အတိတ်မရှိလျှင်အနာဂတ်လည်းမရှိ
Vol. 9 Ch. 805
သို့သော်… ကျောက်ရှောင်ယွီသိသမျှမှာ ဆန်းလျန်၏ အတိတ်အကြောင်း အားလုံးမဟုတ်သေးပေ။
သူမက သူမသိသမျှကိုသာ ဆန်းလျန်ကို ပြောပြခြင်း ဖြစ်လေသည်။
သူမက စကားပြောကောင်းသူတစ်ယောက်ဖြစ်သည့်အပြင် ဘက်မလိုက်ဘဲ အကြောင်းအရာများကို ရှင်းရှင်းလင်းလင်းပြောပြနိုင်သည့်အတွက် ဆန်းလျန်က သူ၏အတိတ်အကြောင်းများကို ယေဘူယျအားဖြင့် နားလည်သွားရသည်။
အတိတ်ဆိုသည်ကလည်း သူ၏ရွေးခြယ်မှုပင် ဖြစ်ခဲ့လေသည်။
သူ့အကြောင်းကို နားထောင်နေရသည့်တိုင် ဆန်းလျန် စိတ်လှုပ်ရှားခြင်း မဖြစ်မိပေ။
အတိတ်ဆိုသည်က အခိုးအငွေ့များပမာ ၊ ဖုံမှုံ့များပမာ ၊ မြူခိုးများပမာ ဖြစ်လေသည်။ ထို့ပြင် လက်ရှိဘဝနှင့် အတိတ်အချိန်များသည် အလွှာပါးလေးတစ်ခု ကာရံထားသည့်အလား ခြားနားနေခဲ့ပြီ ဖြစ်လေသည်။
ထို့ပြင် ကျောက်ရှောင်ယွီကလည်း သူ့ဘဝအတိတ်အကြောင်းအရာများအားလုံးကို ပြောပြနိုင်ခဲ့ခြင်း မရှိပေ။
ကျောက်ရှောင်ယွီ၏ စကားများကို နားထောင်ပြီးသည်နှင့် ဆန်းလျန်က ရယ်မောလိုက်ရင်း…
"ကျုပ်က အံ့သြစရာတော့ ကောင်းသားပဲ ၊ ဒါပေမဲ့ မင်းပြောတဲ့အတိုင်းသာဆိုရင် ကျုပ်က တန်ခိုးစွမ်းအားကင်းလွတ်ရာကမ္ဘာမြေက လာခဲ့တဲ့ လူတစ်ယောက်ပဲ ၊ အဲဒီကို တစ်ခေါက်လောက် ပြန်သွားရင် မကောင်းဘူးလား…"
ကျောက်ရှောင်ယွီက…
"အင်း… ကောင်းတယ် ၊ ဒါနဲ့ စကားမစပ် ရှင့်ကို ကျွန်မပေးလိုက်တဲ့ လေးညှို့ရော… ဘယ်ရောက်သွားပြီလဲ…"
ဆန်းလျန် စိတ်များ ရှုတ်ထွေးသွားရလေသည်။
ကျောက်ရှောင်ယွီ သူ့ကိုပေးလိုက်သည့် လေးညှို့သည် သူ့ထံတွင် ရှိရမည် ဖြစ်လေသည်။ သို့သော်… ယခုတော့ ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပြီ။
သူက ပတ်ဝန်းကျင်တွင် အနည်းငယ် ရှာဖွေကြည့်သော်လည်း လေးညှို့ကို မတွေ့ရတော့ပေ။
ဆန်းလျန်က…
"မတွေ့တော့ဘူး ၊ ထူးဆန်းလိုက်တာ…"
ကျောက်ရှောင်ယွီက…
"မတွေ့လည်း ဘာမှ မဖြစ်ပါဘူး ၊ အဲဒီလေးညှို့က လီအော့နျိုရဲ့လေးညှို့ပဲ…"
သူမ၏ စကားများမှတစ်ဆင့် သူမ၏ ရက်စက်မှုများကို တွေ့မြင်နိုင်လေသည်။
ကျောက်ရှောင်ယွီဆိုသည်က သူမနှင့် ဆန်းလျန်မှလွဲပြီး ကျန်သည့်သူများကို အရေးပါသည်ဟု မည်သည့်အခါမှ သဘောမထားခဲ့ပေ။
ဆန်းလျန်က…
"ကျုပ်ကို တန်ခိုးစွမ်အားကင်းလွတ်ရာ ကမ္ဘာမြေကို ခေါ်သွားပေးလို့ရမလား…"
ကျောက်ရှောင်ယွီက…
"ရတာပေါ့…"
ပြောပြီးသည်နှင့် သူမက အချိန်နှင့်အာကာသကို ဖြိုခွင်းကာ ဆန်းလျန်ကို ကမ္ဘာမြေသို့ ခေါ်ဆောင်လာလေသည်။
သို့သော်… ကမ္ဘာမြေတွင် အရာအားလုံးက ပြောင်းလဲသွားပြီ ဖြစ်လေသည်။
ပေကျင်းမြို့တော်ရှိ ဒေါက်တာလီဖုန်းနေထိုင်ရာအိမ်တွင် အခြားသူများ နေထိုင်နေကြလေသည်။ ထိုသူများ နေထိုင်နေကြသည်မှာ အလွန်ကြာမြင့်နေပြီဖြစ်ပြီး သူတို့သည် ဒေါက်တာလီဖုန်းဆိုသည်မှာ မည်သူဖြစ်သည်ကို သိရှိကြခြင်း အလျဉ်းမရှိပေ။
ထို့ပြင်… အောင်မြင်ကျော်ကြားသည့် ဂီတဘုရင်မ ကျောက်ရှောင်ယွီကိုလည်း မည်သူမှ မသိရှိကြတော့ပေ။ အရာအားလုံးသည် လေထဲတွင် လွင့်ပျံသွားသည့်အလား ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။
နောက်ဆုံး ကျောက်ရှောင်ယွီက ဆန်းလျန်ကို ခွန်လွန်တောင်သို့ ခေါ်ဆောင်လာခဲ့လေသည်။
ခွန်လွန်တောင်ကတော့ ယခင်ကအတိုင်း လျှို့ဝှက်နက်နဲသည့် နေရာတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။
မယ်တော်ဝမ်မူ၏ မက်မွန်သီးဥယျာဉ်ဟောင်းသည်လည်း တည်ရှိနေဆဲ ဖြစ်လေသည်။ သူတို့သည် လိုဏ်ဂူကို ဖြတ်သန်းကာ ဆန်းလျန်၏ ကိုယ်ခွဲခန္ဓာရှိခဲ့သည့် လျှို့ဝှက်နေရာသို့ ရောက်ရှိလာကြလေသည်။
သို့သော်… ထိုနေရာတွင် ဆန်းလျန်၏ ကိုယ်ခွဲလည်းမရှိတော့သလို ဆန်းလျန်၏ အင်္ကျီလက်တွင် ရေးသားထားသည့် "အစစ်ဆေးခံရမှုများနှင့်ဘေးအန္တရယ်များအားလုံးသည် ဤနေရာတွင် အဆုံးသတ်ခဲ့ကြောင်း ဆန်းလျန်က သက်သေပြခဲ့သည်" ဆိုသည့် စာကြောင်းလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ကျောက်ရှောင်ယွီ စိတ်များပင် အနည်းငယ်ရှုတ်ထွေးလာပြီး စကားတစ်လုံးမှ မပြောတော့ပေ။ သူမက ဆန်းလျန်ကို ကြေးနီတိုင်လုံးကြီးများတည်ရှိရာ နေရာသို့ ခေါ်ဆောင်လာခဲ့လေသည်။
ထို့နောက် သူတို့ သိုးလွိနန်းတော်ရှိရာသို့ ရောက်ရှိလာခဲ့လေသည်။
သိုုးလွိနန်းတော်အတွင်းမှ ပရိဘောဂများ ၊ ပစ္စည်းများအားလုံးက သူမထွက်ခွာလာစဉ်ကအတိုင်း မပြောင်းမလဲ တည်ရှိနေသော်လည်း သိုးလွိနန်းတော်တွင် သူမ စောင့်ခိုင်းထားခဲ့သည့် လီအော့နျိုမှာတော့ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပြီ ဖြစ်လေသည်။
ဆန်းလျန်က မီးငြိမ်းနေပြီဖြစ်သည့် ပါးကွဖိုကို လက်ဖြင့် အသာဖိကြည့်လိုက်သည်။ သူ၏ တန်ခိုးစွမ်းအားဖြင့်ပင်လျှင် ပါးကွဖိုသည် တစ်စက်ကလေး လှုပ်ရှားပြောင်းလဲသွားခြင်း မရှိပေ။ ထို့ပြင်… သူ၏ တန်ခိုးစွမ်းအားသင်္ကေတများလည်း ဖိုပေါ်တွင် ချန်ထားခဲ့နိုင်ခြင်း မရှိပေ။
သို့သော်… ပါးကွဖိုတွင် သမာဓိမီးတောက်၏ အရှိန်ကျန်ရစ်နေသည်ကို ဆန်းလျန် ခံစားလိုက်မိသည်။
ကောင်းကင်ကိုထိုးခွင်းပြီး မိုးမြေအသစ်ကိုဖွင့်လှစ်ခဲ့လေသူ ထိုက်စန့်လောင်ကျွင်းသည် ဤပါးကွဖိုဖြင့် ဖိုထိုးခဲ့သူ ဖြစ်လေသည်။ ဤပါးကွဖိုသည် ဤနေရာတွင် ရှိနေလိမ့်မည်ဟု မည်သူမှ ထင်မှတ်ကြမည် မဟုတ်ပေ။
ဆန်းလျန်က ကျောက်ရှောင်ယွီကို လှမ်းကြည့်လိုက်ရင်း…
"မင်း ရှင်းပြစရာမလိုပါဘူး ၊ မင်း ပြောသမျှ ကျုပ်ယုံပါတယ် ၊ ဒါပေမဲ့ အခုတော့ အဖြစ်အပျက်တစ်ခုလုံးက မင်းပြောတာတွေနဲ့ မတူဘူးဖြစ်နေတယ် ၊ တစ်ခုခု ထူးခြားနေတာတော့ အမှန်ပဲ…"
ထိုအခါမှ ကျောက်ရှောင်ယွီက စိတ်သက်သာရာ ရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။
သူမဘဝတွင် အကြောက်ဆုံးအရာမှာ ဆန်းလျန် သူမကို မယုံကြည်တော့မည်ကို ဖြစ်လေသည်။
ဆန်းလျန်က အတိတ်မေ့နေသူမဟုတ်ဘဲ ယခင်ကအတိုင်းဆိုလျှင်တော့ သူမကို သေချာပေါက်ယုံကြည်မည်ကို သိရှိသည့်တိုင် ယခု အခြေအနေက ကွဲပြားနေခဲ့ပြီ မဟုတ်လား။
သို့သော်… ဆန်းလျန်က သူမကို ယုံကြည်နေဆဲ ဖြစ်သည့်အတွက် စိတ်သက်သာရာ ရသွားခဲ့လေသည်။ သူမ လောကတွင် မည်သူ့ကိုမှ အလေးမထားပေ။ ဆန်းလျန်တစ်ယောက်တည်းကိုသာ အလေးထားခြင်း ဖြစ်လေသည်။
ထိုက်ချင်တာအိုကျမ်းကို ကျင့်ကြံအောင်မြင်ခဲ့သည့်တိုင် သူမသည် ဆန်းလျန်ကို သံယောဇဉ်ရှိစွာ ချစ်ခင်မြတ်နိုးနေမိဆဲ ဖြစ်လေသည်။ သူမ၏တစ်ဘဝလုံး ကျင့်စဉ်လမ်းကို လျှောက်လှမ်းရန် ပုံအပ်ထားခဲ့ပြီး ဆန်းလျန်ကို စွန့်လွှတ်ရန် အကြိမ်ကြိမ် ကြိုးစားကြည့်ခဲ့ဖူးလေသည်။
သို့သော်… သူမ မတတ်နိုင်ခဲ့ပေ။ သူသည် ဆန်းလျန်ကို အမြဲထာဝရ ချစ်နေမြဲပင်…။
သူမ၏ ချစ်ခြင်းများကို ဆန်းလျန်ကရော နားလည်ပါရဲ့လား။
အမှန်တော့ ဆန်းလျန်သည် သူမထက် ဉာဏ်ရည်ထက်မြက်သူဖြစ်လေသည်။ ဆန်းလျန်သည် လောကကြီးအကြောင်းကို သူမထက်ပိုပြီး ရှင်းရှင်းလင်းလင်းသိမြင်သူ ဖြစ်လေသည်။
ကျောက်ရှောင်ယွီက…
"ရှင် ကျွန်မကို ယုံလို့ တော်သေးတာပေါ့ ၊ ကြည့်ရတာ ရှင့်အတိတ်က လုံး၀ ပျောက်ကွယ်သွားပြီထင်တယ် ၊ ဒီ တန်ခိုးစွမ်းအားကင်းလွတ်ရာ ကမ္ဘာမြေမှာတောင် ရှင့်ရဲ့ အတိတ် တစ်ခုမှ မကျန်ခဲ့တော့ဘူး…"
ဆန်းလျန်က တည်ငြိမ်သည့်လေသံဖြင့်…
"ဒီလိုဖြစ်တာ တော်တော်ဆိုးတာပဲ ၊ အတိတ်မရှိတဲ့လူတစ်ယောက်ဟာ အနာဂတ်လည်း ပျောက်ဆုံးနေမှာပဲ…"
သူ၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် အတိတ်ကိုဖြတ်တောက်ခြင်းကို ကောင်းကောင်းနားလည်လေသည်။ ယခုတော့ ကမ္ဘာမြေမှ သူ၏ အတိတ်သည်ပင်လျှင် ပျောက်ဆုံးသွားခဲ့ရပြီ ဖြစ်လေသည်။ ထိုကိစ္စသည် ရိုးရှင်းခြင်း မရှိသည်ကတော့ အမှန်ပင်ဖြစ်သည်။
ကျောက်ရှောင်ယွီက…
"ဒါပေမဲ့ ဘယ်အချိန်ပဲဖြစ်ဖြစ် ဘယ်နေရာပဲ ဖြစ်ဖြစ် ရှင့်အတွက် ကျွန်မ ရှိနေမှာပါ…"
ဆန်းလျန်က…
"တကယ်တော့ မင်း ဒီလိုလုပ်စရာ မလိုပါဘူး ၊ ကျင့်ကြံသူတစ်ယောက်ဆိုတာ လွတ်လပ်ရတယ် ၊ မင်း ကျုပ်ကို သံယောဇဉ်တွယ်နေမယ်ဆိုရင် ကျင့်စဉ်လမ်းမှာ ဘယ်တော့မှ ရှေ့ဆက်နိုင်မှာ မဟုတ်ဘူး…"
ကျောက်ရှောင်ယွီက ပြုံးရုံသာပြုံးနေပြီး စကားဆက်မပြောတော့ပေ။
ရုတ်တရက်…
ဆန်းလျန်၏ စိတ်ထဲတွင် ဝမ်းနည်းကြေကွဲမှုတစ်ခုကို ခံစားလိုက်ရလေသည်။
အဘယ်ကြောင့်ဆိုသော်… အနာဂတ်တစ်ချိန်၌ သူ့ဘေးနားတွင် ကျောက်ရှောင်ယွီ မရှိတော့သည်ကို ရုတ်တရက် ကြိုတင်သိမြင်လိုက်ရသောကြောင့် ဖြစ်လေသည်။
သို့သော် ထိုအကြောင်းကို ဆန်းလျန်က ကျောက်ရှောင်ယွီကို ပြောပြမနေတော့ပေ။
"ကျုပ်တို့ သွားကြရအောင်…"
သူတို့ သိုးလွိနန်းတော်မှ ထွက်ခွာလာကြလေသည်။
သိုးလွိနန်းတော်တွင် ပါးကွဖိုမှတစ်ပါး အခြားသောအရာများမှာ သိပ်ပြီး တန်ဖိုးမရှိလှပေ။ သို့သော်… ဆန်းလျန်က ပါးကွဖိုကြီးကို ယူဆေင်လာရန် ဆန္ဒမရှိပေ။ အဘယ်ကြောင့်ဆိုသော်… သူက ပါးကွဖိုကြီးကို ယူဆောင်သွားလျှင် ဘုရင်ရှစ်ပါးနန်းတော်မှ ရွှမ်တုတောက်ကျွင်းကို သတိပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။
ကျောက်ရှောင်ယွီက နတ်ဘုရားများအားလုံးကို ထိုက်ချင်တာအိုကျမ်းကို ပြသခဲ့သည့်တိုင် ထိုက်ချင်မူလဝိညာဉ်သင်္ကေတရှိမှသာလျှင် ထိုကျမ်းကို ကျင့်ကြံ၍ရနိုင်မည်ကို မည်သူမှ မသိရှိခဲ့ကြပေ။
သို့သော်… စိတ်ပူစရာရှိသည်မှာ ထိုအချက်ကိုသာ ဘုရင်ရှစ်ပါးနန်းတော်၏အရှင်သခင် ရွှမ်တုတောက်ကျွင်း သိရှိသွားခဲ့လျှင် သူမကို မည်သည့်နည်းနှင့်မှ အလွတ်ပေးမည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ… ကျောက်ရှောင်ယွီဆိုသည်က အားလော်ဟယ်နှင့်ပင် ဖက်ပြိုင်အံတုရဲသူတစ်ယောက် ဖြစ်လေရာ ရွှမ်တုတောက်ကျွင်းကို သိပ်ပြီး ကြောက်ရွံ့မည် မဟုတ်ပေ။
ထို့ပြင်… ယင်ရှန်းကျွင်းက ငှက်ပျောရွက်ယပ်တောင်ကို အသုံးပြုကာ အားလော်ဟယ်ကို မောင်းထုတ်နိုင်ခဲ့သည်မှာ ယာယီသာဖြစ်သည်။ အားလော်ဟယ်သည် အနှေးနှင့်အမြန် ကျောက်ရှောင်ယွီကို ပြန်လာရှာဦးမည်ပဲ ဖြစ်လေသည်။
အားလော်ဟယ်နှင့် နောက်တစ်ကြိမ်ရင်ဆိုင်ရလျှင်တော့ သိပ်ပြီး လွယ်ကူမည် မဟုတ်ပေ။
ခွန်လွန်တောင်တစ်ခုလုံး ဆီးနှင်းများ ဖုံးလွှမ်းနေပြီး ဆန်းလျန်သည် မည်သည့်တန်ခိုးစွမ်းအားမှ အသုံးမပြုဘဲ ဆီးနှင်းများထက်တွင် လမ်းလျှောက်နေလေသည်။
တန်ခိုးစွမ်းအားကင်းလွတ်ရာကမ္ဘာမြေတွင် နတ်ဘုရားများ၏ တန်ခိုးစွမ်းအားများ သိပ်ပြီး အသုံးပြုနိုင်ခြင်း မရှိပေ။ ဤနေရာသို့ နတ်ဘုရားတစ်ပါးရောက်ရှိလာလျှင်လည်း သာမန်ထက် အနည်းငယ် ထူးခြားသည်မှလွဲပြီး တန်ခိုးစွမ်းအားများကို အပြည့်အ၀ ထုတ်ဖော်အသုံးပြုနိုင်မည် မဟုတ်ပေ။
ဆီးနှင်းဖုံးလွှမ်းနေသောတောင်တန်းများက အဆုံးမရှိပေ။
ဤနေရာတွင် နတ်ဘုရားများနေထိုင်သည့် လျှို့ဝှက်နေရာတစ်ခု ရှိကောင်းရှိနိုင်လေသည်လား မသေချာပေ။
သို့သော်… ဆန်းလျန်က ခွန်လွန်တောင်တွင် ဆက်ပြီး လေ့လာစူးစမ်းလိုစိတ် မရှိတော့ပေ။
"မင်း နောက်ထပ် ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ…"
ကျောက်ရှောင်ယွီက…
"တကယ်တော့ ကျွန်မ ဒီနေရာကိုလာခဲ့တာ အားလော်ဟယ်ရန်က လွတ်မြောက်ဖို့ပါ ၊ သူ ကျွန်မကိုသတ်ချင်လို့ ဒီနေရာထိ လိုက်လာတယ်ဆိုရင်တောင်မှ ဒီနေရာမှ သူထင်သလောက် တန်ခိုးစွမ်းအားတွေ အသုံးပြုနိုင်မှာ မဟုတ်ဘူးလေ ၊ ဒါပေမဲ့ ဒီနေရာမှာ ထာဝရနေလို့လည်း မဖြစ်နိုင်ဘူးဆိုတာ ကျွန်မသိပါတယ်…"
ဆန်းလျန်က…
"ဒီမှာနေမယ်ဆိုရင်လည်း သိပ်တော့ မကောင်းလှပါဘူး…"
ဆန်းလျန်က ရည်ရွယ်ချက်မရှိဘဲ ထိုစကားကို ပြောမည်မဟုတ်သည်ကို ကျောက်ရှောင်ယွီ သိလိုက်သည်။
ထို့ကြောင့် သူမက …
"ဘာဖြစ်လို့လဲ…"
ဟု သိချင်စိတ်ဖြင့် မေးလိုက်သည်။
ဆန်းလျန်က…
"ကျုပ် ဒီနေရာကို ရောက်လာတာ မကြာသေးပေမယ့် အရာအားလုံးရဲ့ ဖြစ်တည်ပြောင်းလဲမှုတွေကို သိမြင်နိုင်တယ် ၊ တကယ်တော့ ဒီနေရာက တန်ခိုးစွမ်းအားကင်းလွတ်တဲ့ နေရာတစ်ခုဖြစ်ရုံတင်မကဘူး ရုပ်ဝတ္ထုဖြစ်တည်မှုတစ်ခုနဲ့ ဆင်တူနေတယ်…"
ဆန်းလျန် လေ့လာခဲ့သည့် ယိလမ်းစဉ်သည် အရားအလုံးကို ပြောင်းလဲနိုင်ခြင်း မရှိပေ။
သို့သော်… ယိလမ်းစဉ်ကို အသုံးပြုကာ တွက်ချက်မှုများပြုလုပ်ရာတွင် ဆန်းလျန်ကိုမီသည့် ကျင့်ကြံသူ တစ်ယောက်မှမရှိပေ။ ထို့ကြောင့် သူက ကမ္ဘာမြေအကြောင်းကို ကျောက်ရှောင်ယွီထက်ပိုပြီး နက်နက်ရှိုင်းရှိုင်း သိမြင်နိုင်လေသည်။
တန်ခိုးစွမ်းအားကင်းလွတ်ရာ ကမ္ဘမြေတစ်ခုလုံးသည် ဝိညာဉ်စွမ်းအား ပစ္စည်းတစ်ခုအလားဖြစ်ပြီး ခွန်လွန်တောင်ကတော့ ကမ္ဘာမြေတည်ရှိမှုအတွက် အဓိက ထောက်တိုင်ကြီး ဖြစ်လေသည်။
ကြည့်ရသည်မှာ ဤနေရာတွင် နတ်ဘုရားများစွာ၏ အကျွင်းအကျန်များလည်း ရှိနေနိုင်လေသည်။
***