အခန်း (၉၇-၉၈)
Vol. 10 Ch. 97-98
အခန်း ၉၇ - ချင်းယွင်တောင်ထိပ် က ထပ်မံ အကူအညီ တောင်းခံခြင်း
ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် မဟာကျင့်ကြံသူ တစ်ဦးအနေဖြင့် ဂုဏ်သိက္ခာ အားလုံး ဆုံးရှုံးခဲ့ရသော်လည်း ဟူထူ၏ အနာဂတ်မှာမူ တောက်ပနေပေသည်။
ထို့ပြင် သူသည် ယခုအခါ "လူချော" ဟု အမည်ရသော အိမ်မွေးမြေခွေးလေး တစ်ကောင်မျှသာ ဖြစ်ရာ သူ့ကို မြင်သွားလျှင်လည်း ဘာအရေးကြီးမည်နည်း။
ဟူယန်သည် လူသားမျိုးနွယ် နှင့် မိစ္ဆာမျိုးနွယ် တို့၏ ကျင့်ကြံခြင်း ကွာခြားချက်များကို အိုးယန်ထံသို့ အသံဖြင့် သတင်းစကား ပို့ကာ မိတ်ဆက်ပေးရင်း သူ့ကိုယ်သူ ဖြေတွေးနေလိုက်လေ၏။
အိုးယန်သည် မှတ်ဉာဏ်ထဲမှနေ၍ အထစ်ထစ်အငေါ့ငေါ့ဖြင့် ရွတ်ဆိုနေလေသည်။
"လူသားမျိုးနွယ် ရဲ့ ကျင့်ကြံခြင်းမှာ ဒြပ်စင်ငါးပါး ဟာ နှလုံးသားငါးခုနဲ့ သက်ဆိုင်ပြီး ယင်နဲ့ယန် ပေါင်းစပ်ကာ ချီ ကို ကျင့်ကြံတယ်... အာ ဟား..."
စကားအနည်းငယ်မျှ ပြောပြီးနောက် အိုးယန်သည် စတင် သမ်းဝေလာခဲ့ပေ၏။
အိုးယန်သည် သူ၏ မျက်ခွံများ ပို၍ပို၍ လေးလံလာသည်ကို ခံစားလိုက်ရပြီး သူ၏ လက်ထဲရှိ သစ်သားတုတ်သည် တိဗက်မြေခွေး ၏ ခန္ဓာကိုယ်ပေါ်တွင် ဟိုဒီ ထိုးဆွနေကာ အကြိမ်အနည်းငယ်မျှ ထိလုနီးပါး ဖြစ်သွားခဲ့လေသည်။
"အာ... ဟား..." အိုးယန်သည် ဗလုံးဗထွေး ရေရွတ်လိုက်ပြီး ကြီးမားသော သမ်းဝေမှုကြီး တစ်ခုကို ပြုလုပ်လိုက်ကာ သစ်ပင်ကို မှီလျက် အိပ်ပျော်သွားလေတော့၏။
သူ၏ မျက်နှာချင်းဆိုင်ရှိ ဟူထူသည် တရားဟောရင်း အိပ်ပျော်သွားသော အိုးယန်ကို ကြောင်တောင်တောင် ကြည့်နေလေသည်။
"စီနီယာအစ်ကို က ဘာလို့ အိပ်ပျော်သွားတာလဲ... ကျင့်ကြံခြင်း နည်းလမ်းတွေအကြောင်း သမီးကို သင်ပေးမယ်လို့ ပြောထားတာ မဟုတ်ဘူးလား..."
ဟူထူသည် နှစ်ခြိုက်စွာ အိပ်မောကျနေသော အိုးယန်ကို ကြည့်ကာ သူ့ကို မနှောင့်ယှက်ရက်အောင် ဖြစ်နေပေ၏။
နံနက်ခင်း နေရောင်ခြည်က သူမ၏ ခန္ဓာကိုယ်ကို နွေးထွေးစေပြီး ကလေးချော့တေး တစ်ပုဒ်ကဲ့သို့သော အိုးယန်၏ ဟောက်သံများကို နားထောင်ရင်း ဟူထူ၏ မျက်ခွံများမှာလည်း ပို၍ပို၍ လေးလံလာခဲ့လေသည်။ သူမ၏ ခေါင်းမှာ စောင်းသွားပြီး ထိုင်လျက်ပင် အိပ်ပျော်သွားလေတော့၏။
သစ်ပင်တွင် ချည်နှောင်ခံထားရသော ဟူယန်သည် သူ၏ နှလုံးသား သွေးထွက်နေသကဲ့သို့ ခံစားလိုက်ရပေသည်။
ဒီ အသုံးမကျတဲ့ နှစ်ယောက်က ဘာတွေ လုပ်နေကြတာလဲ။
သူကဲ့သို့သော ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် မဟာကျင့်ကြံသူ တစ်ဦးကို ရည်ညွှန်းချက် တစ်ခုအနေဖြင့် သစ်ပင်တွင် ချည်နှောင်ထားပြီး ဤအသုံးမကျသော နှစ်ဦးက အလွယ်တကူ အိပ်ပျော်သွားကြသည်လော။
သစ်ပင်ကို မှီလျက် ကျယ်လောင်စွာ ဟောက်ကာ အိပ်ပျော်နေသော အိုးယန်ကို လှည့်ကြည့်လိုက်ရင်း ဟူယန်သည် ရုတ်တရက် ငိုချင်စိတ် ပေါက်လာခဲ့လေ၏။
ချင်းချိုးတောင် ပေါ်တွင် ရှိနေစဉ်က သူ၏ မျက်ရည်များ အားလုံး ခန်းခြောက်သွားပြီဟု သူ ထင်မှတ်ခဲ့သော်လည်း ကပ်ဘေး ကို ဖြတ်ကျော်ပြီးနောက်တွင်ပင် ဤလူဆိုးနှစ်ဦးကြောင့် မျက်ရည်များ ကျလာလုနီးပါး ဖြစ်သွားသည်အထိ ဒေါသထွက်ရလိမ့်မည်ဟု သူ ဘယ်သောအခါမျှ မထင်မှတ်ထားခဲ့ချေ။
"ကောင်လေး... အပြင်ထွက်ခဲ့စမ်း... မင်းရဲ့ စီနီယာအစ်ကို နဲ့ ဂျူနီယာညီမလေး ကို သွားနှိုးလိုက်စမ်း..."
ခေါင်မိုးပေါ်တွင် သံမှိုရိုက်နေကြဆဲဖြစ်သော လန်ချင်းဆုန်းနှင့် ပိုင်ယွီတို့ကို သတိထားလျက် ဟူယန်သည် မီးဖိုချောင်ထဲတွင် ဆေးစိမ်ချိုးရန် ပြင်ဆင်နေသော ချန်ချန်ရှန်းထံသို့ အသံဖြင့် သတင်းစကား ပို့လိုက်လေ၏။
ချန်ချန်ရှန်း၏ နားရွက်များ လှုပ်ရှားသွားပြီး သူက မီးဖိုချောင်ထဲမှ ထွက်လာကာ သူ၏ အရှေ့ရှိ မြင်ကွင်းကို ကြည့်၍ ရယ်မောလိုက်ပေသည်။
နံနက်ခင်း နေရောင်အောက်တွင် အိုးယန်သည် သစ်ပင်ကို မှီနေပြီး ထူထူမှာ ခေါင်းစောင်းနေကာ နှစ်ဦးစလုံး နှစ်ခြိုက်စွာ အိပ်မောကျနေကြပြီး ခြေလက်များကို ကြိုးများဖြင့် ချည်နှောင်ခံထားရသော ဟူယန်ကမူ ငိုတော့မည့် အမူအရာဖြင့် သူ့ကို ကြည့်နေလေ၏။
ဟူယန်က ချန်ချန်ရှန်းထံသို့ ဒေါသတကြီး အသံဖြင့် သတင်းစကား ပို့လိုက်ပေသည်။
"မင်းရဲ့ စီနီယာအစ်ကို နဲ့ မင်းရဲ့ ဂျူနီယာညီမလေး ကို သွားနှိုးလိုက်... မင်းရဲ့ စီနီယာအစ်ကို ကို ငါ့ကိုယ်စား တာအို အကြောင်း ရှင်းပြခိုင်းလိုက်... သူက မင်းရဲ့ ဂျူနီယာညီမလေး ထက်တောင် ပိုမြန်မြန် အိပ်ပျော်သွားသေးတယ်..."
ချန်ချန်ရှန်းက ဟူယန်ထံသို့ အသံဖြင့် သတင်းစကား ပို့လိုက်လေ၏။
"ကျွန်တော် စီနီယာ ကို ပြောဖို့ မေ့သွားတယ်... ကျွန်တော့်ရဲ့ စီနီယာအစ်ကို က တာအို ကို နားမထောင်နိုင်သလို တာအို အကြောင်းလည်း မရှင်းပြနိုင်ဘူး... ဂိုဏ်းချုပ် လာရင်တောင် ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး..."
"မင်း တမင်လုပ်တာလား ကောင်လေး... ဘာလို့ အစတည်းက မပြောခဲ့တာလဲ..." ဟူယန်က ဒေါသတကြီး မေးမြန်းလိုက်ပြီး ချန်ချန်ရှန်းထံသို့ အသံဖြင့် သတင်းစကား ပို့လိုက်ပေသည်။
"စီနီယာ က ကျွန်တော့်ကို မမေးဘူးလေ... ဒါကြောင့် ကျွန်တော်လည်း သဘာဝကျကျ မပြောခဲ့တာပေါ့... ဂျူနီယာညီမလေး အတွက် ဆေးစိမ်ချိုးဖို့ ပြင်ဆင်ရဦးမယ်... ခွင့်ပြုပါဦး..." ချန်ချန်ရှန်းသည် လှည့်၍ မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားကာ ဟူယန်၏ အသံ သတင်းစကားကို အလိုအလျောက် ပိတ်ပင်ထားလိုက်လေ၏။
"ငါတော့ …. ပါပဲ... ဒီကြိုးကို ဖြည်ပေးစမ်း..." ဟူယန်သည် နောက်ဆုံးတွင် ဆက်လက် မထိန်းထားနိုင်တော့ဘဲ အသံ သတင်းစကားဖြင့် အိုးယန်ကို ဆဲဆိုလိုက်လေတော့သည်။
သူ့ကို ချည်နှောင်ထားသော ကြိုးမှာ တားမြစ်နယ်မြေ တွင် သူ့ကို ဖမ်းမိခဲ့သော ထူးဆန်းသည့် ကြိုးပင် ဖြစ်ပြီး သူ လုံးဝ ရုန်းထွက်၍ မရနိုင်ချေ။
သို့ရာတွင် နှစ်ခြိုက်စွာ အိပ်မောကျနေသော အိုးယန်မှာမူ လုံးဝ သတိမထားမိဘဲ မသိမသာ နှုတ်ခမ်းပင် သပ်နေလေ၏။
နေ့လယ်ခန့်အထိ အိပ်ပျော်သွားကြပြီးနောက် ရှေးဟောင်း ခေါင်းလောင်းသံ သုံးချက် အဝေးမှ ရုတ်တရက် ထွက်ပေါ်လာခဲ့ပေသည်။
ချင်းယွင်ဂိုဏ်း ၏ ဆင့်ခေါ်ခြင်း ခေါင်းလောင်း ထပ်မံ မြည်ဟည်းလာခဲ့ခြင်း ဖြစ်လေ၏။
ခေါင်းလောင်းသံက အိုးယန်နှင့် ဟူထူ နှစ်ဦးစလုံးကို အိပ်ရာမှ နိုးလာစေခဲ့သည်။
အကြီးတစ်ယောက်နှင့် အငယ်တစ်ယောက်တို့သည် တပြိုင်နက်တည်း အကြောဆန့်လိုက်ကြပြီး သူတို့၏ ပါးစပ်ထောင့်များမှ သွားရည်များကို ကျေနပ်စွာ သုတ်ပစ်လိုက်ကြရာ သူတို့၏ လှုပ်ရှားမှုများမှာ ဟန်ချက်ညီလုနီးပါး ဖြစ်နေပေ၏။
"ဗဟုသုတရစေမယ့် လေ့လာသင်ယူမှုက တကယ်ပဲ သက်တောင့်သက်သာ ဖြစ်စေတယ်... ညဘက် ကောင်းကောင်း အိပ်လိုက်ရသလိုပဲ..."
"ကောင်လေး... ငါ့ကို ကြိုးဖြည်ပေးစမ်း..." ဟူယန်၏ အားနည်းသော အသံက အိုးယန်၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့လေသည်။
အိုးယန်သည် ခေါင်းလှည့်ကြည့်လိုက်ရာ သစ်ပင်တွင် ချည်နှောင်ခံထားရသော ဟူယန်မှာ သူ၏ မျက်လုံးများထဲမှ အလင်းရောင်များ ပျောက်ဆုံးနေပြီ ဖြစ်လေ၏။
"အခုကစပြီး ကျွန်တော် အိပ်မပျော်ရင် လေ့လာသင်ယူဖို့ ခင်ဗျားဆီ လာခဲ့မယ်..." အိုးယန်က ဟူယန်ကို ကြိုးဖြည်ပေးရင်း ပြောဆိုလိုက်ပေသည်။
ချည်နှောင်ခံထားရသဖြင့် ထုံကျင်နေပြီဖြစ်သော သူ၏ ခြေလက်များကို ဟူယန်က စမ်းသပ်ကြည့်လိုက်ပြီး သူ၏ လိုင်ချီးသီးကို ကာကွယ်ထားသော တဘက်ကို ဖယ်ရှားလိုက်ကာ အိုးယန်ကို အသက်ကင်းမဲ့သော မျက်လုံးများဖြင့် ကြည့်လျက် တိုးညှင်းစွာ ဟိန်းဟောက်လိုက်လေ၏။
"လေ့လာသင်ယူမယ် ဟုတ်လား... အသုံးမကျတဲ့ လေ့လာသင်ယူမှု..."
ဆင့်ခေါ်ခြင်း ခေါင်းလောင်းသံ သည် တောင်ထိပ်ငယ်လေး ရှိ အခြားသူများ၏ အာရုံစိုက်မှုကိုလည်း ဆွဲဆောင်သွားခဲ့ပေသည်။
လန်ချင်းဆုန်းသည် သူ၏ တူကို ရပ်တန့်လိုက်ပြီး ပိုင်ယွီကို ကြည့်ကာ စိတ်ထဲမှ အေးစက်စွာ နှာမှုတ်လိုက်လေ၏။
"ငါ မျှော်လင့်ထားတဲ့အတိုင်းပဲ... ငါ့ရဲ့ ဂျူနီယာညီလေး ပဲ ဖြစ်နိုင်တယ်... ခေါင်မိုးပြင်တဲ့ နေရာမှာ ငါ့ရဲ့ အမြန်နှုန်းက သူ့ထက် အများကြီး ပိုမြန်တယ်... မနက်ခင်း တစ်ပိုင်းတည်းနဲ့ သစ်သားပြားတွေ အကုန် ခင်းပြီးပြီ... သူကတော့ တစ်ဝက်တောင် မခင်းရသေးဘူး..."
ခေါင်မိုးပြင်ခြင်း နှင့် ပတ်သက်လာပါက လန်ချင်းဆုန်းသည် သူ၏ လက်ထဲရှိ ဓားထက်ပင် ပို၍ ယုံကြည်မှု ရှိလေသည်။
ပိုင်ယွီသည် တစ်ဖက်မှ ဓားကဲ့သို့ စူးရှသော အကြည့်ကို ခံစားလိုက်ရပြီး မော့ကြည့်လိုက်ရာ လန်ချင်းဆုန်း၏ ရန်စနေသော အမူအရာကို မြင်လိုက်ရပေ၏။ သူက စိတ်ထဲမှ မညည်းညူဘဲ မနေနိုင်တော့ချေ။
"ဓားကျင့်ကြံသူ တစ်ယောက်က ခေါင်မိုးပြင်တာကို ဂုဏ်ယူနေတယ်ပေါ့... ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ..."
"ဟွန့်..."
"ဟွန့်..."
သူတို့နှစ်ဦးသည် တပြိုင်နက်တည်း တစ်ဖန် အေးစက်စွာ နှာမှုတ်လိုက်ကြပြန်လေ၏။
"အဲဒီ သောက် ခေါင်းလောင်း က တစ်နေကုန် မြည်နေတာပဲ... ချင်းယွင်ဂိုဏ်း က နေ့တိုင်း မျိုးတုံးသတ်ဖြတ် ခံနေရတယ်လို့တောင် ထင်ရတယ်..."
အိုးယန်က ချင်းယွင်တောင်ထိပ် ဘက်သို့ ကြည့်ကာ မကျေမနပ်ဖြင့် ညည်းတွားလိုက်ပေသည်။
ချန်ချန်ရှန်းသည် အိုးယန်ထံသို့ လျှောက်လာပြီး တိုးညှင်းစွာ ပြောဆိုလိုက်လေ၏။
"ဒါဆို စီနီယာအစ်ကို... ကျွန်တော်တို့ သွားကြဦးမလား..."
"သွားမှာပေါ့... သေချာပေါက် သွားရမှာပေါ့... ဒီတစ်ခေါက်က အင်မော်တယ် လျှို့ဝှက်နယ်မြေ အကြောင်း ဖြစ်ဖို့ များတယ်... ဒုတိယညီငယ်... ဆင်းခဲ့တော့... ဘာတွေဖြစ်နေလဲ သွားကြည့်ရအောင်..." အိုးယန်က အမိုးပေါ်ရှိ လန်ချင်းဆုန်းကို လှမ်းအော်လိုက်လေသည်။
လန်ချင်းဆုန်းသည် သူ၏ ခြေဖျားများကို ညင်သာစွာ ထောက်ကာ အမိုးပေါ်မှ ပျံသန်းဆင်းသက်လာပြီးနောက် ပိုင်ယွီ ကလည်း အနီးကပ် လိုက်ပါလာခဲ့ပေ၏။
"ရှောင်ပိုင်... ထူထူ ကို မင်းဆီမှာ ထားခဲ့မယ်နော်... ငါတို့ မကြာခင် ပြန်လာခဲ့မယ်..." အိုးယန်က ပိုင်ယွီကို ပြောဆိုလိုက်လေသည်။
ပိုင်ယွီက ခေါင်းခါလျက် ပြန်လည်ဖြေကြားလိုက်ပေ၏။
"မရဘူး... ကျွန်တော်လည်း အစ်ကိုတို့နဲ့အတူ လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ..."
အိုးယန်က ပိုင်ယွီကို ကြည့်ကာ အကြံပေးလိုက်လေသည်။
"ရပါတယ် ရှောင်ပိုင်... မင်းကိုယ်မင်း အတင်းအကျပ် မလုပ်ပါနဲ့..."
ပိုင်ယွီသည် မနေ့ကနှင့် မတူသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး ပြောဆိုလိုက်ပေ၏။
" စီနီယာအစ်ကို... ကျွန်တော့်ကို ဖျောင်းဖျနေစရာ မလိုပါဘူး... ကျွန်တော် ဆုံးဖြတ်ပြီးသွားပါပြီ..."
"သမီးလည်း လိုက်ချင်တယ်... သမီးလည်း လိုက်ချင်တယ်... ပြီးခဲ့တဲ့ အခေါက်တုန်းက သမီးကို မခေါ်သွားဘူး..." ဟူထူက ဂျီကျလိုက်လေသည်။
အိုးယန်က ခဏမျှ စဉ်းစားလိုက်ပြီး ပြောဆိုလိုက်ပေ၏။
"ဒါဆိုရင်လည်း ဆဋ္ဌမညီငယ် အတွက် စာတစ်စောင် ချန်ထားခဲ့ကြတာပေါ့..."
ထောင့်တစ်နေရာတွင် သူ၏ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများကို တိတ်ဆိတ်စွာ ကုစားနေသော တိဗက်မြေခွေး ကို ချန်ထားခဲ့ကာ ထိုအဖွဲ့သည် ချင်းယွင်ဂိုဏ်း ဆီသို့ ပျံသန်းသွားကြလေတော့သည်။
ထိုအဖွဲ့သည် ချင်းယွင်တောင်ထိပ် ၏ တောင်တံခါး ရှေ့တွင် ဆင်းသက်လိုက်ကြပေ၏။ လူများစွာသည် ချင်းယွင်တောင်ထိပ် ၏ တောင်ထိပ်ရှိ ပင်မခန်းမဆီသို့ စတင် လျှောက်သွားနေကြပြီ ဖြစ်လေသည်။
ဧရာမ ကျောက်ခြင်္သေ့ နှစ်ကောင်သည် ဂိုဏ်းတပည့်များ ထံမှ စကားဝှက်များကို မာနထောင်လွှားစွာ တောင်းဆိုနေကြပေသည်။
အိုးယန် ပေါ်လာသည့် အခိုက်အတန့်တွင် သေးငယ်သော ကျောက်ခြင်္သေ့ သည် ခြင်္သေ့လေး တစ်ကောင်အဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး အိုးယန်ဆီသို့ ခုန်အုပ်လာခဲ့လေ၏။
ကျောက်ခြင်္သေ့ သည် အိုးယန်၏ အရှေ့သို့ ပျံသန်းလာပြီး အိုးယန်၏ ဖိနပ်များကို ကြိုးစားပမ်းစား လျှာဖြင့်လျက်နေကာ ၎င်း၏ အမြီးမှာ လျှပ်စစ်ပန်ကာ တစ်လုံးကဲ့သို့ လျင်မြန်စွာ ခါယမ်းနေပေသည်။
"မင်း ဘာလုပ်နေတာလဲ..." အိုးယန်က မျက်မှောင်ကြုတ်ကာ သူ၏ ခြေထောက်ကို နောက်သို့ ဆုတ်လိုက်သော်လည်း ကျောက်ခြင်္သေ့ သည် ပိုမို နီးကပ်စွာ တိုးလာပြီး အိုးယန်၏ ဖိနပ်များကို ခေါင်းမာစွာ စိုက်ကြည့်လျက် အရူးအမူး လျှာဖြင့်လျက်နေလေ၏。
"သခင်လေး... ရှလွတ်... သခင်လေး မမြင်ဘူးလား... ကျွန်တော် သခင်လေး ကို ဖားယားနေတာလေ..." ကျောက်ခြင်္သေ့ က အိုးယန်၏ ဖိနပ်များကို လျှာဖြင့်လျက်ရင်း ပြောဆိုလိုက်ပေသည်။
အိုးယန်က ကျောက်ခြင်္သေ့ ကို စိတ်မရှည်စွာ ခြေကန်လိုက်ပြီး ပြောဆိုလိုက်လေ၏။
"ထွက်သွားစမ်း... ငါ့ကို ရွံအောင်လာ မလုပ်နဲ့..."
ထိုအချိန်တွင် တောင်တံခါးရှိ သိသိသာသာ ပိုကြီးမားသော ကျောက်ခြင်္သေ့ သည် ဖိနပ်များကို လျှာဖြင့်လျက်နေသော ၎င်း၏ အဖော်ကို အထင်သေးစွာ ကြည့်ကာ စိတ်ထဲမှ လှောင်ပြောင်လိုက်ပေသည်။
"သခင်လေး ကို အဲဒီလို ဖားယားနေရင် မင်းက တစ်သက်လုံး တံခါးစောင့်ပဲ ဖြစ်နေမှာပဲ..."
အခန်း ၉၈ - ဓားကျင့်ကြံသူ ၏ လက်ထဲရှိ ဓားသည် အမှန်တရား ပင် ဖြစ်သည်
အိုးယန်သည် ကျောက်ခြင်္သေ့ ကို အကြိမ်အနည်းငယ် ခြေကန်လိုက်သော်လည်း ၎င်းထံသို့ စစ်မှန်သောချီ စီးကြောင်းတစ်ခုကို လွှဲပြောင်းပေးလိုက်ဆဲ ဖြစ်လေ၏။ မည်သို့ပင်ဆိုစေ ၎င်းမှာ သူ၏ အခိုင်းအစေ ပင် ဖြစ်ရာ ၎င်းကို သူ အလိုရှိသလောက် ရိုက်နှက်နိုင်သော်လည်း ၎င်းရထိုက်သော ဆုလာဘ်များကိုမူ သူ ကပ်စေးနှဲမည် မဟုတ်ချေ။
အိုးယန်၏ ခြေကန်မှုများကြောင့် မြေပြင်ပေါ်တွင် လူးလှိမ့်နေခဲ့သော ကျောက်ခြင်္သေ့ သည် ၎င်း၏ ခန္ဓာကိုယ်အတွင်းရှိ မူလ စစ်မှန်သောချီ များကို ခံစားလိုက်ရပြီး ၎င်း၏ ခြေလက်များနှင့် အရိုးများမှာ နွေးထွေးသော ခံစားမှုများဖြင့် ပြည့်နှက်သွားလေ၏။
ဟုတ်တယ်... ဒါက အဲဒီ ခံစားချက်ပဲ... ထပ်ပေး... မြန်မြန်ပေး...
ကျောက်ခြင်္သေ့ သည် သက်တောင့်သက်သာ ရှိလွန်းသဖြင့် အော်ဟစ်လိုက်မိပေသည်။
ထို့ကြောင့် လူတိုင်းသည် ဤမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရလေ၏။ အိုးယန်သည် မူလက မာနကြီးသော ကျောက်ခြင်္သေ့ ကို ခြေကန်လိုက်ရာ ၎င်းမှာ မြေပြင်ပေါ်တွင် လူးလှိမ့်သွားပြီး ကျောက်ခြင်္သေ့ က အမှန်တကယ်ပင် သက်တောင့်သက်သာ ရှိပုံရစွာဖြင့် အော်ဟစ်နေလေသည်။
"ဒီ ကျောက်ခြင်္သေ့ က ဒီလိုမျိုးကို ကြိုက်တာလား..." လူတိုင်း သဘောပေါက်သွားကြလေ၏။
"နောက်တစ်ကြိမ်ကျရင် ငါ စမ်းကြည့်ရမယ်... ဒါက ချင်းယွင်တောင်ထိပ် ရဲ့ အစောင့်သားရဲ ကို မျက်နှာလိုမျက်နှာရ လုပ်ဖို့ အခွင့်အရေးကောင်း တစ်ခုပဲ..."
တောင်ထိပ်သို့ လမ်းပြပေးလို၍ ဆောင့်ကြောင့်ထိုင်နေသော အခြား ကျောက်ခြင်္သေ့ ကို ငြင်းပယ်လိုက်ပြီး အိုးယန်သည် လူတိုင်းကို ဦးဆောင်ကာ တောင်ထိပ်ဆီသို့ လျှောက်သွားလိုက်လေသည်။
ချင်းယွင်ဂိုဏ်း တွင် အတွင်းစည်းတပည့် ထောင်ပေါင်းများစွာ ရှိသော်လည်း ချင်းယွင်တောင်ထိပ် ပေါ်ရှိ တောင်တက်လမ်းမှာ အလွန် ရှည်လျားပြီး ဓားများဖြင့် ပျံသန်းခွင့် မပြုထားသဖြင့် အလွန်အမင်း ပြည့်ကျပ်နေခြင်း မရှိချေ။
ထိုအစား ချင်းယွင်တောင်ထိပ် ပေါ်ရှိ ရှုခင်းများသည် လူများကို ခရီးပန်းမှုများကို မေ့လျော့သွားစေရန် လုံလောက်ပြီး သူတို့၏ အရှေ့ရှိ လှပသော ရှုခင်းများကြောင့် အလွန် စွဲမက်ဖွယ် ကောင်းနေလေ၏။
ကြိုးကြာငှက် အုပ်တစ်အုပ်သည် တောင်ပတ်လည်တွင် ပျံသန်းနေကြပြီး ရှားပါးသော ပန်းများနှင့် ထူးဆန်းသော သစ်ပင်များက အလှချင်း ပြိုင်နေကြကာ ကောင်းကင်နှင့်မြေပြင် မူလချီ များဖြင့် ဖွဲ့စည်းထားသော အင်မော်တယ် မြူခိုးများပင်လျှင် တောင်တန်းများကို လွှမ်းခြုံထားပြီး အနားယူရန် မဏ္ဍပ်များနှင့် ကျောက်ခုံများလည်း ရှိနေပေသည်။
ချင်းယွင်တောင်ထိပ် သို့ တက်ခြင်းသည် အမှန်တကယ်တွင် တစ်နေ့တာ ခရီးထွက်ရခြင်းနှင့် မကွာခြားဘဲ တောင်ထိပ်ငယ်လေး ၏ အဖွဲ့လိုက် လေ့ကျင့်ရေး ခရီးစဉ်တစ်ခုနှင့် တူနေလေ၏။
ဟူထူသည် အဖြူရောင် ဂါဝန်လေးကို ဝတ်ဆင်ထားပြီး သူမ၏ ဆံပင်များကို အိုးယန်၏ မကျွမ်းကျင်သော လက်များဖြင့် ဆံထုံးသေးသေးလေး နှစ်ခု ထုံးပေးထားပေသည်။ ဟူထူ လမ်းလျှောက်သွားတိုင်း ဆံထုံးလေး နှစ်ခုမှာ အထက်အောက် လှုပ်ခါနေလေ၏။
ဟူထူသည် အိုးယန်၏ လက်ကို ကိုင်ထားပြီး လမ်းလျှောက်ရင်း မေးမြန်းလိုက်သည်။
"စီနီယာအစ်ကို... ဒီနေ့ ချင်းယွင်ဂိုဏ်း က ထမင်းကျွေးမှာလား..."
မည်သို့ပင်ဆိုစေ သူမသည် ကလေးတစ်ယောက်သာ ဖြစ်ရာ သူတို့ ဤနေရာသို့ အဘယ်ကြောင့် ရောက်လာသနည်းဆိုသည်ကို လုံးဝ ဂရုမစိုက်ဘဲ အစားအသောက် ကောင်းမကောင်းကိုသာ ဂရုစိုက်လေ၏။
အိုးယန်က အနည်းငယ် အထင်သေးသော အမူအရာဖြင့် ပြောဆိုလိုက်ပေသည်။
"ချင်းယွင်ဂိုဏ်း ရဲ့ အစားအသောက်က အရမ်း ဆိုးတယ်... ဒီတောင်ပေါ်က လူတွေက သိပ်မစားကြတော့ ချက်ပြုတ်တာက အရမ်း ပေါ့ပျက်ပျက် နိုင်တယ်... တတိယ ဂျူနီယာညီလေး... နောက်ကျရင် ဆူဖြိုးတဲ့ ကြိုးကြာငှက် နှစ်ကောင်လောက် ဖမ်းပြီး ငါတို့ ကင်စားကြတာပေါ့..."
ခရမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်နှာဖုံးအဖြူ တပ်ဆင်ထားသော ချန်ချန်ရှန်းက ခေါင်းညိတ်လိုက်လေ၏။ သူ၏ အကြည့်များက ကောင်းကင်ရှိ ကြိုးကြာငှက် များဆီသို့ ရောက်ရှိသွားပြီး ဦးဆောင်နေသော ကြိုးကြာငှက် တစ်ကောင်ကို ရွေးချယ်လိုက်ကာ သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပေသည်။
ကောင်းကင်တွင် အေးအေးဆေးဆေး ပျံသန်းနေခဲ့သော ကြိုးကြာငှက်ဖြူ သည် အိုးယန်နှင့် သူ၏ အဖွဲ့ဆီသို့ အလိုအလျောက် ပျံသန်းလာပြီး အချိန်မရွေး အိုးထဲသို့ ခုန်ဝင်ရန် အသင့်အနေအထားဖြင့် သူတို့၏ အနောက်မှ ကပ်လျက် လိုက်ပါလာခဲ့လေ၏။
အမည်းရောင် အကျပ် ဝတ်စုံကို ဝတ်ဆင်ထားသော လန်ချင်းဆုန်း သည် သူ၏ ဓားကို ကိုင်ထားပြီး အဖြူရောင် အဝတ်အစားများ ဝတ်ဆင်ထားသော ပိုင်ယွီ တွင်မူ သူ၏ ခါးတွင် ဓားရှည်တစ်လက် ချိတ်ဆွဲထားလေသည်။
ယခုလေးတင် တိုက်ခိုက်ထားသောကြောင့် သူတို့နှစ်ဦးစလုံးသည် စိတ်ဆိုးနေသော အမူအရာများ ရှိနေကြပြီး စကားမပြောဘဲ တစ်ယောက်ကို တစ်ယောက် ကျောခိုင်းထားကြပေ၏။
အိုးယန်သည် ထိုနှစ်ဦးကြားတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို မေးမြန်းရန် ပျင်းရိနေပြီး များသောအားဖြင့် ရင့်ကျက်ပြီး တည်ငြိမ်လေ့ရှိသော ရှောင်ပိုင် ကို ဤမျှ ဒေါသထွက်သွားစေရန် သူ၏ ဒုတိယ ဂျူနီယာညီလေး က ဘာတွေလုပ်ခဲ့သနည်း ဆိုတာကိုသာ စူးစမ်းလိုစိတ် ဖြစ်နေလေ၏။
"စီနီယာအစ်ကို အိုးယန် လာပြီ..."
"စီနီယာအစ်ကို အိုးယန်... မတွေ့ရတာ ကြာပြီနော်..."
"စီနီယာအစ်ကို အိုးယန်... နောက်မှ ဓားရေး ကစားကြရအောင်..."
"စီနီယာအစ်ကို အိုးယန်... ရက်အနည်းငယ်လောက် မတွေ့ရတာ ပိုတောင် လွမ်းလာပြီ..."
.....
သူတို့ လမ်းလျှောက်နေစဉ် အခြား တောင်ထိပ်များမှ အိုးယန်၏ အသိဟောင်း များစွာနှင့် ကြုံတွေ့ခဲ့ရလေ၏။ ရုပ်ပြစာအုပ် တစ်အုပ်ဖြင့် မိတ်ဆွေဖွဲ့ခြင်း ဟူသော သူ၏ မူဝါဒအရ အိုးယန်သည် ချင်းယွင်ဂိုဏ်း တွင် အလွန် လူကြိုက်များပေသည်။
ထို့ကြောင့် လမ်းတစ်လျှောက်တွင် အိုးယန်ကို နှုတ်ဆက်နေသော အတွင်းစည်းတပည့် များ နေရာအနှံ့ ရှိနေလေ၏။
အိုးယန်သည်လည်း လူတိုင်းကို ပြုံး၍ ပြန်လည် နှုတ်ဆက်ပြီး တစ်စုံတစ်ယောက်က သူ့ကို နောက်ပြောင်သည့်အခါ သူတို့၏ ဟာသများကို အေးအေးဆေးဆေး လိုက်လျောညီထွေ တုံ့ပြန်နိုင်ပေသည်။
သို့ရာတွင် ချင်းယွင် မဟာမြင့်မြတ်နယ်မြေ ၏ သူတော်စင် အဖြစ် ခန့်အပ်ခံထားရပြီးဖြစ်သော ချန်ချန်ရှန်း မှာမူ အာရုံစိုက်မှု သိပ်မရရှိခဲ့ချေ။ လူများက ချန်ချန်ရှန်းကို ရင်းနှီးသလို ခံစားရသော်လည်း သူ့ကို မည်သည့်နေရာတွင် မြင်တွေ့ခဲ့ဖူးသည်ကို သေချာ မမှတ်မိနိုင်ကြချေ။
မှုန်ကုပ်ကုပ် ဖြစ်နေသော လန်ချင်းဆုန်းနှင့် ပိုင်ယွီတို့အတွက်မူ သူတို့သည် ချင်းယွင်ဂိုဏ်း တွင် သူငယ်ချင်း နည်းပါးပြီး တောင်အောက်သို့ ဆင်းကာ လူမှုရေး လုပ်လေ့ မရှိသဖြင့် သူတို့ကို မှတ်မိသူ အများကြီး မရှိချေ။
လွန်ခဲ့သော နှစ်အနည်းငယ်က ဓားတစ်လက်ဖြင့် ဓားမေးမြန်းခြင်းတောင်ထိပ် တစ်ခုလုံးကို စိန်ခေါ်ခဲ့သော လူငယ်လေးကိုသာ လူတိုင်း မှတ်မိကြပြီး ၎င်းမှာ ဤနှစ်ဦးထဲမှ တစ်ဦး ဖြစ်ရမည်မှာ သေချာလှပေသည်။
အိုးယန်၏ လက်ကို ကိုင်ထားသော ဟူထူသည် သူမ၏ စီနီယာအစ်ကို ကို ပို၍ပင် လေးစားအားကျစွာ ကြည့်နေလေ၏။ သူမ၏ စီနီယာအစ်ကို သည် ချင်းယွင်ဂိုဏ်း တွင် ဤမျှ လူကြိုက်များလိမ့်မည်ဟု သူမ ဘယ်သောအခါမျှ မထင်မှတ်ထားခဲ့ချေ။
ထူထူ ရဲ့ စီနီယာအစ်ကို ပီပီပါပဲ…
ထူထူ က စီနီယာအစ်ကို ကို အချစ်ဆုံးပဲ…
ကောင်မလေး သည် မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် အိုးယန်၏ လက်ကို ကိုင်ကာ ခုန်ပေါက် လမ်းလျှောက်နေပြီး သူမ၏ လျော့ရဲရဲ ထုံးထားသော ဆံထုံးလေး နှစ်ခုမှာ ရှေ့နောက် ယိမ်းယိုင်နေလေ၏။
ချန်ချန်ရှန်း သည် လမ်းဘေးတွင် ဒယ်အိုးတစ်လုံးကို ပေါ့ပေါ့ပါးပါး တပ်ဆင်လိုက်ပေသည်။ သူက လက်ကို မြှောက်လိုက်ရာ ဓားမကြီး တစ်လက် ပေါ်လာလေ၏။ အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့သော ကြိုးကြာငှက် သည် သတ်ဖြတ်ခံရရန် အသင့်အနေအထားဖြင့် ၎င်း၏ လည်ပင်းကို စိတ်အားထက်သန်စွာ ဆန့်ထုတ်လိုက်လေသည်။
သို့ရာတွင် ၎င်းမှာ သွေးထွက်သံယို များလွန်းပြီး ထူထူ လည်း ရှိနေသဖြင့် အိုးယန်က ချန်ချန်ရှန်းကို မျက်စိဖြင့် အချက်ပြလိုက်ပေ၏။
ချန်ချန်ရှန်းက သဘောပေါက်သွားပြီး ကြိုးကြာငှက် ကို ဖမ်းဆွဲကာ အနီးရှိ တောအုပ်ထဲသို့ လျှောက်သွားလိုက်လေသည်။ သူ ပြန်လာချိန်တွင် ကြိုးကြာငှက် မှာ အိုးထဲသို့ ထည့်ရန် အသင့်အနေအထား ဖြစ်နေပြီ ဖြစ်လေ၏။
သူတို့ စားသောက်ပြီးနောက် တောင်ပေါ်သို့ တက်လာသော နောက်ဆုံး လူအုပ်စု၏ နောက်သို့ လိုက်ကာ ချင်းယွင်တောင်ထိပ် ၏ တောင်ထိပ်သို့ သွားကြလေသည်။
ပင်မခန်းမထဲတွင် တောင်ထိပ် အသီးသီးမှ တပည့်များသည် သူတို့၏ သတ်မှတ်ထားသော နေရာများအလိုက် နေရာယူထားပြီးဖြစ်ကာ လူများစွာ စုဝေးနေကြလေ၏။
အိုးယန်နှင့် သူ၏ အဖွဲ့သည် လွတ်နေသော နေရာတစ်ခုသို့ လျှောက်သွားပြီး မြေပြင်ပေါ်တွင် ထိုင်လိုက်ကြပေသည်။ လူတစ်ရာကျော် ရှိလေ့ရှိသော အခြား တောင်ထိပ်များနှင့် မတူဘဲ တောင်ထိပ်ငယ်လေး တွင် စုစုပေါင်း လူခြောက်ယောက်သာ ရှိသဖြင့် သူတို့ ထိုင်လိုက်ချိန်တွင် သိသိသာသာ ဟာလာဟင်းလင်း ဖြစ်နေပုံ ရပေသည်။
ရှေးဟောင်း ခေါင်းလောင်းသံ သုံးချက် ထပ်မံ မြည်ဟည်းလာပြီး တုန်းရွှီကျစ် နှင့် ထိုက်အာ တို့ ပင်မခန်းမထဲမှ ထွက်လာကြလေ၏။
တုန်းရွှီကျစ် ၏ ခန္ဓာကိုယ်သည် တာအို ရေစီးကြောင်းများဖြင့် ဖုံးလွှမ်းနေပြီး သူ၏ ခေါင်းအနောက်တွင် ရောင်စုံ အလင်းဝန်းတစ်ခု ရှိနေပေသည်။ သူသည် သူ၏ ရင်ဘတ်တွင် သားမြီးယပ် တစ်ချောင်းကို ကိုင်ထားပြီး သူ၏ လှုပ်ရှားမှုတိုင်းသည် ဉာဏ်အလင်းပွင့်ပြီးသော အင်မော်တယ် တစ်ပါးနှင့် တူနေလေ၏။
စူးရှသော ဓားစိတ်ဆန္ဒ ဖြင့် ဖုံးလွှမ်းနေသော ဓားဂိုဏ်းချုပ် ထိုက်အာ သည် ထိုနေရာတွင် ဓားတစ်လက်ကဲ့သို့ ရပ်နေပေသည်။ သူ၏ တည်ရှိမှုတစ်ခုတည်းကပင် လူအများ သူ့ကို မကြည့်ရဲအောင် ပြုလုပ်နိုင်သော စူးရှမှုတစ်ခုကို ထုတ်လွှတ်နေလေ၏။
တုန်းရွှီကျစ် သည် ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်ပြီး တိုးညှင်းစွာ ပြောဆိုလိုက်သော်လည်း သူ၏ အသံမှာ လူတိုင်း၏ နားထဲသို့ ရောက်ရှိသွားပေသည်။
"ဒီနေ့ ငါတို့ ဂိုဏ်းက တပည့်တွေကို စုဝေးစေခဲ့တာက ရည်ရွယ်ချက် တစ်ခုတည်း အတွက်ပဲ... အဲဒါကတော့ ကောင်းကင်ယံမှာ ပေါ်လာတဲ့ အင်မော်တယ် လျှို့ဝှက်နယ်မြေ ပဲ... လျှို့ဝှက်နယ်မြေ ထဲမှာ ကြီးမားတဲ့ အခွင့်အရေး တွေနဲ့ ကြီးမားတဲ့ ကောင်းချီးတွေ ရှိပေမယ့် ကြီးမားတဲ့ ကြောက်ရွံ့စေမှုနဲ့ ကြီးမားတဲ့ အန္တရာယ်တွေလည်း ရှိတယ်... ဒါက ဓားဂိုဏ်းချုပ် ထိုက်အာ ပဲ... ငါ ဓားဂိုဏ်းချုပ် နဲ့ ဆွေးနွေးပြီးပြီ... ငါတို့ ချင်းယွင်ဂိုဏ်း နဲ့ ဓားဂိုဏ်း က ကမ္ဘာပေါ်က လေလွင့်ကျင့်ကြံသူ တွေနဲ့အတူ အင်မော်တယ် လျှို့ဝှက်နယ်မြေ ကို စူးစမ်းလေ့လာဖို့ တစ်ဂိုဏ်းကို လူသုံးယောက်စီ စေလွှတ်မယ်..."
တုန်းရွှီကျစ် စကားပြောပြီးနောက် သူက တောင်ထိပ်ငယ်လေး ဘက်သို့ တစ်ချက်ကြည့်ကာ ထပ်မံ ပြောဆိုလိုက်လေ၏။
"ငါတို့ ချင်းယွင်ဂိုဏ်း က ချင်းယွင် မဟာမြင့်မြတ်နယ်မြေ ရဲ့ သူတော်စင် ချန်ချန်ရှန်း၊ တောင်ထိပ်ငယ်လေး ရဲ့ အကြီးဆုံး တပည့် အိုးယန် နဲ့ တောင်ထိပ်ငယ်လေး ရဲ့ ဒုတိယ တပည့် လန်ချင်းဆုန်း တို့ကို စေလွှတ်မယ်..."
ခန်းမ တစ်ခုလုံး ဆူညံသွားလေတော့၏။
ဤ အင်မော်တယ် လျှို့ဝှက်နယ်မြေ ဖွင့်လှစ်ခြင်းသည် ကြီးမားသော အခွင့်အရေး များကို သေချာပေါက် ယူဆောင်လာမည်ကို လူတိုင်း သိထားကြပေသည်။
ဤသည်က တပည့်များ အားလုံးကို စိတ်အားထက်သန်စေခဲ့ပြီး သူတို့၏ ဖန်တီးခံ ဇာတ်လိုက် ၏ ကံကြမ္မာ ဖြင့် အင်မော်တယ် လျှို့ဝှက်နယ်မြေ ၏ ရတနာများကို ဝေစုရယူလိုကြသော်လည်း ဂိုဏ်းချုပ် ၏ စကားများက သူတို့၏ နှလုံးသားများကို အေးခဲသွားစေခဲ့လေ၏။
သူတို့ ဘာလို့ သွားခွင့်မရတာလဲ။
တောင်ထိပ်ငယ်လေး က ဘာလို့ နေရာသုံးနေရာလုံးကို ယူသွားရတာလဲ။
သူတို့ နေရာသုံးနေရာလုံးကို ယူသွားရင်တောင်မှ အဖွဲ့အစည်း မရှိတဲ့ အဲဒီ လေလွင့်ကျင့်ကြံသူ တွေက ဝင်ခွင့်ရပြီး လေလွင့်ကျင့်ကြံသူ တွေထက် ပါရမီ အများကြီး သာလွန်တဲ့ သူတို့ကျတော့ ဘာလို့ သွားခွင့် ပိတ်ပင်ခံရတာလဲ။
တုန်းရွှီကျစ် ၏ ဆုံးဖြတ်ချက်က လူတိုင်းကို ဒေါသထွက်စေခဲ့ပြီး ဂိုဏ်းချုပ် က သူတို့၏ အခွင့်အရေး များကို ရိုးရိုးရှင်းရှင်းပင် ရုပ်သိမ်းနေသည်ဟုပင် ခံစားလာရလေ၏။
အောက်ဘက်ရှိ ပင်မခန်းမမှာ ရှုပ်ထွေးဆူညံနေပြီး တောင်ထိပ် အသီးသီးမှ တောင်ထိပ်သခင် များကလည်း သူတို့ကို မတားဆီးခဲ့ကြချေ။ သူတို့ကိုယ်တိုင်လည်း ဂိုဏ်းချုပ် ၏ ဆုံးဖြတ်ချက်အပေါ် မကျေမနပ် ဖြစ်နေကြပေသည်။
"တိတ်တိတ်နေကြစမ်း..." တုန်းရွှီကျစ် က တိုးညှင်းစွာ အော်ဟစ်လိုက်ရာ ခန်းမ တစ်ခုလုံး တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားလေ၏။
"အခု ဓားဂိုဏ်းချုပ် ထိုက်အာ ကို ဘာလို့ ဒီဆုံးဖြတ်ချက် ချခဲ့ရလဲ ဆိုတာ ရှင်းပြပေးဖို့ ဖိတ်ခေါ်ပါတယ်..."
ဆုံးဖြတ်ချက်သည် ချင်းယွင်ဂိုဏ်း တစ်ခုလုံးတွင် မကျေနပ်မှုများ သေချာပေါက် ဖြစ်ပေါ်စေမည်ကို တုန်းရွှီကျစ် သိထားသဖြင့် သူက ထိုက်အာ ကို ရှေ့သို့ တွန်းပို့လိုက်လေသည်။
ဓားဂိုဏ်းချုပ် ထိုက်အာ သည် ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်ရာ ကြီးမားလှသော ဓားစိတ်ဆန္ဒ တစ်ခုက အောက်ဘက်ရှိ ရင်ပြင်ဆီသို့ ချက်ချင်း လှိုင်းလုံးများကဲ့သို့ ရိုက်ခတ်သွားပေ၏။
ကောင်းကင်ဘုံ၏ စွမ်းအားကဲ့သို့သော ဤ ဓားဂိုဏ်းချုပ် ၏ ဓားစိတ်ဆန္ဒ အောက်တွင် အောက်ဘက်ရှိ တပည့်များ အကြောင်း ပြောစရာမလိုဘဲ တောင်ထိပ် အသီးသီးမှ တောင်ထိပ်သခင် များပင်လျှင် သူတို့၏ နှလုံးသားများ တစ်ချက် တုန်ခါသွားသည်ကို မခံစားဘဲ မနေနိုင်ကြချေ။
သူတို့ တစ်ယောက်ချင်းစီသည် ခံနိုင်ရည်ရှိရန် ရုန်းကန်နေကြရပေသည်။
ထိုက်အာ က ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီးနောက် လှောင်ပြောင်ကာ ပြောဆိုလိုက်လေ၏။
"ရှင်းပြရမယ် ဟုတ်လား... မင်းတို့က နားထောင်ဖို့တောင် ထိုက်တန်လို့လား..."
ဤကမ္ဘာပေါ်ရှိ ဓားကျင့်ကြံသူ များသည် အမြဲတမ်း ဤကဲ့သို့ပင် ဖြစ်လေ၏။ သူတို့သည် အကြောင်းပြချက် မပေးကြချေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ လက်ထဲရှိ ဓား သည် အကြောင်းပြချက် ဖြစ်သောကြောင့်ပင်။