← Chapters

ပြီးပြည့်စုံခြင်း

Vol. 9 Ch. 852

ပြီးပြည့်စုံခြင်း

Vol. 9 Ch. 852

လင်ကျိုးနယ်၏နေဝင်ချိန်သည် ယွမ်ကျိုးနယ်၏နေဝင်ချိန်နှင့်မတူဘဲ ကွဲပြားလေသည်။

နေဝင်သွားသည့်အခါ… ကောင်းကင်ထက်တွင် ကြယ်စင်များနှင့်လာများသာထွန်းလင်းသည်မဟုတ် ကြည်လင်ပါးလွှာသည့် ဗုဒ္ဓရောင်ခြည်တော်သည်လည်း ကောင်းကင်ထက်တွင် ထွက်ပေါ်လာလေ့ရှိလေသည်။

ထိုကြည်လင်ပါးလွှာသည့် ဗုဒ္ဓရောင်ခြည်တော်ကို ဗုဒ္ဓဘာသာတို့၏အလင်းတန်းဟု ခေါ်ဆိုလေသည်။ လင်ကျိုးနယ်တွင် နေထိုင်ကြသည့် အမျိုးသား ၊ အမျိုးသမီးအပေါင်းတို့က ဘာသာတရားကိုင်းရှုင်းကြသူများ ဖြစ်ကြလေသည်။ ထို့ကြောင့် ညအချိန် ကောင်းကင်ယံတွင် ဗုဒ္ဓရောင်ခြည်ပေါ်လာသည့်အချိန်တွင် သေလွန်သွားကြသည့် ဗုဒ္ဓဘာသာဝင်များ သုခဘုံသို့ ဝင်စားနိုင်မည်ဟု အယူရှိကြလေသည်။

သို့သော်… ထိုအကြောင်းများသည် ကောလဟလများသာ ဖြစ်လေသည်။

ဆန်းလျန်က ကောင်းကင်ထက်မှ ဗုဒ္ဓရောင်ခြည်တော်ကို မော့ကြည့်လိုက်သည်။

"ဒီ ဗုဒ္ဓရောင်ခြည်တော်က အော်မီတော်ဖူဘုရားရဲ့ တန်ခိုးစွမ်းအားပဲ…"

ဆန်းလျန်၏ စကားကို ကျောက်ရှောင်ယွီက ခေါင်းညိတ်သဘောတူလိုက်သည်။

ထို့နောက် ဆန်းလျန်နှင့် ကျောက်ရှောင်ယွီသည် လက်ချင်းတွဲရင်း လမ်းမအတိုင်း ဆက်လက်လမ်းလျှောက်လာကြလေရာ ကျားရဲ့ဝတ်ကျောင်းတော်ရှေ့သို့ ရောက်ရှိလာကြလေသည်။

ကျောင်းတော်တံခါးဝသို့ရောက်သည်နှင့် ကျောက်ရှောင်ယွီက…

"ဆန်းလျန်… ရှင့်တန်ခိုးစွမ်းအားတွေ ဘယ်လောက်တိုးတက်လာလဲ ကျွန်မ သိချင်နေပြီ…"

ဆန်းလျန်က သူ့ဘေးနားမှ မိန်မလှလေး ကျောက်ရှောင်ယွီကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ကျောက်ရှောင်ယွီကလည်း ဆန်းလျန်ကိုပြန်ကြည့်လိုက်လေသည်။

သူမ၏မျက်ဝန်းများက တောက်ပနေပြီး ထိုမျက်ဝန်းများထဲတွင် မေတ္တာတရား ၊ ရည်မှန်းချက်နှင့် အသိဉာဏ်ပညာများ ပါဝင်လေသည်။ ထိုမျက်ဝန်းများထဲတွင် ဆန်းလျန်၏စိတ်ထားကို ရှင်းလင်းစွာ နားလည်ပေးနေကြောင်း ထင်ရှားစွာ ပေါ်လွင်နေလေ၏။

ထိုက်ချင်တန်ခိုးစွမ်းအားနှင့် ငရဲလမ်းဓားကို ပေါင်းစပ်ပြီးသည့်နောက် ကျောက်ရှောင်ယွီ၏ တန်ခိုးစွမ်းအားများမှာ အဆမတန်မြင့်မားလာသည်ကို ဆန်းလျန် ရိပ်မိလေသည်။

ထိုက်ချင်တာအိုကျမ်းသည် ကျင့်ကြံသူလောကတွင် အဖြောင့်မတ်ဆုံး ကျင့်စဉ်တစ်ခုဖြစ်လေသည်။ သို့သော်… ငရဲလမ်းဓားကတော့ မှော်ဝင်ဓားတစ်လက်ဖြစ်လေ၏။ အဖြေင့်မတ်ဆုံးကျင့်စဉ်နှင့် မှော်ဝင်ဓားတို့ပေါင်းစပ်မိသည့်အခါ အံ့သြဖွယ်စွမ်းရည်တစ်ခုထွက်ပေါ်လာပြီး ဖြောင့်မတ်သည့်တာအိုနှလုံးသားဖြင့် မှော်ဝင်ဓားကို ထိန်းချုပ်ကာ ကောင်းမှုနှင့် မကောင်းမှုကို ညီညွတ်သွားစေလေသည်။

သူမသည် လောကတွင် တန်ခိုးစွမ်းအားအမြင့်မားဆုံးဟု မဆိုသာသည့်တိုင် တော်ရုံနတ်ဘုရားများကို ဦးညွှတ်စရာမလိုဘဲ ကျင့်ကြံသူလောကတွင် ဂုဏ်အသရေဖြင့် ရပ်တည်နိုင်သည့် နတ်သမီးတစ်ပါး ဖြစ်လေသည်။

သို့သော်… သူမသည် ဆန်းလျန်ကို အမြဲတမ်း ဦးစားပေးခဲ့လေသည်။ ဆန်းလျန်အတွက်ဆိုလျှင် တစ်လောကလုံးနှင့်တစ်ယောက် ဖြစ်နေပါစေ သူမက အမြဲတမ်း ဆန်းလျန်ဘက်မှ အသင့်ရှိနေပေးခဲ့သည်။

သူ့အပေါ်ထားသည့် ကျောက်ရှောင်ယွီ၏ မေတ္တာတရားများကို သိရှိနားလည်လိုက်ရသည့်အခါ ဆန်းလျန်မှာ အနည်းငယ်ပင် စိတ်မကောင်းဖြစ်သွားရလေသည်။

သို့သော်… ဆန်းလျန်က အပိုစကားများပြောမနေတော့ဘဲ ကျားရဲ့ဝတ်ကျောင်းတော် တံခါးဝသို့ လျှောက်သွားလိုက်လေသည်။

ဝတ်ကျောင်းတော်အဝင်တံခါးက ပွင့်နေပြီး ဝတ်ပြုရာ ခန်းမဆောင်ကို တွေ့မြင်နေရသည်။ ခန်းမဆောင်ထဲတွင် မတ်ရပ်ရုတ်တုတစ်ခု ရှိနေလေသည်။

အခြားသောဝတ်ကျောင်းတော်များတွင် ခန်းမအတွင်း၌ ဗုဒ္ဓရုပ်ပွားတော်များ ထားရှိကိုးကွယ်ကြသည်။

သို့သော်… ကျားရဲ့ဝတ်ကျောင်းတော်အတွင်းမှ ရုတ်တုကတော့ ဗုဒ္ဓရုပ်ပွားတော် မဟုတ်ပေ။ မဟာကျားရဲ့ကိုယ်တော်ကြီး၏ ရုပ်တု ဖြစ်လေသည်။ ရုပ်တု၏ထူးခြားချက်မှာ လက်နှစ်ဖက်တွင် ရွှေကွင်း (၂)ကွင်းဝတ်ဆင်ထားခြင်း ဖြစ်လေသည်။

ကျောက်ရှောင်ယွီက ဆန်းလျန်နောက်မှ ဝတ်ကျောင်းတော်အတွင်းသို့ လိုက်ဝင်လိုက်သည်။

ဝတ်ကျောင်းတော်အတွင်းပိုင်းသည် ပြင်ပလောကနှင့်မတူညီသည်ကို သူမ ချက်ချင်း သတိပြုလိုက်မိသည်။ သူမအနေဖြင့် မဟာကျားရဲ့ကိုယ်တော်ကြီး၏ တန်ခိုးစွမ်းအားများကို လျှော့တွက်ခဲ့မိသည်မှာ မှားယွင်းပြီဖြစ်ကြောင်း နားလည်လိုက်မိသည်။

သို့သော်… ကျားရဲ့ဝတ်ကျောင်းတော်၏ ထူးခြားချက်များကို အဆင့်မြင့်နတ်ဘုရားများပင် ရိပ်မိရန် ခဲယဉ်းလေရာ သာမန်လူများဆိုလျှင်တော့ မည်သည့်နည်းနှင့်မှ သိရှိလိမ့်မည် မဟုတ်ပေ။

ကျောက်ရှောင်ယွီကတော့ ကျားရဲ့ဝတ်ကျောင်းတော်၏နေရာတိုင်းတွင် ဓားဝိညာဉ်များ ပျံသန်းနေပြီး အချိန်တိုင်းတွင် အရားအားလုံးကို ခုတ်ဖြတ်တိုက်ခိုက်ပစ်နေသည်ကို တွေ့မြင်နေရလေသည်။

ထိုဓားဝိညာဉ်များသည် ဝတ်ကျောင်းတော်အတွင်းမှ အတိတ်ပုံရိပ်များဖြစ်လေသည်။ ထို့ပြင် ဝတ်ကျောင်းတော်ထဲတွင် အချိန်စီးဆင်းမှုက အခြားနေရာများနှင့်မတူပေ။ အလွန်သိပ်သည်းနေလေသည်။

အချိန်ကာလ၏ရှုတ်ထွေးမှုများကြောင့် ကျောက်ရှောင်ယွီမှာ အနည်းငယ်ပင် စိတ်ရှုတ်ထွေးသွားမိသည်။

သို့သော်… သူမ၏ တာအိုနှလုံးသားထဲမှ ငရဲလမ်းဓားဝိညာဉ်က တစ်ချက်လှုပ်ရှားလိုက်သည်နှင့် စိတ်ရှုတ်ထွေးနေမှုများအားလုံး လွင့်စင်ပျောက်ကွယ်သွားရလေသည်။

ထိုအချိန်မှ ကျောက်ရှောင်ယွီက ဆန်းလျန်၏အခြေအနေကို လှမ်းကြည့်လိုက်သည်။

ဆန်းလျန်က ဝတ်ကျောင်းတော်အတွင်းမှ ဓားဝိညာဉ်များကို အာရုံမထားဘဲ မဟာကျားရဲ့ကိုယ်တော်

ဓားများကို အာရုံမထားဘဲ ဗုဒ္ဓရုပ်ပွားတော်၏လက်မှ ရွှေကွင်းကို စိတ်ဝင်စားနေလေသည်။

လက် (၂)ဖက်တွင် ဝတ်ဆင်ထားသည့် ရွှေကွင်း (၂)ခုမှာ ပြီးပြည့်စုံသည့် ရတနာပစ္စည်းများဖြစ်လေသည်။ သံသရာမှလွတ်မြောက်ပြီး သံယောဇဉ်အားလုံး ပြတ်တောက်ပြီဖြစ်ကြောင်း ကိုယ်စားပြုထားလေ၏။

ထိုရွှေကွင်းများကိုကြည့်ပြီး ဆန်းလျန်သည် ရွှမ်တုတောက်ကျွင်းကို သတိရသွားမိလေသည်။ ထိုရွှေကွင်းများသည် ရွှမ်တုတောက်ကျွင်းထက်ပိုပြီး လေးနက်သည့်အဓိပ္ပါယ်ကိုဆောင်သည့် “ဟွင့်ယွမ်ဝူကျီ” အဆင့်ကို ညွှန်ပြနေလေသည်။

ကျောက်ရှောင်ယွီက ဆန်းလျန်ကြည့်နေသည့်နေရာသို့ လိုက်ကြည့်လိုက်သည်။ ထိုအခါ သူမသည်လည်း ရွှေကွင်းများကို စိတ်ဝင်စားသွားမိလေသည်။

ထိုရွှေကွင်းများသည် သူမ၏မျက်လုံးထဲတွင် အလွန်ကြည့်ရဆိုးနေလေသည်။

သို့သော် ထိုရွှေကွင်းများသည် အလွန်ကြည့်ရဆိုးနေသည့်တိုင် မည်သည့်အချက်ကြောင့် ကြည့်ရဆိုးနေသည်ကို အဖြေရှာ၍မရနိုင်ပေ။

လောကတွင်ရှိရှိသမျှအရာအားလုံးသည် အနည်းနှင့်အများတော့ အားနည်းချက်ရှိကြသည်သာ ဖြစ်သည်။

မိန်းကလေးတစ်ယောက် အလွန်ချောမောလှပသည်ဆိုလျှင် ယောကျ်ားလေးတိုင်း ငေးမောကြည့်ကြမည်ပဲ ဖြစ်လေသည်။ သို့သော်…. သေသေချာချာကြည့်မည်ဆိုပါက မည်မျှပင်လှပပါစေ ပြစ်ချက်တစ်ခုတော့ သေချာပေါက် ရှိပေမည်။

ရတနာပစ္စည်းများ ၊ ရုပ်တုများ ၊ အနုပညာလက်ရာများသည်လည်း ထိုသို့ပင် ဖြစ်လေသည်။

သို့သော်… မဟာကျားရဲ့ကိုယ်တော်ကြီး၏ရုပ်တုမှရွှေကွင်းများကတော့ “ပြီးပြည့်စုံခြင်း” ဆိုသည့် စကားလုံးအတွက် ဖြစ်တည်လာခြင်းဖြစ်လေသည်။ ထို့ကြောင့် ချို့ယွင်းချက် ၊ အားနည်းချက် လုံးဝမရှိပေ။

"ပြီးပြည့်စုံခြင်း" ရှိသည့် ပစ္စည်းမျိုးသည် အမှန်တော့ လောကတွင် ရှိမနေသင့်ပေ။ အဘယ်ကြောင့်ဆိုသော်… လောကတွင် မိုးနှင့်မြေသည်ပင် မပြည့်စုံသေးသောကြောင့် ဖြစ်လေသည်။ ပြည့်စုံသော အရာ ၊ ပြည့်စုံသော သက်ရှိဆို၍ လောကတွင် လုံး၀ မရှိပေ။

ထို့ကြောင့် ရွှေကွင်းများက လောကနိယာမတရားများကို ချိုးဖျက်ထားသကဲ့သို့ ဖြစ်နေလေသည်။

ထို့နောက် ဆန်းလျန်ထံမှ စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်သံကို ကျောက်ရှောင်ယွီ ကြားလိုက်ရသည်။

ဆန်းလျန်၏ ခန္ဓာကိုယ်မှ ပါးလွှာသည့်အလင်းတန်းလှိုင်းများထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ချက်တုန်ခါသွားလေသည်။ ထို့နောက် ကုလားကာတစ်ခုအတွင်းသို့ တိုးဝင်သွားသည့်အလား ဆန်းလျန်သည် မဟာကျားရဲ့ကိုယ်တော်ကြီး၏ ရုပ်တုအတွင်းသို့ တိုးဝင်ကာ ပျောက်ကွယ်သွားလေတော့သည်။

ဆန်းလျန်သည် အချိန်စီးကြောင်းကို ထိတွေ့နိုင်နေပြီကို ကျောက်ရှောင်ယွီ သိထားလေသည်။ သို့သော်… ယခုကဲ့သို့ မျက်စိဖြင့် တပ်အပ်မြင်လိုက်ရသည့်အခါ သူမ အလွန်ပင် အံ့သြတုန်လှုပ်သွားမိလေသည်။

သူမသည် ဆန်းလျန်ကို တွေ့မြင်ရခြင်း မရှိတော့ပေ။

ဆန်းလျန်သည် အချိန်ကို နောက်ပြန်လှည့်ခြင်း မဟုတ်ပေ။ အတိတ်တစ်ချိန်သို့ ခရီးထွက်ခွာသွားခြင်းသာ ဖြစ်လေသည်။

ဆန်းလျန်သည် အတိတ်သို့ရောက်ရှိနေလေသည်။

သူသည် ကျားရဲ့ဝတ်ကျောင်းတော်ကြီးအတွင်းမှ ရုပ်တုကြီးအဖြစ် တည်ရှိနေလေသည်။ ရုပ်တုကြီး၏လက်တွင် ဝတ်ဆင်ထားသည့် ရွှေကွင်းများမှ နွေးထွေးမှုနှင့်အေးစက်မှုကို တစ်ပြိုင်တည်းခံစားနေရလေသည်။

ကျားရဲ့ဝတ်ကျောင်းတော်အပြင်ဘက်တွင် မြူခိုးများကျဆင်းနေပြီး လူရိပ်တစ်ရိပ်သည် ဝတ်ကျောင်းတော်ရှိရာသို့ ချဉ်းကပ်လာလေသည်။ ထို့နောက် သိမ်မွေ့သည့် ရယ်မောသံတစ်ချက်ထွက်ပေါ်လာပြီး လူရိပ်မှာ မည်သူဖြစ်သည်ကို ထင်ထင်ရှားရှားတွေ့မြင်လာရလေသည်။

ထိုသူမှာ လူငယ်တစ်ယောက်ဖြစ်လေသည်။ ပိုးသားအလားနူးညံ့သည့်အဝတ်အစားများကိုဝတ်ဆင်ထားပြီး အင်္ကျီလက်အနားတွင် ရွှေရောင်ကွပ်ထားလေသည်။ သူ့ကိုကြည့်ရသည်မှာ မြင့်မြတ်သည့် မင်းညီမင်းသားတစ်ပါးနှင့် ဆင်တူလေသည်။

ထိုလူငယ်ထံမှ သိမ်မွေ့သည့်တာအိုစွမ်းအားတစ်ခု ထွက်ပေါ်နေပြီး ထိုတန်ခိုးစွမ်းအားကြောင့်ပတ်ဝန်းကျင်တွင် မြူခိုးများဆိုင်းလာရခြင်းဖြစ်လေ၏။ ထိုမြူခိုးများက ပတ်ဝန်းကျင်တစ်ခုလုံးကို အိပ်မက်ဆန်စေပြီး ထင်ယောင်ထင်မှား ဖြစ်စေလေသည်။

လူငယ်၏ခါးတွင်ဓားတစ်လက်လွယ်ထားပြီး ရွှေကွပ်ထားသည့်ကျောက်စိမ်းဓားတစ်လက်ဖြစ်ကာ အလွန်လှပလေသည်။

ဆန်းလျန်က သူ၏တာအိုစိတ်အာရုံဖြင့် ကြည့်လိုက်သည်နှင့် ထိုဓားသည် လှပရုံသာမက ထက်မြက်မှုတွင်လည်း အနှိုင်းမဲ့ဖြစ်သည်ကို သိလိုက်လေသည်။ ကောင်းကင်ကိုထိုးခွင်းပြီး စကြာဝဠာကြီးကိုပင် ဖြတ်တောက်ပစ်နိုင်စွမ်းရှိသည့် ဓားတစ်လက် ဖြစ်သည်။

ထိုဓားမှ ဓားခြိမ်းသံတစ်ချက် ထွက်ပေါ်လာလေသည်။ ဓားခြိမ်းသံဆိုသည့်တိုင် နိုက်တင်ဂေးငှက်လေး တေးသီဆိုသည့်အလား သာယာလွန်းလှသည်။ ဓားရောင်သည် လေနှင့်အတူ ဆန်းလျန်ရှိရာသို့ လွင့်မျောလာလေသည်။

ဓားဝိညာဉ်သည် သစ်တော်ပွင့်များထက်သို့ ဖြာကျနေသည့် လရောင်ခြည်အလား ၊ ကန်ရေပြင်ကို ဖြတ်တိုင်သွားသည့် လေပြေအလား သဲလွန်စတစ်ချက်ပင် ကျန်ရစ်ခဲ့ခြင်း မရှိပေ။

ဆန်းလျန်ကတော့ သူ့ထံသို့ ဓားဝိညာဉ် ဝင်ရောက်လာသည့်အတွက် ကြောက်ရွံ့သွားခြင်း မရှိပေ။ သူ့အကျင့်အတိုင်း အေးဆေးတည်ငြိမ်နေဆဲ ဖြစ်လေ၏။

ထို့နောက် ဆန်းလျန်၏ လက်ချောင်းလေးများ တစ်ချက်လှုပ်ရှားသွားပြီး သူ၏လက်ထဲသို့ ဓားတစ်လက် ရောက်ရှိလာလေသည်။

ဆန်းလျန်လက်ထဲသို့ ဓားရောက်လာသည်နှင့် ပတ်ဝန်းကျင်တွင် လေများ မိုးများ သည်းထန်စွာ ရွာသွန်းလာလေတော့သည်။

ဆန်းလျန်၏ ဓားသည် သူ့ရှေ့မှ လူငယ်၏ဓားကဲ့သို့ သိမ်မွေ့သည့် ဓားတစ်လက် မဟုတ်ပေ။ ရက်စက်သည့်ဓားတစ်လက် ဖြစ်လေ၏။

ဆန်းလျန်၏ဓားမှာ လူငယ်၏ဓားကို မယှဉ်နိုင်သော်လည်း ရင်ဆိုင်နိုင်သည့်စွမ်းအားတော့ ကောင်းကောင်းရှိလေသည်။

အမှန်တော့ လူငယ်က ဓားဝိညာဉ်ဖြင့် ဆန်းလျန်ကို တိုက်ခိုက်လိုက်သည်မှာဟန်ပြသက်သက်ဖြစ်လေသည်။ ဆန်းလျန်က သူ့ကို ပြန်လည်တိုက်ခိုက်လာလိမ့်မည်ဟု ထင်မှတ်မထားမိပေ။

မိုးလေများ ပြင်းထန်လာသည့်အတွက် သူ့အနေဖြင့် ထင်ယောင်ထင်မှားဖြစ်အောင် လှည့်ဖြားခြင်းကိုလည်း ဆက်လက်မပြုလုပ်နိုင်တော့ပေ။

သို့သော်… လူငယ်က ဆန်းလျန်နှင့် ရင်ဆိုင်လိုက်ရသည့်အတွက် အံ့သြထိန်လန့်သွားခြင်းမျိုး မရှိခဲ့ပေ။ သူ့မျက်နှာက မူလအတိုင်း တည်ငြိမ်နေဆဲ ဖြစ်လေ၏။ ထို့ပြင် ဆန်းလျန်၏လက်ထဲမှဓားကိုလည်း အရေးစိုက်ဟန်မရှိပေ။

ဆန်းလျန်၏ဓားဝိညာဉ်နှင့် လူငယ်၏ဓားဝိညာဉ်သည် လမ်းခုလတ်တွင် အရှိန်အဟုန်ပြင်းစွာ ထိခိုက်မိသွားလေသည်။ ကောင်းကင်ထက်မှမိုးရေစက်များ ကန်ရေပြင်အတွင်းသို့ ဒလဟောစီးကျလာပြီး ကန်ရေပြင်တစ်ခုလုံး လှိုင်းထန်သွားသည့်အလား ဖြစ်လေ၏။

ထို့နောက် လူငယ်၏ ဓားဝိညာဉ်မှာ ဆန်းလျန်၏ ဓားဝိညာဉ်အောက်တွင် ပျက်စီးသွားရလေသည်။

ထိုသို့ဖြစ်ရသည်မှာ ဆန်းလျန်၏ တန်ခိုးစွမ်းအား မြင့်မားလွန်းခြင်းကြောင့် မဟုတ်ပေ။ သူ့ရှေ့မှ လူငယ်က အစစ်အမှန်မဟုတ်သောကြောင့် ဖြစ်လေသည်။

ထိုလူငယ်သည်ကား အခြားသူမဟုတ်ပေ။ တိစစ်ထျန်းဟု လူသိများကြသည့် အရှင်အိန္ဒြပင် ဖြစ်လေတော့သည်။

***

All Chapters