← Chapters

အခန်း (၁၇၅)

Vol. 18 Ch. 175

အခန်း (၁၇၅)

Vol. 18 Ch. 175

" ပင်မစစ်တပ်တစ်ခုမှာ စစ်သည်လယ်လောက်ရှိလဲ မင်းမသိဘူးလား။ " ဝမ်ကျန့်က ကျောက်ဖုန်းကို ကြည့်ပြီး မေးလိုက်သည်။

" စစ်သားသစ်ငါးသောင်းလား။ " ကျောက်ဖုန်းက ခန့်မှန်းလိုက်သည်။

" အတိအကျ ငါးသောင်းပဲ။ သူတို့တွေက သုံးလကြာအောင် အခြေခံစစ်ပညာ သင်ယူပြီးသွားပြီ။ နောက်ထပ်လိုအပ်တာတွေကတော့ စစ်မြေပြင်မှာ အတွေ့အကြုံ ယူကြရလိမ့်မယ်။ ဒါ့အပြင် အရှင်မင်းကြီးက လန်ထျန်းစခန်းရဲ့ စတုတ္ထမြောက် စစ်တပ်ကို ကွပ်ကဲဖို့ မင်းကို ခွင့်ပြုလိုက်ပြီ။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" နားလည်ပါပြီ။ " ကျောက်ဖုန်းက ပြန်ဖြေလိုက်ပြီး သူ၏ စခန်းဆီသို့ ပြန်သွားခဲ့သည်။

" ကျောက်ဖုန်း ဟူး.... သူက တော်ဝင်အာဏာအပေါ် ရိုသေလေးစားမှု လုံးဝ မရှိဘူးပဲ။ ဒါက ငါတို့ ဝမ်မိသားစုအတွက် ကောင်းမလား ဆိုးမလားဆိုတာ ငါမသိဘူး။ သူ့ရဲ့ သတို့သမီးကို လုယူမယ်လို့ ပြောတုန်းကလည်း ပလ္လင်အပေါ် မလေးစားတာကို ငါမြင်ခဲ့ရတယ်။ အခုတော့ ဒါက ပိုဆိုးလာပြီ။ သူ့ရဲ့ စွမ်းအားက ပလ္လင်ရဲ့ အာဏာကို ယှဉ်ပြိုင်ဖို့ လုံလောက်တယ်လို့ သူတကယ်ပဲ ယုံကြည်နေတာလား။ "

ဝမ်ကျန့်က ကျောက်ဖုန်းအပေါ် ဂုဏ်ယူသကဲ့သို့ တစ်ဖက်တွင်လည်း ကူကယ်ရာမဲ့မှုကို ခံစားနေရသည်။ သူ၏ သားမက်က ထူးခြားသော စွမ်းရည်များ ရှိနေသော ကြောင့် ဂုဏ်ယူသော်လည်း တော်ဝင်အာဏာအပေါ် ရိုသေလေးစားမှုမရှိသောကြောင့် ကူကယ်ရာမဲ့မှုကို ခံစားနေရခြင်းဖြစ်သည်။

သူက တော်ဝင်အာဏာအပေါ် ရိုသေလေးစားမှုပြသော တစ်ခုတည်းသော အချိန်မှာ သူ၏ စွမ်းဆောင်မှုများကြောင့် ဆုလာဘ်များရသော အချိန်သာဖြစ်သည်။ ဝမ်ကျန့်အနေဖြင့် ၎င်းကို ပြောင်းလဲရန် နည်းလမ်းမရှိပေ။ အကြောင်းမှာ သူက ယခင်က ထိုကဲ့သို့သော လူမျိုးကို တစ်ခါမှမတွေ့ဖူးသောကြောင့်ဖြစ်သည်။

ကျောက်နိုင်ငံ၊ ဟန်တန်မြို့တော်။

" တောက်... ကျင်းယန့မြို့က ဘယ်လိုလုပ်ကျသွားတာလဲ။ " ကျောက်ယန်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူက ကျင်းယန်မြို့ ကျဆုံးသွားသည့် သတင်းကို ယခုလေးတင် ရရှိခဲ့ခြင်းဖြစ်သည်။

" အရှင်မင်းကြီး စိတ်လျော့ပါ။ " ကျောက်ဝန်ကြီးများက အော်ဟစ်လိုက်ကြသည်။ ကျင်းယန်မြို့ကျဆုံးသွားခြင်းကြောင့် သူတို့ကလည်း မျက်နှာပျက်နေကြသည်။

" အရှင််မင်းကြီး ဒီအခြေအနေမျိုးမှာ ကျွန်တော်မျိုးတို့အတွက် ရွေးချယ်စရာမရှိတော့ပါဘူး။ " ကျောက်ယိက ရှေ့တိုးပြီး တောင်းပန်လိုက်သည်။ " ကျင်းယန်မြို့က ကျသွားပြီ။ ချင်နိုင်ငံက စစ်တပ်ကို ခုခံဖို့အတွက် ကျွန်တော်မျိုးတို့က ယန်နိုင်ငံက စစ်တပ်ကို ပြန်ခေါ်ဖို့ကလွဲရင် အခြားရွေးချယ်စရာမရှိတော့ပါဘူး။ မဟုတ်ရင် ကျောက်နိုင်ငံက အန္တရာယ်နဲ့ ကြုံတွေ့ရပါလိမ့်မယ်။ "

" စစ်တပ်ကို ပြန်ခေါ်ရမယ်ဟုတ်လား။ " ကျောက်ယန်က မျက်မှောင်ကြုတ်ပြီး ဒေါသထွက်သွားသည်။ သို့သော် ယန်ကျူးက ရှုံးနိမ့်သွားပြီဖြစ်ရာ သူ့တွင် အခြား ရွေးချယ်စရာမရှိတော့ပေ။ ကျောက်တွင် အသုံးပြုနိုင်သော စစ်တပ်မှာ ယန်နိုင်ငံမှ သုံးသိန်းနှင့် တိုက်နယ်မြေရှိ စစ်သည်နှစ်သိန်းသာ ရှိတော့သည်။

" စစ်သူကြီးယန်ကျူးမှာ စစ်သည်ဘယ်လောက်ကျန်သေးလဲ။ " ကျောက်ယန်က မျှော်လင့်ချက်အနည်းငယ်ဖြင့် ပြောလိုက်သည်။

" အရှင်မင်းကြီး ကျင်းယန်မြို့က အခြေအနေက မရှင်းလင်းသေးပါဘူး။ စစ်သူကြီးယန်ကျူးက သူ့ရဲ့ ကျန်တဲ့တပ်ဖွဲ့တွေကို ဦးဆောင်ပြီး လေယန်မြို့လက်ကို ဆုတ်ခွာနေပါတယ်။ ဒါပေမယ့် သူ့ဆီမှာ ကျန်တဲ့ စစ်သည်အရေအတွက်ကတော့ တစ်သိန်းအောက်ပဲရှိပါတယ်။ " ကောခိုင်က ပြောလိုက်သည်။

" တစ်သိန်းအောက်ဟုတ်လား။ " ကျောက်ယန်က ဒေါသထွက်သွားပြန်သည်။ " ယန်ကျူး မင်းငါ့ကို ​တော်တော်လေး စိတ်ပျက်စေတာပဲ။ "

" အရှင်မင်းကြီး " ကျောက်ယိက ထပ်ပြောလိုက်ပြန်သည်။ " ကျောက်နိုင်ငံရဲ့ ခံတပ်ဖြစ်တဲ့ ကျင်းယန်မြို့က ကျဆုံးသွားပါပြီ။ ဒါ့အပြင် အရှင်မင်းကြီးက ခရိုင်စစ်သည်တွေကို စုစည်းခဲ့လို့ အခုမြို့တွေမှာ အကာအကွယ်မရှိတော့ပါဘူး။ ချင်စစ်တပ် ချီတက်လာတဲ့အခါ ဘယ်သူမှ တားဆီးနိုင်မှာမဟုတ်ပါဘူး။ "

" ကျွန်တော်မျိုးတို့ရဲ့ တစ်ခုတည်းသော ရွေးချယ်စရာက ယန်နိုင်ငံက စစ်တပ်တွေကို ပြန်ခေါ်ထားတုန်းမှာ စစ်သူကြီး ယန်ကျူးက သူ့ရဲ့ တပ်ဖွဲ့တွေနဲ့ တတ်နိုင်သမျှ ခုခံထားဖို့ပါပဲ။ မဟုတ်ရင် ဖြစ်လာမယ့်အကျိုးဆက်တွေကို ခန့်မှန်းလို့ရမှာမဟုတ်ပါဘူး။ "

" မှန်ပါတယ် အရှင်မင်းကြီး။ " ယခုတစ်ကြိမ်တွင် ကျောက်ယိတစ်ယောက််တည်း တောင်းဆိုနေခြင်းမဟုတ်တော့ပေ။

" နိုင်ငံတော်ရဲ့ အကျပ်အတည်းအရ ကျွန်တော်မျိုးတို့က ကာကွယ်ရေးကို ဦးစားပေးရပါမယ်။ "

" ယန်နိုင်ငံက စစ်တပ်ကို ပြန်ခေါ်ဖို့ အရှင်မင်းကြီးကို တောင်းဆိုပါတယ်။ "

" တကယ်လို့ ယန်နိုင်ငံက စစ်တပ်ကို ပြန်မခေါ်ရင် ကျောက်နိုင်ငံက ပျက်စီးရပါလိမ့်မယ်။ "

နန်းတော်ထဲမှ ဝန်ကြီးများက တစ်ယောက်ပြီးတစ်ယောက် တောင်းဆိုလိုက်ကြသည်။ သူတို့ထဲတွင် တော်ဝင်မျိုးနွယ်များနှင့် ကြားနေဝန်ကြီးများလည်း ပါဝင်သည်။ အကယ်၍ ကျောက်နိုင်ငံသာ ပျက်စီးသွားလျှင် သူတို့၏ ချမ်းသာကြွယ်ဝမှုများအားလုံး ပျောက်ကွယ်သွားပေလိမ့်မည်။

ဝန်ကြီးအများစုက စစ်တပ်ကို ပြန်ခေါ်ရန် သဘောတူနေကြသည်ကို မြင်သောအခါ ကျောက်ယန်က မျက်နှာပျက်သွားသည်။ ယခုတစ်ကြိမ်တွင် အခြားရွေးချယ်စရာ မရှိတော့ပေ။ နယ်မြေချဲ့ထွင်သည့် ဘုရင်တစ်ပါးဖြစ်လာမည့် သူ၏ အိပ်မက်က ပျက်ပြယ်သွားခဲ့ပြီဖြစ်သည်။

" ယန်နယ်မြေ ထက်ဝက်နီးပါးက ငါ့ရဲ့လက်အောက်ကို ရောက်နေပြီ။ ငါတကယ်ပဲ စစ်တပ်ကို ရုတ်သိမ်းရမှာလား။ " သူက စိတ်ပျက်စွာ ပြောလိုက်သည်။ " နောက်ထပ် အချိန်နည်းနည်းလောက် ထပ်ပေးရင် ယန်နိုင်ငံက လုံးဝ ပျက်စီးသွားလိမ့်မယ်။ "

" အရှင်မင်းကြီး " ကျောက်ယိက ကျယ်လောင်စွာ ပြောလိုက်သည်။ " အချိန်မရှိတော့ဘူး။ တကယ်လို့ စစ်တပ်ကို မရုတ်သိမ်းရင် ကျောက်နိုင်ငံက သေချာပေါက် ပျက်စီးသွားပါလိမ့်မယ်။ "

" ခုခံမှုကို ဦးဆောင်ဖို့ တိုက်နယ်မြေက လီမုကို ပြန်ခေါ်လိုက်ရမလား။ " ကျောက်ယန်က ကောခိုင်ဘက်သို့ လှည့်ပြီး မေးလိုက်သည်။

၎င်းကို ကြားသောအခါ ကောခိုင်က မည်သို့ပြန်ဖြေရမှန်းမသိတော့ဘဲ တုန့်ဆိုင်းသွားသည်။ အကယ်၍ လီမုပြန်လာလျှင် ၎င်းက ချင်နိုင်ငံအတွက် ကောင်းသောအရာမဟုတ်ပေ။

" အရှင်မင်းကြီး " ကောခိုင်က ခဏစဉ်းစားပြီး ပြန်ဖြေလိုက်သည်။ " တကယ်လို့ ကျွန်တော်တို့ စစ်သူကြီးလီမုကို ပြန်ခေါ်လိုက်ရင် တိုက်နယ်မြေကို စွန့်လွှတ်လိုက်ရမှာလား။ အဲ့ဒီနယ်မြေက ကျောက်နယ်မြေရဲ့ တစ်ဝက်လောက်ရှိပါတယ်။ "

" အရှင်မင်းကြီး ကျွန်တော်မျိုးတို့ တိုက်နယ်မြေကို လုံးဝ စွန့်လွှတ်လို့မရပါဘူး။ " ကျောက်ယိက ပြောလိုက်သည်။ " တကယ်လို့ တိုက်နယ်မြေ ဆုံးရှုံးသွားရင် ကျောက်ရဲ့ မြောက်ဘက်နယ်စပ်က အနဖတရာယ်ကြုံရပါလိမ့်မယ်။ ကျွန်တော်တို့က ချင်ကိုတင်မကဘဲ ရှုံးနုတွေကိုပါ ခုခံရပါလိမ့်မယ်။ "

" ယန်နိုင်ငံက ငါတို့တပ်တွေ ရုတ်သိမ်းဖို့ကလွဲရင် အခြားနည်းလမ်း တကယ်ပဲ မရှိတော့ဘူးလား။ ငါတို့ ချီနိုင်ငံနဲ့ ချူနိုင်ငံတွေဆီကနေ အကူအညီတောင်းလို့မရဘူးလား။ " ကျောက်ယန်က လက်မလျှော့ချင်သေးပေ။

" အရှင်မင်းကြီး " ကျောက်ယိက ပြောလိုက်သည်။ " အရှင်မင်းကြီးအနေနဲ့ အခြေအနေကို အခုထိ နားမလည်သေးဘူးလား။ ယန်နိုင်ငံအပေါ် ကျွန်တော်မျိုးတို့ရဲ့တိုက်ခိုက်မှုက ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘူး။ ကျွန်တော်မျိုးတို့ရဲ့ ပင်မစစ်တပ်ကို မရုတ်သိမ်းဘဲနဲ့ ချီနဲ့ချူတို့က ဘယ်လိုလုပ် စစ်ကူလွှတ်မှာလဲ။ အစကတည်းက အရှင်မင်းကြီးက ယန်နိုင်ငံကို တိုက်ခိုက်တဲ့နေရာမှာ ပိုပြီးသတိထားခဲ့သင့်တာ။ "

" မင်း..." ကျောက်ယန်က ဒေါသထွက်သွားသော်လည်း စိတ်ထဲတွင် ကူကယ်ရာမဲ့မှုကို ခံစားနေရသည်။

အကယ်၍ သူက နယ်မြေချဲ့ထွင်နိုင်သော ဘုရင်တစ်ပါးဖြစ်ခဲ့လျှင် ညီလာခံတစ်ခုလုံး ကြောက်ရွံ့နေမည်ဖြစ်ပြီး ကျောက်ယိကိုလည်း ဖိနှိပ်နိုင်ပေလိမ့်မည်။ သို့သော် ယခုအခြေအနေအရ သူရှုံးနိမ့်သွားခဲ့လေပြီ။ အကယ်၍ သူက ယန်နိုင်ငံမှ စစ်တပ်ကို ပြန်မရုတ်သိမ်းလျှင် ကျောက်နိုင်ငံက ပျက်စီးရပေလိမ့်မည်။

" အမိန့်စာရေးလိုက်။ စစ်သေနာပတိချုပ် ဖန်ရွှမ်ကို စစ်တပ်ရုတ်သိမ်းဖို့ အမိန့်ပေးလိုက်။ "

" အရှင်မင်းကြီးက အမြော်အမြင်ကြီးလှပါတယ်။ " ကျောက်ယိက ကျေနပ်သော အမူအရာနှင့် အော်ဟစ်လိုက်သည်။

" အရှင်မင်းကြီး ကျွန်တော်မျိုးမှာ တင်ပြစရာရှိပါတယ်။ " ကောခိုင်က ပြောလိုက်သည်။ " သတင်းအချက်အလက်တွေအရ ချင်စစ်တပ်က ကျောက်နိုင်ငံကို တိုက်ခိုက်ဖို့ အုပ်စုနှစ်ခုခွဲထားပါတယ်။ တစ်ခုက ဝမ်ကျန့်ရဲ့ တပ်ဖွဲ့ပါ။ နောက်တစ်ခုကတော့ ကျွန်တော်မျိုးတို့ရဲ့ တိုက်နယ်မြေရဲ့ နယ်စပ်စစ်တပ်ကို တားဆီးဖို့ပါ။ သူတို့က အရေအတွက်နည်းပါတယ်။ "

" အခုကျွန်တော်မျိုးတို့ ကျောက်နိုင်ငံကို ကာကွယ်ချင်ရင် ယန်နိုင်ငံက စစ်တပ်ကို ပြန်လာဖို့တင်မကဘဲ တိုက်နယ်မြေက ကျွန်တော်မျိုးတို့ တပ်ဖွဲ့တွေကလည်း တုံ့ပြန်ရပါမယ်။ တကယ်လို့ စစ်သေနာပတိချုပ် လီမုသာ ချင်ရဲ့ မြောက်ဘက်နယ်စပ်ကို ချေမှုန်းနိုင်ရင် ဒါက ကြီးမားတဲ့ အောင်ပွဲတစ်ခု ဖြစ်လာလိမ့်မယ်။ "

" သူတို့ရှုံးနိမ့်သွားရင် ဝမ်ကျန့်က အရှိန်လျော့ပြီး သူ့ရဲ့ စစ်တပ်တွေကို ရုတ်သိမ်းသွားပေလိမ့်မယ်။ ကျွန်တော်မျိုးရဲ့ အမြင်အရ စစ်သေနာပတိချုပ် လီမုက ထိုးစစ်ဆင်သင့်ပါတယ်။ " ကောခိုင်က လေးနက်စွာ ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ကျောက်ယန်က လေးနက်စွာ စဉ်းစားလိုက်သည်။ အကယ်၍ လီမုသာ မုန့်ဝူကို အနိုင်တိုက်နိုင်လျှင် ၎င်းက အကျပ်အတည်းမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။ သူတို့က ကျောက်နိုင်ငံအတွက် စစ်ကူအဖြစ် ရွှေ့ပြောင်းနိုင်လျှင် ယန်နိုင်ငံကို ဆက်လက်တိုက်ခိုက်နိုင်ပေလိမ့်မည်။

" ဝန်ကြီးချုပ်ပြောတာ မှန်တယ်။ " ကျောက်ယန်က ခေါင်းညိမ့်လိုက်သည်။

" တကယ်လို့ ငါတို့ တိုက်နယ်မြေကို ကျူးကျော်နေတဲ့ ချင်စစ်တပ်ကို ဖယ်ရှားနိုင်ရင် ကျောက်နယ်မြေက တကယ်ပဲ ဘေးကင်းသွားလိမ့်မယ်။ "

" အရှင်မင်းကြီး စစ်သေနာပတိချုပ်လီမုကို ထိုးစစ်ဆင်ဖို့ လုံးဝ ခွင့်မပြုသင့်ပါဘူး။ " ကျောက်ယိက ချက်ချင်း ကန့်ကွက်လိုက်သည်။ " ချင်စစ်တပ်က ကောက်ကျစ်ပါတယ်။ တကယ်လို့ စစ်သေနာပတိချုပ်လီမုက ထိုးစစ်ဆင်ရင် အဆုံးသတ်ကောင်းမှာမဟုတ်ဘူးလို့ ကျွန်တော်မျိုး ထင်မိပါတယ်။ ပြီးတော့ သူက ချင်နိုင်ငံရဲ့ ထောင်ချောက်ထဲကို ကျရောက်သွားနိုင်တယ်။ ကျွန်တော်မျိုးအမြင်အရ စစ်သေနာပတိချုပ်လီမုက ခုခံမှုကိုပဲ အာရုံစိုက်သင့်ပါတယ်။ "

All Chapters