← Chapters

အခန်း (၁၇၄)

Vol. 18 Ch. 174

အခန်း (၁၇၄)

Vol. 18 Ch. 174

" စိတ်မပူနဲ့ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " သူတို့ရဲ့ အဓိပ်ပါယျမရှိတဲ့ အားပြိုင်မှုတွေကို ငါစိတ်မဝင်စားဘူး။ ငါက စစ်တပ်ထဲမှာ အဆင်ပြေတယ်။ မင်းသာ နန်းတော်ထဲမှာ သတိထားရမှာ။ "

" ဟူး...." ဟန်ဖေးက သက်ပြင်းချလိုက်သည်။ " အခု စစ်ဖြစ်နေလို့ မင်း အရက်မသောက်နိုင်တာ နှမြောစရာပဲ။ မဟုတ်ရင် ဒီနေ့ မင်းနဲ့အတူ နည်းနည်းလောက် သောက်ချင်သား။ "

" အခွင့်အရေးရှိလာမှာပါ။ ငါ ကျောက်နိုင်ငံကို သိမ်းပိုက်ပြီးရင် ငါ လက်ထပ်တော့မှာ။ အဲ့ဒီအချိန်ကျရင် မင်း ကမ္ဘာပေါ်မှာ အကောင်းဆုံးဝိုင်ကို သောက်ရလိမ့်မယ်လို့ ငါအာမခံတယ်။ "

" အဲ့ဒီနေ့ကို ငါစောင့်နေပါမယ်။ "

နေ့တစ်ဝက်ကြာပြီးနောက် စစ်စခန်း၏ အပြင်ဘက်တွင် တော်ဝင်အစောင့်ငါးရာက ရထားလုံးနှစ်ခုကို ခြံရံပြီး ထွက်ခွာသွားကြသည်။

" မင်းသားဖုစုက မင်းကို ဘာလို့တွေ့ချင်တာလဲ။ " ဝမ်ကျန့်က ကျောက်ဖုန်းဘက်သို့ လှည့်ပြီး မေးလိုက်သည်။

ယခုအချိန်တွင် ဝမ်ပင်းနှင့် ယန်တွမ်ဟီတို့က ကျင်းယန်မြို့ကို ထွက်ခွာသွားကြပြီး ကျောက်ဖုန်းတစ်ယောက်တည်းသာ ပင်မစခန်းကို စောင့်ရှောက်ရန် ကျန်ရစ်ခဲ့သည်။

"သူ့ရဲ့ ဆရာ ချွန်းယွီယွဲ့က ယန်အာနဲ့ လမ်းခွဲဖို့ ကျွန်တော်ကို ခြိမ်းထြောက်ဖို့ လူတစ်ယောက် လွှတ်လိုက်တယ်။ အဲ့ဒီလူကို ကျွန်တော်ရိုက်လွှတ်လိုက်တယ်။ " ကျောက်ဖုန်းကလည်း ပြန်ဖြေလိုက်သည်။ " ဖုစုက ဒီတစ်ခါ လာတာ တောင်းပန်ဖို့ပါပဲ။ "

" သူက မင်းကို ယန်အာနဲ့ လမ်းခွဲဖို့ ခြိမ်းခြောက်ခဲ့တယ်ဟုတ်လား။ " ဝမ်ကျန့်က မျက်မှောင်ကြုတ်ပြီး ဒေါသထွက်သွားသည်။

" ချွန်းယွီယွဲ့က နောက်ပိုင်း နန်းတော်ထဲမှာ မင်းကို တိုက်ခိုက်နေတာ မထူးဆန်းဘူး။ ဒါကြောင့်ကိုး။ ချွန်းယွီယွဲ့ ချွန်းယွီယွဲ့.... " ဝမ်ကျန့်က အေးစက်စွာ ပြောလိုက်သည်။

" ဒါကို ယောက္ခမကြီး စိတ်မပူပါနဲ့။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " အခု ဖုစုက လာတောင်းပန်တာဆိုတော့ သူ့ရဲ့ ရိုးသားမှုကို ပြတာပဲ။ သေချာတာကတော့ ဖုစုက ဖုစုပဲ။ ချွန်းယွီယွဲ့က ချွန်းယွီယွဲ့ပဲ။ တကယ်လို့ သူက နောက်တစ်ခါ ထပ်ပြီး နှောက်ယှက်ရဲရင်တော့ ရိုးရိုးတောင်းပန်ရုံနဲ့မရတော့ဘူး။ "

ယခုတစ်ကြိမ်တွင် ဖုစုက သူ၏ လက်အောက်ငယ်သားကို မထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် ဖုစု၏ တောင်းပန်မှုကို လက်ခံခဲ့သည်။ သို့သော် ထိုငတုံး ချွန်းယွီယွဲ့ကို ကြည့်ရသည်မှာ သူက အနာဂတ်တွင် ကျောက်ဖုန်းအပေါ် တစ်ခုခု ထပ်လုပ်ရန် ကြိုးစားမည်မှာ သေချာသလောက် ရှိနေသည်။ ထိုနေ့ရောက်လျှင် ကျောက်ဖုန်းက ယခုလောက်ထိ ယဉ်ကျေးနေမည်မဟုတ်ပေ။

" သေချာတာပေါ့။ ငါတို့အနေနဲ့ မင်းသားကို ရိုသေရမယ်။ ဒါပေမယ့် ချွန်းယွီယွဲ့ရဲ့ ကိစ္စကတော့ ဒိလောက် လွယ်လွယ်နဲ့ ပြီးသွားမှာမဟုတ်ဘူး။ ငါ ကျောက်ကို ဖျက်ဆီးပြီးတာနဲ့ သူ့ဆီက ရှင်းပြချက်တစ်ခု တောင်းဆိုရမယ်။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။ " သူက မင်းသားရဲ့ ဆရာဖြစ်နေရင်တောင် အရာအားလုံးက တရားမျှတမှုရှိရမယ်။ "

" ယောက္ခမကြီးကိုယ်တိုင် ကိုင်တွယ်မယ်ဆိုရင်တော့ ချွန်းယွီယွဲ့က ဒုက္ခရောက်ဖို့ သေချာနေပြီ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ထိုအချိန်တွင် ဝမ်ကျန့်က တစ်ခုခုကို ရုတ်တရက် သတိရသွားသည်။ သူက ကျောက်ဖုန်းဘက်သို့ လှည့်ပြီး လေးနက်စွာ ကြည့်လိုက်သည်။

" ယောက္ခမကြီး ကျွန်တော်ကို ဘာလို့အဲ့လိုကြည့်နေတာလဲ။ " ကျောက်ဖုန်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။

" ဆယ့်ရှစ်ယောက်မြောက်မင်းသားဆီက လူတွေ မင်းကို လာတွေ့ကြသေးလား။ " ဝမ်ကျန့်က ရုတ်တရက် မေးလိုက်သည်။

" ဒါကိုလည်း ယောက္ခမကြီး သိနေတာလား။ " ကျောက်ဖုန်းက အနည်းငယ် အံ့အားသင့်သွားသည်။

" ငါသိတာတင်မကဘူး။ နန်းတော်ထဲက အရာရှိတော်တော်များများကလည်း ဒီသတင်းကို သိနေကြပြီ။ " ဝမ်ကျန့်က ပြောလိုက်သည်။

" သူတို့အားလုံးက မင်းက ဆယ့်ရှစ်ယောက်မြောက်မင်းသားနဲ့ ရင်းနှီးလာပြီး သူ့ရဲ့ ထောက်တိုင်တစ်ခု ဖြစ်လာမယ်လို့ ပြောကြတယ်။ "

ဟူဟိုက်က ကျောက်ဖုန်းကို သူ့ဘက်တော်သားဖြစ်ကြောင်း တမင်ဖြန့်လိုက်ခြင်းဖြစ်သည်။ ၎င်းမှာ ကျောက်ဖုန်းကို ထောက်ချောက်တင်ခြင်းလည်း ဖြစ်ပြီး ကျောက်ဖုန်းကို ဟူဟိုက်နှင့်အတူ ရပ်တည်ရန် အတင်းအကျပ် ဖိအားပေးခြင်းလည်း ဖြစ်သည်။

" ဟမ့် ဟူဟိုက်..." ကျောက်ဖုန်းက လှောင်ပြုံးပြုံးလိုက်သည်။

" သူက အတွေ့အကြုံမရှိတဲ့ ကလေးတစ်ယောက်ပဲ။ သူ့နောက်ကွယ်ကလူက စီစဉ်ညွှန်ကြားတဲ့နေရာမှာ တော်တော်လေး ကျွမ်းကျင်ပုံရတယ်။ ငါ့ကိုတောင် သူတို့ရဲ့ အစီအစဉ်ထဲ ဆွဲသွင်းနိုင်တာပဲ။ "

ဝမ်ကျန့်၏ ရိုးရှင်းသော သတိပေးချက်တစ်ခုတည်းနှင့် ထိုအစီအစဉ်၏ နောက်ကွယ်တွင် မည်သူရှိသည်ကို ကျောက်ဖုန်းက အတိအကျ သိလိုက်သည်။သံသယဖြစ်စရာမလိုပဲ ၎င်းမှာ ကျောက်ကောင်းပင်ဖြစ်သည်။

" နန်းတော်က စစ်ဘက်ဆိုင်ရာ အရာရှိတွေ အကြောက်ဆုံးက ဘာလဲမင်းသိလား။ " ဝမ်ကျန့်က ပြုံး၍ မေးလိုက်သည်။

"အုပ်စုလိုက်အားပြိုင်မှုတွေပဲ။ " ကျောက်ဖုန်းက ချက်ချင်း ပြန်ဖြေလိုက်သည်။

ရှန်ကျိုး၏ သမိုင်းကို ရင်းနှီးထားသူဖြစ်သောကြောင့် ကျောက်ဖုန်းက စစ်ဘက်ဆိုင်ရာအရာရှိများမှာ အိမ်ရှေ့စံမင်းသားနေရာအတွက် တိုက်ပွဲများကြားတွင် ညပ်မသွားအောင် ရှောင်ကြဉ်ရသည်ကို သိရှိထားသည်။ အကယ်၍ သူတို့သာ ဘက်မှားရွေးမိလျှင် ပျက်စီးခြင်းသို့ ရောက်ရပေလိမ့်မည်။

သူတို့က စစ်ရေးအောင်မြင်မှုများ မည်မျှကြီးမားသည်ဖြစ်စေ နောက်ဆုံးရလဒ်မှာ သေခြင်းတရားသာ ဖြစ်သည်။ အကယ်၍ စစ်သေနာပတိချုပ်တစ်ယောက်ဖြစ်လာပြီး သူ၏ အောင်မြင်မှုများက အရှင်သခင်၏ ဂုဏ်သိက္ခာကိုပင် လွှမ်းမိုးသွားအောင် စွမ်းဆောင်နိုင်လျှင်တောင် ရလဒ်က ထူးခြားသွားမည်မဟုတ်ပေ။

" မင်းက ဒါတွေအားလုံး နားလည်ထားပုံရတယ်။ " ဝမ်ကျန့်က ခေါင်းညိမ့်လိုက်သည်။ " ငါက တကယ်တော့ မင်းကို သတိပေးဖို့ ပြင်နေတာပဲ။ "

" စစ်အာဏာကို ထိန်းချုပ်ထားရင် မင်းသားတွေ စည်းရုံးသိမ်းသွင်းဖို့ အဓိက ပစ်မှတ်ဖြစ်လာတာ သေချာတယ်။ ဒါကို ကျွန်တော် ကောင်းကောင်း နားလည်ပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အိမ်ရှေ့မင်းသားနေရာ ယှဉ်ပြိုင်မှုအတွက် ပါဝင်တာက နန်းတွင်းအရာရှိတစ်ယောက်အတွက် အကြီးမားဆုံး တားမြစ်ချက်ပဲ။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။ " မင်း မှန်မှန်ကန်ကန် ရွေးချယ်သည်ဖြစ်စေ မှားယွင်းပြီး ရွေးချယ်သည်ဖြစ်စေ ရလဒ်ကတော့ ရှောင်လွှဲလို့မရတဲ့ ပျက်စီးခြင်းပဲ။ ဒါကြောင့် မင်းသတိထားရမယ်။ ပြီးတော့ မင်းကို စည်းရုံးဖို့ ကြိုးစားတဲ့ ဘယ်မင်းသားကိုမဆို လျစ်လျူရှုထားရမယ်။ "

" နားလည်ပါပြီ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

ကျောက်ဖုန်း၏ အမြင်တွင် ချင်ရှီဟွမ်၏ သားတော်အားလုံးက သနားစရာကောင်းသော အုပ်စုများသာ ဖြစ်သည်။

" ချင်ရဲ့ စစ်သေနာပတိချုပ်တွေထဲမှာ တစ်ဖက်ဖက်ကို ပါသွားတဲ့သူရှိလား။ " ကျောက်ဖုန်းက သိလိုစိတ်နှင့် မေးလိုက်သည်။

ဝမ်ကျန့်က စစ်သေနာပတိချုပ်တစ်ယောက်ဖြစ်ရာ နန်းတွင်းလျို့ဝှက်ချက်များစွာကို သိရှိထားသည်။ သူက သက်ပြင်းချလိုက်ပြီး မြောက်ဘက်အရပ်သို့ ကြည့်လိုက်သည်။

" မုန့်မိသားစုက သူတို့ရဲ့ ရွေးချယ်မှုကို လုပ်ပြီးသွားပုံရတယ်။ "

၎င်းကို ကြားသောအခါ ကျောက်ဖုန်းက ချက်ချင်း နားလည်သွားသည်။ သမိုင်းထဲတွင် မုန့်မိသားစုက ဖုစုကို ရွေးချယ်ခဲ့သည်။ ဟူဟိုက်က ဖုစုကို သတ်ဖြတ်ပြီးနောက် မုန့်ထျန်းလည်း ကွပ်မျက်ခံခဲ့ရပြီး မြောက်ဘက်နယ်စပ်မှ မုန့်မိသားစု၏ စစ်တပ်ကလည်း ဖြိုခွဲခံခဲ့ရသည်။ မုန့်မိသားစုအတွက် အမှန်တကယ် နှမြောစရာပင်ဖြစ်သည်။

" ယောက္ခမကြီး အနာဂတ်အတွက် ဘယ်လိုအစီအစဉ်ရှိလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။

သမိုင်းအရ ဝမ်ကျန့်က သူ့ကိုသူ ဘေးကင်းအောင် နေထိုင်တတ်သူဖြစ်သည်။ စစ်မြေပြင်တွင် စစ်တပ်ကို ဦးဆောင်နေစဉ် သူက ချင်ဘုရင်ဆီမှ ဆုလာဘ်များကို အခါအားလျော်စွာ တောင်းဆိုလေ့ရှိသည်။ ၎င်းမှာ သူက ရည်မှန်းချက် ကြီးကြီးမားမား မရှိကြောင်း သက်သေပြရန် သူ၏ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် တမင်လုပ်သော နည်းလမ်းတစ်ခုသာ ဖြစ်သည်။

" ဝမ်မိသားစုက ချင်ဘုရင်ပေါ်မှာပဲ သစ္စာရှိတယ်။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" အခုအချိန်မှာ ငါတို့က အရှင်မင်းကြီးအပေါ် သစ္စာရှိတယ်။ အနာဂတ်မှာလည်း အရှင်မင်းကြီးရဲ့ ဆက်ခံသူအပေါ်မှာပဲ သစ္စာရှိမှာပဲ။ "

" တကယ်ပဲ အဲ့ဒါက အမြော်အမြင်အရှိဆုံး နည်းလမ်းပဲ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

သမိုင်းမှတ်တမ်းများအရ ဝမ်မိသားစုက ဟူဟိုက်နှင့် ကျောက်ကောင်းတို့၏ လက်ထဲမှ လွတ်မြောက်ခဲ့သည်မှာ မထူးဆန်းတော့ပေ။ သူတို့က နောက်ပိုင်း ချင်မင်းဆက်အဆုံးသတ်တွင် ဖြစ်ပေါ်ခဲ့သော ဖရိုဖရဲအခြေအနေများအတွင်းမှသာ ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။

" မင်းက ငယ်သေးတော့ အဲ့ဒီထဲဝင်သွားမှာ ငါစိုးရိမ်နေတာ။ " ဝမ်ကျန့်က ကျောက်ဖုန်း၏ ပခုံးကို ပုတ်ပြီး ရယ်လိုက်သည်။ အခု မင်းက ချင်ရဲ့ ပင်မစစ်သူကြီးတစ်ယောက်အပြင် ငါ့ရဲ့ သားမက်လည်း ဖြစ်နေပြီ။ မင်းက ဝမ်မိသားစုကို ကိုယ်စားပြုနေတာပဲ။ "

" စိတ်ချပါ ယောက္ခမကြီး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " ကျွန်တော်က အဲ့လိုကိစ္စတွေထဲ မပါဝင်ပါဘူး။ ဒါ့အပြင် ဖုစုဖြစ်ဖြစ် ဟူဟိုက်ဖြစ်ဖြစ် သူတို့က မထိုက်တန်ကြဘူး။ "

ထိုစကားကြောင့် ဝမ်ကျန့်၏ အမူအရာက ပြောင်းလဲသွားပြီး ကျောက်ဖုန်းကို လေးနက်စွာ ကြည့်လိုက်သည်။ သူက တစ်စုံတစ်ခု ပြောချင်သော်လည်း နောက်ဆုံးတွင် တိတ်ဆိတ်သွားသည်။

" အခု ကျင်းယန်မြို့က ကျဆုံးသွားပြီဆိုတော့ မနက်ဖြန် စစ်တပ်ကို ဦးဆောင်ပြီး တိုက်ခိုက်လို့ရပြီမဟုတ်လား။ " ကျောက်ဖုန်းက မေးလိုက်သည်။

" မင်းရဲ့ အစီအစဉ်က ဘယ်လိုလဲ။ " ဝမ်ကျန့်က မေးလိုက်သည်။

" ကျောက်နိုင်ငံရဲ့ မြို့တွေကို တတ်နိုင်သမျှ အမြန်ဆုံး သိမ်းပိုက်ရမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" နောက်ထပ် ဆယ်ရက်လောက် ထပ်စောင့်ရအောင်။ " ဝမ်ကျန့်က ပြောလိုက်သည်။

" ဘာလို့လဲ။ "ကျောက်ဖုန်းက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

" မင်းရဲ့ ကွပ်ကဲမှုအောက်မှာ အထူးစစ်သည်ငါးသောင်းပဲရှိသေးတယ်။ လွန်ခဲ့တဲ့ လဝက်လောက်က ငါ အရှင်မင်းကြီးဆီကို စစ်သည်တောင်းခံတဲ့ အစီရင်ခံစာ တင်ထားတယ်။ သူတို့ အခုလမ်းမှာ ရောက်နေပြီ။ ဆယ်ရက်အတွင်းမှာ သူတို့ရောက်လာလိမ့်မယ်။ " ဝမ်ကျန့်က ရှင်းပြလိုက်သည်။

" စစ်သားသစ်ဘယ်လောက်လဲ။ " ကျောက်ဖုန်း၏ မျက်လုံးများက တောက်ပသွားသည်။

All Chapters