← Chapters

အခန်း (၁၇၆)

Vol. 18 Ch. 176

အခန်း (၁၇၆)

Vol. 18 Ch. 176

" ဝန်ကြီးကျောက်ယိ မင်းပြောတာတွေက အဓိပ္ပါယ်မရှိဘူး။ စစ်သေနာပတိချုပ် လီမူက ငါတို့နယ်မြေကို ကာကွယ်ဖို့ ကြီးမားတဲ့တာဝန်ကို ထမ်းဆောင်နေတာပဲ။ ရန်သူတွေ ကျူးကျော်လာတဲ့အချိန်မှာ သူက ဘယ်လိုလုပ်ခုခံမှုကိုပဲ အာရုံစိုက်နေနိုင်မှာလဲ။" ကောခိုင်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

" ကျောက်နိုင်ငံရဲ့ စစ်သေနာပတိချုပ်တစ်ယောက်အနေနဲ့ အင်အားကြီးတဲ့ရန်သူကို ချေမှုန်းဖို့က သူ့တာဝန်ပဲ။ တကယ်လို့ သူသာ မလုပ်နိုင်ရင် ငါတို့က ဒီထက်ပိုပြီး အရည်အချင်းရှိတဲ့သူကို ရွေးချယ်ရလိမ့်မယ်။ "

" ပြောတာကောင်းတယ်။ " ကျောက်ယန်က ချက်ချင်း နားလည်သွားသည်။

" တကယ်လို့ လီမုက ဒီအင်အားကြီးတဲ့ ရန်သူကို အနိုင်မတိုက်နိုင်ရင် ငါတို့က ဒီထက်ပိုပြီး အရည်အချင်းရှိတဲ့သူကို ရွေးချယ်မယ်။ ငါလီမုကို သုံးလအချိန်ပေးမယ်။ တကယ်လို့ သူက အဲ့ဒီအချိန်အတွင်းမှာ ကျူးကျော်လာတဲ့ ချင်တပ်ဖွဲ့တွေကို အနိုင်မတိုက်နိုင်ရင် ငါက သူ့နေရာမှာ အခြားလူကို အစားထိုးရွေးချယ်မယ်။ "

၎င်းကို ကြားသောအခါ ကျောက်ယိက ကောခိုင်ကို ဒေါသတကြီးကြည့်လိုက်သော်လည်း သူက ဘာမှမတတ်နိုင်ပေ။ ကောခိုင်နှင့် ကျောက်ယန်တို့က ပူးပေါင်းပြီး လီမုအား အပြစ်ပုံချချင်နေသည်မှာ ထင်ရှားသည်။ ၎င်းမှာ ကောခိုင်၏ ရည်ရွယ်ချက်ဖြစ်သည်။

" လျန်ပိုက သေသွားပြီဆိုတော့ ချင်ကပေးထားတဲ့ တာဝန်ကို ကျေပွန်သွားပြီ။ နောက်ထပ် ငါသာ လီမုရဲ့ စစ်အာဏာကို သိမ်းယူနိုင်ရင် ဒါက ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်လာမှာ သေချာတယ်။ အနာဂတ်မှာ အရှင်မင်းကြီးက ငါ့ကို ဆုလာဘ်တွေ သေချာပေါက် ချီးမြှင့်လိမ့်မယ်။ " ကောခိုင်က ဝမ်းသာအားရ တွေးတောနေသည်။

ယန်နိုင်ငံ၊ ယုယန်မြို့။

ယန်စစ်သည်နှစ်သိန်းက မြို့ကို ခုခံကာကွယ်နေကြပြီး စစ်ကူများကိုလည်း အဆက်မပြတ် ခေါ်ယူနေကြသည်။ ဖန်ရွမ်၏ ကွပ်ကဲမှုအောက်မှ ကျောက်စစ်သည်များက အင်အားကြီးမားလှပြီး ယန်နိုင်ငံက သူတို့ကို ခုခံရန် မလုံလောက်ပေ။

နိုင်ငံအသီးသီးတွင် ယန်စစ်တပ်၏ တိုက်ခိုက်ရေးစွမ်းအားက ဟန်ထက် အနည်းငယ် ပိုအားကောင်းရုံသာ ရှိသည်။ ယခုအချိန်တွင် ယန်နယ်မြေ၏ ထက်ဝက်နီးပါးက ကျောက်နိုင်ငံ၏ လက်ထဲသို့ ကျရောက်နေပြီဖြစ်သည်။

ကျောက်စစ်တပ်၏ ကွပ်ကဲရေးဌာနသို့ သတင်းပို့သူတစ်ယောက်က ပြေးဝင်လာသည်။

" စစ်သေနာပတိချုပ် ဟန်တန်က အရေးပေါ်အမိန့်တော် ရောက်လာပါတယ်။ အရှင်မင်းကြီးက စစ်တပ်ရုတ်သိမ်းဖို့ အမိန့်ထုတ်လိုက်ပါပြီ။ " သတင်းပို့သူက တော်ဝင်အမိန့်တော်ကို မြှောက်ပြီး အော်ပြောလိုက်သည်။

၎င်းကို ကြားသောအခါ စစ်ရထားပေါ်မှ ဖန်ရွှမ်၏ အမူအရာက ပြောင်းလဲသွားသည်။

" မင်းဘာပြောလိုက်တယ်။ စစ်တပ်ကို ရုတ်သိမ်းရမယ်ဟုတ်လား။ "

" ဟုတ်ပါတယ်။ " သတင်းပို့သူက တော်ဝင်အမိန့်တော်ကို ပေးအပ်လိုက်သည်။

ဖန်ရွှမ်က အမိန့်တော်ကို ဒေါသတကြီး ယူပြီး ဖတ်လိုက်ပြီးနောက် သူ၏ မျက်နှာက ဖြူဖျော့သွားသည်။

" စစ်သေနာပတိချုပ် အရှင်မင်းကြီးက ကျွန်တော်တို့ကို တကယ်ရုတ်သိမ်းစေချင်တာလား။ " ဘေးမှ စစ်သူကြီးကျောက်ချုံးက စိုးရိမ်တကြီး မေးလိုက်သည်။

" ကျွန်တော်တို့က ယန်နိုင်ငံကို ဖျက်ဆီးဖို့ လက်တစ်ကမ်းပဲလိုတော့တာ။ ဒီမြို့ကို အောင်နိုင်ပြီးတာနဲ့ ယန်နိုင်ငံဆိုတာ ရှိတော့မှာမဟုတ်ဘူး။ ဒါက ခေတ်အဆက်ဆက် ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်လိမ့်မယ်။ "

" ကျောက်ချုံး။ " ဖန်ရွှမ်က ပြောလိုက်သည်။ " ငါလည်း မရုတ်သိမ်းချင်ဘူး။ အရှင်မင်းကြီးကလည်း မရုတ်သိမ်းချင်ဘူး။ ဒါပေမယ့် အခု ချင်က ကျင်းယန်မြို့ကို သိမ်းပိုက်သွားပြီ။ စစ်သေနာပတိချုပ် လျန်ပိုကလည်း တိုက်ပွဲမှာ ကျဆုံးသွားပြီ။ တကယ်လို့ ငါတို့ ပြန်မသွားရင် ကျောက်နိုင်ငံက ကြီးမားတဲ့ အန္တရာယ်ကို ကြုံတွေ့ရလိမ့်မယ်။ "

" ဒါပေမယ့် အခုက ယုယန်မြို့တစ်ခုပဲ ကျန်တော့တာလေ။ ကျ့်န့တော်တို့ ဒါကို ရက်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီး စစ်သည်အများကြီး ဆုံးရှုံးခဲ့ပြီးပြီ။ ဒီအတိုင်းကြီး ဆုတ်ခွာသွားဖို့က တကယ်မလွယ်ဘူး။ " ကျောက်ချုံးက အံကျိတ်ပြီး ပြောလိုက်သည်။

" ဘာမှမတတ်နိုင်ဘူး။ " ဖန်ရွှမ်က သက်ပြင်းချလိုက်သည်။ " တကယ်လို့ ငါတို့ မရုတ်သိမ်းရင် ကျောက်နိုင်ငံက ချင်ရဲ့လက်ချက်နဲ့ တကယ်ပဲ ပျက်စီးသွားလိမ့်မယ်။ "

နောက်ဆုံးတွင် ဖန်ရွှမ်က သူ၏ လက်ကို ခက်ခဲစွာ မြှောက်ပြီး သူ၏ ဘဝတွင် အကြောက်ဆုံးသော အမိန့်ကို ထုတ်ပြန်လိုက်သည်။

" ဆုတ်ခွာဖို့ မောင်းတီးကြ။ "

ယုယန်မြို့တွင် ဆုတ်ခွာခြင်းမောင်းတီးသံများ ဟိန်းထွက်လာသည်။ ပြင်းထန်စွာ တိုက်ခိုက်နေကြသော ကျောက်စစ်တပ်က အမိန့်သံကြားသောအခါ နောက်သို့ စနစ်တကျ ဆုတ်ခွာသွားကြသည်။

ယုယန်မြို့ရိုးထက်တွင် စစ်ဝတ်စုံကို ဝတ်ဆင်ထားသော ယန်တန်က ဆုတ်ခွာသွားသော ကျောက်စစ်တပ်ကို နားမလည်နိုင်စွာဖြင့် ကြည့်နေသည်။

" ကျောက်စစ်တပ်က ဘာလို့ရုတ်တရက် ဆုတ်ခွာသွားတာလဲ။ ဒါက ဖန်ရွှမ်ရဲ့ ပုံစံမဟုတ်ဘူး။ " သူက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

" ဖြစ်နိုင်တာက..." ယွဲ့ချန်က လေးနက်စွာ ပြောလိုက်သည်။ " ချင်နိုင်ငံက အခု ကျောက်နိုင်ငံကို ခြိမ်းခြောက်နေတာ ဖြစ်နိုင်တယ်။ ဖန်ရွှမ်က ဆက်သွယ်ရေးအားလုံးကို ပိတ်ထားလို့ ကျောက်နိုင်ငံက ဘာသတင်းမှ မရခဲ့ဘူး။ "

" အဲ့ဒီမှာ တစ်ခုခုဖြစ်နေတာလား။ " ယန်တန်၏ မျက်လုံးများက တောက်ပသွားသည်။

" သေချာလောက်တယ်။ " ယွဲ့ချန်က ပြောလိုက်သည်။ " မဟုတ်ရင် ဖန်ရွှမ်က တပ်ကို ရုတ်သိမ်းမှာမဟုတ်ဘူး။ ဒီလိုအချိန်မှာ ကျွန်တော်တို့ တပ်ဖွဲ့တွေကို ဦးဆောင်ပြီး ကျောက်စစ်တပ်ကို လိုက်လံတိုက်ခိုက်ဖို့ အကြံပြုချင်ပါတယ်။ "

" မလုပ်နဲ့။ " ယန်တန်က လက်ဝှေ့ရမ်းပြီး ငြင်းပယ်လိုက်သည်။

" အိမ်ရှေ့စံမင်းသားက ဘာကို ဆိုလိုတာလဲ။ " ယွဲ့ချန်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

" ပထမအချက်က ဖန်ချွမ်ရဲ့ စစ်တပ်က ဆုတ်ခွာတာ စနစ်တကျရှိတယ်။ သူတို့ကို လိုက်တိုက်လို့ ငါတို့အတွက် ဘာမှထူးခြားမှာမဟုတ်ဘူး။ ဒုတိယအချက်အနေနဲ့ ငါတို့အနေနဲ့ ကျောက်စစ်တပ်ကို အကြီးအကျယ် ဆုံးရှုံးအောင် လုပ်နိုင်ခဲ့ရင်တောင် အဲ့ဒါက ငါတို့အတွက် တကယ်ကောင်းတဲ့အရာ ဖြစ်လာမှာလား။ "

" တကယ်လို့ ချင်နိုင်ငံက ကျောက်နိုင်ငံကို အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့ရင် ငါတို့ရဲ့ ယန်နိုင်ငံက ပိုပြီး စိုးရိမ်လာရလိမ့်မယ်။ ရင်ကျန့်က ဝံပုလွေလို ရည်မှန်းချက်ကြီးမားတဲ့သူပဲ။ " ယန်တန်က အေးစက်သွာ ပြောလိုက်သည်။ သူက ရင်ကျန့်အပေါ် မုန်းတီးမှုများသာမက စိုးရိမ်ကြောက်ရွံ့မှုများလည်းရှိနေသည်မှာ ရှင်းလင်းနေသည်။

သူ၏ အမြင်တွင် ရင်ကျန့်က ကျောက်ယန်ထက်ပင် ပို၍ ကြောက်စရာကောင်းသည်။ အကယ်၍ ကျောက်နိုင်ငံပျက်စီးသွားလျှင် ချင်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ယန်နိုင်ငံက ကြီးမားသော အန္တရာယ်နှင့် ကြုံတွေ့ရပေလိမ့်မည်။

" ဒါပေမယ့် ကျွန်တော်တို့ ယန်နိုင်ငံက အခု ချင်နိုင်ငံနဲ့ မဟာမိတ်ဖြစ်နေပြီပဲ။ တကယ်လို့ ကျွန်တော်တို့က အခု ကျောက်စစ်တပ်ကို လိုက်ပြီးမတိုက်ခိုက်ဘူးဆိုရင် ချင်ဘုရင်က ဒေါသထွက်မှာမဟုတ်ဘူးလား။ " ယွဲ့ချန်က စိုးရိမ်တကြီး မေးလိုက်သည်။

" ရင်ကျန့်နဲ့ ချင်နိုင်ငံက ကျောက်နိုင်ငံထက် ပိုကြောက်စရာကောင်းတယ်။ ဒီမဟာမိတ်ဆိုတာ ငါတို့နိုင်ငံရဲ့ အင်အားကို စတေးပြီး ရလာခဲ့တာပဲ။ ငါတို့ယန်နိုင်ငံက ချင်နိုင်ငံကို ဘာအကြွေးမှမရှိဘူး။ လိုက်လံတိုက်ခိုက်တာမလုပ်နဲ့။ ကျောက်စစ်တပ်က သူတို့ဘာသာသူတို့ ဆုတ်ခွာသွားပါစေ။ "

" ကျောက်နိုင်ငံက သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ငါတို့ တဖြည်းဖြည်း ပြန်ပြီး သိမ်းပိုက်ယူမယ်။ တကယ်လို့ ကျောက်က အန္တရာယ်နဲ့ ရင်ဆိုင်နေရတာဆိုရင် ငါတို့ယန်နိုင်ငံကလည်း သူတို့နယ်မြေထဲကို စစ်ချီပြီး မြို့တွေကို သိမ်းပိုက်နိုင်လိမ့်မယ်။ " ယန်တန်က လေးနက်စွာ ပြောလိုက်သည်။

" ဒါကို အရှင်မင်းကြီးဆီ အစီရင်ခံသင့်လား။ " ယွဲ့ချန်က တွန့်ဆုတ်နေဆဲ ဖြစ်သည်။

" ငါခိုင်းတဲ့အတိုင်း လုပ်စမ်း။ " ယန်တန်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ " ငါ့အမိန့်မရှိဘဲ ကျောက်စစ်တပ်ကို မတိုက်ရဘူး။ သူတို့ ယန်နယ်မြေထဲက ထွက်သွားအောင်ပဲ ဖိအားပေးလိုက်။ "

" အမိန့်အတိုင်းပါ။ " ယွဲ့ချန်က ခေါင်းညိမ့်ရုံသာတတ်နိုင်သည်။

" ရင်ကျန့် မင်းကတိဖျက်ခဲ့လို့ ငါတို့ယန်နိုင်ငံက ဒီလိုကြီးမားတဲ့ ပေးဆပ်မှုမျိုး ဖြစ်ခဲ့ရတယ်။ မရေတွက်နိုင်တဲ့ ပြည်သူတွေ မင်းကြောင့် သေဆုံးခဲ့ရတယ်။ မင်း ကျောက်နိုင်ငံကို တိုက်ခိုက်နေတာကို ငါက အသာတကြည် ထိုင်ကြည့်နေမှာမဟုတ်ဘူး။ တစ်နေ့ မင်းဒါကို နောင်တရစေရမယ်။ " ယန်တန်က သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး သူ၏ စိတ်ထဲတွင် မကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။

တိုက်နယ်မြေ၏ နယ်စပ်မြို့အတွင်း၌ လီမုက အသစ်ရောက်လာသော အမိန့်တော်ကို ကိုင်ပြီး သူ၏ အမူအရာက ခက်ထန်နေသည်။

" စစ်သေနာပတိချုပ် ဘာဖြစ်လို့လဲ။ " စစ်မာရှန်းက မေးလိုက်သည်။

" အရှင်မင်းကြီးက ကျူးကျော်လာတဲ့ ချင်စစ်တပ်ကို သုံးလအတွင်း ချေမှုန်းဖို့နဲ့ မဟုတ်ရင် ငါ့ရဲ့ စစ်အာဏာကို ရုတ်သိမ်းမယ်လို့ အမိန့်ချမှတ်လိုက်တယ်။ " လီမုက တော်ဝင်အမိန့်တော်ကို ချပြီး လေးနက်စွာ ​ပြောလိုက်သည်။

" အရှင်မင်းကြီးက ဘာလို့ဒီလိုလုပ်ရတာလဲ။ " စစ်မာရှန်း၏ အမူအရာက ပြောင်းလဲသွားသည်။ " အရှင်မင်းကြီးက မုန့်ဝူဆိုတာ ဘယ်လိုလူလဲဆိုတာ မသိဘူးလား။ မုန့်ဝူကို သုံးလအတွင်း အနိုင်တိုက်ဖို့က မဖြစ်နိုင်တဲ့ ကိစ္စပဲ။ "

" မုန့်ဝူက ထိုးစစ်ကို မဆင်ဘဲ တိုက်ရင်းဆုတ်တဲ့ဗျူဟာကို သုံးနေတာ။ ကျွန်တော်တို့စစ်တပ်က တုက်ခိုက်ရင် သူက ဆုတ်ခွာသွားတယ်။ ကျွန်တော်တို့က သူတို့ကို ဘယ်လိုလုပ်ချေမှုန်းနိုင်မှာလဲ။ အရှင်မင်းကြီးက စစ်သေနာပတိချုပ်ကို တမင်ပစ်မှန်ထားနေတာ ရှင်းနေတာ။ " စစ်မာရှန်းက ပြောလိုက်သည်။

" သူက အဲ့လိုလုပ်နေတယ်ဆိုရင်ရော။ သူက ဘုရင်ပဲ။ ငါက သူ့ရဲ့ လက်အောက်ခံပဲ။ " လီမုက လက်လျှော့သည့်အမူအရာနှင့် သက်ပြင်ချလိုက်သည်။

" ဒါပေမယ့် စစ်သေနာပတိချုပ် ဒါက မဖြစ်နိုင်တဲ့ တာဝန်ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကို မအောင်မြင်နိုင်ဘူး။ "

All Chapters