← Chapters

သဘာဝလမ်းစဉ်

Vol. 9 Ch. 864

သဘာဝလမ်းစဉ်

Vol. 9 Ch. 864

ထိုအချိန်ခဏအတွင်းတွင်…

သူ့ရှေ့တွင် ရှိသူသည် မည်သူဖြစ်ပါစေ ဆန်းလျန်က ရဲရဲဝံ့ဝံ့ ရင်ဆိုင်မည် ဖြစ်လေသည်။

သို့သော်… ယခု သူရင်ဆိုင်နေရသည့်သူမှာ လောကတွင် ထိပ်တန်းအဆင့်ဖြစ်သည့် စန့်ချင်တာအိုဆရာသခင် ဖြစ်လေသည်။

စန့်ချင်တာအိုဆရာသခင်အစစ်အမှန်မဟုတ်ဘဲ စန့်ချင်တာအိုဆရာသခင် ချန်ထားရစ်ခဲ့သည့် ပုံရိပ်တစ်ခုဖြစ်သည့်တိုင် အရာအားလုံးကို လွှမ်းမိုးတိုက်ဖျက်ပစ်နိုင်သည့် တန်ခိုးစွမ်းအားများကို ပိုင်ဆိုင်နေဆဲဖြစ်သည်။

သို့သော်… လက်ရှိအချိန်တွင် ဆန်းလျန်ကလည်း ဟွင့်ယွမ်ဝူကျီအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့ပြီ။

ဆန်းလျန်သည် "ဟွင့်ယွမ်ဝူကျီ" အဆင့်ကို တက်လှမ်းပြီးသည့်နောက်ပိုင်း အရာအားလုံးကို ရှင်းရှင်းလင်းလင်း သိမြင်လာခဲ့လေသည်။

ယခု သူ့ရှေ့မှ စန့်ချင်တာအိုဆရာသခင်၏ပုံရိပ်သည် တာအိုဆရာသခင်ကြီးတစ်ပါး၏ ပုံရိပ်ဖြစ်သော်ငြား တာအိုဆရာသခင်ကြီးလောက်တော့ အစွမ်းမရှိနိုင်ပေ။ "ဟွင့်ယွမ်ဝူကျီ" အဆင့်မျှသာ ရှိလေသည်။ ထို့ကြောင့် ဆန်းလျန်အနေဖြင့် ရင်မဆိုင်နိုင်စရာ အကြောင်း မရှိပေ။

သို့သော်… စန့်ချင်တာအိုဆရာသခင်၏ထူးခြားချက်မှာ မည်သည့်တန်ခိုးစွမ်းအားကိုမဆို အမြင့်ဆုံးအဆင့်ထိရောက်အောင် အသုံးပြုနိုင်စွမ်းရှိခြင်းပင် ဖြစ်သည်။ စန့်ချင်တာအိုဆရာသခင်သည် ချို့ယွင်းချက်လုံးဝမရှိသည့် တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်လေသည်။

ဆန်းလျန်ကတော့ ဟွင့်ယွမ်ဝူကျီအဆင့်သို့ရောက်ရှိပြီဟု ဆိုသည့်တိုင် ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်ရှိခြင်း မရှိသေးပေ။ ထို့ကြောင့် ဆန်းလျန်ကတော့ အားနည်းချက်များ ရှိနေသေးသည်။

ထို့ကြောင့် စန့်ချင်တာအိုဆရာသခင်၏ မိုးကြိုးမုန်တိုင်းကို ရင်ဆိုင်ရသည့်အခါ သွေးကြောဆုံချက်များမှ သွေးများကျဆင်းကာ ဒဏ်ရာရခဲ့ခြင်း ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော်… ကျင့်စဉ်လမ်းအဆင့်မြင့်လာလေ ဟာကွက်အနည်းငယ်ကပင် သိသိသာသာ ဒုက္ခပေးနိုင်စွမ်းရှိလေ ဖြစ်သောကြောင့်ပင်။

ဆန်းလျန် စန့်ချင်တာအိုဆရာသခင်၏ ပုံရိပ်ကို လာရောက်ရှာဖွေရသည်မှာလည်း ထိုအကြောင်းကြောင့်ပင် ဖြစ်လေသည်။

စန့်ချင်တာအိုဆရာသခင်နှင့် တိုက်ခိုက်ပြီး အတွေ့အကြုံရယူခြင်းသည် သူ့အနေဖြင့် နဝမမြောက်တာအိုဆရာသခင်ကြီး ဖြစ်လာနိုင်သည်အထိ လမ်းပြပေးသွားနိုင်မည် ဖြစ်သည်။

မည်မျှပင် စွန့်လွှတ်အနစ်နာခံရပါစေ ၊ မည်မျှပင် ခက်ခဲပါစေ ၊ သူ့အနေဖြင့် ဤလမ်းကို အဆုံးထိ လျှောက်လှမ်းရမည် ဖြစ်လေသည်။

ထိုအချိန်မှာပင် စန့်ချင်တာအိုဆရာသခင်က လက်ဖျောက်တစ်ချက်တီးလိုက်လေသည်။ ထိုအခါ… သူ၏လက်ချောင်းများဆီမှ ရေကဲ့သို့ ကြည်လင်သည့်အလင်းတန်းတစ်ခု စီးဆင်းထွက်ပေါ်လာလေသည်။ ထိုတန်ခိုးစွမ်းအားသည် အချိန်နှင့်နေရာ အကန့်အသတ်များကိုပင် ဖြိုချဖျက်စီးပစ်နိုင်စွမ်း ရှိလေသည်။

လောကဖြစ်တည်မလာမီအချိန်ကမူလအစလောကတစ်ခုရှိလေသည်။ ထိုလောကကို ပရမ်းပတာလောက (ဟွင့်သွင့်) ဟု ခေါ်သည်။ ထိုပရမ်းပတာလောကထဲတွင် ပုဆိန်ကိုကိုင်ကာ အရာအားလုံးကို ခုတ်ထစ်ဖျက်စီးပစ်မည့် မိစ္ဆာနတ်ဘုရားတစ်ပါးရှိလေသည်။

ထိုနတ်ဘုရားနိုးထလာသည့်အချိန်တွင် မူလပရမ်းပတာလောကကို ခုတ်ထွင်ပစ်ကာ လောကအသစ်ကို ဖွင့်လှစ်ပေးခဲ့လေသည်။ ထိုနတ်ဘုရားသည် အရာအားလုံးကို ဖျက်စီးပစ်နိုင်စွမ်းရှိလေသည်။

ယခု ဆန်းလျန်ကို တိုက်ခိုက်လာသည့် စန့်ချင်တာအိုဆရာသခင်၏ တန်ခိုးစွမ်းအားများကလည်း ထိုမိစ္ဆာနတ်ဘုရားအလား ဖြစ်လေ၏။

တန်ခိုးစွမ်းအားများက ပြင်းထန်လွန်းသည့်အတွက် ဆန်းလျန်က ချက်ချင်းပင် နောက်သို့ ခုန်ဆုတ်ကာ ရှောင်တိမ်းလိုက်သည်။ ဆန်းလျန်အနောက်သို့ ခုန်ဆုတ်လိုက်သည့် အရှိန်မှာ မယုံကြည်နိုင်စရာကောင်းလောက်အောင် လျှင်မြန်လွန်းလှသည်။

သို့သော်… တာအိုဆရာသခင်ကြီး၏ တိုက်ခိုက်မှုကို ဆန်းလျန် ရှောင်တိမ်းနိုင်စွမ်း မရှိခဲ့ပေ။

ဆန်းလျန် သက်ပြင်းတစ်ချက်ချလိုက်ပြီး ချက်ချင်းပင် သူ့ရှေ့တွင်စည်းတံဆိပ်တစ်ခုဖန်ဆင်းကာ တာအိုဆရာသခင်ကြီး၏ တန်ခိုးစွမ်းအားများကို ခုခံကာကွယ်ထားလိုက်သည်။

ယင်နှင့်ယန် ၊ အဆုံးမရှိ ကျယ်ပြန့်မှု ၊ အဖြူနှင့်အနက် ဆုံချက်များဖြစ်ပေါ်လာပြီး မိုးမြေမဖြစ်တည်မီ မူလအရံအတားတစ်ခု ထွက်ပေါ်လာလေသည်။

ဆန်းလျန်၏ ညာဘက်အင်္ကျီလက်မှာ အစိတ်စိတ်အမွှာမွှာပျက်စီးသွားပြီး ဆန်းလျန်၏ လက်ကောက်ဝတ်တွင် ဒဏ်ရာရရှိသွားလေသည်။ ဒဏ်ရာမှ ပြဒါးရောင်သွေးများ စီးကျလာလေ၏။

သို့သော်… ဆန်းလျန်၏ သွေးစက်များမှ အဝါရောင်နှင့်အနက်ရောင် အခိုးအငွေ့များထွက်ပေါ်လာပြီး စန့်ချင်တာအိုဆရာသခင်၏ ကြောက်မက်ဖွယ်ရာတန်ခိုးစွမ်းအားကို ပျောက်ကွယ်သွားသည်အထိ ဆက်လက်ခုခံထားလေသည်။

ဆန်းလျန်၏ ခန္ဓာကိုယ်သည် ထိုက်ချင်တာအိုဆရာသခင်၏ ရွှမ်ဟွမ်စေတီအလား ပြောင်းလဲသွားပြီး မည်သည့်တန်ခိုးစွမ်းအားမှ သူ့ကို ထိမှန်နိုင်ခြင်း မရှိတော့ပေ။

ထိုသို့ဖြစ်ရသည်မှာ ဆန်းလျန်က ထိုက်ရွှီးနည်းဗျူဟာကျင့်စဉ်နှင့် မပျက်စီးနိုင်သည့်ခန္ဓာကျင့်စဉ် (၂)ခုလုံး ကျင့်ကြံအောင်မြင်သွားသောကြောင့် ဖြစ်လေသည်။ ထိုတန်ခိုးစွမ်းအား (၂)ခုသည် သဘာဝအတိုင် းပေါင်းစပ်သွားသည့်အခါ ဆန်းလျန်သည် သက်ရှိ ရွှမ်ဟွမ်စေတီအလား ဖြစ်သွားရလေသည်။

ဆန်းလျန်၏ ခန္ဓာကိယ်သည် မည်သည့်နည်းနှင့်မှ မပျက်စီးနိုင်သည့် နတ်ဘုရားခန္ဓာဖြစ်လာပြီး ရှေးခေတ်အချိန်က ရွှေခန္ဓာကိုရရှိထားသည့် နတ်ဘုရားများစွာထက်ပင် သာလွန်သည်ဟု ဆိုနိုင်သည်။

စန့်ချင်တာအိုဆရာသခင်၏လက်ထဲတွင် ခရမ်းရောင်တူကြီးတစ်လက် ပေါ်လာလေ၏။ ခရမ်းရောင်တူကြီး၏ ပတ်လည်တွင် ခရမ်းရောင်လျှပ်စီးများလင်းလက်နေလေ၏။

ထိုမှော်ဝင်လက်နက်သည် စကြာဝဠာတစ်လွှားတွင် ကျော်ကြားလွန်းသည့် စန့်ချင်တာအိုဆရာသခင်၏ လက်နက်တစ်ခု ဖြစ်လေသည်။

ထိုက်ချင်တာအိုဆရာသခင် "ထိုက်စန့်လောင်ကျွင်း" ၏ ကျင်းကန်းရွှေကွင်း ၊ ယွိချင်တာအိုဆရာသခင် "ယွမ်စီထျန်းကျွင်း" ၏ ဖန်းထျန်းတံဆိပ်တော် ၊ ဗုဒ္ဓ၏ ခရမ်းရောင်ရွှေသပိတ်တို့နှင့် တန်းတူ တန်ခိုးစွမ်းအားမြင့်မားသည့် လက်နက်တစ်ခု ဖြစ်သည်။

ခရမ်းရောင်လျှပ်စီးတူကြီးက ဆန်းလျန်ရှိရာနေရာသို့ ဦးတည်ကာ ရိုက်ချလိုက်လေသည်။

ပြင်းထန်လှသည့်ရိုက်ချက်ကြောင့် ဆန်းလျန်ပင်လျှင် တုန်လှုပ်သွားမိသည်။

သူ့ပခုံး (၂)ဖက်မှ သွေးစများ ဖွာခနဲ ဖြာကျလာလေသည်။ သို့သော်… ထိုသွေးစများမှာ အနက်ရောင်နှင့်ရွှေရောင်အလင်းတန်းများအဖြစ်ပြောင်းလဲသွားပြီး ဒဏ်ရာမှာ ချက်ချင်းပြန်လည်ပျောက်ကင်းသွားလေသည်။

သို့သော်… ခရမ်းရောင်လျှပ်စီးတူကြီးက ရပ်တန့်သွားခြင်း မရှိပေ။ ဆန်းလျန်ကို အဆက်မပြတ်ရိုက်နှက်လျှက်ရှိလေ၏။

ဆန်းလျန်၏ မျက်ဝန်းများတွင် ရုတ်တရက် နက်ရှိုင်းသည့်အငွေ့အသက်များထင်ဟပ်လာပြီး ဆန်းလျန်၏ ပါးစပ်အတွင်းမှ ပြဒါးရောင်သွေးတစ်ပွက်အန်ချလိုက်သည်။

ထိုသွေးများထဲမှ အဖြူရောင်မြားတစ်စင်းထွက်ပေါ်လာပြီး ခရမ်းရောင်လျှပ်စီးတူကြီးကို ထိုးခွင်းပစ်လိုက်လေသည်။

စန့်ချင်တာအိုဆရာသခင်က…

"တာ့ယိရဲ့မြားချက်…"

ဟု ရေရွတ်လိုက်သည်။

ထိပ်တန်းအဆင့် တာအိုဆရာသခင်ကြီး (၈)ပါးရှိလေသည်။

ထိုတာအိုဆရာသခင်ကြီး (၈)ပါးတွင် စန့်ချင်တာအိုဆရာသခင်က သီးသန့်အနေဆုံးနှင့် မာနအကြီးဆုံး ဖြစ်လေသည်။ စကြာဝဠာတစ်ခွင်တွင် သူ၏မရဏဓား (၄)လက်ကို မည်သူမှ ယှဉ်ပြိုင်နိုင်စွမ်း မရှိလေရာ မာနကြီးမည်ဆိုလျှင်လည်း ကြီးလောက်ပေ၏။

ထို့ကြောင့် စန့်ချင်တာအိုဆရာသခင် အသိအမှတ်ပြုလေးစားသူဆို၍ လောကတွင် အနည်းငယ်သာ ရှိလေသည်။ ထိုအနည်းငယ်သောလူများကြားတွင် လေးသည်တော် "တာ့ယိ" လည်းအပါအဝင်ဖြစ်လေ၏။

ဆန်းလျန်နှင့်တိုက်ခိုက်နေသူမှာ စန့်ချင်တာအိုဆရာသခင်ချန်ထားခဲ့သည့် ပုံရိပ်ပင်ဖြစ်လင့်ကစား တာအိုဆရာသခင်ကြီး၏ မှတ်ဉာဏ်များအားလုံးကို သိရှိနေလေသည်။ ထို့ကြောင့် ဆန်းလျန် ပစ်လွှတ်လိုက်သည့် မြားကို တွေ့သည့်အခါ ထိုကဲ့သို့ တုန့်ပြန်မှုမျိုးကို ပြုလုပ်လိုက်ခြင်းဖြစ်သည်။

သို့သော်… စန့်ချင်တာအိုဆရာသခင်က တိုက်ခိုက်မှုကို ရပ်တန့်လိုက်ခြင်း မရှိပေ။

သူက ဘယ်ဘက်လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်လေရာသူ၏လက်ထဲတွင် အနီရောင်ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာပြီး ဆန်းလျန်၏ အဖြူရောင်မြားကို ခုတ်ပိုင်းပစ်လိုက်လေသည်။

ဆန်းလျန်က…

"တာအိုဆရာသခင်ကြီးက နတ်ဘုရားထောင်ချောက်ဓားကို ထုတ်သုံးမှတော့ ဒီနေ့ ဆန်းလျန် အမှုံ့ဖြစ်ရတော့မှာပေါ့…"

ပြောသာပြောလိုက်သည် ဆန်းလျန်၏ လက်ထဲတွင်လည်း ရေကဲ့သို့ ကြည်လင်သည့် ဓားတစ်လက် ပေါ်လာလေသည်။

ထိုဓားမှာလည်း ထိပ်တန်းမရဏဓားတစ်လက်ဖြစ်ပြီး အတ္တကင်းမဲ့စွာဖြင့် တာအိုနှင့်တစ်သားတည်းကျနေလေသည်။ ထိုသို့သော ဓားမျိုးသည် လောကတွင်  (၂)လက် မရှိနိုင်ပေ။

ဆန်းလျန်လက်ထဲတွင် ထိုဓားပေါ်လာသည်နှင့် ဆန်းလျန်၏ နောက်ဘက်တွင် ဓားနတ်ဘုရားတစ်ပါး ပေါ်လာလေသည်။ ထိုဓားနတ်ဘုရားမှာ ချန်ကျန့်မေပင် ဖြစ်လေသည်။

ဆန်းလျန်နှင့် ချန်ကျန့်မေကြားတွင် ပြောမပြနိုင်သည့် ဆက်နွယ်မှုတစ်ခု ရှိလေသည်။ သူတို့ (၂)ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ခွဲခြားမရသည့်အလားဖြစ်လေသည်။

စန့်ချင်တာအိုဆရာသခင်၏ပုံရိပ်က တည်ငြိမ်နေလေသည်။

သူ့ရှေ့တွင် မရေမတွက်နိုင်သည့် နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာပြီး သူက ဆန်းလျန်ကို ငုံ့ကြည့်လိုက်လေသည်။

ဆန်းလျန်ကိုပင် လက်ဝါးတစ်ချက်တည်းဖြင့် အသေရိုက်ချတော့မည့်အလား ထင်မှတ်ရသည်။

ဆန်းလျန်ကတော့ ဓားနှင့်လူက တစ်သားတည်းကျနေပြီဖြစ်သည်။

ဆန်းလျန်လက်ထဲမှ မရဏဓားသည် ချန်ကျန့်မေ၏ ပုံရိပ်နှင့်တစ်သားတည်းပေါင်းစပ်သွားပြီး လူသားပုံသဏ္ဍန် ဓားဝိညာဉ်အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။ ထိုဓားဝိညာဉ်က စန့်ချင်တာအိုဆရသခင်၏ နတ်ဘုရားအလင်းတန်းများအားလုံးကို ဖျက်စီးပစ်လိုက်လေသည်။

ထိုအခါ… စန့်ချင်တာအိုဆရာသခင်၏ တည်ငြိမ်သည့်မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားလေ၏။ မျက်ခုံးများက အနည်းငယ်တွန့်ချိုးသွားပြီး မျက်ဝန်းများကိုလည်း အနည်းငယ် ကျဉ်းမြောင်းလိုက်လေသည်။

ထို့နောက် ထုန်ထျန်းမြစ်ကြီးတစ်ခုလုံး တုန်ခါသွားပြီး စန့်ချင်တာအိုဆရာသခင်က မြစ်ရေများအားလုံးကို ဆင့်ခေါ်လိုက်လေသည်။

မြစ်ရေများထဲတွင် နတ်ဘုရားများ၏ သန့်စင်သည့် ရွှေပြဒါးအမြုတေအရည်များလည်း ရှိနေသေးသည်။နတ်ဘုရားများ၏ အသက်ဓာတ်စွမ်းအားများသည်လည်း မြစ်ရေထဲတွင် ပျော်ဝင်နေကြလေသည်။

ထို့နောက် မြစ်အတွင်းမှ မရေမတွက်နိုင်သည့် ဓားဝိညာဉ်များ ထွက်ပေါ်လာပြီး ထိုဓားဝိညာဉ်များသည် စန့်ချင်တာအိုဆရာသခင်၏လက်ထဲတွင် ဓားတစ်လက်အဖြစ် ပေါင်းစပ်သွားကြလေသည်။

ထိုဓားက ဆန်းလျန်၏ မရဏဓားကို တားဆီးထားလိုက်သည်။

ထို့နောက်… ဆန်းလျန်နှင့် စန့်ချင်တာအိုဆရာသခင်တို့ (၂)ယောက်လုံး နေရာမှ ပျောက်ကွယ်သွားကြလေသည်။

ဓားဝိညာဉ် (၂)ခုနှင့် အဝါရောင်အခိုးအငွေ့များထွက်ပေါ်လာသည်ကိုသာ တွေ့မြင်လိုက်ကြရသည်။

နောက်ဆုံးတော့ အဝါရောင်အခိုးအငွေ့များက ထိုက်ယင်းနတ်သမီးအနားသို့ ရောက်ရှိလာပြီး ထိုက်ယင်းနတ်သမီးကို ရစ်ပတ်ခေါ်ဆောင်သွားလေသည်။

မြူခိုးများ ရစ်သိုင်းနေသည့် တောင်ကြားတစ်နေရာအရောက်တွင်တော့ အဝါရောင်အခိုးအငွေ့များက ထိုက်ယင်းနတ်သမီးကို တောင်ကြားတစ်နေရာတွင် ချထားပေးလိုက်လေသည်။

ထို့နောက် အဝါရောင်အခိုးအငွေ့များကြားထဲမှ ဆန်းလျန်ထွက်ပေါ်လာလေ၏။

ထိုက်ယင်းနတ်သမီးက အိပ်မက်မက်နေသည့်အလား ယောင်တောင်တောင်ဖြစ်သွားပြီး…

"တိုက်ပွဲက ပြီးသွားပြီလား…"

ဟု ရေရွတ်လိုက်သည်။

ဆန်းလျန်က ပြုံးပြီး ခေါင်းညိတ်ပြလိုက်လေသည်။

ထိုက်ယင်းနတ်သမီးက…

"ဘယ်သူနိုင်သွားတာလဲ…"

ဆန်းလျန်က…

"ကျုပ်တို့ ဆက်တိုက်ကြဦးမယ်ဆိုရင်  ကျုပ်ပျက်စီးသွားမှာပေါ့…"

ထိုက်ယင်းနတ်သမီးက…

"ကျွန်မရဲ့ဆရာ လနတ်သမီးချန်ဝေါ်ပြောဖူးဆယ် ၊ ဟွင့်ယွမ်ဝူကျီအဆင့်ဆိုတာ ကျင့်စဉ်လမ်းမှာ အမြင့်ဆုံးအဆင့်ပဲတဲ့ ၊ ဘယ်လိုမှ ဖျက်စီးလို့မရနိုင်တဲ့အဆင့်လို့ပြောတယ် ၊ ရှင်က ဘယ်လိုလုပ် ပျက်စီးသွားရမှာလဲ…"

ဆန်းလျန်က ပေါ့ပါးသည့်လေသံဖြင့်…

"ဘာလို့လဲဆိုတော့ တာအိုဆရာသခင်ကြီးတွေ မဖျက်စီးနိုင်တဲ့အရာဆိုတာ လောကမှ မရှိလို့ဘဲ…"

ခဏနေပြီးတော့မှ ဆန်းလျန်က စကားဆက်ပြောလိုက်သည်။

"ဒါကြောင့်လည်း ကျုပ်ရဲ့ ဟွင့်ယွမ်ဝူကျီအဆင့်ဟာ ပြီးပြည့်စုံပြီလို့ မပြောနိုင်သေးတာပေါ့ ၊ ကျုပ်က ကံကြမ္မာမတူတဲ့ ကိုယ်ခွဲတွေအများကြီးကို ဖန်ဆင်းထားနိုင်ပေမယ့် အဆုံးသတ်အောင်မြင်ခြင်းကို မရောက်ရှိနိုင်သေးဘူး…"

ထိုစကားကိုပြောပြီးသည့်နောက် ဆန်းလျန် ပြုံးလိုက်လေသည်။

အဆုံးသတ်အောင်မြင်ခြင်းအဆင့်သို့သာရောက်လျှင် သူသည် သံသရာမှ ကျော်လွန်သွားနိုင်တော့မည် ဖြစ်သည်။

လောလောဆယ်တော့ ဆန်းလျန် အလွန်စိတ်ကြည်လင်နေလေသည်။ စန့်ချင်တာအိုဆရာသခင်၏ ပုံရိပ်ကို အနိုင်မယူနိုင်သည့်တိုင် တာအိုဆရာသခင်ကြီး၏ တန်ခိုးစွမ်းအားများအားလုံးကို သူ ရင်ဆိုင်နိုင်စွမ်း ရှိခဲ့လေသည်။ ထို့ကြောင့် သူ့အနေဖြင့် စိတ်ပျက်အားလျော့နေစရာ အကြောင်း မရှိပေ။

ထို့နောက် ဆန်းလျန်က တောင်ကြားထဲရှိ ကျောက်တုံးကြီးတစ်ခုထက်တွင် ထိုင်ချလိုက်လေသည်။

ပတ်ဝန်းကျင်တွင် တောင်များပတ်ပတ်လည်ဝန်းရံနေပြီး တိမ်တိုက်မြူခိုးများကလည်း ရစ်သိုင်းလျှက်ရှိသည်။

ဆန်းလျန် တရားထိုင်နေလေသည်။

သူ့တစ်ကိုယ်လုံးပေါ့ပါးကြည်လင်နေပြီး သူ၏အသက်ရှူသံက မိုးမြေတစ်ခုလုံးနှင့် ပေါင်းစပ်သွားသည့်အလား ထင်မှတ်ရသည်။

စန့်ချင်တာအိုဆရာသခင်၏ပုံရိပ်နှင့် တိုက်ခိုက်ပြီးသွားသည့်နောက် ဆန်းလျန်၏ပုံစံက ပိုပြီး တည်ကြည်လေးနက်သွားလေသည်။

ထိုက်ယင်းနတ်သမီးက ဆန်းလျန်တရားထိုင်နေသည်ကို ကြည့်နေလေသည်။ သူမအတွက် ဆန်းလျန်တရားထိုင်နေသည်ကို ကြည့်ရသည်မှာ များစွာ အကျိုးကျေးဇူးရှိလေ၏။

အရင်တုန်းက လနတ်သမီးချန်ဝေါ် သူကို ပြောခဲ့ဖူးသည့် စကားတစ်ခွန်းကို သွားသတိရမိသည်။

"အခုခေတ်ကျင့်ကြံသူတွေက နက်ရှိုင်းရှုတ်ထွေးတဲ့ ကျင့်စဉ်တွေကို ကျင့်ကြံနိုင်ကြပေမယ့် အရင်တုန်းက ကျင့်ကြံသူတွေရဲ့ ရိုးရှင်းတဲ့ ကျင့်စဉ်တွေကို မမီနိုင်ဘူး…"

ဟူ၍ဖြစ်သည်။

ထိုစဉ်က လနတ်သမီးချန်ဝေါ်၏စကားကို သူမ နားမလည်ခဲ့ပေ။

ထိုနေ့က လနတ်သမီးချန်ဝေါ် (ဟန်အယ်) က သူမကို "သဘာဝလမ်းစဉ်" ဆိုသည့် အဓိပ္ပါယ်ကို ရှင်းပြခဲ့သည်။

"လူသားရဲ့လမ်းစဉ်က မြေကြီးပဲ ၊ မြေကြီးရဲ့လမ်းစဉ်ကတော့ မိုးကောင်းကင် ၊ မိုးကောင်းကင်လမ်းစဉ်က တာအို ၊ တာအိုရဲ့လမ်းစဉ်ကတော့ သဘာဝတရားပဲ…"

နောက်ပိုင်း ထိုက်ယင်းနတ်သမီး နတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်ရောက်နိုင်ခဲ့ပြီးသည့်နောက် ဆရာဖြစ်သူပြောသည့် စကားများကို ပြန်စဉ်းစားကြည့်ခဲ့သည်။

သို့သော် နားလည်သဘောပေါက်ခြင်း မရှိခဲ့ပေ။

ယခုတော့ သူမရှေ့မှ ဆန်းလျန်ကို ကြည့်နေရင်း "သဘာဝလမ်းစဉ်" အကြောင်းကို သဘောပေါက်နားလည်ခဲ့ရပြီ။ သို့တိုင်အောင် သူမနားလည်သည်က အပေါ်ယံမျှသာ ဖြစ်လေသည်။

ထိုက်ယင်းနတ်သမီးက ဆန်းလျန်အသက်ရှူနေသည်ကိုကြည့်ရင်း သဘာဝလမ်းစဉ်ဆိုသည့်အကြောင်း သဘောတရားကို ဖြည်းဖြည်းချင်းဆုပ်ကိုင်နိုင်ခဲ့သည်။

အမှန်တော့ သူမ၏ ကျင့်ကြံခြင်းအဆင့်က နက်ရှိုင်းခြင်းမရှိသေးသည့်အတွက် ဆန်းလျန်၏ အသက်ရှူသံမှာ တာအို၏အထွတ်ထိပ်ဖြစ်သည့် သဘာဝတရားသာဖြစ်ကြောင်းကိုတော့ သူမ နားလည်ခြင်း မရှိသေးပေ။

ကျင့်ကြံခြင်းတွင် တာအိုဝါဒနှင့် ဗုဒ္ဓဘာသာက အဓိကျကျလေသည်။

ခေတ်အဆက်ဆက်ကျော်ဖြတ်လာခဲ့ပြီးသည့်တိုင် ထိုဝါဒ (၂)ခု၏ ကျင့်စဉ်များက မပျောက်မပျက် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။

နောက်ပိုင်းကာလတွင် အသိဉာဏ်ပညာမြင့်မားသည့့် သူတော်စဉ်များ ၊ နတ်ဘုရားများ ပေါ်ထွက်လာကြသည့်တိုင် ထိုက်စန့်လောင်ကျွင်းနှင့် အော်မီတော်ဖူဘုရားချန်ထားခဲ့သည့် ကျမ်းစာများကို ကျော်လွန်ပြီး သိရှိသွားနိုင်သူဆို၍ မရှိကြပေ။

ထိုက်စန့်လောင်ကျွင်းနှင့် အော်မီတော်ဖူဘုရားတို့၏ ကျမ်းစာများက သဘာဝတရားကိုဖော်ပြခြင်းဖြစ်ပြီး လက်တွေ့လည်း ကျလွန်းသည်။

ဆန်းလျန်သည် အသိဉာဏ်ပညာနှင့် ကျင့်စဉ်ပေါင်းများစွာ သိုမှီးထားသည့် ချင်းရွှမ်နတ်တံခါးတွင် တပည့်အဖြစ် ပညာသင်ယူခွင့်ရခဲ့သည်။

ထို့ကြောင့်ပင် သူသည် ချင်းရွှမ်နတ်တံခါး၏ ကျယ်ပြန့်လွန်းသည့်အသိဉာဏ်ပညာများကို ဆက်ခံသူ ဖြစ်လာခဲ့လေသည်။

ထို့ကြောင့် ဆန်းလျန်သည် လောကရှိ ကျင့်စဉ်အားလုံး၏ သဘောတရားကို နားလည်နိုင်သူဖြစ်လာပြီး ရှေးခေတ်နှင့် လက်ရှိခေတ်အချိန်ကာလများတွင် ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ချင်းရွှမ်နတ်တံခါး၏ သမိုင်းတစ်လျှောက်တွင် ဆန်းလျန်နှင့် ယှဉ်ပြိုင်နိုင်သူဆို၍ ယန်ရွှီးတစ်ယောက်သာ ရှိလေသည်။ ယန်ရွှီးက လမ်းမှားကို လိုက်ခဲ့မိသည့်အတွက် အခြေအနေဆိုးရွားသွားရခြင်းဖြစ်လေသည်။

သို့သော်… ယန်ရွှီးနှင့် ဆန်းလျန်မှာ စိတ်နေစိတ်ထားခြင်း တူညီသူများဖြစ်ကြလေရာ ဆန်းလျန်သာ လမ်းမှားကို လိုက်ခဲ့မိလျှင် ယန်ရွှီးထက်ပင် အခြေအနေဆိုးသွားနိုင်လေသည်။

ဆန်းလျန် ယခုကဲ့သို့ အခြေအနေထိရောက်အောင် ကျင့်ကြံနိုင်ခဲ့ခြင်းအတွက် ကျေးဇူးတင်ရမည့်သူမှာ ဆရာသခင်ကျန်းရော့ရွှီးဖြစ်လေ၏။ ဆရာသခင်ကျန်းရော့ရွှီးသာ သူ့ကို လမ်းပြပေးခြင်းမရှိပါက ဆန်းလျန်သည်လည်း လမ်းမှားကိုရောက်ကောင်းရောက်သွားပေလိမ့်မည်။

လမ်းမှားကိုသာလိုက်မိပါက ယနေ့ကဲ့သို့ အောင်မြင်မှုမျိုး ရရှိရန်ခက်ခဲပေလိမ့်မည်။

ထိုအချက်ကိုနားလည်သည့်အတွက် ဆန်းလျန်သည် ဆရာသခင်ကျန်းရော့ရွှီးနှင့် ချင်းရွှမ်နတ်တံခါးမှ ဂိုဏ်းတူညီအစ်ကိုမောင်နှမများကို အမြဲတမ်း အသိအမှတ်ပြုကျေးဇူးတင်နေခဲ့မိလေသည်။

(၉)ရက် (၉)ညတိတိ တရားထိုင်ပြီးသည့်နောက် ဆန်းလျန်၏ကိုယ်ထဲမှ ရွှေပြဒါးအမြုတေသည် အပြည့်ဝဆုံးအနေအထားသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ဆန်းလျန်၏ ပတ်ဝန်းကျင်တွင် မြူခိုးများဝေနေပြီး အဖြူရောင်နဂါးတစ်ကောင်က ဆန်းလျန်ကို ရစ်ပတ်ထားသည့်အလား ဖြစ်လေသည်။

ဆန်းလျန်၏ စိတ်အစဉ်က ငြိမ်းချမ်းနေပြီး သူ၏ပုံစံက ကောင်းကင်ထက်တွင် လင်းလက်နေသည့် ကြယ်တစ်စင်းအလား ဖြစ်လေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးမှ ကျောက်ဆောင်များ ၊ မြေကြီးများ အားလုံးသည် အဖြူရောင်ကျောက်စိမ်းကဲ့သို့ လင်းလက်တောက်ပလျှက်ရှိလေသည်။

ထိုက်ယင်းနတ်သမီးက ဆန်းလျန် တရားထိုင်၍ပြီးသွားသည့်အခြေအနေများကို ကြည့်နေလေသည်။

ဤနေရာတွင် (၉)ရက် (၉)ညတိတိ ဆန်းလျန် တရားထိုင်လိုက်သည့်အတွက် ပတ်ဝန်းကျင်တစ်ခုလုံးမှ သာမန် ကျောက်တုံးကျောက်သားများအားလုံးသည် ကျောက်စိမ်းရတနာအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြပြီ ဖြစ်သည်။

တစ်စုံတစ်ယောက်သာ ဤနေရာသို့ရောက်လာလျှင် သဘာဝအတိုင်း ကျောက်စိမ်းများထွက်ရှိသည့်နေရာဟု သေချာပေါက် ထင်မှတ်သွားပေမည်။ အရာအားလုံးသည် သဘာဝတရားအတိုင်း ပေါင်းစပ်ယှက်နွယ်သွားသောကြောင့် ဖြစ်လေ၏။

နှစ်ပေါင်းသောင်းနှင့်ချီကြာခဲ့ပြီးသည့်နောက် ဤနေရာသို့ရောက်ရှိလာသူတစ်ယောက် ရှိခဲ့လေသည်။ ထိုအကြောင်းကတော့ ဆန်းလျန် ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသည့် အခြားသောဇာတ်လမ်းတစ်ပုဒ်ဖြစ်လာခဲ့လေသည်။ ထို့ပြင်… သူ မည်မျှကြီးမားသည့်ပြဿနာများ ချန်ထားခဲ့သည်ကို ဆန်းလျန်ကိုယ်တိုင်လည်း သိရှိခြင်း မရှိခဲ့ပေ။

***

All Chapters