လွတ်မြောက်ခြင်းဓား
Vol. 9 Ch. 843
ဘုန်းတော်ကြီးရာမက ပြုံးလိုက်ရင်း…
"ဒါက သေခြင်းတရားမဟုတ်ပါဘူး ၊ လွတ်မြောက်ခြင်းပါ…"
ထို့နောက် ဘုန်းတော်ကြီးရာမ၏ မျက်ဝန်းများသည် တဖြည်းဖြည်း ခံစားချက်ကင်းမဲ့သွားပြီး ရွှေညိုရောင်သမ်းလာလေသည်။
သူ့ဘေးနားမှ ရှားလော့သစ်ပင်ညီနောင်မှလွဲပြီး ပတ်ဝန်းကျင်ရှိ အခြားသောသစ်ပင်များမှာ ညှိုးနွမ်းခြောက်သွေ့သွားလေသည်။ ထို့နောက် ပတ်ဝန်းကျင်တစ်ခုလုံးတွင် မှောင်မှိုင်းအုံ့ဆိုင်းသွားပြီး ယင်စွမ်းအားများ မြင့်တက်လာလေတော့သည်။
ထို့နောက် မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိသည့် ခေါင်းလောင်းသံများ ဆူညံစွာ ထွက်ပေါ်လာလေသည်။
ပစ္စုပ္ပန်နှင့် အတိတ်ကာလတို့၏ အဆုံးသတ်ရာဖြစ်သောကြောင့်လေလား (သို့မဟုတ်) သွေးနီရောင်ပင်လယ်မှ ပြသည့်နိမိတ်လေလား သိရှိရန် ခဲယဉ်းလွန်းလှသည်။
ဘုန်းတော်ကြီးရာမ၏ ခန္ဓာကိုယ်မှ အလင်းတန်းများထွက်ပေါ်လာလေသည်။ နတ်ဘုရားအလင်းတန်းများသည် ဘုန်းတော်ကြီးရာမ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီး ကြယ်စင်များအလား ခွဲဖြာထွက်သွားလေသည်။
ဘုန်းတော်ကြီးရာမ၏ ခန္ဓာကိုယ်သည် မြေကြီး၏အနက်ရှိုင်းဆုံးအပိုင်းတွင် နစ်မြုပ်နေသည့် အမာကျောဆုံးစိန်သားအလား သိပ်သည်းသွားလေသည်။ ထိုစိန်သားခန္ဓာသည် မည်သည့်အရာနှင့်မှ ဖျက်စီး၍မရလောက်အောင် မာကျောခိုင်ခန့်လွန်းလှလေသည်။
ထိုသို့ပြောင်းလဲသွားခြင်းများမှာ ဘုန်းတော်ကြီးရာမ၏ ဆန္ဒဟုတ်ပုံမရပေ။ ဘုန်းတော်ကြီးရာမ အကူအညီမဲ့နေသည့် ခံစားချက်ကို ဆန်းလျန် သိမြင်ခံစားနေရလေသည်။
ကျင့်ကြံခြင်းလမ်းစဉ်တွင် အမြင့်မားဆုံးအဆင့်တစ်ခုအထိ လျှောက်လှမ်းခဲ့သည့်တိုင် နောက်ဆုံးတော့ တိကျန်ဗောဓိသကျအတွက် အသုံးချခံသက်သက်ဖြစ်ခဲ့ရရှာသည်။
ကိုယ့်အတွက် မင်္ဂလာဝတ်စုံမချုပ်လုပ်နိုင်ပါပဲ သူတစ်ပါးအတွက် မင်္ဂလာဝတ်စုံများချုပ်လုပ်ပေးရင်း အချိန်ကုန်ခံခဲ့ရသည့် အစေခံမိန်းကလေးအလားပင် ဖြစ်လေသည်။
ဘုန်းတော်ကြီးရာမ၏ ဇာတ်သိမ်းကိုကြည့်ပြီး တိကျန်ဗောဓိသကျကို အကြင်နာတရားကင်းမဲ့သူတစ်ယောက်ဟု သတ်မှတ်နိုင်ပါမည်လား။
ဆန်းလျန်ကတော့ တိကျန်ဗောဓိသကျ၏ ဆုံးဖြတ်ချက်ခိုင်မာမှုကို လေးစားမိလေသည်။ တိကျဗောဓိသကျသည် သူ၏ ဦးတည်ချက်အောင်မြင်ရန်အတွက် လုပ်သင့်သည့်အလုပ်ကိုလုပ်ခဲ့ပြီး စတေးသင့်သည်ကို စတေးခဲ့သူဖြစ်သည်။
အမှန်တကယ်ပင် သမာဓိ(၈)ပါးကို အောင်မြင်သူတစ်ယောက်အဖြစ် သတ်မှတ်၍ရနိုင်သည်။ သို့သော်… ထိုအဆင့်သည် ဗုဒ္ဓဘာသာတွင် အမြင့်ဆုံးအဆင့် မဟုတ်သေးပေ။
သူ့ရှေ့မှ ပုဂ္ဂိုလ်သည် ဘုန်းတော်ကြီးရာမလား ၊ တိကျန်ဗောဓိသကျလား ဆန်းလျန်ကိုယ်တိုင်လည်း မဝေခွဲနိုင်တော့ပေ။
ဆန်းလျန်တစ်ခုတည်းသောအချက်မှာ ဘုန်းတော်ကြီးရာမသာ မရှိတော့လျှင် တိကျန်ဗောဓိသကျသည်လည်း ဤလောကသို့ ပြန်ရောက်လာနိုင်ခြင်းမရှိတော့ဆိုသည့် အချက်ပင် ဖြစ်လေသည်။
ဘုန်းတော်ကြီးရာမ၏ခန္ဓာကိုယ်သည် အချိန်ရေစီးကြောင်းကို ကျော်လွန်ပျံ့နှံ့သွားလေသည်။
အချိန်ရေစီးကြောင်းတွင် အတိတ်ရှိလျှင် အနာဂတ်ရှိမည်။ သို့သော်… အတိတ်ဖြစ်စေ အနာဂတ်ဖြစ်စေ ပစ္စုပ္ပန်သို့ ရောက်ရှိလာမည်ပဲ ဖြစ်လေသည်။
ထို့နောက်… ဘုန်းတော်ကြီးရာမက လက်ဖဝါးတစ်ဖက်ကို ဖြန့်လိုက်လေသည်။ ထိုအခါ သူ၏လက်ဖဝါးထက်ရှိဗလာနယ်သည် ပရမ်းပတာ လှုပ်ရှားသွားလေသည်။
ထိုလက်ဖဝါးထက်တွင် နေ ၊ လ ၊ ကြယ်စင်းများ ၊ တောင် ၊ မြစ်ရေ ၊ ငှက်များ ၊ သားရဲများ ၊ အင်းဆက်ပိုးမွှားများ ၊ ငါးများ ဟိုမှ ဒီမှ ပျံသန်းနေကြလေသည်။
ထိုလက်ဖဝါးထက်တွင် လောကတစ်ခုနှင့် အချိန်ရေစီးကြောင်းတစ်ခု တည်ရှိနေလေသည်။
ဆန်းလျန် သူ၏ ယွမ်တုဓားကို ဖြည်းဖြည်းချင်းဆွဲထုတ်လိုက်သည်။ ဓားရောင်က ဖြည်းဖြည်းချင်း လင်းလက်တောက်ပလာလေသည်။
ယွမ်တုဓားကိုကိုင်ထားသည့် ဆန်းလျန်၏ လက်ဟန်က အခြားသောအချိန်များနှင့်မတူ တမူထူးခြားနေလေသည်။
ဆန်းလျန်က ဓားကိုတစ်ချက်ဝှေ့ရမ်းလိုက်လေရာ ထောင်ပေါင်းများစွာသော ဓားရိပ်များ ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး တန်ခိုးစွမ်းအားထုကြီးတစ်ခု ပေါက်ကွဲထွက်သွားလေသည်။ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်သွားပြီး နေရာတိုင်း အကြားအလပ်မရှိ စကြာဝဠာတစ်ခုလုံးကို ဓားရောင်က လွှမ်းမိုးသွားလေသည်။
ဓားချက်ထိမိသည်နှင့် ဘုန်းတော်ကြီးရာမ၏ လက်ဖဝါးထက်မှ မွေးဖွားဖြစ်တည်လာသည့်လောကငယ်နှင့် အချိန်ရေစီးကြောင်းသည် ပရမ်းပတာဖြစ်သွားပြီး ဒြပ်စင်စွမ်းအား (၈) မျိုး ဖြစ်သည့် မိုး ၊ မြေ ၊ တောင် ၊ ရေ ၊ မီး ၊ လေ ၊ လျှပ်စီး ၊ ရွှံ့နွံများအဖြစ် ပြောင်းလဲသွားလေသည်။ ထို့နောက် ဒြပ်စင်စွမ်းအား (၈)မျိုးသည် မရှိမှုတရားအဖြစ်သို့ ကူးပြောင်းပျောက်ကွယ်သွားလေတော့သည်။
ဆန်းလျန်၏ ဓားချက်သည် လောကငယ်တစ်ခုကို ပိုင်းဖြတ်ဖျက်စီးပစ်လိုက်ပြီး မယုံနိုင်လောက်အောင် လုပ်ဆောင်မှု ပြီးဆုံးသွားခဲ့လေသည်။
ဆန်းလျန်၏မျက်နှာက တည်ကြည်လေးနက်နေသည့်တိုင် ပေါ့ပေါ့ပါးပါးပင် ရှိနေလေသည်။
ကျောက်ရှောင်ယွီက ဆန်းလျန်အနားမှ တစ်ဖဝါးမှ မခွာခဲ့ပေ။
သူမက ဆန်းလျန်လုပ်သမျှ အလုပ်တိုင်းကို အနီးကပ်ကြည့်နေခဲ့လေသည်။
ဆန်းလျန်၏တန်ခိုးစွမ်းအားများမှာ အလွန်တရာ မြင့်မားခြင်းမရှိသည့်တိုင် တစ်နေ့တခြား နားလည်ရခက်လာပြီး နက်ရှိုင်းလာသည်ဟု သူမ ခံစားနေရလေသည်။ ဆန်းလျန်၏ တန်ခိုးစွမ်းအားများသည် သူမ၏ မူလဝိညာဉ်ခန္ဓာကိုပင် ထိရှစေခဲ့ကာ လောကအသစ်တစ်ခုကို သိမြင်လိုက်ရသည့်အလား ဖြစ်ခဲ့လေသည်။
ဘုန်းတော်ကြီးရာမက လက်ကိုပြန်ချလိုက်ကာ နေရာတွင်ပင် တည်ငြိမ်စွာဖြင့် ရပ်နေလေသည်။
ထို့နောက် ဘုန်းတော်ကြီးရာမ၏ ပုံရိပ်ပျောက်ကွယ်သွားပြီး အချိန်ရေစီးကြောင်းထဲတွင် ရွှမ်တုတောက်ကျွင်း တွေ့မြင်ခဲ့ရသည့် ပုံရိပ်က အစားထိုးနေရာယူသွားလေသည်။ ထိုပုံရိပ်၏အသက်ရှူသံက ဘုန်းတော်ကြီးရာမ၏ အသက်ရှူသံထက် ဆယ်ဆခန့်ပိုပြီး မြန်ဆန်နေလေသည်။
ထိုပုံရိပ်မှာ တိကျန်ဗောဓိသကျ၏ ပုံရိပ်ပင် ဖြစ်လေသည်။
ကြောက်မက်ဖွယ်ရာအချက်တစ်ခုမှာ ထိုပုံရိပ်၏တိုက်ခိုက်မှုကို ကျောက်ရှောင်ယွီရော ဆန်းလျန်ပါ မရှောင်တိမ်းလိုက်နိုင်ခြင်း ဖြစ်လေသည်။ သူတို့ (၂)ယောက်သည် ချက်ချင်းပင် တိတ်ဆိတ်အေးစက်သည့် နေရာတစ်ခုဆီသို့ ကျရောက်သွားလေသည်။ ထိုနေရာသည် အသူရာချောက်၏ အနက်ရှိုင်းဆုံးနေရာတစ်ခု ဖြစ်လေသည်။
ထိုနေရာတွင် မည်သည့်အခါမှ ကျွတ်လွတ်နိုင်ခြင်းမရှိဘဲ ငရဲခံစားနေရသည့် တစ္ဆေများ ၊ ဝိညာဉ်များသာ ရှိလေသည်။
ထိုတစ္ဆေများ၏ မပြေပျောက်နိုင်သည့် ဒေါသများ ၊ ရန်ငြိုးများ ၊ အစွဲအလန်းများသည် လောကတစ်ခုလုံးကိုပင် တုန်လှုပ်စေနိုင်စွမ်းရှိလေသည်။
ထိုအချိန်မှာပင်… တိကျန်ဗောဓိသကျ၏ပုံရိပ်က လက်ဖဝါးတစ်ဖက်ကို ဖြန့်လိုက်လေသည်။
ထိုအခါ အမျက်ဒေါသများ ၊ ရန်ငြိုးများ ၊ အစွဲအလန်း များသည် လျှပ်စီးကဲ့သို့ လျှင်မြန်လွန်းသည့်အရှိန်အဟုန်ဖြင့် ဖြန့်ထားသည့် လက်ဖဝါးထက်တွင် လာရောက်စုရုံးကြလေသည်။
ထိုအမျက်ဒေါသများ ၊ ရန်ငြိုးများ ၊ အစွဲအလန်းများသည် တိကျန်ဗောဓိသကျပုံရိပ်၏လက်ဖဝါးထက်သို့ ရောက်ရှိသွားပြီး အလွန်အစွမ်းထက်သည့် လက်နက်များ ဖြစ်လာခဲ့သည်။
တိကျန်ဗောဓိသကျပုံရိပ်၏ လက်ဖဝါးထက်တွင် တောက်ပနေသည့် တစ္ဆေမျက်လုံးများကို တွေ့မြင်ကြရပြီး အဆုံးမရှိ ကြောက်မက်ဖွယ်ရာအတိ ဖြစ်လေသည်။
သာမန်နတ်ဘုရားတစ်ပါးသာဆိုလျှင် ထိုတန်ခိုးစွမ်းအားများ၏ဒဏ်ကို မခံရပ်နိုင်ဘဲ ချက်ချင်းပင် လူပြန်ဝင်စားခြင်းဘုံသို့ ရောက်ရှိသွားမည် ဖြစ်လေသည်။
တစ္ဆေမျက်လုံးများမှ စူးရှသည့်အလင်းရောင်များထွက်ပေါ်လာလေသည်။ ထိုအလင်းတန်းများထဲတွင် ရစ်ပတ်နှောင်ဖွဲ့လျှက်ရှိသည့် အကြောင်းတရားနှင့်အကျိုးတရားများ ပါဝင်နေလေ၏။
ဆန်းလျန်မှာ ထိုကြောက်မက်ဖွယ်ရာ အလင်းတန်းများရန်မှ လွတ်မြောက်ရန် ကြိုးစားရတော့သည်။
ဆန်းလျန်က ခက်ခဲသည့်ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ဟန်ဖြင့် ယွမ်တုဓားကို ဖြည်းဖြည်းချင်း ပင့်တင်လိုက်လေသည်။ ထို့နောက် ဓားကို ကန့်လတ်ဖြတ်အနေအထားဖြင့် ရှေ့တွင်ထားလိုက်ပြီး မပျက်စီးနိုင်သည့် မိစ္ဆာအလင်းရောင်များကို ကာကွယ်လိုက်သည်။
ယွမ်တုဓား၏ မရဏဓွမ်းအားများက ပြင်းထန်လွန်းသည့်အတွက် ဓားဖျားမှ တဆတ်ဆတ်တုန်ခါနေလေသည်။ ထို့နောက် ဓားဖျားထိပ်မှ အလင်းမှုန်များထွက်ပေါ်လာပြီး ထိုအလင်းမှုန်များထဲတွင် စကြာဝဠာပေါက်ကွဲမှုစွမ်းအားများဖြင့် ပြည့်နက်နေလေသည်။
သို့သော်… အချို့သောတစ္ဆေအလင်းတန်းများကိုတော့ ကာကွယ်နိုင်ခြင်းမရှိပေ။ ထိုအလင်းတန်းများသည် ကြိုးများသဖွယ်ခွဲဖြာပြီး ဆန်းလျန်ထံသို့ ဝင်ရောက်လာလေသည်။
အလင်းတန်းများက ဆန်းလျန်ကို ထိမှန်မိသည်နှင့် ဆန်းလျန်၏ အင်္ကျီစများ ပေါက်ပြဲကုန်ကြပြီး ကျောက်စိမ်းသားအလား ကြည်လင်သည့်ဆန်းလျန်၏ အသားအရေထက်တွင် ပြတ်ရှရာများနှင့် မီးလောင်ရာများ ဖြစ်ပေါ်လာလေသည်။
သို့သော်… ဆန်းလျန်က တစ်ချက်ပင် တွန့်ဆုတ်သွားခြင်း မရှိပေ။
သူက တန်ခိုးစွမ်းအားများကို ယွမ်တုဓားဆီသို့ ပို့လွှတ်လိုက်လေသည်။ ထိုအခါ ဓားနှင့်လူ တစ်သားတည်းပေါင်းစပ်သွားပြီး တန်ခိုးစွမ်းအားနှင့်ယိလမ်းစဉ် ကာရံညီသွားလေသည်။
ထိုသို့သောအခြေအနေသို့ ရောက်ရှိသွားသည်နှင့် မီလဲ့ကိုယ်တော် (သို့မဟုတ်) နေစကြာတထာဂတဿတို့ကဲ့သို့ တန်ခိုးစွမ်းအားမြင့်မားသော သူများပင်လျှင် ဆန်းလျန်ကို ထိုးဖောက်တိုက်ခိုက်နိုင်မည် မဟုတ်တော့ပေ။
သို့သော်…ဘုန်းတော်ကြီးရာမ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာပြီဖြစ်သည့် တိကျန်ဗောဓိသကျကတော့ ချွင်းချက် ဖြစ်လေသည်။
သို့သော်… တိကျန်ဗောဓိသကျက ဆန်းလျန်ကို တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ပြီး နောက်သို့ တစ်ချက်ဆုတ်သွားလေသည်။ သူ၏မျက်နှာထက်တွင် မည်သည့် ဝမ်းနည်းမှု ၊ ပျော်ရွှင်မှုကိုမှ မတွေ့ရပေ။
ကျောက်ရှောင်ယွီက ငရဲလမ်းဓားကို တင်းတင်းဆုပ်ကိုင်ထားလေသည်။ သူမသည် ငရဲလမ်းဓားကို ဆုပ်ကိုင်ပြီး ဆန်းလျန်နှင့်အတူ တိုင်ပွဲဝင်ရမည် ဖြစ်လေသည်။
လောကတွင် ဆန်းလျန်နှင့် လိုက်ဖက်အညီဆုံး တာအိုလက်တွဲဖော်ကို ပြောပါဆိုလျှင် ကျောက်ရှောင်ယွီမှလွဲပြီး တခြားသူ မရှိနိုင်ပေ။ သူတို့ (၂)ယောက်၏ အပြန်အလှန်ယုံကြည်မှုနှင့် မေတ္တတရားထားရှိမှုကြောင့် လောကရှိ အခက်အခဲများအားလုံးကို ကျော်လွှားသွားနိုင်မည်မှာ အမှန်ပင်။
သူတို့ (၂)ယောက်၏ ပေါင်းစည်းမှုတန်ခိုးစွမ်းအားက မြင့်မားလွန်းလှလေသည်။
"ဆရာတော်က လွတ်မြောက်မှုကိုတောင်းဆိုတယ် ၊ ဒီဓားကို လွတ်မြောက်မှုဓားလို့ ခေါ်တယ်…"
အလွန်ပေါ့ပါးပြီးအေးစက်တည်ငြိမ်သည့် ဆန်းလျန်၏စကားသံသည် မှောင်မိုက်နေသည့် အသူရာချောက်အောက်ဆုံးပိုင်းမှ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာလေသည်။
ထို့နောက် ယွမ်တုဓားသည် လျှပ်စီးအလင်းတန်းတစ်ခုအလားလျှင်မြန်စွာဖြင့် ကြယ်စင်များကို ဖြတ်ကျော်ကာ စကြာဝဠာအတွင်းသို့ထွက်ခွာသွားလေသည်။
ကြယ်စင်များကြားတွင် ပါးလွှာသည့် မျဉ်းကြောင်းလေးတစ်ခု ပေါ်လာလေသည်။ ထိုမျဉ်းကြောင်းလေးသည် ယွမ်တုဓား၏ မရဏစွမ်းအားများ စကြာဝဠာကို ဖြတ်သန်းသွားခြင်းပင် ဖြစ်လေသည်။
ယွမ်တုဓား၏ မရဏစွမ်းအားများသည် မြင်မြင်သမျှ ရုပ်ဝတ္ထုအားလုံးကို တိုက်စားဖျက်စီးသွားလေသည်။ လွတ်မြောက်ခြင်းမတိုင်မီ ကြိုးစားရုန်းကန်ကာ အရာအားလုံးကို ဖျက်စီးတိုက်ဖျက်သွားသကဲ့သို့ ရှိလေသည်။
ပါးလွှာသည့်မရဏစွမ်းအားမျဉ်းကြောင်းလေးသည် တိကျန်ဗောဓိသကျရှိရာသို့ ဝင်ရောက်သွားလေသည်။
တိကျန်ဗောဓိသကျ၏ပုံရိပ်က အင်္ကျီလက်တစ်ဖက်ကို ဝှေ့ရမ်းကာ ဓားဝိညာဉ်ကို ခုခံတိုက်ခိုက်လိုက်သည်။ သို့သော်… ပါးလွှာသည့်မျဉ်းကြောင်းလေးကို တားဆီးခြင်းငှာ မစွမ်းနိုင်ခဲ့ပေ။
ရုတ်တရက်… ပါးလွှာသည့် မျဉ်းကြောင်းလေးတစ်ပတ်လည်သွားပြီး ဓားဝိညာဉ်အလင်းတန်းများ ဖြာထွက်လာလေသည်။
ထို့နောက်… ဘုန်းတော်ကြီးရာမ၏ ခန္ဓာကိုယ်ကို ဘက်ပေါင်းစုံ လေးဘက်လေးတန်မှ ပိတ်ဆို့ထားလိုက်လေတော့သည်။
***