အခန်း (၁၇၈)
Vol. 18 Ch. 178
ရင်ကျန့်က သူ့ကို ဖုစု၏ ဆရာအဖြစ် ထားလိုနေသည်ကို ဟန်ဖေးက နားလည်ပေသည်။ ဟန်ဖေးက အလွန်ပါးနပ်သူဖြစ်သည်။ ဖုစုကို သင်ကြားပေးရန် သဘောတူခြင်းက ထီးနန်းတိုက်ပွဲ၏ ဝဲဂယက်ထဲသို့ ဝင်ရောက်သွားမည်ဖြစ်ရာ သူက ထိုသို့သော အမှားမျိုးကို ပြုလုပ်မည်မဟုတ်ပေ။
သူက အသက်ရှင်နေပြီး ချင်နိုင်ငံအပေါ အမှုထမ်းနေရသည့် အကြောင်းရင်းမှာ တစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ ကျောက်ဖုန်း ပြောပြခဲ့သော စည်းလုံးညီညွှတ်သည့် ဟွာရှကို မြင်တွေ့လိုခြင်းပင်ဖြစ်သည်။
" အဲ့ဒါဆိုရင်တော့ နှမြောစရာပဲ။ "ရင်ကျန့်က ဟန်ဖေးကို တစ်ချက်ကြည့်လိုက်သော်လည်း အတင်းအကျပ်မလုပ်ခဲ့ပေ။
ရှန်းယန်မြို့၊ ဝမ်မိသားစုအိမ်တော်။
ဝမ်ယန် ကလေးမွေးပြီးသည်မှာ လအချို့ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ယခုအခါ သူမက အိပ်ရာမှ ထနိုင်နေပြီဖြစ်ပြီး ခြံဝင်းထဲတွင် ထိုင်နေသည်။ သူမ၏ သားလေးနှင့် သမီးလေးတို့က ပုခက်ထဲတွင် ရှိနေကြသည်။
" မေမေရဲ့ ပထမ ရတနာလေးနဲ့ ဒုတိယရတနာလေး။ "ဝမ်ယန်က သူမ၏ ကလေးများကို ကျီစယ်နေပြီး သူမ၏ မျက်နှာတွင် ချစ်ခြင်းမေတ္တာများနှင့် ပြည့်နှက်နေသည်။
" မင်းတို့လေးတွေ အခုဆို နှစ်ဆအရွယ်ရှိနေပြီ။ နောက်ထပ်လအနည်းငယ်ကြာရင် လမ်းလျှောက်နိုင်လိမ့်မယ်။ အဲ့ဒီအချိန်ကျရင် မင်းတို့အဖေလည်း ပြန်လာလောက်ပြီ။ "
" ယန်အာ သမီးတောင်းထားတဲ့ အစောင့်တွေအားလုံး အမေရှာပြီးသွားပြီ။ အခု သမီး ဘာလုပ်မယ်ဆိုတာ ပြောလို့ရပြီလား။ " ဝမ်ကတော်က ဖြည်းညင်းစွာ လျှောက်လာပြီး ပြောလိုက်သည်။
" သမီး ကျောက်ဖုန်းရဲ့ ဇာတိမြေကို သွားပြီး သူ့ရဲ့ အမေနဲ့ ညီမလေးကို သွားတွေ့ဖို့ စီစဉ်ထားတယ်။ " ဝမ်ယန်က ပြောလိုက်သည်။
" ဒါဆို အမေလည်း သမီးနဲ့လိုက်ခဲ့မယ်။ " ဝမ်ကတော်က ပြန်ပြောလိုက်သည်။
" အမေ အိမ်မှာ လီအာ ရှိသေးတယ်လေ။ အမေဒီမှာပဲနေပြီး သူ့ကို အဖော်လုပ်ပေးသင့်တယ်။ " ဝမ်ယန်က ပြောလိုက်သည်။ " ရှချူးခရိုင်က သိပ်မနီးပေမယ့် အစောင့်တွေရှိသလို ချင်ရဲ့ တင်းကျပ်တဲ့ ဥပဒေတွေကြောင့် ဒါက သိပ်ခက်ခဲမှာမဟုတ်ပါဘူး။ "
" သမီး ဘယ်လောက်ကြာနေဖို့ စိတ်ကူးထားလဲ။ " ဝမ်ကတော်က ထပ်မေးလိုက်သည်။
" ဒါက အခြေအနေပေါ် မတည်ပါတယ်။ ကျောက်ဖုန်းက အိမ်မပြန်တာ ကြာပြီဆိုတော့ သူ့အမေကို အဖော်ပြုပေးဖို့ ကလေးတွေကို ခေါ်သွားချင်တာပဲ။ " ဝမ်ယန်က ပြောလိုက်ပြီး ကလေးများကို ကြည့်လိုက်သည်။
" ကောင်းပါပြီ။ ဒါဆိုလည်း ဂရုစိုက်သွားဦး။ ရောက်တာနဲ့ သတင်းပြန်ပို့ဖို့ မမေ့နဲ့ဦး။ " ဝမ်ကတော်က ခေါင်းညိမ့်ရုံသာ တတ်နိုင်တော့သည်။
" စိတ်မပူပါနဲ့ အမေ။ " ဝမ်ယန်က ပြုံးလိုက်သည်။
အချိန်များက တရွေ့ရွေ့ကုန်လွန်လာခဲ့သည်။
ရှချူးခရုင်၊ ရှကျေးရွာ။
ယခင်နှင့် နှိုင်းယှဉ်လျှင် ရှကျေးရွာက ပိုမိုစည်းကားလာခဲ့သည်။ ကျောက်ဖုန်း၏ နာမည်က တစ်နိုင်ငံလုံးတွင် ကျော်ကြားနေပြီဖြစ်သည်။ သူက နိုင်ငံ၏ အသက်အငယ်ဆုံး စစ်သူကြီးဖြစ်ပြီး သူ၏ ဇာတ်မြေဖြစ်သော ရှချူးခရိုင်တွင် ပို၍ပင် ကျော်ကြားသည်။ ရှကျေးရွာကဲ့သို့ သေးငယ်သော နေရာမှ စစ်သူကြီးတစ်ယောက် ထွက်ပေါ်လာခြင်းကြောင့် ၎င်း၏ အဆင့်အတန်းကလည်း သဘာဝအတိုင်း မြင့်တက်သွားခဲ့သည်။
" နယ်စားမင်းက ငါတို့ ရှကျေးရွာကို နောက်တစ်ခါ ထပ်လာပြန်ပြီ။ ဒါနဲ့ဆိုရင် သူ ငါတို့ရွာကို လာတာ ငါးကြိမ်မြောက်ပဲ။
" ရှချူးခရိုင်မပြောနဲ့ ချင်နိုင်ငံတစ်ခုလုံးမှာတောင် ဒီလိုဂုဏ်ပြုခံရတဲ့ရွာက တခြားဘယ်ရွာရှိနေနိုင်ဦးမှာလဲ။ "
" ကျောက်မိသားစုက ကောင်လေးက အခုဆိုရင် ချင်နိုင်ငံရဲ့ အသက်အငယ်ဆုံး စစ်သူကြီးဖြစ်နေပြီ။ "
ခရိုင်စစ်သည်တစ်ရာဝန်းရံထားသော ရထားလုံးတစ်စီးက ရွာခဲသို့ ဝင်လာသောအခါ ရွာသားများက အချင်းချင်း ပြောဆိုဆွေးနွေးကုန်ကြသည်။
ကျောက်အိမ်တော်။
" ကျောက်ကတော် ကျုပ် သတင်းကောင်းတစ်ခုနဲ့ ထပ်ရောက်လာပြန်ပြီ။ " ယန်ပင်းက ခြံဝင်အတွင်းသို့ ဝင်လာပြီး ရင်းနှီးစွာ ပြောလိုက်သည်။
" နယ်စားမင်းယန်။ " ကျောက်ကတော်နှင့် သူမ၏ သမီးဖြစ်သူတို့က ထွက်လာကြပြီး ယန်ပင်းကို နှုတ်ဆက်လိုက်ကြသည်။
" ဒီတစ်ခါတော့ တကယ်ကို ထူးခြားတဲ့ သတင်းကောင်းပဲ။ " ယန်ပင်းက ပြုံး၍ ပြောလိုက်သည်။
" နယ်စားမင်းယန် စကားကို လှည့်ပြောမနေပါနဲ့။ ဘာသတင်းကောင်းလဲ။ " ကျောက်ကတော်က ပြန်ပြောလိုက်သည်။
" ရှေ့ကို ယူခဲ့ကြ။ " ယန်ပင်းက အမိန့်ပေးလိုက်သည်။
ပိုးသားသေတ္တာတစ်ခုကို ကိုင်ဆောင်ထားသော ခရိုင်စစ်သည်တစ်ယောက်က ချဉ်းကပ်လာသည်။
" ဒါက ဘာလဲ။ " ကျောက်ကတော်က နားမလည်နိုင်စွာဖြင့် ပြောလိုက်သည်။
" ကျောက်ကတော် သွေးဂျင်ဆင်းအကြောင်း ကြားဖူးလား။ " ယန်ပင်းက ပြုံး၍ ပြောလိုက်သည်။
" သွေးဂျင်ဆင်းဟုတ်လား။ " ကျောက်ကတော်၏ အမူအရာက ပြောင်းလဲသွားပြီး သူမက မျက်လုံးပြူးသွားသည်။ " ဒါက သွေးဂျင်ဆင်းများလား။ "
" ကျောက်ကတော်က သွေးဂျင်ဆင်းရဲ့ အကြောင်းကို သိပုံရတယ်။ " ယန်ပင်းက ပြုံး၍ ပြောလိုက်သည်။
" ကျွန်မက ဆေးဆရာမိသားစုက ဆင်းသက်လာတာပဲ။ ဒါကို ဘယ်လိုလုပ်မသိဘဲနေမှာလဲ။ အဲ့ဒါက သေလူကိုတောင် ပြန်ရှင်စေနိုင်တဲ့ စိတ်ဝိညာဉ်ဆေးပင်လို့ ပြောကြတာပဲ။ ဒီသေတ္တာထဲမှာ တကယ်ပဲ သွေးဂျင်ဆင်းရှိနေတာလား။ " ကျောက်ကတော်က မနေနိုင်တော့ဘဲ မေးလိုက်သည်။
ယန်ပင်းက တွန့်ဆုတ်မနေဘဲ ပိုးသားသေတ္တာကို ဖွင့်လိုက်သည်။ အတွင်း၌ အမြစ်များ ပြည့်စုံသန်စွမ်းနေသော သွေးကဲ့သို့ နီရဲနေသည့် ဂျင်ဆင်းတစ်ပင်ရှိနေသည်။ ၎င်းကို ဖွင့်လိုက်သည်နှင့် ပြင်းထန်သော ရနံ့များ လေထဲတွင် ပျံ့လွင့်လာသည်။
" ဒါက တော်ဝင်နန်းတော်ရဲ့ အမြင့်မြတ်ဆုံးရတနာပဲ။ ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ။ " ကျောက်ကတော်က ပို၍ အံ့အားသင့်သွားသည်။
" ကျောက်ကတော်က တကယ်တော်တဲ့ သားတစ်ယောက်ကို မွေးထုတ်ပေးခဲ့တာပဲ။ " ယန်ပင်းက ချီးကျူးလိုက်သည်။ " စစ်သူကြီးကျောက်က စစ်မြေပြင်မှာ ရောက်နေပေမယ့် ကျောက်ကတော်အပေါ် စိုးရိမ်မှုက ဘယ်တော့မှ မပြတ်ပါဘူး။ စစ်သူကြီးကျောက်က ပြောပါတယ်။ ကျောက်ကတော်က သူနဲ့ သူ့ညီမလေးကို မွေးတဲ့အချိန်မှာ ခန္ဓာကိုယ်က အားနည်းသွားပြီး အသက်စွမ်းအားကို ထိခိုက်သွားခဲ့တယ်။ "
" အဲ့ဒါကြောင့် သူက အရှင်မင်းကြီးဆီမှာ ကျောက်ကတော်ရဲ့ ကျန်းမာရေး ပြန်ကောင်းလာအောင် ဒီသွေးဂျင်ဆင်းကို ချီးမြှင့်ပေးဖို့ အထူးတောင်းဆိုခဲ့တာပဲ။ သွေးဂျင်ဆင်းရဲ့ တန်ဖိုးကိုတော့ ရှင်းပြစရာမလိုတော့ပါဘူး။ အရင်တုန်းက လူပေါင်းများစွာက ဒါကို လိုချင်ခဲ့ကြပေမယ့် ငြင်းပယ်ခံခဲ့ရတယ်။ ဒါပေမယ့် စစ်သူကြီးကျောက်က တောင်းဆိုတဲ့အခါမှာတော့ အရှင်မင်းကြီးက တကယ်ပဲ ခွင့်ပြုခဲ့တယ်။ "
" တကယ်ပဲ။ ဒီသွေးဂျင်ဆင်းက အရမ်းတန်ဖိုးကြီးတဲ့ ရတနာတစ်ခုပဲ။ " ကျောက်ကတော်က သွေးဂျင်ဆင်းကို ကြည့်ပြီး သူမ၏ စိတ်ထဲတွင် အတွေးများပေါ်လာသည်။ သူမက ၎င်းကို ယခင်က မြင်တွေ့ခဲ့ဖူးသည်။
" တုန်အာ " ရင်ကျန့်က သွေးဂျင်ဆင်းကို ကိုင်ပြီး ဝင့်ကြွားစွာ ပြောခဲ့သည်။ " ဒီဂျင်ဆင်းကို တွေ့လား။ ဒါက တော်ဝင်နန်းတော်ရဲ့ အမြင့်မြတ်ဆုံးရတနာပဲ။ အနာရောဂါအားလုံးကို ပျောက်ကင်းစေနိုင်ပြီး သေသူကိုတောင် ပြန်ရှင်စေနိုင်တယ်လို့ ပြောကြတယ်။ "
" ရတနာဆိုတာက ဟုတ်ပါပြီ။ ဒါပေမယ့် ဒါက ကျွန်မအတွက် ဘာအသုံးဝင်မှာလဲ။ " ရှတုန်အာက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
" နောက်တစ်ချိန် မင်းက ငါ့အတွက် ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက် မွေးပေးတဲ့အခါ မင်းက သေချာပေါက် အားနည်းနေမှာပဲ။ အဲ့ဒီအချိန်ကျရင် မင်းကို ဒါပေးမယ်။ ဒါက မင်းရဲ့ ခန္ဓာကိုယ်ကို ပြန်ကျန်းမာအောင် လုပ်ပေးလိမ့်မယ်။ "ရင်ကျန့်က ရယ်ပြီး ပြောလိုက်သည်။
ထိုစကားများကို ကြားသောအခါ ရှတုန်အာ၏ မျက်နှာလေးက နီရဲသွားပြီး သူမက နောက်သို့ လှည့်ပြေးသွားသည်။
" တုန်အာ ဘာဖြစ်လို့လဲ။ မင်း ငါ့ရဲ့ ကလေးတွေကို မမွေးပေးချင်ဘူးလား။ " ရင်ကျန့်က ရယ်မောပြီး သူမနောက်သို့ လိုက်သွားခဲ့သည်။
" အပြောင်းအလဲတွေ အများကြီး ဖြစ်ပြီးတဲ့နောက်မှာ ဒီသွေးဂျင်ဆင်းက ငါ့လက်ခဲ ရောက်လာလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။ ဒါက ကံကြမ္မာများလား။ " ရှေ့မှ သွေးဂျင်ဆင်းကို ကြည့်ပြီး သူမ၏ စိတ်များက လှုပ်ခတ်နေသည်။
" ကျောက်ကတော်ကို ဂုဏ်ပြုပါတယ်။ " ယန်ပင်းက ပြုံး၍ ပြောလိုက်သည်။
" နယ်စားမင်းကိုယ်တိုင် လာပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ " ကျောက်ကတော်က သူမ၏ စိတ်ကို ထိန်းချုပ်ပြီး ပြောလိုက်သည်။
" ဒါက ကျွန်တော်အတွက် ဂုဏ်ယူစရာပါ။ " ယန်ပင်းက ပြန်ပြောလိုက်သည်။
" နယ်စားမင်း အပြင်မှာ ကုန်သည်အုပ်စုတစ်စု ရောက်နေပါတယ်။ သူတို့က ကျောက်ကတော်ကို လာရှာတဲ့ပုံပဲ။ ပြီးတော့ အစောင့်တွေကို ကြည့်ရတာ သူတို့အားလုံး စစ်သားအရှိန်အဝါတွေ ရှိနေတယ်။ သူတို့က သာမန်ကုန်သည်တွေ ဟုတ်ပုံမရဘူး။ "
" ကုန်သည်အုပ်စုလား။ " ယန်ပင်းက အံ့ဩသွားသည်။ " ကျောက်ကတော် စစ်သူကြီးကျောက်မှာ တခြားသိကျွမ်းတဲ့သူရှိသေးလား။ "
" ကျွန်မ အရင်ကတော့ အချို့ကို သိပါတယ်။ ဒါပေမယ့် ဖုန်းအာ စစ်ထဲဝင်သွားပြီးကတည်းက ဘယ်သူတွေနဲ့ မိတ်ဆွေ ဖြစ်နေလဲဆိတာ မသိရပါဘူး။ " ကျောက်ကတော်က ခေါင်းခါလိုက်သည်။
ထိုအချိန်တွင် ကျောက်မိသားစု၏ အိမ်တော်ထိန်းက အပြေးအလွှားရောက်လာသည်။
" သခင်မ အပြင်မှာ တစ်ယောက်က တွေ့ခွင့်တောင်းနေပါတယ်။ သူတို့က ရှန်းယန်မြို့တော် ဝမ်အိမ်တော်က ဖြစ်ပြီး သခင်မရဲ့ ချွေးမလို့ ပြောပါတယ်။ "
" ရှန်းယန်မြို့တော်က ဝမ်အိမ်တော်လား။ " ကျောက်ကတော်က အံ့အားသင့်သွားသည်။
ထို့နောက် သူမက နားလည်သွားသည်။ " ဖုန်းအာက တကယ်ပဲ ဝမ်ကျန့်ရဲ့ သမီးနဲ့ စေ့စပ်ထားတာလား။ "
" အပြင်ထွက်ပြီး သွားတွေ့ရအောင်။ " ကျောက်ကတော်က ချက်ချင်း ပြောပြီး ထွက်ခွာသွားသည်။ ယန်ပင်းကလည်း နောက်မှ လိုက်ပါသွားသည်။