← Chapters

အခန်း (၁၇၁)

Vol. 18 Ch. 171

အခန်း (၁၇၁)

Vol. 18 Ch. 171

ကျင်းယန်မြို့။

ချင်တပ်စခန်းတွင် ကျောက်ဖုန်းက သူ၏ သံနက်လေးပေါ်တွင် မြားခြောက်စင်းကို တင်၍ ရပ်နေသည်။ သူ၏ ကြီးမားသော စွမ်းအားဖြင့် လေးကြိုးကို လဝန်းသဏ္ဍန်ဖြစ်အောင် ချက်ချင်း ဆွဲလိုက်သည်။

သံနက်လေးက တုန်ခါသွားပြီး မြားခြောက်စင်းက လျှပ်စီးတန်းများကဲ့သို့ လေထိုု ထိုးဖောက်သွားသည်။ တစ်ချိန်တည်းတွင် ပစ်မှတ်ခြောက်ခုလုံး၏ အလယ်ဗဟိုများသို့ ထိုးဖောက်ခြင်းခံလိုက်ရသည်။

" အရှင်ရဲ့ လေးပညာက တကယ်လေးစားစရာပဲ။ " တုဆွေက ပြုံး၍ ပြောလိုက်သည်။ " မြားခြောက်စင်း တစ်ပြိုင်တည်း ပစ်တာတောင် တစ်စင်းမှမလွဲဘူး။ "

" မှန်တယ်။ " ကျန်းဟန်က ပြုံး၍ ထောက်ခံလိုက်သည်။ " အရှင်ရဲ့ မြားခြောက်စင်းနဲ့ယှဉ်ရင် ကျွန်တော် အကောင်းဆုံး ပစ်နိုင်တာ နှစ်စင်းပြိုင်ပဲရှိတယ်။ "

" မင်းတို့ ရှန်ထျန်းအဆင့်ကို တက်လှမ်းနိုင်ရင် မင်းတို့ရဲ့ အတွင်းအားက အစစ်အမှန်ချီအဖြစ် ပြောင်းလဲသွားလိမ့်မယ်။ အဲ့ဒီအခါကျရင် မင်းတို့ရဲ့ စွမ်းအားက ဒီထက်ပိုပြီး သန်မာလာလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အရှင် ကျွန်တော် ဟောက်ထျန်းအဆင့်ရဲ့ အဆင့်ခုနှစ်ကို ရောက်နေပြီ။ ရှန်ထျန်းအဆင့်နဲ့ သိပ်မဝေးတော့ဘူး။ " ကျန်းဟန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

" ဆက်ပြီး ကျင့်ကြံကြ။ ဟောက်ထျန်းအဆင့်က သိုင်းပညာရဲ့ အစပျိုးရုံသက်သက်ပဲရှိသေးတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" ငါတို့ ကျောက်နိုင်ငံကို အမြစ်ပြတ်မချေမှုန်းခင်မှာ အထွတ်အထိပ် ရောက်အောင် ကြိုးစားပါ။ အဲ့ဒီအချိန်ကျရင် ရှန်ထျန်းအဆင့်ကို တက်လှမ်းနိုင်အောင် ငါကူညီပေးမယ်။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် အရှင်။ " အားလုံးက စိတ်လှုပ်ရှားစွာ ပြောလိုက်ကြသည်။

" လန်ထျန်းစခန်းက အခြားပင်မစစ်တပ်နှစ်ခုက ကျင်းယန်မြို့ကို စတိုက်တာ အခုဆိုရင် နှစ်ပတ်နီးပါးရှိပြီ။ ဒါတောင် မြို့ကို မထိုးဖောက်နိုင်သေးဘူး။ " တုဆွေက မကျေမနပ်ဖြင့် ပြောလိုက်သည်။ " တကယ်လို့ အရှင်သာတိုက်ရင် မြို့က ကျဆုံးနေတာကြာပြီ။ "

ချင်စစ်တပ်က နေ့စဉ်မပြတ် တိုက်ခိုက်နေသော်လည်း ကျင်းယန်မြို့၏ ခံစစ်က ခိုင်မာနေဆဲ ဖြစ်ပြီး ပျက်စီးခြင်းမရှိသေးပေ။ ထိုအချက်က တုဆွေနှင့် အခြားသူများကို တိုက်ခိုက်လိုစိတ် ဖြစ်ပေါ်စေသည်။ အကယ်၍ သူတို့သာဆိုလျှင် မြို့ကို သိမ်းပိုက်ပြီး ဖြစ်လိမ့်မည်။ ၎င်းမှာ သူတို့၏ အရှင်အပေါ် ထားရှိသည့် ယုံကြည်ချက်ပင်ဖြစ်သည်။

သူတို့က ကျောက်ဖုန်းနောက်သို့ လိုက်၍ တိုက်ပွဲဝင်တိုင်း သူတို့၏ ယုံကြည်မှုနှင့် စိတ်ဓာတ်များ မြင့်တက်လာပြီး သူတို့၏ တိုက်ခိုက်ရေးစွမ်းအားများပင်လျှင် တိုးလာသကဲ့သို့ ခံသားလိုက်ရသည်။ သူတို့က ထိုခံစားချက်ကို စကားလုံးဖြင့် ဖော်ပြရန် ခက်ခဲသော်လည်း ၎င်းမှာ ငြင်းမရအောင်ပင် အစစ်အမှန် ဖြစ်သည်။

" တကယ်လို့ ငါတို့သာ အခု ကျင်းယန်မြို့ကို သိမ်းပိုက်တဲ့ စွမ်းဆောင်မှုအားလုံးကို လုယူလိုက်မယ်ဆိုရင် လန်ထျန်းစခန်းက စစ်သူကြီးအားလုံးက ငါတို့ကို ပစ်မှတ်ထားလာလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

တုဆွေနှင့် အခြားသူများက ခဏစဉ်းစားပြီးနောက် နားလည်သွားကြသည်။

" ချင်ရဲ့ စစ်ရေးစွမ်းဆောင်မှုစနစ်ဆိုတာ စစ်မြေပြင်က အောင်မြင်မှုတွေအတွက် ယှဉ်ပြိုင်ကြတာပဲ။ ဒါကြောင့် စိတ်လောနေဖို့ မလိုဘူး။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " ကျောက်နိုင်ငံရဲ့ နယ်မြေက ကျယ်ပြောတယ်။ ဒါကို ဖျက်ဆီးဖို့ အချိန်အများကြီး ယူရလိမ့်မယ်။ ကျင်းယန်မြို့ကိုတော့ သူတို့ကိုပဲ ပေးလိုက်ကြတာပေါ့။ ဒါပေမယ့် အဲ့ဒီနောက်ပိုက်းလာမယ့် စစ်ရေးစွမ်းဆောင်မှုတွေကတော့ ဘယ်သူကပိုပြီး သန်မာလဲဆိုတာအပေါ် မူတည်လိမ့်မယ်။ "

" အစီရင်ခံပါတယ်။ " ကျန်းမင်က လျင်မြန်စွာ လျှောက်လာပြီး ပြောလိုက်သည်။ " ကျင်းယန်မြို့ ကျရှုံးသွားပါပြီ။ စစ်သေနာပတိချုပ်က အစီအစဉ်တွေကို ဆွေးနွေးဖို့ စစ်သူကြီးကို ခေါ်ခိုင်းလိုက်ပါတယ်။ "

" စစ်တပ်တစ်ခုလုံးကို တိုက်ပွဲအတွက် ပြင်ဆင်ထားဖို့ အမိန့်ပေးလိုက်။ " ကျောက်ဖုန်းက သူ၏ တပ်မှူများကို အမိန့်လိုက်သည်။ " ငါတို့ တိုက်ပွဲဝင်ရမယ့် အချိန်ရောက်လာပြီ။ "

" နားလည်ပါပြီ။ " တုဆွေနှင့် အခြားသူများက ချက်ချင်း ပြောလိုက်ကြသည်။

တစ်ချိန်တည်းတွင် ကျောက်ဖုန်းက သူ၏ ကိုယ်ရံတော်များနှင့်အတူ စစ်သေနာပတိချုပ်၏ တဲနန်းဆီသို့ ဦးတည်သွားခဲ့သည်။

အတွင်း၌ ပင်မစစ်သူကြီးနှစ်ယောက်ဖြစ်သော ဝမ်ပင်းနှင့် ယန်တွမ်ဟီတို့က စောင့်နေကြသည်။ သူတို့အပေါ်တွင် ကပ်ငြိနေသော လူသတ်ငွေ့များကို ကြည့်ခြင်းဖြင့် သူတို့က စစ်မြေပြင်မှ ပြန်ရောက်လာသည်မှာ မကြာသေးကြောင်း ထင်ရှားသည်။

" စစ်သေနာပတိချုပ် " ကျောက်ဖုန်းက အရိုအသေပေးလိုက်သည်။

" အင်း " ဝမ်ကျန့်က လက်ဝှေ့ရမ်းပြလိုက်သည်။

" စစ်သူကြီးကျောက် " ဝမ်ပင်းနှင့် ယန်တွမ်ဟီတို့က လက်သီးလက်ဝါးဆုပ်ပြီး ကျောက်ဖုန်းကို နှုတ်ဆက်လိုက်ကြသည်။

" ကျင်းယန်မြို့ကို သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် စစ်သူကြီးတို့ကို ဂုဏ်ပြုပါတယ်။ ရလဒ်က ဘယ်လိုရှိလဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ကျင်းယန်မြို့ကို ဝမ်ပင်းနှင့် ယန်တွမ်ဟီတို့၏ ပူးပေါင်းမှုဖြင့် သိမ်းပိုက်ခဲ့ပြီး သူတို့၏ မြို့တံခါးတစ်ခုစီကို အသီးသီး တိုက်ခိုက်ခဲ့ကြသည်။ ထို့ကြောင့် မြို့ရိုးကို ထိုးဖောက်နိုင်သည့် စွမ်းဆောင်မှုက သူတို့နှစ်ယောက်လုံးနှင့် သက်ဆိုင်သည်။

" ငါတို့ရဲ့ စစ်သည်တွေက မြို့ထဲမှာ တိုက်ခိုက်နေတုန်းပဲ။ ဒါပေမယ့် ကျောက်တပ်ဖွဲ့တွေကတော့ ပြိုကွဲသွားပါပြီ။ " ယန်တွမ်ဟီက ပြုံး၍ ပြောလိုက်သည်။

" ကျင်းယန်မြို့ရဲ့ ခံစစ်က ခိုင်မာနေတော့ ဒီယန်ကျူးဆိုတဲ့လူက အံ့ဩစရာကောင်းတဲ့ စစ်သူကြီးတစ်ယောက် ဖြစ်လိမ့်မယ်လို့ ငါတို့ ထင်ထားခဲ့တာ။ ဒါပေမယ့် မြို့ရိုးကို ထိုးဖောက်လိုက်တာနဲ့ ကျောက်တပ်ဖွဲ့က ပြိုကွဲသွားပြီး ယန်ကျူးကလည်း သူ့လူတွေနဲ့ ထွက်ပြေးသွားခဲ့တယ်။ အဲ့ဒီလူက ကြီးကျယ်တဲ့ စစ်ဗျူဟာရှင်တစ်ယောက် မဟုတ်ပါဘူး။ " ဝမ်ပင်းက အထင်သေးသော အမူအရာနှင့် ပြောလိုက်သည်။

" ကျောက်မှာ ဒီလိုစစ်သူကြီးတွေ ရှိနေတာက ချင်အတွက် ကောင်းချီးတစ်ခုပါပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ပြောတာကောင်းတယ်။ " ဝမ်ကျန့်က ရယ်မောလိုက်သည်။ " တကယ်လို့ ကျောက်နိုင်ငံရဲ့ စစ်သူကြီးတွေအားလုံးက ဒီလိုမျိုးဆိုရင် ငါတို့ရဲ့ သိမ်းပိုက်မှုက တကယ်ရိုးရှင်းသွားမှာပဲ။ "

" စစ်သေနာပတိချုပ် ကျွန်တော်ကို ခေါ်လိုက်တယ်ဆိုတော့ စစ်ရေးကိစ္စအတွက် ထင်တယ်။ " ကျောက်ဖုန်းက အချိန်မဖြုန်းဘဲ ပြောလိုက်သည်။

" စစ်ရေးကိစ္စတွေအပြင် မင်းနဲ့ပက်သက်တဲ့ သတင်းကောင်းတစ်ခုရှိတယ်။ " ဝမ်ကျန့်က ပြုံးပြီး ပြောလိုက်သည်။

" တော်ဝင်သံတမန်ကို ဝင်ခွင့်ပြုစေ။ " ကိုယ်ရံတော်တပ်မှူးက အော်ပြောလိုက်သည်။

ခဏကြာသောအခါ တော်ဝင်အစောင့်တပ်ဖွဲ့တစ်ခုက ဝင်လာကြပြီး တစ်ဦးချင်းစီက ချပ်ဝတ်များဝတ်ဆင်ပြီး ဓားများကို ကိုင်ဆောင်ထားကြသည်။ ထိုတပ်ဖွဲ့ကို မြင်သောအခါ ကျောက်ဖုန်းက အနည်းငယ် အံ့အားသင့်သွားသည်။

" အရင်တုန်းက ငါ တော်ဝင်အမိန့်တွေ လက်ခံဖူးပါတယ်။ ဒီနေ့က ဘာလို့မတူတာပဲ။ တော်ဝင်အစောင့်တပ်ဖွဲ့က ဘာလို့စခန်းထဲကို ဝင်လာကြတာလဲ။ "

တော်ဝင်အစောင့်နှစ်ယောက်က တဲ၏ အဝင်လိုက်ကာကို ဖယ်ရှားလိုက်ကြသည်။ ခန့်ညားသော ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က အတွင်းသို့ ဝင်လာသည်။ သူ၏ နောက်တွင် ကျောက်ဖုန်း ရင်းနှီးသော လူတစ်ယောက်က လိုက်ပါလာသည်။

" မင်းသားနဲ့ တော်ဝင်သံတမန်ဟန်ဖေးကို ဂါရဝပြုပါတယ်။ " ဝမ်ကျန့်က ဦးညွှတ်လိုက်သည်။ ဖုစုနှင့် ဟန်ဖေးတို့က ဝမ်ကျန့်ထက် နိမ့်ကျသော်လည်း သူ၏ ဦးညွှတ်မှုက တော်ဝင်သံတမန်ကို ကြိုဆိုခြင်းဖြစ်သည်။

" ဖုစုပေါ့။ သူက သမိုင်းမှတ်တမ်းတွေနဲ့ ကိုက်ညီပုံရတယ်။ ခန့်ညားတယ်၊ သိမ်မွေ့တယ်။ ပြီးတော့ ယဉ်ကျေးတယ်။ သူက ကွန်ဖြူရှပ်ဝါဒရဲ့ ဦးနှောက်ဆေးတာခံထားရတာ နှမြောစရာပဲ။ " ကျောက်ဖုန်းက လူငယ်ကို ကြည့်ပြီး တွေးလိုက်သည်။

"စစ်သေနာပတိချုပ် ဒီလောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး။ " ဖုစုက ပြုံးပြီး ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် အရှင်သား။ " ဝမ်ကျန့်က ပြန်ပြောလိုက်သည်။

" စစ်သူကြီးကျောက်က ဘယ်သူလဲမသိဘူး။ " ဖုစုက ရှေ့တိုးပြီး ပြောလိုက်သည်။ သို့သော် သူက အခန်းထဲသို့ ဝေ့ကြည့်လိုက်ပြီး သူ၏ အကြည့်က ကျောက်ဖုန်းပေါ်တွင် ရပ်တန့်သွားသည်။ ကျောက်ဖုန်းက ငယ်ရွယ်ပြီး တစ်ချက်ကြည့်ရုံနှင့် သိနိုင်လေသည်။

" ဒါက စစ်သူကြီးကျောက်ပါ။ " ဝမ်ကျန့်က ကျောက်ဖုန်းကို ညွှန်ပြပြီး ပြောလိုက်သည်။

" အရှင်သားကို နှုတ်ဆက်ပါတယ်။ " ကျောက်ဖုန်းက ရှေ့တိုးလာပြီး ပြောလိုက်သည်။

ဖုစုက ချင်ဘုရင်၏ သားတော်ဖြစ်သော်လည်း ကျောက်ဖုန်းက ကြောက်ရွံ့ခြင်းမရှိပေ။ မန်ကျားက သူ့အား ဝမ်ယန်နှင့် ဝေးဝေးနေရန် ခြိမ်းခြောက်ခဲ့သည်ကို သူကပြန်သတိရလိုက်သည်။ ၎င်းက ကျောက်ဖုန်းကို ဒေါသထွက်စေခဲ့ပြီး ဖုစုအပေါ်လည်း မကျေမနပ်ဖြစ်သွားခဲ့သည်။

၎င်းမှာ ထုစု၏ တိုက်ရိုက်အမိန့်မဟုတ်သော်လည်း သူ၏ လက်အောက်ငယ်သားက သူ၏ နာမည်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ကျောက်ဖုန်းက ရန်ငြိုးကို လွယ်လွယ်နှင့် လက်လွှတ်တတ်သူမဟုတ်ပေ။

ကျောက်ဖုန်း၏ အေးစက်သော အမူအရာကို မြင်သော်လည်း ဖုစုက ဒေါသထွက်ခြင်းမရှိပေ။ သူက ပြုံး၍ ပြောလိုက်သည်။ " ရှန်းယန်မှာရှိနေတုန်းက စစ်သူကြီးကျောက်ရဲ့ ကျော်ကြားတဲ့နာမည်ကို ကြာခဏ ကြားဖူးပါတယ်။ "

" ကျုပ်က သာမန်စစ်သူကြီးတစ်ယောက်ပါ။ အရှင်သား ချီးကျူးလွန်နေပါပြီ။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

ထိုစကားကြောင့် ဖုစုက ပြောစရာစကားမရှိတော့ပေ။ သူကိုယ်တိုင် လာရောက်တွေ့ဆုံသော်လည်း ကျောက်ဖုန်းက စိတ်ဝင်စားမှု အနည်းငယ်မျှ မပြခဲ့ပေ။

၎င်းကို မြင်သောအခါ ဝမ်ကျန့်က ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။ သူက ချက်ချင်း ကြားဝင်ပြောလိုက်သည်။ " အရှင်သားက တော်ဝင်အမိန့်တော်ကို လာရောက်ပို့ဆောင်တာလား။ "

" မှန်ပါတယ်။ " ဖုစုက ခေါင်းညိမ့်ပြီး သူ၏ ဝတ်ရုံအတွင်းမှ တော်ဝင်အမိန့်တော်ကို ထုတ်ယူလိုက်သည်။

" အရှင်မင်းကြီးရဲ့ အမိန့်တော်။ "

တော်ဝင်အမိန့်တော်ကို မြင်လျှင် အခန်းအတွင်းရှိ လူအားလုံးက ရိုသေစွာ ဦးညွှတ်လိုက်သည်။ အမိန့်တော်ကို မြင်တွေ့ရခြင်းက ချင်ဘုရင်ကိုယ်တိုင် ရောက်ရှိနေခြင်းနှင့် တူညီလေသည်။

All Chapters