← Chapters

အသက်ဉာဏ်စောင့်

Vol. 9 Ch. 833

အသက်ဉာဏ်စောင့်

Vol. 9 Ch. 833

ဆန်းလျန်ဟောကြားသည့် တာအိုတရားသည် ကျောက်တုံးကြီးကိုပင် တုန်လှုပ်စေခဲ့လေသည်။

ထို့ပြင် ဆန်းလျန်၏ တာအိုတရားဟောကြားမှုသည် ရှေးဟောင်းနတ်ဘုရားများကိုလည်း သတိပေးလိုက်သည့်အလား တုန်လှုပ်သွားစေသလို သာမန်ကျင့်ကြံသူများကိုလည်း ကြောက်ခမန်းလိလိတုန်လှုပ်စေခဲ့သည်။

ငှက်များ ၊ သားရဲများ ၊ အင်းဆက်ပိုးများ ၊ သစ်ပင် ၊ မြက်ပင်များကိုပင် ဝိညာဉ်အလင်းတရားရစေသည်အထိ လမ်းပြပေးခဲ့လေသည်။

ကျင့်စဉ်လမ်းကိုလျှောက်လှမ်းကြသည့် ကျင့်ကြံသူတိုင်းတွင် သင်ပြပေးသည့် ဆရာသခင်များ ကိုယ်စီရှိကြသလို ကျင့်ကြံကြသည့် ကျင့်စဉ်များလည်း မတူကွဲပြားကြလေသည်။ ဗုဒ္ဓဘာသာကျင့်စဉ် ၊ တာအိုဝါဒကျင့်စဉ် ၊ နတ်မိစ္ဆာကျင့်စဉ် အမျိုးမျိုး ကွဲပြားကြပေလိမ့်မည်။

သို့သော်… ကျင့်စဉ်လမ်းအဆုံးတွင် တစ်ခုတည်းသောအရာသာ လိုအပ်လေသည်။ ထိုအရာမှာ ဓမ္မကိုသိမြင်ခြင်း မည်ပေ၏။

ဆန်းလျန်သည် ချင်းရှတောင်ပေါ်တွင် (၁၃)ရက်တိတိ တာအိုတရားဟောပြောပေးခဲ့လေသည်။ ကျင့်ကြံသူများမှာ ဆန်းလျန်၏တရားကိုနာယူရန်အတွက် ချင်းရှတောင်ဆီသို့ တဖွဲဖွဲရောက်ရှိလာကြလေတော့သည်။

ထိုအချိန်မှာပင်…

ရုတ်တရက် ကောင်းကင်ထက်တွင် မိုးများအုံ့မှိုင်းလာပြီး လျှပ်စီးများလက်လာလေသည်။ ထို့နောက် မိုးစက်မိုးပေါက်များက ပြင်းထန်စွာ ရွာသွန်းလာတော့သည်။

သာမန်ကျင့်ကြံသူများက ဆန်းလျန်၏ တာအိုတရားကိုနားထောင်ပြီး ကျင့်ကြံခြင်းအဆင့်တက်သွားသည့် နတ်မိစ္ဆာတစ်ပါး လူသားအသွင်ပြောင်းတော့မည်ဖြစ်သည့်အတွက် မိုးကြိုးပစ်အစစ်ဆေးခံရပြီဟု သိရှိလိုက်ကြသည်။

ကောင်းကင်ထက်မှ လျှပ်စီးများ တဖျတ်ဖျတ်လင်းလက်လာပြီး ချင်းရှတောင်ရှိရာသို့ မိုးကြိုးတစ်ချက် ပစ်ချလိုက်လေသည်။

ထို့နောက် ဆက်တိုက်ဆိုသလို မိုးကြိုးများပစ်ချလိုက်လေရာ မိုးကြိုးပစ်ချမှုမှာ (၅)ကြိမ်တိတိ ဖြစ်လေသည်။

ချင်းရှတောင်၏ တောင်ခါးပန်းတစ်ခုလုံး အစိတ်စိတ်အမွှာမွှာပြိုကွဲသွားပြီး တောင်ခါးပန်းအတွင်းမှ တစ်ကိုယ်လုံး အနက်ရောင် အကြေးခွံများနှင့်ပြည့်နေပြီး နှာတံရှည်သည့် ပန်ဂိုလင်မျိုးနွယ်သတ္တဝါတစ်ကောင် ထွက်ပေါ်လာလေသည်။

ထိုသတ္တဝါသည် ချက်ချင်းပင် အနက်ရောင်ဝတ်ဆင်ထားသည့် လူသားတစ်ယောက်အသွင်ပြောင်းပြောင်းလဲသွားလေသည်။ သူ၏ မျက်ခုံးများက အနည်းငယ်တွန့်ကွေးနေပြီး တစ်စုံတစ်ခုကို စိတ်ပူပန်နေဟန် ရှိလေသည်။

အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသူသည် ဆန်းလျန်ရှိရာအရပ်ဆီသို့ တစ်ချက်ဦးညွှတ်ဂါရဝပြုလိုက်ပြီး ချင်းရှတောင်ပေါ်သို့တက်ကာ ပျောက်ကွယ်သွားလေတော့သည်။

ဆန်းလျန်က ထိုသူကို အရေးမစိုက်ဘဲ တာအိုတရားသင်ပြပေးမှုကို ဆက်လက်ပြုလုပ်နေလေသည်။

သို့သော်… ချင်းရှတောင်ပေါ်သို့ရောက်နေသည့် အခြားသောကျင့်ကြံသူများကတော့ ထိုအနက်ရောင်ဝတ်စုံရှင်ကို စိတ်ဝင်စားနေမိကြသည်။

အဘယ်ကြောင့်ဆိုသော်… ထိုအနက်ရောင်ဝတ်စုံရှင်သည် ပန်ဂိုလင်မျိုးနွယ်ဖြစ်လေသည်။ ပန်ဂိုလင်မျိုးနွယ်များက တခြားသောမျိုးစိတ်များနှင့်မတူဘဲ ထူးခြားသည့် သက်ရှိများဖြစ်ကြလေသည်။

သို့သော်… ယခုအချိန်တွင် ပန်ဂိုလင်မျိုးနွယ်သတ္တဝါများ မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်လေသည်။

ပန်ဂိုလင်မျိုးနွယ်သတ္တဝါများ မျိုးသုဉ်းပျောက်ကွယ်သွားရသည့်အကြောင်းရင်းမှာ သူတို့သည် လူသားတို့၏ ကိုယ်တွင်းမှ ပြဒါးကို သန့်စင်ပေးနိုင်သည့် အစွမ်းသတ္တိကို ပိုင်ဆိုင်သောကြောင့် ဖြစ်လေသည်။ ထို့ပြင် ထိုသတ္တဝါများက အလွန်လည်း ဆေးဖက်ဝင်လှသည်။

နတ်ဘုရားတစ်ပါးဖြစ်လာရန်ဆိုသည်မှာ လူပေါင်းတစ်သိန်းတွင်တစ်ယောက် ရှားပါးလွန်းလှလေသည်။

မိမိက နတ်ဘုရားတစ်ပါးဖြစ်လာသည့်တိုင် မိမိချစ်ခင်သော ဆွေးမျိုးညာတိများ ၊ မိတ်ဆွေအပေါင်းအသင်းများက နတ်ဘုရားဖြစ်လာလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရှေးခေတ်အချိန်အခါက မိမိတို့ချစ်ခင်သူများကိုပါ နတ်ဘုရား ဖြစ်လာစေရန်အတွက် ပန်ဂိုလင်မျိုးနွယ်သတ္တဝါများ၏ ကိုယ်တွင်းမှ ပြဒါးကို သန့်စင်ပေးနိုင်သည့် စွ်းအားကို လူသားများက အသုံးပြုခဲ့ကြလေသည်။

ထို့ကြောင့်… နောက်ဆုံးတွင် ပန်ဂိုလင်မျိုးနွယ်သတ္တဝါများ မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ရခြင်း ဖြစ်လေ၏။

ပန်ဂိုလင်မျိုးနွယ်သတ္တဝါတစ်ယောက်ဖြစ်သည့် အနက်ရောင်ဝတ်စုံရှင် ယနေ့အချိန်ထိ အသက်ရှင်နေထိုင်နေနိုင်သည်မှာ အလွန်မှ အပုန်းကောင်း ၊ အရှောင်ကောင်းသောကြောင့်သာ ဖြစ်ရပေမည်။

ထို့ပြင်… ထိုသတ္တဝါကိုယ်တိုင်ကလည်း လူသားများ သူ့ကို ဒုက္ခပေးကြမည်ကို စိတ်ပူပန်နေဟန် ရှိလေသည်။ ထို့ကြောင့် ဆန်းလျန်၏တရားစကားကြောင့် တရားအလင်းရကာ လူသားအသွင်ပြောင်းလဲနိုင်ခဲ့သည့်အတွက် ဆန်းလျန်ကို ကျေးဇူးတင်စွာ ဂါရဝပြုပြီးသည်နှင့် ချက်ချင်းပင် ကိုယ်ယောင်ဖျောက်ကာ ထွက်ခွာသွားခဲ့ခြင်း ဖြစ်လေသည်။

ပန်ဂိုလင်မျိုးနွယ်သတ္တဝါတစ်ကောင် လူသားအဖြစ်အသွင်ပြောင်းလိုက်နိုင်ခြင်းမှာ ကြီးမားသည့် ကိစ္စတစ်ခုတော့ မဟုတ်ပေ။

သို့သော်… ဆန်းလျန်က ထိုနေ့မှ စတင်ပြီး (၃)ရက်လျှင်တစ်ကြိမ် တာအိုတရားဟောပြောခြင်းကို ပြုလုပ်ခဲ့လေသည်။

ဆန်းလျန်သည် တစ်ကြိမ်နှင့်တစ်ကြိမ် ပိုမိုလျှို့ဝှက်ဆန်းကျယ်သည့် တာအိုတရားများကို ဟောပြောခဲ့ပြီး ဆန်းလျန် တရားဟောသည့်ညအချိန်ဆိုလျှင် ကြယ်စင်များပင် ခါတိုင်းထက်ပိုပြီး တောက်ပနေသည့်အလား ထင်မှတ်ရလေသည်။

အဘယ်ကြောင့်ဆိုသော်… ဆန်းလျန်ဟောပြောသည့်တာအိုတရားက နက်ရှိုင်းလေ စီးဆင်းထွက်ပေါ်လာသည့် တာအိုကာရံက ပိုမိုကျယ်ပြန့်လေဖြစ်လေသည်။ ထိုတာအိုကာရံက ကြယ်စင်များကို ဆွဲငင်သည့်အတွက် ကြယ်စင်များ ပိုမိုတောက်ပလာရခြင်း ဖြစ်လေ၏။

ထို့ပြင်… ချင်းရှတောင်သည်လည်း တစ်နေ့တခြား ပြောင်းလဲလာခဲ့လေသည်။

တောင်တစ်ခုလုံးတွင် အသက်ဓာတ်စွမ်းအားများ ပိုမိုများပြားလာပြီး ထင်းရှူးပင်များ ၊ ဝါးပင်များနှင့် အခြားသော သစ်ပင်များအားလုံးမှာ ပိုမိုအသက်ဝင်ကာ စိမ်းလန်းလှပလာကြသည်။

ချင်းရှတောင်ကို ဖြတ်သန်းစီးဆင်းနေသည့် စမ်းချောင်းလေးမှာလည်း ပိုမိုကြည်လင်လာပြီး နတ်ရေစင်အလား အသက်ဓာတ်စွမ်းအားများဖြင့် ပြည့်ဝလျှက်ရှိလေတော့သည်။

ချင်းရှတောင်တွင် အသက်ဓာတ်စွမ်းအားများ မြင့်မားလာသည်နှင့်အမျှ တာအိုကာရံသည်လည်း ကျယ်ပြန့်သည်ထက် ကျယ်ပြန့်လာလေသည်။

လူ့လောကရှိ အခြားသောနေရာမှ တောင်တန်းများ၏ အစိတ်အပိုင်းများ ကွဲထွက်လာကြပြီး ချင်းရှတောင်နှင့် လာရောက်ပေါင်းစပ်ကြလေသည်။

ထိုအချိန်တွင်…

လောကကိုအုပ်ဆိုးသည့် ဘုရင်မအဖြစ် ဧကရီဘွဲ့ကိုရယူထားသူ မယ်တော်ဝမ်မူက တစ်ချက်ပြုံးလိုက်လေသည်။ ထို့နောက် သူမက ချက်ချင်းပင် အမိန့်ထုတ်ပြန်လိုက်သည်။

"ချင်းရှတောင်သည် တာအိုဝါဒ၏ ဗဟိုဌာနဖြစ်သည်" ဆိုသည့် အမိန့်ပင်ဖြစ်လေသည်။

မယ်တော်ဝမ်မူက "တာအိုဝါဒ၏ဗဟိုဌာန" ဟု အမိန့်ပေးလိုက်ခြင်းသည် တာ့ကျောက်တိုင်းပြည်တွင် အမြင့်ဆုံး ဂုဏ်ပုဒ်ဖြစ်လေသည်။

ထိုဂုဏ်ပုဒ်ကိုရရှိလိုက်သည်နှင့် ချင်းရှတောင်၏ အသက်ဓာတ်စွမ်းအားများသည် တာ့ကျောက်တိုင်းပြည်တစ်ခုလုံး၏ အသက်ဓာတ်စွမ်းအားများနှင့် စီးဝင်ပေါင်းစပ်သွားလေသည်။

ထို့နောက် ချင်းရှတောင်တစ်ခုလုံး မြူခိုးများဖြင့် ဖုံးလွှမ်းလာတော့သည်။ ထိုမြူခိုးများမှာ အသက်ဓာတ်စွမ်းအားများ၏ အနှစ်သာရဖြစ်သည့် မြူခိုးများပင် ဖြစ်လေသည်။

ထိုအခါ… ချင်းရှတောင်မှ အဖြစ်အပျက်များကို စောင့်ကြည့်နေကြသည့် နတ်ဘုရားများမှာ သည်းခံနိုင်ခြင်း မရှိကြတော့ပေ။

ယခုအတိုင်းသာ ဆက်သွားနေမည်ဆိုပါက ချင်းရှတောင်သည် မိုးနှင့်မြေကိုသိမ်းပိုက်ပြီး နေနှင့်လ၏ တာအိုတရားများကိုပင်ဆွဲငင်ယူဆောင်တော့မည် ဖြစ်လေသည်။

ထိုအခါ… အခြားသူများသည် မည်သည့်နည်းနှင့်မှ ဆက်လက်ကျင့်ကြံနိုင်ကြတော့မည် မဟုတ်ပေ။

နတ်ဘုရားများစွာသည် ချင်းယန်တောင်တွင် လာရောက်စုရုံးနေကြလေသည်။ စုရုံးနေကြသည့်နတ်ဘုရားများမှာ နှယ်နှယ်ရရမဟုတ်ကြပေ။ နောက်ခံအင်အားကောင်းသည့် မျိုးနွယ်များမှ ဆင်းသက်လာကြသူများ ဖြစ်ကြလေသည်။ ထို့ပြင် စုဝေးသူများကြားထဲတွင် တန်းခိုးစွမ်းအားမြင့်မားသည့် နတ်မိစ္ဆာများလည်း ပါဝင်လေသည်။

ထိုအချိန်မှာပင် ခက်တန်တင်းမာသည့် အသံတစ်သံထွက်ပေါ်လာလေသည်။

"ယင်ရှန်းကျွင်းအရှင်… ချင်းရှတောင်က မိုးမြေကို ကျူးကျော်နေပြီ ၊ ဒါကြောင့် ကျုပ်တို့တွေ ချင်းယန်ကျောင်းတော်ကို ရောက်လာကြရတာပဲ ၊ အခု တစ်လောကလုံးက အသက်ဓာတ်စွမ်းအားတွေက ချင်းရှတောင်ကို စုရုံးရောက်ရှိကုန်ပြီ ၊ ဒါကြောင့် တစ်လောကလုံးမှာ အသက်ဓာတ်စွမ်းအားတွေ လျော့ကျကုန်ပြီ ၊ မယ်တော်ဝမ်မူကလည်း ချင်းရှတောင်ကို တာအိုဝါဒရဲ့ဗဟိုဌာနအဖြစ် အမိန့်ထုတ်ပြန်လိုက်တော့ ပိုဆိုးကုန်တာပေါ့ ၊ အဲဒီတော့ ဒီကိစ္စကို ယင်ရှန်းကျွင်းအရှင်က လက်ပိုက်ကြည့်နေတော့မှာလား…"

စကားပြောလိုက်သူက ဆံပင်မရှိသည့် ဦးခေါင်းပြောင်ပြောင်နှင့် လူတစ်ယောက်ဖြစ်လေသည်။

ဦးခေါင်းသာ ပြောင်သည်မဟုတ် ဝတ်ထားသည့်အဝတ်အစားများကလည်း ပြောင်လက်လျှက်ရှိသည်။ သို့သော်… ခန္ဓာကိုယ်က ပိန်ပိန်ပါးပါးနှင့်ဖြစ်ပြီး မျက်နှာထားကတော့ တင်းမာခက်ထန်နေလေသည်။

ယင်ရှန်းကျွင်းက ထိုသူကို တစ်ချက်လှမ်းကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။

"တာအိုရောင်းရင်းကွမ်းစန်းယွဲ့ ၊ ချင်းရှတောင်ကလူက ဘယ်လောက်တန်ခိုးစွမ်းအားမြင့်မားနေလဲဆိုတာ မသိရသေးလို့ ကျုပ်က ချင့်ချိန်နေတာပါ…"

ဆံပင်မရှိသည့် ကျင့်ကြံသူ၏ အမည်မှာ ကွမ်းစန်းယွဲ့ဖြစ်လေသည်။

သူ၏အသွင်အပြင်က ကြမ်းတမ်းဟန်ရှိသည့်တိုင် တန်ခိုးစွမ်းအားအရာတွင် ဒဏ္ဍာရီဆန်လွန်းလောက်အောင် မြင့်မားသူတစ်ယောက် ဖြစ်လေ၏။

ကွမ်းစန်းယွဲ့သည် တာအိုကျင့်စဉ်လမ်းကို မလျှောက်ခင်က လူဂုဏ်တန်မိသားစုမှ ဆင်းသက်လာသူတစ်ယောက် ဖြစ်သည့်အပြင် စာပေပညာလည်း အလွန်တော်လေသည်။ နန်းတွင်းစာမေးပွဲကိုပင် အောင်မြင်ခဲ့ပြီး စာပေအနုအရွများကိုရေးသားသည့် စာပေသမားတစ်ယောက်ပင် ဖြစ်ခဲ့ဖူးလေသည်။

သို့သော်… သူ၏ မာန်မာနကြီးပြီး အပြောအဆိုမတတ်မှုကြောင့် ဘုရင့်နန်းတော်တွင် မျက်နှာသာမရဘဲ အဆင့်နိမ့်မင်းမှုထမ်း တစ်ယောက်အဖြစ်သာ အမှုထမ်းခဲ့ရသည်။ ထိုအခါ မာနကြီးလွန်းသူ ကွမ်းစန်းယွဲ့က ချက်ချင်းပင် ရာထူးမှ နှုတ်ထွက်ခဲ့လေသည်။

မင်းမှုထမ်းတစ်ယောက်အနေဖြင့် အောင်မြင်မှုမရရှိတော့သည့်အခါ သူက တာအိုကျင့်စဉ်လမ်းကို လျှောက်လှမ်းခဲ့လေသည်။

သူက ပါရမီရှင်တစ်ယောက်ဖြစ်ပြီး မြင့်မားနက်ရှိုင်းသည့် တာအိုကျင့်စဉ်များကို ဆရာမရှိဘဲ ကိုယ်တိုင်လေ့လာ ကျင့်ကြံနိုင်ခဲ့သူတစ်ယောက် ဖြစ်လေသည်။

နောက်ပိုင်းတွင်တော့…

သူ၏မိသားစုဝင်များနှင့် မိတ်ဆွေးများက တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့ကြလေသည်။ သို့သော်… သူကတော့ ယခင်အတိုင်းမပြောင်းမလဲ နုပျိုနေဆဲ ဖြစ်လေသည်။ ထို့ကြောင့် ရွာသားများက သူ့ကို မိစ္ဆာဟု ဝိုင်းဝန်းစွပ်စွဲကြလေတော့သည်။

ထို့ကြောင့် ရွာမှထွက်လာခဲ့ပြီး တောင်တစ်တောင်ထက်တွင် အထီးကျန်စွာနေထိုင်ရင်း နှစ်ပေါင်း (၄၀)တိတိ ကျင့်ကြံခဲ့လေသည်။

ထိုသို့ကျင့်ကြံရခြင်း၏ ရလာဒ်အနေဖြင့် သူသည် အစစ်ဆေးခံရခြင်းများအားလုံးကို ကျော်လွှားကာ လောကနတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်ရောက်နိုင်ခဲ့လေသည်။

လောကနတ်ဘုရားတစ်ပါးဖြစ်လာပြီးသည့်နောက် သူက တောင်ပေါ်မှ ဆင်းလာပြီး လောကတစ်ခွင် လှည့်လည်သွားလာခဲ့လေသည်။

ထို့နောက် ချွင်ယန်တာအိုနန်းတော်၏လက်အောက်တွင်ခိုလှုံကာ ချွင်ယန်တာအိုနန်းတော်မှ ဆရာသခင်တစ်ပါး ဖြစ်လာခဲ့သည်။

ထိုအခါ… သူသည် ချွင်ယန်တာအိုနန်းတော်မှ ကျင့်စဉ်များကို လေ့လာခွင့်ရခဲ့လေသည်။ ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း ပိုမိုမြင့်မားလာခဲ့ရသည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်က ချွင်ယန်တာအိုနန်းတော်တစ်ခုလုံးတွင် အတော်ဆုံးနတ်ဘုရားအဖြစ် သတ်မှတ်ခံခဲ့ရလေသည်။

သူသာ ကျင့်စဉ်လမ်းသို့လိုက်သည်မှာ နောက်ကျခဲ့ခြင်းမရှိလျှင် ယခုအချိန်ဆိုလျှင် သမိုင်းတွင်သည့် နတ်ဘုရားတစ်ပါးအဖြစ် လောကကိုကျော်လွန်သွားနိုင်ပေမည်ဟု လူအများက မှတ်ချက်ပြုကြသည်။

ထို့ကြောင့်ပင် ယခု စုရုံးရောက်ရှိနေကြသူများက ကွမ်းစန်းယွဲ့ကို လေးစားကြခြင်းပင် ဖြစ်လေတော့သည်။

ကွမ်းစန်းယွဲ့က…

"အဲဒီလူက သိပ်ကိုတန်ခိုးစွမ်းအားမြင့်မားတယ်ဆိုတာ ငြင်းလို့မရပါဘူး ၊ ဒါပေမဲ့ မင်းကလည်း ကျုပ်တို့မျိုးဆက်မှာ နာမည်ကျော်ကြားတဲ့ ကျင့်ကြံသူတစ်ယောက်ပဲလေ ၊ မင်းက သူ့ကို မယှဉ်ရဲဘူးလား ၊ ကြောက်နေတာလား…"

ကွမ်းစန်းယွဲ့မှာ ချွင်ယန်တာအိုနန်းတော်မှ ကျင့်စဉ်များကို ကျင့်ကြံခဲ့သူဖြစ်ပြီး စိတ်နေစိတ်ထားလည်း ခက်ထန်မာနကြီးသူ ဖြစ်လေသည်။ သူက သူ့ထက်ကျင့်ကြံခြင်းအဆင့်မြင့်မားသည့်လူများကိုလည်းတော်ရုံ ကြောက်ရွံ့တတ်သူ မဟုတ်ပေ။

ယင်ရှန်းကျွင်းက မျက်မှောင်တစ်ချက်ကြုံ့လိုက်ရင်း…

"နတ်ဘုရားရယ်လို့ဖြစ်လာရင် တန်ခိုးစွမ်းအားဆိုတာ အဆုံးမရှိနိုင်ပါဘူး ၊ ဒါပေမဲ့ ကျုပ်တို့ နတ်ဘုရားဖြစ်လာကြပြီးတဲ့နောက် အရာရာကို ချင့်ချိန်သင့်တာပေါ့ ၊ စကားပုံတောင်ရှိတယ်မလား "အသက်ဉာဏ်စောင့်" ဆိုတာလေ…"

အမှန်တော့ ယင်ရှန်းကျွင်းက ချင်းရှတောင်ကိစ္စနှင့်ပတ်သက်ပြီး ရှေ့တန်းထွက်ချင်သူတစ်ယောက် မဟုတ်ပေ။

သို့သော်… ငှက်ပျောယပ်တောင်ဖြင့် အားလော်ဟယ်ကို လွင့်ထွက်သွားအောင် ခတ်ခဲ့ပြီးသည့်နောက်ပိုင်း နတ်ဘုရားများအလယ်တွင် သူက နာမည်ကြီးလာခဲ့လေသည်။ ကျင့်ကြံသူလောကတွင် ထိပ်တန်းအဆင့်နတ်ဘုရားအဖြစ် သူ့ကို လူအများက ချီးမြှောက်ပြောဆိုကြသည်။

ထို့ကြောင့်ပင် ပြဿနာတစ်ခုခုဖြစ်ပြီဟေ့ဆိုလျှင် လူအများက သူ့ကိုသာ လာရှာကြလေတော့သည်။

သို့သော်… သူတို့မသိသည့်အချက်မှာ ငှက်ပျောယပ်တောင်ဆိုသည်မှာ မြင့်မြတ်သည့်မှော်ဝင်ပစ္စည်းတစ်ခုဖြစ်ပြီး တစ်ကြိမ်အသုံးပြုရန်ပင် လွယ်ကူလှသည်မဟုတ်ပ။ အလွန်အကျွံအသုံးပြုမိပါက တန်ခိုးစွမ်းအားများစွာ ဆုံးရှုံးကာ ဒုက္ခရောက်သွားနိုင်ပေသည်။

ထိုစဉ်အချိန်က ကျောက်ရှောင်ယွီသာ သူ့ကို အကြပ်ကိုင်ခြင်းမရှိခဲ့လျှင် သူသည်လည်း ငှက်ပျောယပ်တောင်ကို အသုံးပြုကာ အားလော်ဟယ်ကို မောင်းထုတ်ခဲ့မည် မဟုတ်ပေ။

သို့သော်… ဆန်းလျန်နှင့် တိုက်ခိုက်ရန်အတွက် ရွှမ်တုတောက်ကျွင်း လူ့လောကသို့ဆင်းသက်လာခဲ့စဉ်က လက်ရှိလောက၏ ကျင့်ကြံသူများကို ဦးဆောင်ရန် ယင်ရှန်းကျွင်းကို အခွင့်အာဏာပေးအပ်ခဲ့လေသည်။ ထို့ကြောင့် သူက ယနေ့ သူ့ထံသို့ရောက်ရှိလာသူများကို မတတ်သာဘဲ လက်ခံစကားပြောနေရခြင်း ဖြစ်လေသည်။ သို့တိုင်အောင်… သူ့အနေဖြင့် ဆန်းလျန်နှင့် ရင်ဆိုင်တိုက်ခိုက်လိုစိတ် တစ်စက်ကလေးပင် မရှိပါချေ။

***

All Chapters