← Chapters

အခန်း (၈၆၉-၈၇၀)

Vol. 87 Ch. 869-870

အခန်း (၈၆၉-၈၇၀)

Vol. 87 Ch. 869-870

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၆၉ + ၈၇၀)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

နာရီဝက်ခန့် ကြာမြင့်ပြီးနောက်တွင်တော့ တုပိုင်နှင့် မြို့စားမင်းလျန်ကျင်းတို့၏ စီးချင်းထိုးပွဲက တရားဝင် စတင်ပြီဖြစ်၏။

ဧကရာဇ်ထိုက်ခန်က အေးစက်ခက်ထန်စွာဖြင့် အမိန့်ပေးသည်။ “လျန်ကျင်း… မင်းကို ငါ အမိန့်ပေးမယ်။ လုံးဝ မညှာနဲ့။ နိုင်တာနဲ့ သူ့ကို ချက်ချင်းသာ သတ်ပစ်။ သနားနေရင် ဆိုးရွားတဲ့ ကပ်ဘေး ဆိုက်လာလိမ့်မယ်”

မြို့စားမင်းလျန်ကျင်းက အရိုအသေပေးလိုက်ကာ လျှောက်တင်သည်။ “အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး”

ထို့နောက် မြို့စားမင်းလျန်ကျင်းက တုပိုင်အား လှည့်ကြည့်ကာ ဆက်ပြောလိုက်၏။

“အရှင်မင်းမြတ်တုပိုင်… စကားမစပ် ပြောရဦးမယ်။ ခင်ဗျားဆီမှာ လီဝိညာဉ်ရဲ့ စိတ်စွမ်းအင်နည်းစနစ်တွေ ရှိတာကို ကျုပ် သိတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ ဝိညာဉ်ချုပ်နှောင်ခြင်းနည်းစနစ်က ကျုပ်အပေါ် အလုပ်ဖြစ်မှာ မဟုတ်ဘူး”

ထို့အပြင် လီဝိညာဉ်သတ်ဖြတ်ခြင်း နည်းစနစ်သည်လည်း အသုံးဝင်မည်မဟုတ်သည်မှာ သေချာလှ၏။

အကြောင်းမူကား မြို့စားမင်းလျန်ကျင်း၏ စိတ်စွမ်းအင်သည် အဆင့် ၉ ရှိနေသောကြောင့်ပင် ဖြစ်သည်။

တုပိုင်က ပြန်လည်တုံ့ပြန်လိုက်၏။ “အခုလို ကြိုပြောပြလို့ ကျေးဇူးပဲ”

လျန်ကျင်းက ထပ်လောင်း၍ သတိပေးလာပြန်သည်။ “ဒါ့အပြင် ကျုပ် လုံးဝ ညှာမှာမဟုတ်ဘူးနော်”

တုပိုင်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်၏။ “သိတယ်”

သူတို့နှစ်ဦးသည် ဆယ်မီတာခန့်အကွာ၌ တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ရပ်နေကြလေ၏။

ထိုစဉ် မြို့စားမင်းလျန်ကျင်းက သူ၏ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး အတွင်းအားနှင့် ရွှမ်းချီစွမ်းအင်များကို စုစည်းကာ လျှပ်တစ်ပြက်အရှိန်ဖြင့် ဝင်ရောက်တိုက်ခိုက်လိုက်တော့၏။

“ဝှစ်…”

သူ၏ လှုပ်ရှားမှုမှာ လွန်စွာမြန်ဆန်လှကာ ပြိုင်ဘက်ကင်းလုနီးပါး ကြီးမားလှသော စွမ်းအားနှင့် အလွန်တရာ ပြင်းထန်လှသော အတွင်းအားတို့ အပြည့်အဝ ပါဝင်နေလေသည်။ သူသည် တုပိုင်ထံသို့ ရုတ်ချည်းဆိုသလိုပင် ခုတ်ချလိုက်၏။ မိုးကြိုးလျှပ်စီးများကြားတွင် မြို့စားမင်းလျန်ကျင်း၏ ဓားအလင်းရောင်က တဖျပ်ဖျပ် လက်သွားလေတော့သည်။

တုပိုင်၏ ဦးခေါင်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။ အရာအားလုံးက ချက်ချင်းပင် အဆုံးသတ်သွား၏။ တိုက်ကွက်တစ်ကွက်တည်းဖြင့် အသက်နုတ်ယူသွားခြင်းပင် ဖြစ်ပေသည်။ သူတို့နှစ်ဦး၏ ကျင့်ကြံခြင်းစွမ်းအား ကွာဟချက်ကား ကြီးမားလွန်းလှရာ တစ်ချက်တည်းဖြင့်ပင် ရလဒ်က ထွက်ပေါ်သွားရခြင်း ဖြစ်လေ၏။

ရုတ်တရက်ဆိုသလိုပင် တုရှောင်၏ ခေါင်းထဲတွင် ဗုံးပေါက်ကွဲသွားသကဲ့သို့ ဟာလာဟင်းလင်း ဖြစ်သွားရ၏။ ကျန်းရှောင်မန်၏ ခန္ဓာကိုယ်မှာလည်း ချက်ချင်းပင် အေးစက်သွားရပြီး မျက်စိရှေ့တွင် ပြာယာခတ်သွားလေတော့သည်။

မြို့စားမင်းလျန်ကျင်း၏ မျက်နှာကြွက်သားများ တွန့်လိမ်သွားပြီးနောက် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်လေ၏။ ဤရလဒ်ကို ကြိုတင်သိထားသော်ငြား တကယ်တမ်း ဖြစ်လာချိန်တွင်မူ သူကိုယ်တိုင်ပင် တုန်လှုပ်သွားရသည်။ တစ်ချိန်တည်းမှာပင် သူသည် သူ၏ စိတ်စွမ်းအင် ကာကွယ်မှုအားလုံးကို ရုပ်သိမ်းလိုက်လေ၏။

သို့သော် နောက်တစ်စက္ကန့်အကြာတွင် မြို့စားမင်းလျန်ကျင်းမှာ ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားသကဲ့သို့ ငြိမ်သက်သွားကြောင်းကို ရုတ်တရက် ခံစားလိုက်ရလေသည်။ ချက်ချင်းဆိုသလိုပင် တုပိုင်၏ ပုံရိပ်က သူ၏ အနောက်ဘက်မှ ထွက်ပေါ်လာပြီး ထက်မြက်လှသော ဓားတစ်လက်သည်လည်း သူ၏ လည်ပင်းပေါ်သို့ ရောက်ရှိနေလေပြီဖြစ်၏။

တုပိုင်က အေးစက်စွာ ပြောလိုက်သည်။ “မြို့စားမင်းလျန်ကျင်း… ခင်ဗျား ရှုံးပြီ”

မြို့စားမင်းလျန်ကျင်းမှာ ဤအဖြစ်အပျက်ကို လုံးဝပင် မယုံကြည်နိုင်အောင် ဖြစ်သွားရတော့၏။ တုရှောင်နှင့် ကျန်းရှောင်မန် အပါအဝင် ပတ်ဝန်းကျင်ရှိ လူတိုင်းမှာလည်း မှင်သက်သွားကြပြီး ဘာတွေ ဖြစ်ပျက်သွားသည်ကို လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားကြလေတော့သည်။

အကြောင်းရင်းကား ရှင်းလင်းလှပေသည်။ တုပိုင်သည် ကိုယ်ပွားနည်းစနစ်ကို တတ်မြောက်ထားသောကြောင့်ပင် ဖြစ်၏။ ကျန်းရှောင်မန် ပေးခဲ့သော စွမ်းအင်ကျောက်သလင်းမှာ ပုံရိပ်ယောင်ဓားသွား မိစ္ဆာထံမှ အမဲလိုက်ရရှိထားခြင်း ဖြစ်လေသည်။

တုပိုင်၏ ဦးနှောက်စနစ်နှင့် ရှေးဟောင်းနဂါးဘုရင်၏ စိတ်စွမ်းအင်တို့က ဤကိုယ်ပွားနည်းစနစ်ကို ကူးယူဖန်တီးလိုက်ခြင်းပင် ဖြစ်၏။ ထို့ကြောင့် မြို့စားမင်းလျန်ကျင်း ခေါင်းဖြတ်လိုက်သည်မှာ တုပိုင်၏ ကိုယ်ပွားသာဖြစ်နေပြီး အစစ်အမှန်ခန္ဓာကိုယ်မှာမူ သူ၏ အနောက်ဘက်သို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်လေသည်။

တုပိုင်သည် အဘယ်ကြောင့် ဤမျှ မြန်ဆန်နေရသနည်း။ အကြောင်းမာ ပုံရိပ်ယောင်ဓားသွားမိစ္ဆာ၏ အလွန်လျင်မြန်သော လှုပ်ရှားမှုစွမ်းရည်ကိုပါ ကူးယူထားသောကြောင့်ပင် ဖြစ်၏။

မြို့စားမင်းလျန်ကျင်းက တုပိုင်အား သတ်ဖြတ်လိုက်ပြီဟု ထင်မှတ်ကာ သူ၏ စိတ်စွမ်းအင်ကာကွယ်မှုများကို ရုတ်တရက် ဖြေလျှော့လိုက်မိသဖြင့် တုပိုင်၏ စိတ်စွမ်းအင် ချုပ်နှောင်မှုကို ခံလိုက်ရခြင်းပင် ဖြစ်သည်။

ဤသို့ဖြင့် တုပိုင်သည် အံ့ဖွယ်အမှုတစ်ခုကို ဖန်တီးနိုင်ခဲ့ပြီး စီးချင်းထိုးပွဲတွင် အနိုင်ရရှိသွားခဲ့လေပြီဖြစ်၏။

မြို့စားမင်းလျန်ကျင်းက သက်ပြင်းချကာ ဝန်ခံလိုက်သည်။ “လေးစားပါတယ်… တကယ်ကို လေးစားတယ်။ အရှင်မင်းမြတ်တုပိုင်… ခင်ဗျား ကျုပ်ကို သတ်လို့ရပါပြီ”

တုပိုင်က အသာအယာ ပြုံး၍ ဆိုလိုက်၏။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဗျာ”

ထို့နောက် တုပိုင် သူ၏ ဓားကို ပြန်လည်ရုပ်သိမ်းလိုက်၏။

ဧကရာဇ်ထိုက်ခန်က တုပိုင်အား စူးစိုက်ကြည့်ကာ ပြောလာသည်။ “မင်းရဲ့ ခန္ဓာကိုယ်က အံ့ဖွယ်အမှုတွေနဲ့ ပြည့်နှက်နေတုန်းပဲကိုး”

ထို့နောက် သူ အိမ်တစ်လုံးဆီသို့ ဦးတည်လျှောက်သွားလိုက်၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် မီတာတစ်ရာခန့်အကွာသို့ လျှပ်တစ်ပြက် ရောက်ရှိသွားကာ လန်ဟူမြို့ အလယ်တန်းကျောင်းအတွင်းသို့ ဝင်ရောက်သွားလေသည်။ တုပိုင်သည်လည်း သူ၏ နောက်မှ လိုက်သွားခဲ့လေ၏။

အားကစားကွင်းထဲ၌ ဧကရာဇ်ထိုက်ခန်က စာသင်ဆောင်ကို ငေးမောကြည့်နေလျက်ရှိ၏။ လူသူကင်းမဲ့ကာ တိတ်ဆိတ်နေသော ကွင်းပြင်ကျယ်ကြီးထဲတွင် သူတို့နှစ်ယောက်တည်းသာ ရှိနေလေသည်။

တုပိုင်က တိတ်ဆိတ်မှုကို ခွဲကာ မေးလိုက်သည်။ “လီရှောင်ချန်လား”

ဧကရာဇ်ထိုက်ခန်မှာ မလှုပ်မယှက် ရှိနေဆဲပင် ဖြစ်၏။ တုပိုင်က ထပ်မံ၍ မေးလိုက်သည်။ “ဖန်းချန်လား”

ဧကရာဇ်ထိုက်ခန်က မည်သို့မျှ တုံ့ပြန်ခြင်းမရှိဘဲ မြေပြင်ပေါ်မှ သဲတစ်ဆုပ်ကို ကောက်ယူလိုက်ကာ လက်ချောင်းများကြားမှတစ်ဆင့် အောက်သို့ ဖြည်းညင်းစွာ စီးကျစေလိုက်လေ၏။ သူသည် အောက်သို့ စီးကျနေသော သဲများကိုသာ စူးစိုက်ကြည့်နေလေသည်။

အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ဧကရာဇ်ထိုက်ခန်ထံမှ အသံထွက်ပေါ်လာ၏။

“တုပိုင်… ငါ မှားသွားတယ်ကွာ။ ငါ… မှားသွားတယ်။ ငါ မှားသွားတယ်”

အတန်ကြာ တုံ့ဆိုင်းနေပြီးနောက် ဧကရာဇ်ထိုက်ခန်သည် သူ၏ ခမ်းနားထည်ဝါသော သံချပ်ကာအင်္ကျီကြီးထဲမှ လျှောက်ထွက်လာလေ၏။

မူလက အရပ်ငါးမီတာခန့် မြင့်မားသော်လည်း ယခုအခါတွင်မူ သာမန်အရပ်အမောင်းသာ ရှိတော့လေသည်။

ထိုသူကား အသက်သုံးနှစ်အရွယ်ကတည်းက တုပိုင်နှင့်အတူ တက္ကသိုလ်အထိ လိုက်ပါခဲ့ရသော အစေခံလေးဖြစ်ပြီး တုပိုင်၏ အရိပ်အောက်တွင် ခိုအောင်းနေခဲ့ရသူ ဖြစ်၏။ ပညာရေးတွင် အလွန်ထူးချွန်သော်လည်း ရုပ်ဆိုး ၊ အရပ်ပု ၊ သိမ်ငယ်စိတ်များကာ ကြောက်တတ်သော လီရှောင်ချန်ပင် ဖြစ်လေသည်။

သူ၏ မျက်နှာမှာ အမှန်တကယ်ပင် အလွန်ညစ်ပတ်ပြီး ရုပ်ဆိုးလှ၏။ မည်မျှပင် ပြင်ဆင်ဝတ်စားစေကာမူ အသုံးမဝင်သော ရုပ်ရည်မျိုးဖြစ်ကာ ဝက်ခေါင်းကဲ့သို့ မျက်နှာပြားပြား ၊ မေးရိုးကြီးကြီးနှင့် သွားခေါနေသူ တစ်ဦးဖြစ်လေသည်။ အထက်တန်းနှင့် တက္ကသိုလ်တက်စဉ်က တုပိုင်မှာ ချောမောခန့်ညားပြီးသားဖြစ်သော်လည်း လီရှောင်ချန်နှင့် ယှဉ်ရပ်လိုက်သောအခါ ပို၍ပင် ချောမောသွားသကဲ့သို့ ဖြစ်ခဲ့ရ၏။

တုပိုင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “တာ့နင်အင်ပါယာက ဖန်းချန်ဆိုတာ ဘယ်လိုဖြစ်ရတာလဲ”

လီရှောင်ချန်က ခါးသက်သက် ပြုံးကာ ပြောပြလေ၏။

“ဖန်းကျိုးမှာ ငယ်ငယ်ကတည်းက လူပုလေးဖြစ်နေပြီး အရမ်းရုပ်ဆိုးတဲ့ ညီတစ်ယောက်ရှိတယ်။ ဒါပေမဲ့ သူ့မှာ ပိုက်ဆံရှိတော့ ဩဇာကြီးတဲ့ မိသားစုက ဇနီးချောလေးတစ်ယောက် ရခဲ့တယ်။ ဒီနာမည်ကြီးဇနီးချောလေးက သူ့ကို အဖက်တောင် မလုပ်ဘူး။ မိသားစုထဲက တခြားလူတွေကလည်း ခေါင်းမာကြတယ်။ အဲဒီလူပုလေးကလည်း ဘာမှ ဝင်မပြောရဲဘူး။ သူက အိမ်ထောင်ကျကတည်းက မိန်းမကို လက်ဖျားနဲ့တောင် မတို့ရဲဘူးလေ။ နောက်တော့ သူက ပြည့်တန်ဆာမတစ်ယောက်နဲ့ အတူနေရင်း ဖန်းချန်ဆိုတဲ့ သားတစ်ယောက် ရလာခဲ့တာပဲ”

တုပိုင် မေးမြန်းလိုက်၏။ “မင်းက သူ့ခန္ဓာကိုယ်ထဲကို ကူးပြောင်းသွားတာလား”

လီရှောင်ချန်က ခေါင်းညိတ်ကာ ပြန်ဖြေလာသည်။ “ဟုတ်တယ်။ ပြီးတော့ အဲဒီဖန်းချန်က ငါ့ရဲ့ အခုရုပ်ရည်နဲ့ အရမ်းဆင်တယ်။ ပိုတောင် ရုပ်ဆိုးသေးတယ်။ တရားမဝင် သားတစ်ယောက်ဖြစ်နေတော့ ငါလည်း ဖန်းမိသားစုဆီကနေ ပြည်နှင်ဒဏ်ပေးခံလိုက်ရတယ်။ ဖန်းမိသားစုမှာ လူဇွန်းကျွန်းစုဘက် မှောင်ခိုကုန်သွယ်တဲ့ သင်္ဘောအုပ်စုနဲ့ စီးပွားရေးလုပ်ငန်းတွေ ရှိနေတော့ ငါက လူဇွန်းကျွန်းကို အပို့ခံလိုက်ရတာပဲ”

တုပိုင်က စဉ်းစားဟန်ဖြင့် ပြောလိုက်၏။ “မင်းက ငါ့ထက် နှစ်အနည်းငယ် စောပြီး တာ့နင်အင်ပါယာကို ရောက်သွားတာပေါ့”

လီရှောင်ချန်က အတိတ်ကို ပြန်လည်အမှတ်ရသွားဟန်ဖြင့် ဆက်ပြောလေသည်။ “ငါ ပထမနှစ်ကျောင်းသားဘဝတုန်းက မင်းနဲ့ အတူနေခဲ့တယ်။ နောက်တော့ မင်းက ရန်ယဲ့ရှောင်နဲ့ အတူနေပြီး ငါ့ကို မောင်းထုတ်ခဲ့တယ်လေ။"

"အဲဒီနောက် သိပ်မကြာခင်မှာပဲ ငါ ကူးပြောင်းသွားခဲ့တာ။ မင်းက မဂ္ဂဇင်းမျက်နှာဖုံးရှင် ဥက္ကဋ္ဌအချောအလှလေးနဲ့ အိပ်ရာပေါ် ရောက်နေခဲ့တာကိုး။ မင်းဆီက မောင်းထုတ်ခံရပြီးတော့ ငါ ဗီဒီယိုရုံကို သွားပြီး နှစ်ရက်နဲ့ နှစ်ညတိတိ ဗီဒီယိုတွေ ထိုင်ကြည့်နေခဲ့တယ်။ အဲဒီကနေ ထွက်လာတော့ ငါ အရက်တွေ အများကြီးသောက်လိုက်တယ်။"

"အဲဒီအချိန်မှာ ငါတို့အတန်းထဲက နတ်မိမယ်လေးလင်းလုက အဘိုးကြီးတစ်ယောက်ရဲ့ အော်ဒီကားပေါ်က ဆင်းလာတာကို ပက်ပင်းတိုးပါလေရော။ သူက အပေါ်အောက် အဝတ်အစားတွေ ဖော်ဖော်ချွတ်ချွတ် ဝတ်ထားပြီး တော်တော်လေးကို ဆွဲဆောင်မှုရှိတယ်။ သူ့ဆီကနေ အခုလေးတင် ပြီးစီးလာတဲ့ အနံ့ကိုတောင် ငါ ရနေသေးတယ်”

လင်းလုလော။ တုပိုင် လုံးဝကို မမှတ်မိချေ။ ထိုအချိန်က တုပိုင်သည် ရန်ယဲ့ရှောင်နှင့် ချစ်ကျွမ်းဝင်နေခဲ့ပြီး အခြားမိန်းကလေးများကို သိပ်၍ ဂရုမစိုက်ခဲ့ပေ။ ထို့အပြင် သူနှင့် လီရှောင်ချန်တို့မှာ တက္ကသိုလ်တစ်ခုတည်း တက်နေကြသော်လည်း မေဂျာချင်း မတူညီကြချေ။

သို့သော် သူ၏ မှတ်ဉာဏ်ထဲတွင် မှေးမှိန်စွာတော့ မှတ်မိနေသေး၏။ လင်းလုသည် အနောက်တိုင်းဆန်ဆန် မိန်းကလေးတစ်ဦးဖြစ်ပြီး သူမနောက်သို့ လိုက်နေသော ယောကျ်ားလေး အများအပြား ရှိခဲ့ကာ နတ်မိမယ်လေးဟုပင် တင်စားခေါ်ဝေါ်ကြလေသည်။

သို့သော် အဘိုးကြီးတစ်ဦး၏ အော်ဒီကားပေါ်မှ ဆင်းလာသည်ကို ကြည့်ခြင်းအားဖြင့် သူမ မည်သို့ အလုပ်မျိုး လုပ်ကိုင်နေပြီး မည်သူ့ထံမှ ထောက်ပံ့မှု ရယူထားကြောင်းကို ခန့်မှန်း၍ ရနိုင်ပေသည်။

လီရှောင်ချန်က ဆက်၍ ပြောပြလေ၏။ “မင်း ငါ့ကို မောင်းထုတ်လိုက်ပြီးတဲ့နောက် ငါ နှစ်ရက်နှစ်ညတိတိ ဗီဒီယိုတွေကြည့် ၊ အရက်တွေသောက်ပြီးတော့ အဲဒီလို ဆွဲဆောင်မှုရှိပြီး အမိုက်စား လင်းလုကို မြင်လိုက်ရတော့ ငါ သူ့နောက်ကို တိတ်တဆိတ် လိုက်သွားမိတယ်။"

"တကယ်တော့ မှောင်ရိပ်ထဲမှာ သူမကို အပိုင်သိမ်းချင်တဲ့ စိတ်ကူးလည်း ပါတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ ဖောက်ပြန်နေတဲ့ အထောက်အထား ငါ့လက်ထဲ ရောက်သွားရင် သူ ရဲကို တိုင်ရဲမှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ အဲဒီလမ်းကြားမှောင်မှောင်ထဲမှာ ငါ ဘာမှမလုပ်ရသေးခင် လူမိုက်သုံးယောက်က ငါ့ထက် လက်ဦးသွားပြီး သူ့ကို မြေကြီးပေါ် ဆွဲချလိုက်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ အဲဒီလူမိုက်တွေက သူ့ကို အလှည့်ကျ အတင်းအဓမ္မကျင့်ဖို့ လုပ်နေကြတာ”

“ငါ အရမ်းဒေါသထွက်သွားပြီး အုတ်ခဲသုံးလုံးကို ကောက်ကိုင်ကာ ပြေးဝင်သွားလိုက်တယ်။ ရလဒ်အနေနဲ့ ငါ သွေးသံရဲရဲဖြစ်အောင် အရိုက်ခံလိုက်ရပေမဲ့ ငါက သွားနဲ့ ကိုက် ၊ အုတ်ခဲနဲ့ ထုရိုက်ပြီး ပြန်ချတော့ အဲဒီလူမိုက်သုံးယောက်လုံး လန့်ပြီး ထွက်ပြေးသွားကြတယ်။ အစက လင်းလုကို ငါ ကိုယ်တိုင် အပိုင်သိမ်းမလို့ပါပဲ။ ဒါပေမဲ့ ငါက လူဆိုးလက်ကနေ အလှမယ်လေးကို ကယ်တင်တဲ့ သူရဲကောင်းကြီး ဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

ထိုအတွေ့အကြုံမှာ အမှန်တကယ်ပင် ဆန်းကြယ်လှပေသည်။ သို့မဟုတ် သောက်ကျိးနည်းလှသည်ဟု ပြောရမည်လော...။

လီရှောင်ချန်က လှောင်ပြုံးတစ်ခု ပြုံးလျက် ဆက်ပြော၏။.“ဒါပေမဲ့ သူက ငါ့ကို ကျေးဇူးတင်စကား ပြောဖို့ လုပ်နေတုန်း ငါက သူနဲ့ အတင်းအကျပ် အတူအိပ်ခဲ့တယ်။ အဲဒီကိစ္စလည်း ပြီးရော ငါ့ဝိညာဉ်က ကောင်းကင်ပေါ် လွင့်ထွက်သွားပြီး တစ်ခါတည်း ကူးပြောင်းသွားတော့တာပဲ။ လင်းလုကို အတင်းအကျပ် အိပ်ခဲ့ရတဲ့ ခံစားချက်က ဘယ်လိုမျိုးလဲ မင်း သိလား”

တုပိုင် ဆွံ့အသွားရလေ၏။

လီရှောင်ချန်က ဆိုလိုက်သည်။ “ငါ စကားတစ်ခွန်းကို သွားသတိရမိတယ်။ လင်းလုလို မိန်းမမျိုးကို လုံးဝ လက်ထပ်လို့ မရဘူး။ အဲဒီလိုမှမဟုတ်ရင် မင်း အိမ်ပြန်ရောက်တဲ့အခါ ထမင်းအိုးက အေးစက်နေပေမဲ့ သူ့ရဲ့ အောက်ပိုင်းကတော့ ပူနွေးနေပြီး အရည်တွေတောင် စိုရွှဲနေလိမ့်မယ်”

ထိုမြင်ကွင်းကို တွေးကြည့်မိသောအခါ တုပိုင်၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားရလေတော့၏။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၆၉ + ၈၇၀) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters