← Chapters

အနောက်ဘက်မှဓားရောင်တစ်ချက်ဖြင့် “ရန်ကျောက်ကဲ”

Vol. 31 Ch. 441

အနောက်ဘက်မှဓားရောင်တစ်ချက်ဖြင့် “ရန်ကျောက်ကဲ”

Vol. 31 Ch. 441

အခန်း (၄၄၁) အနောက်ဘက်မှဓားရောင်တစ်ချက်ဖြင့် “ရန်ကျောက်ကဲ”

အဝေးမှ ပဲ့တင်ထပ်ထွက်ပေါ်လာသောအသံက တည်ငြိမ်အေးဆေးလျှက်ပင်။

ထိုအသံက ကျယ်လောင်လွန်းခြင်းမရှိသည့်တိုင် ထိပ်သီးသိုင်းဂိုဏ်းကြီး (၃) ဂိုဏ်းမှ ထိပ်တန်းသိုင်းသမားများအားလုံး၏ နားထဲတွင် ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

သူတို့နှလုံးသားထဲတွင် အေးစိမ့်မှုကို ခံစားရပြီး အဝေးဆီမှ အလင်းရောင်သည်လည်း တောက်ပသည်ထက်တောက်ပလာသလို စူးရှသည်ထက် စူးရှလာသည်။

ထိုအလင်းတန်းက အနောက်ဘက်ကောင်းကင်ဆီမှ ဝင်ရောက်လာသော ဓားအလင်းတန်းတစ်ခုပင်။

ထိုဓားအလင်းတန်းနှင့်အတူ နဂါးဟိန်းသံကြီးတစ်သံက ကောင်းကင်ကိုးထပ်အထိ ထိုးဖောက်ပျံ့လွင့်သွားပြီး မိုးခြိမ်းသံများနှင့် မီးကျီးကန်အော်သံများကို လွှမ်းခြုံသွားသည်။

ဓားအလင်းတန်းက အရှိန်အဟုန်ပြင်းစွာပင် သူတို့မျက်စိရှေ့သို့ ချက်ချင်းရောက်လာပြီး သွေးနီတိမ်တိုက်ဂိုဏ်းကို ပစ်မှတ်ထား စတင်တိုက်ခိုက်လိုက်သည်။ ဓားချက်တစ်ချက်တည်းဖြင့် သွေးနီတိမ်တိုက်များ အပိုင်းပိုင်းပြတ်ထွက်သွား၏။

ဆံပင်ဖြူအဘိုးအို ရင်ထဲနင့်သွားသည်။

“ဒီလူထူးလူဆန်းတွေက ဖုရန်တိုင်းပြည်မှာ သူတို့စွမ်းအားကို အပြည့်အဝ အသုံးမချခဲ့ဘူးပဲ”

ထိုအချိန်...

တောက်ပနေသည့်ဓားအလင်းတန်း ပျောက်ကွယ်သွားပြီး လူငယ်တစ်ယောက် ထွက်ပေါ်လာသည်။

ထိုလူငယ်က အဖြူရောင်ဝတ်စုံကို ဝတ်ဆင်လျှက် အနက်ရောင်အနားသတ်များပါရှိသော အပြာရောင်ဝတ်ရုံကိုလွှမ်းခြုံထားသည်။

အခြားသူမဟုတ် ၊ ရန်ကျောက်ကဲပင် ဖြစ်၏။

ဆံပင်ဖြူအဘိုးကြီးက ရန်ကျောက်ကဲကိုကြည့်ရင်း...

“မင်းက နှင်းကြိုးကြာဂိုဏ်းနဲ့ ပတ်သက်နေတဲ့ အဲဒီ လူထူးလူဆန်းလား”

ရန်ကျောက်ကဲက ညင်သာစွာြဖင့်...

“အမှန်ပဲ”

ဆံပင်ဖြူအဘိုးအိုက...

“မင်းက နှင်းကြိုးကြာဂိုဏ်းနဲ့ နဂါးစိမ်းတောင်ကို ကာကွယ်ဖို့ ရောက်လာတာလား”

ရန်ကျောက်ကဲက ထိပ်သီးသိုင်းဂိုဏ်း (၃) ဂိုဏ်းမှ အကြီးအကဲများကိုကြည့်ရင်း...

“မင်းက အစကတည်းက နဂါးစိမ်းတောင်ကို ဖြိုခွင်းဖို့ အကြောင်းပြချက်ရှာနေတာပဲ ၊ ငါ ဒီကို ရောက်လာသည်ဖြစ်စေ မလာသည်ဖြစ်စေ မင်းတို့က နဂါးတောင်ထွတ်နဲ့ နှင်းကျောက်စိမ်းတောင်တန်းတွေကို တိုက်ခိုက်မှာပဲ မဟုတ်လား”

ခရမ်းရောင် မိုးကြိုးတိမ်တိုက်များကြားမှ ကျယ်လောင်သောအသံတစ်သံက မိုးခြိမ်းသံပမာ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

“ကောလဟလတွေအရ မင်းက အတော်လေး အစွမ်းထက်တယ်လို့ ပြောတယ် ၊ အခုလည်း အကြောင်းအရာတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်တာပဲ ၊ ဒါပေမဲ့ အသုံးမဝင်ပါဘူး ၊ မိစ္ဆာ (၃)ပါးသာ ဒီနေရာကို ရောက်မလာဘူးဆိုရင် ငါတို့ကို တားဆီးနိုင်တဲ့သူတစ်ယောက်မှ မရှိဘူး”

သူက ဆက်ပြောသည်။

“မင်းအတွက် အကောင်းဆုံးကတော့ ဖီရှိုးကို ငါတို့လက်ထဲလွှဲအပ်ပါ ၊ ငါတို့ မင်းကို အသက်ချမ်းသာပေးမယ် ၊ ဒါပေမဲ့ နဂါးစိမ်းတောင်နဲ့ နှင်းကြိုးကြာဂိုဏ်းကတော့ ဒီနေ့ အမြစ်ပြတ်သုတ်သင်ခံရမှာပဲ”

မီးပင်လယ်အတွင်းမှအသံတစ်သံက...

“သေပြီးသားလူတစ်ယောက်နဲ့ စကားပြောနေစရာ မလိုဘူး”

ပြောပြီးသည်နှင့် မီးပင်လယ်အတွင်းမှ မီးတောက်အတောင်ပံကြီးနှစ်ဖက် ထွက်ပေါ်လာကာ ရန်ကျောက်ကဲထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာသည်။ ဤသည်က မီးတောက်ဂိုဏ်း၏မှ ဝါရင့်ဂိုဏ်းချုပ်ကြီး၏ တိုက်ခိုက်မှုပင် ဖြစ်၏။

ရန်ကျောက်ကဲက နေရာမှတစ်ချက်မရွှေ့ဘဲ မီးတောက်အတောင်ပံကြီးများအား သူ့ထံသို့ ဝင်ရောက်ခွင့်ပေးလိုက်သည်။

သို့ပေသိ မီးတောက်အတောင်ပံကြီးများက သူ့ခန္ဓာကိုယ်အနားရောက်ရှိသည်နှင့် အလိုလို လွင့်ပြယ်သွားကြ၏။

ရန်ကျောက်ကဲက မီးတောက်ဂိုဏ်းချုပ်၏တိုက်ခိုက်မှုကို အရေးမစိုက်ဘဲ...

“တကယ်တော့ မင်းတို့ထင်သလို ငါက နဂါးစိမ်းတောင်ကို ကာကွယ်ပေးတာ မဟုတ်ဘူး ၊ နဂါးစိမ်းတောင် သေသေရှင်ရှင် ငါ့အလုပ်မဟုတ်ဘူး”

သူက ဆက်ပြောသည်။

“ငါ ဒီကိုရောက်လာရတာက မကြာခင်ကပဲ ကိစ္စတစ်ခုကို နားလည်သွားခဲ့လို့ပဲ”

ရန်ကျောက်ကဲစကားပြောနေစဉ်မှာပင် မီးကျီးကန်းအစီအရင် မီးပင်လယ်ထဲမှ နှာမှုတ်သံတစ်ချက်ထွက်ပေါ်လာပြီး ပိုမိုပြင်းထန်သောမီးတောက်များက‌ ကောင်းကင်ထက်ပျံသန်းထွက်ခွာလျှက် ရန်ကျောက်ကဲထံ ဦးတည်ဝင်ရောက်လာပြန်သည်။

မီးတောက်ဂိုဏ်းချုပ်ဆိုသည်က မျောလွင့်ဝိညာဉ်ကမ္ဘာ၏ စွမ်းအားအမြင့်မားဆုံး သိုင်းသမား (၁၀)ယောက်တွင် တစ်ယောက်အပါအဝင် ဖြစ်သည်။ ထို့ကြောင့် သူ၏ တိုက်ခိုက်မှုက အားနည်းသည် မဆိုသာပေ။

ပြင်းထန်သောမီးတောက်များက မိုးမြေတစ်ခွင့် ဖုံးလွှမ်းသွားပြီး ရန်ကျောက်ကဲထံသို့ ရောက်ရှိလာသည်။ ရန်ကျောက်ကဲက ထိုမီးတောက်များကို တည်ငြိမ်စွာပင် ရင်ဆိုင်လိုက်သည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးကြောဆုံချက်များ တုန်ခါသွားပြီး ကြယ်တာရာချီစွမ်းအားအနှစ်သာရက အလွန်အမင်း အေးစက်သွားသည်။ ထို့နောက် ရန်ကျောက်ကဲ၏ သွေးကြောဆုံချက်များမှ အရိုးထိတိုင်အေးခဲစေသည့် ချီစွမ်းအားစီးကြောင်းများစွာထွက်ပေါ်လာပြီး ရေခဲနဂါးများစွာအဖြစ် ပြောင်းလဲသွားသည်။

ရေခဲနဂါးများက ဟိန်းဟောက်ကြုံးဝါးသံများ ပြုလုပ်လိုက်သည့်အခါ

ရေခဲနဂါးဟိန်းဟောက်သံများကို ကြားရသည့်အခါ ကျင့်ကြံခြင်းအဆင့် မည်မျှ မြင့်မားပါစေ ဤနေရာမှ မိစ္ဆာသွေးကျင့်ကြံသူ အကြီးအကဲများအားလုံး စိတ်အတွင်းပိုင်းနက်ရှိုင်းရာမှ တုန်လှုပ်ခြောက်ခြားလာကြသည်။

ဘုရင်တစ်ပါးနှင့်တွေ့ဆုံရသည့် အမတ်မင်းတစ်ယောက်ပမာ ကြောက်ရွံ့ဝပ်တွားလိုစိတ်များ နှလုံးသားထဲမှ တဖွားဖွားထွက်ပေါ်လာကြ၏။

မီးတောက်ဂိုဏ်းချုပ်က...

“နဂါးအစစ်ရဲ့ သွေးစွမ်းအားလား ၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ၊ သူက ငါတို့လို မိစ္ဆာသွေးကျင့်ကြံသူတစ်ယောက်ပဲလား ၊ ဒါမှမဟုတ် နဂါးအစစ်ရဲ့သွေးကို သူ့ခန္ဓာကိုယ်ထဲကို စီးဝင်စေပြီး သန့်စင်အောင် ကျင့်ကြံထားတာလား”

လူတိုင်း ခဏမျှ အံ့အားသင့်သွားကြသော်လည်း နောက်ဆက်တွဲရလဒ်ကတော့ အဆုံးမဲ့လောဘတက်လာကြခြင်းပင်။

မီးတောက်ဂိုဏ်းချုပ်သာမက ၊ သွေးနီတိမ်တိုက်ဂိုဏ်းချုပ် ‘လုမင်’ နှင့် မိုးကြိုးဂိုဏ်းချုပ်တို့သည်လည်း ထို နဂါးအစစ်သွေးစွမ်းအားကို မက်မောစပြုလာသည်။

ရန်ကျောက်ကဲကတော့ ပုံမှန်အတိုင်းပင် တည်ငြိမ်နေဆဲ ဖြစ်၏။

ဤသည်က ရေခဲနဂါးရုပ်အလောင်းကြီးမှ သွေးစွမ်းအားအနှစ်သာရများကို စုပ်ယူကျင့်ကြံခဲ့ခြင်းကြောင့် ရရှိခဲ့သောစွမ်းအား ဖြစ်သည်။ ရေခဲနဂါးသွေးစွမ်းအားအနှစ်သာရက ကြောက်မက်ဖွယ်ရာ အအေးဓာတ်အဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင် မိုးမြေတစ်ခုလုံးကို ချိတ်ပိတ်လိုက်လေသည်။

မီးတောက်ဂိုဏ်းချုပ် ထုတ်လွှတ်လိုက်သော တောက်ပသည့်မီးတောက်များမှာ မြင်သာထင်သာရှိသော ရုပ်ဝတ္ထုတစ်ခုပမာ ချက်ချင်းပင် အေးခဲသွားသည်။

ပြင်းထန်သောအအေးဓာတ်က လူတိုင်း၏နှလုံးသားထဲတွင်တောက်လောင်နေသော လောဘတရားကိုပင် ငြိမ်းသတ်သွားစေသည့်အလားပင်။

“အရင်ကတော့ တစ်ခုခုမှားနေတယ်လို့ ငါ ခံစားခဲ့ရတယ် ၊ ဒါပေမဲ့ ဘာမှားနေမှန်း အတည်မပြုနိုင်ခဲ့ဘူး ၊ ဒါပေမဲ့ မကြာခင်ကပဲ ငါ့စိတ်ထဲကသံသယတွေအတွက် အဖြေရသွားခဲ့တယ်”

ထိုသို့ပြောရင်း ရန်ကျောက်ကဲက လက်တစ်ဖက်မြှောက်လိုက်ရာ သူ၏လက်ညှိုးနှင့်လက်ခလယ်တွင် ကြယ်တာရာချီစွမ်းအားအနှစ်သာရ ထွက်ပေါ်လာပြီး ဓားဝိညာဉ်တစ်ခု ဖြစ်တည်လာသည်။

များပြားလှစွာသော ရေခဲနဂါးများက ကြုံးဝါးသံများပြုရင်း လေထဲတွင်ရစ်ခွေနေလျှက် ဓားဝိညာဉ်က နဂါးအသွင်ဆောင်ယူကာ မိုးကုတ်စက်ဝိုင်းကိုဖြတ်ကျော်ပြီး မီးတောက်ဂိုဏ်းချုပ်ထံသို့ တည့်တည့်မတ်မတ် ချိန်ရွယ်လိုက်သည်။

လူတိုင်း၏အကြည့်များက ထိတ်လန့်တုန်လှုပ်သွားကြစဉ် မီးတောက်ဂိုဏ်းချုပ်၏ခန္ဓာကိုယ်ကို ဝန်းရံကာကွယ်ပေးထားသည့် မီးတောက်များ ချက်ချင်း ငြိမ်းသတ်သွား၏။

သူ့ ခန္ဓာကိုယ်ထက်မှ အလင်းသင်္ကေတများထွက်ပေါ်လာပြီး သူ့မျက်ဝန်းများတွင်လည်း အနီရောင်မီးတောက်များ တောက်ပလာသည့်တိုင် နဂါးအသွင်ဆောင်သော ရန်ကျောက်ကဲ၏ ဓားဝိညာဉ်ကို ခုခံနိုင်စွမ်းမရှိခဲ့ပေ။

ရန်ကျောက်ကဲ၏ သိမ်မွေ့သောအသံက နဂါးဟိန်းသံပမာ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

“ငါက ကမ္ဘာအသစ်တစ်ခုကိုရောက်လာတော့ သိုသိုသိပ်သိပ်ပဲနေမယ်လို့ ဆုံးဖြတ်ခဲ့တယ် ၊ ငါက ဒီနေရာကို လေ့လာရင်း အချက်အလက်တွေကို စုဆောင်းမယ် ၊ ပြီးမှ ငါတို့အခက်အခဲတွေကို အတည်ပြုပြီး ကိုယ့်ကမ္ဘာကိုယ် ပြန်ဖို့ ဆုံးဖြတ်ခဲ့တယ် ၊ ဘာလို့လဲဆိုတော့.... ဒီနေရာမှာ ငါ့ကိုကူညီပေးနိုင်မယ့် ငါတို့ဂိုဏ်းက အကြီးအကဲတွေမရှိဘူးလေ”

ထိုအချိန် ကောင်းကင်ဘုံကိုပင် တုန်လှုပ်စေသည့် ဓားဝိညာဉ်ကို မီးတောက်ဂိုဏ်းချုပ် ခုခံနိုင်စွမ်း မရှိတော့ပေ။

သို့သော် သူ့အနောက်မှ မီးကျီးကန်းများက ဆူညံစွာအော်ဟစ်လျှက် စွမ်းအားများထုတ်လွှတ်ပြီး ရန်ကျောက်ကဲ၏ ကြောက်မက်ဖွယ်ရာ “အင်္ကျီလက်ထဲမှမိုးပြာနဂါးဓားသိုင်း” ကို ကာကွယ်ပေးထားကြသည်။

မီးတောက်ဂိုဏ်းတွင် နဂါးစိမ်းတောင်ဂိုဏ်းကဲ့သို့ နဂါးရိုးဆက်မရှိသလို သွေးနီတိမ်တိုက်ဂိုဏ်းကဲ့သို့လည်း အပြာရောင်ငှက် မရှိပေ။

မျောလွင့်ဝိညာဉ်ကမ္ဘာတွင် သူတို့၏ရပ်တည်နိုင်စွမ်းမှာ ကမ္ဘာ့နံပါတ် (၁) တိုက်ပွဲအစီအရင်ကြီးဖြစ်သော ဤ “မီးတောက်နတ်ဆိုးလူသတ်အစီအရင်ကြီး” ပင် ဖြစ်သည်။

မီးကျီးကန်းများ၏စွမ်းအားက သူ၏ဓားဝိညာဉ်ကို ပိတ်ဆို့ထားသော်လည်း ရန်ကျောက်ကဲက အရေးမစိုက်ဟန်ဖြင့်...

“ဒါပေမဲ့ ငါလုပ်သမျှ သတိထားနေရတာမျိုးကို အစကတည်းက သဘောမကျဘူး ၊ ငါ့စရိုက်က လွတ်လွတ်လပ်လပ် ကြမ်းကြမ်းရမ်းရမ်းပဲ လှုပ်ရှားချင်တာ”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ ဒီနေရာကို ပထမဆုံးရောက်လာတာဆိုတော့... ဒီကမ္ဘာက ငါနေထိုင်တဲ့ကမ္ဘာအပေါ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမှာ စိုးရိမ်ခဲ့တယ်”

ရန်ကျောက်ကဲက သူ့လက်ထဲမှ ဓားဝိညာဉ်ကို ပေါ့ပါးစွာ ဝှေ့ယမ်းရင်း...

“ဒါပေမဲ့ ငါ နောက်ပိုင်းတဖြည်းဖြည်းသိလာရတာက... အဲဒီလိုမျိုး လုံးဝ မဟုတ်ခဲ့ဘူး”

စကားပြောရင်း ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး လေထဲသို့ အရိုးစုတစ်ခု ပစ်လွှတ်လိုက်သည်။

ထိုအရိုးစုကို တွေ့မြင်သည်နှင့် မီးတောက်ဂိုဏ်းမှ တပည့်များအားလုံး တုန်လှုပ်သွားကြသည်။

ထိုအရိုးစုမှာ ကြီးမားသော “ခြေထောက်ချောက်ချောင်း လျှပ်စီးပျံကျားသစ်” ၏ အရိုးစုဖြစ်ကြောင်း သိလိုက်ရသောကြောင့်ပင်။

ရန်ကျောက်ကဲက...

“သွေးနီတိမ်တိုက်ဂိုဏ်းမှာ ‘ခြေထောက်ချောက်ချောင်း လျှပ်စီးပျံကျားသစ်’ ရဲ့ သွေးစွမ်းအားနဲ့ ကျင့်ကြံထားတဲ့ ဆရာတပည့်နှစ်ယောက်ရှိတယ်လို့ သတင်းကြားခဲ့တယ် ၊ ဆရာဖြစ်တဲ့သူက သွေးနီတိမ်တိုက်ဂိုဏ်းရဲ့ ဝါရင့်အကြီးအကဲ ကျားသစ်ဘုရင် ‘လင်ကန်း’ ၊ အဟက်... အတော်လေး အရည်အချင်းရှိတယ်လို့ ပြောကြတယ် ၊ တပည့်ဖြစ်တဲ့သူကတော့ ကျားသစ်ဘုရင်ငယ် ‘ဟယ်ထိုက်ချန်’ ၊ သူကလည်း နာမည်ကြီးတစ်ယောက်ဆိုပဲ”

“အဲဒါကြောင့် ငါ လွယ်လွယ်နဲ့ သတ်လိုက်တဲ့ကောင်က ‘ဟယ်ထိုက်ချန်’ လို့ပဲ ထင်နေခဲ့တာ...”

ရန်ကျောက်ကဲက သူ ပထမဆုံးတိုက်ခိုက်ခဲ့သော မိစ္ဆာသွေးကျင့်ကြံသူ၏ ခန္ဓာကိုယ်ကောက်ကြောင်းကို လေထဲတွင် ရေးဆွဲလိုက်သည်။

“ဒါပေမဲ့... အဲဒီလူက ‘ဟယ်ထိုက်ချန်’ မဟုတ်ဘူးတဲ့ကွာ... ၊ ကျားသစ်ဘုရင် ‘လင်ကန်း’ ဖြစ်နေတယ်ဆိုတာ မကြာခင်ကမှ သိလိုက်ရတယ် ဟားဟား...”

ရန်ကျောက်ကဲက သွေးနီတိမ်တိုက်ဂိုဏ်းချုပ် ‘လုမင်’ ကို စူးစိုက်ကြည့်ရင်း...

“အခု ငါ့ရင်ထဲ ဘယ်လိုခံစားနေရလဲ မင်းတို့ သိလား”

ရန်ကျောက်ကဲက သူ၏ ညာဘက်လက်ကောက်ဝတ်ကို ရုတ်တရက် လှန်လိုက်ရာ သူ၏ အင်္ကျီလက်အတွင်းမှ ဓားရောင်တစ်ချက်လင်းလက်သွားသည်ကို တွေ့ရသည်။ ဓားက အစိမ်းရောင်တွင် သွေးနီရောင်ရောယှက်လျှက် တောက်ပနေသည်။

ထိုဓားကိုတွေ့သည်နှင့် လုမင်စိတ်ထဲ တင်းတင်းကျပ်ကျပ် ခံစားလိုက်ရသည်။

အဆင့်မြင့်မှော်ဝင်ဓားတစ်လက်ဖြစ်သော “အစိမ်းရောင်ချောက်နက်ဓား”။

ရန်ကျောက်ကဲက မီးတောက်ဂိုဏ်း၏ တိုက်ပွဲအစီအရင်ကြီးဖြစ်သော “မီးတောက်နတ်ဆိုးလူသတ်အစီအရင်ကြီး” ကို တိုက်ခိုက်နေသည့် ပထမဓားချက်ကို ရုတ်သိမ်းလိုက်ပြီး သွေးနီတိမ်တိုက်ဂိုဏ်းတည်ရှိရာသို့ ဒုတိယဓားချက်ဖြင့် ခုတ်ပိုင်းချလိုက်သည်။

သွေးနီရောင်တိမ်တိုက်များချက်ချင်းအက်ကွဲသွားပြီး ကြောက်မက်ဖွယ်ရာဓားရောင်က အနီရောင်ဘူးသီးခြောက်ထံသို့ တည့်တည့်မတ်မတ်ကျရောက်သွားသည်။

ရန်ကျောက်ကဲက နှုတ်ခမ်းများတွန့်ကွေးရင်း...

“မင်းတို့ပြောသလို မျောလွင့်ဝိညာဉ်ကမ္ဘာတစ်ခုလုံးကို ဘေးဆိုးကြီးကျရောက်စေမယ့်သူလို့ ငါ့ကိုယ်ငါ ခံစားနေရတယ် ဆိုတာပဲ”

သူက မျက်ခုံးတစ်ချက်ပင့်ရင်း...

“တကယ်တော့ စောစောက မင်းတို့ပြောခဲ့တဲ့ စကားတွေက အတော်လေးကို အဓိပ္ပါယ်ရှိတာပါပဲ အဟက်...”

All Chapters