← Chapters

လူ့လောကက အညစ်ပေဆုံးပဲ

Vol. 9 Ch. 847

လူ့လောကက အညစ်ပေဆုံးပဲ

Vol. 9 Ch. 847

ရဲ့မော်ထျန်း ဒဏ်ရာရသွားသည့်တိုင် ချင်းရွှီးက ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်သည်။

ရဲ့မော်ထျန်းကလည်း လုံးဝလက်မလျှော့ဘဲ ချင်းရွှီး၏ ခုခံတိုက်ခိုက်မှုကို ကာကွယ်ရန် ပြင်ဆင်လိုက်သည်။

ချင်းရွှီး၏ ဦးခေါင်းထက်မှ ပန်း (၃)ပွင့်ထွက်ပေါ်လာပြီး ထိုပန်းပွင့်များမှ တန်ခိုးစွမ်းအားစီးကြောင်း (၅) ခု ထွက်ပေါ်လာကာ ရဲ့မော်ထျန်းဆီသို့ ဝင်ရောက်သွားလေသည်။

ရဲ့မော်ထျန်းက ထိုတန်ခိုးစွမ်းအားများကို မည်သို့မှ ခုခံနိုင်စွမ်းမရှိဘဲ အနောက်သို့ လွင့်စင်ထွက်သွားလေသည်။

ရဲ့မော်ထျန်း မြေပြင်ထက်တွင်လဲကျနေပြီး အလွန်အံ့သြတုန်လှုပ်သည့်မျက်ဝန်းများဖြင့် ချင်းရွှီးကို စိုက်ကြည့်နေရင်း နှုတ်ခမ်းထောင့်စွန်းမှ သွေးတစ်ပွက်အန်ချလိုက်သည်။

သူက မောဟိုက်ပင်ပန်းစွာဖြင့်…

"မင်း… မင်းက ခွန်လွန်တောင်က တာအိုသခင်ချင်းရွှီးထျန်းကျွင်းလား…"

ချင်းရွှီးက…

"အင်း… ခွန်လွန်တောင်ပေါ်မှာတော့ ကျုပ်ကို အဲဒီလိုခေါ်ကြတယ်…"

ရဲ့မော်ထျန်းစိတ်ထဲတွင် တုန်လှုပ်ခြောက်ခြားသွားလေသည်။

လောကတွင် ရွှေခန္ဓာနတ်ဘုရားများဟုခေါ်သည့် ကျင်းရှန်းနတ်ဘုရား (၁၂)ပါး ရှိလေသည်။ ထိုနတ်ဘုရား (၁၂)ပါးသည် ခွန်လွန်တောင်မှ ယွိချင်တာအိုဆရာသခင်ယွမ်စီထျန်းကျွင်းကို ဦးညွှတ်ပြီး ကျင့်စဉ်လမ်း အဆင့်တက်ရောက်ခဲ့ကြသူများဖြစ်လေသည်။

ထိုကျင်းရှန်းနတ်ဘုရား (၁၂)ပါးထဲတွင် တုန်းဟွာတောက်ကျွင်းနှင့် ချင်းရွှီးထျန်းကျွင်းလည်း အပါအဝင်ဖြစ်သည်။

သူရင်ဆိုင်နေရသူသည် ချင်းရွှီးထျန်းကျွင်းဖြစ်သည်ကို သိရှိလိုက်သည်နှင့် ထိုသူသည် မည်သည့်နည်းနှင့်မှ သူ့ပြိုင်ဘက် မဟုတ်ကြောင်းကို ရဲ့မော်ထျန်း သဘောပေါက်သွားရသည်။ သူ့အနေဖြင့် လက်ရှိအခြေအနေထက် တန်ခိုးစွမ်းအား (၁၀)ဆ မြင့်မားနေဦးတော့ သူ့ရှေ့မှ နတ်ဘုရားကို တားဆီးနိုင်မည် မဟုတ်ပေ။

ထိုအချိန်မှာပင်… ချင်းရှကျောင်းတော်အတွင်းမှ ကူးဝေေ၀ ထွက်လာလေသည်။ သူမ၏ ဟန်ပန်သည် အလွန်လှပပြီး ကျက်သရေရှိလှသည်။

သူမက ပြုံးလိုက်ရင်း…

"ဒီကဆရာကြီး ၊ အဝေးကြီးကလာခဲ့ရတာ… ၊ ကျွန်မတို့ အငယ်တန်းကျင့်ကြံသူတွေက ဂါရဝတရားထားတဲ့အနေနဲ့ လက်ဖက်ရည်ကြမ်းနဲ့ ဧည့်ခံပါရစေ…"

ချင်းရွှီးက ကူးဝေေ၀ကို လှမ်းကြည့်လိုက်ပြီး…

"မလိုဘူး ၊ ဒီနေ့ ကျုပ်လာတာ အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းယူဖို့လာတာ ၊ လက်ဖက်ရည်ကြမ်းသောက်ဖို့ လာတာမဟုတ်ဘူး…"

ကူးဝေေ၀က တည်ငြိမ်စွာဖြင့်…

"ရှင်က ဒီလိုမျိုးရန်စမှတော့ ကျွန်မတို့ကို အဆိုးမဆိုနဲ့တော့…"

ချင်းရွှီးက…

"ကျုပ်က ပွဲကြီးပွဲကောင်းနွှဲရမယ်ထင်နေတာ ၊ ဆန်းလျန်က ထွက်မလာဘူးပဲ ၊ ဘာလဲ… ဆန်းလျန် ဒီမှာ မရှိဘူးလား…"

ချင်းရှတောင်သို့ ရောက်လာကတည်းက ဆန်းလျန် တောင်ပေါ်တွင် မရှိသည်ကို ချင်းရွှီး သိပြီးသား ဖြစ်လေသည်။

သို့သော်… သူက တမင်သက်သက် မေးမြန်းလိုက်ခြင်း ဖြစ်လေ၏။ ဆန်းလျန်မရှိသည့်အတွက် ကူးဝေေ၀တို့အားလုံးကို စိတ်ပျက်အားလျော့သွားစေရန် စိတ်ဓာတ်စစ်ဆင်ရေး လုပ်လိုက်ခြင်းပင်။

ကူးဝေေ၀က …

"ဆန်းလျန် မရှိဘူးဆိုတာ ဆရာကြီး သိပြီးသားပဲမဟုတ်လား ၊ ဘာလို့မေးနေသေးတာလဲ ၊ ဆန်းလျန်မရှိမှန်း သိသိကြီးနဲ့ ချင်းရှတောင်ကို ခုလိုလာပြီး ဒုက္ခပေးတာ ရှက်စရာကောင်းတယ်လို့ မထင်ဘူးလား…"

ချင်းရွှီးက ပြုံးလိုက်ရင်း…

"ကျုပ်က ယွမ်စီးထျန်းကျွင်းကို ဦးညွှတ်ဝတ်ပြုပြီး ကျင့်စဉ်လမ်းအဆင့်တက်ရောက်ခဲ့တယ် ၊ ကျုပ်ရဲ့ဘွဲ့နာမည်က ချင်းရွှီးထျန်းကျွင်းတဲ့ ၊ ဒါပေမဲ့ အခုတော့ ကျုပ်က ချင်းရွှီးထျန်းကျွင်း မဟုတ်တော့ဘူး ၊ ချင်းရွှီးလို့ပဲ ခေါ်တော့တယ် ၊ အဲဒါ ဘာဖြစ်လို့လဲ မင်းသိလား…"

ကူးဝေေ၀က သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"ထျန်းကျွင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ဖြုတ်ပစ်လိုက်တာဟာ ကိုယ်ကျင့်သိက္ခာကို အလေးမထားတော့ဘူးဆိုတဲ့ သဘောပဲပေါ့ ၊ ယဉ်ကျေးမှုလည်းမရှိသလို အရှက်သိက္ခာလည်းမရှိတော့ဘဲ ကိုယ်လုပ်ချင်ရာလုပ်တော့မယ်ဆိုတဲ့ သဘောပဲ မဟုတ်လား…"

ချင်းရွှီးက ကျယ်လောင်စွာရယ်မောလိုက်ရင်း…

"သိပ်မှန်တယ်ဟေ့ ကလေးမ ၊ သိပ်မှန် ၊ ကျုပ်ဘဝထဲမှာ မြင့်မြတ်မှုနဲ့ကိုယ်ကျင့်တရားကို သတ်ပစ်လိုက်ပြီ…"

ချင်းရွှီး၏စကားကြောင့် ကူးဝေေ၀သည် ရေခဲဂူထဲသို့ကျရောက်သွားရသလို တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားရလေသည်။ သူမသည်လည်း ချင်းရွှီးလက်မှ မည်သည့်နည်းနှင့်မှ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

ထိုအချိန်မှာပင်…

ပတ်ဝန်းကျင်တစ်ခုလုံးတွင် သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်လာပြီး လူအုပ်စုကြီးတစ်စု ရောက်ရှိလာလေသည်။ ထိုသူများမှာ ဆန်းလျန်သင်ပြပေးသည့်တာအိုတရားကို နာယူခဲ့ကြသည့် ကျင့်ကြံသူများ ၊ နတ်မိစ္ဆာများပင် ဖြစ်လေ၏။

ထိုသူများအားလုံး၏အဆင့်မှာ လောကနတ်ဘုရားအဆင့်များ ဖြစ်ကြလေသည်။

ထိုသူများထဲမှ လူတစ်ယောက်က အော်ဟစ်လိုက်သည်။

"ဆန်းရှန်းကျွင်း ကျုပ်တို့ကိုသင်ပြပေးခဲ့တဲ့ကျေးဇူးကို ဒီနေ့ ပြန်ဆပ်ကြစို့…"

ထို့နောက် ကျင့်ကြံသူများက သူတို့၏ နတ်လက်နက်များကို လေထဲသို့ ပစ်လွှတ်လိုက်ကြပြီး ချင်းရွှီးကို ဝိုင်းရံတိုက်ခိုက်လိုက်ကြလေသည်။

ကူးဝေေ၀မှာ သူမတို့ကို ကူညီရန်အတွက် ကျင့်ကြံသူများ ရောက်ရှိလာကြသည့်တိုင် စိတ်ပူပန်နေဆဲ ဖြစ်လေသည်။

ချင်းရွှီးက လှုပ်ရှားခြင်းမရှိဘဲ ငြိမ်သက်နေလေသည်။

ထို့နောက်… သူ၏ ဦးခေါင်းထက်မှ ပန်း (၃)ပွင့်သည် အဝါရောင်တစ်ရစ် အနက်ရောင်တစ်ရစ်ပေါင်းစပ်ထားသည့် စေတီတစ်ဆူအဖြစ် ပြောင်းလဲသွားလေသည်။

ထိုစေတီကို ရွှမ်ဟွမ်စေတီတန်ခိုးစွမ်းအားဟု ခေါ်လေ၏။

ရွှမ်ဟွမ်စေတီမှ အဝါရောင်နှင့်အနက်ရောင် တန်ခိုးစွမ်းအားများ ထွက်ပေါ်လာကာ သူ့ဆီသို့ ဝင်ရောက်လာသည့် ကျင့်ကြံသူများ၏ နတ်လက်နက်များကို ရိုက်နှက်ပစ်လိုက်လေ၏။

အလင်းတန်းများနှင့် ထိတွေ့မိသည်နှင့် နတ်ဘုရားများအားလုံး၏ နတ်လက်နက်များမှာ နေရောင်နှင့်ထိတွေ့သည့်ရေခဲပမာ အရည်ပျော်ကျသွားကြရလေသည်။

ကျင့်ကြံသူများသည်လည်း မြေပြင်ထက်သို့ ပြိုကျကုန်ကြပြီး အများစုမှာ ဒဏ်ရာရကာ သွေးများ အန်ထုတ်လိုက်ကြလေသည်။

ကူးဝေေ၀ကို တာအိုဆရာလီချင်းဆွေ သင်ပြပေးလိုက်သည့် တာအိုကျင့်စဉ်မှာ ထိုက်ရွှီးနည်းဗျူဟာကျင့်စဉ်ဖြစ်လေသည်။ ထိုက်ရွှီးနည်းဗျူဟာကျင့်စဉ်သည် မရှိမှုတရားကိုအခြေခံသည့် ထူးခြားသည့် ကျင့်စဉ်တစ်ခုဖြစ်လေ၏။

ထိုက်ရွှီးတန်ခိုးစွမ်းအားများသည် အဆုံးမရှိမြင့်မားလှပြီး ထိုက်ရွှီးနည်းဗျူဟာကျင့်စဉ်ကို ကျင့်ကြံထားသူတစ်ယောက်ကို မည်သူကမှ ထိခိုက်အောင် လုပ်နိုင်စွမ်း မရှိပေ။

သို့သော်… ချင်းရွှီး၏ ဦးခေါင်းထက်မှ ရွှမ်ဟွမ်စေတီကို တွေ့မြင်လိုက်ရသည့်အခါတွင်တော့ သူမ၏ ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်သည်လည်း သူမကို ကာကွယ်ပေးနိုင်စွမ်း မရှိတော့သည်ကို ကူးဝေေ၀ သဘောပေါက်လိုက်သည်။

အစေခံမလေးယောင်ချင်က ဓားကိုဆွဲထုတ်ကာ ကူူးဝေေ၀ကို ကာကွယ်ပေးထားလေသည်။

သို့သော်… ချင်းရွှီးက အသက်တစ်ချက်ရှူလိုက်ရုံမျှဖြင့် ယောင်ချင်၏ဓားသည် ကြေမွပျက်စီးသွားရပြီး ယောင်ချင်သည်လည်း မြေပြင်ထက်သို့ လဲကျသွားလေသည်။

ကူးဝေေ၀က ချင်းရွှီးကို စိုက်ကြည့်နေလေသည်။

ထို့နောက် ပတ်ဝန်းကျင်တစ်ခုလုံးမှ အသက်ဓာတ်စွမ်းအားများမြင့်တက်လာပြီး သူမ၏ ခန္ဓာကိုယ်က တွင်းနက်ကြီးတစ်ခုအလား အသက်ဓာတ်စွမ်းအားများကို စုပ်ယူလိုက်လေသည်။

ချင်းရွှီးက…

"တာအိုဆရာလီချင်းဆွေရဲ့ ထိုက်ရွှီးနည်းဗျူဟာကျင့်စဉ်က တကယ်ကိုအစွမ်းထက်တာပဲ ၊ ဒါပေမဲ့ မင်း ကျုပ်ကို တားဆီးနိုင်မှာ မဟုတ်ပါဘူး…"

ကူးဝေေ၀က ချင်းရွှီးကို စကားပြန်မပြောတော့ပေ။

သူမက လက်တစ်ဖက်ကို အသာပင့်မြှောက်လိုက်သည့်အခါ လက်ဖဝါးထက်တွင် ကြာပန်းတစ်ပွင့်ပေါ်လာလေသည်။ ထိုကြာပန်းသည် ထိုက်ရွှီးနည်းဗျူဟာ တန်ခိုးစွမ်းအားများကို အသုံးပြုကာ ချင်းရှတောင်တစ်ခုလုံးမှ အသက်ဓာတ်စွမ်းအားများကို စုပ်ယူထားသည့် ကြာပန်းပွင့် ဖြစ်လေသည်။

အမှန်တော့ ကူးဝေေ၀သာ ထိုက်ရွှီးနည်းဗျူဟာကျင့်စဉ်ကို အသုံးပြုလိုက်ခြင်းမရှိလျှင် ချင်းရွှီးက သူမကို ချက်ချင်းပင် သတ်ဖြတ်ပစ်မည် ဖြစ်လေသည်။ ယခုတော့ ကူးဝေေ၀သည် တာအိုဆရာလီချင်းဆွေနှင့် ပတ်သက်နေသည်ကို သိလိုက်ရသည့်အတွက် ချင်းရွှီး အနည်းငယ် တွန့်ဆုတ်သွားရသည်ကတော့ အမှန်ပင်ဖြစ်၏။

ကူးဝေေ၀လက်ထဲမှ ကြာပန်းသည် ရိုးတန်မရှိသလို အရွက်များလည်းမရှိ ၊ သတ်ဖြတ်လိုသည့်အငွေ့အသက်မရှိ ၊ ရှေးဟောင်းတန်ခိုးစွမ်းအားများလည်းမရှိ ၊ ဖန်သားအလားကြည်လင်နေသည့် သန့်စင်သည့် ကြာပန်းတစ်ပွင့်ဖြစ်လေသည်။

ချင်းရွှီး၏ မျက်နှာက တည်ကြည်လေးနက်နေလေသည်။

ကူးဝေေ၀က အသက်ဓာတ်စွမ်းအားများနှင့်ပြည့်နေသည့် ကြာပန်းပွင့်ကို ချင်းရွှီးရှိရာသို့ ပို့လွှတ်ကာ တိုက်ခိုက်လိုက်သည်။

ချင်းရွှီးက သူ၏အင်္ကျီလက်ထဲမှ ပေတံတစ်ချောင်းကို ထုတ်ယူလိုက်လေသည်။ ထိုပေတံက(၃)ပေရှည်ပြီး လောကကြီးတစ်ခုလုံးကို တိုင်းတာသတ်မှတ်တော့မည့်အလား ထင်မှတ်ရသည်။

ချင်းရွှီးက ထိုပေတံဖြင့် ကူးဝေေ၀၏ ကြာပန်းပွင့်ကို ရိုက်ချလိုက်လေသည်။

ထိုအခါ… ဖန်ကွက်လေးကွဲသွားသည့်အလား ကြာပန်းပွင့်သည့် အစိတ်စိတ်အမွှာမွှာကွဲကြေသွားပြီး ကြယ်စင်များကဲ့သို့ ကြည်လင်သည့် အသက်ဓာတ်စွမ်းအားအမှုံအမွှားလေးများသည် ချင်းရှတောင်တစ်ခုလုံးသို့ မိုးရွာသွန်းသည့်အလား ကျဆင်းသွားလေတော့သည်။

အသက်ဓာတ်စွမ်းအား အမှုံလေးများကျရာနေရာတိုင်းတွင် လင်ဇီးမှိုပွင့်များ များပြားစွာ ပေါက်ရောက်လာလေသည်။ လင်ဇီးမှိုများမှာ ပန်းပွင့်များအလား လှပလွန်းလှသည်။

ချင်းရွှီးက ပေတံကို တစ်ချက်ဝှေ့ရမ်းလိုက်ပြီး ကူးဝေေ၀ကို ရိုက်ချလိုက်လေသည်။ ချင်းရွှီး၏ ရိုက်ချက်ကို ကူးဝေေ၀မှာ မည်သို့မှ ရှောင်တိမ်းနိုင်စွမ်း မရှိပေ။

ထိုအချိန်မှာပင်…

ကောင်းကင်ထက်မှ ရေကဲ့သို့ကြည်လင်သည့် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကူးဝေေ၀ကို ရစ်ပတ်ကာ ချင်းရွှီး၏ ရိုက်ချက် ထိမှန်မခံရလေအောင် ကာကွယ်ပေးပြီး ခေါ်ဆောင်သွားလေတော့သည်။

ချင်းရွှီးက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည့်အခါတွင်တော့ ကောင်းကင်ထက်တွင် လှည့်ပတ်နေသည့် ထူးဆန်းသည့်အခိုးအငွေ့တစ်ခုကို တွေ့မြင်လိုက်ရလေသည်။

ထိုအခိုးအငွေ့မှာ နဂါးတစ်ကောင်နှင့်အသွင်တူပြီး ရေကဲ့သို့ ကြည်လင်လျှက်ရှိလေသည်။

ချင်းရွှီးက ဟွန့်ခနဲ နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

ထို့နောက် လက်ထဲမှ ပေတံဖြင့် မြေပြင်ကို ရိုက်ချလိုက်လေသည်။

ထိုအခါ… ချင်းရှတောင်တစ်ခုလုံး ချာချာလည်သွားပြီး တသိမ့်သိမ့်တုန်လှုပ်သွားလေရာ တောင်ပေါ်ရှိ လူအားလုံးမှ သတိလစ်မေ့မျောကုန်ကြရလေတော့သည်။

ချင်းရွှီး၏ ခြေထောက်အောက်တွင် တိမ်တိုက်တစ်ခုပေါ်လာပြီး လေထုထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားလေတော့သည်။

ထိုအချိန်…

ကောင်းကင်ထက်မှ ကဗျာရွတ်ဖတ်သံတစ်သံ ထွက်ပေါ်လာလေ၏။

"တောတောင်ရေမြေလောကကြီးမှာ

လူ့လောကက အညစ်ပေဆုံးပဲ…

အသွေးအသားခန္ဓာပျောက်ကွယ်သွားချိန်မှာ

အရာအားလုံးက ပုံရိပ်တစ်ခုပမာ…

တရားမသိလျှင် ပညာမဲ့ပေလိမ့်မည်…"

ထိုတာအိုကဗျာသည် ချင်းရှတောင်ပေါ်တွင် အချိန်အတန်ကြာအောင် ပျံ့လွင့်နေခဲ့လေသည်။

အတန်ကြာသည့်အခါတွင်တော့ ချင်းရှတောင်ပေါ်သို့ ဆန်းလျန်နှင့် ကျောက်ရှောင်ယွီ ရောက်ရှိလာကြသည်။

ချင်းရှတောင်တစ်ခုလုံး ပျက်စီးနေသည်ကို သူတို့ တွေ့လိုက်ကြရလေသည်။ ကျောက်ရှောင်ယွီက သူမ၏ လက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်လေရာ တောင်တစ်ခုလုံးတွင် သက်တန့်ရောင်စဉ် အလင်းတန်းများ ဖြာလင်းလာလေသည်။

ထို့နောက်… သတိလစ်မေ့မျောနေကြသည့် ရဲ့မော်ထျန်း ၊ ကျွယ်ရှင်း ၊ ယောင်ချင် ၊ ပိုင်ရှောက်ယွီနှင့် အခြားသော လူများအားလုံး ပြန်လည်သတိရလာကြလေသည်။

ရဲ့မော်ထျန်းက ဆန်းလျန်နှင့် ကျောက်ရှောင်ယွီကိုတွေ့သည်နှင့် ချက်ချင်းဒူးထောက်လိုက်ပြီး…

"ခွန်လွန်တောင်က ချင်းရွှီးထျန်းကျွင်းဆိုတဲ့သူရောက်လာပြီး ချင်းရှတောင်ကို ဖျက်စီးသွားတာပါ ၊ ကောင်းကင်ပေါ်က အလင်းတန်းတစ်ခုပေါ်လာပြီး မမလေးကူးဝေေ၀ကို ခေါ်သွားခဲ့ပါတယ်…"

ရဲ့မော်ထျန်းမှာ ချင်းရှတောင်ကို စောင့်ရှောက်ရမည့် တာဝန်ကိုယူထားရသူဖြစ်လေရာ သူက ချင်းရှတောင်ကို မကာကွယ်နိုင်ခဲ့သည့်အတွက် ဆန်းလျန်အပြစ်ပေးမည်ကို စိတ်ပူနေခဲ့လေသည်။

ဆန်းလျန်၏မျက်ဝန်းများ ရုတ်တရက် လင်းလက်သွားလေသည်။

သူက ချင်းရှတောင်တွင် ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များကို ယိလမ်းစဉ်အသုံးပြုကာ ကြည့်ရှုလိုက်ခြင်းဖြစ်လေသည်။

ပြီးမှ ဆန်းလျန်က ရဲ့မော်ထျန်းကို ငုံ့ကြည့်လိုက်ရင်း…

"အားလုံးကို ကျုပ်သိပြီးပါပြီ ၊ မင်းအကောင်းဆုံးကြိုးစားခဲ့တာပဲ ၊ မင်းကို အပြစ်မတင်ပါဘူး ရဲ့မော်ထျန်း ၊ ထပါ…"

ဆန်းလျန်၏စကားကိုကြားတော့မှ ရဲ့မော်ထျန်း စိတ်သက်သာရာရသွားပြီး မတ်တတ်ထရပ်လိုက်သည်။ ဆန်းလျန်က ချက်ချင်းပင် ရဲ့မော်ထျန်း၏ ဦးခေါင်းထက်သို့ သူ၏လက်ဖဝါးကို ဖိကပ်လိုက်ပြီး တန်ခိုးစွမ်းအားများ ပို့လွှတ်ပေးလိုက်သည်။

ရဲ့မော်ထျန်း၏ ခန္ဓာကိုယ်တွင်းသို့ အေးစက်နူးညံ့သည့် တန်ခိုးစွမ်းအားတစ်ခု ဝင်ရောက်လာပြီး သွေးကြောဆုံချက်များ အားလုံးသို့ ပျံ့နှံ့သွားလေသည်။

ရဲ့မော်ထျန်း၏ ဒဏ်ရာများအားလုံး သက်သာပျောက်ကင်းသွားသည့်အပြင် တရားအလင်းများကိုလည်း သိမြင်လာကာ တာအိုနှလုံးသားသည်လည်း သန့်စင်သွားရလေသည်။

ဒဏ်ရာများသက်သာပျောက်ကင်းသွားရုံသာမက ကျင့်ကြံခြင်းအဆင့်ပင် မြင့်တက်သွားရပြီ ဖြစ်လေသည်။

ထိုအချိန်မှာပင်… ဆန်းလျန်၏ တာအိုတရားများကို ကြားနာခဲ့ကြသည့် ကျင့်ကြံသူအုပ်စုကြီးကလည်း ဆန်းလျန်အနားသို့ ဝိုင်းဝန်းရောက်ရှိလာကြသည်။

ဆန်းလျန်က ထိုသူများကို တစ်ချက်ကြည့်လိုက်သည့်အခါ အားလုံး ဒဏ်ရာများရထားသည်ကို သတိပြုလိုက်မိသည်။

ဆန်းလျန်က ဂါထာတစ်ပုဒ်ကိုရွတ်ဖတ်လိုက်ပြီး လက်တစ်ဖက်ဝှေ့ရမ်းလိုက်လေရာ အဖြူရောင်အလင်းတန်းတစ်ခုက လူအုပ်ကြီးအတွင်းသို့ ဖြတ်သန်းဝင်ရောက်သွားလေသည်။

ဆန်းလျန်က အသက်ဓာတ်စွမ်းအားများကို ကျင့်ကြံသူများအားလုံးဆီသို့ ဖြန့်ကျက်ပေးလိုက်ခြင်း ဖြစ်သည့်အတွက် ကျင့်ကြံသူများအားလုံးမှာ ဒဏ်ရာများ သက်သာပျောက်ကင်းသွားကြရလေသည်။

***

All Chapters