အခန်း (၁၇၇)
Vol. 18 Ch. 177
" စစ်ဖြစ်နေချိန်မှာ စစ်သေနာပတိချုပ်တွေကို လဲလှယ်တာက စစ်ဗျူဟာရှင်တွေရဲ့ အကြီးမားဆုံး တားမြစ်ချက်ပဲ။ အရှင်မင်းကြီးက ဒါကို သိမှာ သေချာပါတယ်။ " စစ်မာရှန်းက ဒေါသသံနှင့် ပြောလိုက်သည်။ " ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ "
" တိုက်ခိုက်မယ်။ အရှင်မင်းကြီးက တိုက်ခိုက်စေချင်မှတော့ ငါတို့က သူ့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့။ တကယ်လို့ ချင်က လာမယ်ဆိုရင် ငါတို့နယ်စပ်စစ်တပ်က သူတို့ကို သေတဲ့အထိ တိုက်ခိုက်မယ်။ တကယ်လို့ သူတို့က ငါတို့ရဲ့ ကျောက်ကို ကျူးကျော်ရင် ငါတို့ကလည်း သူတို့ကို ပြန်ပြီး ကျူးကျော်နိုင်တာပဲ။ " လီမုက ပြောလိုက်သည်။
ချင်နိုင်ငံ၊ ရှန်းယန်မြို့တော်။
ဖုစုနှင့် ဟတ်ဖေးတို့က ပြန်လည်ရောက်ရှိနေကြပြီဖြစ်သည်။
" မင်းက ကျောက်ဖုန်းနဲ့ တွေ့ခဲ့ပြီပေါ့။ " ရင်ကျန့်က ပလ္လင်ပေါ်မှ အစီရင်ခံစာများကို ကြည့်ရင်း ပြောလိုက်သည်။
" တွေ့ခဲ့ပါပြီ ခမည်းတော်။ " ဖုစုက ပြန်ဖြေလိုက်သည်။
" မင်းဘယ်လိုမြင်လဲ။ " ရင်ကျန့်က ဖုစုကို ကြည့်ပြီး မေးလိုက်သည်။
" စစ်သူကြီးကျောက်က လွတ်လပ်တဲ့ စိတ်နေစိတ်ထားရှိပြီး နည်းနည်းတော့ မာနကြီးတဲ့ ပုံစံရှိပါတယ်။ " ဖုစုက ပြုံး၍ ပြန်ဖြေလိုက်သည်။ ကျောက်ဖုန်းက သူ့အပေါ် မကောင်းသောအမြင်ရှိသော်လည်း သူက ကျောက်ဖုန်း၏ မကောင်းကြောင်းကို ထည့်မပြောပေ။
" ဒီလောက်ငယ်ငယ်နဲ့ ဒီလိုအောင်မြင်မှုတွေ ရှိနေတဲ့သူက မာနမကြီးဘူးဆိုမှ ထူးဆန်းနေဦးမယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ခမည်းတော် ပြောတာ မှန်ပါတယ်။ သားတော်မြင်တွေ့ရသလောက်ကတော့ စစ်သူကြီးကျောက်က ရဲရင့်ပြီး အရည်အချင်းရှိတဲ့ စစ်သူကြီးတစ်ယောက်ပါ။ အနာဂတ်မှာ သူက ချင်နိုင်ငံအတွက် ဒီထက်ပိုပြီးကြီးမားတဲ့ အောင်မြင်မှုတွေ ရယူပေးနိုင်လိမ့်မယ်လို့ သားတော်ယုံကြည်ပါတယ်။ " ဖုစုက ပြုံး၍ ပြောလိုက်သည်။
" ဝန်ကြီးဟန် မင်းက ကျောက်ဖုန်းနဲ့ အရင်ကဆုံဖူးတာပဲ။ ဒီခရီစဉ်က သူနဲ့ပြန်လည်တွေ့ဆုံတာလည်း ဖြစ်တာပေါ့။ " ရင်ကျန့်က ဟန်ဖေးဘက်သို့ လှည့်ပြီး ပြောလိုက်သည်။
" မှန်ပါတယ် အရှင်မင်းကြီး။ ကျွန်တော်မျိုး သွားခွင့်တောင်းတဲ့ ရည်ရွယ်ချက်က အရင်က အမှတ်တရလေးတွေ ပြန်ပြောဖို့ပါပဲ။ ဒါပေမယ့် အရှင်မင်းကြီး ပေးထားတဲ့ တာဝန်ကိုလည်း ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပါတယ်။ စစ်သူကြီးကျောက်ကို ဘာအလိုရှိလဲဆိုတာ ကျွန်တော်မျိုး မေးခဲ့ပါတယ်။ သူက တကယ်ပဲ တောင်းဆိုမှုတစ်ခု လုပ်ခဲ့ပါတယ်။ အရှင်မင်းကြီးက အဲ့ဒါကို ခွင့်ပြုပေးနိုင်ပါ့မလားဆိုတာ ကျွန်တော်မျိုး မသေချာပါဘူး။ " ဟန်ဖေးက ပြုံး၍ ပြောလိုက်သည်။
" ငါ ခွင့်ပြုနိုင်ပါ့မလားဆိုတော့ သူက ဘာကို တောင်းဆိုခဲ့လို့လဲ။ " ရင်ကျန့်က သိလိုစိတ်ဖြစ်သွားသည်။
" သွေးဂျင်ဆင်းပါ။ " ဟန်ဖေးက ပြုံး၍ ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ရင်ကျန့်က အတော်လေး အံ့အားသင့်သွားသည်။ " သူက တကယ် တောင်းဆိုရဲတာပဲ။ အဲ့ဒါက ငါတို့ချင်နိုင်ငံရဲ့ အဖိုးတန်ရတနာတစ်ခုပဲ။ သွေးဂျင်ဆင်းက နှစ်ခုရှိတာ။ အရင်တုန်းက ချင်ဘုရင်ဝူ ကြေးအိုးကြီး ဖိမိလို့ သူ့ရဲ့ အသက်ကယ်ဖို့ တစ်ခုကို အသုံးပြုခဲ့ရတယ်။ အဲ့ဒါကြောင့် သူက နိုင်ငံကို ပြန်လာပြီး ထီးနန်းကို ဆက်ခံနိုင်ခဲ့တာပဲ။ အခုတော့ တစ်ခုပဲ ကျန်တော့တယ်။ သူက ဒါကို ဘာအတွက် သုံးချင်တာလဲ။ "
" စစ်သူကြီးကျောက်က ပြောပါတယ်။ သူ့ရဲ့ မိခင်က သူနဲ့သူ့ညီမလေးကို မွေးပြီးတဲ့နောက်မှာ ခန္ဓာကိုယ်က အရမ်းအားနည်းသွားခဲ့တယ်။ သူက အဲ့ဒီသွေးဂျင်ဆင်းကို အသုံးပြုပြီး သူ့ရဲ့ မိခင်ကို ပြန်ကုသပေးချင်တာပါ။ " ဟန်ဖေးက ရှင်းပြလိုက်သည်။
"တကယ်ကို သိတတ်တဲ့ သားလိမ္မာလေးပဲ။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။ " သူ့မှာ ဒီလိုရည်ရွယ်ချက်ရှိနေမှတော့ ငါက သူ့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့။ "
" ကျောက်ကောင်း..." ရင်ကျန့်က ခေါ်လိုက်သည်။
" ကျွန်တော်မျိုး ရှိပါတယ်။ " ကျောက်ကောင်းက ချက်ချင်း ပြန်ဖြေလိုက်သည်။
" အမိန့်တော်ကို ထုတ်ပြန်လိုက်ပါ။ ဘဏ္ဍာတိုက်ထဲက သွေးဂျင်ဆင်းကို ယူပြီး တော်ဝင်အစောင့်တွေကို ရှချူးခရိုင်ကို ပို့ဆောင်ခိုင်းလိုက်ပါ။ အဲ့ဒါကို ကျောက်ဖုန်းရဲ့ မိခင်ကို ချီးမြှင့်စေ။ " ရင်ကျန့်က လေးနက်စွာ အမိန့်ပေးလိုက်သည်။
" ခမည်းတော် " ဖုစုက အံ့အားသင့်သွားသည်။ " ဒီသွေးဂျင်ဆင်းက အဖိုးမဖြတ်နိုင်တဲ့အရာပါ။ အရှင်မင်းကြီးက အဲ့ဒါကို တကယ်ပဲချီးမြှင့်လိုက်မလို့လား။ "
ကျောက်ဖုန်းက ထိုတောင်းဆိုမှုကို စလုပ်ခဲ့စဉ်က ရင်ကျန့်အနေဖြင့် ခွင့်ပြုလိမ့်မည်မဟုတ်ဟု သူက ထင်ခဲ့သည်။ အကြောင်းမှာ သွေးဂျင်ဆင်းက အရေးကြုံလာလျှင် အသက်ကယ်နိုင်သည့် ဆေးပင်တစ်ခုဖြစ်ပြီး တော်ဝင်မိသားစု၏ အမြင့်မြတ်ဆုံး ရတနာတစ်ခုဖြစ်သောကြောင့် ဖြစ်သည်။
" သွေးဂျင်ဆင်းဆိုတာ သက်မဲ့ပစ္စည်းတစ်ခုပဲ။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။ " ဒါပေမယ့် ချင်နိုင်ငံအတွက် ကျောက်ဖုန်းရဲ့ တန်ဖိုးက အတိုင်းအဆမရှိဘူး။ သူ့ကို မိဘအပေါ် သိတတ်မှုကြောင့်ရော သစ္စာရှိမှုကြောင့် ဖြည့်ဆည်းပေးလိုက်တာပဲ။ "
" အရှင်မင်းကြီးက အမြော်အမြင် ကြီးမားလှပါတယ်။ " ဟန်ဖေးက လေးစားစွာဖြင့် ပြောလိုက်သည်။
ထိုအချိန်တွင် ဟန်ဖေးက ရင်ကျန့်၏ ဘုရင်ပီသသော ရက်ရောမှုကို အမှန်တကယ် နားလည်သွားခဲ့သည်။ သူက ဟန်နိုင်ငံမှာကတည်းက သွေးဂျင်ဆင်းမှာ အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုဖြစ်ကြောင်း ကြားဖူးခဲ့သည်။
အခြားနိုင်ငံမှ ဘုရင်များပင်လျှင် ၎င်းကို လိုချင်ခဲ့သော်လည်း ချင်ဘုရင်က အားလုံးကို ငြင်းပယ်ခဲ့သည်။ သို့သော် ယခုအခါ ရင်ကျန့်က ထိုကဲ့သို့သော ရတနာတစ်ခုကို လက်အောက်ခံတစ်ယောက်ကို လိုလားစွာ ပေးခဲ့သည်။
" လောကမှာ ဘယ်ဘုရင်မှ ချင်ဘုရင်ရဲ့ ရဲရင့်ပြတ်သားမှုကို မယှဉ်နိုင်ဘူး။ ဒီလိုဆိုရင် ချင်ရဲ့ လက်အောက်မှာ ကမ္ဘာကြီးက ဘယ်လိုလုပ်မစုစည်းဘဲနေမှာလဲ။ ငါနားလည်သွားပြီ။ " ဟန်ဖေးက သက်ပြင်းချလိုက်သည်။
" သွားပြီး စီစဉ်လိုက်။ " ရင်ကျန့်က ကျောက်ကောင်းကို လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " ကျောက်ကောင်းက ပြန်ဖြေပြီး ချက်ချင်း ထွက်ခွာသွားသည်။
" အရှင်မင်းကြီး ကျင်းယန်မြို့က ကျဆုံးသွားပြီဆိုတော့ ကျွန်တော်မျိုးတို့ရဲ့ တပ်ဖွဲ့တွေက အရှေ့ဘက်ကို ဆက်ပြီး ချီတက်နိုင်ပါပြီ။ " ဟန်ဖေးက ပြောလိုက်သည်။ " ကျောက်ဘုရင်က ဘယ်လောက်ပဲခေါင်းမာသည်ဖြစ်စေ ဒီတစ်ကြိမ်မှာတော့ ယန်နိုင်ငံကနေ သူ့ရဲ့ စစ်တပ်တွေကို ရုတ်သိမ်းရပါလိမ့်မယ်။ "
" ဖုစု..." ရင်ကျန့်က သူ၏ သားကို စမ်းသပ်သည့်အမူအရာဖြင့် ပြောလိုက်သည်။ " တကယ်လို့ ကျောက်နိုင်ငံက ယန်နိုင်ငံကနေ သူ့တို့တပ်တွေကို ပြန်ဆုတ်လာရင် ယန်က သူတို့ကို လိုက်တိုက်လိမ့်မယ်လို့ မင်းထင်လား။ "
ထိုစကားများကို ကြားသောအခါ ဖုစုက သူ၏ ခမည်းတော် သူ့ကို စမ်းသပ်နေသည်ကို သိလိုက်သည်။ သူက ခဏစဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
" ယန်နိုင်ငံရဲ့ တောင်းဆိုမှုကြောင့် ချင်နိုင်ငံက စစ်ကူတွေစေလွှတ်ပြီး မဟာမိတ်ဖွဲ့ခဲ့ကြတယ်။ တကယ်လို့ ကျောက်က ယန်ကနေ ဆုတ်ခွာသွားရင် ယန်က လက်စားချေဖို့ အခွင့်အရေးကို သေချာပေါက် လက်လွှတ်ခံမှာမဟုတ်ဘူး။ သူတို့က ကျောက်စစ်တပ်ကို ပြင်းပြင်းထန်ထန် လိုက်လံတိုက်ခိုက်ပြီး အထိနာအောင် လုပ်မှာ သေချာပါတယ်။ "
ထိုအဖြေကို ကြားသောအခါ ရင်ကျန့်က စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်သည်။
" ခမည်းတော် သားတော်ပြောတာ မှားသွားလို့လား။ " ဖုစုက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
" အရှင်သားပြောတာ မှားနေတာမဟုတ်ပါဘူး။ " ဟန်ဖေးက ကြားဖြတ်ပြောလိုက်သည်။ " အရှင်သားက ဒီမဟာမိတ်ကိစ္စကို အရမ်းရိုးရိုးရှင်းရှင်း မြင်နေလို့ပါ။ "
" ချင်းနိုင်ငံက တရားမျှတတဲ့ အကြောင်းပြချက်နဲ့ ယန်နိုင်ငံကို ကယ်ဖို့ စစ်တပ်ကို စေလွှတ်ခဲ့တယ်။ ချင်နိုင်ငံကသာ ကြားမဝင်ခဲ့ရင် ယန်နိုင်ငံက ကျောက်နိုင်ငံရဲ့ လက်ချက်နဲ့ ပျက်စီးသွားလောက်ပြီ။ "
" ယန်နိုင်ငံရဲ့ အမြင်မှာ ဒါက မဟာမိတ်လို့ မသတ်မှတ်နိုင်ဘူးလား။ " ဖုစုက ထပ်ပြောလိုက်သည်။
" အရှင်သားက အရမ်းရိုးပါတယ်။ " ဟန်ဖေးက ပြုံး၍ ပြောလိုက်သည်။ " နိုင်ငံတွေကြားမှာ မပြိုကွဲနိုင်တဲ့ မဟာမိတ်ဆိုတာ မရှိပါဘူး။ ချင်နိုင်ငံက ယန်နိုင်ငံကို မကူညီခင်တုန်းကလည်း အရှင်မင်းကြီးက ကျောက်ဘုရင်နဲ့ မဟာမိတ်လက်မှတ်ထိုးခဲ့ပါတယ်။ ဒီလိုမဟာမိတ်တွေက နိုင်ငံရဲ့ အကျိုးစီးပွားအပေါ်မှာပဲ တည်ဆောက်ထားတာပါ။ တကယ်လို့ အကျိုးစီးပွားမရှိရင် မဟာမိတ်က တည်မြဲနိုင်ပါတယ်။ အကျိုးစီးပွားရှိလာရင်တော့ မဟာမိတ်ဆိုတာ ပိုးထည်တစ်စထက် မပိုပါဘူး။ "
ဟန်ဖေးက ဖုစု၏ အမြင်ကန့်သတ်ချက်ကို နားလည်သွားသည်။ ဖုစုက ကွန်ဖြူရှပ်ဝါဒ၏ လွှမ်းမိုးမှုကို ခံထားရပြီး သူ၏ အမြင်များပင် ကျဉ်းမြောင်းသွားခဲ့သည်။ သူက ကြင်နာပြီး စိတ်ကောင်းရှိသောကြောင့် အုပ်ချုပ်သူတစ်ယောက်ဖြစ်ရန် မသင့်တော်ပေ။
" ယန်နိုင်ငံက ချင်နိုင်ငံနဲ့ ဖွဲ့ထားတဲ့ မဟာမိတ်ကို ဖျက်သိမ်းမယ်လို့ ဆိုလိုတာလား။ " ဖုစုက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
" ဒါက ဖျက်သိမ်းတာနဲ့ မဆိုင်ပါဘူး။ " ဟန်ဖေးက ရှင်းပြလိုက်သည်။ " သူတို့က ကျောက်စစ်တပ်ကို ယန်နိုင်ငံထဲကနေ ဘာအနှောက်အယှက်မှမပေးဘဲ ဆုတ်ခွာခွင့်ပေးလိုက်လိမ့်မယ်။ သူတို့က လိုက်တိုက်မှာမဟုတ်ဘူး။ "
" အကြောင်းကတော့ ယန်နိုင်ငံအတွက် ချင်နိုင်ငံက ကျောက်နိုင်ငံထက် ပိုကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်နေလို့ပဲ။ တကယ်လို့ ငါတို့က ကျောက်နိုင်ငံကို ချေမှုန်းနိုင်ရင် ယန်နိုင်ငံက အမြဲတမ်း စိုးရိမ်တကြီးနဲ့ နေရလိမ့်မယ်။ "
ဖုစုက လေးနက်စွာ စဉ်းစားနေပြီး အတန်ကြာပြီးနောက် သူက ခေါင်းညိမ့်လိုက်သည်။ " ဝန်ကြီးဟန်ရဲ့ သင်ခန်းစာအတွက် ကျေးဇူးတင်ပါတယ်။ "
" ဝန်ကြီးဟန်..." ရင်ကျန့်က ရုတ်တရက် ပြောလိုက်သည်။ " ဖုစုအပေါ် မင်းရဲ့ အကဲဖြတ်ချက် ဘယ်လိုလဲဆိုတာ ငါသိချင်တယ်။ "
" ဒါကတော့..." ဟန်ဖေးက ဖုစုကို တစ်ချက်ကြည့်ပြီး ပြန်ဖြေလိုက်သည်။ " အရှင်သားမှာ မွေးရာပါ အရည်အချင်းကောင်းတွေရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့ စဉ်းစားပုံက ပုံသေဖြစ်နေပြီ။ ပြီးတော့ ကျွန်တော်မျိုးလျှောက်တဲ့ လမ်းစဉ်နဲ့လည်း ကွဲပြားနေပါတယ်။ "