← Chapters

ချန်ဝူဟွေ့နှင့် တွေ့ဆုံခြင်း

Vol. 60 Ch. 627

ချန်ဝူဟွေ့နှင့် တွေ့ဆုံခြင်း

Vol. 60 Ch. 627

ကောင်းကင်ထက်ဝယ် လူရိပ်နှစ်ခုမှာ လျင်မြန်စွာ ပျံသန်းနေကြသည်။

ခြေဖဝါးအောက်တွင် လျင်မြန်စွာ ကျန်ရစ်ခဲ့သော တောင်တန်းကြီးများ၊ တောအုပ်များကြားတွင် တစ်ဝက်တစ်ပျက် မြင်နေရသော နားနေဆောင်နှင့် အဆောက်အအုံများကို ကြည့်ရင်း သူတို့နှစ်ဦးမှာ လမ်းတစ်လျှောက်လုံး စကားတစ်ခွန်းမျှ မဆိုမိကြပေ။

ထိုက်ယိမြင့်မြတ်နယ်မြေမှာ အလွန်ကျယ်ပြန့်လှသည်။ ချန်ဝူဟွေ့ ရှိရာနေရာမှာ မြင့်မြတ်နယ်မြေ၏ အဓိကတောင်ထိပ် ဖြစ်ပြီး တိမ်တိုက်တောင်မှဆိုလျှင် ခရီးအတော်ဝေးသေးသည်။

လမ်းခရီးတွင် ယုံယန်တာအိုအရှင်က ပျံသန်းနှုန်းကို အကြိမ်အနည်းငယ် မြှင့်တင်ခဲ့သော်လည်း သူ မထင်မှတ်ထားသည်မှာ သူ မည်မျှပင် မြန်အောင်ပျံသန်းပါစေ ထန်ထျန်းက နောက်ကနေ အမြဲတစေ ထပ်ကြပ်မကွာ လိုက်ပါနိုင်နေခြင်းပင်။

၎င်းပြင် ထန်ထျန်း၏ ပုံစံမှာ အေးအေးလူလူ လမ်းလျှောက်နေသကဲ့သို့ပင် ရှိနေသည်။

ဤအချက်က သူ့ကို အံ့ဩသွားစေသည်။ အောက်ကမ္ဘာမှ အခုမှ တက်လှမ်းလာသော လူငယ်တစ်ယောက်က မည်မျှပင် ပါရမီရှင်ဖြစ်ပါစေ ချန်ရှန်းတာအို အဆင့်ရှိသည့် အမြန် နှုန်းကို အမှီလိုက်နိုင်ရန် မဖြစ်နိုင်ပေ။

ကြည့်ရသည်မှာ ဝူဟွေ့တာအိုအရှင် အလေးထားသည့် ဤထန်ထျန်းမှာ တကယ်ကို သာမန်မဟုတ်ပေ။

ဟင်းလင်းပြင်မုန်တိုင်းထဲတွင် အသက်ရှင်ကျန်ရစ်ခဲ့သည်မှာလည်း အံ့ဩစရာပင် ဖြစ်သည်။

သို့သော် သူက အရှိန်ကို ထပ်မမြှင့်တော့ဘဲ ချန်ရှန်းတာအို အဆင့်မှာပင် ထိန်းထားလိုက်သည်။ မဟုတ်ပါက လူငယ်တစ်ယောက်ကို တမင်သက်သက် ဒုက္ခပေးသလို ဖြစ်သွားပေလိမ့်မည်။

တစ်နာရီခန့် ကြာပြီးနောက် ခန့်ညားထည်ဝါသော တောင်တစ်လုံး ထန်ထျန်း၏ မြင်ကွင်းထဲသို့ ပေါ်လာသည်။

ဤတောင်မှာ ထိုက်ယိမြင့်မြတ်နယ်မြေ၏ အဓိကတောင်ထိပ်ပင် ဖြစ်သည်။

ထို့နောက် ယုံယန်တာအိုအရှင်က ထန်ထျန်းကို ခေါ်ဆောင်ကာ အဓိကတောင်၏ တောင်ထိပ်ပေါ်သို့ တိုက်ရိုက် တက်လာခဲ့သည်။

အစီအရင် များ ဝန်းရံထားသော နယ်မြေတစ်ခုကို ဖြတ်ကျော်ပြီးနောက် နောက်ဆုံးတွင် ကိုးထပ်ရှိသော မြင့်မားသည့် မျှော်စင်ကြီးတစ်ခု ရှေ့သို့ ရောက်ရှိလာကြသည်။

"ဒါက ဝူဟွေ့တာအိုအရှင် ကိုယ်တိုင် တည်ဆောက်ထားတဲ့ ကောင်းကင် တာအိုမျှော်စင် ပဲ"

"သွားစို့... သူက အပေါ်မှာ မင်းကို စောင့်နေတယ်"

ယုံယန်တာအိုအရှင်က ပြော၏။

ထို့နောက် သူတို့နှစ်ဦး မျှော်စင်ထဲသို့ ဝင်ရောက်ကာ အပေါ်သို့ တက်လာခဲ့ပြီး ကောင်းကင် တာအိုမျှော်စင်၏ အမြင့်ဆုံးအထပ်သို့ ရောက်ရှိလာကြသည်။

ထိုနေရာတွင် တံခါးကြီး တစ်ချပ်သာ ရှိသည်။

သူတို့ ရပ်လိုက်သည်နှင့် တံခါးကြီးမှာ အလိုအလျောက် ပွင့်သွားတော့သည်။

ယုံယန်တာအိုအရှင်၏ အချက်ပြမှုအရ ထန်ထျန်းက တစ်ယောက် တည်း အတွင်းသို့ လှမ်းဝင်ခဲ့သည်။

တံခါးကို ဖြတ်ကျော်လိုက်သည်မှာ ကမ္ဘာနှစ်ခုကြားက အတားအဆီးကို ဖြတ်ကျော်လိုက်သကဲ့သို့ ခံစားရစေသည်။

သာမန်ကျင့်ကြံသူသာဆိုလျှင် ခေတ္တမျှ ဝေဝေဝါးဝါး ဖြစ်သွားပေလိမ့်မည်။

သို့သော် ထန်ထျန်းကတော့ ထိုသို့မဖြစ်ဘဲ ကောင်းကင် တာအိုမျှော်စင်သို့ ရောက်ကတည်းက အမြင့်ဆုံးအထပ်တွင် ရပ်နေသော ချန်ဝူဟွေ့ကို မြင်နေရပြီးသားဖြစ်သည်။

အတွင်းသို့ ချောချောမွေ့မွေ့ ဝင်လာပြီးနောက် ထန်ထျန်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ အခန်းတွင်း မြင်ကွင်းမှာ ရှင်းလင်းလှသည်။

အပြင်အဆင်မှာ အလွန်ရိုးရှင်းပြီး စာကြည့်ခန်းတစ်ခုနှင့် ဆင်တူသည်။

တိုက်ရိုက်မျက်နှာချင်းဆိုင်တွင် ကျယ်ဝန်းသော ပြတင်းပေါက်တစ်ခု ရှိသည်။

ထိုပြတင်းပေါက်ရှေ့တွင် မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက် ရပ်နေသည်။

ထိုသူမှာ ချန်ဝူဟွေ့ ပင် ဖြစ်သည်။

ထန်ထျန်း ဝင်လာပြီးနောက် သူက လှည့်ကြည့်လာသည်။

နှစ်ပေါင်း သောင်းချီ ကုန်လွန်သွားပြီဖြစ်ရာ ချန်ဝူဟွေ့၏ မျက်နှာတွင် အချိန်ကာလ၏ အမှတ်အသားများ ထင်ကျန်နေပြီဖြစ်သည်။ ဖြူစပြုနေသော ဆံပင်များနှင့် မီးခိုးရောင် တာအိုဝတ်စုံမှာ သူ့ကို နေဝင်ချိန်ရောက်နေသော အဘိုးအိုတစ်ဦးကဲ့သို့ ထင်မှတ်ရစေသည်။

သို့သော် သူ၏ စိတ်ဝိညာဉ်နှင့် ခွန်အားမှာ ထိပ်ဆုံးအခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း ထန်ထျန်း မြင်နိုင်သည်။

သူ့ကို အထင်သေးမိသူတိုင်း တန်ဖိုး အကြီးကြီး ပေးရပေလိမ့်မည်။

သူတို့နှစ်ဦး မျက်နှာချင်းဆိုင် ကြည့်နေရင်း ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် စန်ဝူဟွေ့က ရုတ်တရက် ပြုံးလိုက်ပြီး ပြောလိုက်၏။ "ညီလေး ချန်ဝူဟွေ့က အစ်ကိုကြီး ထန်ထျန်းကို ဂါရဝပြုပါတယ်"

ထန်ထျန်းမှာ ကြောင်တောင်တောင် ဖြစ်သွားပြီး ထာဝရစင်မြင့်ပေါ်တွင် ဖြစ်ပျက်ခဲ့သည့် ရယ်စရာ အဖြစ်အပျက်များကို သတိရသွားသည်။

ထိုစဉ်က သူ ရင်ဆိုင်ခဲ့ရသည်မှာ လူငယ်ဘဝ ချန်ဝူဟွေ့ဖြစ်ပြီး ထိုကောင်လေး၏ မောက်မာမှုမှာ လျိုထျန်းဟုန်ထက် အဆပေါင်းများစွာ ပိုဆိုး ခဲ့သည်။

သို့သော် ထန်ထျန်းက သူ့ကို သင်ခန်းစာ အပြည့်အဝ ပေးလိုက်ပြီးနောက် ချန်ဝူဟွေ့မှာ ငိုယိုကာ ထန်ထျန်းကို အစ်ကိုကြီးအဖြစ် တစ်ဖက်သတ် အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။

အပြင်လောကမှ သူကိုယ်တိုင်သာ သိပါကလည်း ဤအစ်ကိုကြီးကို ငြင်းပယ်မည်မဟုတ်ဟု ထိုစဉ်က သူ ပြောခဲ့သေးသည်။

ရှေ့က ချန်ဝူဟွေ့က ထိုလူငယ်ဘဝ သူကိုယ်တိုင် ပြောခဲ့သည့် စကားကို တကယ်ပဲ အတည်ယူနေခြင်းလော

"ထာဝရစင်မြင့်ပေါ်က ကတိက အတည်မဖြစ်သင့်ဘူး ထင်တယ်နော်"

ထန်ထျန်းက ပြုံးလျက် ပြောလိုက်သည်။

အမှန်တရားက မည်သို့ပင်ဖြစ်စေ သူက ချန်ဝူဟွေ့ကို ညီလေး အဖြစ် လက်ခံရန် အစီအစဉ်မရှိပေ။

ထို့ပြင် တစ်ဖက်လူက စနောက်နေခြင်းဖြစ်ကြောင်းလည်း သူ သိနိုင်သည်။

ထန်ထျန်း၏ စကားကို ကြားသောအခါ ချန်ဝူဟွေ့က ပြုံး ကာ "တကယ်တော့ အတည်မယူပါဘူး"

"ဒါပေမဲ့ အစ်ကို့ ကို မြင်လိုက်ရတဲ့အခါမှာတော့ ကျွန်တော့် ရဲ့ ညီလေး ဖြစ်ရတာက ဂုဏ်ယူစရာတစ်ခုလို့ ကျွန်တော် ခံစားလိုက်ရတယ်"

" မေးပါရစေ... အစ်ကို့ ကို ကျိကျွင်း လို့ ခေါ်ရမလား"

ပြောရင်း သူ၏ အပြုံးကို သိမ်းလျက် ခါးကို အနည်းငယ် ညွှတ်လိုက်သည်။

ထန်ထျန်း မျက်ခုံးပင့်သွားသည်။

"ငါ့ရဲ့ ခွန်အားကို မင်း မြင်နိုင်တာလား"

သူက သူ့ အော်ရာ ကို တမင် ဖုံးကွယ်မထားသော်လည်း သာမန် ဝူကျိတာအိုအရှင်များ (ဥပမာ ယုံယန်တာအိုအရှင်) က သူ၏ အစစ်အမှန် ခွန်အားကို မမြင်နိုင်ပေ။

သို့သော် ချန်ဝူဟွေ့က မြင်နေရသည်။

"အကုန်လုံးကိုတော့ ရှင်းရှင်းလင်းလင်း မမြင်ရပါဘူး"

ချန်ဝူဟွေ့က ပြော၏။ "အစ်ကို့ကို ကြည့်လိုက်တဲ့အခါ အစ်ကိုက ဟင်းလင်းပြင် မြူခိုးတွေကြားမှာ ရှိနေသလိုမျိုး မူလရုပ်သွင်ကို မြင်ဖို့ ခက်ခဲတယ်"

" ဒါပေမဲ့ ဒီ ကောင်းကင် တာအိုမျှော်စင်ရဲ့ အကူအညီနဲ့တော့ တစွန်းတစလေးကို မြင်ခွင့်ရခဲ့ပါတယ်"

"အစ်ကို့ရဲ့ အဆင့် အစစ်အမှန်ကို အတည်မပြုနိုင်ပေမဲ့... ကျွန်တော် တို့လို သာမန်လူတွေရဲ့ အထက်မှာ ရှိနေတယ်ဆိုတာတော့ သေချာပါတယ်"

နားထောင်ပြီးနောက် ထန်ထျန်းက ကောင်းကင် တာအိုမျှော်စင်ကို စစ်ဆေးကြည့်ရာ သဘောပေါက်သွားသည်။

ဤကိုးထပ် ကောင်းကင် တာအိုမျှော်စင်မှာ တာအိုနိယာမပေါ်တွင် တိုက်ရိုက် အမြစ်တွယ်ထားပြီး ချန်ဝူဟွေ့ ကိုယ်တိုင် တည်ဆောက်ထားခြင်း ဖြစ်ရာ သူနှင့် အရာအားလုံး ဆက်နွှယ်နေသည်။

ကောင်းကင် တာအို၏ စွမ်းအားကို အသုံးပြုခြင်းဖြင့် ထန်ထျန်း၏ အစစ်အမှန် ခွန်အား တစွန်းတစကို မြင်နိုင်ခြင်း ဖြစ်သည်။

သို့သော် ဤသည်မှာ မလွယ်ကူလှပေ။ ပါရမီ ထူးချွန်ပြီး ဟွမ်ယွမ်တာအို ၏ အထွတ်အထိပ်သို့ ရောက်ရှိကာ ထာဝရအရှင်ဟု နာမည်ကျော်သော ချန်ဝူဟွေ့သာလျှင် ဤသို့ လုပ်နိုင်သည်။

သူက တကယ့်ကို အတုမရှိ ပါရမီရှင်တစ်ဦးပင်။

"ဒီလောက် ယဉ်ကျေး မနေပါနဲ့၊ ထန်ထျန်း လို့ပဲ ခေါ်ပါ"

ထန်ထျန်းက ပြန်ပြောလိုက်ပြီး ချီးကျူးစကား ပြောလိုက်၏။ "မင်းရဲ့ မျှော်စင်က တော်တော်လေး ကောင်းတယ်"

"တကယ်လို့ အပေါ်မှာ လုံကျိုကျိုးသာ မရှိရင် 'ထာဝရပြိုင်ဘက်ကင်း ' ဆိုတဲ့ ဘွဲ့က မင်းနဲ့ပဲ ထိုက်တန်မှာပါ"

ချန်ဝူဟွေ့က ခေါင်းခါရင်း ပြုံးလိုက်သည်။ "အစ်ကိုတို့လို ကမ္ဘာလောကကို ကျော်လွန်သွားတဲ့ တည်ရှိမှုတွေနဲ့ ယှဉ်ရင် ကျွန်တော် က ဘယ်မှာ 'ပြိုင်ဘက်ကင်း' လို့ ခေါ်ဝံ့ပါ့မလဲ"

" ရွှံ့နွံထဲမှာ ရုန်းကန်နေရတဲ့ ပိုးစုန်းကြူးတစ်ကောင်ပါပဲ"

ထန်ထျန်း တိတ်သွားသည်။

ချန်ဝူဟွေ့၏ စကားမှာ အနည်းငယ် ပိုသည်ဟု ထင်ရသော်လည်း အမှန်တရားမှာ ထိုအတိုင်းပင် ဖြစ်သည်။

ကမ္ဘာလောကကို ကျော်လွန်သွားသော ကျိကျွင်း များအတွက်မူ ကျိကျွင်းအောက်ရှိ အရာအားလုံးမှာ မြေမှုန့်ကဲ့သို့သာ ဖြစ်ပြီး ပုရွက်ဆိတ်ထက်ပင် မသာပေ။

ချန်ဝူဟွေ့မှာ သက်ရှိများ၏ ထိပ်ဆုံးသို့ ရောက်ရှိနေပြီဟု ဆိုနိုင်သော်လည်း ထန်ထျန်းက စိတ်ကူးလိုက်ရုံဖြင့် သူ့ကို ဤကမ္ဘာမှ ပျောက်ကွယ်သွားအောင် အလွယ်တကူ လုပ်နိုင်သည်။ တစ်ဖက်လူတွင် ပြန်ခုခံရန် အခွင့်အရေး လုံးဝမရှိပေ။

ဤသည်မှာ မတရားသလို ခံစားရသော်လည်း သဘာဝပင် ဖြစ်သည်။

အကယ်၍ ကမ္ဘာကြီးက ပျက်စီးခြင်းမရှိဘဲ ပုံမှန် လည်ပတ်နေမည်ဆိုလျှင် ကျိကျွင်းကဲ့သို့သော တည်ရှိမှုမျိုး ပေါ်လာနိုင်မည် မဟုတ်ပေ။

အခုမှ မွေးဖွားလာသည့် ဆန်းကြယ် ဥကမ္ဘာကဲ့သို့ပင် ပထမဆုံး ပေါ်လာသည့် မူလသက်ရှိ 'ဂန်ဂန်' ပင်လျှင် ကျိကျွင်းတစ်ပိုင်း အဆင့်သာ ရှိသည်။

ထိုသို့သော ကမ္ဘာမှသာ ပုံမှန်ကမ္ဘာ ဖြစ်သည်။

ကျိကျွင်းဆိုသည်မှာ သက်ရှိအားလုံးနှင့် ကမ္ဘာကြီးတစ်ခုလုံး၏ ခေါင်းပေါ်တွင် ရပ်နေသော ထူးဆန်းသည့် အုပ်စုများ ဖြစ်ကြသည်။

"အရင် ထိုင်ပါဦး"

ချန်ဝူဟွေ့က ပြော၏။

ထို့နောက် သူတို့နှစ်ဦး ပြတင်းပေါက်ဘေးတွင် ထိုင်လိုက်ကြသည်။

"တကယ်တော့ အစ်ကို ဟင်းလင်းပြင်မုန်တိုင်းနဲ့ တိုးသွားတယ်ဆိုတာ သိရတုန်းက ကျွန်တော် ကိုယ်တိုင် မင်းကို သွားရှာဖို့ ရည်ရွယ်ခဲ့တာ"

"ဒါပေမဲ့ လူတစ်ယောက်က ကျွန်တော့် ကို တားခဲ့တယ်"

ချန်ဝူဟွေ့က စကားကို ဆက်လိုက်သည်။

ထန်ထျန်း မျက်ခုံးပင့်သွားသည်။

အမှန်ပင်၊ ပုံမှန်အတိုင်းဆိုလျှင် ထာဝရစင်မြင့်ပေါ်တွင် ချန်ဝူဟွေ့ကို အနိုင်ယူခဲ့သည့် ထန်ထျန်း၏ စွမ်းဆောင်ရည်အရ သူ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ သွားရောက်ရှာဖွေသင့်သည်။

သို့သော် နောက်ဆုံးတွင် ဘာမှ ဖြစ်မလာခဲ့ပေ။

အကြောင်းမှာ ချန်ဝူဟွေ့မှာ တားဆီးခံခဲ့ရခြင်းကြောင့် ဖြစ်သည်။

"ဘယ်သူလဲ"

ထန်ထျန်းက မေးလိုက်သည်။

ချန်ဝူဟွေ့က ခေတ္တမျှ တိတ်သွားပြီးနောက် ဖြည်းဖြည်းချင်း ဖွင့်ပြောလိုက်သည်။

"ဝူရှန့်ကျိကျွင်း ပါပဲ"

All Chapters