အခန်း (၁၇၃)
Vol. 18 Ch. 173
" ဟားဟားဟား...."
" ငါက ကျောက်နိုင်ငံက တပ်ရင်းမှူးတစ်ယောက်ကို သတ်ခဲ့တာဆိုတော့ ရာထူးနှစ်ဆင့်တောင် တက်နိုင်တာပဲ။ "
" ငါက တပ်မမှူးတစ်ယောက်ကို သတ်ခဲ့တာဆိုတော့ အနည်းဆုံး ရာထူးသု့ံးဆင် တက်သွားလောက်တယ်။ "
" ဒီလိုဖြစ်လာလိမ့်မယ်လို့ ငါတစ်ခါမှ မတွေးဖူးဘူး။ ငါ့လို လက်နက်ချစစ်သည်တစ်ယောက်က အထူးစစ်သည်ဖြစ်လာပြီး အခုဆို ရာထူးတောင်တက်တော့မယ်။ "
" ဒါတွေအားလုံးက စစ်သူကြီးရဲ့ ကျေးဇူးတွေကြောင့်ပဲ။ တကယ်လို့ သူသာ အပြစ်သားတပ်ဖွဲ့ဗျူဟာကို အသုံးမပြုခဲ့ရင် ငါတို့က အမြဲတမ်း ကျွန်ဖြစ်နေမှာပဲ။ စစ်သူကြီးက ဒါတွေအားလုံးကို ယူဆောင်လာပေးခဲ့တာပဲ။ "
" မှန်တယ်။ "
"ဒီဘဝမှာ စစ်သူကြီးနောက်ကို လိုက်ပြီး တိုက်ပွဲဝင်ရတာ ငါတို့အတွက် ဂုဏ်ယူစရာပဲ။ "
" စစ်သူကြီးနောက်ကို သေတဲ့အထိ လိုက်ဖို့ ကျန်ဆိုပါတယ်။ "
" စစ်သူကြီးနောက်ကို သေတဲ့အထိ လိုက်ဖို့ ကျိန်ဆိုပါတယ်။ "
သူတို့က စိတ်လှုပ်ရှားသွားကြပြီး လေ့ကျင့်ရေးကွင်းတစ်ခုလုံးက စိတ်အားထက်သန်သော ဟိန်းဟောက်သံများ ပေါက်ကွဲထွက်သွားသည်။ စစ်သည်တိုင်းက ကျေက်ဖုန်းကို အလွန်လေးစားစွာဖြင့် ကြည့်နေကြသည်။ ဤစစ်တပ်က ယခုအခါ စိတ်ဝိညာဉ်တစ်ခု ရရှိသွားပြီဖြစ်သည်။ ထိုစိတ်ဝိညာဉ်မှာ ကျောက်ဖုန်းပင် ဖြစ်သည်။
" ငါလက်အောက်မှာ ရှိတဲ့ စစ်သည်တွေအားလုံးအပြင် တပ်မမှူးအဆင့်နဲ့ အထက်ရှိတဲ့သူတိုင်းကို ရာထူးတစ်ဆင့် တိုးမြှင့်ပေးလိုက်မယ်။ "
" တုဆွေ ကျန်းဟန်။ "
" ဒီနေ့က ငါတို့စစ်တပ်တစ်ခုလုံးအတွက် ကြီးကျယ်တဲ့ အောင်ပွဲတစ်ခုပဲ။ ငါ့အမိန့်ကို လက်ဆင့်ကမ်းလိုက်။ ထောက်ပို့တပ်ဖွဲ့ကို အစားအသောက်တွေ ပိုပြင်ဆင်ခိုင်းထားလိုက်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။
" ကျွန်တော်မျိုး အမိန့်အတိုင်း နာခံပါမယ်။ " တုဆွေနှင့် ကျန်းဟန်တို့က ချက်ချင်း ပြောလိုက်ကြသည်။
" ကောင်းပြီ။ လူစုခွဲကြတော့။ " ကျောက်ဖုန်းက လက်ဝေ့ရမ်းပြီး ပြောလိုက်သည်။
" စစ်သူကြီး အခု ကျင်းယန်မြို့ကို သိမ်းပိုက်ပြီးပြီဆိုတော့ ကျွန်တော်တို့ ချီတက်ရတော့မှာမဟုတ်လား။ " တုဆွေက မျှော်လင့်ချက်များနှင့် မေးလိုက်သည်။
" စစ်သေနာပတိချုပ်ရဲ့ အမိန့်ကို စောင့်ရမှာပေါ့။ မကြာခင်ဖြစ်လိမ့်မယ်ထင်တယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ဖြေလိုက်သည်။
" ကောင်းတယ်။ " တုဆွေက စိတ်အားထက်သန်စွာဖြင့် ခေါင်းညိမ့်လိုက်သည်။
ညွှန်ကြားချက်များ ပေးပြီးနောက် ကျောက်ဖုန်းက တုဆွေနှင့် အခြားသူများကို ပြန်ခိုင်းလိုက်သည်။ သူက စင်မြင့်ပေါ်တွင် ထိုက်လိုက်သည်။
" ပိုင်ရှင်က ရာထူးနှစ်ဆင့် တိုးမြှင့်ခံရတဲ့အတွက် အဆင့်တစ် ရတနာသေတ္တာနှစ်လုံးကို ရရှိပါတယ်။ "
" ရတနာသေတ္တာတွေကို ဖွင့်မယ်။ "
" အဆင့်တစ်ရတနာသေတ္တာတွေကို ဖွင့်နေပါပြီ။ "
" ပထမအဆင့် အဆင့်မြင့် ခြေသုံးချောင်းဆေးမီးဖိုကို ရရှိပါတယ်။ "
" ဒုတိယအဆင့် အဆင့်နိမ့် အစစ်အမှန်ချီအားဆေး တစ်ပုလင်းကို ရရှိပါတယ်။ "
" ဒီတစ်ခါ ငါကံကောင်းတာပဲ။ " ကျောက်ဖုန်းက ကျေနပ်စွာ ပြောလိုက်သည်။
" ညီအကိုကျောက် မင်းကြည့်ရတာ တော်တော်အဆင်ပြေနေတဲ့ပုံပဲ။ " ထိုအချိန်တွင် အသံတစ်ခုထွက်ပေါ်လာပြီး ဝန်ဖေးက ဖြည်းညင်းစွာ လျှောက်လာသည်။ သို့သော် သူက စင်မြင့်၏ လှေကားများသို့ ရောက်သောအခါ ကိုယ်ရံတော်အချို့က သူ၏ လမ်းကို ပိတ်ထားကြသည်။
သူတို့မှာ ကျောက်ဖုန်း၏ ကိုယ်ရံတော်များဖြစ်ကြပြီး သူ၏ အမိန့်မပါဘဲ ဘယ်သူမှ သူ့အနားသို့ ကပ်ခွင့်မပြုကြပေ။ ကျောက်ဖုန်းက လက်ဝှေ့ရမ်းလိုက်မှသာ သူတို့က ဘေးသို့ ဖယ်သွားကြသည်။
" မင်းလည်း ရှန်းယန်မှာ အဆင်ပြေနေတဲ့ပုံပဲ။ ဝတော်ဝလာသေးတယ်။ " ကျောက်ဖုန်းက စနောက်လိုက်သည်။
ဟန်ဖေးက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မိတ်ဆွေဟောင်းတစ်ယောက်ကဲ့သို့ ကျောက်ဖုန်းနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။
" မင်းကို စိတ်ပျက်စေမိပြီထင်တယ်။ ငါ အသက်ရှင်နေတုန်းပဲ။ " ဟန်ဖေးက စိတ်တိုဟန်ဖြင့် ပြောလိုက်သည်။
" မင်း ရှန်းယန်မှာ သေမှာသေချာတယ်လို့ ငါထင်ထားတာ။ ဘယ်လိုလုပ် လွတ်လာတာလဲ။ ဒါက အရင်တုန်းက ဟန်ဖေးနဲ့မတူတော့ဘူး။ " ကျောက်ဖုန်းက ထပ်မံစနောက်လိုက်သည်။
" ဒါကတော့ မင်းကို ကျေးဇူးတင်ရမှာပေါ့။ " ဟန်ဖေးက ရယ်မောလိုက်သော်လည်း သူ၏ ကျေးဇူးတင်မှုက ထင်ရှားနေသည်။ " မင်းရဲ့ သတိပေးမှုသာမရှိရင် ငါတကယ်ပဲ သေသွားနိုင်တယ်။ "
ကျောက်ဖုန်းက သိချင်သွားသည်။ " ပြောပါဦး။ လီစီက မင်းကို ဘယ်လိုအဆိပ်ခတ်ဖို့ ကြံစည်ခဲ့တာလဲ။ "
ဟန်ဖေးက ကျောက်ဖုန်းကို ထူးဆန်းစွာ ကြည့်လိုက်သည်။ " ငါနည်းနည်းတော့ သိချင်မိတယ်။ မင်းက မိုင်ပေါင်းထောင်ချီဝေးတဲ့ နေရာတစ်ခုမှာ ရှိနေတာတောင် လီစီက ငါ့ကို သတ်ချင်နေတယ်ဆိုတာ မင်းဘယ်လိုလုပ်သိတာလဲ။ ပြီးတော့ အဆိပ်ခတ်တဲ့အကြောင်းကိုရော ဘယ်လိုသိတာလဲ။ "
" ငါက နတ်ဘုရားတစ်ပါးမလို့ပေါ့။ " ကျောက်ဖုန်းက နောက်ပြောင်လိုက်သည်။
" တော်စမ်းပါ။ "
" ဒါပေမယ့် ငါ မင်းပေးတဲ့စာကို ပထမဆုံးမြင်တုန်းက သိပ်အလေးအနက်မထားခဲ့ဘူး။ ငါ့ရဲ့ သူငယ်ချင်းတစ်ယောက်က ငါ့ကို သတ်ချင်လိမ့်မယ်လို့ ငါတစ်ခါမှမတွေးခဲ့ဘူး။ တကယ်လို့ ငါသာ လီစီရဲ့ ပြိုင်ဘက်ကို အသုံးချပြီး သူ့ကို မခြိမ်းခြောက်ခဲ့ရင် ငါ အကျဉ်းထောင်ထဲမှာ သေသွားလောက်ပြီ။ "
" ဒါဆို မင်း တကယ်ပဲ သေမင်းနဲ့ ထိပ်တိုက်တွေ့ခဲ့တာပေါ့။ " ကျောက်ဖုန်းက ရယ်လိုက်သည်။ " ဒါကြောင့်လည်း မင်းက ပျော်ပျော်နေနေတာထင်တယ်။ ဝလာအောင်အထိ သေချာပေါက် စားထားတာပဲ။ "
" ပျော်ပျော်နေတယ်ဟုတ်လား။ " ဟန်ဖေးက ရယ်လိုက်သည်။ " ငါချင်ကို ရောက်ကတည်းက တစ်နှစ်ကျော်တဲ့အထိ အလုပ်တွေကြိုးစားလုပ်နေတာပဲ။ "
" ဒီတစ်ခါ ကျောက်နိုင်ငံကို လာတာ ငါ့ကို လာတွေ့တာလား။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" အဲ့လိုပဲ ထင်တာပဲ။ " ဟန်ဖေးက ရယ်လိုက်၏။
" လက်ဗလာနဲ့လာတာလား။ မင်းက တကယ်ကပ်စေးနှဲတာပဲ။ " ကျောက်ဖုန်းက လှောင်ပြောင်လိုက်သည်။
" ငါ့အင်္ကျီလက်ထဲမှာ လေကလွဲရင် ဘာမှမရှိဘူး။ မင်းအတွက် ဘယ်လိုလက်ဆောင်မျိုး ယူလာရမှာလဲ။ " ဟန်ဖေးက စိတ်တိုဟန်ဖြင့် ပြောလိုက်သည်။
" ငါလက်ဆောင်မယူလာပေမယ့် နန်းတော်ထဲနှာ မင်းနဲ့ပက်သက်တဲ့ ကိစ္စအချို့ ရှိနေတယ်။ အဲ့ဒါတွေကို မင်းကြားချင်လား။ အဲ့ဒီထဲမှာ မင်းသားဖုစုနဲ့ ပက်သက်တဲ့သတင်းတွေရော နန်းတွင်က ပဋိပက္ခတွေရော ပါဝင်နေတယ်။ "
ကျောက်ဖုန်းက သိချင်လိမ့်မည်ဟု ယုံကြည်ပြီး ပြောလိုက်သော်လည်း ကျောက်ဖုန်းက စိတ်မဝင်စားဘူးဟုသာ ပြန်ဖြေခဲ့သည်။
" မင်း တကယ်မသိချင်ဘူးလား။ " ဟန်ဖေးက အံ့အားသင့်သွားသည်။ " မင်းသားဖုစုက တော်ဝင်အမိန့်ကို လာပို့ဖို့ အထူးတောင်းဆိုခဲ့တာပဲ။ ဘာကြောင့်လဲဆိုတာ မင်းမသိချင်ဘူးလား။ "
" ဒါက တခြားဘာဖြစ်နိုင်ဦးမှာလဲ။ " ကျောက်ဖုန်းက အေးစက်စွာ ရယ်လိုက်သည်။ " သူတို့က ငါ့တိုးတက်နေတဲ့ အရှိန်အဟုန်ကို မထိန်းချုပ်နိုင်လို့ပေါ့။ ဒါကြောင့် ဖုစုကိုယ်တိုင် ငါဆီလာပြီး တောင်းပန်ခဲ့တာပဲ။ "
" အင်း ဒါကြောင့်လည်း မင်းသားဖုစုက နန်းတွင်းမှာ ထောက်ခံမှုအများကြီး ရနေတာပဲ။ " ဟန်ဖေးက လှောင်ပြုံးပြုံလိုက်သည်။
" မင်းကို တောင်းပန်တဲ့သတင်းသာ ပျံ့သွားရင် သးက ထိုက်တန်သူကို ရိုသေလေးစားမှုပြတယ်ဆိုပြီး ချီးမွမ်းခံရလိမ့်မယ်။ "
" ဟမ့် ထိုက်တန်သူကို ရိုသေလေးစားတာလား။ " ကျောက်ဖုန်းက လှောင်ပြုံးပြုံးလိုက်သည်။
" ငါလည်း ကိစ္စတစ်ချို့ ကြားထားတယ်။ မင်းကို ခြိမ်းခြောက်ဖို့ ချွန်းယွီယွဲ့က သူ့တပည့်ကို လွှတ်လိုက်တာမဟုတ်လား။ " ဟန်ဖေးက မေးလိုက်သည်။
" မှန်တယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ " သူက ငါ့ကို ဝမ်မိသားစုရဲ့ သမီးနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းဖို့ ငတုံးတစ်ယောက်ကို ခြိမ်းခြောက်ဖို့လွှတ်လိုက်တာပဲ။ "
" ဒီလိုဆရာမျိုးနဲ့သာဆိုရင် အရှင်မင်းကြီးက မင်းသားဖုစုကို ဘာကြောင့် အိမ်ရှေ့စံအဖြစ် မခန့်အပ်သေးတာလဲဆိုတာ ငါ အခုမှသိတော့တယ်။ "
ကျောက်ဖုန်းက ဟန်ဖေးကို ကြည့်လိုက်သည်။ သူက အကြောင်းရင်းကို လျင်မြန်စွာ နားလည်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
" သူ့ကို အိမ်ရှေ့စံခန့်တာ မခန့်တာက ငါနဲ့မဆိုင်ဘူး။ သူတို့ငါ့ကို လာမနှောက်ယှက်သရွေ့ ငါ အဆင်ပြေတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ငါမလာခင်မှာ လီစီက ငါနဲ့တွေ့ခဲ့သေးတယ်။ သူဘာပြောခဲ့တာလဲဆိုတာ မင်းသိလား။ " ဟန်ဖေးက ပြုံး၍ မေးလိုက်သည်။
" ငါက နန်းတွင်းက ကိစ္စတွေအကြောင်း နည်းနည်းသိထားတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " လီစီက ဝန်ကြီးသစ်တွေကို ကိုယ်စားပြုပြီး ဝမ်ဝမ်က ဝန်ကြီးဟောင်းတွေကို ကိုယ်စားပြုတယ်။ သူတို့က အမြဲတမ်း ပဋိပက္ခတွေ ဖြစ်နေကြတာပဲ။ လီစီက ဖုစုလာတောင်းပန်တာကို တားဖို့ မင်းကို ပြောခဲ့တာမဟုတ်လား။ "
" တားဖို့တော့မဟုတ်ပါဘူး။ ဒါပေမယ့် မင်းက ဖုစုအပေါ်မှာ ဆက်ပြီး မကျေမနပ်ဖြစ်အောင် လုပ်ခိုင်းလိုက်တာပဲ။ " ဟန်ဖေးက ခေါင်းညိမ့်လိုက်သည်။ " ဘာပဲဖြစ်ဖြစ် မင်းရဲ့ လက်ရှိ နန်းတော်ထဲက ဩဇာအာဏာက နှိုင်းယှဉ်လို့မရဘူး။ ပြီးတော့ လူတိုင်းက မင်းကို အနာဂတ် စစ်သေနာပတိချုပ်လို့ ပြောနေကြတယ်။ တကယ်လို့ ဖုစုက မင်းကို စော်ကားခဲ့မယ်ဆိုရင် အဲ့ဒါက သူ့အတွက် မကောင်းဘူးလေ။ "
" ငါမင်းကို အမှန်တိုင်း ပြောရရင် မင်း ဝေမြို့ကို ကာကွယ်နေတုန်းက ဝမ်ဝမ်နဲ့သူ့လူတွေက မင်းကို တာဝန်ကနေ စွန့်ခွာသွားတယ်လို့ စွမ်စွဲခဲ့ကြတယ်။ ဒါပေမယ့် အရှင်မင်းကြီးကတော့ အဲ့ဒါကို ငြင်းပယ်ခဲ့တယ်။ အခု သူတို့ မင်းကို မဖိနှိပ်နိုင်တော့မှန်းသိတော့ မင်းသားဖုစုကိုယ်တိုင် ရောက်လာတာပဲ။ "
" ဘယ်လိုပဲဖြစ်ဖြစ် ဒီအခြေအနေရဲ့ ကောင်းကျိုးဆိုးကျိုးကို မင်းတွက်ဆကြည့်နိုင်ပါတယ်။ သူငယ်ချင်းတစ်ယောက်အနေနဲ့ ငါမင်းကို အကြံပေးချင်တာကတော့ သူတို့ကိစ္စတွေမှာ ဝင်မပါနဲ့။ တကယ်လို့ မင်းသာ သူတို့ အားပြိုင်မှုတွေကြားထဲရောက်သွားရင် ဘယ်တော့မှာ ပြန်ထနိုင်တော့မှာမဟုတ်ဘူး။ " ဟန်ဖေးက ရ်ိုးသားစွာ ပြောလိုက်သည်။