယ်…"
ဆန်းလျန်က…
"မင်းကြိုက်တာလုပ်နော် ၊ ဒါပေမဲ့ ကျုပ်တပည့်ကိုတော့ ဆွဲမထည့်နဲ့…"
ထျန်းတိကျန်းက…
"ကျွန်တော်က အစ်ကိုကြီးတပည့်ကို သွားကြည့်ချင်ရုံလေးပါ ၊ ကျွန်တော်သာ သူ့ကိုသဘောကျရင် ကံကောင်းခြင်းတွေတောင် လက်ဆောင်ပေးလိုက်ဦးမယ်…"
ဆန်းလျန်က စကားမပြောတော့ဘဲ ပြုံးနေလိုက်သည်။
ထျန်းတိကျန်းမှာ ဆန်းလျန်က စကားပြန်မပြောသည့်အတွက် အနည်းငယ် စိတ်ဓာတ်ကျသွားလေသည်။
"ဆန်းအစ်ကိုကြီး ၊ တကယ်ပဲ အစ်ကိုကြီးတပည့်ကို သွားမတွေ့ရဘူးလား ၊ ဒါဆို ကျွန်တော် အစ်ကိုကြီးတိုက်တဲ့ လက်ဖက်ရည်ကြမ်းကို အလကားမသောက်ချင်တော့ဘူး…"
ဆန်းလျန်က…
"ဒါဖြင့် တစ်ခုမေးမယ် ၊ ဆရာဘိုးဘိုးယွမ်ချင်း ဘယ်မှာရှိလဲဆိုတာ မင်းသိလား…"
ထျန်းတိကျန်းက ခေါင်းတစ်ချက်ခါယမ်းလိုက်ပြီး…
"ကျွန်တော် မသိဘူး…"
ထျန်းတိကျန်းက ခေါင်းကို အဆက်မပြတ်ခါယမ်းနေလေသည်။
ထျန်းတိကျန်းက ဆရာဘိုးဘိုးယွမ်ချင်း မည်သည့်နေရာတွင် ရှိနေသည်လဲဆိုသည်ကို သိရှိလျှင်တောင်မှ သူ့ကို ပြောပြမည် မဟုတ်သည်ကို ဆန်းလျန်သိလိုက်လေသည်။
ဆန်းလျန်က…
"မမေးခဲ့ဘူးလို့ပဲ ထားလိုက်တော့ ၊ ကျုပ်တပည့်က တကယ်တော်တဲ့ တပည့်တစ်ယောက်ပါ ၊ ဒါပေမဲ့ ကံမကောင်းတာက ကျုပ်သူ့ကို သေသေချာချာ မသင်ပြပေးခဲ့ရဘူး ၊ မင်း သူ့ကို သွားပြီး ဒုက္ခပေးမယ်ဆိုရင်တော့ ကျုပ်တကယ်ပဲ လက်ခံနိုင်မှာမဟုတ်ဘူး ၊ ပြီးတော့ သူ့ကိုသွားတွေ့လို့လဲ မင်းအတွက် အကျိုးမရှိနိုင်ပါဘူးလေ…"
ထျန်းတိကျန်းက…
"ဘယ်လိုလုပ်ပြောနိုင်မှာလဲ…"
ဆန်းလျန်က…
"မပြောနိုင်ပါဘူး…"
ထျန်းတိကျန်းက မျက်လုံးကို လှန်လိုက်ရင်း…
"မုန်းစရာကောင်းလိုက်တာ…"
သူတို့ (၂)ယောက် စကားပြောနေကြစဉ်တွင် ရွှင်ယောင်းက သူတို့အတွက် လက်ဖက်ရည်ကြမ်းများကို အဆက်မပြတ် ငှဲ့ထည့်ပေးနေလေသည်။
ထျန်းတိကျန်းက ရွှင်ယောင်း၏ လှပသည့်လက်များကို တစ်ချက်ကြည့်လိုက်ရင်း…
"ဒီ ရွှင်ယောင်းက တကယ်ပဲ စိတ်ထားနူးညံ့တယ် ၊ ဒါနဲ့ ဆန်းအစ်ကိုကြီးက စုနီ ဝိညာဉ်မြစ်ထဲပိတ်မိနေတာ ဘယ်အခြေအနေရောက်နေပြီလဲဆိုတာ ကျွန်တော်တို့ မြင်ရအောင် မပြတော့ဘူးလား…"
ထျန်းတိကျန်း၏ စကားကိုနားထောင်ပြီးသည်နှင့် ရွှင်ယောင်းကလည်း စိတ်အားထက်သန်စွာဖြင့် ဆန်းလျန်ကို လှမ်းကြည့်လိုက်လေသည်။
ဆန်းလျန်က….
"ကောင်းပြီလေ ၊ မင်းတို့ကို သူ့အခြေအနေကို ကြည့်ခွင့်ပေးလိုက်မယ် ၊ ဒါပေမဲ့ သူ ဝိညာဉ်မြစ်ထဲက ထွက်လာနိုင်မလား ၊ မလာနိုင်ဘူးလားဆိုတာကတော့ သူ့ကံအတိုင်းပဲနော်…"
ရွှင်ယောင်းက အပျော်လွန်သွားသည့်လေသံဖြင့်…
"ကျေးဇူးအများကြီးတင်ပါတယ် ဆရာကြီး…"
ဆန်းလျန်က …
"ဒါက အခွင့်အရေးတစ်ခုပါပဲ ၊ မင်းလည်းလေ့လာပါ…"
ထျန်းတိကျန်းမှာလည်း အလွန်မှ သိချင်နေဟန်ရှိလေသည်။
ဆန်းလျန်က ပြောပြီးသည်နှင့် လက်ဖက်ရည်ကြမ်းပန်းကန်အတွင်းမှ ရေများကို စားပွဲပေါ်သို့ လောင်းလိုက်လေ သည်။
ထိုအခါ ရေများသည် ဖန်သားပြင်အလား ကြည်လင်သွားပြီး စုနီ၏ ပုံရိပ်ကို တွေ့မြင်လိုက်ရလေသည်။
စုနီသည် ဝိညာဉ်မြစ်ရေထဲတွင် ရုန်းကန်နေဆဲဖြစ်လေသည်။
ထိုအချိန်မှာပင် ရုတ်တရက်… စုနီရှေ့တွင် တံတားတစ်စင်းပေါ်လာလေ၏။
တံတားက ချောမွေ့ပြီး ကျဉ်းမြောင်းလေ၏။ တစ်ချိန်တည်းမှာပင် နတ်ဘုရားအလင်းတန်းများလည်းတောက်ပလျှက် ရှိလေ၏။
တံတားထက်တွင် နတ်ဘုရားတစ်ပါး ပေါ်လာပြီး သူမကို ကြောက်စရာ ကောင်းလောက်အောင် စိုက်ကြည့်နေလေ သည်။
တံတားအောက်တွင်စီးဆင်းသောမြစ်ရေထဲတွင် အဆိပ်ရှိပိုးမွှားအင်းဆက်များ မြွေများဖြင့် ပြည့်နက်နေပြီး သွေးညှီနံ့များလည်း ထောင်းထောင်းထနေလေသည်။
မြင်ကွင်းမှာ အလွန်မှ ရွှံ့လျှာစက်ဆုပ်ဖွယ်ရာကောင်းလှလေသည်။ ထိုမြစ်ရေအတွင်းသို့ ခြေတစ်လှမ်းကျွံသွားသည်နှင့် အရာအားလုံး ဆုံးရှုံးလိုက်ရမည် ဖြစ်လေသည်။
သို့သော်… ထိုတံတားသည် စုနီအတွက်တော့ လွတ်မြောက်ရာလမ်းတစ်ခု ဖြစ်လေသည်။
သူမက တံတားထက်သို့ မော့ကြည့်လိုက်ရင်း …
"နတ်ဘုရားက ဘယ်သူများလဲ…"
နတ်ဘုရားက တည်ကြည်သည့်လေသံဖြင့်…
"ကျုပ်က နိုင့်ဟယ်တံတားကိုစောင့်တဲ့ နတ်ဘုရားပဲ…"
***