← Chapters

လူတိုင်းကအရူးတွေပဲ

Vol. 9 Ch. 869

လူတိုင်းကအရူးတွေပဲ

Vol. 9 Ch. 869

ချင်းဖုန်းနတ်ဘုရားက နန်းဆောင်ငယ်အပြင်ဘက်မှ ကောင်းကင်ထက်သို့ တစ်ချက်မော့ကြည့်လိုက်လေသည်။

ချင်းဖုန်းနတ်ဘုရား၏ စိတ်အစဉ်သည် ကောင်းကင်ထက်မှ တိမ်ဆိုင်များသဖွယ် ခန့်မှန်းရခက်သည်ကို ကျီဝေးတိကျွင်း သိရှိခဲ့ခြင်း မရှိပေ။

ချင်းဖုန်း၏ စိတ်ကို မည်သူမှ မခန့်မှန်းနိုင်ပေ။ ဤသည်မှာ ချင်းဖုန်းပိုင်ဆိုင်သည့် စွမ်းရည်တစ်ခုပင် ဖြစ်လေသည်။ သူက စကြာဝဠာ၏ အခြေခံအကျဆုံးဓမ္မကို နားလည်ထားသူဖြစ်လေသည်။ သူ့စိတ်သည် လေကဲ့သို့ လွင့်မျောနေပြီး သူ့စိတ်သည် လေကဲ့သို့လည်း မဟုတ်ပြန်ပေ။

သူသည် လင်စန်းတောင်မှ မြင့်မြတ်သည့် ဗောဓိသကျ (၄)ပါးထက်ပင် သာလွန်သူတစ်ယောက် ဖြစ်လေသည်။

ချင်းဖုန်းက…

"ကျုပ်ကြားဖူးတာတော့ ဖုန်းတုတိကျွင်းက ကျီဝေးတိကျွင်းရဲ့ ကိုယ်ခွဲတစ်ခုပဲဆို…"

ကျီဝေးတိကျွင်းက တစ်ချက်ပြုံးလိုက်ရင်း…

"အဲဒါက တိုက်ဆိုင်မှုတစ်ခုပါ…"

ချင်းဖုန်းက…

"အသူရာချောက်ကိုသွားမယ်ဆိုရင်တော့ အဲဒီနာမည်ကို အသုံးပြုတာ အသင့်တော်ဆုံးပဲ…"

ယခု သူက ဓားသူတော်စင်ကျီဝေးဟုခေါ်သည့် ကျီဝေးဧကရာဇ်၏ မူလဝိညာဉ်သင်္ကေတကို ယူဆောင်ထားပြီးပြီ ဖြစ်သည့်အတွက် သူသည်လည်း ဓားသူတော်စင်ကျီဝေးအလား ဖြစ်သွားပြီ ဖြစ်လေသည်။ ထို့ကြောင့် သူ့အနေဖြင့် အသူရာချောက်၏ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

အသူရာချောက်မှ သေခြင်းရှင်ခြင်းစာအုပ်ကို ရရှိလျှင် ချင်းရွှမ်နတ်တံခါးနှင့် ပတ်သက်သူများအားလုံး၏ အမည်စာရင်းကို သိရှိနိုင်မည် ဖြစ်သည်။ ချင်းရွှမ်နတ်တံခါးမှ တပည့်များအားလုံးထဲတွင် တစ်ယောက်ကတော့ ချင်းတိဧကရာဇ် လူပြန်ဝင်စားသူ ဖြစ်နိုင်လေသည်။

အဘယ်ကြောင့်ဆိုသော် တာအိုဆရာသခင်ထိုက်ယီ ချင်းရွှမ်နတ်တံခါးကို တည်ထောင်ခဲ့ရသည့် အဓိကအကြောင်းရင်းမှာ ချင်းတိဧကရာဇ်အတွက် ရည်ရွယ်သောကြောင့် ဖြစ်လေသည်။

ထိုအကြောင်းကို တွေးမိသည့်အခါ ကျီဝေးတိကျွင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။

ယခုတော့ ချင်းရွှမ်နတ်တံခါးမှ ဆရာဘိုးဘိုးယွမ်ချင်းဆိုသူ တာအိုဆရာသခင်ယွမ်ချင်း သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။ မဟုတ်ပါက တာအိုဆရာသခင်ယွမ်ချင်းထံမှာ အကြောင်းတစ်စုံတစ်ရာ သိချင်သိရှိနိုင်မည် ဖြစ်သည်။

ချင်းဖုန်းက…

"အသူရာချောက်ကိုမသွားခင် ကျုပ်တစ်ခုလောက်တောင်းဆိုစရာရှိတယ်…"

ကျောက်စိမ်းဝိညာဉ်သခင် ကျီဝေးတိကျွင်းက…

"ပြောပါ…"

"အခုတလော နာမည်ကြီးလာတဲ့လူတစ်ယောက်ရှိတယ်…."

ကျီဝေးတိကျွင်းက…

"ကျုပ်သိပါတယ် ၊ အဲဒီလူက မရဏဓား (၄)လက်စလုံးကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ ဓားနတ်ဘုရား ချန်ပေသို မဟုတ်လား ၊ ထိုက်ချင်ထျန်းကောင်းကင်ဘုံက ရွှမ်တုတောက်ကျွင်းနဲ့ ခွန်လွန်တောင်က တာအိုဆရာယွိတင်ကလွဲရင် သူက ဘယ်သူ့ကိုမှ အရေးမစိုက်ဘူးလို့ ကြားဖူးတယ်…"

မရဏဓား (၄)လက်၏ မူလပိုင်ရှင်မှာ စန့်ချင်တာအိုဆရာသခင် လင်ပေါင်ထျန်းကျွင်း ဖြစ်လေသည်။

လောကတွင် နတ်ဘုရားများ၏ မှော်ဝင်လက်နက်များကို ရွေးခြယ်မည်ဆိုလျှင် ဖန်ကူအလံသည်ပင်လျှင် မရဏဓား (၄)လက်ကို ယှဉ်နိုင်မည် မဟုတ်ပေ။ မရဏဓား (၄)လက်က အလွန်ပြင်းထန်ပြီး ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှလေသည်။

ချင်းဖုန်းက…

"အမှန်တော့ ချန်ပေသိုရဲ့အကြောင်း အသေးစိတ်ကို ကျီဝေးတိကျွင်း မသိသေးဘူးထင်တယ် ၊ ချန်ပေသိုရဲ့လက်ထဲက မရဏဓား (၄)လက်မှာ နတ်ဘုရားထောင်ချောက်ဓားနဲ့ နတ်ဘုရားဒဏ်ခတ်ဓား (၂)လက်ကပဲ အစစ်အမှန်တွေ ၊ ကျန်တဲ့ (၂)လက်က အတုတွေ ၊ ပြီးတော့ သူ့မှာ မရဏဓား (၄)လက်လုံး ရှိနေရင်တောင်မှ နတ်ဘုရားထောင်ချောက် အရံအတားကို သူ့မှာ ပြုလုပ်နိုင်စွမ်း မရှိဘူး…"

ကျီဝေးတိကျွင်း၏ မျက်လုံးများ တစ်ချက်တောက်ပသွားပြီး…

"ချင်းဖုန်းနတ်ဘုရားက ချန်ပေသိုရဲ့လက်ထဲက မရဏဓား (၂)လက်ကို လိုချင်နေတာလား…"

ချင်းဖုန်းက…

"အမှန်ပဲ…"

ကျီဝေးတိကျွင်းက တစ်ချက်စဉ်းစားနေလေသည်။

ချင်းဖုန်းပြောသည့်စကားများမှာ မှန်သည်လား ၊ မှားသည်လည်း သူလည်း မဝေခွဲနိုင်ပေ။

နောက်ဆုံးတော့ သူက မေးခွန်းထုတ်လိုက်သည်။

"ဒါဖြင့် ကျန်တဲ့ ဓား (၂)လက်က အတုတွေဆိုတော့ ဘယ်သူက မရဏဓားတွေကို အတုလုပ်ထားတာလဲ…"

ချင်းဖုန်းက ကောင်းကင်ထက်မှ အဖြူရောင်တိမ်တိုက်တစ်စကို လက်ညှိုးထိုးပြလိုက်သည်။

ချင်းဖုန်း ဆိုလိုသည့်အဓိပ္ပါယ်ကို ကျီဝေးတောက်ကျွင်း ချက်ချင်းနားလည်လိုက်သည်။ ထို့နောက် သူ့စိတ်ထဲမှ သံသယများလည်း ပျောက်ကွယ်သွားလေတော့သည်။

ကျီဝေးတိကျွင်းက…

"အစစ်ကိုပြုလုပ်တဲ့သူကပဲ အတုကိုပြုလုပ်နိုင်တယ်…"

ချင်းဖုန်းက…

"သိပ်မကြာခင် ချန်ပေသို ပိုင်ယွိကျင်းမြို့တော်ကို ရောက်လာလိမ့်မယ်…"

ကျောက်စိမ်းဝိညာဉ်သခင် ကျီဝေးတိကျွင်းက…

"ဘာဖြစ်လို့လဲ…"

ချင်းဖုန်းက တစ်ချက်ပြုံးလိုက်သည်။ ထိုအပြုံးက လျှို့ဝှက်ချက်များဖြင့် ပြည့်နက်နေလေသည်။

"ဒါတော့ပြောလို့ မဖြစ်ဘူး…"

ချင်းဖုန်းက မဖြေသည့်အတွက် ကျီဝေးတိကျွင်းကလည်း ဆက်လက်မေးမြန်းခြင်း မပြုလုပ်တော့ပေ။

ချန်ပေသိုကိစ္စကြောင့် ကျီဝေးတိကျွင်းအနေဖြင့် ပိုင်ယွိကျင်းမြို့တော်တွင် ရက်အနည်းငယ် ထပ်မံနေထိုင်ရန် အကြောင်းဖန်လာသည်။

ချန်ပေသိုထံမှ မရဏဓားများကိုသာရလျှင် သူ့အနေဖြင့် ဖန်ကူအလံကို သွားယူစရာ မလိုတော့ပေ။ ဤသည်မှာ သူဖြစ်ချင်သည့်ဆန္ဒနှင့်လည်း ကိုက်ညီနေသည် မဟုတ်ပါလား။

ကျီဝေးတိကျွင်းက လက်တစ်ဖက်မြှောက်ကာ အချက်ပြလိုက်သည်နှင့် ပန်းနတ်မိမယ်လေးတစ်ပါးက ဗျပ်စောင်းတစ်လက်ကို ထုတ်ယူပြီး စတင်တီးခတ်လိုက်လေသည်။

ဗျပ်စောင်းတေးသံက အလွန်သာယာလှပြီး လေပြေတိုက်ခတ်နေသည့် လရိပ်ကျညပမာ ၊ တောင်ကြောတစ်လျှောက် ဖြတ်သန်းစီးဆင်းသွားသည့် ကြည်လင်သည့် စမ်းချောင်းလေးပမာ ကြားရသူတိုင်း၏ စိတ်ကို ကြည်လင်ချမ်းမြစေလေသည်။

ချင်းဖုန်းနတ်ဘုရားက မျက်လုံးကို အသာမှိတ်ကာ ဗျပ်စောင်းသံကို နားဆင်ခံစားနေလေတော့သည်။

……….

ဟွေ့အန်းခရီးသည်၏ ဘဝတွင် ထိုမျှလောက် အားနည်းသည့်အခြေအနေမျိုးကို တစ်ခါမှ မခံစားခဲ့ဘူးပေ။

သူ့ရှေ့တွင် မတ်တတ်ရပ်နေသည့် ဆန်းလျန်မှာ လင်စန်းတောင်မှ မြင့်မြတ်သည့် ဗောဓိသကျ (၄)ပါးထက်ပင် ကြောက်မက်ဖွယ်ရာ ဖြစ်နေလေသည်။

ဆန်းလျန်က…

"မင်း အခု ဒဏ်ရာရထားပြီ ၊ ကျုပ် မင်းကို မခြိမ်းခြောက်ချင်ပါဘူး ၊ ဒါပေမဲ့ မေးခွန်းတစ်ခုတော့ မေးချင်တယ် ၊ မင်း အမှန်အတိုင်းဖြေရမယ် ၊ မဟုတ်ရင်တော့ မင်းလွယ်မယ်မထင်နဲ့…"

ဟွေ့အန်းခရီးသည်က အနည်းငယ် တွန့်ဆုတ်နေလေသည်။

သူသည် ဗုဒ္ဓဘာသာရော တာအိုဝါဒပါ (၂)မျိုးစလုံး ကျင့်ကြံခဲ့သူ ဖြစ်လေသည်။ ထို့ပြင် သူ၏နောက်ခံတွင် ရှိသူများကလည်း ကျော်ကြားသည့် နတ်ဘုရားများဖြစ်ကြလေရာ ဆန်းလျန် သူ့ကို သတ်ရဲမည်မဟုတ်သည်ကို သူသိရှိထားလေသည်။

သူက တည်ငြိမ်သည့် မျက်နှာထားဖြင့်…

"ထျန်းကျွင်းက ဘာသိချင်တာလဲ…"

ဆန်းလျန်က…

"အခု ဖူရှန်မယ်တော် ဘယ်မှာရှိနေလဲ…"

ဟွေ့အန်းခရီးသည်က…

"ကျုပ် ကွမ်ယင်မယ်တော်နောက်လိုက်နေရတာနဲ့ပဲ ဆရာနဲ့ မတွေ့တာတောင် နှစ်တွေကြာခဲ့ပါပြီ ၊ ဒါကြောင့် ဆရာဘာတွေလုပ်နေလဲ ၊ ဘယ်ရောက်နေလဲဆိုတာ ကျုပ် မသိပါဘူး…"

သူ့စကားဆုံးသွားသည်နှင့် သူ၏ဝိညာဉ်ကို သေးငယ်သည့်အပ်ချောင်းများနှင့် ထိုးစိုက်လိုက်သည့်အလား စူးရှသည့် နာကျင်မှုကို ခံစားလိုက်ရလေသည်။ နာကျင်မှုက ဆိုးရွားလွန်းသည့်အတွက် ထိုခဏအတွင်းမှာပင် အသက်ဆက်မရှင်တော့ဘဲ သေပြီး လူပြန်ဝင်စားလိုက်ချင်စိတ်ပင် ဖြစ်ပေါ်လာမိလေသည်။

ခဏအကြာတွင်တော့ နာကျင်မှုက ဒီရေအလား လျော့နည်းသွားလေသည်။ သို့သော်… သူ၏ဒဏ်ရာမှာ အရင်ကထက်ပိုပြီး ဆိုးရွားသွားလေ၏။

ဆန်းလျန်က…

"ကျုပ်က ကရုဏာထားပြီး မင်းကို အခွင့်အရေးပေးတယ် ၊ မင်းက မလေးစားဘူး ၊ အခု ဖူရှန်မယ်တော် ဘယ်မှာလဲဆိုတာ ကျုပ်သိသွားပြီ…"

ဟွေ့အန်းခရီးသည်က ထိတ်လန့်စွာဖြင့်…

"မင်း ကျုပ်ဝိညာဉ်ထဲကို ထိုးဖောက်ကြည့်လိုက်တာလား…"

ဆန်းလျန်က တစ်ချက်ပြုံးလိုက်ရင်း…

"ကျုပ် သက်ညှာလိုက်လို့ မင်း အခုလောက်ပဲ ခံရတာ ၊ မဟုတ်လို့ကတော့ မင်း ရူးသွားမှာ…"

ဟွေ့အန်းခရီးသည်ဆိုသည်က ဆန်းလျန်ကို မနိုင်သည့်တိုင် နှစ်ပေါင်းများစွာ ကျင့်ကြံထားခဲ့သည့် ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။

သူ၏ ဝိညာဉ်ကို ထိုးဖောက်ကာ သူဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်ကို သိအောင်ကြိုးစားရသည်မှာ ဆန်းလျန်အတွက်လည်း မလွယ်ကူခဲ့ပေ။ ထို့အတူ… ဟွေ့အန်းခရီးသည်၏ ဝိညာဉ်သည်လည်း ပျက်စီးသွားခဲ့လေသည်။

ဟွေ့အန်းခရီးသည်က…

"လူတိုင်းကအရူးတွေပဲ ၊ ကျုပ်လည်းအစကတည်းက အရူးတစ်ယောက်ပါပဲ…"

ဆန်းလျန်က…

"မင်း ကျုပ်ကို ဆန့်ကျင်ဖို့ မကြိုးစားနဲ့ ၊ ကျုပ်က ဘဝနဲ့ ဉာဏ်ပညာအကြောင်းကို အခြေခံကျကျ နားလည်ထားတဲ့ သူတစ်ယောက်ဖြစ်တယ် ၊ အခု ကျုပ်က မိုးမြေကိုတုန်လှုပ်စေတဲ့ နတ်ဘုရားတွေကို ရှာပြီး တိုက်ခိုက်မလို့ပဲ ၊ ကျုပ်ရဲ့ လမ်းစဉ်က ဟာကွက်ရှိ မရှိ စမ်းသပ်ကြည့်တဲ့ သဘောပေါ့ ၊ အဲဒီတော့ ကျုပ်တိုက်ခိုက်ကြည့်ချင်တဲ့သူတွေထဲမှာ မင်းရဲ့ဆရာ ဖူရှန်မယ်တော်လည်း တစ်ယောက်အပါအဝင်ပဲ ၊ နတ်မိစ္ဆာအဓိပတိကြီးလည်းပါတယ် ၊ ပြီးတော့ အားလော်ဟယ် ၊ ကျန့်ယွမ်ကျီ ၊ ရွှမ်တုတောက်ကျွင်း ၊ တာအိုဆရာယွိတင် ၊ မိုးမြေ ရေပြင်ညီကိုယ်တော် (၃)ပါး ၊ မိုးမြေ ထက်အောက်ကိုယ်တော် (၃)ပါး ၊ ပြီးတော့ မြင့်မြတ်တဲ့ ဗောဓိသကျ (၄)ပါး အကုန်လုံးပေါ့ ၊ အားလုံးကို ကျုပ် ပညာပြိုင်ဖို့ စဉ်းစားထားတယ် …"

ဟွေ့အန်းခရီးသည်က…

"ထျန်းကျွင်းက တကယ်မာနကြီးလွန်းတာပဲ ၊ ဒုတိယမိုးနတ်မင်းတောင်မှ ထျန်းကျွင်းလောက် မာနမကြီးခဲ့ဘူး ၊ နောင်တစ်ချိန် အရှုံးနဲ့ရင်ဆိုင်ရတော့မှ အဲဒီလောက်မာန မကြီးနိုင်တော့မှာ စိုးရွံ့မိပါတယ်…"

ဆန်းလျန်က ရယ်မောလိုက်ရင်း…

"နွေရာသီက ပိုးကောင်လေးဟာ နှင်းကျတာကို ဘယ်မြင်နိုင်မှာလဲ ၊ မင်းလည်း ကျုပ်ကို ဘယ်လိုလုပ် ဝေဖန်နိုင်မှာလဲ…"

ဟွေ့အန်းခရီးသည်၏ ခြေထောက်များသည် ပိုင်ယွိကျင်းမြို့ထက်တွင် ရပ်နေလေသည်။

ကောင်းကင်ထက်ရှိ ကြယ်စင်များကြားတွင် နတ်ဘုရားများ ပျံသန်းနေကြပြီး ပိုင်ယွိကျင်းမြိုကတော်မှာ အလွန် ရှုတ်ထွေးနေလေသည်။

နတ်မိစ္ဆာများ ၊ နတ်ဘုရားများ၏ တိုက်ပွဲများကလည်း အဆုံးသတ်သည်ဟူ၍ မရှိပေ။

ဟွေ့အန်းခရီးသည်၏ စိတ်အာရုံတွင် ထိုအရာများကိုတွေ့မြင်လိုက်ရပြီး လောကကြီးတစ်ခုလုံး ပျက်စီးတော့မည်ကို သိရှိလိုက်လေသည်။

တစ်ချိန်တည်းမှာပင် သူက ဆန်းလျန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ဆန်းလျန်အား ကြီးမားသည့် မိစ္ဆာကောင်ကြီးတစ်ကောင်အလား ထင်မှတ်မြင်ယောင်လိုက်မိလေတော့သည်။

***

All Chapters