စီနီယာအမတော်
Vol. 57 Ch. 784
ကောင်းကင်ဘုံယွမ်စုတ်တံ၏ ကိုယ်ထည်ပေါ်တွင် ရှေးဟောင်းမူလစာလုံးကိုးခု အစီအရီ ရှိနေလျက် ရှိသည်။ ချီကျင့်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား မြင်တွေ့လိုက်ရပြီးနောက် ခံစားချက်များကို မချုပ်တည်းနိုင်တော့ပဲ မျက်ရည်များ ကျဆင်းလာရသည်။
ဤကောင်းကင်ဘုံယွမ်စုတ်တံသည် ဆရာသခင် ကန်းယွမ်အပိုင်ဖြစ်ကြောင်း သူမကောင်းစွာ သိရှိနေသည်။
ချီကျင့်မှာ ခံစားချက်များကို ထိန်းချုပ်လိုက်ပြီးနောက် ဇူယွမ်အားကြည့်ကာ အလျင်အမြန် မေးမြန်းလိုက်သည်။ "ငါတို့ဆရာသခင် အဆင်ပြေနေရဲ့လား။"
ဆရာသခင် ကန်းယွမ် ထွက်ခွာသွားပြီးနောက် သူမ မည်မျှပင် ကြိုးစားပါစေ ဆရာသခင်ဖြစ်သူ၏ သတင်းအစအနကိုမျှ မရရှိခဲ့ပေ။
ယခုအခါ သဲလွန်စရပြီဖြစ်သောကြောင့် သူမအလွန် စိတ်လှုပ်ရှားနေမိသည်။
ဇူယွမ်မှ ပြုံးကာခေါင်းညိတ်ပြလိုက်သည်။ "ကျွန်တော်တို့ ဆရာသခင် အဆင်ပြေနေပါတယ်။ ဟွမ်းယွမ်ကောင်းကင်ဒေသကို လာလို့မရတာလေး တစ်ခုပဲ။ ဒီနှစ်တွေအတွင်း တော်ဝင်နန်းတော်နဲ့ သူတိုက်ခိုက်နေခဲ့ရတာ။"
"တော်ဝင်နန်းတော်...."
ချီကျင့်၏ မျက်ဝန်းများမှာ အေးစက်သွားရသည်။ တော်ဝင်နန်းတော်၏ ဖိအားများကြောင့်ပင် ဆရာသခင်မှာ ပုန်းရှောင်ခြင်း ဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ဆရာသခင် အသက်ရှင်နေဆဲဖြစ်သည်ကို ကြားသိလိုက်ရသည့်အတွက် စိတ်လက်ပေါ့ပါးကာ ပြုံးရွှင်သွားရသည်။
သူမသည် ဇူယွမ်၏စကားများအပေါ် အနည်းငယ်မျှပင် သံသယ မဖြစ်မိပေ။ အဘယ့်ကြောင့်ဆိုသော် နတ်ဘုရားကျောက်တုံးနှင့် ကောင်းကင်ဘုံယွမ်စုတ်တံတို့မှာ ဆရာသခင်၏ တန်ဖိုးအရှိဆုံး ရတနာများဖြစ်ပြီး ဆရာသခင်ကိုယ်တိုင် စိတ်လိုလက်ရ ပေးအပ်မှသာ ရရှိနိုင်ပေလိမ့်မည်။ သူမနှင့် စီနီယာအကိုတော် နှစ်ဦးစလုံး နှစ်ပေါင်းများစွာ ဆရာသခင်ထံ ပူဆာခဲ့ပါသော်လည်း ထိုရတနာများအား မရရှိခဲ့ပေ။
အထူးသဖြင့် ကောင်းကင်ဘုံယွမ်စုတ်တံအား ဆရာသခင်၏ ခွင့်ပြုချက်မရပဲ မည်သူကမှ ကိုင်ဆောင်နိုင်မည်မဟုတ်။
"ဂျူနီယာမောင်တော်တစ်ယောက် ရလာလိမ့်မယ်လို့ မထင်ခဲ့မိဘူး။" ချီကျင့်မှာ ဇူယွမ်အား ကလေးမလေးတစ်ဦးမှ ကြိုက်နှစ်သက်သော အရုပ်လေးတစ်ရုပ်ကို ကြည့်ရှုနေသည့်အလား စူးစမ်းနေလေသည်။
ဇူယွမ်မှာ အဆက်မပြတ် ကြည့်ရှုနေသော ချီကျင့်ကြောင့် ထိတ်လန့်လာရသည်။
ချီကျင့်မှ ရယ်မောကာ စကားဆိုလိုက်သည်။ "အရင်ထဲက နောက်ထပ်တပည့်တစ်ယောက်လောက် ထပ်ထားဖို့ ဆရာ့ကို အမြဲပူဆာနေခဲ့တာ။ ဒါပေမယ့် ဆရာသခင်က သတ်မှတ်ချက်တွေ အရမ်းများလွန်းတော့ ဘယ်သူ့ကိုမှ တပည့်အဖြစ် ထပ်လက်မခံခဲ့ဘူး။ အဲ့ဒါကြောင့် ငါတော်တော် စိတ်ကုန်ခဲ့ရတာ။ ငါက ဂျူနီယာမောင်လေးဖြစ်ဖြစ်၊ ညီမလေးဖြစ်ဖြစ် ငါ့ထက်ငယ်မယ့်သူ လိုချင်တာလေ။ အဲ့ဒါမှ သင်ခန်းစာပေးလို့ရမှာ။"
"ဟင်းဟင်း....ချီကျင့်သခင်မ..." ဇူယွမ်မှ ခြောက်ကပ်စွာ ရယ်မောလိုက်သည်။
ချီကျင့်မှ ခက်ထန်စွာ ပြောလိုက်သည်။ "ငါ့ကို စီနီယာအမတော်လို့ခေါ်စမ်း..."
"စီနီယာအမတော် ချီကျင့်.."
"ဘာတဲ့.. ထပ်ပြောဦး။"
"စီနီယာအမတော်..."
"ထပ်ပြော..."
"စီနီယာအမတော်...."
"......"
ဇူယွမ်မှာ အကြိမ်ပေါင်းများစွာ ခေါ်လိုက်သည့်နောက် ချီကျင့်မှာ စိတ်ကျေနပ်သွားသည်။ "အရင်တုန်းက ဟိုလူဆိုးကြီးက သူ့ကိုစီနီယာအကိုတော်ဆိုပြီး နေ့တိုင်း အကြိမ်ပေါင်းများစွာ ခေါ်ခိုင်းခဲ့တာ။ အခုမှပဲ အားရတော့တယ်။"
ဇူယွမ်မှာ စိတ်ရှုပ်သွားရသည်။
ဟွန်း...အဲ့ဒါဆိုလည်း စီနီယာအကိုတော်ကို သွားရှာပြီး ကလဲ့စားချေလေ....ငါနဲ့ဘာဆိုင်လို့လဲ....
မည်သို့ပင်ဆိုစေကာမူ ဆရာတူမောင်နှမဖြစ်ကြောင်း သိရှိသွားပြီးနောက် ချီကျင့်သခင်မ၏ သူ့အပေါ် ဆက်ဆံပုံမှာ များစွာကောင်းမွန်သွားလေသည်။
"ဂျူနီယာမောင်တော်လေး....နင်က ဆရာသခင် ကန်းယွမ်ရဲ့ တပည့်ဆိုတာ ဘာလို့လျှို့ဝှက်ထားတာလဲ။ နင်သာထုတ်ပြောလိုက်ရင် ထျန်းယွမ်နယ်မြေမှာ နင့်ကိုဘယ်သူမှ ထိရဲမှာ မဟုတ်တော့ဘူး။ ကုယွမ်တောင် နင့်ကို ဘာမှလုပ်လို့ မရဘူး။" ချီကျင့်မှ ပြောလိုက်သည်။ ဇူယွမ်မှာ ဆရာသခင် ကန်းယွမ်၏ တပည့်ဖြစ်ကြောင်းကို အလွန်ဖုံးကွယ်ထားပြီး မူလဖျက်စီးခြင်းနတ်ဘုရား၏ စိတ်ဝိဉာဉ်ပေါင်းစည်းခြင်းနည်းလမ်းကို တိတ်တဆိတ် အသက်သွင်းလိုက်သောကြောင့်သာ ချီကျင့် တစ်ဦးတည်းမှ သတိထားမိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် ချီကျင့်မှာ ဇူယွမ် ဖုံးကွယ်ထားရသည့် အကြောင်းအရင်းကို သိရှိလိုသောကြောင့် အခြားသူများအား ခန်းမအတွင်းမှ ထွက်ခွာခိုင်းခဲ့သည်။
"ဆရာသခင် ထျန်းယွမ်နယ်မြေကို ဖန်တီးခဲ့တုန်းက စည်းကမ်းတစ်ခု ထားခဲ့တယ်။ သူ့ရဲ့တပည့်မှန်သမျှ သေနာပတိ အဖွဲ့အစည်းထဲ ဝင်ခွင့်ရှိတယ် ဆိုတာပဲ။ အဲ့ဒါကြောင့် နင့်ဘာနင် နတ်ဘုံခန်းဝါ ဗဟိုအဆင့်ပဲ ဖြစ်နေပါစေဦး ဆရာသခင်ရဲ့ တပည့်ဆိုတာ ထုတ်ပြောလိုက်တာနဲ့ သေနာပတိ အဖွဲ့အစည်းရဲ့ ခြောက်ယောက်မြောက် အဖွဲ့ဝင် ဖြစ်လာမှာ။"
ဇူယွမ်မှာ အံ့အားသင့်သွားရသည်။ ဆရာသခင် ကန်းယွမ်မှ တပည့်အများအပြား လက်မခံခြင်းကိုလည်း နားလည်သွားရသည်။ အဘယ့်ကြောင့်ဆိုသော် ဆရာသခင်ဖြစ်သူ၏ တပည့်တိုင်းမှာ လောကကိုကြီးစိုးခြင်း အဆင့်ရှိသူများ၏ ဂုဏ်ပုဒ်နှင့် တူညီသော ရာထူးနေရာအား ရရှိလိမ့်မည် ဖြစ်သောကြောင့်ပင်။
မည်သို့ပင်ဆိုစေကာမူ ဇူယွမ်မှ တည်ငြိမ်စွာ ငြင်းပယ်လိုက်သည်။ "ဆရာသခင်က ကျွန်တော့်အကြောင်းကို လျှို့ဝှက်ထားဖို့ မှာထားလို့ပါ။ မဟုတ်လို့ရှိရင် တခြားနယ်မြေအရှင်သခင်တွေက ကျွန်တော့်ဆီကနေတဆင့် ဆရာသခင့်အကြောင်းကို သိသွားကြလိမ့်မယ်။"
"ဆရာသခင် ထွက်သွားတာက အကြောင်းတချို့ ရှိလို့ပါ။ သူက တခြားနယ်မြေအရှင်သခင်တွေနဲ့ ကိစ္စတစ်ခုကို ဆွေးနွေးတာ အဆင်မပြေခဲ့လို့ ဘယ်သူမှ မရှာနိုင်အောင် ထွက်သွားခဲ့တာ။"
သူသည် ယောင်ယောင်၏ အကြောင်းကိစ္စများကို တက်နိုင်သမျှ မပြောရန် ဆုံးဖြတ်ထားသည်။
ချီကျင့်မှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် တိုးညင်းစွာ ပြောလိုက်သည်။ "ဒါကြောင့်ကိုး....အဲ့ဒါကြောင့် တခြားနယ်မြေအရှင်သခင်တွေက ထျန်းယွမ်နယ်မြေကို ဆက်ဆံတဲ့ပုံက ပုံမှန်မဟုတ်သလို ဖြစ်နေတာပဲ။"
မည်သို့ပင်ဆိုစေကာမူ ချီကျင့်မှာ တည်တည်ငြိမ်ငြိမ်ရှိသည့် ဇူယွမ်အားကြည့်ကာ စိတ်သက်သာရာ ရသွားရသည်။
သူမတို့၏ ဆရာသခင်မှာ အမှန်တကယ်ပင် အမြင်ရှိလှသည်။
သို့သော် ဇူယွမ်၏အတွေးများကိုသာ ချီကျင့် သိသွားခဲ့ပါက ရယ်မောနေပေလိမ့်မည်။ ဇူယွမ်၏အမြင်တွင်မူ ရာထူးဂုဏ်ပုဒ်များမှာ သြဇာအာဏာကို ယူဆောင်လာပေးနိုင်ပါသော်လည်း အန္တရာယ်များလှသည်။
ယခုအချိန်တွင် သူ၏အသက်ထက် မည်သည့်အရာမှ အရေးမပါပေ။
"စီနီယာအမတော် ကျွန်တော် ထျန်းယွမ်နယ်မြေကိုလာတာ ဆရာသခင်ရဲ့ စေခိုင်းမှုကြောင့်ပါ။ စီနီယာအမတော် ကူညီပေးရမယ့်ကိစ္စ ရှိတယ်။" ဇူယွမ်မှ လေးနက်စွာ ပြောလိုက်သည်။
"အင်း...ဘာကိစ္စလဲ။" ချီကျင့်မှ တည်ငြိမ်စွာ မေးမြန်းလိုက်သည်။ ဇူယွမ်၏ ရှင်းပြချက်အရ ဆရာသခင်မှာ လူလုံးထွက်ပြရန် မဖြစ်နိုင်သောကြောင့် အရေးကြီးသော အကြောင်းကိစ္စများ ဆောင်ရွက်ရန် ဂျူနီယာမောင်တော်အား သူမထံ စေလွှတ်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။
"ဆရာသခင်ပြောတာ ဘိုးဘေးနဂါးမီးအိမ်ကို နယ်မြေကိုးခုက အလှည့်ကျ စောင့်ရှောက်နေတာဆို။ အဲ့ဒါကြောင့် ဒီနှစ်အတွက် ဘိုးဘေးနဂါးမီးအိမ် စောင့်ရှောက်ခွင့်ကို ထျန်းယွမ်နယ်မြေက ရမှဖြစ်မယ်။" ဇူယွမ်မှ စကားဆိုလိုက်သည်။
"ဘိုးဘေးနဂါးမီးအိမ်လား။"
ဆရာသခင်၏ စေခိုင်းချက်သည် ဘိုးဘေးနဂါးမီးအိမ်နှင့် ပက်သတ်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
"ဘိုးဘေးနဂါးမီးအိမ်က တစ်ကမ္ဘာလုံးမှာရှိတဲ့ ရတနာတွေထဲမှာ အဆင့်နှစ်ချိတ်တယ်။ မီးအိမ်ကို အသက်သွင်းလိုက်ရင် ရှင်သန်ခြင်းမီးလျှံနဲ့ ဖျက်စီးခြင်းမီးလျှံ စကြာဝဠာနဂါးမီးလျှံနှစ်ခု မွေးဖွားလာလိမ့်မယ်။"
"ရှင်သန်ခြင်းမီးလျှံက ဘယ်ခန္ဓာကိုယ်ကိုမဆို ပြန်တည်ဆောက်နိုင်ပြီးတော့ ဘိုးဘေးနဂါးရတနာတွေကိုတောင် ထပ်ဖြစ်ပေါ်စေနိုင်တယ်။"
"ဖျက်စီးခြင်းမီးလျှံကတော့ သူတော်စင်အဆင့်ကိုတောင် သတ်ပစ်နိုင်တဲ့အစွမ်း ရှိတယ်။"
စကြာဝဠာနဂါးမီးလျှံနှစ်ခု၏ စွမ်းအင်မှာ လွန်စွာကြောက်မက်ဖွယ် ကောင်းလှပေသည်။
ဇူယွမ်မှာ ဘိုးဘေးနဂါးမီးအိမ်၏ ထူးခြားမှုများအပေါ် အံ့သြမဆုံး ဖြစ်နေရသည်။ နယ်မြေကိုးခုမှ အလှည့်ကျ စောင့်ရှောက်ရသည်မှာ မထူးဆန်းတော့ပေ။ မည်သူကမှ ထိုမျှမြင့်မြတ်သော ရတနာအား တစ်ဦးတည်း ပိုင်ဆိုင်ထားရဲမည်မဟုတ်။
"ဘိုးဘေးနဂါးမီးအိမ်ကို နယ်မြေကိုးခုက အလှည့်ကျ စောင့်ရှောက်ရတာ။ နှစ်အနည်းငယ်တိုင်း နယ်မြေကိုးခု တွေ့ဆုံပွဲ လုပ်ကြတယ်။ အဲ့ပွဲမှာ အထူးချွန်ဆုံး နယ်မြေက ဘိုးဘေးနဂါးမီးအိမ်ကို စောင့်ရှောက်ရတယ်။ နောက်တစ်ခါ နယ်မြေကိုးခု တွေ့ဆုံပွဲ မလုပ်ခင်ထိပေါ့။"
"အဲ့ဒါဆို အခုလာမယ့် တွေ့ဆုံပွဲကြရင် ထျန်းယွမ်နယ်မြေက အကောင်းဆုံးနေရာ ရရုံပဲပေါ့။" ဇူယွမ်မှ ပြောလိုက်သည်။
ချီကျင့်မှ ခေါင်းကိုခါယမ်းကာ စကားဆိုလိုက်သည်။ "အရင်တစ်ခါ နယ်မြေကိုးခု တွေ့ဆုံပွဲတုန်းက ထျန်းယွမ်နယ်မြေက ဘယ်အဆင့်ရခဲ့လဲသိလား။"
ဇူယွမ်မှာ မကောင်းသော ခံစားချက်များ ရလာမိသည်။
ချီကျင့်မှာ ခေါင်းကိုကုပ်လျက် ဇူယွမ်၏အသည်းကို ခွဲမည့်စကား ပြောလိုက်သည်။
"ဘိတ်ချီးဟဲ့ ဘိတ်ချီး...."