အခန်း (၁၇၂)
Vol. 18 Ch. 172
" တော်ဝင်အမိန့်တော် ချင်နိုင်ငံရဲ့ စစ်သူကြီး ကျောက်ဖုန်းက ချင်နိုင်ငံအတွက် မြို့ပေါင်းများစွာကို သိမ်းပိုက်ခဲ့ပြီး ယင်ချွမ်းနဲ့ ကျောက်နိုင်ငံကြား လမ်းကြောင်းကို ဖွင့်ပေးခဲ့တယ်။ ဒါက ကြီးမားတဲ့ စွမ်းဆောင်မှုပဲ။ ကျောက်နိုင်ငံကို ဝင်ရောက်ပြီးတဲ့နောက်မှာ သူက စစ်သေနာပတိချုပ်လျန်ပိုကို ကွပ်မျက်နိုင်ခဲ့တယ်။ ဒါကလည်း ကြီးမားတဲ့ စွမ်းဆောင်မှုတစ်ခုပဲ။ "
" ဒီစွမ်းဆောင်မှုနှစ်ခုအတွက် သူ့ကို ဘွဲ့ထူးနှစ်ဆင့် တိုးမြှင့်ပေးပြီး ယောင်ကန်းအဖြစ် ချီးမြှင့်လိုက်တယ်။ စစ်သူကြီးကျောက်ဖုန်းရဲ့ လက်အောက်က စစ်သည်အားလုံးကိုလည်း စွမ်းဆောင်မှုအလိုက် ရာထူးဘွဲ့ထူးတွေ တိုးမြှင့်ပေးရမယ်။ စစ်သူကြီးကျောက်ဖုန်း အမိန့်ကို လက်ခံပါ။ "
" ကျွန်တော်မျိုး အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက အမိန့်တော်ကို လက်ခံလိုက်သည်။
" စစ်သူကြီးကျောက်က ချင်အတွက် နောက်ထပ် အောင်မြင်မှုတွေ ထပ်ယူပေးနိုင်ဖို့ မျှော်လင့်ပါတယ်လို့ အရှင်မင်းကြီးက မိန့်ကြားလိုက်တယ်။ အရှင်မင်းကြီးက ရှန်းယန်မှာ စစ်သူကြီးကျောက်နဲ့ တွေ့ဆုံမယ့်နေ့ကို မျှော်လင့်နေပါတယ်။ " ဖုစုက ပြုံး၍ ပြောလိုက်သည်။
" အရှင်မင်းကြီးရဲ့ စကားကို မှတ်သားထားပါမယ်။ " ကျောက်ဖုန်းက ပြန်ဖြေလိုက်သည်။
" အရှင်မင်းကြီးက ငါ့နဲ့အတူ သတင်းစကားတစ်ခုလည်း ထည့်ပေးလိုက်တယ်။ " ဟန်ဖေးက ပြုံး၍ ပြောလိုက်သည်။ " စစ်သူကြီးကျောက်ရဲ့ စွမ်းဆောင်မှုတွေက ထူးခြားလို့ လိုချင်တာရှိရင် တောင်းဆိုနိုင်တယ်လို့ မိန့်ကြားခဲ့တယ်။ တကယ်လို့ အရှင်မင်းကြီးသာ တတ်နိုင်ရင် အဲ့ဒါကို သေချာပေါက် ပေးလိမ့်မယ်။ "
" တကယ်လား။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားသွားသည်။
" အရှင်မင်းကြီးရဲ့ စကားက သေချာပေါက် မှန်ကန်တာပေါ့။ " ဟန်ဖေးက ပြုံး၍ ပြောလိုက်သည်။
" ဒါဆို ကျုပ်နဲ့ စစ်သေနာပတိချုပ်ရဲ့ သမီးတို့ရဲ့ လက်ထပ်ပွဲကို ခွင့်ပြုပေးဖို့ အရှင်မင်းကြီးကို တောင်းဆိုချင်ပါတယ်။ " ကျောက်ဖုန်းက တွန့်ဆုတ်မနေဘဲ ပြောလိုက်သည်။
ဝမ်ယန်က သူ့အတွက် သားတစ်ယောက် သမီးတစ်ယောက် မွေးထားပေးပြီဖြစ်ပြီး တရားဝင်လက်မထပ်ရသေးဘဲ ကရှေိနေခြင်းက မသင့်တော်လှပေ။ အကယ်၍ သူတို့၏ လက်ထပ်မှုကို တော်ဝင်အမိန့်ဖြင့် ခွင့်ပြုခဲ့လျှင် အရာအားလုံး ပြောင်းလဲသွားပေလိမ့်မည်။
ဝမ်ယန်က ကြီးမားသော ဂုဏ်သိက္ခာကို ရရှိပေလိမ့်မည်။ ၎င်းမှာ ကျောက်ဖုန်းက သူမအတွက် လိုလားတောင့်တနေသော အရာဖြစ်သည်။
၎င်းကို ကြားသောအခါ ဟန်ဖေးက ရယ်လိုက်သည်။ ဝမ်ကျန့်က ပြုံးလိူက်ပြီး ထိုအပြုံးက ဖခင်တစ်ယောက်၏ ကျေနပ်အားရနေသောအပြုံးဖြစ်သည်။
" စစ်သူကြီးကျောက် မင်း တခြားအရာတစ်ခုကို တောင်းဆိုနိုင်ပါတယ်။ " ဟန်ဖေးက ပြုံး၍ ပြောလိုက်သည်။
" ဘာဖြစ်လို့လဲ။ " ကျောက်ဖုန်းက မျက်မှောင်ကြုတ်သွားသည်။
" လက်ထပ်ပွဲနဲ့ ပက်သက်ပြီး အရှင်မင်းကြီးက စစ်သေနာပတိချုပ်ဝမ်ကျန့်ကို ကတိပေးပြီးသားပါ။ အရှင်မင်းကြီးက စစ်သူကြီးကျောက် ကျောက်နိုင်ငံကို ချေမှုန်းပြီးတဲ့အထိ စောင့်နေတာပါ။ အဲ့ဒီနောက်မှာ စစ်သူကြီးကျောက်တို့ရဲ့ လက်ထပ်ပွဲကို ခွင့်ပြုပေးမှာပါ။ " ဟန်ဖေးက ပြုံး၍ ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ကျောက်ဖုန်းက ဝမ်ကျန့်ကို ကြည့်လိုက်ပြီး စိတ်လှုပ်ရှားသွားသည်။ ခဏကြာသောအခါ သူက ခေါင်းညိမ့်လိုက်သည်။ " နားလည်ပါပြီ။ "
" စစ်သူကြီးကျောက်အနေနဲ့ တခြားဘာများတောင့်ဆိုချင်သေးလဲ။ " ဟန်ဖေးက မေးလိုက်သည်။
" တကယ်လို့ ဘာမဆိုတောင်းဆိုလို့ရတယ်ဆိုရင်... "ကျောက်ဖုန်း၏ မျက်လုံးများက တောက်ပသွားပြီး ပြုံးလိုက်သည်။ "ကျုပ်က ချင်နိုင်ငံရဲ့ နှစ်တစ်ထောင်သွေးဂျင်ဆင်းကို လိုချင်ပါတယ်။ "
ထိုစကားများကြောင့် ဖုစု၊ ဝမ်ကျန့်နှင့် ဟန်ဖေးတို့အားလုံးက အံ့အားသင့်သွားကြသည်။
" ချင်နိုင်ငံရဲ့ ဘဏ္ဍာတိုက်ထဲမှာ သွေးဂျင်ဆင်းဆိုတာ တန်ဖိုးအကြီးဆုံး ရတနာတွေထဲက တစ်ခုပဲ။ အဲ့ဒါက သေခါနီးလူတစ်ယောက်ကိုတောင် အသက်ပြန်ရှင်စေနိုင်တယ်လို့ ပြောကြတယ်။ "ဟန်ဖေးက ပြောလိုက်သည်။ " စစ်သူကြီးကျောက်ရဲ့ တောင်းဆိုမှုက တကယ်ရဲတင်းတာပဲ။ "
" မင်းက သွေးဂျင်ဆင်းကို ဘာအတွက်သုံးချင်တာလဲ။ " ဝမ်ကျန့်က သိလိုစိတ်နှင့် မေးလိုက်သည်။
" ကျွန်တော်ရဲ့ အမေက ကျွန်တော်နဲ့ ကျွန်တော်ညီမကို မွေးဖွားပြီးချိန်မှာ အသက်စွမ်းအားတွေ အများကြီးဆုံးရှုံးခဲ့ရပြီး အဲ့ဒီချိန်ကတည်းက ဖျားနာနေခဲ့တယ်။ ကျွန်တော်က အမေကျန်းမာရေး ပြန်ကောင်းလာဖို့အတွက် အဲ့ဒီသွေးဂျင်ဆင်းကို အသုံးပြုချင်လို့ပါ။ "
ကျောက်ဖုန်းက အခွင့်အရေးတစ်ခုကို မြင်သောကြောင့် စမ်းသပ်လိုက်ခြင်းသာဖြစ်သည်။ သူ၏ ကိုယ်ပိုင်ခွန်းအားတိုးတက်လာသည်နှင့်အမျှ သူ၏ မိခင် ကျန်းမာရေးအား မည်သို့ပြုစုရမည်ကို စိတ်ကူးရှိပြီးသားဖြစ်သည်။ သို့သော် သွေးဂျင်ဆင်း၏ အာနိသင်က ပိုမိုကောင်းမွန်သည်မှာ အမှန်ပင်ဖြစ်သည်။
" စစ်သူကြီးကျောက်က မိခင်အတွက် သွေးဂျင်ဆင်းကို လိုချင်တာပဲ။ ကျုပ်ရှန်းယန်ကို ပြန်ရောက်တဲ့အခါ ဒါကို အရှင်မင်းကြီးဆီ အစီရင်ခံပေးပါမယ်။ " ဟန်ဖေးက ပြုံး၍ ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။
" စစ်သူကြီးကျောက် ငါမင်းနဲ့ သီးသန့် စကားပြောလို့ရမလား။ " ဖုစုက ကျောက်ဖုန်းကို ကြည့်ပြီး ရုတ်တရက် ပြောလိုက်သည်။
" အရှင်သားက တောင်းဆိုမှတော့ ကျုပ်အပြင်ဘက်မှာ စောင့်နေပါမယ်။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြေလိုက်ပြီး တဲအပြင်ဘက်သို့ ထွက်သွားခဲ့သည်။ ဖုစုကလည်း နောက်မှ ချက်ချင်း လိုက်ပါသွားသည်။
အပြင်ဘက်တွင် ကျောက်ဖုန်းက ဖုစုဘက်သို့ လှည့်ပြီး အေးစက်စွာ ပြောလိုက်သည်။ " အရှင်သားက ဘယ်လိုအရေးကြီးကိစ္စ ပြောချင်လို့ပါလဲ။ "
ဖုစုက ဘာမှမပြောဘဲ လက်သီးလက်ဝါးဆုပ်ပြီး ကျောက်ဖုန်းကို ဦးညွှတ်လိုက်သည်။
" အရှင်သားက ဘာလို့ဒီလိုလုပ်ရတာလဲ။ " ကျောက်ဖုန်းက သူ့ကို တည်ငြိမ်စွာ မေးလိုက်သည်။
" မန်ကျားက မင်းကို ခြိမ်းခြောက်ခဲ့တာကို ငါသိခဲ့ရတယ်။ " ဖုစုက ရှင်းပြလိုက်သည်။ "အဲ့ဒါက ငါ့ရည်ကွယ်ချက်မဟုတ်ဘူး။ ပြီးတော့ သူရဲ့ လုပ်ရပ်တွေကိုလည်း ငါကြိုပြီးမသိခဲ့ရဘူး။ ငါ ကျောက််နယ်မြေကို လာတာ ရည်ရွယ်ချက်နှစ်ခုရှိတယ်။ "
" ပထမတစ်ခုက ငါ ခမည်းတော်ကိုယ်စား မင်းကို ဆုလာဘ်ပေးဖို့ပဲ။ ဒုတိယတစ်ခုက လူကိုယ်တိုင်တောင်းပန်ချင်လို့ပဲ။ စေ့စပ်မှုကို ဖျက်သိမ်းတာမျိုးက ငါဘယ်တော့မှမလုပ်မယ့်အရာပဲ။ " ဖုစုက လေးနက်စွာ ပြောလိုက်သည်။
ကျောက်ဖုန်းက နားလည်သွားသည်။ သူထင်ထားသည့်အတိုင်း ထိုကိစ္စက ဖုစုခိုင်းစေခြင်းမဟုတ်ပေ။ ဖုစုက ရှေးရိုးစွဲဆန်လျှင်တောင် ထိုသို့မိုက်မဲသော လုပ်ရပ်ကို လုပ်မည်မဟုတ်ပေ။
" အဲ့ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ကြတာပေါ့။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " ပြီးတော့ အဲ့ဒီမန်ကျားဆိုတဲ့လူကိုလည်း ကျုပ်သင်ခန်းစာပေးခဲ့ပြီးပြီ။ သူ နောက်ထပ်ပြဿနာမရှာဖို့ပဲ မျှော်လင့်ပါတယ်။ "
ဖုစုကိုယ်တိုင် လာရောက်တောင်းပန်သောကြောင့် ကျောက်ဖုန်းက လက်မခံနိုင်စရာ အကြောင်းမရှိပေ။ အထူးသဖြင့် သူက အမှန်တကယ် ဆုံးရှုံးမှုတစ်စုံတစ်ရာ မရှိခဲ့ပေ။
" စိတ်ချပါ စစ်သူကြီးကျောက်။ " ဖုစုက ပြောလိုက်သည်။ " မန်ကျားက မင်းကို နောက်ထပ် ပြဿနာရှာရဲတော့မှာမဟုတ်ပါဘူး။ "
" အရှင်သားက ဒီလောက်ထိပြောနေမှတော့ ကျုပ်ကလည်း ဒါကို စိတ်ထဲ ထားစရာ အကြောင်းမရှိပါဘူး။ " ကျောက်ဖုန်းက သူ၏ လေသံကို လျှော့ပြီး ပြောလိုက်သည်။
" ဒါကို ကြားရတာ ဝမ်းသာပါတယ်။ " ဖုစုက ပြုံး၍ ပြောလိုက်သည်။
" အရှင်သားက စစ်သေနာပတိချုပ်နဲ့ ဆွေးနွေးစရာတွေ ရှိနေဦးမယ် ထင်ပါတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " ကျုပ်လည်း စခန်းထဲမှာ လုပ်စရာတွေ ရှိနေသေးလို့ ခွင့်ပြုပါဦး။ "
ကျောက်ဖုန်းက နှုတ်ဆက်လိုက်ပြီး သူ၏ ကိုယ်ပိုင်တပ်စခန်းဆီသို့ လျှောက်သွားခဲ့သည်။ ၎င်းကို မြင်သောအခါ ဖုစုက ဘာမှမပြောတော့ပေ။ အနည်းဆုံးတော့ နားလည်မှုလွဲခြင်းကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်သည်။
ကျောက်ဖုန်းက အကွာအဝေးတစ်ခု၌ ရည်ရွယ်ချက်ရှိရှိ နေသည်ကိုလည်း ဖုစုက မြင်နိုင်သည်။ ထို့အပြင် ကျောက်ဖုန်းဆီမှ ဂုဏ်ယူမှုတစ်ခုကို ဖုစုက ခံစားမိနေသည်။ အကြီးဆုံးမင်းသားဖြစ်သော သူ့ကို မြင်တွေ့ရချိန်မှာပင် ကျောက်ဖုန်းက ရိုသေလေးစားမှုကို မပြခဲ့ပေ။
" ကျောက်ဖုန်း.... သူက သာမန်လူမဟုတ်ဘူး။ " ဖုစုက သက်ပြင်းချလိုက်ပြီး ဝမ်ကျန့်၏ တဲထဲသို့ ပြန်ဝင်သွားသည်။
ကျောက်ဖုန်းက သူ၏ စခန်းသို့ ပြန်ရောက်သောအခါ သူ၏ တပ်မှူးအားလုံးက စုရုံးလာကြသည်။
" စစ်သူကြီး စစ်သေနာပတိချုပ်က ဘာကိစ္စအတွက် ခေါ်လိုက်တာလဲ။ " တုဆွေက သိလိုစိတ်နှင့် မေးလိုက်သည်။
" စစ်သည်တွေနဲ့ တပ်မှူးတွေ အားလုံးကို ခေါ်လိုက်ပါ။ " ကျောက်ဖုန်းက တပ်မှူးများကို ကြည့်ပြီး ပြောလိုက်သည်။
" ဆုလာဘ်တွေ ရောက်လာပြီလား။ " ကျန်းဟန်က စိတ်လှုပ်ရှားသွားသည်။
" စစ်တပ်တစ်ခုလုံးကို စုစည်းလိုက်။ " တုဆွေက ချက်ချင်း အမိန့်ပေးလိုက်သည်။
ကျောက်ဖုန်းက သူ၏ တပ်မှူးများနှင့်အတူ စစ်ရေးစင်မြင့်ပေါ်သို့ တက်သွားခဲ့သည်။ မကြာမီ စစ်သည်များအားလုံးက စုရုံးရောက်ရှိလာကြသည်။
" ငါ့စကားအတိုင်း ကြေညာလိုက်။ " ကျောက်ဖုန်းက ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
" ညီအကိုတို့ ဒီနေ့က နေ့ကောင်းတစ်ရက်ပဲ။ " ကျောက်ဖုန်းက စတင်ပြောဆိုလိုက်သည်။
" ကျောက်နိုင်ငံရဲ့ ကျင်းယန်မြို့ကို ငါတို့ လန်ထျန်းစခန်းက သိမ်းပိုက်နိုင်ခဲ့ပြီ။ နန်းတော်က သံတမန်ကလည်း ဒီကိုရောက်လာပြီ။ သူနဲ့အတူ ငါတို့စစ်တပ်က စစ်သည်တွေအတွက် ဆုလာဘ်တွေလည်း ပါလာတယ်။ တော်ဝင်အမိန့်တော်ကို ငါဖတ်ပြမနေတော့ဘူး။ ဆုလာဘ်တွေကို စွမ်းဆောင်မှုတွေအပေါ် မူတည်ပြီး ပေးမယ်။ ငါ့နောက်ကို လိုက်ခဲ့တဲ့ စစ်သည်တိုင်းက ဘွဲ့ထူးတစ်ဆင့် တိုးမြှင့်ပေးခံရမယ်။ ရန်သူတွေကို ပိုသတ်နိုင်တဲ့သူတွေက ဒီထက်ပိုမြင်တဲ့ ရာထူးတိုးမှုတွေကို ရရှိလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။