← Chapters

သွေးချောင်းစီးစေခြင်း

Vol. 176 Ch. 2513

သွေးချောင်းစီးစေခြင်း

Vol. 176 Ch. 2513

တုန်းဟွာနန်းတော်ထဲတွင် ဘက်အသီးသီးမှ တန်ခိုးရှင်များသည် တိတ်တဆိတ်စောင့်ဆိုင်းနေကြသည်။ အချိန်အတော်ကြာပြီးနောက် ကုန်းမြေသခင်ရှီဟိုင်နှင့် နင်ယွမ်တို့ နှစ်ဦးစလုံး ပြန်ရောက်လာသည်။ သို့သော် သူတို့ ရီဖူရှင်းကို မတွေ့ခဲ့ပေ။

သူတို့သည် ရီဖူရှင်းအား ခြေရာမခံနိုင်ခဲ့ကြချေ။ ကုန်းမြေသခင်အဆင့် ထိပ်သီးတန်ခိုးရှင်နှစ်ဦးသည် ရီဖူရှင်းနောက်သို့ မီ‌အောင်မလိုက်နိုင်ဘဲ သူ၏နောက်ကောက်ချခြင်းကို ခံခဲ့ရ၏။

ထိုနှစ်ဦး၏ သုန်မှုန်နေသော မျက်နှာထားများကို ကြည့်ရုံဖြင့်ပင် စောင့်နေသောတန်ခိုးရှင်များသည် ရလဒ်ကို သိရှိခဲ့ပေပြီ။ ရီဖူရှင်းက လေအလား ပျောက်ကွယ်သွားပေပြီ။

ရီဖူရှင်းက တုန်းဟွာနန်းတော်သို့ ရောက်လာပြီး နင်ဟွာကိုသတ်ကာ ထိုကုန်းမြေသခင်နှစ်ဦး၏မျက်စိရှေ့မှာပင် ထွက်ခွာသွားခဲ့၏။

“အဲဒါက ဗုဒ္ဓရောင်ဝါခြေလှမ်းဖြစ်ဖို့များတယ်... ဗုဒ္ဓတန်ခိုးတော်ခြောက်မျိုးထဲက တစ်မျိုးပဲ”

ကုန်းမြေသခင်ရှီဟိုင်က စိတ်ပျက်လက်ပျက် အမူအရာဖြင့် ပြောသည်။  သူ၏လေသံက လွန်စွာ‌အေးစက်နေ၏။

အဓိကကုန်းမြေသခင်အိမ်တော်များသည် ရီဖူရှင်းမှာ အနောက်ဘက်ဒေသသို့ သွားခဲ့ကြောင်းသိကြ၏။ သို့သော် ထိုနေရာတွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို သိနိုင်ရန်မလွယ်ပေ။ အထူးသဖြင့် ထိုနေရာရှိ ဗုဒ္ဓများသာသိသည့် လိပ်ပြာတောင်ကုန်းတွင် ဖြစ်ခဲ့သည်များကို သိနိုင်ရန် ပို၍ပင်မလွယ်ချေ။ သူတော်စင်ကျန်းချန်၏သေဆုံးမှုကို သိသူလည်း သိပ်မရှိ‌ပေ။ လိပ်ပြာတောင်ကုန်းမှ လူများသာ ထိုအကြောင်းကို အနည်းငယ်သိပေသည်။ သို့သော် သူတော်စင်ကျန်းချန် မည်သို့သေသွားသည်ကို မည်သူမှ အတိအကျမသိကြပေ။

ထို့ကြောင့် အဝေးရှိ ကောင်းကင်ဒေသမှ တန်ခိုးရှင်များသည် ထိုအကြောင်းကိုသိနိုင်ရန် နည်းလမ်းမရှိချေ။

“ကုန်းမြေသခင်ရှီဟိုင်... ကျုပ်တို့ ဘာလုပ်ကြမလဲ”

နင်ယွမ်သည် ပို၍ပင် မြန်မြန် နောက်၌ပြတ်ကျန်ခဲ့ပေသည်။ သူက ရီဖူရှင်းကို နတ်အာရုံဖြင့်ပင် အစအန မတွေ့ခဲ့ချေ။

ထို့ကြောင့် နင်ယွမ်သည် ကူရာကယ်ရာသလို ခံစားနေရ၏။ သူ့အင်အားတစ်ခုတည်းဖြင့် ရီဖူရှင်းကို သတ်ရန်မလုံလောက်ကြောင်း သူသိရှိသွားသည်။

ထို့ကြောင့် သူ့မျှော်လင့်ချက်ကို ကုန်းမြေသခင်ရှီဟိုင်အပေါ်တွင်သာ ထားရပေတော့မည်။

“ခင်ဗျားက ကျုပ်ကို မေးနေတာလား”

ကုန်းမြေသခင်ရှီဟိုင်က နင်ယွမ်ကို ကြည့်သည်။ သူသည် လွန်စွာ စိတ်မကြည်မသာဖြစ်နေသဖြင့် နင်ယွမ်ကို ယဉ်ကျေးမနေနိုင်‌တော့ဘဲ တိုက်ရိုက်ခွန်းတုံ့ပြန်လိုက်သည်။ နင်ယွမ်၏အမူအရာက ရုတ်တရက် ပျက်ယွင်းသွားသော်လည်း သူက ကုန်းမြေသခင်ရှီဟိုင်ကို ပြန်မချေပဝံ့ပေ။

“အနောက်ပင်လယ်ကုန်းမြေကို ပြန်မယ်”

ကုန်းမြေသခင်ရှီဟိုင်က ခပ်ပြတ်ပြတ် ပြောလိုက်ကာ သူ့လူများကို ခေါ်ကာ ထွက်ခွာသွား၏။ သူသည် ထိုကိစ္စအားလုံးကို စိတ်မသက်မသာခံစားနေရ၏။

အကယ်၍ ရီဖူရှင်းသာ ဗုဒ္ဓရောင်ဝါခြေလှမ်းကို အမှန်တကယ် ကျင့်ကြံခဲ့လျှင် ကိစ္စများကို အကြီးအကျယ် ရှုပ်ထွေးသွားစေပေလိမ့်မည်။ ရီဖူရှင်းက သူ့မျက်စိရှေ့မှ လွတ်သွားနိုင်မည့်စွမ်းရည်ရှိမည်ဟု သူမမျှော်လင့်ခဲ့ချေ။

ကုန်းမြေသခင်ရှီဟိုင်သည် သူ့လူများကိုခေါ်ကာ တည်နေရာရွှေ့ပြောင်းမဟာကွန်ရက်မှနေ၍ ထွက်ခွာသွားနေစဉ်တွင် နင်ယွမ်သည် လူအားလုံးကို ကြည့်လျှက် ပြောသည်။

“မင်းတို့ပြန်သွားရင် ကုန်းမြေအားလုံးရဲ့သခင်တွေကို ရီဖူရှင်းက အခုအရမ်းအန္တရာယ်များတဲ့သူဖြစ်နေပြီဆိုတာနဲ့ သူက ကောင်းကင်ဒေသက ကုန်းမြေအားလုံးကို အန္တရာယ်ပေးနိုင်တဲ့လူဆိုတာကို တင်ပြရမယ်”

လူအားလုံးသည် နင်ယွမ်ပြောသည်ကို ကြားလိုက်သောအခါ သိပ်၍သဘောမတွေ့ကြပေ။ ၎င်းသည် ကုန်းမြေသခင်အိမ်တော်များ၏စွမ်းအားကို အသုံးချကာ ရီဖူရှင်းကို ကိုင်တွယ်လိုသည့် နင်ယွမ်၏တစ်ကိုယ်ကောင်းဆန်သော သဘောထားသာ ဖြစ်သည်။

သို့သော် ကုန်းမြေသခင်အိမ်တော်အချို့သည် ရီဖူရှင်းနှင့် မည်သည့်ရန်ငြိုး၊ ရန်စမှ မရှိပေ။ လက်ရှိအခြေအနေက ရှုပ်ထွေးနေရာ သူတို့အားလုံးက ကိစ္စရပ်များအား သတိဖြင့် ကိုင်တွေရန် လိုနေသည်။

နင်ယွမ်လည်း သုန်မှုန်သောမျက်နှာဖြင့် ထွက်ခွာသွား၏။ ဤနေရာရှိ သတင်းများသည် မကြာမီတွင် ပျံ့နှံ့သွားကာ အဓိကအင်အားစုအားလုံး ဤနေရာတွင် ဖြစ်ပျက်ခဲ့သည်များကို သိရှိသွားမည်ဖြစ်သည်။ ရီဖူရှင်းကို စောင့်ကြည့်နေသည့် လူများစွာလည်း ရှိနိုင်၏။

သူက ရီဖူရှင်း သေဆုံးသွားသည်အထိသာ စောင့်ရပေမည်။ ရီဖူရှင်းသေဆုံးသွားသည်နှင့် သူသည် နင်ဟွာ၏သေဆုံးသွားမှုအတွက် စီဝေ့ကြယ်ကောင်းကင်ကို သွေချောင်းစီးသွားစေမည်ဖြစ်သည်။

ချင်ချင်းနှင့်အခြားသူများလည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ သူမတို့က အနည်းငယ် အံ့အားသင့်နေကြ၏။ ရီဖူရှင်းက အမှန်ပင် အထိအခိုက်မရှိ ထွက်သွားနိုင်၏။ သူ့အတွက် နောက်ထပ်စွန့်စားခန်းတစ်ခုက စောင့်ကြိုနေမည့်ပုံပင်။

“ဗုဒ္ဓရောင်ဝါခြေလှမ်း...”

ဓားနတ်မယ်သည် မသိမသာ ချီးမွမ်းလိုက်သည်။ သူ လိပ်ပြာ‌တောင်ကုန်းသို့ သွားခဲ့သည်လော။

***

ရက်အနည်းငယ်ကြာပြီးနောက် အနောက်ပင်လယ်နယ်မြေ၌...

ထိုနယ်မြေသည် အနောက်ပင်လယ်ကုန်းမြေက မူလဘုံတွင် ထည်ထောင်ထားသော နယ်မြေတစ်ခုဖြစ်၏။ ထိုနယ်မြေသည် တုန်းဟွာနယ်မြေထက် အနည်းငယ်ပို၍ အားကောင်း၏။

အနောက်ပင်လယ်နယ်မြေအတွင်းရှိ တန်ခိုးရှင်များသည် အနောက်ပင်လယ်ကုန်းမြေမှ တန်ခိုးရှင်များဖြစ်သည်။ ထိုနယ်မြေတွင် ထိပ်သီးအင်အားစုကြီးများမှ တန်ခိုးရှင်များလည်း ရှိပေသည်။ ရှေးဟောင်းနတ်ဘုရားကလန်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် အနောက်အင်ပါယာနန်းတော်သည်ပင် အနောက်ပင်လယ်နယ်မြေတွင် နေရာယူထား၏။ သူတို့သည် အမှီအခိုကင်းကင်းဖြင့် အင်အားကြီးမားသည့်တိုင် အနောက်ပင်လယ်ကုန်းမြေနှင့် သက်ဆိုင်သော အင်အားစုတစ်ခုဖြစ်၏။ သူတို့က အနောက်ပင်လယ်ကုန်းမြေမှ ကုန်းမြေသခင်အိမ်တော်နှင့် လိုက်လျောညီထွေ နေထိုင်ကြ၏။

ထိုအခိုက်တွင် အနောက်ပင်လယ်နယ်မြေ၏ မြို့အတွင်း၌ အဖြူရောင်ဝတ်စုံဖြင့် လူတစ်ယောက် ပေါ်လာသည်။ သူသည် တိတ်တဆိတ်ရောက်လာပုံပေါ်ပြီး ရုတ်တရက်ပေါ်ထွက်လာခြင်းပင်။ သူသည် မြို့ထဲတွင် တိတ်တဆိတ် လျှောက်နေ၏။

ခေတ္တမျှကြာပြီးနောက် သူသည် နေရာတစ်ခုသို့ လျှောက်သွားကာ ရပ်လိုက်သည်။ အတွေးတစ်ချက်အတွင်းမှာပင် သူ့ကို ဓားဝိညာဉ်စွမ်းအားက ရုတ်တရက်လွှမ်းခြုံသွား၏။ သူ့တစ်ကိုယ်လုံးသည် တောက်ပနေပြီး ၎င်းမှာ ဓားခန္ဓာတစ်ခုဟု ထင်ရသည်။

ထိုမြင်ကွင်းကြောင့် ပတ်ဝန်းကျင်မှ တန်ခိုးရှင်များသည် ဘေးသို့ရှဲကာ လမ်းဖယ်ပေးလိုက်ကြသည်။ သူတို့သည် ငွေဖြူရောင်ဆံပင်နှင့်လူကို ကြည့်ကာ သူ့ထံမှ ထွက်ပေါ်လာသည့် အားကောင်းသော ဓားဝိညာဉ်စွမ်းအားကို အံ့အားသင့်နေကြသည်။

ငွေဖြူရောင်ဆံပင်နှင့်လူက သူ၏လက်ကိုမြှောက်လိုက်၏။ ကောင်းကင်ထက်တွင် ချက်ချင်းပင် ဓားပုံစံကားချပ်ပေါ်လာပြီး လွန်စွာကြောက်မက်ဖွယ်ကောင်းသည့် ဓားစွမ်းရည်လှိုင်းများကို ထုတ်လွှတ်သည်။ ၎င်းသည် ကောင်းကင်နှင့် နေမင်းကို ကာရံသွားကာ ဓားဝိညာဉ်စွမ်းအားသည် ကောင်းကင်ထက်တွင် လှည့်ပတ်နေပြီး ကြောက်မက်ဖွယ်အရှိန်အဝါသည် အဝေးသို့ဆက်၍ ရွေ့လျားသွား၏။

“သူ ဘာလုပ်တာလဲ...”

လူအများအပြားက ထိုဓားဝိညာဉ်စွမ်းအားမှထွက်ပေါ်နေသည့် ခက်ထန်သည့်အငွေ့အသက်ကြောင့် အဝေးသို့ ထွက်ပြေးကြ၏။ ရန်ဟောင်အဆင့်တန်ခိုးရှင်များပင် ထိုနေရာနှင့်အဝေးသို့ ရှောင်ဖယ်ကြသည်။ ထိုငွေဖြူရောင်ဆံပင်နှင့် တန်ခိုးရှင်တွင် မည်သည့်ရည်ရွယ်ချက် ရှိသည်ကို သူတို့ မသိချေ။ သူနှင့် ဝေးနိုင်သမျှဝေးဝေးနေခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု သူတို့ ခံစားနေကြရသည်။

ထိုစီးဆင်းနေသော ဓားဝိညာဉ်စွမ်းအားသည် အဝေးရှိ နေရာတစ်ခုကို ဦးတည်နေသည်။ ထိုနေရာတွင်...

လူများစွာသည် ထိုကြောက်မက်ဖွယ်ဓားဝိညာဉ်စွမ်းအားသွားနေသည့် ဦးတည်ရာသို့ကြည့်လျှက် ရင်တုန်သွားကြ၏။ ထိုဦးတည်ရာသည် အနောက်ပင်လယ်နန်းတော်ရှိရာဘက်ဖြစ်သည်။

သူသည် အနောက်ပင်လယ်နန်းတော်ကို တိုက်ခိုက်လိုခြင်းပေလော။

ထိုလူသည် မည်သူနည်း။

ကောင်းကင်ထက်ရှိ ဓားပုံစံကားချပ်သည် ကောင်းကင်တစ်ခုလုံးကို ကာရံသွားသည်အထိ ပြန့်ကားလာသည်။ အောက်ရှိ တန်ခိုးရှင်များသည် မွန်းကြပ်မှုကို အနည်းငယ်ခံစားလိုက်ရသည်။ မကြာမီမှာပင် သူတို့သည် မိုင်ရာချီအကွာမှနေ၍ပင် ထိုဓားအရှိန်အဝါကို ခံစားလိုက်ရသဖြင့် ပို၍ဝေးဝေးသို့ ဆက်ပြေးသွားကြ၏။

ထို့အပြင် ကောင်းကင်ပေါ်ရှိ ထိုဓားပုံစံကားချပ်အထက်တွင် လွန်စွာအားကောင်းသော အာကာသမဟာလမ်းစဉ်အရှိန်အဝါတစ်ခု ရှိ‌နေကြောင်း သူတို့အာရုံခံနိုင်၏။

ထိုအရာအားလုံးသည် လွန်စွာတိုတောင်းသောအချိန်အတွင်း၌ ဖြစ်ပျက်သွားခြင်းပင်။ ငွေဖြူရောင်ဆံပင်နှင့်လူသည် လေထဲသို့ပျံတက်သွားပြီး ကောင်းကင်ထက်ရှိ ဓားပုံစံကားချပ်ရှေ့တွင် ရပ်လိုက်သည်။ ထို့နောက် သူသည် သူ့လက်ကို ဖြည်းဖြည်းချင်းဆန့်လိုက်ကာ ရှေ့သို့ညွှန်ပြလိုက်သည်။ ရုတ်ခြည်းအတွင်းမှာပင် ဓားပုံစံကားချပ်သည် အဆုံးမဲ့နတ်အလင်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ဓားဝိညာဉ်စွမ်းအားသည် အာကာပြင်ကိုထွင်း‌ဖောက်ကာ အကွာအဝေး သို့မဟုတ် အာကာပြင်ကို လျစ်လျူရှုကာ အဝေးသို့ ဦးတည်ပျံထွက်သွား၏။

*****

အနောက်ပင်လယ်နန်းတော်သည် အနောက်ပင်လယ်ကုန်းမြေသခင်အိမ်တော်က မူလဘုံတွင် စခန်းချထားသော နေရာဖြစ်သည်။ ကုန်းမြေသခင်အိမ်တော်တွင် စွမ်းအားကြီးသောတန်ခိုးရှင်များစွာ နေထိုင်ပေသည်။ ထိုအချိန်တွင် အနောက်ပင်လယ်နန်းတော်မှ လူများသည် ကျင့်ကြံနေပြီး သူ့တို့အချင်းချင်း ဆွေးနွေးနေကြသည်။

ထိုအခိုက်တွင် ခန်းမတစ်ခုအပြင်သို့ တန်ခိုးရှင်တစ်စု ထွက်လာ၏။ သူတို့သည် သူတို့၏ နောက်ထပ်စမ်းသပ်မှုအတွက် မည်သည့်နေရာသို့ သွားမည်ကို ဆွေးနွေးပြီးခဲ့ကြခြင်းဖြစ်သည်။ သူတို့အားလုံးသည် ကုန်းမြေသခင်အိမ်‌တော်မှ ထိပ်သီးတန်ခိုးရှင်များဖြစ်ပြီး သူတို့ထဲတွင် ရန်ဟောင်အဆင့်ကိုးရှိသူများလည်း ပါဝင်ပေသည်။ သူတို့က လမ်းလျှောက်ရင်း စကားပြောနေကြ၏။

ထိုအခိုက်၌ တန်ခိုးရှင်တစ်ဦးသည် မူမမှန်မှုတစ်ခုကို အနည်းငယ်အာရုံခံမိလိုက်သဖြင့် အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ အန္တရာယ်တစ်ခု ချဉ်းကပ်လာသကဲ့သို့ပင်။

“ဒါက ဘာအရှိန်အဝါလဲ”

သူက ရေရွတ်လိုက်သည်။

အခြားသူများသည်လည်း သူတို့၏အာရုံကို ထုတ်လွှတ်လိုက်ကြသည်။ ထို့နောက် သူတို့အားလုံး မျက်မှောင်ကြုတ်လိုက်ကြ၏။

တစ်စုံတစ်‌ယောက်က ပြောလိုက်၏။

“ဒါက ဓားဝိညာဉ်စွမ်းအားတစ်ခုပဲ... တော်တော်လေးအားကောင်းတဲ့ ဓားဝိညာဉ်စွမ်းအားတစ်ခုပဲ”

“ဒီဓားဝိညာဉ်စွမ်းအားက ဒီဘက်ကို ဦးတည်လာနေတဲ့ပုံပဲ”

ရန်ဟောင်အဆင့်ကိုးရှိသူတစ်ဦးက ပြောသည်။  သူသည် အဝေးသို့လှမ်းကြည့်လိုက်၏။ ထို့နောက်တွင် သူသည် ကောင်းကင်ထက်မှ မရေမတွက်နိုင်အောင်များပြားသော နတ်ဓားများကို မြင်လိုက်ရသည်။ ထိုနတ်ဓားများသည် အာကာပြင်ကိုဖြတ်သန်းလာသော ရွှေရောင်လျှပ်စီးများကဲ့သို့ ကောင်းကင်ကို လွှမ်းခြုံထားသည်။

“ဂရုစိုက်ကြ”

သူမျက်နှာပေါ်တွင် တုန်လှုပ်သည့်အရိပ်အယောင်များ ပေါ်ထွက်လာပြီး အော်ပြောသည်။  အားလုံးသည် သူ့တို့ကိုယ်သူတို့ ကာရံရန် စွမ်းအားအကြီးဆုံး မဟာလမ်းစဉ်အရှိန်အဝါများကို ထုတ်လိုက်ကြသည်။

နတ်ဓားများကျဆင်းလာသည်။ ၎င်းတို့သည် ကြီးမားသော အကွာအဝေးကို တမဟုတ်ချင်းဖြတ်သန်းကာ အနောက်ပင်လယ်နန်းတော်အတွင်းသို့ ကျဆင်းသွား၏။

“သတိထားကြ...”

တန်ခိုးရှင်တစ်စုသည် လေပေါ်သို့ ပျံတက်သွားကြ၏။ သူတို့ထံမှ မဟာလမ်းစဉ်အရှိန်အဝါများ ထွက်လာသည်။ သို့သော် သူတို့၏ခုခံမှုကို နတ်ဓားများက တိုက်ရိုက်ထွင်းဖောက်သွား၏။ ရွှေရောင်နတ်ဓားများသည် သူတို့၏ခန္ဓာကိုယ်များကို တုံ့ဆိုင်းခြင်းမရှိဘဲ ထွင်းဖောက်သွား၏။ ဓားများသည် ရွှေ‌ရောင်အလင်းများအဖြစ် ပြောင်းသွားပြီး သူတို့၏ခန္ဓာကိုယ်များကို တစ်စစီဖျက်ဆီးပစ်လိုက်သည်။

ဝုန်း..ဝုန်း...ဝုန်း...

ထိုလူအားလုံးသည် တစ်ဦးပြီးတစ်ဦး သေဆုံးသွားကြပြီး အဆောက်အဦးများသည်လည်း ပျက်စီးကာ အဆက်မပြတ်ပေါက်ကွဲသွား၏။ အနောက်ပင်လယ်နန်းတော်အတွင်း၌ ဓားဝိညာဉ်စွမ်းအား ဖုံးလွှမ်းနေသဖြင့် လုံးဝပရမ်းပတာဖြစ်နေသည်။

“ကုန်းမြေသခင်ကို သွားခေါ်ကြ... မြန်မြန်...”

တစ်စုံတစ်ယောက်က အော်ပြောသည်။  သို့သော် ကုန်းမြေသခင်ရှီဟိုင်သည် ထိုနေရာသို့ ရောက်နေပေပြီ။ သူသည် ကျင့်ကြံနေခြင်းဖြစ်ပြီး အပြင်တွင် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို မသိလိုက်ချေ။ သူသိရှိသွားသောအခါတွင် သူသည် ခြေတစ်လှမ်း‌နောက်ကျခဲ့ပြီဖြစ်သည်။

သူထိုနေရာသို့ ရောက်သွားသောအချိန်တွင် ကောင်းကင်အပြည့် ဓားဝိညာဉ်စွမ်းအားသည် ရုတ်တရက် ရပ်တန့်သွား၏။ ၎င်းသည် ရပ်တန့်သွားခြင်းမဟုတ်လျှင်ပင် ၎င်း၏အရှိန်သည် ‌နှေးကွေးသွားပြီး ၎င်း၏စွမ်းအားကြီးသော သတ်ဖြတ်စွမ်းအားသည်လည်း လျော့ကျသွား၏။ သို့သော် ထိုအချိန်တွင် အနောက်ပင်လယ်နန်းတော်သည် အထိအခိုက်အပျက်အစီးများစွာနှင့် ပရမ်းပတာဖြစ်နေပြီဖြစ်သည်။

“ကုန်းမြေသခင်...”

တစ်စုံတစ်ယောက်က မြည်တမ်းလိုက်သည်။ သူတို့၏မျက်လုံးများသည် နီရဲနေပြီး ကောင်းကင်ပေါ်ရှိ ကုန်းမြေသခင်ရှီဟိုင်၏ကိုယ်ပွားကို ငေးကြည့်နေကြသည်။

ကုန်းမြေသခက်ရှီဟိုင်၏မျက်လုံးများသည် လွန်စွာအေးစက်နေသည်။ သူ့ထံမှ အားကောင်းသော သတ်ဖြတ်လိုသည့်အငွေ့အသက်တစ်ခု ထွက်နေ၏။ သူ့အာရုံသည် အဝေးသို့ထွက်သွားပြီး ရီဖူရှင်းပေါ်သို့ ကျဆင်းသွား၏။ သူက အေးစက်စွာ ခေါ်လိုက်၏။

“ရီဖူရှင်း...”

ဤကိစ္စသည် ယခင်က ရီဖူရှင်းပြောခဲ့သော တန်ကြေးပေလော။

သူသည် အမှန်ပင် သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် အနောက်ပင်လယ်နန်းတော်သို့ လာခဲ့ပေသည်။

ရွှီး...

ကြောက်မက်ဖွယ်ဖိအားတစ်ခုထွက်ပေါ်လာပြီး ကုန်းမြေသခင်ရှီဟိုင်၏ပုံရိပ် ပျောက်ကွယ်သွား၏။ ထို့နောက်တွင် သူက ရီဖူရှင်းရှိနေသည်ဟု သူထင်သည့်နေရာတွင် ပေါ်လာ၏။ သို့သော် ရီဖူရှင်းမှာ ထိုနေရာတွင် ရှိမနေတော့ပေ။ သူ့မျက်နှာပေါ်တွင် လွန်စွာအံ့အားသင့်သွားသည့် အရိပ်အယောင်များ ပေါ်လာ၏။

ထိုအချိန်တွင် ရီဖူရှင်းသည် အနောက်ပင်လယ်နန်းတော်တွင် ပေါ်လာ၏။

အနောက်ပင်လယ်နန်းတော်မှ တန်ခိုးရှင်များသည် အံ့အားသင့်တုန်လှုပ်သွားကြပြီး ကောင်းကင်ထက်တွင် ပေါ်လာသည့် လူကို ငေးကြည့်နေကြသည်။

ရီဖူရှင်းက အောက်ဘက်သို့ လက်ညှိုးညွှန်ပြလိုက်သည်။ အဖျက်စွမ်းအားဓားအာရုံတစ်ခု ရုတ်ခြည်းပေါ်ထွက်လာ၏။ ရန်ဟောင်အဆင့်တန်ခိုးရှင် အများအပြားသည် နတ်ဓားများ၏ ထွင်းဖောက်မှုကို ခံလိုက်ရပြီး သေဆုံးသွားကြ၏။ သူတို့၏မျက်လုံးများသည် ကောင်းကင်ထက်ရှိ လူကို ကြည့်နေကြဆဲဖြစ်သည်။

ကုန်းမြေသခင်သည် လွန်ခဲ့သည့်ရက်အနည်းငယ်က တုန်းဟွာနန်းတော်တွင် ရီဖူရှင်း၏နတ်ဆိုးသားရဲကို သတ်ပစ်ခဲ့ပြီး ရီဖူရှင်းနောက်သို့ အသည်းအသန်လိုက်ခဲ့သော်လည်း ရီဖူရှင်းက လွတ်သွားခဲ့သည်ဟု သူတို့ကြားခဲ့ရသည်။

ရီဖူရှင်းက ရက်အနည်းငယ်ကြာပြီးနောက်တွင် အနောက်ပင်လယ်နန်းတော်သို့ ကိုယ်တိုင်လာ၍ ဤနေရာရှိလူများကို သတ်ပစ်လိမ့်မည်ဟု သူတို့မထင်ခဲ့ကြပေ။

“မင်းက အရိုင်းအစိုင်းပဲ”

လွှမ်းမိုးသံပါသော အသံတစ်ခုသည် အနောက်ပယ်လယ်နန်းတော်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွား၏။ ကုန်းမြေသခင်ရှီဟိုင်ထပ်မံထွက်ပေါ်လာသောအခါ ရီဖူရှင်း ထပ်၍ ပျောက်ကွယ်သွား၏။ ဤအကြိမ်တွင် ကုန်းမြေသခင်ရှီဟိုင်သည် အနည်းငယ်မျှပင် မနှောင့်နှေးခဲ့ပေ။ ကြောက်မက်ဖွယ် မဟာလမ်းစဉ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး သူ၏အာရုံသည် ရီဖူရှင်းအပေါ် ကျရောက်သွား၏။ ရီဖူရှင်းက အနောက်ပင်လယ်နန်းတော်သို့ ထပ်သွားကာ သတ်ဖြတ်မည်ကို သူစိုးရိမ်နေ၏။

“ကုန်းမြေသခင်ရှီဟိုင်... ခင်ဗျားလုပ်ခဲ့တာအတွက် တန်ကြေးပြန်ပေးရမယ်လို့ ကျုပ် ခင်ဗျားကို ပြောခဲ့သားပဲ။ ခင်ဗျားအဲဒါအတွက် ပြန်ပေးဆပ်ရမယ်။ ဒါက... အစပဲရှိသေးတယ်”

လွန်စွာစူးရှသောအသံတစ်ခုထွက်ပေါ်လာပြီး မြို့တစ်ခွင်လုံး ပျံ့နှံ့သွား၏။ လူများစွာသည် ထိုစကားကိုကြားလိုက်ရသောအခါ နှလုံးခုန်မြန်သွားကြ၏။

ထိုသူကား ရီဖူရှင်းပင်။ သူသည် အနောက်ပင်လယ်ကောင်းကင်သို့ လက်စားချေရန်၊ သွေးချောင်းစီး‌အောင်လုပ်ရန် လာခဲ့ခြင်းပင်။

အနောက်ပင်လယ်ကုန်းမြေတစ်ခုလုံးသည် ရုတ်ရုတ်သဲသဲဖြစ်နေပြီး တန်ခိုးရှင်များစွာ၏ စကားပြောဆိုနေသောအသံများနှင့် ဆူညံပွက်လောရိုက်နေ၏။ တန်ခိုးရှင်အများအပြားသည် လေထုကိုဖြတ်သန်းကာ အနောက်ပင်လယ်နန်းတော်အထက်ရှိ အာကာပြင်ပေါ်တွင် နေရာယူလိုက်ကြသည်။ သူတို့၏အာရုံသည် ဓားဝိညာဉ်စွမ်းအားဖြင့် ဖျက်ဆီးခံလိုက်ရသော နန်းတော်ကို အာရုံစိုက်ထား၏။ ထိုနန်းတော်သည် ယခုတွင် အပျက်အစီးပုံကြီးဖြစ်နေပေပြီ။ ကုန်းမြေသခင်အိမ်‌တော်မှ တန်ခိုးရှင်အများအပြားသည် ကုန်းမြေသခင်ရှီဟိုင်၏မျက်စိရှေ့မှာပင် အသတ်ခံလိုက်ရ၏။ ထိုအဖြစ်အပျက်သည် ကုန်းမြေသခင်ရှီဟိုင်က ရီဖူရှင်း၏နတ်ဆိုးသားရဲကို သူ့မျက်စိရှေ့တွင် သတ်ဖြတ်ခဲ့သည့် အဖြစ်အပျက်နှင့် ဆင်တူပေသည်။

“သူက ဒီလောက်တောင် ကြောက်စရာကောင်းနေပြီလား”

တန်ခိုးရှင်အချို့က ရေရွတ်လိုက်၏။ မူလဘုံအတွင်းရှိ လူအားလုံးသည် ရီဖူရှင်း၏နာမည်ကို ကြားဖူး၏။ ကောင်းကင်ဒေသမှ လာခဲ့သူများပင် သူလုပ်ခဲ့သည်ကိစ္စများကို ကြားဖူးကြပေမည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ရီဖူရှင်းက တန်ခိုးရှင်များစွာ၏ရှေ့တွင် ပေါ်လာပြီး တိုက်ပွဲတစ်ခုအတွင်း၌ နင်ဟွာကို သတ်ဖြတ်ခဲ့သည်။ ထို့အတူ ရီဖူရှင်း၏နတ်ဆိုးသားရဲမှာလည်း အသတ်ခံလိုက်ရ၏။ ထိုသားရဲအား သတ်ဖြတ်သူမှာ ကုန်းမြေသခင်ရှီဟိုင်ဖြစ်သည်။

သို့သော် ရက်ပိုင်းအတွင်းမှာပင် ရီဖူရှင်းက အနောက်ပင်လယ်နန်းတော်တစ်ခုလုံးကို သွေးချောင်းစီးစေ၍ လက်စားချေလိမ့်မည်ဟု မည်သူထင်မည်နည်း။ ထို့အပြင် အနောက်ပင်လယ်၏ ကုန်းမြေသခင်သည် သူ့ကို ဖမ်းနိုင်ရန် အစွမ်းကင်းမဲ့နေဟန်ရ၏။

အခြားဦးတည်ရာတစ်ဖက်၌ ထူးကဲသောအရှိန်အဝါရှိသည့် တန်ခိုးရှင်တစ်စုရောက်လာသည်။ သူ့တို့အကြားရှိ အကြီးအကဲများထဲမှ တစ်ယောက်သည် ကပ်ဘေးအဆင့်တန်ခိုးရှင်ဖြစ်သည်။ ထိုတန်ခိုးရှင်အုပ်စုသည် အနောက်အင်ပါယာနန်းတော်မှဖြစ်သည်။

အဘိုးကြီးတစ်ဦးသည် ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ စိတ်ထဲမှကြိတ်၍ အေးစက်စွာ ရယ်မောလိုက်၏။ ထို့နောက် သူသည် လေသံတိုးတိုးဖြင့် ပြောသည်။

“ဒီတစ်ကြိမ်တော့ အနောက်ပင်လယ်ကုန်းမြေရဲ့ ကုန်းမြေသခင်အိမ်တော်က ပြဿနာအကြီးကြီးထဲ ဝင်ပါမိပုံပဲ”

ရီဖူရှင်းက မည်သူနည်း။

သူ မည်သူဖြစ်ကြောင်း ယခင်ကတည်းကပင် ရှင်းရှင်းလင်းလင်းသိသင့်မည် မဟုတ်ပါလော။ ရီဖူရှင်း၏ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးခဲ့စဉ်က စွမ်းအားကြီးသော လူအများအပြားသည်ပင် သူ့လက်ထဲတွင် သေဆုံးခဲ့ရသည်။ ယခုကား သူသည် ပို၍သန်မာလာပြီဖြစ်သည်။ သူထပ်၍ ပေါ်လာခြင်းက ဤတစ်ကြိမ်တွင် ပိုသန်မာလာပြီဖြစ်ကြောင်း သိသာနေ၏။ ထို့ကြောင့် သူက နင်ဟွာကို လာသတ်ဝံ့ခြင်းဖြစ်သည်။

တစ်ပါးသူအပေါ် လွှမ်းမိုးခြယ်လှယ်တတ်ကာ စိတ်ထင်ရာလုပ်တတ်သော ကုန်းမြေသခင်ရှီဟိုင်သည် ရီဖူရှင်းက မည်သူဖြစ်ကြောင်း အမှန်တကယ်မသိသေးခင်မှာပင် ရီဖူရှင်းနှင့် ရန်ငြိုး၊ ရန်စရှိအောင် လုပ်ခဲ့မိလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။

ယခုတွင် စွမ်းအားကြီး၍ ခက်ထန်သော ကုန်းမြေသခင်ရှီဟိုင်သည် သူအဆုံးမသတ်နိုင်သည့် ကိစ္စအတွင်းသို့ သူ့ကိုယ်သူ ရောက်သွားစေခဲ့ပြီဖြစ်သည်။

All Chapters