← Chapters

ကျွန်မကိုမမေ့ပါနဲ့

Vol. 9 Ch. 826

ကျွန်မကိုမမေ့ပါနဲ့

Vol. 9 Ch. 826

ဆန်းလျန်သည် မရှိမှုကျေးရွာမှ ထွက်ခွာလာခဲ့လေသည်။

သူက ပထမဆုံးကျောက်ရှောင်ယွီကို အရင်ရှာဖွေပြီးမှာ အခြားကိစ္စများကို လုပ်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။

သို့သော်… ရုတ်တရက် သူ့စိတ်ထဲတွင် တစ်ချက်လှုပ်ရှားသွားပြီး ချင်းရှတောင်တွင် ဖြစ်နေသည့်အဖြစ်အပျက်များကို အာရုံခံလိုက်မိကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ချင်းရှတောင်သို့ ရောက်ရှိလာခဲ့လေသည်။

ချင်းရှတောင်ရှိ ချင်းရှကျောင်းတော်တွင် ယောကျ်ားတစ်ယောက်နှင့် မိန်းကလေးတစ်ယောက် ရှိနေလေသည်။

ယောကျ်ားလေးမှာ ရဲ့မော်ထျန်းဖြစ်ပြီး မိန်းကလေးမှာတော့ ကြာပန်းဖြူ၏ အစေခံမလေးဖြစ်လေသည်။

ရဲ့မော်ထျန်းက ချင်းရှခန်းမဆောင်အတွင်းသို့ အတင်းဝင်ရန်ကြိုးစားနေပြီး ကြာပန်းဖြူ၏ အစေခံမိန်းကလေးက သူ့ကို တားဆီးနေလေသည်။

ချင်းရှခန်းမဆောင်ထဲတွင် ကြာပန်းဖြူချန်ထားခဲ့သည့် တန်ခိုးစွမ်းအားအကျွင်းအကျန်များ ရှိနေသေးလေရာ အစေခံမိန်းကလေးသည် ရဲ့မော်ထျန်းကို ခဏတော့ တားဆီးထားလိုက်နိုင်လေသည်။

သို့သော်… သူမသည် ရဲ့မော်ထျန်းကို  (၂) စက္ကန့်မျှသာ တားဆီးထားလိုက်နိုင်ပြီး နောက်ဆုံးတွင်တော့ ရဲ့မော်ထျန်းသည် ချင်းရှကျောင်းတော်အတွင်းသို့ ဝင်ရောက်သွားလေသည်။

ထိုအချိန်မှာပင်…

လေပြေလေးတစ်ချက်တိုက်ခတ်လာကာ ရဲ့မောထျန်းကို တားဆီးထားလိုက်လေသည်။

ထို့နောက် လေပြေထဲတွင် သန့်စင်ပြီး ကိလေသာမြူမှုံတစ်စက်လေးပင် ကပ်ငြိခြင်းမရှိဟုထင်ရလောက်အောင် သန့်စင်လွန်းသည့် တာအိုဆရာလူငယ်လေးတစ်ယောက် ပေါ်လာလေသည်။

အခြားသူမဟုတ်ပေ။ ဆန်းလျန်သာလျှင် ဖြစ်လေသည်။

ကျိကျိုက်ထျန်းကောင်းကင်ဘုံဟုခေါ်ဆိုသည့် ပရနိမ္မိတဝဿ၀တီနတ်ပြည်တွင် ရဲ့မော်ထျန်းသည် သတ္တိနှင့်ပြည့်စုံသည့် နတ်ဆိုးတစ်ယောက်ဖြစ်လေသည်။

သို့သော်… ဆန်းလျန်နှင့် ရင်ဆိုင်ရသည့်အခါတိုင်း သူ့မှာ ကြောင်ရှေ့ရောက်သည့် ကြွက်တစ်ကောင်အလား ခံစားရသည်။

ဆန်းလျန်ကိုတွေ့သည်နှင့် ရဲ့မော်ထျန်း ချက်ချင်းပင်ကြောက်ရွံ့သွားပြီး ကုပ်ကုပ်ကလေးဖြစ်သွားလေသည်။

ဆန်းလျန်က…

"မင်း ဒီမှာ ဘာလုပ်နေတာလဲ…"

ရဲ့မော်ထျန်းက…

"ကွမ်ယင်မယ်တော်ရဲ့ငါးခြင်းတောင်းကို ယူခဲ့ဖို့ မိစ္ဆာသခင်က အမိန့်ပေးလိုက်လို့ပါ…"

ရဲ့မော်ထျန်းပြောသည့် မိစ္ဆာသခင်ဆိုသည်မှာ အခြားသူမဟုတ်ပေ။

ကျိကျိုက်ထျန်းကောင်းကင်ဘုံဟုခေါ်ဆိုသည့် ပရနိမ္မိတဝဿ၀တီနတ်ပြည်ကို ပိုင်ဆိုးသူ မာရ်နတ်ပင် ဖြစ်လေသည်။ မာရ်နတ်သည် ရှေးဟောင်း မိုးကောင်းကင်နတ်မိစ္ဆာတစ်ပါးဖြစ်ပြီး ဗုဒ္ဓကိုပင် အနှောက်အယှက်ပေးခဲ့သေးသည် မဟုတ်ပါလား။

ရဲ့မော်ထျန်း၏ စကားကိုကြားသည်နှင့် ဆန်းလျန်က အရာအားလုံးကို တွေးတောဆင်ခြင်လိုက်သည်။

ကွမ်ယင်မယ်တော်၏ ဖန်ဆင်းခြင်း (၃၂)မျိုးတွင် ငါးခြင်းတောင်းလည်း တစ်ခုအပါအဝင်ဖြစ်သည်။ ယခု မာရ်နတ်က ကွမ်ယင်မယ်တော်၏ ငါးခြင်းတောင်းကို ယူခိုင်းလိုက်ခြင်းမှာ ကွမ်ယင်မယ်တော်နှင့် မာရ်နတ်ကြားမှ ပြဿနာ ဖြစ်လေသည်။

သို့သော်… မာရ်နတ်က ငါးခြင်းတောင်းကို လိုချင်သည်ဆိုလျှင် အဘယ့်ကြောင့် ကွမ်ယင်မယ်တော်ကို တိုက်ရိုက်မတောင်းဘဲ ချင်းရှိကျောင်းတော်သို့ ရဲ့မော်ထျန်းကို စေလွှတ်လိုက်ရပါသနည်း။

အဖြေက ရှင်းပါသည်။ မာရ်နတ်နှင့် ကွမ်ယင်မယ်တော်မှာ တစ်ယောက်နှင့်တစ်ယောက် ပတ်သက်ခြင်းမရှိစေရန် တားဆီးခံထားခဲ့ကြရသောကြောင့် ဖြစ်လေသည်။

ဆန်းလျန်က…

"မိစ္ဆာသခင်ဟုတ်လား ၊ ပရနိမ္မိတဝဿ၀တီနတ်ပြည်က မာရ်နတ်ကို ပြောနေတာမဟုတ်လား ၊ သူက ငါးခြင်းတောင်းကိုလိုချင်တယ်ဆိုရင် ဘာလို့ သူကိုယ်တိုင် လာမယူရတာလဲ…"

ရဲ့မော်ထျန်းက…

"ဝန်စူးဗောဓိသကျက နတ်ဆိုးတစ်သောင်းကိုသတ်ဖြတ်ပြီး မာရ်နတ်နဲ့ ရင်ဆိုင်တိုက်ခိုက်နေပါတယ် ၊ ဒါကြောင့် မာရ်နတ်က ဒီကိုလာဖို့ မအားပါဘူး… သူ့မှာ ကိုယ်ခွဲဖန်ဆင်းဖို့တောင် အချိန်မရဘူးဖြစ်နေတယ်…"

ရဲ့မော်ထျန်း၏ စကားကြောင့် ဆန်းလျန်ပင် တုန်လှုပ်သွားရသည်။

ဝန်စူးကိုအသိပညာနတ်ဘုရားဟု လူသိများကြလေသည်။ အဘယ်ကြောင့်ဆိုသော် … ကျူဖူကိုယ်တော်များ ၊ လော်ဟန်ကိုယ်တော်များနှင့် ဗောဓိသကျများအားလုံး၏ အသိပညာများအားလုံးကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်လေသည်။

သူမသည်လည်း ကွမ်ယင်မယ်တော်ကဲ့သို့ပင် ထိပ်တန်းဗောဓိသကျ (၄)ပါးထဲတွင် တစ်ပါးအပါအဝင်ဖြစ်လေသည်။ ဗုဒ္ဓဘာသာကျင့်ကြံသူများထဲတွင် အလွန်အဆင့်မြင့်သည့် ဗောဓိသကျတစ်ပါးဟု ဆိုနိုင်သည်။

လင်စန်းတောင်မှ ထိပ်တန်းဗောဓိသကျ (၄)ပါးမှာ... ကွမ်ယင်မယ်တော် ၊ ဖူရှန်မယ်တော် ၊ ဝန်စူးဗောဓိသကျနှင့် တိကျန်ဗောဓိသကျတို့ ဖြစ်ကြသည်။

ဆန်းလျန်က ငါးခြင်းတောင်းကို ရဲ့မော်ထျန်းကို ပေးလိုစိတ်မရှိပေ။ ကွမ်ယင်မယ်တော်နှင့် မာရ်နတ်ကြားတွင် အကြောင်းအကျိုး ပတ်သက်မှုရှိလျှင်လည်း အခြားသောနည်းလမ်းနှင့် ဖြေရှင်းကြပေလိမ့်မည်။

ရဲ့မော်ထျန်းက ဆန်းလျန်ရှေ့မှာ ကုပ်ကုပ်လေး ထွက်ခွာသွားရန် ဟန်ပြင်လိုက်လေသည်။

ဆန်းလျန်က…

"မင်းက အခု ဘာလုပ်မလို့လဲ…"

ရဲ့မော်ထျန်းက ဆန်းလျန်အမေးကိုကြားသည်နှင့်…

"ကျွန်တော်က အခု သွားတော့မလို့ပါ…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"မင်းကိုစောင့်ကြည့်နေတဲ့သူတွေရှိတယ် ၊ မင်းသွားလို့ မဖြစ်ဘူး ၊ ပြီးတော့ ချင်းရှကျောင်းတော်မှာလည်း အစောင့်တစ်ယောက်လောက်လိုနေတယ် ၊ မင်း ဒီမှာ အလုပ်မလုပ်ချင်ဘူးလား…"

ရဲ့မော်ထျန်းသည် တအံ့တသြဖြင့် ဆန်းလျန်ကို ငေးကြည့်နေမိလေသည်။

ဆန်းလျန်က…

"ဘာလဲ… ချင်းရှကျောင်းတော်က နာမည်မကြီးလို့ မင်းက အလုပ်လက်မခံချင်တာလား…"

ရဲ့မော်ထျန်းက…

"မဟုတ်ပါဘူး ၊ ကျွန်တော်က နတ်ဆိုးတစ်ယောက်ပါ ၊ နတ်ဘုရားတွေက ကျွန်တော့်ကို လက်ခံထားနိုင်ပါ့မလား…"

ဆန်းလျန်က…

"လူသားဖြစ်ဖြစ် ၊ နတ်ဆိုးဖြစ်ဖြစ် ၊ နတ်မိစ္ဆာဖြစ်ဖြစ် ၊ နတ်ဘုရားဖြစ်ဖြစ် အားလုံးက သတ္တဝါတွေပါပဲ ၊ မင်းကို လက်မခံနိုင်စရာအကြောင်းမရှိပါဘူး … ၊ ပြီးတော့ ကျုပ်က နတ်ဘုရားတစ်ပါးဆိုပေမယ့် ဗုဒ္ဓလောက်တော့ အသိဉာဏ်ပညာမရှိနိုင်တာ အမှန်ပဲ ၊ အဲဒီတော့ မင်းအနေနဲ့ ချင်းရှကျောင်းတော်မှ နေတဲ့ကာလအတွင်း ဗုဒ္ဓစာပေတွေကို လေ့လာပါ…"

ရဲ့မော်ထျန်းသည် ဆန်းလျန်ကို အလေးစားကြီးလေးစားသွားမိလေသည်။

ဆန်းလျန်က သူ့ကို သစ္စာရှိရန် ရဲ့မော်ထျန်းကို မတောင်းဆိုခဲ့ပေ။ ထို့ပြင် ဆန်းလျန်ထံတွင် ခိုလှုံလျှင် ရဲ့မော်ထျန်းသည်လည်း အန္တရယ်ကင်းသွားနိုင်လေသည်။

ချင်းရှတောင်က ဝေးလံခေါင်သီပြီး နာမည်ကျော်ကြားခြင်းလည်း မရှိသည့်တိုင် အေးအေးဆေးဆေးနေထိုင်နိုင်သည့် နေရာတစ်ခုတော့ ဖြစ်လေသည်။

ရဲ့မော်ထျန်း လူ့လောကသို့ ရောက်ရှိလာကတည်းက ပရနိမ္မိတဝဿ၀တီပြည်သို့ မပြန်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော်… မာရ်နတ်ကလည်း သူ့ကို ဆင့်ခေါ်ခြင်းမရှိသလို သူကိုယ်တိုင်ကလည်း လူ့လောကမှ ပြန်လိုစိတ် မရှိသောကြောင့် ဖြစ်သည်။

ထို့ပြင် ဆန်းလျန်က ရဲ့မော်ထျန်းကို ဗုဒ္ဓစာပေများလေ့လာခိုင်းသည်မှာ အကြောင်းရှိလေသည်။

လင်စန်းတောင်တွင် နတ်နဂါး (၈)ပါး ရှိလေသည်။ ထိုနတ်နဂါး (၈)ပါးတွင် အများစုမှာ နတ်ဆိုးများနှင့် အသူရာများ ဖြစ်ကြသည်။ ဗုဒ္ဓစာပေကိုလေ့လာပြီး တရားအလင်းရကာ နတ်နဂါးများအဖြစ် အသွင်ပြောင်းသွားကြခြင်း ဖြစ်လေသည်။

ထို့ကြောင့် ကုသိုလ်မှ အကုသိုလ် ၊ အကုသိုလ်မှ ကုသိုလ် ပြောင်းလဲသွားနိုင်သကဲ့သို့ အဆိုးမှအကောင်း  ၊ အကောင်းမှ အဆိုး ပြောင်းလဲသွားနိုင်သည့် သာဓကများစွာ ရှိလေသည်။

ထို့ကြောင့်… ဆန်းလျန်က ရဲ့မော်ထျန်း နတ်ဆိုးတစ်ယောက်ဖြစ်နေခြင်းကို အလေးမထားဘဲ အခွင့်အရေးပေးခဲ့ခြင်း ဖြစ်လေသည်။

ဆန်းလျန်က သူ့ကို လက်ခံသည့်အတွက် ရဲ့မော်ထျန်းမှာ စိတ်လှုပ်ရှားနေမိပြီး ဆန်းလျန်ကိုလည်း အလွန်လေးစားနေမိလေသည်။

လောလောဆယ်အချိန်တွင်လည်း သူ့အတွက် အလိုအပ်ဆုံးမှာ အမှီကောင်းကောင်းတစ်ခုပင် ဖြစ်လေသည်။

ရဲ့မော်ထျန်းသည် ချက်ချင်းပင် မြေပြင်ထက်တွင်ဝပ်တွားကာ ဆန်းလျန်ကို ဦး (၃)ကြိမ်ချကာ ကန်တော့လိုက်သည်။ ထို့ပြင် ရဲ့မော်ထျန်းက ဆန်းလျန်၏ ခြေထောက်များကို သူ၏နဖူးဖြင့်ထိကာ သူ၏ သစ္စာရှိမှုကို ပြသရန် ကြိုးစားလိုက်သည်။

သို့သော်… ထိုအပြုအမူကိုတော့ ဆန်းလျန်က လက်မခံဘဲ ရှောင်ထွက်သွားခဲ့လေသည်။

ရဲ့မော်ထျန်းကို လက်ခံပြီးသည်နှင့် ဆန်းလျန်က ကြာပန်းဖြူ၏ အစေခံမိန်းကလေးနှင့် စကားစမြည် အနည်းငယ် ပြောခဲ့လေသည်။

အစေခံမလေးက ဆန်းလျန်၏ စကားများကိုကြားသည်နှင့် ငိုကြွေးလိုက်ရင်း…

"ဆန်းသခင်လေး ၊ ကျွန်မရဲ့ သခင်မလေး တကယ်ပဲ မရှိတော့ဘူးပေါ့…"

ဆန်းလျန်က ခေါင်းတစ်ချက်ညိတ်ပြလိုက်ရင်း…

"အင်း… ကြာပန်းဖြူဆိုတာ လောကမှာ မရှိတော့ပါဘူး…"

အစေခံမလေးက မရပ်မနားငိုကြွေးလေတော့သည်။

သူမသည် အတန်ကြာငိုကြွေးနေပြီး ဆန်းလျန်ကလည်း သူမ ငိုလို့ဆုံးသည်အထိ စောင့်နေခဲ့သည်။

အားရပါးရငိုပြီးသွားတော့မှ သူမက ချင်းရှကျောင်းတော်ခန်းမထဲမှ အမွှေးတိုင်နှင့် နံ့သာပေါင်းများပူဇော်ရာ စင်မြင့်အနောက်ဖက်တွင် ထားရှိသည့် ကြာပန်းပွင့်လွှာတစ်ချပ်ကို ထုတ်ယူလာလေသည်။

ကြာပန်းပွင့်လွှာလေးမှာ ခြောက်သွေ့နေပြီဖြစ်လေသည်။ သို့သော်…. ပွင့်လွှာထက်တွင် စာကြောင်း အချို့ရေးသားထားလေသည်။

"ကျွန်မ ဒီလောကကို ရောက်လာရတဲ့ အကြောင်းရင်းက ရှင် မဟုတ်သလို ၊ ရှင် ဒီလောကကို ရောက်လာရတဲ့ အကြောင်းရင်းကလည်း ကျွန်မ မဟုတ်ပါဘူး ၊ ဒါပေမဲ့ တစ်ခုတော့ရှိတယ် ၊ ရှင် ကူးချိုင်ဝေ့ကို မမေ့သေးသရွေ့ ကျွန်မကိုလည်း မေ့မသွားပါနဲ့…"

ခြောက်သွေ့နေသည့် ကြာပန်းပွင့်လွှာလေးမှ မွှေးရနံ့လေးသင်းပျံ့နေဆဲဖြစ်သည်။

ထိုမွှေးရနံ့လေးသည် ကြာပန်းဖြူ၏ ကိုယ်သင်းနံ့လေးနှင့် ခွဲခြားမရအောင် ဆင်တူလေသည်။

ယခုအချိန်တွင်… ကြာပန်းဖြူသည် ကျောက်ရှောင်ယွီ၏ ကိုယ်ခွဲတစ်ခုဖြစ်သည်ကို ဆန်းလျန် သိရှိထားခဲ့ပြီ ဖြစ်သည်။ သို့သော်… သူတို့ (၂)ယောက်တွင် အနည်းငယ်ကွဲပြားမှုရှိသည်ဟု ဆန်းလျန် ခံစားနေရသည်။

ကြာပန်းဖြူဆိုသည့် ကိုယ်ခွဲတစ်ခုကို ကျောက်ရှောင်ယွီ အဘယ့်ကြောင့် ဖန်ဆင်းခဲ့ရပါသနည်းဟု ဆန်းလျန် ရုတ်တရက် သိချင်လာမိသည်။ ကျောက်ရှောင်ယွီသာ သူ့အနားတွင်ရှိနေလျှင ်ချက်ချင်းပင် မေးမြန်းမိမည် ဖြစ်သော်လည်း ကျောက်ရှောင်ယွီသည် သူ့အနားတွင် ရှိမနေတော့ပြန်ပေ။

အစေခံမိန်းကလေးယောင်ချင်က…

"ကျွန်မတို့ သခင်လေးကို ရှင် မေ့မသွားဘူးလို့ ကတိပေးနိုင်မလား…"

ဆန်းလျန်က…

"ကျုပ်က ကတိမပေးနိုင်ရင် မင်းက ဘာလုပ်မလို့လဲ…"

ယောင်ချင်က…

"အဲဒါဆိုရင် ကျွန်မ ရှင့်ကို လုံး၀ ခွင့်မလွှတ်ဘူး…"

သူမ စကားမှားသွားပြီကို ယောင်ချင် ချက်ချင်းသိလိုက်သည်။

အဘယ်ကြောင့်ဆိုသော်… သူမလိုလူမျိုးက ခွင့်မလွှတ်၍လည်း ဆန်းလျန်က အရေးစိုက်မည် မဟုတ်သောကြောင့်ပင်။

နောက်ဆုံးတော့ ယောင်ချင်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"သခင်မလေး ပြောတာ တကယ်မှန်တယ် ၊ ရှင်က အကြင်နာတရားကင်းမဲ့တယ်…."

ဆန်းလျန်က…

"ဒါပေမဲ့ သူ့ အပေါ်တော့ မဟုတ်ခဲ့ပါဘူးဗျာ ၊ ကျောက်ရှောင်ယွီရော ကြာပန်းဖြူရောပေါ့ ၊ သူတို့  (၂)ယောက်လုံး အတူတူပါပဲ…"

ယောင်ချင်က တည်ကြည်သည့်မျက်နှာထားဖြင့်…

"သခင်မလေးက ကြာပန်းဖြူပါပဲ ၊ ကျောက်ရှောင်ယွီ မဟုတ်ပါဘူး… "

ဆန်းလျန်က ရယ်မောလိုက်ရင်း…

"ကျုပ် သူ့ကို ဘယ်တော့မှ မေ့မသွားဘူးလို့ ကတိပေးပါတယ်…"

ယောင်ချင်က…

"ရှင် အပြစ်ရှိတယ်လို့ မခံစားရဘူးလား…"

ဆန်းလျန်က…

"မခံစားရပါဘူး ၊ တကယ်တော့ မင်းရဲ့ သခင်မလေးနဲ့တွေ့ဆုံခွင့်ရတာ ကျုပ်အတွက် ကံကောင်းတာပါ…"

အဘယ်ကြောင့်ဆိုသော်… ကြာပန်းဖြူဆီမှ ဆန်းလျန် အကြောင်းအရာများစွာကို သင်ယူခဲ့ရလေသည်။

အစပိုင်းတွင် ဆန်းလျန်သည် အထီးမကျန်ချင်သည့်အတွက် ကူးဝေေ၀ကို လက်လွှတ်မခံနိုင်ခဲ့ပေ။ သို့သော်… ယခုတော့ သူ တကယ်တမ်း ချစ်မြတ်နိုးရသူမှာ ကူးဝေေ၀မဟုတ်သည်ကို သိရှိသွားခဲ့ပြီ ဖြစ်သည်။

အမှန်ကို သိရှိသွားသည့်အတွက် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့လေသည်။ သို့သော်… သူ တကယ်ချစ်မြတ်နိုးသူက မည်သူဖြစ်ပါသနည်း။

ဆန်းလျန်က တိုးတိတ်သည့်လေသံဖြင့်…

"တကယ်တော့ ကျုပ်ကိုယ်ကျုပ် ညာနေခဲ့တာပဲ…"

ဆန်းလျန်ပြောလိုက်သည့်စကားအဓိပ္ပါယ်ကို ယောင်ချင်က နားလည်ခြင်း မရှိပေ။

သို့သော်… သူမ၏ သခင်မလေးကို ဆန်းလျန်က ဘယ်တော့မှ မမေ့ပါဟု ကတိပေးခဲ့သည့်အတွက် သူမ စိတ်သက်သာရာရကာ ကျေနပ်သွားခဲ့ပြီ ဖြစ်သည်။

အမှန်တော့… ကြာပန်းဖြူတစ်ချိန်လုံး တမ်းတနေခဲ့သူသည် ဆန်းလျန် ဖြစ်နေခဲ့သည်ကို သူမ သိရှိခဲ့သည် မဟုတ်ပါလား။

………….

ဆန်းလျန်ထွက်သွားသည့်နောက်ပိုင်း ကူးဝေေ၀က ဆိုင်တံခါးကို အမြဲတမ်း ဖွင့်ထားခဲ့လေသည်။

စားသောက်ဆိုင်က ခြောက်ကပ်နေခြင်းမရှိပေ။ ဧည့်သည်များက အနည်းနှင့်အများ ရောက်လာကြသည်ပဲ ဖြစ်သည်။

ရောက်လာကြသည့်ဧည့်သည်များကလည်း သာမန်လူများမဟုတ်ပါ။ နတ်မိစ္ဆာများ ၊ ဝိညာဉ်များ ၊ လူသားမဟုတ်သူများ ဖြစ်ကြလေသည်။ တစ်ခါတစ်ရံ ကျော်ကြားသည့် ကျင့်ကြံသူဂိုဏ်းများမှ ကျင့်ကြံသူများပင် ပါဝင်နေသေးသည်။

ကူးဝေေ၀ကိုယ်တိုင် သတိမမူမိခင်မှာပင် သူမသည် အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေခဲ့ပြီဖြစ်သည်။ ထို့ကြောင့် စားသောက်ဆိုင်ကိုရောက်လာသူ မည်သူ့ကိုမဆို သူမ ကောင်းကောင်း ရင်ဆိုင်နိုင်ခဲ့သည်ပဲဖြစ်သည်။

ကျွယ်ရှင်းက သူမကို အစဉ်အမြဲ အကူအညီပေးနေခဲ့လေသည်။

ထို့ပြင်… ဆန်းချင်းချင်းနှင့် ပိုင်ရှောက်ယွီတို့ကလည်း တတ်နိုင်သလောက် သူမကို ကူညီကြလေသည်။

စားသောက်ဆိုင်အလုပ်များဖြင့် မအားရသည့်အခါ ကူးဝေေ၀သည် ဆန်းလျန်ကိုပင် မေ့နေခဲ့သည်။ သို့သော်… အားလပ်သည့်အချိန်များတွင်တော့ မထင်မှတ်စွာ သူမဘဝထဲ ရုတ်တရက်ဝင်ရောက်လာခဲ့လေသူ ဆန်းလျန်ကို လွမ်းဆွတ်တမ်းတမိသည်ကတော့ မငြင်းနိုင်ပေ။

ယနေ့တော့…

သူမရှေ့သို့ ဆန်းလျန် ပြန်လည် ရောက်ရှိလာခဲ့လေသည်။

လွန်ခဲ့သည့် နှစ်များဆီက ဆန်းလျန်နှင့် စတင်ဆုံတွေ့ခဲ့ရသကဲ့သို့ပင် သူမ ဆိုင်တံခါးကို ဖွင့်လိုက်သည်နှင့် ဆန်းလျန်ကို တွေ့မြင်လိုက်ရခြင်း ဖြစ်လေသည်။

သို့သော်… ယခုတစ်ကြိမ်တွင်တော့ ဆန်းလျန်သည် မုတ်ဆိတ်မွှေးများဖြင့် ပေစုတ်စုတ်ပုံစံမျိုး မဟုတ်တော့ပေ။ အလွန်သန့်စင်သည့် လူငယ်လေးတစ်ယောက် အသွင်နှင့် ဖြစ်လေသည်။

ကူးဝေေ၀က ချက်ချင်းပင် အံ့သြပျော်ရွှင်သွားပြီး…

"အားလျန် ၊ နင် ပြန်လာပြီပေါ့…"

ဆန်းလျန်က ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း…

"ဂိုဏ်းတူအစ်မ ၊ မတွေ့တာ ကြာပြီနော်…"

ကူးဝေေ၀…

"အင်း…မတွေ့တာကြာပြီ…"

ထိုအချိန်မှာပင်…

"ဆန်းလျန်ပြန်လာပြီဟေ့…"

ဆန်းချင်းချင်း၏ အသံစာစာနှင့် အော်ဟစ်လိုက်သံထွက်ပေါ်လာပြီး စားသောက်ဆိုင်တစ်ခုလုံးမှ လူများမှာ အံ့သြထိတ်လန့် ကုန်ကြရလေသည်။

ပိုင်ရှောက်ယွီနှင့် ကျွယ်ရှင်းတို့ ချက်ချင်းပင် အနားသို့ ရောက်လာကြသည်။

ကျွယ်ရှင်းက ရယ်ကာမောကာဖြင့်  ဆန်းလျန်ကို နှုတ်ဆက်လိုက်ပြီး ပိုင်ရှောက်ယွီမှာလည်း အနည်းငယ် စိတ်လှုပ်ရှားနေပုံ ရလေသည်။

ကူးဝေေ၀က…

"အားလျန် ၊ နင် ဒီနေ့ ဘာစားချင်လဲ ၊ ငါ သွားချက်လိုက်မယ်…"

ဆန်းချင်းချင်းက…

"ကျွန်မ ချက်ပေးမယ်လေ ၊ ဟင်းချက်နည်းအသစ်တစ်ခု ကျွန်မ သင်ထားတယ်…"

ကူးဝေေ၀ စကားပြန်မပြောခင်မှာပင် ပိုင်ရှောက်ယွီ၏မျက်နှာက မဲမှောင်သွားပြီး…

"မချက်နဲ့…"

ဟု တားဆီးလိုက်သည်။

ဆန်းချင်းချင်းက…

"ဘာဖြစ်လို့လဲ ၊ ငါချက်တဲ့ဟင်းက အရသာမရှိလို့လား…"

ပိုင်ရှောက်ယွီ၏မျက်နှာက မဲမှောင်နေပြီး….

"နင်ချက်တဲ့ဟင်းတွေက ကြောက်စရာကောင်းလောက်အောင်ကို အရသာရှိလွန်းလို့ပါ…"

ဆန်းချင်းချင်းက ဆန်းလျန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး…

"ဆန်းလျန် ၊ ကျွန်မ တကယ်ဟင်းချက်တတ်ပါတယ်နော် ၊ အစ်မဝေေ၀ရဲ့ဟင်းခုတ်ဓားကလည်း အရမ်းသုံးလို့ကော်းတယ် ၊ အဲဒီလိုဓားမျိုး ဖြစ်နိုင်ရင် နောက်တစ်လက်လောက် ရှာပေးပါဦး…"

ဆန်းလျန်ကပြုံးလိုက်ရင်း…

"မင်းချက်တဲ့ဟင်းတွေက ကြောက်စရာကောင်းလောက်အောင် အရသာရှိလွန်းတယ်လို့ ပိုင်ရှောက်ယွီက အခုပဲ ပြောလိုက်တာလေ ၊ သူ့စကားကို မင်း နားလည်တယ်မဟုတ်လား…"

ဆန်းလျန်၏စကားကြောင့် ဆန်းချင်းချင်းက စိတ်ဆိုးမာန်ဆိုးဖြင့်…

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ ဆရာတော်ကျွယ်ရှင်းနဲ့ မမဝေေ၀တောင် ဘာမှမပြောဘဲ စားကြတာကို…"

ပိုင်ရှောက်ယွီက…

"ဆရာတော်နဲ့ အစ်မဝေေ၀က ဘယ်လို မျိုချကြလဲတော့မသိဘူး ၊ ငါတော့ စားပြီးတာနဲ့ ပြန်အန်ထွက်ချင်တာပဲ…"

ဆန်းချင်းချင်းက ဆတ်ဆတ်ထိမခံဘဲ…

"နင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က သောက်ရမ်းညံ့နေလို့ အဲဒီလိုဖြစ်တာ…"

ပိုင်ရှောက်ယွီက…

"ဒါဖြင့် နင်ချက်တဲ့ဟင်းတွေကို နင့်ဟာနင်ကျတော့ ဘာလို့ မစားလဲ…"

ဆန်းချင်းချင်းက မျက်လုံးတစ်ချက်လှန်လိုက်ပြီး…

"ငါက အရမ်းအရသာရှိတဲ့ဟင်းတွေ မစားချင်တော့လို့ မစားတာလေ ၊ နန်းတော်မှာနေခဲ့တုန်းက စားရတာတွေများနေပြီ ၊ နင်က ငါ့လို ကောင်းတာတွေ မစားဖူးလို့ စားစေချင်လို့ ငါက ချက်ပေးတာ…"

ပိုင်ရှောက်ယွီနှင့် ဆန်းချင်း ငြင်းခုန်နေကြသည်ကို ကြည့်ပြီး ဆန်းလျန်က ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

သို့သော်… ကူးဝေေ၀ကတော့ သူတို့ (၂)ယောက်ကို သည်းခံနိုင်ဟန် မရှိတော့ပေ။

"နင်တို့ နှစ်ယောက် တော်ကြတော့ ၊ ဒီနေ့ ငါကိုယ်တိုင် ဟင်းချက်မယ်…"

ဆန်းချင်းချင်းမှာ ကူးဝေေ၀နှင့် အလွန်အဆင်ပြေနေလေသည်။

သူမက ကူးဝေေ၀စကားကို ချက်ချင်း နားထောင်လိုက်ရင်း…

"ကောင်းပါပြီ အစ်မဝေေ၀…"

ဟု ပြောလိုက်လေသည်။

ကူးဝေေ၀က ဆန်းလျန်ကို လှမ်းကြည့်လိုက်ရင်း…

"အားလျန် ဘာဟင်းစားချင်လဲဟင်…"

ဆန်းလျန်က…

"အစ်မချက်တာ ဘာမဆို စားမယ်…"

ကူးဝေေ၀က…

"မဖြစ်ဘူး ၊ နင်စားချင်တာပြောမှပေါ့…"

"ငါ…. ငါးကင်စားချင်တယ်…"

ထိုစကားကိုပြောလိုက်သူမှာ ဆန်းလျန်မဟုတ်ပါ။

စားသောက်ဆိုင်အတွင်းသို့ ပျံ့လွင့်ဝင်ရောက်လာသည့် နူးညံ့သည့် မိန်းကလေးအသံတစ်သံ ဖြစ်လေသည်။

ကူးဝေေ၀က ဆိုင်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည့်အခါ အဖြူရောင်ဝတ်ဆင်ထားပြီး ခက်ထန်အေးစက်သည့် မျက်နှာထားကိုပိုင်ဆိုင်သည့် မိန်းမပျိုတစ်ယောက်ကို တွေ့လိုက်ရလေသည်။

ကူးဝေေ၀က မိန်းမပျိုကို တောင်းပန်စကားဆိုလိုက်သည်။

"ဧည့်သည်… ကျွန်မတို့ ဒီနေ့ ဆိုင်ပိတ်ပါတယ်…"

စားသောက်ဆိုင်သို့ရောက်ရှိလာကြသူအားလုံးမှာ ထူးခြားသူများဖြစ်ကြသည်ကို သိသော်လည်း ယနေ့တော့ ဆန်းလျန် ပြန်ရောက်လာသည့်အတွက် ကူးဝေေ၀ ဆိုင်မဖွင့်ချင်တော့ပေ။

သူမက ဆန်းလျန်ကို အေးအေးဆေးဆေး အစားအသောက်များ ချက်ပြုတ်ကျွေးချင်မိလေသည်။

အဖြူရောင်ဝတ်မိန်းမပျိုကို တွေ့လိုက်သည်နှင့် ဆန်းချင်းချင်းက တအံ့တသြဖြင့် ရေရွတ်လိုက်သည်။

"မမချင်းဆွေ…"

ဆန်းချင်းချင်းသည် လီချင်းဆွေကို တွေ့လိုက်သည့်တစ်ခဏတွင် သူမ၏အကြောင်းများအားလုံးကို မှတ်မိသိရှိသွားလေသည်။ သူမနှင့် လီချင်းဆွေ၏ ပတ်သက်ဆက်နွယ်မှုကိုလည်း သိရှိသွားလေသည်။

အမှန်ဆိုလျှင် သူမ၏ အကြောင်းများသည် ေ၀ဝါးနေခဲ့လေသည်။ အချို့အရာများကို အိပ်မက်ထဲတွင် တွေ့မြင်ရခြင်း ရှိသည့်တိုင် ရှင်းလင်းပြတ်သားခြင်း မရှိခဲ့ပေ။

ယခု သူမ လီချင်းဆွေကို တွေ့မြင်လိုက်ရသည့်အခါတွင်တော့ သူမစိတ်ထဲတွင် အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ သိမြင်သွားခဲ့ပြီ ဖြစ်လေသည်။

ကူးဝေေ၀က …

"မင်းတို့က အသိတွေလား…"

ဆန်းချင်းချင်း ပြန်မဖြေခင်မှာပင် ဆန်းလျန်က ဝင်ပြောလိုက်သည်။

"ဂိုဏ်းတူအစ်မ ၊ ချင်းဆွေက ကျွန်တော့်ရဲ့မိတ်ဆွေပါ ၊ ဒီနေ့ အားလုံးအတူတူ အစားအသောက်တွေ စားကြတာပေါ့…"

ဆန်းလျန်၏စကားကိုကြားလိုက်ရသည့်အခါတွင်တော့ ကူးဝေေ၀က ငြင်းဆန်ခြင်းမပြုတော့ပေ။

ဆန်းလျန်က လီချင်းဆွေကို လှမ်းကြည့်လိုက်ပြီး…

"ချင်းဆွေ… ဘာအကြောင်းများရှိလို့ ဒီကို ရောက်လာတာလဲဗျာ…"

***

All Chapters