← Chapters

သေခြင်းရှင်ခြင်း

Vol. 9 Ch. 881

သေခြင်းရှင်ခြင်း

Vol. 9 Ch. 881

ဆန်းလျန်က နတ်မိစ္ဆာအဓိပတိကြီးနှင့် တာအိုဆရာလုယာတို့ ထွက်ပြေးသွားကြသည်ကို သိလိုက်လေသည်။

သူက နတ်ဘုရားစိတ်စွမ်းအားများကို အသုံးပြုကာ တာအိုဆရာလုယာနောက်သို့ လိုက်သွားရန် ဆုံးဖြန်လိုက်သော်လည်း တာအိုဆရာလုယာက လင်စန်းတောင်ရှိရာသို့ ထွက်ပြေးသွားသည့်အတွက် ဆက်မလိုက်တော့ဘဲ လက်လျှော့လိုက်လေသည်။

သူ့အနေဖြင့် လောလောဆယ်အချိန်တွင် သိပ်ပြီး ပြဿနာမရှာလိုသေးပေ။

သူက နီကျားနှင့် ထိုက်ယင်းနတ်သမီး၏ တိုက်ပွဲကို အာရုံစိုက်လိုက်သည်။ သူက နီကျားအပေါ်တွင် ထူးခြားသည့်အမြင်ရှိလေသည်။

အဘယ်ကြောင့်ဆိုသော် နီကျားသည် ထိုက်ယီကျန်းရန်၏ တပည့်ဖြစ်လေသည်။ ထိုက်ယီကျန်းရန်ဆိုသည်က ယွမ်စီထျန်းကျွင်းနှင့် ရင်ဆိုင်ရန်အတွက် တာအိုဆရာသခင်ထိုက်ယီ ဖန်ဆင်းထားသည့် ကိုယ်ခွဲတစ်ခုဖြစ်သည်ဟု အချို့က ဆိုကြလေသည်။

ထိုသို့ဆိုလျှင် သူနှင့် နီကျားသည် ဆက်စပ်မှုတစ်ခုခုရှိနေနိုင်လေသည်။ သို့သော်… ဆန်းလျန်က ထိုကိစ္စများကို စိတ်ဝင်စားခြင်း မရှိပေ။

ယခု နီကျား၏ လက်ထဲတွင် ထာဝရဓားရှိနေသည်ကို ကြည့်ခြင်းအားဖြင့် ကောလဟလများ မှန်ကန်သည်ဟု ဆိုနိုင်လေသည်။

ဆန်းလျန်လျှောက်လှမ်းခဲ့သည့် ကျင့်စဉ်လမ်းတစ်လျှောက်တွင် တာအိုဆရာသခင်ထိုက်ယီ၏ လွှမ်းမိုးမှုများစွာ ရှိခဲ့လေသည်။

သူ လောကကို ကျော်လွန်ပြီး နတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်ရောက်နိုင်ခဲ့ခြင်းက သူ၏နောက်ကွယ်တွင် တာအိုဆရာသခင်ကြီးတစ်ပါးပါးက ပံ့ပိုးပေးနေခြင်းကြောင့် ဖြစ်လေသည်။ ဤအချက်က သံသယဝင်စရာမရှိပေ။

သို့သော်… စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်းကျင့်စဉ်ကို ကျင့်ကြံခဲ့မိသည့်အတွက် သူသည် ရှောင်လွှဲနိုင်ရန် ခက်ခဲသည့် ဘေးအန္တရယ်ကပ်ဆိုးကြီးတစ်ခုကို ရင်ဆိုင်ရမည် ဖြစ်လေသည်။ ထိုသို့ရင်ဆိုင်ရန်လည်း နီးကပ်လာခဲ့ပြီ ဖြစ်သည်။

သူသည် လောကတွင် အကြီးမြတ်ဆုံး နတ်ဘုရားတစ်ပါးအဖြစ် အောင်မြင်မှုများ ရရှိခဲ့သည့်တိုင် သူသည် ဘေးအန္တရယ်ကပ်ဆိုးကြီးရင်ဆိုင်ရသည့်အခါ အသက်ရှင်သန်နိုင်မည် မဟုတ်ပေ။

သူ တာအိုဆရာသခင်ကြီးတစ်ပါးပါးနှင့် ဆက်သွယ်နိုင်ပါမည်လား။ သို့သော်… လောကတွင် တာအိုဆရာသခင်ကြီးများ၏ ပုံရိပ်သည်ပင် ဟွင့်ယွမ်ဝူကျီအဆင့်ထိသာ ထိန်းသိမ်းထားနိုင်လေသည်။ ထုန်ထျန်းမြစ်အထက်ပိုင်းတွင် ရင်ဆိုင်ခဲ့ရသည့် စန့်ချင်တာအိုဆရာသခင်၏ ပုံရိပ်က သက်သေဖြစ်လေ၏။

ထို့ကြောင့် နောက်ပိုင်း သူရင်ဆိုင်ရမည့် ကိစ္စရပ်များသည် သူမျှော်မှန်းထားသလောက် အခြေအနေမကောင်းနိုင်သည်ကို သိရှိထားလေသည်။

ခြေလှမ်းတစ်ချက်မှားသည်နှင့် သူ့ဘဝတစ်ခုလုံး နောင်တရစရာများဖြင့် ကြုံတွေ့ရပေလိမ့်မည်။

ကံကောင်းသည်မှာ အနာဂတ်မှ သူ့ထံသို့ရောက်လာသည့် ထိုက်ယင်းနတ်သမီးကို တွေ့မြင်လိုက်ရသည့်အတွက် နောက်ပိုင်းခေတ်အချိန်များတွင်လည်း သူ ဆက်လက်တည်ရှိနေဦးမည်ဟု သိရှိစေခဲ့သည်။

သို့သော်… အနာဂတ်သို့ ရောက်ရှိနေသည့် ဆန်းလျန်သည် ယခု စင်မြင့်ထက်တွင်ထိုင်နေသည့်ဆန်းလျန်နှင့် ကံတရားတူညီပါမည်လားဆိုသည်ကိုတော့ သူကိုယ်တိုင်လည်း သိရှိခြင်း မရှိပေ။

စက္ကန့် (၃၀)ခန့် ကြာသည့်အခါတွင်တော့ နီကျားက စတင်တိုက်ခိုက်လိုက်လေသည်။

နီကျားက ထာဝရဓားကို တစ်ချက်ဝှေ့ယမ်းလိုက်လေသည်။ နီကျား၏ပုံစံက အသက် (၈)နှစ် ၊ (၉)နှစ်ခန့် ကလေးငယ်တစ်ယောက်၏ပုံစံဖြစ်နေသည့်တိုင် သူသည် သုံးလောကတွင် အရက်စက်ဆုံး လူသတ်သမား ဖြစ်လေသည်။

ထာဝရဓားက ဓားအလင်းတန်းများ လင်းလက်တောက်ပနေခြင်း မရှိပေ။ သို့သော်… သေခြင်းရှင်ခြင်းတရား၏ ထူးဆန်းနက်နဲမှုများဖြင့် ပြည့်နက်လျှက် ရှိလေသည်။

ဓားသွားထိပ်ဖျားက တစ်ချက်တုန်ခါသွားပြီး နီကျားက ဓားကို စက်ဝိုင်းပုံသဏ္ဍန်လှည့်ပတ်လိုက်လေသည်။

ဘဝတစ်ခုအဆုံးသတ်သည် သေခြင်းတရားဖြစ်ပြီး သေခြင်းတရား၏ အဆုံးသတ်သည် ဘဝတစ်ခု ပြန်လည်စတင်ခြင်း ဖြစ်လေသည်။

ထာဝရဓားမည်မျှကြောက်မက်ဖွယ်ရာကောင်းသည်ကို ဆန်းလျန်ပင် အသိအမှတ်ပြုလိုက်မိသည်။

ထို့ပြင် တာအိုဆရာသခင်ထိုက်ယီ၏ ထိုးထွင်းသိမြင်နိုင်မှုကိုလည်း အံ့သြမကုန်နိုင်ဖြစ်ရလေသည်။ ဆန်းလျန်၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ပင်လျှင် တာအိုဆရာသခင်ထိုက်ယီသည် အံ့သြဖွယ်ရာ ဖြစ်နေသေးသည်။

ထိုက်ယင်းနတ်သမီးသည်လည်း ဆန်းလျန်ကဲ့သို့ပင် ခံစားနေရလေသည်။

သူမက နက်ရှိုင်းသည့်ခံစားချက်များဖြင့် စက်ဝိုင်းပုံသဏ္ဍန်လည်ပတ်နေသည့် ထာဝရဓားကို စိုက်ကြည့်နေမိသည်။

သူမ၏ လက်ထဲမှ ထိုက်ယင်းဆူးခက်ဆံထိုးမှ အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး စကြာဝဠာတစ်ခုလုံး အေးခဲသွားမည့်အလား ထင်မှတ်ရသည်။

ထိုက်ယင်းဆူးခက်ဆံထိုးမှထွက်ပေါ်လာသည့် အေးစက်သည့်အပြာရောင်အလင်းတန်းများသည် စက်ဝိုင်းပုံသဏ္ဍန်လည်ပတ်နေသည့် ထာဝရဓားနှင့် ထိခတ်မိသွားလေသည်။

ထိုအခါ ထူးဆန်းသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာလေသည်။

စက်ဝိုင်းပုံသဏ္ဍန်လှည့်ပတ်နေသည့် ထာဝရဓားသည် တဖြည်းဖြည်းနှေးကွေးသွားပြီး ရှေးဟောင်းရေတွင်းကြီးတစ်ခုအလား ထိုက်ယင်းဆူးခက်ဆံထိုးမှ အပြာရောင်အလင်းတန်းများအားလုံးကို စုပ်ယူပစ်လိုက်လေသည်။

ထူးဆန်းသည်မှာ အပြာရောင်အလင်းတန်းများကို စုပ်ယူလိုက်သည့်တိုင် ဓား၏တန်ခိုးစွမ်းအားက ပိုမိုများပြားလာခြင်း မရှိဘဲ ပုံမှန်အတိုင်းသာ ရှိနေလေသည်။

ထိုက်ယင်းနတ်သမီးကတော့ သူမရင်ဆိုင်နေရသည့် တိုက်ပွဲကို အလေးအနက် သတိထားနေခဲ့ပြီး အခြေအနေကို သုံးသပ်ကြည့်နေလေသည်။

ထာဝရဓားစက်ဝန်းများနှင့် ထိုက်ယင်းဆူးခက်ဆံထိုးမှ အပြာရောင်အလင်းတန်းများ ထိခတ်မိသည့်အချိန်တွင် အလွန်အစွမ်းထက်သောအဖျက်စွမ်းအားနှစ်ခု ရိုက်ခတ်မိလေသည်။

သို့သော်… ထိုက်ယင်းဆူးခက်တန်ခိုးစွမ်းအားများကို ထာဝရဓားက စုပ်ယူသွားလေသည်။

ထိုမျှထူးဆန်းသည့်ဓားမျိုးကို ထိုက်ယင်းနတ်သမီး၏ဘဝတွင် တစ်ခါမှ တွေ့မြင်ခဲ့ဖူးခြင်းမရှိပေ။

သူမ မည်မျှပင်တိုက်ခိုက်ပါစေ ရန်သူ၏ဓားက သူမ၏ တန်ခိုးစွမ်းအားများကို စုပ်ယူသွားမည်ပဲ ဖြစ်လေသည်။ ထိုသို့ တန်ခိုးစွမ်းအားများကို စုပ်ယူသွားသည့်အတွက် ထာဝရဓား၏ စွမ်းအားများက တိုးလည်မလာသလို လျော့နည်း၍လည်း မသွားပေ။ ပုံမှန်အတိုင်းသာ ရှိနေလေသည်။

ထာဝရဓားက ထိုက်ယင်းနတ်သမီးကို အဆက်မပြတ် ဝင်ရောက်တိုက်ခိုက်လိုက်လေသည်။

ထိုက်ယင်းနတ်သမီးကလည်း နီကျား၏တိုက်ခိုက်မှုကို ဆက်လက်ခုခံတိုက်ခိုက်လိုက်သည်။ နောက်ဆုံးတော့ သူမ အသုံးပြုသမျှ တန်ခိုးစွမ်းအားများကို ထာဝရဓားက စုပ်ယူဝါးမြိုသွားသည်ပဲ ဖြစ်ပြီး အခြေအနေက မပြောင်းမလဲ တည်ရှိနေလေသည်။

နီကျား၏ ပထမဆုံးဓားကွက်ကိုပင် ခုခံနိုင်ပါတော့မည်လားဟု ထိုက်ယင်းနတ်သမီး တွေးလိုက်မိသည်။

တိုက်ပွဲကိုကြည့်နေကြသည့် နတ်ဘုရားများမှာလည်း ငတုံးများ မဟုတ်ကြလေရာ နီကျားကိုင်ဆောင်ထားသည့် ထာဝရဓား၏ ထူးခြားဆန်းကျယ်မှုကို ချက်ချင်းရိပ်မိလိုက်ကြလေသည်။

သူတို့သာဆိုလျှင်ရော ထာဝရဓားကို ခုခံကာကွယ်နိုင်ပါမည်လား…။

ရရှိလာသည့်အဖြေကတော့ "ခုခံနိုင်မည်မဟုတ်" ဟူ၍ ဖြစ်လေ၏။

အကယ်၍ စွမ်းအားသိုလှောင်ထားနိုင်သည့် မှော်ဝင်ပစ္စည်းတစ်မျိုးမျိုးကို အသုံးပြုနိုင်လျှင်တော့ နီကျား၏ ထာဝရဓားကို ကြောက်စရာလိုတော့မည် မဟုတ်ပေ။

စွမ်းအားကို သိုလှောင်ထားနိုင်လျှင်တော့ စွမ်းအားကို ထာဝရဓားက မည်မျှပင် စုပ်ယူပစ်ပါစေ စိုးရိမ်စရာ မရှိတော့ပေ။

နတ်ဘုရားများက ဆန်းလျန်ကို လှမ်းကြည့်လိုက်ကြပြန်လေသည်။

ဆန်းလျန်၏မျက်နှာကတော့ စောစောကအတိုင်းပင် ခံစားချက်ကင်းမဲ့လျှက် ရှိလေသည်။ ထိုက်ယင်းနတ်သမီး တိုက်ပွဲတွင် ရှုံးနိမ့်လုနီးပါးဖြစ်နေသည့်တိုင် သူ၏မျက်နှာအမူအရာက ပြောင်းလဲခြင်း မရှိခဲ့ပေ။

ထိုက်ယင်းနတ်သမီးမှာတော့ ထာဝရဓားကို မနည်းရင်ဆိုင်တိုက်ခိုက်နေရလေသည်။ ထိုက်ယင်းဆူးခက်ဆံထိုးသာ မရှိပါက ခပ်စောစောပင် သူမရှုံးနိမ့်သွားပေလိမ့်မည်။

သို့သော်… တိုက်ပွဲကိုကြည့်နေကြသည့် နတ်ဘုရားများက ထိုက်ယင်းနတ်သမီးတွင် အခြားနည်းလမ်းတစ်ခုရှိဦးမည်ကို သိရှိလိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူမက ခြေလှမ်းပညာတစ်မျိုးကို အသုံးပြုလိုက်သောကြောင့် ဖြစ်လေသည်။

သူမ အသုံးပြုလိုက်သည့် ခြေလှမ်းပညာမှာ "ယွီ" ခြေလှမ်းပညာ ဖြစ်လေသည်။

"ယွီ" ခြေလှမ်းပညာသည် မိုးနှင့်မြေတွင် ပြိုင်ဘက်ကင်းသည့် ပညာရပ်တစ်ခု ဖြစ်လေသည်။ ထိုက်ယင်းနတ်သမီးက "ယွီ" ခြေလှမ်းပညာကို ကောင်းကောင်း နားလည်ထားခဲ့လေသည်။

ထုန်ထျန်းမြစ်အထက်ပိုင်းတွင် "ယွီ" ခြေလှမ်းပညာကို ဆန်းလျန်အသုံးပြုစဉ်က သူမ သေသေချာချာ မှတ်သားထားခဲ့ခြင်း ဖြစ်လေ၏။

ထို့ကြောင့် သူမသည် နီကျား၏ဓားချက်အောက်တွင် အသက်ပျောက်မည်ကို ကြောက်စရာ မလိုတော့ပေ။

သူမ၏ တန်ခိုးစွမ်းအားများအားလုံး ကုန်ခမ်းသွားလျှင်တောင် ထာဝရဓားကို ပြန်လည်တိုက်ခိုက်ရန် မလိုအပ်တော့ဘဲ "ယွီ" ခြေလှမ်းပညာအသုံးပြုကာ ခုခံရှောင်တိမ်းနေနိုင်မည် ဖြစ်လေသည်။

သူမ "ယွီ" ခြေလှမ်းပညာကို အသုံးပြုနေသည့်အချိန်တွင် ဆန်းလျန်နောက်ကို လိုက်ခဲ့သည့်အချိန်များတုန်းက နားလည်ခဲ့သည့် ဘဘာဝလမ်းစဉ်ကိုလည်း ပိုပြီးနားလည်လာရလေသည်။

သူမ၏စိတ်များက ပိုမိုကြည်လင်လာပြီး ထာဝရဓား၏ သဘောသဘာဝကို သူမ ရှင်းရှင်းလင်းလင်း သိမြင်လာလေသည်။

ထဝရဓားတွင် ဓားဝိညာဉ် (၂)ခုရှိသည်ကို သူမ တွေ့မြင်လာရသည်။ ဓားဝိညာဉ်တစ်ခုက အဖြူရောင်ဖြစ်ပြီး နောက်ထပ်ဓားဝိညာဉ်တစ်ခုက အနက်ရောင်ဖြစ်လေသည်။ သေခြင်းနှင့်ရှင်ခြင်း ၊ ရှင်ခြင်းနှင့်သေခြင်း အပြန်အလှန်စီးဆင်းနေသည့် သဘောသဘာ၀ ဖြစ်လေသည်။

ရှင်ခြင်းတရားဓားဝိညာဉ်က အပြုသဘောကိုဆောင်ပြီး သေခြင်းတရားဓားဝိညာဉ်က အဖျက်သဘောကိုဆောင်လေသည်။

ရှင်ခြင်းတရားဓားဝိညာဉ်က ပြင်ပမှ တန်ခိုးစွမ်းအားများကို စုပ်ယူပြီး သေခြင်းတရားဓားဝိညာဉ်က ထိုတန်ခိုးစွမ်းအားများကို ပြန်လည် ဖျက်စီးပစ်လိုက်သည်။

ဤနည်းဖြင့် ထာဝရဓားက စုပ်ယူလိုက်သည့် တန်ခိုးစွမ်းအားများကို ပြန်လည်ဖျက်စီးပစ်နေသည့်အတွက် ပုံမှန်အတိုင်း မပြောင်းမလဲ တည်ရှိနေခြင်း ဖြစ်လေသည်။

ထိုသို့ တန်ခိုးစွမ်းအားများကို စုပ်ယူလိုက် ဖျက်စီးလိုက် ပြုလုပ်နိုင်စွမ်းမှာ အမှန်တကယ်ပင် လျှို့ဝှက်စွမ်းကျယ်လွန်းသည့် စွမ်းပကားတစ်ခုပင် ဖြစ်လေ၏။

သို့သော်… ဟာကွက်တစ်ခုတော့ ရှိရပေမည်။

ရှင်ခြင်းတရားဓားဝိညာဉ်က တန်ခိုးစွမ်းအားများကို စုပ်ယူလိုက်သည့်အချိန်နှင့် သေခြင်းတရားဓာဝိညာဉ်က တန်ခိုးစွမ်းအားများကို ဖျက်စီးလိုက်သည့်အချိန် ၊ ထိုအချိန် (၂)ခု၏ စပ်ကြားကာလတွင် ဟာကွက်တစ်ခု ရှိနိုင်လေသည်။

ထိုဟာကွက်သည် အဆစ်အပိုင်းတစ်ခုဖြစ်ပြီး သိမြင်ရန်အလွန်မှ ခက်ခဲလေသည်။

ထိုက်ယင်းနတ်သမီးသည် ထိုဟာကွက်ကို တွေ့မြင်သွားခဲ့လေသည်။

အဘယ်ကြောင့် ဆိုသော် သူမသည် သဘာဝလမ်းစဉ်ကို သိမြင်သွားသည့်အတွက် ဖြစ်လေသည်။

လူပေါင်းတစ်သောင်းတွင် တစ်ယောက်သာ သိရှိနိုင်မည့် ထာဝရဓား၏ ဟာကွက်ကို သိရှိသွားသည်နှင့် ထိုက်ယင်းနတ်သမီးက ထိုက်ယင်းဆူးခက်ဆံထိုးကို ထာဝရဓားစက်ဝန်းအတွင်းသို့ ထိုးစိုက်ချလိုက်လေသည်။

ထိုအခါ စက်ဝိုင်းပုံသဏ္ဍန်လှည့်ပတ်နေသည့် ထာဝရဓားသည် ရုတ်တရက် စွမ်းအားများ ပြိုကွဲကာ ရပ်တန့်သွားလေတော့သည်။

ထိုက်ယင်းနတ်သမီးတန်ပြန်တိုက်ခိုက်တော့မည်ကို နီကျားက ခန့်မှန်းလိုက်နိုင်သည့်တိုင် အချိန်မီ ခုခံကာကွယ်လိုက်နိုင်ခြင်း မရှိခဲ့ပေ။

ရုတ်တရက် ဓားခြိမ်းသံကြီးက ကောင်းကင် (၉)ထပ်ကို ဖုံးလွှမ်းသွားလေသည်။ နဂါးဟိန်းသံနှင့် ဇာမဏီငှက်ကျုံးဝါးသံများ ထွက်ပေါ်လာပြီး ရေတံခွန်ကဲ့သို့ စီးဆင်းနေသည့် ဓားဝိညာဉ်တစ်ခု ကောင်းကင်ထက်မှ ဆင်းသက်လာလေသည်။

ထိုဓားဝိညာဉ်ထဲတွင် ထိုက်ယင်းနတ်သမီး ရှိနေလေသည်။

မရေမတွက်နိုင်သည့် တိုက်ပွဲတိုင်းကို အောင်နိုင်ခဲ့သူ ပင်လယ်သုံးပါးသခင်နီကျားကို ထိုက်ယင်းနတ်သမီးသည် အဘယ်မှာ လွယ်လွယ်နှင့် အနိုင်ရနိုုင်ပါမည်နည်း။

ရေတံခွန်အလား စီးဆင်းလာသည့် ဓားဝိညာဉ်မှာ ဒုတိယဓားဖြစ်လေသည်။ ကြည့်ရသည်မှာ ထိုက်ယင်းနတ်သမီး တိုက်ပွဲတွင် ရှုံးနိမ့်သွားဟန် ရှိလေသည်။

***

All Chapters