← Chapters

ကျိုးရိနတ်တောင်

Vol. 176 Ch. 2521

ကျိုးရိနတ်တောင်

Vol. 176 Ch. 2521

“ဘာသဲလွန်စလဲ”

ရီဖူရှင်းက မေးလိုက်သည်။ ကုန်းမြေသခင်အိမ်တော်မှ တန်ခိုးရှင်များသည် အိမ်တော်အတွင်းမှ မထွက်ဝံ့ဖြစ်နေကြရာ သူသည် သူ့ရည်ရွယ်ချက်ကို အောင်မြင်အောင်လုပ်နိုင်ခဲ့ပြီဖြစ်သည်။

ထိုအဖြစ်အပျက်ပြီးနောက်တွင် သူနှင့် စီဝေ့ကြယ်ကောင်းကင်မှ တန်ခိုးရှင်များကို တိုက်ခိုက်လိုသည့် ကောင်းကင်‌ဒေသမှလူများသည် မတိုက်ခိုက်ခင်တွင် သူ၏ကလဲ့စားချေခြင်းကို ခံနိုင်ရန် ပြင်ဆင်ထားသင့်၏။

ထို့ကြောင့် ဒုတိယရည်ရွယ်ချက်သည် ထူးကဲသည့်ဆေးလုံးများကို ဖော်စပ်ရန်ဖြစ်သည်။

ဆေးလုံးများသည် ပြင်ပအကူအညီသာဖြစ်သော်လည်း အကောင်းဆုံးဆေးလုံးများကို အသုံးပြုသူ၏ကျင့်ကြံခြင်းအဆင့်ကို မြင့်တင်ပေးရန်အသုံးပြုခြင်းသာမဟုတ်ဘဲ ဉာဏ်အလင်းပွင့်ရေး အတွက်လည်း သုံးအပြု၏။ အမြစ်ကိုပုံဖော်ရန် ဖော်စပ်ခဲ့သော ဇီဝမဟာလမ်းစဉ်၏ အစွမ်းထက်အားများပါဝင်သည့် ဆေးလုံးများသည် ထိုကဲ့သို့နေရာတွင်သုံးသော ဆေးလုံးများဖြစ်သည်။

ဆေးလုံးများကို အမျိုးအစားများစွာ ခွဲခြားနိုင်သည်။ အတော်ဆုံး အဂ္ဂရိတ်ပညာရှင်များသည် အကောင်းဆုံးဆေးလုံးများကို သိကြသည်။

မဟာနတ်ဘုရားတုန်းလိုင်၏ကျင့်ကြံခြင်းအဆင့်သည် အကန့်အသတ်ရှိရာ သူ့အတွက် သင့်လျော်ခဲ့သော ဆေးညွှန်းများသည် ယခု အဆင့်နိမ့်သွားပြီ ဖြစ်သည်။ သူက ပို၍အစွမ်းထက်သည့် ဆေးလုံးများကို လိုအပ်လာသည်။

ရှီးချီယောင်က သူ့ကိုစိတ်မပျက်စေခဲ့ပေ။ သူမသည် သတင်းကောင်းကို စောလျင်စွာပင် ယူဆောင်လာပေးခဲ့သည်။

“နတ်မြေပုံပဲ...”

ရှီးချီယောင်က ပြောသည်။

“အခုလောလောဆယ်တော့ ကောင်းကင်ဒေသမှာ ထိပ်သီးအဂ္ဂရိတ်ပညာရှင်မရှိသေးဘူး။ ဒါပေမဲ့ အနောက်ပင်လယ်ကုန်းမြေဟာ အဂ္ဂရိတ်ပိုင်းမှာ စွမ်းအားအကြီးဆုံးပဲ။ ဆရာတွေတော့အများကြီးရှိတယ်။ ပြီးတော့ နတ်ကျွန်းစုတော်တော်များများမှာ အားကောင်းတဲ့ အဂ္ဂရိတ်အငွေ့အသက်တွေ ရှိကြတယ်။ ဘာလို့လဲဆိုတာ ရှင်သိလား”

ရီဖူရှင်း ခေါင်းခါပြလိုက်၏။ သူသိသည်မှာ အနောက်ပင်လယ်ကုန်းမြေဒေသသည် ကောင်းကင်ဒေသ၏ ကုန်းမြေဆယ့်ရှစ်ခုတွင် အဂ္ဂရိတ်ပညာအထွန်းကားဆုံးကုန်းမြေဖြစ်သည်ဆိုသည်သာ ဖြစ်သည်။ ထိုအချက်သည် သူဤနေရာသို့ လာခဲ့ရသည့် ဒုတိယအကြောင်းပြချက်ဖြစ်သည်။ သို့သော် အဘယ်ကြောင့် အနောက်ပင်လယ်ကုန်းမြေသည် အဂ္ဂရိတ်ပညာအထွန်းကားဆုံးဖြစ်နေသည်ကိုမူ သူမသိပေ။

“ဒါက ဒဏ္ဍာရီတစ်ခုပဲ။ ဒီကိစ္စက အမှန်လား၊ အမှားလားဆိုတာ မပြောနိုင်ဘူး။ ဒါပေမဲ့ အကုန်လုံးအမှန်မဟုတ်ရင်တောင် တစ်စိတ်တစ်ပိုင်းတော့ မှန်မှာပဲ။ ရှင်နားထောင်ကြည့်ပေါ့...”

ရှီးချီယောင်က ဆက်‌ပြောလိုက်၏။

“ကောင်းကင်လမ်းစဉ် မပျက်စီးခင်က နတ်ဘုရားတွေရဲ့ခေတ်ဖြစ်ခဲ့တယ်။ မဟာအင်ပါယာတွေလည်း အများကြီးရှိခဲ့တယ်။ နောက်‌တော့ ကောင်းကင်စည်းမျဉ်းမှာ အရေးပါတဲ့ ပြောင်းလဲမှုတွေဖြစ်လာခဲ့တယ်။ နတ်ဘုရားတွေ ကျဆုံးခဲ့ပြီး ကောင်းကင်လမ်းစဉ်လည်း ပျက်စီးခဲ့တယ်။ လောကအဟောင်းက ပြန့်ကားလာပြီး လက်ရှိလောကဖြစ်လာခဲ့တာပဲ။ ဒါပေမဲ့ နတ်ဘုရားတွေက လုံးဝကျဆုံးသွားမဟုတ်ဘဲ ကောင်းကင်လမ်းစဉ်ပျက်စီးသွားပြီး‌နောက်မှာလည်း အကုန်သေဆုံးသွားတာမဟုတ်ဘူး။ သူတို့ရဲ့ ဝိညာဉ်စွမ်းအားတွေက လောကထဲက နေရာအနှံ့မှာ ရှိနေသေးတယ်။ ဥပမာပြရမယ်ဆိုရင် ရှင်အရင်ကရခဲ့တဲ့ အရှင်ရှန်းယင်ရဲ့ အမွေအနှစ်က အဲဒါတွေထဲက တစ်ခုပေါ့”

ရီဖူရှင်းက သူမပြောသည်ကို တိတ်တဆိတ်နားထောင်နေသည်။ အရှင်ရှန်းယင်သည် လိပ်နက်တစ်ကောင်ကိုစီး၍ ဟင်းလင်းပြင်ကိုဖြတ်၍ ရက်ပေါင်း၊ နှစ်ပေါင်းမရေတွက်နိုင်အောင် သွားလာနေခဲ့သည်။ သူ၏ဝိညာဉ်သည် ‘တမ်းတခြင်း’ {ကျွမ့်ကျွမ့်} ဟုအမည်ရသည့် ဗျပ်စောင်းတစ်ခုထဲတွင် ချိပ်ပိတ်ခံထားရသည်။

အမှန်တွင် ရှေးခေတ်မှ နတ်ဘုရားများသည် ယနေ့လောကအတွင်း၌ အခြားပုံစံများဖြင့် တည်ရှိနေလိမ့်ဦးမည်ဟု သူယူဆခဲ့ဖူးသည်။

ထိုအခြင်းအရာကို မူလဘုံတွင် သက်သေပြခဲ့ပြီးဖြစ်သည်။

“အဲဒီခေတ်တုန်းက မဟာအင်ပါယာအဆင့်ရှိတဲ့ အဂ္ဂရိတ်ပညာရှင်တစ်ယောက်ရှိခဲ့တယ်လို့ ဒဏ္ဍာရီတွေက ဆိုကြတယ်။ သူက ဆေးလုံးတစ်လုံးအဖြစ် အသွင်ပြောင်းခဲ့ပြီးတော့ ရှေးခေတ်ကတန်ခိုးရှင်တစ်ဦးရဲ့ ဂရုစိုက်စောင့်ရှောက်ပေးမှုကို ခံခဲ့ရတယ်။ သူက သူ့ရဲ့အဂ္ဂရိတ်ပညာကို အဲဒီတန်ခိုးရှင်ကို အမွေပေးခဲ့တယ်။ သူက မဟာအင်ပါယာရဲ့ ဝိညာဉ်စွမ်းအားကြောင့် ပရမ်းပတာနေ့ရက်တွေကို ကျော်ဖြတ်နိုင်ခဲ့တယ်။ နှစ်ပေါင်းများစွာကြာတော့ သူ အတော်လေးမြင့်တဲ့ ကျင့်ကြံခြင်းအဆင့်ကိုရောက်သွားပြီး အဂ္ဂရိတ်ကျောင်းတော်တစ်ကျောင်း ထူထောင်ခဲ့ပြီး ကျင့်ကြံဖို့ ရှေးဟောင်းနတ်တောင်တစ်ခုပေါ်မှာနေထိုင်ခဲ့တယ်”

“ဒါပေမဲ့ လူတွေက သူ့ရဲ့အဂ္ဂရိတ်စွမ်းရည်တွေကြောင့် သူ့ကိုတပ်မက်တဲ့မျက်လုံးတွေနဲ့ ကြည့်ခဲ့ကြတယ်။ အဲခေတ်က တန်ခိုးရှင်တွေက သူ့ကိုဖမ်းပြီး သတ်ဖို့လုပ်ခဲ့ကြတယ်။ သူ အသတ်ခံရပြီးနောက် သူ့ရဲ့ရတနာတော်တော်များများက လုယူခံလိုက်ရတယ်လို့ ပြောကြတယ်... သူရဲ့တပည့်တွေက ရတနာချို့ကို ရသွားသလို ကျန်တဲ့ရတာနာတွေကလည်း လူအများဆီကို တကွဲတပြား ရောက်သွားတယ်”

“ဒဏ္ဍာရီထဲက နတ်တောင်က အခုခေတ် အနောက်ပင်လယ်ကုန်းမြေထဲမှာပဲ။ အဲဒါကြောင့် အနောက်ပင်လယ်ကုန်းမြေမှာ အစွမ်းထက်တဲ့ဆေးညွှန်းတွေပေါ်လာတာပဲ။ ပြီးတော့ နတ်မြေပုံတစ်ချပ်လည်း ရှိသေးတယ်။ ဒါက နတ်တောင်ကိုရှာဖို့ သော့ချက်ပဲ”

ရှီးချီယောင်သည် သူမ၏ဇာတ်လမ်းပြီးဆုံးသွားသောအခါ ရီဖူရှင်းကို တိတ်တဆိတ်ကြည့်သည်။ ရီဖူရှင်းက သူကြားခဲ့ရသည့် ဇာတ်လမ်းကို တွေးတောနေပုံရသည်။ သူသည် တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ရှီးချီယောင်ကို ကြည့်သည်။

“ဆိုတော့ နတ်မြေပုံက ကျိုးရိနတ်တောင်ပေါ်မှာ ထွက်ပေါ်လာခဲ့တာပေါ့ ဟုတ်လား”

“ဟုတ်တယ်... ဒါနဲ့ပါတ်သက်တဲ့ ကောလာဟလတွေက အမြဲရှိနေတာပဲ။ ပြီးတော့ အဂ္ဂရိတ်ဆရာတွေအများကြီးကလည်း နတ်မြေပုံကို လိုက်ရှာခဲ့ကြတယ်။ အဂ္ဂရိတ်ဆရာတွေက တန်ခိုးရှင်တွေနဲ့ ကွဲပြားကြတယ်။ သူတို့ရှာဖွေတာက အစွမ်းထက်ဆေးလုံးတွေပဲ... ပြီးတော့ သူတို့အများစုက ကျောင်းတော်တွေ၊ ဂိုဏ်းတွေတည်ထောင်ဖို့ စိတ်မဝင်စားတဲ့ ရသေ့တွေပဲ။ ဒါပေမဲ့ ပိုပြီးအစွမ်းထက်တဲ့ ဆေးလုံးတွေကို လိုက်ရှာတာကလည်း သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ဖို့ပါပဲ။ သူတို့ရဲ့ကျင့်ကြံခြင်းအဆင့် မြင့်လာလေလေ၊ ပိုကောင်းတဲ့ဆေးလုံးတွေကို ပိုဖော်စပ်လာနိုင်လေလေပဲလေ။ ဒီနှစ်မျိုးက ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီပဲ”

ရှီးချီယောင်က ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ နတ်မြေပုံ ပေါ်ထွက်လာပြီလို့ ကျွန်မတို့ သေချာတဲ့သတင်းရထားတယ်။ အဲဒါကြောင့် ရန်ဟောင်ရီက ကောင်းချီးပေးခံရတဲ့သူပဲလို့ ကျွန်မပြောတာပေါ့”

“အဲဒါက တိုက်ဆိုင်မှုတစ်ခုလည်း ဖြစ်နိုင်ပါတယ်”

ရီဖူရှင်းက ပြုံးလျှက် ပြန်ပြောသည်။  အမှန်တွင် သူသည် ထူးဆန်းသောအရာများနှင့် ကြုံခဲ့ရသည်ကို သတိပြုမိ၏။ ထိုကဲ့သို့ တိုက်ဆိုင်မှုသည် သူ့အတွက် အသစ်အဆန်းမဟုတ်ပေ။ ယခင်ကလည်း ထိုကဲ့သို့ ဖြစ်ခဲ့ဖူး၏။

“ဒီတော့ နတ်မြေပုံထွက်ပေါ်လာတဲ့ကိစ္စက နောက်ထပ် သွေးချောင်းစီးစေမယ့် စစ်ပွဲတစ်ခုကို အစပြုနိုင်တယ်...ဟုတ်တယ်မလား”

ရီဖူရှင်းက မေးလိုက်သည်။ နတ်မြေပုံသည် ဒဏ္ဍာရီလာနတ်ကျွန်းကို ညွှန်ပြနိုင်၏။ ထိုနတ်ကျွန်းပေါ်တွင် မဟာအင်ပါယာ၏အမွေအနှစ်များ ရှိနေနိုင်သည်။ ထိုအမွေအနှစ်များကို ရခဲ့သူများသည် နောင်တွင် သူတို့၏မိသားစုထဲ၌ ထပ်သီးအဂ္ဂရိတ်ပညာရှင်များ ပေါများလာမည်ဖြစ်၍ အဂ္ဂရိတ်ဆရာများအပြင် အခြားအင်အားစုများသည်လည်း ထိုအမွေအနှစ်များအတွက် ယှဉ်ပြိုင်နိုင်၏။

သူတို့သည် ဝါရင့်အဂ္ဂရိတ်ဆရာများကို အမွေဆက်ခံစေ၍ဖြစ်စေ သို့မဟုတ် သူတို့ဘာသာ အဂ္ဂရိတ်ပညာရှင်အသစ်များမွေးထုတ်၍ဖြစ်စေ အင်အားတိုးပွားလာ‌အောင်လုပ်နိုင်၏။

“ဒီကိစ္စက ရှောင်လွဲလို့မရဘူးလို့ ကျွန်မ ထင်တယ်။ ရန်ဟောင်ရီ... ရှင်စောစောသွားလေ ကောင်းလေပဲ။ ဒီနည်းနဲ့ တခြားအင်အားစုတွေထက် ခြေတစ်လှမ်းစောနေလိမ့်မယ်”

ရှီးချီယောင်က ထပ်ပြောသည်။

“ရှင်တစ်ခုခုလိုအပ်ရင် အနောက်အင်ပါယာနန်းတော်က ကူညီပေးနိုင်တယ်”

ရီဖူရှင်းက ရှီးချီယောင်၏စကားကြောင့် အတော်လေးအံ့အားသင့်သွား၏။ သူက သူမကို အံ့ဩတကြီးကြည့်လျှက် ပြောလိုက်၏။

“နတ်မြေပုံက အနောက်ပင်လယ်ကုန်းမြေက နတ်တောင်နဲ့ ရတနာတွေကို ရှာနိုင်မယ့်မြေပုံပဲ။ တကယ်လို့ အနောင်အင်ပါယာနန်းတော်သာ မြေပုံကိုရရင် အဂ္ဂရိတ်ဆရာတွေက အင်ပါယာနန်းတော်ကို လာပူးပေါင်းကြမှာပဲ... ဒီနည်းနဲ့ အင်ပါယာနန်းတော်အတွက် အကျိုးဖြစ်နိုင်တာကို ဘာလို့ အနောက်အင်ပါယာနန်းတော်က မြေပုံကို ကိုယ့်ဘာသာမရှာဘဲနဲ့ ကျုပ်လက်ထဲ အပ်ရတာလဲ”

ထိုမြေပုံသည် ထိပ်သီးအင်အားစုကြီးများပင် လိုချင်ကြသည့် အဖိုးတန်ပစ္စည်းတစ်ခုပင်။ ထို့အပြင် အနောက်အင်ပါယာနန်းတော်သည် အနောက်ပင်လယ်ကုန်းမြေထဲတွင် အလွန်စွမ်းအားကြီးပေသည်။ မိမိအလိုရှိသည့်အရာနှင့် နီးကပ်လာလေလေ၊ ရရှိရန်လွယ်ကူလာလေလေဖြစ်သည်။ သူတို့ကိုယ်တိုင် နတ်မြေပုံကို ရှာနိုင်၏။

“ကျွန်မတို့က နတ်မြေပုံကိုရှာနိုင်ပေမယ့် ထိပ်တန်း အဂ္ဂရိတ်ဆရာတွေကိုတော့ ရှာနိုင်ဖို့ခက်တယ်။ ရန်ဟောင်ရီက ထိပ်တန်း အဂ္ဂရိတ်ဆရာတစ်ယောက်ဖြစ်မှာပဲ။ အဲဒါကြောင့် တကယ်လို့ ရန်ဟောင်ရီသာ အနောက်အင်ပါယာနန်းတော်ရဲ့ အကူအညီနဲ့ နတ်မြေပုံနဲ့ နတ်တောင်ကိုရှာတွေ့ရင် ကျွန်မတို့ အကျိုးအမြတ်ကိုခွဲယူပြီး အတူလုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်”

ရှီးချီယောင်က လေသံတိုးတိုးဖြင့် ပြောသည်။  သင်္ဘော၏ပတ်ဝန်းကျင်ကို စွမ်းအားမြင့်တန်ခိုးရှင်များက ချိပ်ပိတ်ထားရာ သူတို့၏စကားများကို အခြားမည်သူမှ မကြားနိုင်ပေ။

ရီဖူရှင်းက ရှီးချီယောင်ကို စိုက်ကြည့်လျှက် ပြောလိုက်၏။

“အနောက်အင်ပါနန်းတော်က ကျုပ်နဲ့ပူးပေါင်းမယ်ဆို‌တော့ ဒွန်ဟောင်အင်ပါယာနန်း‌တော်ကို အပြစ်ပြုမိမှာ မကြောက်ဘူးလား”

သူသည် အင်ပါယာရီချင်၏ဆက်ခံသူဟု သိကြသည်။ ကောင်းကင်ဒေသမှ မည်သူမှ သူနှင့်မပူးပေါင်းဝံ့ပေ။

အဘယ်ကြောင့်ဆိုသော် မည်သူမှ ဒွန်ဟောင်အင်ပါယာနန်းတော်ကို အပြစ်မပြုမိလို၍ဖြစ်သည်။

“ကြောက်တာပေါ့... အဲဒါကြောင့် ဒီပူးပေါင်းမှုက လျှို့ဝှက်ပူးပေါင်းမှုဖြစ်မှာပဲ”

ရှီးချီယောင်က ပြုံးလျှက်ပြောသည်။

“ကိစ္စအများစုကို ရန်ဟောင်ရီကိုယ်တိုင်ပဲ ကြိုးစားလုပ်ရလိမ့်မယ်။ အနောက်အင်ပါယာနန်း‌တော်က ရှင့်ကို အထောက်အပံ့ပေးမယ်”

“နတ်မိမယ်ချီယောင်... နတ်မိမယ်က ကျုပ်ကို တော်တော်လေးယုံကြည်မှုရှိလို့လား”

ရီဖူရှင်းက သူမကိုစိုက်ကြည့်လျှက် မေးလိုက်သည်။

“ရန်ဟောင်ရီရဲ့ အတိတ်အရ... ကျွန်မ ရှင့်ကို လုံးဝယုံကြည်ပါတယ်”

ရှီးချီယောင်က ပြန်ပြောသည်။  သူတို့ပြောနေသည့် ယုံကြည်မှုသည် အဓိပ္ပာယ်များစွာ ရှိ၏။

“ကျေးဇူးပဲ...”

ရီဖူရှင်းက ရှီးချီယောင်ကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်သည်။

“ရှင်ဘယ်အချိန် စထွက်ခွာမလဲ ရန်ဟောင်ရီ”

“အခုပဲ...”

ရီဖူရှင်း ပြန်ဖြေလိုက်သည်။

“ကောင်းပြီ...”

ရှီးချီယောင် ခေါင်းညိတ်လိုက်သည်။

“ရန်ဟောင်ရီ..ရှင်က သွက်တာပဲ။ ရှင့်ကို ကျွန်မလမ်းပြပေးဖို့ လိုမယ်မထင်ပါဘူး။ ဒါက အနောက်ပင်လယ်ကုန်းမြေရဲ့ ပင်လယ်ရေကြောင်းမြေပုံပဲ။ ဒီမြေပုံထဲမှာ အဓိကကျွန်းကြီးတွေအကုန်လုံးကို အမှတ်အသားပြုထားတယ်။ အနောက်ပင်လယ်ထဲမှာ လူနည်းနည်းပဲသိတဲ့ အထူးကျွန်းစုတွေ၊ လူမရောက်သေးတဲ့ကျွန်းတွေလည်း ရှိတယ်။ အဲကျွန်းတွေတော့ ဒီမြေပုံမှာ မပါဘူး”

ရီဖူရှင်းက ရှီးချီယောင်လှမ်းပေးသည့် ကျောက်စိမ်းပေလိပ်ကိုယူ၍ ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ် နတ်မိမယ်ချီယောင်”

“ဘေးကင်းတဲ့ခရီးဖြစ်ပါစေ ရန်ဟောင်ရီ... အနောက်အင်ပါယာနန်း‌တော်လည်း လှုပ်ရှားနေပါပြီ။ ကျွန်မတို့ လူတချို့ ကျိုးရိနတ်တောင်ကို ရောက်နေပါပြီ... ပြီးတော့ ကျွန်မလည်း အဲဒီကိုသွားမှာပါ”

ရှီးချီယောင်က ပြောသည်။

“ကောင်းပြီ... ဒါဆို ကျုပ်က နတ်မိမယ်ကို ကျိုးရိနတ်တောင်မှာ တွေ့တာပေါ့”

ရီဖူရှင်းက ပြောလိုက်၏။

ရှီးချီယောင်က ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ရီဖူရှင်းက သင်္ဘောပေါ်မှနေ၍ ခြေရာလက်ရာမကျန်ခဲ့ဘဲ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရ၏။

ရီဖူရှင်းပျောက်ကွယ်သွားသည်ကို တွေ့လိုက်သောအခါ ရှီးချီယောင်က ပြုံးလိုက်၏။ သူမ၏လှပသောမျက်လုံးလေးများသည် တလက်လက်တောက်ပနေပုံ ပေါ်၏။ သို့သော် သူမဘေးမှ အဘိုးအိုက မျက်မှောင်ကြုတ်လျှက် ပြောလိုက်၏။

“သူက ဒီနေရာမှာရှိနေခဲ့တာတောင် အရင်ကလိုပဲ သူ့ရဲ့အရှိန်အဝါတစ်စွန်းတစ်စကိုတောင် မမြင်နိုင်ခဲ့ဘူး။ သူသာ ငါတို့ရဲ့ ရန်သူသာဆိုရင်တော့ တော်တော်ခေါင်းခဲရမှာပဲ”

“အင်း... အခုတော့ ခေါင်းခဲနေရတာ ကုန်းမြေသခင်ရှီဟိုင်ပဲ”

ရှီးချီယောင်က ပြုံးလျှက်ပြောသည်။

အဘိုးအိုက ခေါင်းခါလိုက်၏။ ရီဖူရှင်းက သူတို့၏ရန်သူဖြစ်မလာစေရန် မျှော်လင့်သည်။ ထိုကဲ့သို့သောရန်သူတစ်ဦးသည် အနောက်အင်ပါယာနန်းတော်အတွက် ဒုက္ခများသွားစေမည်ဖြစ်သည်။

***

ကျိုးရိနတ်တောင်သည် တောင်ဟုဆိုသော်လည်း တောင်ပေါ်တွင်တည်ရှိသည့် ကျွန်းတစ်ကျွန်းဖြစ်သည်။

ကျိုးရိတောင်ကို ယခင်က ကျိုးရိတောင်တန်းစုဟုခေါ်သည်။ ထို့နောက်တွင် ယင်းအဆုံးမဲ့တောင်တန်းပေါ်၌ မြို့ကြီးတစ်မြို့တည်ခဲ့သည်။  ကောင်းကင်ထက်မှကြည့်လျှင် တောင်တန်းစုသည် နတ်နဂါးများ ၎င်းတို့၏ခန္ဓာကိုယ်ကို တွန့်လိမ်ကွေ့ကောက်နေပုံနှင့်တူပေသည်။

ကျိုးရိနတ်တောင်ပေါ်တွင် တည်ထောင်ထားသော မြို့တော်သည် လွန်စွာစည်ပင်ဝပြောပေသည်။ ထို့အပြင် မြို့သည်လည်း ပရမ်းပတာအခြေအနေသို့ ရောက်ခဲ့ကာ မူလနယ်ခံများမရှိသော ခြောက်ကပ်ကပ်နေရာတစ်ခုဖြစ်ခဲ့ပြီး ထိုနေရာတွင် နေထိုင်သော တန်ခိုးရှင်များအားလုံးမှာ အပြင်မှလူများဖြစ်ကြသည်။

မူလက အစွမ်းထက်အဂ္ဂရိတ်ဆရာအချို့သည် ထိုမြို့သို့လာ၍ ကုန်စည်ဖလှယ်ကြ၏။ ဤသို့ဖြင့် ထိုမြို့သို့လာသော အဂ္ဂရိတ်ဆရာများသည် တစ်စထက်တစ်စများပြားလာသည်။

ဤသို့ဖြင့် အချိန်ကြာလာသည်နှင့်အမျှ ခြောက်ကပ်ခဲ့သော ကျိုးရိတောင်တန်းစုသည် လက်ရှိ ကျိုးရိနတ်တောင်ဖြစ်လာခဲ့ပြီး စည်ပင်ဝပြောသော မြို့တစ်မြို့ကို မွေးထုတ်ပေးနိုင်ခဲ့၏။ အနောက်ပင်လယ်ကုန်းမြေတစ်ခွင်လုံးသည် ထိုနတ်တောင်အကြောင်းကို သိကြပြီး လူများသည် ထိုတောင်သို့လာ၍ ကုန်စည်ဖလှယ်ခြင်း၊ ရတနာရှာဖွေခြင်းတို့ကို လုပ်ကြ၏။

ထိုသို့ဖြင့် ယင်းမြို့သည် စည်ပင်ဝပြောကာ ပရမ်းပတာဖြစ်လာခဲ့ခြင်းပင်။

လူသတ်မှုများ၊ လုယက်မှုများ မကြာခဏဖြစ်လေ့ရှိသည်။

ထို့အပြင် အချို့အင်အားစုများနှင့် အဂ္ဂရိတ်ဆရာများသည် ထိုနေရာတွင် အခြေချနေထိုင်ခဲ့ကြသည်။

ပြီးခဲ့သောရက်အနည်းငယ်အတွင်းတွင် ကျိုးရိနတ်တောင်သို့ ရောက်လာခဲ့သူများသည် ပုံမှန်ထက် ပိုများနေခဲ့သည်။ သူတို့သည် ပင်လယ်ပြင်ပေါ်တွင် ပျံသန်းသူကပျံ၊ ကျိုးရိနတ်တောင်၏အထက်ကောင်းကင်တွင် ပျံသန်းသူကပျံနှင့် ရှိနေကြသည်။ ထို‌တောင်တွင် နတ်မြေပုံထွက်ပေါ်လာသည်ဟူသော ကောလာဟလများရှိနေသဖြင့် အနောက်ပင်လယ်ကုန်းမြေအတွင်းရှိ ကျွန်းစုအသီးသီးမှ စွမ်းအားမြင့်တန်ခိုးရှင်များသည် ထိုတောင်သို့ ရောက်လာခဲ့ကြသည်။

ကျိုးရိနတ်တောင်သို့ ရောက်လာသော လူများအကြားတွင် မဖော်ပြနိုင်လောက်အောင် ခံ့ညားသော ဝတ်စုံဖြူဝတ်ဆင်ထားသည့် ငွေဖြူရောင်ဆံပင်နှင့် လူငယ်တစ်ဦးသည် လက်နောက်ပစ်၍ရှိနေ၏။ သူက အောက်သို့ ငုံ့ကြည့်လိုက်၏။ သူ၏နတ်အာရုံကိုသုံး၍ ကြည့်လိုက်လျှင် နတ်တောင်ပေါ်ရှိ တန်ခိုးရှင်များအားလုံးမှာ သန်မာကြောင်း သိရှိသွား၏။

အားနည်းသူများသည် ဤနေရာသို့ မလာလောက်ပေ။ သူတို့လာခဲ့လျှင်လည်း အချည်းနှီးသာဖြစ်ပေမည်။

သူက အဝေးသို့လှမ်းကြည့်လိုက်၏။ ဤနတ်တောင်တွင် အဂ္ဂရိတ်ဆရာများနှင့်ပြည့်နေသည်ဟု ရှီးချီယောင်က သူ့ ကိုပြောခဲ့သည်။ သူသာ အဂ္ဂရိတ်ဆရာအနည်းငယ်ကို သူနှင့်ပူးပေါင်းရန် စည်းရုံးနိုင်လျှင် စီဝေ့ကြယ်ကောင်းကင်ကို တိုးတက်အောင်လုပ်ရာတွင် အထောက်အကူဖြစ်မည်မှာ သေချာပေသည်။ ထို့အပြင် သူသည် နတ်မိမယ်တုန်းလိုင်ကို အခွင့်အရေးရလျှင် အရှေ့နတ်ကျွန်းစုမှ အဂ္ဂရိတ်ဆရာများကို စည်းရုံးရန် တောင်းဆိုနိုင်ပေလောက်သည်။

သူ့အတွက် အလယ်အလတ်အဆင့် ဆေးလုံးများက အသုံးမဝင်သော်လည်း စီဝေ့ကြယ်ကောင်းကင်ကို တိုးတက်အောင်လုပ်ရန်အတွက် မည်သည့်အဆင့် ဆေးလုံးကိုမဆို လိုအပ်ပေသည်။ သူသည် ထိုဆေးလုံးများကို အခြားအဂ္ဂရိတ်ဆရာများအား ပေးနိုင်၏။

All Chapters