← Chapters

ဒဏ္ဍာရီထဲကတာအိုဆရာသခင်ထိုက်ယီ

Vol. 9 Ch. 821

ဒဏ္ဍာရီထဲကတာအိုဆရာသခင်ထိုက်ယီ

Vol. 9 Ch. 821

ရွှမ်တု ၊ ကွမ်ယင်မယ်တော် ၊ ကျန့်ယွမ်ကျီနတ်မင်းကြီးနှင့် ဝူခုံးတို့၏ တိုက်ပွဲတွင် အဓိက တိုက်ခိုက်နေသူမှာ ဝူခုံးတစ်ယောက်သာ ဖြစ်လေသည်။

ကွမ်ယင်မယ်တော်၏ မိုးမခပန်းအိုးထဲမှ စန်းကွမ်းနတ်ရေစင်က ရွှမ်တုကို စိတ်အာရုံပျံ့လွင့်အောင် လုပ်နေခြင်းသာဖြစ်ပြီး တိတိပပ တိုက်ခိုက်ခြင်းမျိုး မရှိပေ။

ကျန့်ယွမ်ကျီနတ်မင်းကြီး၏ လူသားပုံသဏ္ဍန်ဂျင်ဆင်းဆေးပင်ကတော့ တိုက်ခိုက်လိုက် ခုခံကာကွယ်လိုက် ပြုလုပ်နေလေသည်။

တကယ်တမ်း ရွှမ်တုတောက်ကျွင်းနှင့် သူသေကိုယ်သေတိုက်ခိုက်နေသူကတော့ မျောက်ဘုရင်စွန်းဝူခုံးသာလျှင် ဖြစ်လေ၏။

ဝူခုံးက ကွမ်ယင်မယ်တော်နှင့် ကျန့်ယွမ်ကျီနတ်မင်းကြီးတို့ထက် တန်ခိုးစွမ်းအား မြင့်မားသူ မဟုတ်ပေ။ သို့သော်… တိုက်ခိုက်သည့်နေရာတွင်တော့ အတော်ဆုံး ဖြစ်လေသည်။

ထို့ပြင် မျောက်မင်း၏ သံတုတ်အစွမ်းကိုလည်း လျှော့တွက်၍မရပေ။

မျောက်မင်း၏ သံတုတ်သည် နဂါးဧကရာဇ်တာ့ယွီပြုလုပ်ထားသည့် တင့်ဟိုင်စန်းကျန်းနတ်တုတ်ဟုခေါ်ဆိုသော ပင်လယ်ထောက်တိုင် ဖြစ်လေသည်။ သို့သော်... ဝူခုံးက လက်နက်အဖြစ်အသုံးပြုလိုက်သည့်အခါ ထိပ်တန်းအဆင့် မရဏလက်နက်တစ်ခုဖြစ်လာခဲ့သည်။

သို့သော်... ယခု ဝူခုံးရင်ဆိုင်နေရသည့် ရွှမ်တုတောက်ကျွင်းသည် တင့်ဟိုင်စန်းကျန်းနတ်တုတ်ကို တီထွင်ခဲ့သူ နဂါးဧကရာဇ်တာ့ယွီထက် မသာလျှင်တောင် မလျော့ပေ။

ဝူခုံးနှင့် ရွှမ်တု (၁)ယောက်ချင်းသာ တိုက်ခိုက်ရလျှင် ရွှမ်တုက အနည်းငယ် သာနိုင်ပေသည်။

သို့ရာတွင်... ကွမ်ယင်မယ်တော်နှင့် ကျန့်ယွမ်ကျီနတ်မင်းကြီးက ဝူခုံးကိုကူညီပေးနေသည့်အတွက် ရွှမ်တုအနေဖြင့် တိုက်ခိုက်ရသည်မှာ ထင်သလောက်မလွယ်ကူဘဲ ဖြစ်နေရသည်။

ရွှမ်တု၏ ဝတ်ရုံစများက လေထဲတွင် လွင့်ပျံနေလေသည်။

ကြယ်စင်များကြားတွင် ပုန်းအောင်းနေသည့် ကျောက်ရှောင်ယွီက ကြောက်မက်ဖွယ်ရာတိုက်ပွဲကို ကြည့်ရှုနေဆဲ ဖြစ်လေသည်။

ရွှမ်တုတောက်ကျွင်းအသုံးပြုနေသည့် တန်ခိုးစွမ်းအားများသည် သူမကျင့်ကြံထားသည့် ထိုက်ချင်တာအိုကျမ်းမှ တန်ခိုးစွမ်းအားများနှင့် ဆင်တူသည့်တိုင် ရွှမ်တုက သူမထက် အဆပေါင်းများစွာသာလွန်သည်ကို ကျောက်ရှောင်ယွီ နားလည်သဘောပေါက်လိုက်သည်။

ရွှမ်တုက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေရာ....

အဆုံးမရှိသည့် ကြယ်စင်များကြားတွင် မိုးကြိုးတိမ်တိုက်များ ဖြစ်တည်လာလေသည်။ မိုးကြိုးတိမ်တိုက်များထဲတွင် သန့်စင်သည့်ခရမ်းရောင်အခိုးအငွေ့များထွက်ပေါ်နေသည်ကို မြင်တွေ့လိုက်ကြရသည်။

ထိုတန်ခိုးစွမ်းအားမှာ ထိပ်တန်းအဆင့် ခရမ်းရောင်ကိုးဆင့် တန်ခိုးစွမ်းအားဖြစ်လေသည်။

ရွှမ်တုက လက်တစ်ဖက်ကို ထပ်မံဝှေ့ယမ်းလိုက်သည်နှင့် ခရမ်းရောင်လျှပ်စီးများ လင်းလက်လာပြီး ကွမ်ယင်မယ်တော်၏ စန်းကွမ်းနတ်ရေစင်များမှာ ခရမ်းရောင်မိုးကြိုးပင်လယ်ကြီးအဖြစ် ကူးပြောင်းသွားလေသည်။

တစ်ချိန်တည်းမှာပင်...

ဝူခုံးမှာ ခရမ်းရောင်မိုးကြိုးပင်လယ်ထဲသို့ နစ်မြုသွားလေတော့သည်။

ခရမ်းရောင်ကိုးဆင့်တန်ခိုးစွမ်းအားကို အသုံးပြုပြီးသည်နှင့် ရွှမ်တု၏မျက်နှာ ဖြူဖပ်ဖြူလျော်ဖြစ်သွားလေသည်။ ထိုတန်ခိုးစွမ်းအားကို အသုံးပြုရသည်မှာ သူ့အတွက် မလွယ်ကူလှကြောင်း သိသာလှသည်။

ဝူခုံးမှာ ခရမ်းရောင်မိုးကြိုးပင်လယ်ထဲတွင် နစ်မြုပ်နေပြီး လက်ကိုမြှောက်ကာ သံတုတ်ကို ဝှေ့ယမ်းနေလေသည်။ သူ၏ ရွှေရောင်အမွှေးများမှာ ထောင်နေပြီး စူးရှစွာ တစ်ချက်အော်ဟစ်လိုက်သည်။

ဝူခုံးတကယ်တမ်း ဒုက္ခရောက်ရပြီဆိုတော့ ကွမ်ယင်မယ်တော်က လျစ်လျူမရှုနိုင်ပေ။

သူမ၏ ခြေဖဝါးအောက်တွင် ကြာပလ္လင်ထွက်ပေါ်လာပြီး သူမက ကြာပလ္လင်ထက်တွင် ထိုင်လိုက်သည်။ ထို့နောက် လက် (၄)ဖက် ထွက်ပေါ်လာလေသည်။

သူမသည် ကျောက်စိမ်းရတနာတစ်ပါးအလား အပြစ်ကင်းစင်ကာ ကျက်သရေရှိလှသည်။

သူမ၏ ရှေ့ဘက်မှ လက် (၂) ဖက် ယှက်နွယ်ထားပြီး လက်များထဲတွင် ဆန္ဒပုလဲကို ကိုင်ဆောင်ထားလေသည်။ အနောက်ဘက်ရှိ လက် (၂)ဖက်ထက်တွင်တော့ ကြည်လင်သောပုတီးတစ်ကုံးနှင့် အဖြူရောင်ကြာပန်းတစ်ပွင့်ကို ကိုင်ဆောင်ထားလေသည်။

သူမ၏ လက်ဟန်များသည် တာအိုဝါဒမှ ခေါင်း (၃)လုံး လက် (၆)ဖက် တန်ခိုးစွမ်းအားထက် များစွာသာလွန်သည်။ ကံတရားအတိုင်း အပြစ်ရှိသူကို အပြစ်ပေးတော့မည် လက်ဟန်များ ဖြစ်လေသည်။

ထို့ပြင် အပြစ်မရှိသူများအတွက် အနာရောဂါများကို ဖယ်ရှားပေးပြီး သန့်စင်ခြင်းနှင့်သက်သာစေခြင်းကို ရည်ညွှန်းလေသည်။

ကံတရားဆိုသည်က တရားမျှတသည့်နတ်ဘုရားတစ်ပါးနှင့်ဆင်တူပြီး ရက်စက်တတ်သလို အခက်အခဲများကိုလည်း ကူညီဖယ်ရှားပေးနိုင်လေသည်။

ထို့ကြောင့် ကွမ်ယင်မယ်တော်၏ လက် (၄)ဖက်မှ အလင်းတန်းများ ထွက်ပေါ်လာသည့်အခါ ခရမ်းရောင်မိုးကြိုးပင်လယ်ထဲတွင် နစ်မြုပ်နေသည့် ဝူခုံးမှာ အနည်းငယ် သက်သာရာ ရသွားလေသည်။

ဝူခုံး၏ ဒဏ်ရာများ သက်သာပျောက်ကင်းသွားပြီး ကံတရားက ဖရိုဖရဲအခြေအနေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့လေသည်။

ကွမ်ယင်မယ်တော်၏ပုံသဏ္ဍန်သည် ကံတရားကိုပိုင်ဆိုးသူတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး သူမထံမှ ကံကြမ္မာအပြစ်ဒဏ်အလင်းတန်းများ ဖြာလင်းထွက်ပေါ်လာကာ ရွှမ်တုတောက်ကျွင်းရှိရာသို့ ဝင်ရောက်သွားလေသည်။

ကွမ်ယင်မယ်တော်၏ တိုက်ခိုက်မှုမျာ မည်သူမှ ထင်မှတ်မထားသည့် တိုက်ခိုက်မှု ဖြစ်လေသည်။ နှစ်ပေါင်းများစွာအတွင်း သူမသည် ထိပ်တန်းအဆင့် ဗောဓိသကျတစ်ပါးအဖြစ် ရပ်တည်ခဲ့သည်မှာ အလကားမဟုတ်ပေ။

ရွှမ်တုသည် ကွမ်ယင်မယ်တော်ထံမှ ထွက်ပေါ်လာသည့် ကံကြမ္မအပြစ်ဒဏ်အလင်းတန်းများကို ပေါ့ပေါ့တန်တန် သဘောမထားရဲပေ။

ထိုအချိန်မှာပင်…

ရွှမ်တု၏ တာအိုခန္ဓာမှ ကိုယ်ခွဲတစ်ခု ခွဲထွက်သွားလေသည်။

ထိုကိုယ်ခွဲသည် ရွှမ်တုနှင့် ခွဲမရအောင်ဆင်တူသော်လည်း သူ၏လက်ထဲတွင် ကျောက်စိမ်းကျိုင်းတံတစ်ချောင်းကို ကိုင်ဆောင်ထားသည်။

ကျောက်စိမ်းကျိုင်းတံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များထွက်ပေါ်နေပြီး စကြာဝဠာတစ်ခုလုံးကို ထိုးဖောက်တော့မည့်အလား ထင်မှတ်ရသည်။

ကျောက်စိမ်းကျိုင်းတံက ကွမ်ယင်မယ်တော်၏ ကံကြမ္မာအပြစ်ဒဏ်အလင်းတန်းများကို ပိတ်ဆို့တားဆီးထားလိုက်လေသည်။

ကွမ်ယင်မယ်တော် မည်သို့မှ မတတ်နိုင်တော့ဘဲ ကျန့်ယွမ်ကျီနတ်မင်းကြီးကို လှမ်းပြောလိုက်သည်။

"ကျန့်ယွမ်ကျီနတ်မင်းကြီး ၊ မတိုက်ခိုက်ဘဲ မနေပါနဲ့တော့ ၊ သူက ပြိုင်ဘက်ကင်း ယိချီစန်းချင်ကျင့်စဉ်ကို ကျင့်ကြံထားတာ…"

ယိချီစန်းချင်ကျင့်စဉ်မှာ ထိုက်စန့်လောင်ကျွင်းတီထွင်ထားခဲ့သည့် အမြင့်ဆုံးသော ကျင့်စဉ် (၁)ခု ဖြစ်လေသည်။ ထိုကျင့်စဉ်ကို ကျင့်ကြံလိုက်သည်နှင့် ကိုယ်ခွဲ(၃)ခု ရရှိမည် ဖြစ်လေသည်။ ကိုယ်ခွဲ (၃)ခုသည် မတူညီသည့် စွမ်းအား (၃)မျိုးကို ပိုင်ဆိုင်မည် ဖြစ်သည်။

ယိချီဆိုသည်မှာ ဝိညာဉ်တစ်ခုဆိုသည့်အဓိပ္ပါယ်ဖြစ်ပြီး စန်းချင်ဆိုသည်မှာ စန်းချင်တာအိုဆရာသခင်ကြီး (၃)ပါးဖြစ်သည့် ထိုက်ချင် ၊ စန့်ချင် ၊ ယွိချင် တို့ကို ရည်ညွှန်းလေသည်။

ထို့ကြောင့် ယိချီစန်းချင်ပညာကို ကျင့်ကြံအေင်မြင်သွားလျှင် ထိုက်ချင် ၊ စန့်ချင် ၊ ယွိချင် ဆိုသည့် တာအိုဆရာသခင်ကြီး (၃)ပါး၏ တန်ခိုးစွမ်းအား (၃)ခုကို ပိုင်ဆိုင်သည့် ကိုယ်ခွဲ (၃)ခု ထွက်ပေါ်လာမည် ဖြစ်လေသည်။

လောလောဆယ်တွင် ရွှမ်တုသည် ယိချီစန်းချင်းတန်ခိုးစွမ်းအားကို အောင်မြင်အောင် ကျင့်ကြံနိုင်ခြင်း မရှိသေးပေ။ သို့သော်… ကျင့်ကြံအောင်မြင်သွားပါက လောကတွင် သူ့ကို နှိမ်နင်းနိုင်သူ တစ်ယောက်မှ ရှိတော့မည် မဟုတ်ပေ။

ယိချီစန်းချင်းကျင့်စဉ်ကဲ့သို့ ကြောက်မက်ဖွယ်ရာကျင့်စဉ်မျိုးကို တာအိုဆရာသခင်ကြီးများသာလျှင် တီထွင်နိုင်မည် ဖြစ်လေသည်။

ကျောက်စိမ်းကျိုင်းတံကိုကိုင်ဆောင်ထားသည့် ရွှမ်တု၏ ကိုယ်ခွဲမှာ စန့်ချင်တာအိုဆရာသခင်ကို ကိုယ်စားပြုသည့် စန့်ချင်ကိုယ်ခွဲ ဖြစ်လေသည်။ စန့်ချင်ကိုယ်ခွဲကိုင်ဆောင်ထားသည့် ကျောက်စိမ်းကျိုင်းတံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပြင်းထန်စွာထွက်ပေါ်လာပြီး ကွမ်ယင်မယ်တော်၏ မျက်နှာသည်ပင် ဖြူဖပ်ဖြူလျော် ဖြစ်သွားရသည်။

ကွမ်ယင်မယ်တော်က မိုးမခပန်းအိုးထဲမှ မိုးမခခက်ကိုအသုံးပြုကာ စန့်ချင်ကိုယ်ခွဲကို တိုက်ခိုက်လိုက်သော်လည်း အရာရောက်ခြင်း မရှိပေ။

လူသားပုံသဏ္ဍန်ဂျင်ဆင်းသစ်ပင်ပေါ်တွင်ထိုင်နေသည့် ကျန့်ယွမ်ကျီနတ်မင်းကြီးက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်လေသည်။

ထို့နောက် သူ၏ အင်္ကျီလက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေရာ ဝိဇ္ဇာအင်္ကျီလက်တန်ခိုးစွမ်းအား ထွက်ပေါ်လာပြီး ရွှမ်တု၏ ခရမ်းရောင်မိုးကြိုးလျှပ်စီးတန်ခိုးစွမ်အားများအားလုံးကို စုပ်ယပစ်လိုက်သည်။

ဝိဇ္ဇာအင်္ကျီလက်အတွင်းမှ မိုးခြိမ်းသံများထွက်ပေါ်လာလေသည်။ သို့သော်… အင်္ကျီလက်က ပျက်စီးသွားခြင်း မရှိပေ။

ရွှမ်တုက ကျန့်ယွမ်ကျီနတ်မင်းကြီးကို လှမ်းကြည့်လိုက်သည်။

"နတ်ကြီး… နတ်ကြီးရဲ့ တန်ခိုးစွမ်းအားတွေက တော်တော်နက်ရှိုင်းတာပဲ ၊ စကြာဝဠာတစ်ခွင် နာမည်ကျော်ကြားနေတာ မအံ့သြတော့ပါဘူး…"

ဝူခုံးက ခရမ်းရောင်မိုးကြိုးပင်လယ်မှ လွတ်မြောက်သွားသည်နှင့် လူသားပုံသဏ္ဍန်ဂျင်ဆင်းသစ်ပင်ပေါ်သို့ ခုန်တက်လိုက်ကာ သွေးရောင်လွှမ်းသည့် မျက်ဝန်းများဖြင့် ရွှမ်တုတောက်ကျွင်းကို စိုက်ကြည့်နေလေသည်။

ကျန့်ယွမ်ကျီနတ်မင်းကြီးဆိုသည်က ဝမ်ရှို့တောင် ၊ ဝူကျွမ်းကျောင်းတော်၏ အရှင်သခင်ဖြစ်ပြီး  လောကနတ်ဘုရားများ၏ ဘိုးဘေးဟု ကျော်ကြားသူဖြစ်သည်။ လောကနတ်ဘုရားများ၏ ဧကရာဇ်ဟုလည်း သူ့ကို ခေါ်ဆိုလေ့ရှိကြသည်။

သူ၏သက်တမ်းသည် စန့်ချင်တာအိုဆရာသခင်နှင့် အတူတူပင်ဖြစ်ပြီး မိုးနတ်မင်းရှိစဉ်ကပင် သူ့ကို မလေးမစားမလုပ်ရဲပေ။

ကျန့်ယွမ်ကျီနတ်မင်းကြီးက…

"ရွှမ်တု… တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်မလာဘူးဆိုရင် မင်းဟာ ဘာကောင်မှ မဟုတ်ပါဘူးကွာ ၊ မင်း ဘယ်လောက်ပဲ တန်ခိုးစွမ်းအား မြင့်မားပါစေ နောက်ဆုံးမှာ မီးခိုးလုံးလို လွင့်ပြယ်ပျောက်ကွယ်သွားရမှာပဲ ၊ ကျုပ် ကျန့်ယွမ်ကျီ အချိန်အကြာကြီး အသက်ရှင်နေထိုင်ခဲ့ပြီးပြီ ၊ ခုချိန်ထိ တာ့လော်အဆင့်မှာ တဝဲလည်လည်ဖြစ်နေတာ စိတ်မကောင်း စရာပါပဲ…"

ရွှမ်တုက အော်ဟစ်ရယ်မောလိုက်ရင်း…

"အလကားစကားတွေ လာပြောမနေနဲ့…"

ထို့နောက် သူ၏ ခန္ဓာကိုယ်မှာ နောက်ထပ်ကိုယ်ခွဲတစ်ခု ထွက်ပေါ်လာပြန်လေသည်။

ထိုကိုယ်ခွဲကတော့ ပုတီးတစ်ကုံးကို ကိုင်ဆောင်ထားပြီး မျက်နှာက တည်ကြည်လေးနက်နေလေသည်။ ထိုကိုယ်ခွဲမှာ ယွိချင်တာအိုဆရာသခင်ကို ကိုယ်စားပြုလေသည်။

ယွိချင်ကိုယ်ခွဲခန္ဓာက လူသားပုံသဏ္ဍန်ဂျင်ဆင်းသစ်ပင်အနားသို့ ချဉ်းကပ်လာသည့်အခါ သစ်ပင်ထက်မှ လူသားပုံသဏ္ဍန် သစ်သီးများ တဖြုတ်ဖြုတ်ကျွေကျကုန်ပြီး စကြာဝဠာထဲတွင် ပျောက်ကွယ်သွားကြလေသည်။

ယွိချင်ကိုယ်ခွဲက နှစ်တစ်သောင်းဂျင်ဆင်းပင်ကိုပင် ပျက်ဆီးစေခဲ့သည်။

ကျန့်ယွမ်ကျီက ပြန်လည်တိုက်ခိုက်ခြင်းမရှိသည့်အတွက် ရွှမ်တု အနည်းငယ် မကျေမနပ်ဖြစ်သွားမိသည်။ သူက အစကတည်းက ကျန့်ယွမ်ကျီနတ်မင်းကြီးကို မနာလိုဖြစ်နေခဲ့သူ မဟုတ်ပါလား။

သူက ထိုက်ချိယင်ယန်ပန်းချီကားကို အသုံးပြုကာ ဟွင့်ယွမ်ဝူကျီအဆင့်သို့ တက်လှမ်းခဲ့ခြင်း ဖြစ်သည့်အတွက် အားနည်းချက် အနည်းငယ်ရှိလေသည်။ ထို့ကြောင့် ယိချီစန်းချင်ကျင့်စဉ်ကို အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့ခြင်း မရှိပေ။

ထို့ကြောင့်… စန့်ချင်ကိုယ်ခွဲနှင့် ယွိချင်ကိုယ်ခွဲကို ဖန်ဆင်းနိုင်ခဲ့သည့်တိုင် နောက်ဆုံးကိုယ်ခွဲဖြစ်သည့် ထိုက်ချင်ကိုယ်ခွဲကို ဖန်ဆင်းနိုင်ခဲ့ခြင်း မရှိပေ။

ဝူခုံးသည် အားပြန်ပြည့်လာသည်အထိ ဂျင်ဆင်းသစ်ပင်ထက်တွင် နားနေလေသည်။ သူက ရွှမ်တုကို အနိုင်ယူနိုင်ခြင်းမရှိသည့်တိုင် ကောင်းကောင်း တိုက်ခိုက်နိုင်သေးသည်။

ဝူခုန်းက သံတုတ်ကို စကြာပုံသဏ္ဍန်ဝှေ့ယမ်းလိုက်ပြီး ဂျင်ဆင်းသစ်ပင်ထက်မှ ခုန်ထွက်လိုက်ကာ ရွှမ်တုကို ထပ်မံ တိုက်ခိုက်လိုက်လေသည်။

ရွှမ်တုက ရွှေတံတားတစ်ခုကို ဖန်ဆင်းလိုက်ပြီး ဝူခုံး၏ သံတုတ်ကို တားဆီးထားလိုက်သည်။

မီး ၊ ရေ ၊ လေ များ ရုတ်တရက် ပြင်းထန်စွာ တိုက်ခတ်လာပြီး ချက်ချင်းပင် ပြန်လည် ငြိမ်သက်သွားလေသည်။

ရွှမ်တုက မျက်မှောင်တစ်ချက်ကြုတ်လိုက်သည်။ မျောက်မင်း၏ တန်ခိုးစွမ်အားများသည် ယခင်ကထက်ပင် ပိုပြီး မြင့်မားလာသည်ဟု ထင်မှတ်ရသည်။

သူ ယခင်က မျောက်မင်းနှင့် လုံး၀ တိုက်ခိုက်ခဲ့ဖူးခြင်း မရှိပေ။ ယခု တိုက်ခိုက်ရသည့်အခါတွင်တော့ မျောက်မင်းသည် တိုက်ခိုက်သည့်နေရာတွင် ပါရမီရှင်တစ်ယောက်ဖြစ်သည်ကို သိလိုက်ရသည်။ ရန်သူက မည်သည့်တန်ခိုးစွမ်းအားကို အသုံးပြုပါစေ တန်ပြန်တိုက်ခိုက်မှုကို အမြဲတမ်း ပြုလုပ်နိုင်သူ ဖြစ်လေသည်။

ထို့ပြင် မျောက်မင်းသည် သတ္တိရှိသူတစ်ယောက်ဖြစ်လေသည်။

သတ္တိရှိသောကြောင့်လည်း အတိတ်တစ်ချိန်က မိုးနတ်မင်း၏ ကောင်းကင်ဘုံနန်းတော်ကိုပင် ပြဿနာရှာခဲ့သည်ပဲ မဟုတ်ပါလား။

ထိုအချိန်က မျောက်မင်းသည် ထိုက်ယီထျန်းရှန်းအဆင့်သာ ရှိသေးသည်။ ယခုတော့ မျောက်မင်းသည် ကျင့်စဉ်လမ်းတွင် အဆက်မပြတ် တိုးတက်လာခဲ့ကာ တာ့လော်အဆင့်သို့ပင် တက်ရောက်နိုင်ခဲ့ပြီး စကြာဝဠာအရှင်ကြီးဆိုသည့် ဂုဏ်ပုဒ်ကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်လေသည်။

မျောက်မင်းကို ဗုဒ္ဓက ထိန်းသိမ်းခဲ့ပြီးသည့်နောက် မိုးနတ်မင်း၏ ကောင်းကင်ဘုံနန်းတော်ကို ပြဿနာရှာရဲသူ တစ်ယောက်မှ ထွက်ပေါ်လာခဲ့ခြင်း မရှိခဲ့ပေ။

ရွှမ်တုဖန်ဆင်းလိုက်သည့် ရွှေတံတားမှာ ထိုက်ချိတံတားဖြစ်ပြီး ထိုတံတားကို ဝူခုံးရိုက်နှက်လိုက်တိုင်း သူ့ကိုယ်သူ ပြန်ရိုက်နှက်နေသကဲ့သို့ တန်ခိုးစွမ်းအား တန်ပြန်သက်ရောက်မှုကို ခံစားရမည် ဖြစ်သည်။

ဝူခုံး၏ ခန္ဓာကိုယ်မှာ မီးဖွားများပင် လွင့်စင်လာပြီး ဝူခုံး၏ နှုတ်ခမ်းထောင့်မှ သွေးစများပင် စီးကျနေလေသည်။

သို့သော်… မျောက်မင်းက အရေးမစိုက်ဘဲ ပိုမိုကြောက်မက်ဖွယ်ရာ ခွန်အားကိုအသုံးပြုကာ တံတားကို ရိုက်နှက်နေဆဲ ဖြစ်လေသည်။

ရွှမ်တု၏ စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်လာလေသည်။

ယနေ့ သူ မည်မျှပင် တိုက်ခိုက်ပါစေ စွန်းဝူခုံးဆိုသည့် မျောက်မင်းကတော့ သေမည့်ပုံမပေါ်ပေ။

ယနေ့ ဆန်းလျန်ကို အပြတ်ရှင်းလိုက်နိုင်ခြင်းက သူ့အတွက်အမြတ်ထွက်သည့် ကိစ္စပင် ဖြစ်သည်။ ထိုသူ (၃)ယောက်နှင့် တိုက်ခိုက်နေ၍ သူ့အတွက် သိပ်ပြီး အကျိုးမရှိလှပေ။

ထိုသို့တွေးလိုက်မိသည်နှင့်…

ကွမ်ယင်မယ်တော်ကိုတားဆီးထားသည့် စန့်ချင်ကိုယ်ခွဲနှင့် ကျန့်ယွမ်ကျီနတ်မင်းကြီးကိုတားဆီးထားသည့် ယွိချင်ကိုယ်ခွဲကို သူက ပြန်လည် ရုတ်သိမ်းလိုက်သည်။

ရွှေတံတားသည်လည်း ပျောက်ကွယ်သွားပြီး ဝူခုံးမှာ ဗလာနယ်ကိုသာ သံတုတ်ဖြင့် ရိုက်မိသွားလေသည်။

တစ်ချိန်တည်းမှာပင် ရွှမ်တုတောက်ကျွင်းသည်လည်း စကြာဝဠာထဲမှ သဲလွန်စမကျန် ပျောက်ကွယ်သွားလေတော့သည်။

ဝူခုံး၏ ပါးစပ်နှင့်နှာခေါင်းမှ မီးတောက်များထွက်လာပြီး ဗလာနယ်ထဲသို့ ကြည့်ကာ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်လေသည်။

ကွမ်ယင်မယ်တော်က "မည်သို့မှမတတ်နိုင်" ဆိုသည့်အကြည့်မျိုးဖြင့် ကျန့်ယွမ်ကျီနတ်မင်းကြီးကို လှမ်းကြည့်လိုက်သည်။

ထို့နောက် ကွမ်ယင်မယ်တော်ရော ကျန့်ယွမ်ကျီနတ်မင်းကြီးပါ စကြာဝဠာထဲမှ ပျောက်ကွယ်သွားကြလေသည်။

ယနေ့ … သူတို့ (၃)ယောက် ပူးပေါင်းကာ ရွှမ်တုတောက်ကျွင်းကို တိုက်ခိုက်ရန် စီစဉ်ခဲ့ကြသည်။ သို့သော်… အခြေအနေများက မျှော်လင့်သလို ဖြစ်မလာခဲ့ပေ။

မည်သို့ပင်ဖြစ်စေ… ယခုတော့ ရွှမ်တုတောက်ကျွင်း၏ တန်ခိုးစွမ်းအား မည်မျှ မြင့်မားသည်ကို တစ်လောကလုံးရှိ နတ်ဘုရားများ သိရှိသွားကြပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့အနေဖြင့် သတိထားနေထိုင်နိုင်လေသည်။

ဘုရင်ရှစ်ပါးနန်းတော်နှင့် ကျောက်စိမ်းဝိညာဉ်နန်းတော်သည် အစဉ်အဆက် အစေးကပ်ခဲ့ကြသည် မဟုတ်ပေ။

ယခု ရွှမ်တုတောက်ကျွင်း၏ မြင့်မားသည့် တန်ခိုးစွမ်းအားကို တွေ့မြင်သွားပါက ကျောက်စိမ်းဝိညာဉ်နန်းတော်သည်လည်း ဒီအတိုင်း ငြိမ်နေတော့မည် မဟုတ်ပေ။

ယနေ့… ရွှမ်တုတောက်ကျွင်းအနေဖြင့် အားလုံး၏ ဘုံရန်သူ "ဆန်းလျန်" ကို သုတ်သင်နှိမ်နင်းနိုင်ခဲ့သည်မှလွဲပြီး အခြား မည်သည့်အကျိုးအမြတ်မှ ရရှိခဲ့ခြင်း မရှိပေ။

ကွမ်ယင်မယ်တော်သည် 'ဆန်းလျန်' ဟု စဉ်းစားလိုက်မိသည်နှင့် သူမ၏စိတ်ထဲတွင် တစ်ချက်လှုပ်ရှားသွားလေသည်။ ဆန်းလျန်မသေသေးကြောင်း သူမ ချက်ချင်းသိရှိလိုက်သည်။

ကွမ်ယင်မယ်တော်တစ်ယောက်တည်းမဟုတ်ပေ။ ကျန့်ယွမ်ကျီနတ်မင်းကြီးနှင့် ရွှမ်တုတောက်ကျွင်းတို့သည်လည်း ဆန်းလျန်မသေသေးသည်ကို ခံစားလိုက်မိကြလေသည်။

ထိုသို့ခံစားလိုက်မိသည့်အခါ ကျန့်ယွမ်ကျီနတ်မင်းကြီးက တဟားဟားဖြင့် အော်ဟစ်ရယ်မောလိုက်လေတော့သည်။

"ရွှမ်တု… ရွှမ်တု… တော်တော်ရယ်စရာကောင်းတဲ့ကောင်ပဲ ၊ ဒီနေ့ ဆန်းလျန်မသေသေးဘူးဆိုတာသာ သိသွားရင် ဒင်းတော့ ဘယ်တော့မှ တာအိုဆရာသခင်ကြီး ဖြစ်မလာနိုင်တော့ဘူးဆိုတာ သဘောပေါက်သွားမှာပဲ ၊ ဒါဆိုရင် ထိုက်ချိယင်ယန်ပန်းချီကားကို အသုံးပြုပြီး ဟွင့်ယွမ်ဝူကျီအဆင့်ကို တက်လှမ်းမိလို့ ဖြစ်ပေါ်နေတဲ့ အားနည်းချက်တွေ ဘယ်တော့မှ ပြုပြင်နိုင်မှာ မဟုတ်တော့ဘူး…"

……….

တိုက်ပွဲအပြီးထိကြည့်ပြီးသွားတော့မှ လီချင်းဆွေက ဆန်းလျန်၏အမေးကို ဖြေလိုက်သည်။

"အဲဒီလူက ဝေးမယ်ဆိုရင်လည်း မိုးကောင်းကင်အပြင်ဘက်ရောက်နေလိမ့်မယ် ၊ နီးတယ်ဆိုရင်လည်း မင်းနဲ့ လက်တစ်ကမ်းအလိုမှာပါပဲ…"

ဆန်းလျန်က ခေါင်းတစ်ချက်ကုတ်လိုက်ရင်း…

"ကျွန်တော်တော်တော်ပဲတုံးသလား ၊ တာအိုဆရာချင်းဆွေပြောတာကို နားမလည်ဘူး…"

လီချင်းဆွေက…

"အေး ဟုတ်တယ်…."

ဆန်းလျန်က ရယ်မောလိုက်ရင်း…

"တုံးတယ်ဆိုရင် နတ်ဘုရားတစ်ပါးဖြစ်လာပါဦးမလား…"

လီချင်းဆွေက…

"သူတို့အကုန်လုံး ဉာဏ်ကောင်းကြတယ် ၊ မင်း တစ်ယောက်ပဲ ကွက်ပြီး တုံးနေတာ…"

လီချင်းဆွေ၏ စကားကြောင့် ဆန်းလျန်က ဒေါသထွက်သွားခြင်း မရှိပေ။

"ဒါလည်းကောင်းတာပဲ ၊ ကျွန်တော်က ထူးခြားတာပေါ့…"

လီချင်းဆွေက…

"မင်းက ထူးတယ်ဆိုလည်း တာအိုဆရာသခင်ထိုက်ယီထက်တော့ ပိုမထူးနိုင်ပါဘူး…"

ဆန်းလျန်က အနည်းငယ် စိတ်ရှုတ်ထွေးသွားဟန်ဖြင့်…

"တာအိုဆရာသခင်ထိုက်ယီအကြောင်းကို ကျွန်တော် ခဏခဏ ကြားဖူးတယ် ၊ သူက ဘယ်လိုလူမျိုးလဲ…"

လီချင်းဆွေက…

"တာအိုဆရာသခင်ထိုက်ယီက တော်တော်ဆိုးတဲ့လူ ၊ မင်းထက်တောင်ဆိုးသေးတယ်…"

ဆန်းလျန်က ရယ်မောလိုက်ရင်း…

"ကျွန်တော်က လူကောင်းတစ်ယောက်မဟုတ်တာ ဝန်ခံပါတယ် ၊ ဒါပေမဲ့ ဒီလောက်လည်း ဆိုးတဲ့သူ မဟုတ်ပါဘူး…"

လီချင်းဆွေက…

"မင်းက တော်တော့်ကို ဆိုးတဲ့အထဲမှာပါတယ် ၊ မယုံမရှိနဲ့… ၊ ဒါပေမဲ့ တာအိုဆရာသခင်ထိုက်ယီက မင်းထက် အများကြီးသာတယ်…"

ဆန်းလျန်က…

"ဘာဖြစ်လို့လဲ…"

လီချင်းဆွေက…

"ဘာဖြစ်လို့လဲဆိုတော့ သူက လုံး၀ အကြင်နာတရားမရှိဘူး ၊ မင်းကမှ နည်းနည်းပါးပါး သနားတတ်သေးတယ် ၊ ဒါပေမဲ့ မင်းလည်း သိပ်တော့ မထူးပါဘူးလေ…"

ဆန်းလျန်က…

"ဘာဖြစ်လို့လဲ… ၊ တာအိုဆရာသခင်ထိုက်ယီက အကြင်နာမဲ့တာအိုကျင့်စဉ်ကို ကျင့်ကြံခဲ့လို့လား…"

လီချင်းဆွေက ခေါင်းတစ်ချက်ခါယမ်းလိုက်ပြီး…

"ဘယ်ကလာ အကြင်နာမဲ့တာအိုကျင့်စဉ်ကို ကျင့်ကြံရမှာလဲ ၊ ပေါက်ကရတွေ ပြောပြန်ပြီ ၊ သူက မွေးလာကတည်းက အကြင်နာတရားမရှိတာ ၊ မင်း သူ့အကြောင်းကို သိချင်တယ်ဆိုရင် ငါပြောပြမယ်…"

***

All Chapters