← Chapters

စီနီယာအမတော်ချီကျင့်

Vol. 56 Ch. 782

စီနီယာအမတော်ချီကျင့်

Vol. 56 Ch. 782

ထျန်းယွမ်ရှန်းဟွ၏ ထျန်းယွမ်နန်းတော်၌

ထျန်းယွမ်ရှန်းဟွ၏ အမြင့်ဆုံးနေရာတွင် ခမ်းနားကြီးကျယ်လှသော ရွှေရောင်နန်းတော်ကြီးတစ်ခု ရှိနေသည်။ ထိုနေရာမှ ကြည့်ရှုပါက ထျန်းယွမ်ရှန်းဟွအတွင်း လွင့်မျောနေသော ကျွန်းစုများအား အလင်းအစက်အပြောက်များအဖြစ်သာ မြင်တွေ့ရသည်။

ထိုနေရာတွင် လုံခြုံရေးတင်းကြပ်မှုမှာလည်း အလွန်မြင့်မားသည်။

ဇူယွမ်တို့သည်ပင် ရိယန်၏ ဦးဆောင်မှုဖြင့် လိုက်ပါလာခြင်း ဖြစ်ပါသော်လည်း စစ်ဆေးမှု အဆင့်များစွာကို ဖြတ်ကျော်ခဲ့ရသည်။

နန်းတော်ရှေ့သို့ ရောက်သောအခါ ရိယန်မှာ အဝတ်အစားများကို သပ်ရပ်စွာပြင်လျက် လေးနက်စွာဖြင့် စကားဆိုလိုက်သည်။ "ဒီနေရာက ချီကျင့်သခင်မ ပြဿနာတွေ၊ အရေးကိစ္စတွေ ဖြေရှင်းတဲ့နေရာပဲ။"

"ငါ့နောက်ကလိုက်ခဲ့ကြ။"

ရိယန်မှ နန်းတော်အတွင်း ဦးဆောင်ဝင်ရောက်သွားသည်။

နန်းတော်အတွင်းရှိ ကြမ်းပြင်အား အပြာရောင် ကျောက်များဖြင့် ခင်းကျင်းထားပြီး ရိုးရှင်းသော်လည်း ခမ်းနားထည်ဝါလွန်းလှသည်။

ဇူယွမ်မှာ နန်းတော်အတွင်းရှိ အစောင့်များ၏ စူးရှနေသော မျက်ဝန်းများကို ချက်ချင်းဆိုသလို သတိထားမိလိုက်သည်။

ခန်းမအဆုံးတွင် အပြာရောင်ကျောက်များအား လှေကားအဖြစ် ဖန်တီးထားပြီး ယင်းလှေကားအဆုံး၌ ကျောက်စိမ်းစားပွဲတစ်ခုနှင့်အတူ များပြားလှသော စာလိပ်များစွာ ရှိနေလေသည်။ ထိုစာလိပ်ပုံများအကြား အမျိုးသမီးတစ်ဦး၏ ဆံနွယ်များကို ခပ်ရေးရေးမျှ မြင်နေရသည်။

ထိုအမျိုးသမီးမှာ ခန်းမအတွင်း တစ်စုံတစ်ယောက် ဝင်ရောက်လာသည်ကို သိရှိသွားဟန်ဖြင့် ခေါင်းကိုမော့ကာ စကားဆိုလိုက်သည်။ "သြော်... အကြီးအကဲ ရိယန် ရောက်လာပြီပဲ။"

ထိုစကားသံမှာ ကြည်လင်လွန်းလှသည်။

"ချီကျင့်သခင်မ...." ရိယန်မှ အရိုအသေပြု နှုတ်ဆက်လိုက်သည်။

ဇူယွမ်မှာ စိတ်လှုပ်ရှားစွာဖြင့် စာလိပ်ပုံများအကြား နစ်မြုပ်နေသော ချီကျင့်သခင်မကို ကြည့်ရှုလိုက်မိသည်။

ထိုနေရာ၌ ရှည်လျားသော ဝတ်ရုံတစ်ခုကို ဆင်မြန်းထားသည့် ပိန်သွယ်သွယ် အမျိုးသမီးတစ်ဦး ရှိနေသည်။ သူမ၏ အသားအရေမှာ ဖြူဖွေးနူးညံ့နေပြီး ရွှေလည်တိုင်ထက်မှ လှပသော ညှပ်ရိုးလေးများကို မြင်တွေ့နေရသည်။ သို့သော် ပို၍ထူးခြားနေသည်မှာ သတိပြုမိချင်စရာကောင်းလောက်အောင် တိုနေသော ပုခုံးလောက်ထိသာ ရှည်လျားသည့် နီမှိုင်းမှိုင်း ဆံနွယ်များ ဖြစ်သည်။

သူမ၏ မျက်နှာသွင်ပြင်မှာ နွေးထွေးမည့်ဟန်ရှိပြီး မျက်ဝန်းများမှာ ထူးခြားစွာ တောက်ပလင်းလက်နေဟန် ရှိသည်။ နီဆွေးသော နှုတ်ခမ်းအစုံက ခက်ထန်သည့် မိန်းမသားတစ်ဦးအသွင် ဖြစ်ပေါ်စေလေသည်။

သူမကို ကြည့်ရသည်မှာ အမျိုးသားတစ်ဦးကဲ့သို့ ခန့်ညားသည်ဟု ထင်မှတ်ရသည်။

သူမ၏ပုံစံအား ခြုံပြောရလျှင် ခက်ထန်ကာ ကြောက်မက်ဖွယ်ကောင်းသည်ဟု ဆိုနိုင်သည်။

ဇူယွမ်မှာ နံရံတစ်ခုအလား ပြားကပ်နေသော သူမ၏ ရင်သားနေရာကို ကြည့်ရှုလိုက်မိသည်။ ထို့နောက် ဆရာသခင် ကန်းယွမ် ပြောခဲ့သော စီနီယာအကိုတော် နှစ်ယောက်ဟူသည့် စကားအား နားလည်မိသွားတော့သည်။

စီနီယာအမတော် ချီကျင့်မှာ မိန်းကလေးတစ်ဦး ဖြစ်ပါသော်လည်း လှပသော အမျိုးသားတစ်ဦးနှင့်သာ ပို၍ဆင်တူနေသည်။

ဇူယွမ်မှာ အလွန်စိတ်လှုပ်ရှားနေဟန်ရှိသော ရိချိုးရွှယ်အား ကြည့်ရှုလိုက်မိသည်။ သူမ၏ မျက်ဝန်းများမှာ ကြယ်ပွင့်များကဲ့သို့ လင်းလက်တောက်ပနေလျက် ရှိသည်။

ချီကျင့်သခင်မမှ ဇူယွမ်အားကြည့်ကာ စကားဆိုလိုက်သည်။ "နင်က အခုတလော အရမ်းနာမည်ကြီးနေတဲ့ ဇူယွမ်ဆိုတာလား။"

ဇူယွမ်မှ ခေါင်းညိတ်ပြလိုက်သည်။

ချီကျင့်မှာ ဇူယွမ်အား ခေတ္တမျှ ကြည့်ရှုလိုက်ပြီးနောက် ရိယန်အား စကားဆိုလိုက်သည်။ "ဒီကောင်လေးကို လေနန်းဆောင်ရဲ့ လက်ထောက်ခေါင်းဆောင်နေရာမှာ ထားချင်တာလား။"

ထို့နောက် စားပွဲအား လက်ဖြင့်တောက်ရင်းဖြင့် ဆက်ပြောလိုက်သည်။ "ဒါပေမယ့် အဲ့ဒါကို သဘောမတူတဲ့သူ ရှိတယ်နော်။"

ရိယန်မှာ အံ့အားသင့်သွားရသည်။ "ဘယ်သူလဲဆိုတာ ကျွန်တော် သိလို့ရမလား။"

"ငါပဲ...." လေးနက်သော စကားသံတစ်ခုမှာ ဇူယွမ်တို့၏ အနောက်ဘက်ဆီမှ ထွက်ပေါ်လာသည်။ ဇူယွမ်တို့မှ လှည့်ကြည့်လိုက်သောအခါ ခန်းမအတွင်း ဝင်ရောက်လာသော ကုရှီနှင့် အခြားတစ်ယောက်အား တွေ့ရှိလိုက်ရသည်။

"သာ့ထင်းသခင် ကုယွမ်လား...." ရိယန်မှ မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။

ကုရှီနှင့်အတူ ဝင်ရောက်လာသူမှာ ရှင်းဟုန်မီးလျှံခန်းမ၏ သာ့ထင်းသခင် ကုယွမ်ပင် ဖြစ်သည်။

ကုယွမ်မှ ချီကျင့်သခင်မအား အရိုအသေပြုကာ ပြောလိုက်သည်။ "အကြီးအကဲ ရိယန်ရဲ့ အကြံပြုချက်က လက်ခံနိုင်စရာ မရှိပါဘူး။ ဒီကောင်လေးက နောက်ခံဇစ်မြစ်တောင် ဘယ်ကမှန်းသိတာ မဟုတ်ဘူး။ အဲ့လိုလူမျိုးကို လေနန်းဆောင်ရဲ့ လက်ထောက်ခေါင်းဆောင်နေရာ ပေးလို့မဖြစ်ပါဘူး။"

"နန်းဆောင်လေးခုက အစကတည်းက ထူးချွန်တဲ့ လူငယ်မျိုးဆက်တွေအတွက်ပဲ မဟုတ်ဘူးလား။" ရိယန်မှ စကားဆိုလိုက်သည်။ "သာ့ထင်းသခင် ကုယွမ် ပြောပုံအရဆို နန်းဆောင်လေးခုရဲ့ ရည်ရွယ်ချက်နဲ့ မကိုက်ညီဘူး ဖြစ်နေမှာပေါ့။"

ကုယွမ်မှာ ရိယန်အား အလေးပင်မထားပုံ မရပေ။ မည်သို့ပင်ဆိုစေကာမူ ကုယွမ်၏ အဆင့်အတန်းမှာ ရိယန်ထက် ပို၍မြင့်မားသည်။ သူသည် ချီကျင့်သခင်မကိုသာကြည့်၍ ဆက်ပြောလိုက်သည်။ "ဒါမှမဟုတ် ဒီကောင်လေးကို ကျွန်တော့်ဆီ အရင်ပေးလိုက်ပါလား။ ကျွန်တော် စစ်ဆေးမှုတချို့ လုပ်ကြည့်မယ်။ အဲ့အချိန်ကြမှ သူ့ကို လေနန်းဆောင်ထဲ ဝင်ခွင့်ပြုလည်း နောက်မကျသေးပါဘူး။"

ရိယန်မှာ အလွန်ဒေါသထွက်သွားရသည်။

ဇူယွမ်သာ ကုယွမ်ထံ ရောက်ရှိသွားပါက နှိပ်စက်ခံရမည်မှာ အသေအချာပင် ဖြစ်သည်။

ချီကျင့်မှ တည်ငြိမ်စွာ စကားဆိုလိုက်သည်။ "စစ်ဆေးစရာ မလိုပါဘူး။ ဒါပေမယ့် ဇူယွမ်က လူသစ်ဆိုတော့ ချက်ချင်း လက်ထောက်ခေါင်းဆောင်နေရာပေးလိုက်ရင် တချို့က ကျေနပ်ကြမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် သူ့ကို လေနန်းဆောင်ရဲ့ပုံမှန်အဖွဲ့ဝင်နေရာ အရင်ပေးထားလိုက်မယ်။ တကယ်လို့ တိုးတက်လာတယ်ဆိုရင်တော့ နေရာပြောင်းပေးကြတာပေါ့။"

နှစ်ဖက်စလုံးမှာ စိတ်သက်သာရာ ရသွားသကဲ့သို့ တစ်ချိန်တည်းမှာပင် အနည်းငယ် စိတ်ပျက်သွားကြသည်၏။

ရိယန်နှင့် ရိချိုးရွှယ်မှာ ဇူယွမ်အား ကြည့်ရှုလိုက်ကြသည်။ လေနန်းဆောင်သို့ ဝင်ခွင့်ရသွားပါသော်လည်း ပုံမှန်အဖွဲ့ဝင်တစ်ဦးအား ကုယွမ်တို့မှ အနှောင့်အယှက်ပေးရန် လက်တွန့်နေမည် မဟုတ်ပေ။

တစ်ဖက်တွင်မူ ကုယွမ်မှာ ချီကျင့်သခင်မ၏ ဆုံးဖြတ်ချက်အပေါ် စိတ်အလိုမကျ ဖြစ်မိပါသော်လည်း ပုံမှန်အဖွဲ့ဝင်အဖြစ်သာ လက်ခံမည်ဆိုသောကြောင့် အထွန့်မတက်တော့ပေ။

ကုရှီမှာမူ ဇူယွမ်အား နုပ်နုပ်စင်းတော့မည့်အလား စူးရဲစွာ ကြည့်ရှုနေလျက် ရှိသည်။

ဤသို့ဖြင့် ရိယန်နှင့် ကုယွမ် နှစ်ဦးစလုံးမှာ ချီကျင့်သခင်မ၏ ဆုံးဖြတ်ချက်ကို လက်ခံလိုက်ကြသည်။ ချီကျင့်သခင်မသည် နှစ်ဖက်လုံး၏ တောင်းဆိုချက်များကို နားထောင်ကာ ကောင်းမွန်သော ဆုံးဖြတ်ချက်ဖြင့် ရိယန်နှင့် ကုယွမ် နှစ်ဦးစလုံး ခြေတစ်လှမ်း ဆုတ်သွားအောင် လုပ်နိုင်ခဲ့သည်။

ရိယန်မဆိုထားနှင့် ကျင်ရှန်းကောင်းကင်ဂိုဏ်း၏ သာ့ထင်းသခင် ကုယွမ်သည်ပင် ချီကျင့်သခင်မအား ဒေါသထွက်အောင် မလုပ်ရဲပေ။

ချီကျင့်သခင်မမှ အားလုံးကို ထွက်ခွာသွားရန် ပြောနေသဖြင့် ဇူယွမ်မှာ ခေါင်းကိုက်သွားရသည်။ ယခုအခွင့်အရေးကိုသာ အမိအရ ဆုပ်ကိုင်နိုင်ခြင်း မရှိပါက ချီကျင့်သခင်မနှင့် ထပ်တွေ့ခွင့်ရရန် မဖြစ်နိုင်တော့ပေ။

ထို့ကြောင့် ချက်ချင်းဆိုသလို အရှေ့သို့ထွက်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "ချီကျင့်သခင်မ ကျွန်တော်က လက်ထောက်ခေါင်းဆောင်နေရာအတွက် သင့်တော်တယ်လို့ ထင်ပါတယ်။

ရိယန်သည်ပင် အမူအရာ ပျက်ယွင်းသွားရသည်။ "လေးစားမှု မရှိဘူး။"

ဇူယွမ်မှာ ချီကျင့်သခင်မအား စိတ်အနှောင့်အယှက် ပေးနေခြင်း ဖြစ်သည်။ အကယ်၍ ချီကျင့်သခင်မသာ ဒေါသထွက်သွားပါက လေနန်းဆောင်သို့ပင် ဝင်ခွင့်ရနိုင်မည် မဟုတ်တော့ပေ။

ရိယန်မှာ စိုးရိမ်ပူပန်စွာဖြင့် မျက်မှောင်ကျုံ့နေသော ချီကျင့်သခင်မအား ကြည့်ရှုလိုက်မိသည်။

ကုယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "ဒီကောင်လေးက တကယ်ကို အလိုက်ကန်းဆိုး မသိဘူးပဲ။ လေနန်းဆောင်ထဲ ဝင်ခွင့်ရခဲ့ရင်တောင် ထျန်းယွမ်နယ်မြေက လူငယ်တွေအတွက် အဆင်မပြေ ဖြစ်လာလိမ့်မယ်။"

"သူ့ကို ထျန်းယွမ်ရှန်းဟွကနေ နယ်နှင်ဒဏ်ပေးဖို့ တောင်းဆိုချင်ပါတယ်။"

ရိယန်မှ အလျင်အမြန် စကားဆိုလိုက်သည်။ "ချီကျင့်သခင်မ ဇူယွမ်က တမင်ပြောလိုက်တာ မဟုတ်ပါဘူး။"

ဇူယွမ်မှာ ချီကျင့်သခင်မအား ကြည့်ရှုလိုက်ပြီးနောက် မူလဖျက်စီးခြင်းနတ်ဘုရား၏ စိတ်ဝိဉာဉ်ပေါင်းစည်းခြင်းနည်းလမ်းကို တိတ်တဆိတ် လည်ပတ်စေလိုက်သည်။

ချီကျင့်မှာ ဇူယွမ်၏ အရှက်မဲ့လှသော လုပ်ရပ်အပေါ် မကျေမနပ် ဖြစ်နေမိသည်။ သူမသည် ဇူယွမ်အား ကာကွယ်ရန်အတွက်ပင် ထိုသို့ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ အနာဂတ်တွင် တိုးတက်မှုများ ရှိလာပါက လက်ထောက်ခေါင်းဆောင်နေရာအား တိုးမြှင့်ပေးသွားရန်လည်း စဉ်းစားထားပြီး ဖြစ်၏။ သို့သော် ဇူယွမ်၏ ကိုယ့်ကိုယ်ကို ထောက်ခံသော လုပ်ရပ်မှာ ကလေးဆန်လွန်းလှသည်။

ထို့ကြောင့် အပြစ်ဒဏ် အနည်းငယ်ပေးကာ ဆုံးမပေးမှ သင့်တော်လိမ့်မည်။

"ရိုင်းစိုင်းလိုက်တာ..." ချီကျင့်မှ စကားဆိုလိုက်သည်။

သို့သော် ထိုအချိန်မှာပင် ချီကျင့်မှာ ဇူယွမ်၏ မျက်ခုံးနှစ်ခုကြားမှ ထူးခြားသော အလင်းရောင်တစ်ခုကို မြင်တွေ့လိုက်ရသည်။

ထို့နောက် ချီကျင့်မှာ ပြောစရာစကားများ ပျောက်ရှသွားရသည်။

နာကျင်မှုနှင့် အံ့အားသင့်မှုများ နှလုံးသားအတွင်း ရောယှက်လာကာ မျက်လုံးအပြူးသား ဖြစ်နေရသည်။ ထို့နောက် စားပွဲပေါ်ရှိ ပစ္စည်းများအား လက်ဖြင့်ရိုက်ချလိုက်သည်။

ဘန်း....

"နင်...... "

"နင်...."

ရိချိုးရွှယ်မှာ စိတ်လှုပ်ရှားလွန်းလှသဖြင့် လက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

ချီကျင့်သခင်မမှာ လွန်စွာဒေါသထွက်နေပုံ ရသည်။

လူတိုင်းမှာ ချီကျင့်သခင်မ ဒေါသများ ပေါက်ကွဲထွက်လာတော့မည်ဟု ထင်မှတ်နေပါသော်လည်း ချီကျင့်သခင်မမှာ တည်ငြိမ်စွာဖြင့် စကားဆိုလိုက်သည်။

"နင်ကမဆိုးဘူးပဲ။"

"နင့်ကို လေနန်းဆောင်ရဲ့ လက်ထောက်ခေါင်းဆောင်နေရာ ပေးမယ်။"

ခန်းမတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားလေတော့သတည်း.....

All Chapters