← Chapters

နတ်ဖားဖို

Vol. 9 Ch. 879

နတ်ဖားဖို

Vol. 9 Ch. 879

တာအိုဆရာလုယာ၏ "နတ်ဖြတ်ဓား" ဟုခေါ်သည့် ထူးဆန်းသည့်ရတနာပစ္စည်းအကြောင်းကို လူအတော်များများကြားဖူးကြလေသည်။

ထိုရတနာပစ္စည်းကိုအသုံးပြုရန်အတွက် "လှည့်ကြည့်လိုက်စမ်း" ဆိုသည့် စကားတစ်ခွန်း ပြောရလေသည်။

ထိုစကားတစ်ခွန်းသည် မန္တန်တစ်ပုဒ်လည်းဖြစ်သလို တရားစီရင်မှုလည်း ဖြစ်သည်။

နတ်ဖြတ်ဓားအောက်တွင် ကျဆုံးခဲ့ရသည့်နတ်ဘုရားများအားလုံးမှာ နာမည်ကျော်ကြားသည့် နတ်ဘုရားတွေချည်း ဖြစ်လေသည်။

ထို့ပြင် နတ်ဖြတ်ဓား၏လက်မှ လွတ်မြောက်သွားသူဆို၍ ယခုအချိန်ထိ တစ်ယောက်မှ မရှိသေးပေ။

ရွှေခန္ဓာရအောင်ကျင့်ကြံထားခဲ့ကြသည့် နတ်မိစ္ဆာသူတော်စင်များစွာသည်ပင် နတ်ဖြတ်ဓားအောက်တွင် ခေါင်းပြတ်ကာ အသက်ပျောက်ခဲ့ရလေသည်။

အချို့သူများက ဆိုကြသည်မှာ နတ်ဖြတ်ဓားသည် အကြောင်းနှင့်အကျိုးတာအိုမဟာလမ်းစဉ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက် ဖြစ်သည့်အတွက် မည်သူမှ လွတ်မြောက်နိုင်ခြင်းမရှိဟူ၍ ဖြစ်လေသည်။

သို့သော်… ထိုအချက်မှားယွင်းသည်ကို ဆန်းလျန်က ယနေ့ပင် သက်သေပြလိုက်သည်။

နတ်ဖြတ်ဓားတွင် အချိန်နှင့်ပတ်သက်သည့်တန်ခိုးစွမ်းအားများပါဝင်လေသည်။

"လှည့်ကြည့်လိုက်စမ်း" ဟု ပြောလိုက်သည်နှင့် စကြာဝဠာတစ်ခုလုံး၏ အချိန်က ရပ်တန့်သွားလေသည်။ ထိုအချိန်တွင် ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာပြီး ရန်သူကို သတ်ဖြတ်ပစ်လိုက်ခြင်း ဖြစ်သည်။

ဆန်းလျန်က အချိန်ကိုကျော်လွန်နိုင်သည့် တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်လေသည်။

သို့ရာတွင်… နတ်ဖြတ်ဓားကြောင့် ခဏတာရပ်တန့်သွားသည့်အချိန်တွင် ဆန်းလျန်သည် အချိန်ကိုကျော်လွန်သွားနိုင်ခြင်း မရှိတော့ပေ။

သူသာ တာအိုဆရာသခင်ကြီးတစ်ပါးဆိုလျှင်တော့ ရပ်တန့်သွားသည့်အချိန်ခဏအတွင်းမှာပင် ခုခံတိုက်ခိုက်မှုကို ပြုလုပ်နိုင်မည် ဖြစ်လေသည်။

သို့သော်… သူက တာအိုဆရာသခင်ကြီးတစ်ပါး မဟုတ်သေးပေ။

နတ်ဖြတ်ဓားသည် ဆန်းလျန်၏ ဦးခေါင်းရှိရာသို့ ဦးတည်ဝင်ရောက်လာလေသည်။ ဓားဝိညာဉ်အလင်းတန်းက ထက်မြက်တောက်ပလျှက်ရှိသည်။ ထို့နောက် ဆန်းလျန်၏ ခေါင်းကို လည်ပင်းမှနေပြီး ခုတ်ဖြတ်ချလိုက်လေတော့သည်။

ရပ်တန့်နေသည့်အချိန် ပြန်လည်စီးဆင်းလာသောအခါ ဆန်းလျန်၏ ခေါင်းမှာ ခန္ဓာကိုယ်မှ ကွဲကွာသွားပြီ ဖြစ်သည်။

ဗလာနယ်ထဲတွင် ခွန်ဖိန်ငှက်ကြီးတစ်ကောင်ထွက်ပေါ်လာပြီး ဆန်းလျန်၏ ဦးခေါင်းကို ထိုးသုတ်ကာ အဝေးသို့ ယူဆောင်သွားလေသည်။

နတ်မိစ္ဆာအဓိပတိကြီးနှင့် တာအိုဆရာလုယာတို့ အချိန်ကိုက်လှုပ်ရှားလိုက်ကြခြင်း ဖြစ်လေသည်။

သို့သော်… ခွန်ဖိန်ငှက်ကြီးထံမှ စူးရှသည့်အော်ဟစ်သံတစ်ချက်ထွက်ပေါ်လာလေသည်။ အဘယ်ကြောင့်ဆိုသော သူ နှုတ်သီးဖြင့်ချီလာသည့် ဆန်းလျန်၏ဦးခေါင်းမှာ ပျောက်ကွယ်သွားသောကြောင့်ဖြစ်လေသည်။

ဆန်းလျန်၏ ဦးခေါင်းသည် ဆန်းလျန်၏ ခန္ဓာကိုယ်ထက်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး ဆန်းလျန်၏မျက်နှာက ပြုံးနေလေသည်။

ထို့နောက် ဆန်းလျန်က လက်ချောင်းများဖြင့် စက်ဝိုင်းပုံသဏ္ဍန်သင်္ကေတများ ပုံဖော်ရေးဆွဲလိုက်သည်။ ထိုအခါ ကွေးရွှီးရေစင်ဖြင့်ဖန်ဆင်းထားသည့် ပင်လယ်ရေများအားလုံး ဆန်းလျန်ရေးဆွဲသည့် စက်ဝိုင်းအတွင်းသို့ ဝင်ရောက်ကုန်ကြလေသည်။

ထို့နောက် ပတ်ဝန်းကျင်တစ်ခုလုံးသည် နဂိုမူလအတိုင်း ပြန်ဖြစ်သွားလေတော့သည်။

အဝေးဆီမှ လင်းလက်နေသည့် ကြယ်စင်ရောင် မှိန်ပျပျကိုလည်း တွေ့မြင်ကြရပြီ ဖြစ်လေသည်။

ဗလာနယ်တစ်ခုလုံး ထူးဆန်းစွာ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ ဆန်းလျန်က ဗလာနယ်ထဲသို့ စိုက်ကြည်နေလေ၏။

နတ်ဖြတ်ဓားထွက်ပေါ်လာသည့် ဘူးသီးခြောက်မှာလည်း ပျံသန်းထွက်ခွာသွားပြီး ဗလာနယ်တစ်နေရာအရောက်တွင် ပျောက်ကွယ်သွားလေသည်။

……….

"သူ့ရဲ့ ရွှေခန္ဓာက ထူးဆန်းလိုက်တာ…"

တာအိုဆရာလုယာ၏အသံထွက်ပေါ်လာပြီး ဗလာနယ်တစ်နေရာတွင် ရေအိုင်တစ်အိုင်ထွက်ပေါ်လာလေသည်။

ထိုရေအိုင်ထက်တွင် တာအိုဆရာလုယာ မတ်တတ်ရပ်နေလေ၏။

တာအိုဆရာလုယာပေါ်လာသည့်နေရာသည် ဆန်းလျန်ရှိသည့် ကြယ်သေကြီးနှင့် အနည်းငယ်ဝေးကွာသည့် နေရာတစ်ခုတွင် ဖြစ်လေသည်။

တာအိုဆရာလုယာ၏ဘေးမှ နက်နဲထူးဆန်းသည့်အသံတစ်သံ ထွက်ပေါ်လာလေသည်။

"ကျုပ်တို့ အချိန်မီ ပြန်ဆုတ်လာနိုင်လို့ တော်သေးတယ် ၊ မဟုတ်လို့ကတော့ မလွယ်ဘူး ၊ ဟွင့်ယွမ်ဝူကျီအဆင့်ဆိုတာ တကယ့်ကို အံ့သြလောက်စရာပါပဲ…"

ထိုစကားကိုပြောလိုက်သူမှာ နတ်မိစ္ဆာအဓိပတိကြီး ဖြစ်လေသည်။

သို့သော်… အသံသာကြားနေရသည် နတ်မိစ္ဆာအဓိပတိကြီး မည်သည့်နေရာတွင်ရှိနေသည်ကို တာအိုဆရာလုယာ သိရှိနိုင်ခြင်း မရှိပေ။

တာအိုဆရာလုယာက နတ်မိစ္ဆာအဓိပတိကြီး၏ ဉာဏ်များမှုအတွက် စိတ်ထဲမှကြိတ်ပြီး အပြစ်တင်လိုက်သည်။ နတ်မိစ္ဆာအဓိပတိကြီးသည် အသက်ရှင်ရန်အတွက်အမြဲတမ်း အဓိကထားလေသည်။ ထို့ကြောင့်လည်း ဘေးအန္တရယ်ကပ်ဆိုးကြီးများကြုံရလေတိုင်း သူက အမြဲတမ်း လွတ်မြောက်အောင်ရှောင်တိမ်းနိုင်ခဲ့ခြင်း ဖြစ်ဟန်တူသည်။

ယခုတစ်ကြိမ်လည်း မိုးကောင်းကင်တံခါးအတွက်သာမဟုတ်လျှင် ထိုအဘိုးကြီး ထွက်လာမည် မဟုတ်ပေ။

"နတ်မိစ္ဆာအဓိပတိကြီး အခု ဘာလုပ်မှာလဲ…"

တာအိုဆရာလုယာက ကျီဝေးတိကျွင်းနှင့်အခြားသူများ ဘာဖြစ်သွားခဲ့ကြသည်ကို မျက်စိရှေ့တွင် ရှင်းရှင်းလင်းလင်းတွေ့မြင်ခဲ့သူဖြစ်သည်။

ထို့ကြောင့် သူကိုယ်တိုင်လည်း တကယ်တမ်းတွင် မစွန့်စားရဲပါချေ။ ပွင့်ပွင့်လင်းလင်းပြောရလျှင် သူ အနည်းငယ်ပင် နောင်တရနေမိသည်။ မိုးကောင်းကင်တံခါး ဆန်းလျန်၏လက်ထဲရောက်သွားလျှင်လည်း ရှိပါစေတော့။ သူက တပ်မက်နေမည် မဟုတ်တော့ပေ။

နတ်မိစ္ဆာအဓိပတိကြီး၏အသံက ဗလာနယ်ထဲတွင် လွင့်မျောလာပြန်လေသည်။

"စောင့်ကြတာပေါ့…"

အမှန်တော့ နတ်မိစ္ဆာအဓိပတိကြီးက လျှို့ဝှက်နက်နဲသည့် တန်ခိုးစွမ်းအားများကို အသုံးပြုကာ မိုးကောင်းကင်တံခါးအကြောင်းကို စုံစမ်းနေခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။

ယခု ရှေးဟောင်းထိုက်ယင်းကြယ်စင်ကြီးထဲတွင် မိုးကောင်းကင်တံခါး ရှိနေသည်ဟု ဆန်းလျန်က ဆိုလေသည်။ ထိုသတင်းသည် တမဟုတ်ချင်း ပျံ့နှံ့သွားနိုင်လေသည်။

နတ်မိစ္ဆာအဓိပတိကြီး၏ ခိုင်မာသည့်ဆုံးဖြတ်ချက်ကို သိမြင်လိုက်ရသည့်အခါ တာအိုဆရာလုယာ စိတ်ထဲမှ ကြိတ်ပြီး ကျိန်ဆဲလိုက်မိသည်။ ယခုအချိန်ရောက်မှတော့ သူလည်း ဘာမှ လုပ်နိုုင်တော့မည် မဟုတ်ပေ။ နွံထဲတွင် နစ်ခဲ့ပြီဖြစ်သည့်အတွက် ဆက်နစ်ရန်သာ ရှိတော့သည်။

မိုးကောင်းကင်တံခါးသည် ထိုက်ချိယင်ယန်ပန်းချီကား ၊ ဖန်ကူအလံတို့နှင့် အဆင့်အတန်းတူညီသည့် မှော်ဝင်ရတနာတစ်ပါး ဖြစ်လေသည်။

ဟွင့်ယွမ်ဝူကျီအဆင့် နတ်ဘုရားတစ်ပါးဖြစ်လျှင်တောင်မှ ထိုမှော်ဝင်ရတနာကို ထိန်းချုပ်ရန် လွယ်ကူမည်မဟုတ်ပေ။ မိုးကောင်းကင်တံခါးကို ထိန်းချုပ်သွားနိုင်သည့်တိုင် တန်ခိုးစွမ်းအားများစွာ လျော့နည်းပျက်စီးကာ ဒဏ်ရာပင်လျှင် ရကောင်းရသွားနိုင်လေသည်။

ယခု ဆန်းလျန်သည် ဟွင့်ယွမ်ဝူကျီအဆင့် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။

သူသာ မိုးကောင်းကင်တံခါးကို ရရှိသွားမည်ဆိုလျှင် ဆန်းလျန်သည် အတားအဆီးမရှိတော့ဘဲ တာအိုဆရာသခင်ကြီးတစ်ပါးအဖြစ် အဆင့်တက်ရောက်နိုင်သွားမည် ဖြစ်လေသည်။

သို့သော်… ဆန်းလျန် တာအိုဆရာသခင်ကြီးတစ်ပါးအဖြစ် အဆင့်တက်ရောက်မည်ကို မည်သူကမှ လက်ခံမည် မဟုတ်ပေ။

ဆန်းလျန်သည် ရှေးဟောင်းထိုက်ယင်းကြယ်စင်ကြီးပေါ်တွင် မတ်တတ်ရပ်နေလေသည်။ သူက ကြယ်စင်ကြီး အတွင်းပိုင်းအထိ ဝင်သွားခြင်း မရှိသေးပေ။ သူက ကြယ်စင်အစွန်အဖျားပိုင်းတွင်ပင် တန်ခိုးစွမ်းအားဖြင့် စင်မြင့်တစ်ခုဖန်ဆင်းကာ ထိုစင်မြင့်ထက်တွင် အေးအေးလူလူ ထိုင်နေလေသည်။

ထိုက်ယင်းနတ်သမီးက…

"ဒီအတိုင်းဆိုရင် တခြားနတ်ဘုရားတွေ ရောက်လာကြတော့မယ် ၊ ရှင် ဘာလို့ အေးအေးဆေးဆေးလုပ်နေရတာလဲ…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ကျုပ်က သူတို့တွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာတာကို စောင့်နေတာလေ ၊ ကိုယ်က လိုက်ပြီးလူစုနေစရာမလိုဘဲ အလိုလို ရောက်လာကြတာ ဘယ်လောက်တောင်ကောင်းလိုက်သလဲ…"

ထိုက်ယင်းနတ်သမီးက မျက်မှောင်ကြုတ်လိုက်ရင်း…

"ဒါပေမဲ့ နတ်ဘုရားတွေဒီလောက်အများကြီးကို ရှင် ဘယ်လိုရင်ဆိုင်မှာလဲ…"

ဆန်းလျန်က…

"စမ်းကြည့်တာပေါ့…"

ထိုက်ယင်းနတ်သမီးက…

"ကြည့်ရတာ ရှင့်ကိုယ်ရှင်တောင် မသေချာဘူး ၊ မိုးကောင်းကင်တံခါးကို အရင်ရှာရင်မကောင်းဘူးလား ၊ အဲဒါဆိုရင် သူတို့ကို အေးအေးဆေးဆေးရင်ဆိုင်နိုင်မှာပေါ့…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"မိုးကောင်းကင်တံခါးက ဘယ်နေရာမှာလဲဆိုတာ မင်းသိလို့လား…"

ထိုက်ယင်းနတ်သမီးက…

"စောစောကပဲ ရှင်ပြောတော့ ဒီထိုက်ယင်းကြယ်စင်ကြီးပေါ်မှာ မိုးကောင်းကင်တံခါး ရှိတယ်ဆို…"

ဆန်းလျန်က…

"ကျုပ်က '"နတ်မိစ္ဆာအဓိပတိကြီး ၊ တာအိုဆရာလုယာ ၊ ခင်ဗျားတို့ မိုးကောင်းကင်တံခါးကို တွေ့ရဖို့ တစ်လမ်းလုံး ကျုပ်နောက်ကို လိုက်လာတာ စိတ်လှုပ်ရှားစရာ မကောင်းဘူးလား' လို့ပဲ ပြောတာလေ ၊ ဒီထိုက်ယင်းကြယ်စင်ကြီးပေါ်မှာ မိုးကောင်းကင်တံခါးရှိတယ်လို့ မပြောမိပါဘူး…"

ဆန်းလျန် ပြုံးနေခဲ့လေသည်။

သို့သော်… တစ်ချိန်တည်းမှပင် ပြုံးနေခြင်းလည်း မဟုတ်ပြန်ပေ။

ထိုက်ယင်းနတ်သမီးက…

"ရှင့်စကားတွေက မှားလား မှန်လားတောင် ကျွန်မ မဝေခွဲတတ်တော့ဘူး…"

ထိုက်ယင်းနတ်သမီး၏ စကားကြောင့် ဆန်းလျန် အပြုံးပါးပါးလေးတစ်ချက် ပြုံးလိုက်မိသည်။

အမှန်တော့ သူပြောသည့်စကားများက အမှန်များ ဖြစ်လေ၏။

နတ်မိစ္ဆာအဓိပတိကြီးက မိုးကောင်းကင်တံခါးနောက်သို့ လိုက်နေသည်ကို သိရှိသည့်အတွက် သူက တမင်သက်သက် ထိုစကားကို ပြောလိုက်ခြင်း ဖြစ်လေသည်။

တကယ်တမ်းတွင် မိုးကောင်းကင်တံခါး မည်သည့်နေရာတွင်ရှိသည်ကို ဆန်းလျန်လည်း မသိပေ။

သို့သော်… သူ ထိုက်ယင်းကြယ်စင်ကို ရောက်လာရသည့်အကြောင်းရင်းမှာ ထိုက်ယင်းကြယ်စင်၏ ဗဟိုမဏ္ဍိုင်ကို လိုချင်သောကြောင့် ဖြစ်လေသည်။

နွီဝါးနတ်သမီးတွင် မိုးကောင်းကင်ထောက်တိုင်များကို ပြုလုပ်သည့် ဖားဖိုတစ်ခုရှိပြီး ထိုက်စန့်လောင်ကျွင်းတွင်တော့ စကြာဝဠာသုံးမြှောင့်ဆေးအိုးရှိလေသည်။ သူ တန်ခိုးစွမ်းအားများ ကင်းလွတ်ရာ ကမ္ဘာမြေတွင် ခွန်လွန်တောင်ကို ရောက်ခဲ့စဉ်က ထိုအကြောင်းများကို သိခဲ့ဖူးလေသည်။

ထို့ကြောင့် သူက ဘိုးဘေး (၂)ယောက်ကို အတုခိုးကာ ကိုု်ပိုင်နတ်ဖားဖိုတစ်ခု တည်ဆောက်ချင်စိတ်ဖြစ်မိသည်။ ထိုသို့ ဖားဖိုတစ်ခုပြုလုပ်ရန်အတွက် ထိုက်ယင်းကြယ်စင်၏ ဗဟိုမဏ္ဍိုင်က အသင့်တော်ဆုံးဖြစ်လေသည်။ ထိုအခါ သူ၏ ဖားဖိုသည်လည်း ထိုက်စန့်လောင်ကျွင်း၏ စကြာဝဠာသုံးမြှောင့်ဆေးအိုးကဲ့သို့ နောက်ပိုင်းတွင် မှော်ဝင်ရတနာတစ်ပါး ဖြစ်လာပေလိမ့်မည်။

သူပြောလိုက်သည့်စကားကို နတ်မိစ္ဆာအဓိပတိကြီးနှင့် တာအိုဆရာလုယာတို့က အမှန်ဟု ယူဆသွားသည်ကတော့ စိတ်မကောင်းစရာပင်။

ထို့ပြင် သူတို့က ဆန်းလျန်ကို အနည်းငယ် စမ်းသပ်တိုက်ခိုက်ကြည့်ပြီး အခြေအနေမဟန်သည်နှင့် ဆုတ်ခွာထွက်ပြေးသွားကြလေသည်။ နောက်တစ်ကြိမ်ပင် လာပြီး မတိုက်ခိုက်တော့ပေ။

သူတို့ နောက်တစ်ကြိမ်လာရောက်တိုက်ခိုက်ဦးမည်ဆိုပါက သူတို့ (၂)ယောက်လုံးကို ဆန်းလျန်က အသေသတ်ပစ်ရန် ရည်ရွယ်ထားလေသည်။ ထိုသို့ပြုလုပ်မှ နောင်အနာဂတ်တွင် ပြိုင်ဘက်များ လျော့နည်းကာ သူ့အတွက် လမ်းရှင်းသွားမည် ဖြစ်လေ၏။

သို့သော်… ထို (၂)ယောက်က သေကံမကြုံသေးသောကြောင့် ဆန်းလျန်ကို နောက်တစ်ကြိမ်လာပြီး တိုက်ခိုက်ခြင်း မပြုကြတော့ပေ။ ထို့ကြောင့် ဆန်းလျန်လည်း သူတို့ကို သတ်၍မရတော့ပေ။

အချိန်နှစ်ဝက်လောက်ကြာသွားသည့်အခါတွင်တော့….

ထိုက်ယင်းကြယ်စင်ကြီး၏ ပတ်ဝန်းကျင်သို့ တာအိုကျင့်ကြံသူများ ၊ ဗုဒ္ဓဘာသာကျင့်ကြံသူများ နှင့် နတ်မိစ္ဆာများ စုစုပေါင်း အယောက် (၅၀)ခန့် ရောက်ရှိလာကြလေသည်။

သူတို့အားလုံး၏အဆင့်မှာ တာ့လော်အဆင့်နှင့် ထိုက်ယီထျန်းရှန်းအဆင့်များ ဖြစ်ကြလေသည်။ သူတို့အထဲတွင် ကျောက်စိမ်းဝိညာဉ်နန်းတော်နှင့် ဘုရင်ရှစ်ပါးနန်းတော်မှ တပည့်များပင် ပါဝင်ကြသည်။

သို့သော်… ရှေးဟောင်းထိုက်ယင်းကြယ်စင်ကြီးပေါ်တွင် စင်မြင့်ဆောက်ကာ ထိုင်နေသည့် ဆန်းလျန်ကို တွေ့ကြရသည့်အခါ မည်သူမှ သွားပြီး ရန်မစရဲကြပေ။ ထို့ကြောင့် တိတ်တဆိတ်ပင် အခြေအနေကို စောင့်ကြည့်နေကြလေသည်။

ထိုနတ်ဘုရားများကြားထဲတွင် အသက် (၈)နှစ် ၊ (၉)နှစ်ခန့် အရွယ်ရှိသည့် ကောင်လေးတစ်ယောက်လည်း ပါဝင်လေသည်။ သူက ထူးခြားသူတစ်ယောက်ဖြစ်ပြီး ဗလာနယ်ထဲတွင် တစ်ယောက်တည်း ထိုင်နေလေသည်။ သူ့အနားသို့ မည်သူမှ တိုးကပ်သွားရဲခြင်း မရှိကြပေ။

ထိုကောင်လေးက ဗလာနယ်ထဲတွင် တင်ပျဉ်ခွေထိုင်နေခြင်းဖြစ်ပြီး သူ၏ ဒူးထက်တွင် ဓားရှည်တစ်လက်တင်ထားလေသည်။ ဓားရှည်က ရိုးရှင်းသည့် အနက်ရောင်ဓားတစ်လက် ဖြစ်လေ၏။

ဓားရိုးတွင် "ထာဝရဓား" ဟု ရေးထိုးထားပြီး စာလုံးများက ရေစင်အလား တာအိုတန်ခိုးစွမ်းအားများ စီးဆင်းထွက်ပေါ်နေလေသည်။

ထိုဓားရှည်ကို ကြည့်မိကြသည့်နတ်ဘုရားများသည် အစစ်အမှန်နှင့်အိပ်မက် မခွဲခြားနိုင်တော့သည့်အလား ခံစားချက်များ ေ၀ဝါးသွားကြရလေတော့သည်။

***

All Chapters