← Chapters

မင်းက ကောင်းကင်ဘုံဆိုရင် ငါ အဲ့ကောင်းကင်ဘုံကို ဆန့်ကျင်မယ်

Vol. 115 Ch. 1716

မင်းက ကောင်းကင်ဘုံဆိုရင် ငါ အဲ့ကောင်းကင်ဘုံကို ဆန့်ကျင်မယ်

Vol. 115 Ch. 1716

တစ္ဆေရှီဗာ၏ မျက်နှာ ဖြူရော်နေပြီး ဘာတစ်ခွန်းမှ မပြောနိုင်ချေ။ တစ်ဖက်လူက မောက်မာသော်လည်း သူ့ခွန်အားဖြင့် ထိုသို့ မောက်မာနိုင်ကြောင်း သူမကို သက်သေပြနေသည်။

တစ်ဖက်လူသည် မောက်မာရုံသာမက ကြောက်စရာကောင်းသော ခွန်အားလည်း ရှိနေသည်။

တစ္ဆေရှီဗာ၏ မျက်နှာက မည်းမှောင်လာပြီး စိတ်မသက်မသာ ဖြစ်လာသည်။

*ဒါ ရန်သူကြီးပဲ*

*သေစေနိုင်လောက်အောင်ကို အန္တရာယ်များတယ်*

“သောက်ကျိုးနည်း ဒီကောင်က ဘာလဲဟ”

မုတ်ဆိတ်မွေးနှင့်လူ၏ မျက်လုံးတွင် ကြောက်စိတ်များ ပြည့်နှက်နေပြီး ယဲ့ဖန်အား မယုံနိုင်သလို ကြည့်နေ၏။

*ကိုယ်ပွားက အင်မော်တယ် ဧကရာဇ်အဆင့်ကို တိုက်နေတာလား*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

သို့သော် တစ်ခဏအတွင်း မုတ်ဆိတ်မွေးနှင့်လူနှင့် အခြားသူများ မျက်လုံးပြူးသွားသည်။

ယဲ့ဖန် လမ်းလျှောက်လိုက်တိုင်း မိုးမြေ တုန်ခါလာပြီး အတောမသတ်နိုင်သော လူသတ်လိုသည့် အငွေ့အသက်က လေထဲ ပြည့်နှက်နေပြီး ကမ္ဘာငယ်တစ်ခု ပေါ်လာပြီး အောက်ဘက်သို့ နင်းချေဖိနှိပ်လာသည်။

တာအိုမြေပုံများ တစ်ခုပြီး တစ်ခု ပေါ်လာ၏။ နဂါးနှင့် ကျားပုံတို့လည်း ထွက်ပေါ်လာသည်။

တာအိုမြေပုံ၌ အင်မော်တယ် တောင်ထိပ်က ကောင်းကင်သို့ ထိုးဖောက်မတတ် ပေါ်ပေါက်လာ၏။ ဒြပ်စင် ငါးပါးလည်း ထွက်ပေါ်လာလေသည်။

ထိုတာအိုမြေပုံများအားလုံးတွင် တာအိုစွမ်းအင်များ ပြည့်နှက်နေကာ ယခင် တာအိုသခင် လုယာ၏ တိုက်ကွက်များထဲမှ တစ်ခု ဖြစ်လေသည်။ ယင်းတို့သည် မူလတာအိုစွမ်းအင်မှ ဆင့်ကဲ ပြောင်းလဲလာခြင်း ဖြစ်သည်။

တစ်ချိန်က တာအိုမြေပုံတိုင်းတွင် ကောင်းကင်ကို လှုပ်ခါနိုင်သည့် အစွမ်း ရှိခဲ့သည်။

ကောင်းကင်ဘုံနှင့် တာအိုသဘောတရားကို ဖြတ်တောက်နိုင်စွမ်း ရှိပြီး အင်မော်တယ်များကို သတ်နိုင်ကာ မိစ္ဆာများကို ခေါင်းဖြတ်နိုင်သည်။ ၎င်း၌ ရက်စက်သည့် ဂုဏ်သတင်း ရှိပြီး ကြောက်စရာ ကောင်းလှသည်။

အတိတ်အခါက အင်မော်တယ်များထက်ပင် ပို၍ အသက်ကြီးသော ပုဂ္ဂိုလ်များသည် ဤတာအိုမြေပုံများဖြင့် ဖိနှိပ်ခြင်း ခံခဲ့ရသည်။

လက်ရှိအချိန်၌ မုတ်ဆိတ်မွေးနှင့်လူနှင့် အခြားသူများ ထိတ်လန့်နေကြသည်။

*ဒါ ဘယ်လိုတောင် ကြီးမားလိုက်တဲ့ စွမ်းအင်လဲ၊ လောကထဲက အရာအားလုံးကို အနိုင်ယူနိုင်သလိုမျိုး ကြောက်ဖို့ ကောင်းလိုက်တာ*

*ဒီလူ ရဲတင်းရဲတာကို မအံ့ဩတော့ဘူး၊ သူက တစ်လောကလုံးကို စိုးမိုးနိုင်တဲ့ နတ်ဆိုးဘုရင် ဖြစ်နေတာကိုး*

*ကိုယ်ပွားမှာတောင် ဒီလို ခွန်အားမျိုး ရှိနေတာ၊ တကယ့် မူလကိုယ်သာ ရောက်လာရင် ငါတို့အားလုံး သေမှာ သေချာတယ်*

လက်ရှိတွင် မုတ်ဆိတ်မွေးနှင့်လူသည် စိတ်ထဲ၌ ယန်စုန့်ချင်၏ ဘိုးဘေး ရှစ်ဆက်လောက်ကို ကျိန်ဆဲနေမိသည်။

*အဲ့ခွေးမသားကြီးက ဒီအမှိုက်ကောင်နောက်မှာ ဒီလို ကြောက်စရာကောင်းတဲ့ သခင်ကြီး ရှိတယ်လို့ ငါ့ကို တစ်ခါမှ မပြောခဲ့ဘူး*

ယန်မိသားစု စံအိမ်တစ်ခုလုံး၌ ယန်ထျန်းရှင်းသာလျင် ဤလူကို ရင်ဆိုင်နိုင်စွမ်း ရှိလောက်သည်။

“ငါက အင်မော်တယ် ဧကရာဇ်အဆင့်လေ၊ ဘယ်လိုလုပ် နင့်လို ကိုယ်ပွားလေးကို ရှုံးမှာလဲ”

တစ္ဆေရှီဗာ၏ မျက်လုံးများ ပေါက်ထွက်မတတ် ဖြစ်နေပြီး မျက်စိရှေ့မှ အဖြစ်ကို လက်ခံနိုင်စွမ်း မရှိ ဖြစ်နေသည်။ သူမသည် ရုတ်တက် လူသတ်ချင်စိတ်တို့ ပြင်းပြလာပြီး ယဲ့ဖန်အား အရိုးဓားဖြင့် ဒေါသတကြီး ချိန်ရွယ်လေသည်။

ချက်ချင်းဆိုသလိုပင် တစ္ဆေအရိပ်များ တစ်ခုပြီး တစ်ခု လှုပ်ရှားလာပြီး သူတော်စင်အဆင့်၏ အရိုးမှ လူသတ်ချင်သော အငွေ့အသက်တို့က တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး ဒေါသတကြီး ခုတ်ပိုင်းလာလေသည်။

တာအိုစွမ်းအင် မြည်ဟီးလာပြီး ကောင်းကင်ယံက အက်ကွဲလာသည်။

ထောင်ချီသော ဓားအလင်းများက မိုးကောင်းကင်ကို ထိုးဖာက်လာပြီး ၎င်းဓားအလင်းရောင် အားလုံးသည် တာအိုစွမ်းအင်မှ ဖြစ်ပေါ်လာခြင်းဖြစ်ကာ အလွန် ကြီးမားသော စွမ်းအင်ပါရှိပြီး နတ်ဘုရား တစ်သောင်းကို တစ်ပြိုင်တည်း ရှင်းလင်းနိုင်၏။

အလွန်တရာမှကို ချုပ်ကိုင်ခြယ်လှယ်နိုင်ပေသည်။

ဓားအလင်းများသည် တာအိုမြေပုံပေါ်သို့ သည်းကြီးမည်းကြီး ကျဆင်းလာသည်။

သူတော်စင် အရိုးဓားက မူလ တာအိုမြေပုံကို ဖျက်ဆီးရန် ကြိုးပမ်းနေသည်။

“ဝုန်း ဝုန်း ဝုန်း”

ကျယ်လောင်သော အသံသုံးသံနှင့်အတူ ကောင်းကင်ယံ တုန်ခါလာသည်။ သူတော်စင် အရိုးဓားဖြင့် ထိမှန်သွားသော တာအိုမြေပုံ သုံးခုက ချက်ချင်း ပျက်စီးသွားလေသည်။

သို့သော် ကြောက်စရာကောင်းသော ဖိအားတစ်ခုက တစ္ဆေရှီဗာကို လွှမ်းခြုံလာသည်။ လက်တစ်ဖက် ပြတ်ထွက် သွားလေသည်။

အရိုးများနှင် သွေးစက်များက ကောင်းကင်တွင် လွင့်စဉ်လာပြီး မြင်ကွင်းက ကြောက်စရာ ကောင်းလှသည်။ သို့သော် ဖိအားက တစ္ဆေရှီဗာထံ ပျံ့လွင့်နေဆဲပင်။

*မဖြစ်ဘူး*

တစ္ဆေရှီဗာ အသိစိတ် လွတ်သွားပြီး မျက်လုံးတွင်း၌ အလွန် ကြောက်ရွံ့ဟန်များ ပေါ်လာပြီး အရိုးဓားအား အသည်းအသန် လွှင့်ပစ်၍ နောက်သို့ အသားကုန် ဆုတ်လေသည်။ သူမ အလွန်အမင်း မှင်တက်နေသည်။

သို့သော် ထိုအခိုက်တွင် ယဲ့ဖန်က စိတ်ပျက်သလို သက်ပြင်းချလေသည်။ အကယ်၍ သူ၏ ခန္ဓာကိုယ်အစစ်သာ ဤနေရာ၌ ရှိနေပါက တာအိုမြေပုံ၏ အစွမ်းက ပို၍ ကြောက်စရာ ကောင်းမည်ဖြစ်ပြီး တစ္ဆေရှီဗာအား နေရာမှာတင် တန်းသတ်နိုင်ပေသည်။

“နှမြောစရာပဲ”

*နှမြောစရာပဲ ဟုတ်လား*

တစ္ဆေရှီဗာ အံကြိတ်လိုက်မိပြီး ရူးမတတ် ဖြစ်လာရသည်။

ကိုယ်ပွား ခန္ဓာကိုယ်နှင့် သူမကို ဒဏ်ရာ အပြင်းအထန် ရအောင် လုပ်နိုင်ခြင်းကပင် ထိတ်လန့်စရာ ကောင်းနေပြီ ဖြစ်သော်လည်း ဤလူက မကျေနပ်သေးပုံ ပေါ်နေပါလား။

*အထင်သေးလွန်းတယ်*

*ဉာဏ်များလွန်းတယ်*

ထိုအခိုက်တွင် မုတ်ဆိတ်မွေးနှင့်လူ တစ်ကိုယ်လုံး တုန်ယင်နေသည်။

*တစ်ခုခုတော့ မှားနေပြီ၊ ဒီလို မဟုတ်သေးဘူးလေ*

*ဒီလို မဖြစ်သင့်ဘူးလေ၊ တစ္ဆေရှီဗာကသာ ရောက်လာတာနဲ့ ဒီကောင့်ကိုယ်ပွားကို အပြတ်ရှင်းသင့်တာ၊ ပြီးရင် ဟိုအမှိုက်ကောင် နှစ်ကောင်ကို ငါ့လက်ခုပ်ထဲက ရေလို ဖြစ်အောင်လုပ်ပြီး သတ်လို့ရမှာလေ*

*ဒါပေမဲ့ အခုကျတော့ ဒီမကောင်းဆိုးဝါးက ကိုယ်ပွားခန္ဓာကိုယ်နဲ့ တစ္ဆေရှီ‌ဗာကို ဒဏ်ရာ အပြင်းအထန်ရအောင် လုပ်နေပါလား*

*ထူးဆန်းတယ်*

*အရမ်း ထူးဆန်းတယ်*

ထိုစဉ် တစ္ဆေရှီဗာ၏ မျက်နှာက မည်းမှောင်လာသည်။ ကိုယ်ပွားတစ်ခုထံ၌ သူ ရှုံးနိမ့်သွားရသော‌ နေ့မျိုး ရှိလာလိမ့်မည်ဟု သူ လုံးဝ ထင်မထားမိချေ။

သူမ လက်မခံနိုင်ပါ။

ထိုသို့သောအချိန်၌ စွေ့ဟွာ မှင်တက်အံ့ဩနေသည်။

*မြတ်စွာဘုရား၊ အဲ့ဒါ သူတော်စင်အဆင့်ရဲ့ အရိုးလေ၊ ဒါပေမဲ့ အဲ့ဒါက လက်သီးချက်တွေကြောင့် လွင့်ထွက် သွားတယ်တဲ့လား*

*သခင်လေးရဲ့ သခင်ကြီးက ဘယ်လိုလုပ် အရမ်း ကြောက်ဖို့ကောင်းနေရတာလဲ*

*ယန်ထျန်းရှင်းတောင်မှ သူတော်စင်အဆင့်ရဲ့ အရိုးနဲ့လုပ်ထားတဲ့ ဒီအရိုးဓားကို လှုပ်ခါအောင် မလုပ်နိုင်တာ၊ ဒီလူကတော့ ဖိအားပေးပြီး တားဆီးနိုင်တာလား*

*ပြီးတော့ လွင့်ထွက်သွားအောင် လုပ်နိုင်သေးတယ်*

*ဒါတောင် ဒါက ကိုယ်ပွားပဲ ရှိသေးတာ*

*အရမ်း ကြောက်ဖို့ကောင်းတာပဲ*

ထို့နောက် စွေ့ဟွာ လက်သီးကို တင်းနေအောင် ဆုပ်လိုက်မိသည်။ ယခု လက်စားချေနိုင်မည့် မျှော်လင့်ချက် ရှိလာလေပြီ။

*သခင်လေးရဲ့ သခင်ကြီးက အရမ်း သန်မာလွန်းတယ်၊ သူ လက်စားချေပေးနိုင်စွမ်း ရှိမှာပဲ*

*ဒီလူက ယန်မိသားစုကို ကိုင်လှုပ်နိုင်တယ်*

*သေချာပေါက်ပဲ*

စွေ့ဟွာ လက်သီးကို ကျစ်နေအောင် ဆုပ်ထားမိပြီး မျက်နှာတွင် စိတ်လှုပ်ရှားဟန် ပေါ်နေသည်။ သူ ယဲ့ဖန်ထံမှ မျှော်လင့်ချက်ကို မြင်နေရသည်။

သူမ အင်အားကိုလည်း မြင်နေရသည်။

ယန်မိသားစု တစ်ခုလုံးနှင့် ဒိုင်းမဟာမိတ် အဖွဲ့အစည်းတစ်ခုလုံးကိုပင် စိန်ခေါ်နိုင်လောက်သည့် အင်အားပင်။

လက်ရှိတွင် တစ္ဆေရှီဗာ မျက်နှာပျက်ယွင်းနေသည်။ ဤမြင်ကွင်းက သူမခေါင်းပေါ်သို့ ရေအေးတစ်ဇလုံ လောင်းချ လိုက်သလိုပင်။

သူမ ချက်ချင်း စိတ်တည်ငြိမ်လာသည်။

*ဒီလူမှာ အံ့ဩစရာကောင်းတဲ့ တိုက်ပွဲဝင်ခွန်အား ရှိတယ်၊ သူနဲ့ ယှဉ်ရင် သေချာပေါက် သေလောက်တယ်*

တစ္ဆေရှီဗာသည် အရိုးဓားကို ငုံ့ကြည့်လိုက်ပြီး သူမမျက်လုံးတွင် အငြင်းအခုံ ဖြစ်နေဟန်များ ပေါ်လွင်နေသည်။ သူ ရင်ဆိုင် တိုက်ခိုက်ချင်ပါက ဤသူတော်စင်လက်နက်ကို သုံးရပေမည်။

သို့သော် ဤသူတော်စင်လက်နက်ကို သုံးလိုက်သည်နှင့် ထိုလူက သူ့ကို လုံးဝ အလွတ်ပေးတော့မည် မဟုတ်ပါ။ သို့သော်ငြားလည်း သူမ အထင်မှားသွားသည်။

“မင်းလက်နက်ကို ကောက်လိုက်”

*ဘာ*

တစ္ဆေရှီဗာက ယဲ့ဖန်ကို မယုံနိုင်သလို ကြည့်ပြီး သူမများ အထင်မှားလေသလားဟု တွေးလိုက်သည်။

*ဒီကောင်က ငါ့ကို လက်နက် ပြန်ကောက်ခိုင်းနေတာလား*

*ဒါ ပြန်ချနိုင်မယ့် အခွင့်အရေးလား*

“နင် နောက်နေတာလား”

တစ္ဆေရှီဗာက ယဲ့ဖန်ကို မယုံသင်္ကာဖြင့် ကြည့်နေသည်။ ယဲ့ဖန်က လှောင်ရယ်လေသည်။

“မင်းလက်နက်ကို ယူလိုက်၊ ဒါမှ မင်း ထွက်ပြေးစရာ မလိုမှာ၊ ဒါက မင်းကို ပိုပြီး ဂုဏ်ရှိရှိနဲ့ သေအောင် လုပ်ပေးလိမ့်မယ်”

ချက်ချင်းဆိုသလိုပင် တစ္ဆေရှီဗာ၏ မျက်နှာ မည်းမှောင်သွားသည်။

*ဒါ စော်ကားတာပဲ၊ နင်းချေစော်ကားတာ*

သူမကို သူက အလေးအနက် မထားပေ။ ယဲ့ဖန်က သူမကို အတော်လေး အထင်သေးနေ၏။

“နင် … နင့်ဆုံးဖြတ်ချက်ကို နင် နောင်တရလိမ့်မယ်*

တစ္ဆေရှီဗာက ယဲ့ဖန်ကို မုန်းတီးစွာ ကြည့်နေပြီးနောက် ကိုယ်ကိုကိုင်း၍ အရိုးဓားကို ကောက်လိုက်ပြီး ယဲ့ဖန်ထံ တစ်လှမ်းချင်း လျှောက်သွားသည်။

သူမခန္ဓာကိုယ်မှ တာအိုစွမ်းအင်များက နက်ရှိုင်းဆန်းကြယ်စွာ ထွက်ပေါ်နေသည်။ တာအိုစွမ်းအင်နှင့် လူတို့က တစ်သားတည်း ဖြစ်နေသည်ဟု ထင်မှတ်ရသည်။

တာအိုစွမ်းအင်က ထိန်းချုပ်မရအောင် ပျံ့နှံ့လာသည်။

ထိုအခိုက်တွင် တစ္ဆေရှီဗာ၏ အရှိန်အဝါက ပြောင်းလဲလာသည်။ ယခင်က ထိုင်းမှိုင်းနေရာမှ ယခု ထိုင်းမှိုင်းခြင်းအပြင် ကြောက်စရာ ကောင်းလာလေသည်။

သူမ အသက်ရှူသံက မိုးခြိမ်းသံလို ဖြစ်နေပြီး ခြေလှမ်းတိုင်းက လောကကို တုန်ခါစေလာသည်။

လက်ရှိတွင် သူမသည် ဤနေရာမှ တစ်ဦးတည်းသော အစစ်အမှန် နတ်ဘုရားဟု ထင်မှတ်ရသည်။ လှုပ်ရှားမှုတိုင်း၌ မိုးမြေကို ပြောင်းလဲလာစေသည်။

ယခုအချိန်အခါ၌ သူမသည် ကောင်းကင်ဘုံနှင့် တစ်သားတည်း ဖြစ်နေပြီး တစ်ကိုယ်လုံးမှ တောက်ပသော မီးတောက်များ ထွက်ပေါ်နေသည်။ သူမ၏ အသက်စွမ်းအင်ကို သူမ လောင်ကျွမ်းစေလိုက်ခြင်းပင်တည်း။

ယဲ့ဖန်ကို သတ်ရန်အတွက် သူမအသက်ကိုပင် စတေးရန် သူမ ဝန်မလေးတော့ချေ။

တစ္ဆေရှီဗာက ရယ်မော၍ စိုက်ကြည့်လာသည်။

“အခု ငါက ကောင်းကင်တာအိုနဲ့ တစ်သားတည်း ဖြစ်သွားပြီ၊ ငါ့ဆန္ဒက ကောင်းကင်တာအိုကို ကိုယ်စားပြုနေပြီ၊ နင် ငါနဲ့ တိုက်ရမှာကို ကြောက်နေပြီမလား”

ယခု သူမက တာအိုနှင့် တစ်သားတည်း ဖြစ်သွားသည့်အပြင် သူတော်စင်အဆင့် လက်နက်ပါ ပေါင်းလိုက်လျင် သူမ၏ သတ်ဖြတ်နိုင်စွမ်းက ထင်ထားသည်ထက် ကျော်လွန်နေ၏။

ဤသည်ကိုမြင်ပြီး မုတ်ဆိတ်မွေးနှင့်လူက ရုတ်တရက် ဝမ်းသာသွားသည်။ ဤအခြေအနေက နတ်ဘုရားများကိုပင် တုန်လှုပ်နိုင်စေသည်အထိ ကြီးမြတ်၍ ကြောက်စရာ ကောင်းလှသည်ဟု သူ ခံစားမိလာသည်။

စွမ်းအင်တစ်ခုစီတိုင်းက လောကကို စုတ်ဖြဲနိုင်စွမ်းရှိသလိုပင်။

*ဒါ ကောင်းကင်ဘုံရဲ့ အစွမ်းများလား*

သူမ လှုပ်ပင်မလှုပ်ရှားရသေးသော်လည်း ကြောက်စရာကောင်းလှသော ဖိအားက လူတစ်ယောက်၏ စိတ်နှလုံးအား ကြောက်စိတ်ဖြင့် တုန်လှုပ်အောင် လုပ်နိုင်နေလေပြီ။

“မင်းက ကောင်းကင်ဘုံဆိုရင် ငါ ကောင်းကင်ဘုံကို ဆန့်ကျင်မယ်”

ယဲ့ဖန်က အေးစက်စက် ပြန်ခနဲ့လိုက်သည်။ နောက်ဆုတ်မည့်အစား သူ စတင်တိုက်ခိုက်လိုက်သည်။

လက်ရှိတွင် သူသည်လည်း နတ်ဓားကို ပြန်ခေါ်ယူလိုက်ပြီး သူ့ခန္ဓာကိုယ်တွင် စွမ်းအင်များ ပြည့်နှက်လျက် ရှိသည်။ သူက တစ္ဆေရှီဗာကို ဓားဖြင့်ချိန်ရွယ်လာပြီး လူသတ်ချင်စိတ်ကလည်း ပွက်ပွက်ဆူနေသည်။

“အရူး ကောင်းကင်ဘုံရဲ့ စွမ်းအင်ကို သူတော်စင်အဆင့်က မကိုင်လှုပ်နိုင်ဘူး၊ နင်က ဘယ်လောက်ပဲ အံ့ဩစရာ ကောင်းနေပါစေ၊ နင် သေကို သေရမှာ”

တစ္ဆေရှီဗာက အေးစက်စွာ ပြောလိုက်သည်။

*ဒီကောင်က ကောင်းကင်ဘုံကို စိန်ခေါ်ဖို့ ရည်ရွယ်နေတာပဲ၊ သေချင်နေတာကိုး*

ကောင်းကင်ဘုံ တာအိုသည် အမိန့်၊ သေခြင်းရှင်ခြင်း၊ ရှင်သန်ခြင်း သံသရာနှင့် ယင်ယန်ကို ကိုယ်စားပြုသည်။

သူတော်စင်များ၊ သုံးလောကထက် ကျော်လွန်သူများ၊ ဒြပ်စင်ငါးပါးထဲ မရှိသူများ၊ နေရာ၊ အချိန် စသဖြင့်တို့မှ ကင်းလွန်သူများသာလျင် ရှင်သန်နိုင်ကြသည်။

သူမ၏ ဤတိုက်ကွက်အောက်တွင် မည်သူမှ အသက်မရှင်ဖူးချေ။ ယဲ့ဖန်သည်လည်း ခြွင်းချက် မဟုတ်ပါ။

ထိုစဉ် တစ္ဆေရှီဗာက ဓားကို ဝင့်၍ ခုတ်ပိုင်းလိုက်လေသည်။ ၎င်းတွင် အံ့ဩစရာ စွမ်းအင် ပါဝင်နေပြီး ရှေ့တည့်တည့်မှ အရာအားလုံးကို ဖျက်ဆီးလေသည်။

“သတိထား”

စွေ့ဟွာ စိုးရိမ်တုန်လှုပ်လာပြီး အသည်းအသန် အော်ဟစ်လိုက်သည်။ သူမ မျက်နှာပင် ဖြူရော်လာ၏။

ဤသည်မှာ ကောင်းကင်ဘုံ တာအို၏ အစွမ်း ဖြစ်သည်။ ၎င်းစွမ်းအင်က ထောင်ချီသော မိုင်များအတွင်းမှ မြစ်ချောင်းများနှင့် တောတောင်များကို ပျက်စီးစေနိုင်ပြီး အလွန်အမင်း ကြောက်စရာ ကောင်းပေသည်။

ကောင်းကင်ဘုံ၏ တာအိုစွမ်းအင်က အရှင်သခင် ဖြစ်သည်။ ကောင်းကင်ဘုံက အရာအားလုံးပင်။ သူတော်စင်အဆင့်မှလွဲ၍ ဘယ်သူက ခုခံနိုင်ပါမည်နည်း။

ထို့အပြင် ဤသည်က ခံစစ်သာ ရှိသေးသည်။ အကယ်၍ တာအိုစွမ်းအင်က ဖိနှိပ်လာလျင် သူတော်စင်အဆင့်ပင် ကျရှုံးလောက်သည်။

ယင်းသည် သူမတူသော စွမ်းအင်ဖြစ်ပြီး ခုခံနိုင်စွမ်း မရှိပါ။

ထိုစဉ် တစ္ဆေရှီဗာက ကောင်းကင်ဘုံ တာအိုကို ထုတ်ဖော်လာပြီး ဓားသွားနှင့် ပေါင်းစပ်ကာ ဒေါသတကြီး ခုတ်ပိုင်းလာသည်။

တာအိုစွမ်းအင် ကျဆင်းလာသောအခါ ဓားစွမ်းအင်က လှိုင်းထန်သော ပင်လယ်အလား လှုပ်ခါလာပြီး ထောင်ချီသော ဓားအလင်းရောင်များ ကျဆင်းလာသည်။ အလင်းတစ်ခုစီက တောင်တစ်လုံးကိုပင် ထိုးထွင်းနိုင်စွမ်း ရှိပြီး ယဲ့ဖန်ထံ သည်းကြီးမည်းကြီး ဆင်းသက်လာလေသည်။

ဓားစွမ်းအင်က အရပ်လေးမျက်နှာမှ ကျဆင်းလာနေပြီး အလင်းတန်းက ကောင်းကင်ထက်တိုင် ထိုးဖောက် နေသည်။

ကျယ်ဝန်းသော ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါလာပြီး စွေ့ဟွာနှင့် အခြားသူများသည် သူတို့ ခန္ဓာကိုယ်များ တစ်စစီ ဖြစ်တော့မယောင် ခံစားမိကာ ဤဖိအားကို ခံနိုင်စွမ်းမရှိ ဖြစ်နေလေသည်။

စွေ့ဟွာ ကောင်းကင်ယံသို့ စိုးရိမ်တကြီး ကြည့်လိုက်သည်။ ယဲ့ဖန်က ဤတိုက်ကွက်အား ခံနိုင်စွမ်း မရှိမည်ကို စိုးရိမ်နေသည်။

သို့သော် ထိုအခိုက်တွင် မုတ်ဆိတ်မွေးနှင့်လူက ကျယ်လောင်စွာ အော်ရယ်လေသည်။

“ဟားဟားဟား စဉ်းစားမနေနဲ့တော့၊ တစ္ဆေရှီဗာရဲ့ ဒီတိုက်ကွက်ကနေ အသက်ရှင်နိုင်တဲ့သူဆိုတာကို ငါ တစ်ခါမှ မမြင်ဖူးဘူး၊ ကောင်းကင်ဘုံ တာအိုစွမ်းအင် ပါတဲ့ ဒီတိုက်ကွက်ကို အင်မော်တယ် ဧကရာဇ်အဆင့်က လုံးဝ မခုခံနိုင်ဘူး”

ထို့နောက် မုတ်ဆိတ်မွေးနှင့်လူက စွေ့ဟွာကို ရီဝေစွာ ကြည့်လာသည်။

“အလှလေး ဘယ်လိုပဲဖြစ်ဖြစ် မင်း ငါ့လက်က မလွတ်နိုင်ပါဘူး”

ထိုစဉ် တာအိုစွမ်းအင် လှုပ်ခါလာပြီး ထိတ်လန့်စရာ လှိုင်းတစ်ခု ပျံ့လွင့်လာသည်။ ထို့နောက်တွင်မူ ကြီးမားသော ဓားစွမ်းအင်က လောကကို ထိုးဖောက်လာပြီး ပတ်ဝန်းကျင်သို့ ပျံ့နှံ့လာသည်။

“ဝုန်း”

တစ်ခဏအတွင်း တောင်ထိပ်နှစ်လုံး ပြာဖြစ်သွားပြီး ပျောက်ကွယ်သွားလေသည်။

“ဒါက …”

မုတ်ဆိတ်မွေးနှင့်လူနှင့် တစ္ဆေရှီဗာတို့ အံ့ဩသွားကြသည်။ ဤဓားစွမ်းအင်က ကြောက်စရာ ကောင်းလှသည်။ ဤစွမ်းအင်က ကောင်းကင်တာအိုကိုပင် ပျက်စီးစေနိုင်လောက်သည်။

“အသက်တစ်ချောင်းအတွက် ဓားတစ်ချောင်း”

ယဲ့ဖန်က ခပ်အေးအေး ရေရွတ်သည်။ သူ့မျက်လုံးများက အေးစက်တင်းမာနေသည်။ ဓားချက်တစ်ချက်က လောကကိုပင် အက်ကွဲစေနိုင်ပေသည်။

ထိုစဉ် ယဲ့ဖန်၏ မျက်လုံးများက ပိုမိုအေးစက်လာပြီး ဒေါသတကြီး အော်ဟစ်လာသည်။

“အရာအားလုံးကို သတ်နိုင်တဲ့ ဓားချက်တစ်ချက်ပဲ”

All Chapters