မီလဲ့ကိုယ်တော်
Vol. 9 Ch. 815
တထာဂတဿစည်းတံဆိပ်သည် ဆန်းလျန်ရှိရာသို့ ဖြည်းဖြည်းချင်း ရောက်ရှိလာလေသည်။
ဆန်းလျန်၏ လက်ဖဝါးမှ ထွက်ပေါ်နေသည့်အလင်းတန်းများသည် စည်းတံဆိပ်ကို တားဆီးနိုင်ခြင်း မရှိပေ။
သို့သော်… တထာဂတဿစည်းတံဆိပ်ကို ထိန်းချုပ်နိုင်ခြင်းမရှိသည့်အတွက် ဆန်းလျန်က စိတ်ပူပန်ခြင်း မရှိသည့်အပြင် ပျော်ရွှင်နေဟန်ပင် ရှိလေသည်။
တထာဂတဿစည်းတံဆိပ်ကို ထိန်းချုပ်ရန် ကြိုးစားနေသည့် ဆန်းလျန်၏ပုံစံက အလွန်မှ ကျက်သရေရှိလှသည်။ မိုးကောင်းကင်ထက်မှ ဆင်းသက်လာသည့် ကြိုးကြာငှက်တစ်ကောင်အလား ဖြစ်သည်။
နတ်ဘုရားတစ်ပါး၏ လှပမှုနှင့်ခမ်းနားမှုကို ဆန်းလျန်ထံတွင် တွေ့မြင်ရလေသည်။
ကျောက်ရှောင်ယွီက မကျေမနပ်ဖြင့်….
"ငါ့မှာတော့ ကြိုးကြာငှက်လိုမျိုး ကိုယ်ဟန်အနေအထားရအောင် မနည်းကြိုးစားလိုက်ရတာ ၊ အခုတော့ သူက လေထဲမှာ ကောင်းကင်ဆီမျှော်ကြည့်ပြီး ပျံသန်းနေတဲ့ ကြိုးကြာတစ်ကောင်ကျနေတာပဲ…."
ထိုအချိန်မျာပင် ချောင်ယင်းဂူတွင်ရှိနေသည့် ကွမ်ယင်မယ်တော်နှင့် ဝူခုံးတို့က တစ်ပြိုင်တည်း တုန်လှုပ်သွားမိကြသည်။
သူတို့က အဆင့်မြင့်သည့် ကျင့်ကြံသူများဖြစ်သည့်အတွက် ဆန်းလျန်၏ ပြောင်းလဲသွားမှုကို ချက်ချင်းပင် သတိပြုမိကြလေသည်။
ဆန်းလျန်က ကြိုးကြာငှက်တစ်ကောင်အလား လှပသည့်ကိုယ်ဟန်အမူအရာဖြင့် ကောင်းကင်ထက်သို့ ပျံတက်ကာ တထာဂတဿစည်းတံဆိပ်ကို ဖမ်းယူလိုက်ခြင်းသည် နတ်ဘုရားတစ်ပါး၏ အသရေကို ဖော်ထုတ်ပြသလိုက်ခြင်း ဖြစ်သည်သာမက ဗုဒ္ဓဘာသာတန်ခိုးစွမ်းအားများအားလုံးကို ယှဉ်ပြိုင်နိုင်သည့်ဆိုသည့်သဘောလည်း သက်ရောက်လေသည်။
အမှန်ဆိုလျှင် ဆန်းလျန်ကိုယ်တိုင်သည်က တာအိုဝါဒရော ဗုဒ္ဓဘာသာကျင့်စဉ်များပါ (၂)မျိုးစလုံး ကျင့်ကြံထားခဲ့သူတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။
ဆန်းလျန်၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးပြီး ပြုံးနေလေသည်။ ဆန်းလျန်မှာ အမှန်တကယ်ပင် ပျော်ရွှင်နေဟန်ရှိပြီး ကလေးတစ်ယောက်အလား အပြစ်ကင်းစင်လွန်းနေလေသည်။
တထာဂတဿစည်းတံဆိပ်သည် ဆန်းလျန်၏ လက်ဖဝါးထက်သို့ ဖြည်းဖြည်းချင်း ကျရောက်လာလေသည်။ သို့သော်… ဆန်းလျန်က စည်းတံဆိပ်ကို ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်လေသည်။ ထို့ကြောင့် စည်းတံဆိပ်မှ တန်ခိုးစွမ်းအားများက ဆန်းလျန်ကို ထိခိုက်အောင် လုပ်နိုင်စွမ်းမရှိတော့ပေ။
သံစဉ်တေးသွားက သာယာလွန်းသလို ကြိုးကြာငှက်ကလည်း သန့်စင်လွန်းသည်။
အမှန်တော့ တထာဂတဿစည်းတံဆိပ်ကိုထိန်းချုပ်နိုင်ရန်အတွက် ဆန်းလျန်က သူ၏နတ်ဘုရားစိတ်စွမ်းအားကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ နတ်ဘုရားစိတ်စွမ်းအားကို အသုံးပြုပြီး တိုက်ခိုက်ခြင်းမှာ စစ်မှန်သည့် တိုက်ခိုက်ရေးနည်းစနစ်တစ်ခုဖြစ်သည့်တိုင် ကြောက်မက်ဖွယ်ရာအကောင်းဆုံး ပညာတစ်ခုလည်း ဖြစ်သည်။
ထိုပညာကိုအသုံးပြုရန်အတွက် ဆန်းလျန်၏ စိတ်ဝိညာဉ်အတွင်း ရုန်းကန်လှုပ်ရှားခဲ့ရမှုများကို ပြင်ပမှ အခြားသူများက သိမြင်နိုင်မည် မဟုတ်ပေ။
သတိတစ်ချက်လွတ်ကာ မှားယွင်းသွားပါက ဆန်းလျန်၏ ဝိညာဉ်မှာ တထာဂတဿစည်းတံဆိပ်ထဲတွင် ထာဝရ ပိတ်လှောင်ခံရမည် ဖြစ်လေသည်။
ကျောက်ရှောင်ယွီက ဆန်းလျန် တထာဂတဿစည်းတံဆိပ်ကို အဆုံးထိ ထိန်းချုပ်နိုင်မည်လား မထိန်းချုပ်နိုင်မည်လားကို မစောင့်တော့ပေ။
သူမက လျန်ယိမြူခိုးသံလိုက်တန်ခိုးစွမ်းအားကိုအသုံးပြုကာ ဝက်ဝံသခင်ကို တိုက်ခိုက်လိုက်လေသည်။
ဝက်ဝံသခင်က ကျောက်ရှောင်ယွီက သူ့ကို တိုက်ခိုက်တော့မည်ကို သိလိုက်သည်နှင့် လျှပ်တပြက်ပင် ရှောင်တိမ်းလိုက်သည်။
သို့သော်… ကျောက်ရှောင်ယွီက ဝက်ဝံသခင်ကို အလွတ်မပေးဘဲ ထိုက်ချင်အလင်းတန်းများဖြင့် လေးဘက်လေးတန်မှ ပိတ်ဆို့ထားလိုက်သည်။
သို့သော်… ဝက်ဝံသခင်က ကိုယ်ကိုတစ်ပတ်လှည့်လိုက်ပြီး သဲလွန်စမကျန် ထွက်ပြေးပျောက်ကွယ်သွားလေတော့သည်။
ကျောက်ရှောင်ယွီလည်း မည်သို့မှ မတတ်နိုင်တော့ဘဲ သက်ပြင်းတစ်ချက်သာ ချလိုက်နိုင်လေသည်။
ဝက်ဝံသခင်ဆိုသူသည် ပြိုင်ဘက်ကင်း သဘာဝလွန်စွမ်းအားများကိုပိုင်ဆိုင်ထားပြီး မည်သည့်အချိန်တွင် တိုက်ခိုက်ရမည် ၊ မည်သည့်အချိန်တွင် ပြန်လည်ဆုတ်ခွာရမည်ကို ရှင်းရှင်းလင်းလင်းသိသူဖြစ်သည်။ အင်မတန်မှ အန္တရယ်များသည့် ရန်သူတစ်ယောက်ပင်။
ထို့နောက်… ဆန်းလျန်နှင့် ဝက်ဝံသခင် အပြင်းအထန်တိုက်ခိုက်ခဲ့ကြရာ နှင်းလွင်ပြင်ကြီးသည် တိုက်ပွဲဖြစ်ခဲ့သည့် အစအနပင် တစ်ချက်မကျန်အောင် နဂိုအတိုင်း ပြန်ဖြစ်သွားလေသည်။
ဆန်းလျန်၏ လက်ဖဝါးထက်မှ တထာဂတဿစည်းတံဆိပ်က တဖျတ်ဖျတ်တုန်လှုပ်နေသည်။
ဆန်းလျန်က သူ၏ မြင့်မားသောတန်ခိုးစွမ်းအားများအသုံးပြုကာ "ဝမ့်" စကြာသင်္ကေတပုံသဏ္ဍန် တထာဂတဿစည်းတံဆိပ်ကို ငြိမ်သက်သွားအောင် ဖိနှိပ်ထားလိုက်လေသည်။
ကျောက်ရှောင်ယွီက ဆန်းလျန်အနားသို့ရောက်လာပြီး ဆန်းလျန်ကို ကြည့်ကာ တစ်ချက်ပြုံးပြလိုက်ရင်း…
"တထာဂတဿစည်းတံဆိပ်ကတောင် ရှင့်ရဲ့မူလဝိညာဉ်ခန္ဓာကို ထိခိုက်အောင် မလုပ်နိုင်ပါလား…"
ဆန်းလျန်က ဝက်ဝံသခင်ပျောက်ကွယ်သွားသည့်နေရာသို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး…
"မင်း တစ်ခု မှတ်ထားပါ ၊ နောက်ပိုင်း ဝက်ဝံနဲ့ရင်ဆိုင်ရရင် တစ်ယောက်တည်း ရင်မဆိုင်ပါနဲ့ ၊ တတ်နိုင်သမျှ လွတ်အောင်ပြေး ၊ ဒါမှမဟုတ် ကျုပ်ကိုလာရှာပါ…"
ကျောက်ရှောင်ယွီက…
"သူ ဘယ်လောက်ပဲ အစွမ်းထက်ထက် ရှင်နဲ့ ကျွန်မတို့ကိုတော့ မနိုင်လောက်ပါဘူး…"
ဆန်းလျန်က…
"ဒါပေမဲ့ အဲဒီကောင်က ဒီနေ့တိုက်ပွဲမှာ သူ့ရဲ့တန်ခိုးစွမ်းအား အကုန်လုံးကို သုံးသွားတာ မဟုတ်သေးဘူး ၊ သူ့ရဲ့ ထိပ်တန်းတန်ခိုးစွမ်းအားတွေထဲက နည်းနည်းလောက်ကိုပဲ အသုံးပြုသွားတာ ၊ သူ့ရဲ့တန်ခိုးစွမ်းအားတွေက အရမ်းနက်ရှိုင်းလွန်းတယ်…"
ဆန်းလျန်ခန့်မှန်းလျှင် မမှားနိုင်ကြောင်း ကျောက်ရှောင်ယွီက ကောင်းကောင်းသိလေသည်။
ထို့ကြောင့် သူမက ဆန်းလျန်၏ စကားများကို မှတ်သားထားလိုက်သည်။ တကယ်ဆိုလျှင် သူမအနေဖြင့် ဝက်ဝံသခင်ဆိုသူကို လုံး၀ နားလည်နိုင်ခြင်း မရှိပေ။ ထို့ပြင် ဝက်ဝံသခင် မည်သူဖြစ်သည်ကိုလည်း သူမ တိတိကျကျ သိရှိခြင်း မရှိပေ။
ဆန်းလျန်က ဝက်ဝံသခင်နှင့်တိုက်ခိုက်ခဲ့သည့် နှင်းလွင်ပြင်တွင် ကြာကြာမနေသင့်ကြောင်း တွေးလိုက်မိသည်။
သူက ကျောက်ရှောင်ယွီနှင့် ဟယ်ရှန်းတို့၏ လက်ကိုကိုင်ကာ ကောင်းကင်ထက်သို့ ခုန်တက်လိုက်လေသည်။ ကောင်းကင်ထက်တွင် လူ (၃)ယောက်၏ပုံရိပ်သည် ပျောက်ကွယ်သွားပြီး သူတို့ မည်သည့်နေရာသို့ ထွက်ခွာသွားသည်ကို မည်သူမှ မသိနိုင်ပေ။
……………
မရှိမှုကျေးရွာ ၊ အနောက်ဘက်ကောင်းကင်ဘုံ…။
ထိုနေရာတွင် လင်စန်းတောင် တည်ရှိလေသည်။
လောကတွင် လင်စန်းတောင်ကို မသိသူ မရှိပေ။ သို့သော်… ရောက်အောင်လာနိုင်ရန်ကား ခဲယဉ်းလေ၏။
ထို့ပြင် လင်စန်းတောင်သည် အတိတ်နှင့်အနာဂတ်ဆိုသော အချိန်အပိုင်းအခြားတစ်ခုလုံးတွင် ထူးဆန်းပြီး နက်ရှိုင်းသည့် နေရာတစ်ခုဖြစ်သည်။ ထို့ကြောင့်လည်း လင်စန်းတောင် (ဝိညာဉ်တောင်) ဟု ခေါ်ဆိုခြင်း ဖြစ်လေသည်။
တစ်ချိန်ကတော့…
လင်စန်းတောင်တွင် ဗုဒ္ဓကိုယ်တော်တိုင် သီတင်းသုံးခဲ့လေသည်။
ထို့ပြင်… ဗောဓိသကျများ ၊ ကျူဖူကိုယ်တော်များ ၊ လော်ဟန်ကိုယ်တော်များ များစွာ နေထိုင်ကြသည်။
လင်စန်းတောင်ထက်ရှိ ဗုဒ္ဓသီတင်းသုံးခဲ့ရာ ကျောင်းတော်ကြီးမှာ တာ့လေယင်းကျောင်းတော်ကြီး ဖြစ်သည်။
သို့သော်….
ယခုတော့ တာလေယင်းကျောင်းတော်ကြီးတွင်ပင့်ကူအိမ်များဖြင့် ပြည့်နေပြီး လော်ဟန်ကိုယ်တော်အပါး (၅၀၀) လည်း မရှိတော့သလို ကျူဖူကိုယ်တော် အပါး (၃၀၀၀)သည်လည်း ပျောက်ကွယ်သွားကြပြီ ဖြစ်သ်ည။
တာ့လေယင်းကျောင်းတော်၏ တရားဟောရာခန်းမဆောင်မှာလည်း ရှင်းလင်းလျှက်ရှိသည်။
ထိုအချိန်မှာပင်…
အဖြူရောင်ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ယောက် တာ့လေယင်းကျောင်းတော်သို့ ရောက်ရှိလာလေသည်။
သူမသည် လူသူမရှိ တိတ်ဆိတ်ခြောက်ကပ်နေသည့် တာ့လေယင်းကျောင်းတော်ကြီးကို တွေ့မြင်လိုက်ရသည့်အခါ ဒေါသထွက်သွားဟန်ဖြင့် မျက်နှာထားက ချက်ချင်း တင်းမာခက်ထန်သွားသည်။
ထိုမိန်းမပျိုသည်ကား …. တာအိုဆရာလီချင်းဆွေပင် ဖြစ်လေသည်။
တာအိုဆရာလီချင်းဆွေသည် ခန်းမကြီးအတွင်းသို့ ခြေတစ်လှမ်းချင်းလှမ်းကာ ဝင်ရောက်လာလေသည်။ ခန်းမထဲတွင် အလင်းရောင်အနည်း လင်းနေသည်။
ထိုအချိန်… ခန်းမကြီး၏ ဝင်ပေါက်တံခါးဝတွင် ခပ်၀၀ ဘုန်းတော်ကြီးတစ်ပါးပေါ်လာလေသည်။
ဘုန်းတော်ကြီး၏မျက်နှာကပြုံးနေပြီး မျက်ဝန်းများက ကရုဏာတရားများဖြင့် ပြည့်နက်နေလေသည်။ သူ၏ ဝမ်းဗိုက်ကြီးကတော့ ပြောင်တင်းပြီးပူနေလေသည်။ သင်္ကန်းဖြင့်ပင် ဖုံးထား၍မရနိုင်ပေ။
ဗိုက်ပူဘုန်းတော်ကြီးကိုတွေ့ရသည့်အတွက် လီချင်းဆွေက အံ့သြသွားခြင်း မရှိပေ။
"မီလဲ့ကိုယ်တော် ၊ မင်းတစ်ယောက်တည်းနဲ့ ငါ့ကိုတားဆီးနိုင်မယ်ထင်လို့လား…"
မီလဲ့ကိုယ်တော်ကို အချို့သူများက ဘုရားလောင်းဟု သတ်မှတ်ထားကြသည်။ သူ၏အဆင့်က လင်စန်းတောင်မှ ထိပ်တန်းဗောဓိသကျ (၄)ပါး၏ အထက်တွင်ရှိသည်။
မီလဲ့ကိုယ်တော်က ပြုံးလိုက်ရင်း…
"လင်စန်းတောင်မှာ ဘာမှ မရှိတော့ပါဘူး ၊ တာအိုဆရာချင်းဆွေ ဘာလာလုပ်တာလဲ…"
လီချင်းဆွေက…
"ဟုတ်တယ်… ၊ လင်စန်းတောင်မှာ ဘာမှ မရှိပါဘူး ၊ ဒါပေမဲ့ နှလုံးသားမီးအိမ်တော့ ရှိနေတယ် မဟုတ်လား ၊ နှလုံးသားမီးအိမ်ကို ငါ့ကိုပေးမယ်ဆိုရင် ငါ… ချက်ချင်းထွက်သွားမယ်…"
မီလဲ့ကိုယ်တော်က…
"တာအိုဆရာသခင်ထိုက်ယီကိုယ်တိုင်လာတောင်းမယ်ဆိုရင်တောင် နှလုံးသားမီးအိမ်ကို မပေးနိုင်ပါဘူး ၊ ဒါကြောင့် မင်း… ပြန်ပါတော့…"
လီချင်းဆွေက…
"တကယ်လား ၊ တာအိုဆရာသခင်ထိုက်ယီကိုယ်တိုင်လာရင်တောင် မင်းက နှလုံးသားမီးအိမ်ကို ထုတ်မပေးဘူးလား…"
မီလဲ့ကိုယ်တော်က ပြုံးလိုက်ရင်း…
"ဘာပဲဖြစ်ဖြစ် မင်းကတော့ တာအိုဆရာသခင်ထိုက်ယီမှာ မဟုတ်တာ…"
လီချင်းဆွေက နှုတ်ခမ်းကို တစ်ချက်ကိုက်လိုက်ပြီး…
"သူလုပ်နိုင်တဲ့အရာမှန်သမျှ ငါလည်းလုပ်နိုင်တယ်…"
မီလဲ့ကိုယ်တော်က နူးညံ့သိမ်မွေ့သည့်လေသံဖြင့်…
"တာအိုဆရာချင်းဆွေ… ပြန်ပါတော့…"
မီလဲ့ကိုယ်တော် စကားတစ်ခွန်းကို (၂)ခါပြောနေခြင်းမှာ ရောက်လာသူသည် တာအိုဆရာလီချင်းဆွေ ဖြစ်နေသောကြောင့် ဖြစ်လေသည်။
အခြားသူဆိုလျှင် သူက ထိုမျှ ရှည်ရှည်ဝေးဝေးပြောနေမည်မဟုတ်ဘဲ တိုက်ခိုက်မောင်းထုတ်လိုက်မည် ဖြစ်သည်။
"မိုးနှင့်မြေ ၊ အတိတ်နှင့်အနာဂတ် ၊ လောကတစ်ခုလုံးရှိ လူသားများအားလုံးအလယ်တွင် 'ချင်းဆွေ' ဆိုသည်က တစ်ယောက်တည်းရှိသည်…"
ဆိုသည့်စကားသည် တာအိုဆရာသခင်ထိုက်ယီပြောခဲ့သည့် စကားဖြစ်သည်။
ထိုစကားကို မည်သူမှ အလေးအနက်မထားဘဲ မနေရဲချေ။ ထိုစကားကြောင့်ပင် အားလုံးက လီချင်းဆွေကို လေးလေးစားစား ဆက်ဆံကြခြင်း ဖြစ်လေသည်။
လီချင်းဆွေက…
"နှလုံးသားမီးအိမ်ကို ထုတ်ပေးပါ…"
မီလဲ့ကိုယ်တော်က ခေါင်းကို ခါယမ်းလိုက်သည်။
လောကတွင် 'ချင်းဆွေ' ဆိုသည်က တစ်ယောက်တည်းရှိသူဆိုလျှင် နှလုံးသားမီးအိမ်ကလည်း တစ်ခုတည်းရှိသည့်အရာ ဖြစ်လေသည်။
မီလဲ့ကိုယ်တော်က လက်အုပ်ချီလိုက်လေရာ သူ၏နောက်ကျောဘက်ဆီမှ လက် (၇)ဖက် ထွက်ပေါ်လာသည်။ မူလ လက် (၂)ဖက်နှင့်ပေါင်းလိုက်သည့်အခါ စုစုပေါင်း လက်(၉)ဖက် ဖြစ်သွားလေသည်။
လက် (၉)ဖက်သည် အရပ် (၄)မျက်နှာကို ထိန်းချုပ်ထားလိုက်ပြီး တာအိုဆရာလီချင်းဆွေကို ပြေးပေါက်မရှိအောင် ပိတ်ဆို့ထားလိုက်သည်။
မီလဲ့ကိုယ်တော်အသုံးပြုလိုက်သည့်တန်ခိုးစွမ်းအားမှာ 'အနတ္တမုဒြာ' ဆိုသည့် တန်ခိုးစွမ်းအားဖြစ်သည်။ ထိုတန်ခိုးစွမ်းအားထဲတွင် မီလဲ့ကိုယ်တော်ကျင့်ကြံထားသည့် အသိဉာဏ်ပညာများအားလုံး ပါဝင်လေသည်။
အနတ္တမုဒြာ၏ နောက်ထပ်အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုမှာ တထာဂတဿပင် ဖြစ်လေသည်။ ထို့ကြောင့် အနတ္တမုဒြာတန်ခိုးစွမ်းအားတွင် ဗုဒ္ဓဘာသာ၏ အသိပညာများကို တွေ့မြင်နိုင်သည်။
ထိုသို့သော အသိဉာဏ်ပညာမြင့်မားမှုနှင့် တန်ခိုးစွမ်းအားထက်မြက်မှုများကြောင့် မီလဲ့ကိုယ်တော်သည် ဗောဓိသကျ (၄)ပါးကို ကျော်လွန်ကာ ဗုဒ္ဓ၏အမွေကိုဆက်ခံသူဖြစ်လာခဲ့ခြင်း ဖြစ်လေသည်။
………….
ကျောက်ရှောင်ယွီက…
"ဆန်းလျန် ၊ ဝိညာဉ်စွမ်းအားကျင့်စဉ်နဲ့ပတ်သက်ပြီး ရှင့်ကို တစ်ခုလောက် မေးချင်လို့…"
ဆန်းလျန်က…
"မေးလေ…"
ကျောက်ရှောင်ယွီက…
"ကျွန်မ ထိုက်ချင်တာအိုကျမ်းကို ကျင့်ကြံခဲ့တယ် ၊ အဲဒီကျမ်းထဲမှာ 'မရှိမှု' ဆိုတဲ့အကြောင်းကို ခဏခဏ ဖော်ပြထားတာ တွေ့ရတယ် ၊ ဥပမာပြောရရင် ဆန်းလျန်ရာ… အမည်မရှိ ၊ အစမရှိ ၊ အဆုံးမရှိ ၊ အကန့်အသတ်မရှိဆိုတဲ့ အရာမျိုးတွေ့ပေါ့ ၊ အဲဒါတွေက ကျွန်မ အရင်တုန်းက လေ့ကျင့်ခဲ့ဖူးတဲ့ ဝူရှန်သိုင်းကွက်မှာ ဖော်ပြထားတဲ့ 'အနတ္တတရား' ဆိုတာနဲ့ သွားတူနေသလိုပဲ ၊ ဒါပေမဲ့ သေသေချာချာ စဉ်းစားကြည့်ပြန်တော့လည်း မတူနေပြန်ဘူး ၊ ရှင်များ ကျွန်မကို အဲဒီအကြောင်း ရှင်းပြနိုင်မလားလို့…"
ဆန်းလျန်က အချိန်အတော်ကြာအောင် စဉ်းစားနေပြီးမှ…
"မင်းကျင့်ကြံခဲ့တဲ့ ဝူရှန်သိုင်းကွက်က ဗုဒ္ဓဘာသာကျင့်စဉ်လေ ၊ ထိုက်ချင်တာအိုကျမ်းကတော့ တာအိုကျင့်စဉ် ၊ ဗုဒ္ဓဘာသာရဲ့အနတ္တတရားနဲ့ တာအိုဝါဒရဲ့ မရှိမှုတရားဆိုတာက တကယ်တမ်းမှာ မတူညီဘူး ၊ အနတ္တတရားဆိုတာ လော်ဝါဒကိုတည်ထောင်သူဆရာသခင်ပြောခဲ့တဲ့ အနတ္တတရားနဲ့ အတူတူပါပဲ ၊ ဒါပေမဲ့ လော်ဝါဒကိုတည်ထောင်သူဆရာသခင်ထက် အရင်စောပြီး အနတ္တတရားကို သိမြင်ခဲ့တဲ့သူက မီလဲ့ကိုယ်တော်ပါပဲ ၊ ကျုပ် အခု ကျင့်စဉ်လမ်းအဆင့်မြင့်လာလေလေ မီလဲ့ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို သဘောပေါက်လာလေပဲ ၊ သူက အနတ္တတရားကိုအသုံးပြုပြီး အနတ္တမုဒြာတန်ခိုးစွမ်းအားကိုတောင် တီထွင်နိုင်ခဲ့တယ် ၊ သူ့အဆင့်က ဟွင့်ယွမ်ဝူကျီအဆင့်ကိုရောက်နေပြီ ၊ တကယ့်ကို ဗုဒ္ဓရဲ့ခြေရာကို နင်းနိုင်တဲ့ တပည့်တော်တစ်ယောက်ပါပဲ…"
***