← Chapters

ပြောင်းလဲမှုကြီး

Vol. 9 Ch. 885

ပြောင်းလဲမှုကြီး

Vol. 9 Ch. 885

အတိတ်အချိန်မှ ဆန်းလျန်သည် အချိန်ရေစီးကြောင်းအထက်ပိုင်းတွင် ရှိနေချိန်တွင် ဆန်းလျန်မသိမြင်နိုင်သည့် အနာဂတ်ကာလ အချိန်ရေစီးကြောင်း အောက်ပိုင်းတစ်နေရာတွင် တိကျန်ဗောဓိသကျ၏ နတ်ဘုရားခန္ဓာကြီးသည် အချိန်ရေစီးကြောင်းအပေါ်ဘက်သို့ ဖြည်းဖြည်းချင်း ထွက်ပေါ်လာလေသည်။

အချိန်ရေစီးကြောင်းသည် သဲမှုံများအလား ကွဲအက်သွားပြီး တိကျန်ဗောဓိသကျ၏ ခန္ဓာကိုယ်တစ်ကိုယ်လုံးက အချိန်ရေစီးကြောင်း အပေါ်သို့ ရောက်ရှိလာလေသည်။

အချိန်စီးကြောင်းကို ထိုးဖောက်ထွက်ပေါ်လာသည့် တိကျန်ဗောဓိသကျ၏ နတ်ဘုရားခန္ဓာကြီးက တိကျသည့်ပုံသဏ္ဍန်မရှိပေ။ သူ၏ ပုံသဏ္ဍန်က အချိန်တိုင်းပြောင်းလဲနေလေသည်။

ဤသည်မှာ အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန် အချိန်ကာလအားလုံးကို ခန္ဓာကိုယ်တစ်ခုတည်းဖြင့် ကျော်လွန်နိုင်စေရန် ကျင့်ကြံထားသည့်အတွက် ထိုသို့ ပြောင်းလဲနေခြင်း ဖြစ်လေသည်။

ထိုအချိန်မှာပင် အချိန်စီးကြောင်းအတိုင်း ဖြတ်သန်းသွားလာနေသည့် ဓားဝိညာဉ်တစ်ခုလည်း ရှိလေသည်။

တိကျန်ဗောဓိသကျ၏ ခန္ဓာကိုယ်ကြီး အချိန်စီးကြောင်းထက်သို့ ထွက်ပေါ်လာသည်နှင့် ထိုဓားဝိညာဉ်က တဖြည်းဖြည်းအားနည်းသွားလေသည်။

ထို့နောက်… တိကျန်ဗောဓိသကျက အချိန်ရေစီးကြောင်းအတွင်းမှ ခြေတစ်လှမ်းလှမ်းကာ အပြင်သို့ ထွက်လိုက်သည့်အခါတွင်တော့ ထိုဓားဝိညာဉ်က ပျောက်ကွယ်သွားလေတော့သည်။

ထိုအချိန်မှာပင် ထိုက်ချိပန်းချီကားတစ်ချပ် ကောင်းကင်ထက်တွင် ပျံသန်းထွက်ပေါ်လာပြီး ရွှေရောင်တံတားတစ်စင်းအဖြစ် ပြောင်းလဲသွားလေသည်။ ထိုရွှေရောင်တံတားက အချိန်ရေစီးကြောင်း၏ ဟိုဘက်ကမ်းနှင့် ဒီဘက်ကမ်းကို ဆက်သွယ်ပေးလိုက်လေသည်။

တိကျန်ဗောဓိသကျ၏ နတ်ဘုရားခန္ဓာကြီးက လက်တစ်ဖက်ကို ပင့်မြှောက်ဝှေ့ယမ်းလိုက်လေ၏။ တိကျန်ဗောဓိသကျ၏ တန်ခိုးစွမ်းအားများက မိုးနှင့်မြေကိုသိပ်သည်းသွားပြီး စကြာဝဠာကိုထိုးဖောက်သွားလေသည်။

ရွှေရောင်တံတားကြီး တစ်ချက်တုန်ခါသွားပြီး အချိန်စီးကြောင်းသည် ခဏတာမျှ နှစ်ပိုင်းကွဲသွားလေသည်။

ထိုအချိန်တွင်…

စကြာဝဠာတည်ရှိသည့်လောကကြီးတွင်တော့ အချိန်တံခါးချပ်ပွင့်သွားသည်ကို မိုးနှင့်မြေ နေရာဒေသ ၊ ဘုံအသီးသီးမှ မည်သူမဆိုတွေ့မြင်လိုက်ကြရလေသည်။

အချိန်တံခါးအပြင်ဘက်မှ တိကျန်ဗောဓိသကျဝင်လာပြီး မဟာတာအိုလမ်းစဉ်၏ ပဲ့တင်သံကိုပင် ကြားလိုက်ရလေသည်။

တိကျန်ဗောဓိသကျ လောကကြီးအတွင်းသို့ ဝင်ရောက်လာသည်နှင့် သူက ရပ်တန့်နေခြင်း မရှိပေ။ သူက မြေအောက်ကမ္ဘာသို့ ဆင်းသွားပြီး အသူရာချောက်ကိုးထပ်ကို ပြန်လည်သိမ်းပိုက်လိုက်လေသည်။

တိကျန်ဗောဓိသကျ လောကအတွင်းသို့ ဝင်ရောက်လာပြီးသည်နှင့် အချိန်တံခါး ပြန်ပိတ်သွားသည့်အသံကို မရေမတွက်နိုင်သည့် သက်ရှိသတ္တဝါများ ကြားလိုက်ကြရလေသည်။

ထိုအချိန်တွင် ကြီးမားလွန်းသည့် ခွန်ဖိန်ငှက်ကြီးတစ်ကောင်သည် ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာလာသည်ကို တွေ့မြင်လိုက်ကြရလေသည်။

သူ၏ ကျောပြင်ထက်မှ ငှက်မွှေးများကျွတ်ကျကုန်ပြီး မြေပြင်ထက်သို့ ကျရောက်ကာ တောင်များထက်တွင် ငှက်မွှေးများ ဖုံးလွှမ်းကုန်ပြီး မြစ်များတွင်လည်း ငှက်မွှေးများ ပိတ်ဆို့ကုန်လေတော့သည်။

ထိုခွန်ဖိန်ငှက်ကြီးမှာ နတ်မိစ္ဆာအဓိပတိကြီး ဖြစ်လေသည်။

ရဲ့လျိုယွင်၏ လက်ထဲမှ အသူရာချောက်ကို သိမ်းပိုက်လိုက်သည့် နတ်မိစ္ဆာအဓိပတိကြီးသည် တိကျန်ဗောဓိသကျပြန်ရောက်လာသည့်အခါတွင်တော့ အသူရာချောက်မှ မောင်းထုတ်ခံလိုက်ရပြီ ဖြစ်လေသည်။

တိကျန်ဗောဓိသကျ ပြန်ရောက်လာသည်နှင့် သူက ယခင်က ပြုလုပ်ခဲ့သည့်အတိုင်း အသူရာချောက်ကို လူ့လောကမှ ပြန်လည်ဖြတ်တောက်ပစ်လိုက်လေသည်။

ယခင်တစ်ချိန်ကလည်း တိကျန်ဗောဓိသကျ အသူရာချောက်ကို လူ့လောကမှ ဖြတ်တောက်ပြီး ကျင့်စဉ်ကျင့်ကြံရာတွင် အသုံးပြုခဲ့လေသည်။

ဆန်းလျန် လောကကိုကျော်လွန်ပြီး အသူရာချောက်တွင် လူပြန်ဝင်စားသည့်အခါ တာ့ရှား ၊ ယင်းစန်း နှင့် တာ့ကျိုး တိုင်းပြည် (၃)ခုကို ပေါင်းစည်းပေးခဲ့ပြီး အသူရာချောက်၏ အရှင်သခင် ဖြစ်လာခဲ့လေသည်။ ဆန်းလျန် အသူရာချောက်၏ အရှင်သခင်ဖြစ်လာခဲ့သည့်နောက် မူလအတိုင်း လူ့လောကနှင့် အသူရာချောက်ကို ပေါင်းစည်းပေးခဲ့ပြီး လောကတစ်ခွင် သာယာစေခဲ့လေသည်။

ယခု အနာဂတ် နှစ်ပေါင်း တစ်သောင်းကျော်အချိန်တွင် တိကျန်ဗောဓိသကျ အချိန်ရေစီးကြောင်းအတွင်းမှ ထွက်ပေါ်လာပြီး လောကအတွင်းပြန်လည်ဝင်ရောက်လာကာ အသူရာချောက်ကို လူ့လောကမှ ပြန်လည်ဖြတ်တောက်သွားပြန်လေပြီ။

အမြဲအစဉ် အတူယှဉ်တွဲရှိနေသင့်သည့် လူ့လောကနှင့် အသူရာချောက်ကို တိကျန်ဗောဓိသကျက ဖြတ်တောက်ပစ်လိုက်ပြန်သည့်အတွက် မရေမတွက်နိုင်သည့် သတ္တဝါပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ကြရလေသည်။

လူပြန်ဝင်စားလိုသည့် ဝိညာဉ်ပေါင်းများစွာမှာလည်း ဝိညာဉ်မြစ်အတွင်းသို့ ဝင်ရောက်နိုင်ခြင်းမရှိတော့ဘဲ မိုးနှင့်မြေတွင် မကျွတ်လွတ်ဘဲ လှည့်လည်သွားလာနေရလေတော့သည်။

အချို့ဝိညာဉ်များက နေရောင်နှင့်ထိတွေ့မိကြသည့်အခါ ဘဝမကူးနိုင်ကြတော့ဘဲ ပြာကျသည့်အဖြစ်သို့ ရောက်ရှိကြရသလို အချို့ကလည်း အမှောင်ထဲတွင်ပုန်းအောင်းကာ လူပြန်ဝင်စားရန် စောင့်ဆိုင်းနေရင်း တဖြည်းဖြည်း တစ္ဆေ ၊ သရဲများအဖြစ် ကူးပြောင်းသွားကြလေတော့သည်။

……….

အသူရာချောက်တွင်တော့ အဆုံးမရှိသည့် နတ်ဘုရားအလင်းတန်းများ လင်းလက်တောက်ပနေလေ၏။ အသူရာချောက် (၉)ထပ်လုံးသည် တိကျန်ဗောဓိသကျ၏ နတ်ဘုရားနယ်မြေဖြစ်သွားခဲ့ပြီ ဖြစ်သည်။

သွေးနီရောင်ပင်လယ်၏ ညစ်ညမ်းမှုများ ချက်ချင်းပင်သန့်စင်သွားပြီး အသူရာမျိုးနွယ်များသည် ကောင်းကင်ထက်သို့ သတိကင်းမဲ့စွာ ပျံတက်သွားကြကာ မိုးကောင်းကင်နဂါးများအဖြစ် ပြောင်းလဲသွားကြလေသည်။

သို့သော်… ဆန်းလျန်ပညာသင်ပေးခဲ့သော အရိုးဖြူတာအိုနန်းတော်မှ ဓားနတ်သမီးယွိလော်ရှားကတော့ သူမ၏ခန္ဓာကိုယ်မှ အလင်းတန်းများထုတ်လွှတ်ကာ တိကျန်ဗောဓိသကျ၏ တန်ခိုးစွမ်းအားများကို ကာကွယ်ထားလိုက်သည်။

ထို့နောက် ဝိညာဉ်မြစ်ရေထဲသို့ခုန်ဆင်းကာ လူ့လောကသို့ ထွက်ပြေးလွတ်မြောက်သွားလေတော့သည်။

တိကျန်ဗောဓိသကျကတော့ ယွိလော်ရှားလို ပါမွှားနတ်ငယ်လေးကို အရေးစိုက်ဟန်မရှိပေ။ သူက မန္တန်ကို အဆက်မပြတ်ရွတ်ဆိုပြီး အသူရာချောက်ကိုးထပ်မှ သက်ရှိများအားလုံးကို တိကျန်နတ်ဘုရားနယ်မြေမှ သတ္တဝါများအဖြစ် ပြောင်းလဲပစ်လိုက်လေတော့သည်။

တစ်ချိန်တည်းမှာပင် အသူရာချောက်တစ်ဖြစ်လဲ တိကျန်နတ်ဘုရားနယ်မြေသည် အဆက်မပြတ်ကျယ်ပြန့်လာနေပြီး ရပ်တန့်ခြင်း မရှိတော့ပေ။

ထိုအချိန်မှာပင် ကြီးမားသည့် သံတုတ်ကြီးတစ်ချောင်းကာ အသူရာချောက်မိုးကောင်းကင်ကိုဖောက်ထွင်းကာ ယင်းစန်းတောင်ရှိရာသို့ ဦးတည်ဝင်ရောက်လာလေသည်။

တိကျန်ဗောဓိသကျကတော့ အေးအေးဆေးဆေးပင် ရှိလေသည်။

သူ၏အနောက်ဘက်မှ ကျားခေါင်း ၊ ခွေးနားရွက် ၊ နဂါးခန္ဓာ ၊ ခြင်္သေ့အမြီးနှင့် ရွှေခြူးခြေထောက်များရှိသည့် ထူးဆန်းသည့် သတ္တဝါတစ်ကောင် ပျံသန်းထွက်ပေါ်လာပြီး ကြီးမားသည့် သံမဏိတုတ်ကြီးကို ကိုက်ချေပစ်လိုက်သည်။

တိကျန်ဗောဓိသကျ၏ အတိုင်းအဆမဲ့သည့်နတ်ဘုရားအလင်းတန်းများက ထိုသတ္တဝါကြီးကို ထောက်ပံ့ပေးထားသည့်တိုင် သံတုတ်ကြီးတွင် သတ္တဝါကြီး၏သွားရာများသာ ထင်သွားပြီး ကျိုးပဲ့ ပျက်စီးသွားခြင်းမျိုး မရှိခဲ့ပေ။

ထို့နောက် လေထုထဲတွင် ဗုဒ္ဓ၏အမည်ထွက်ပေါ်လာပြီး သန့်စင်ဖြူလွသည့် ကြာပန်းတစ်ပွင့်က သံတုတ်ကြီးပေါ်သို့ ကျရောက်လာလေသည်။

ချက်ချင်းပင် သံတုတ်ကြီးမှ တန်ခိုးစွမ်းအားများမြင့်တက်လာပြီး ထူးဆန်းသည့်သတ္တဝါကြီးကို ရိုက်ချလိုက်လေသည်။

ရုတ်တရက် ရိုက်ချလိုက်ခြင်းဖြစ်သည့်အတွက် ထူးဆန်းသည့်သတ္တဝါကြီးမှာ လွင့်ထွက်သွားရလေသည်။ ထိုသတ္တဝါကြီးမှာ အသူရာချောက် (၉)ထပ်တွင် တစ်ပတ်လည်သွားပြီး တိကျန်ဗောဓိသကျရှေ့တွင် ပြုတ်ကျသွားလေတော့သည်။

တိကျန်ဗောဓိသကျ၏အနောက်ဘက်မှ လက် (၆)ဘက် ထွက်ပေါ်လာပြီး သံတုတ်ကြီးကို ဖမ်းဆုပ်ထားလိုက်လေသည်။

ထိုအခါ သံတုတ်ကြီး အက်ကွဲသွားသည့်အသံ ထွက်ပေါ်လာပြီး မျောက်တစ်ကောင်အော်ဟစ်သံလည်း ထွက်ပေါ်လာလေသည်။

ထို့နောက် ကြောက်မက်ဖွယ်ရာတန်ခိုးစွမ်းအားများမြင့်တက်လာပြီး တိကျန်ဗောဓိသကျက သံတုတ်ကြီးကို ပြန်လွှတ်ပေးလိုက်သည်။

"မဟာပညာဉာဏ်ဖြင့်ပြည့်စုံသော ကွမ်ယင်မယ်တော်…"

စကားသံတစ်သံထွက်ပေါ်လာလေသည်။

ထို့နောက် အသူရာချောက်တစ်ခွင်တွင် ထွက်ပေါ်နေသည့် မန္တန်ရွတ်ဖတ်သံများ ရပ်တန့်သွားပြီး နတ်ဘုရားအလင်းတန်းများလည်း မှေးမှိန်သွားလေသည်။

ထိုအခြေအနေကို အခွင့်ကောင်းယူကာ သံတုတ်ကြီးနှင့် ကြာပန်းတို့ အသူရာချောက်မှ ပျောက်ကွယ်သွားကြလေတော့သည်။

တိကျန်ဗောဓိသကျရှိရာသို့ ကွမ်ယင်မယ်တော်နှင့် စွန်းဝူခုံးတို့ လာရောက်လေ့လာကြည့်ကြပြီး ပြန်သွားကြခြင်း ဖြစ်လေသည်။

ထို့နောက် အသူရာချောက်တွင် တိကျန်ဗောဓိသကျ၏ နတ်ဘုရားအလင်းတန်းများ ပြန်လည်ထွန်းလင်းလာပြီး နေရာတိုင်းတွင် တောက်ပလျှက်ရှိလေတော့သည်။

…………..

ထိုအချိန်တွင်…

အော်မီတော်ဖူဘုရား၏ သုခဘုံ ၊ လင်စန်းတောင်တည်ရှိရာ အနောက်ဘက်ကောင်းကင်ဘုံတွင် သက်တံ့ရောင်စဉ်ကဲ့သို့ အလင်းတန်းများ ဖြာလင်းထွက်ပေါ်လာလေသည်။

အသူရာချောက်သို့ မသွားနိုင်ကြတော့သည့်အတွက် မကျွတ်မလွတ်ကြဘဲ လူ့လောကတွင် လှည့်လည်သွားလာနေသည့် ဝိညာဉ်အချို့သည် ထို သက်တံ့ရောင်စဉ်အလင်းတန်းများထွက်ပေါ်လာရာနေရာသို့ ပျံသန်းထွက်ခွာသွားကြလေတော့သည်။

ထို့နောက်…. ကောင်းကင်ထက်တွင် တံခါးတစ်ချပ်ပွင့်လာလေသည်။ ထိုတံခါးအတွင်းမှ မြင့်မြတ်သန့်စင်သည့် အလင်းတန်းများထွက်ပေါ်လာလေ၏။

"ငါ့ကိုယုံကြည်သောသူများ ငါ့ထံသို့လာကြလော့…"

ထိုအသံမှာ ဖန်ဆင်းရှင်အားလော်ဟယ်၏ အသံဖြစ်လေသည်။

အသံထွက်ပေါ်လာသည်နှင့် အကူအညီမဲ့နေသောဝိညာဉ်များစွာ ထိုတံခါးရှိရာသို့ ပျံသန်းထွက်ခွာသွားကြလေတော့သည်။

ထို့နောက်…

အရှေ့ဘက်ဆီမှ ကြည်လင်သည့်အလင်းတန်းများထွက်ပေါ်လာပြီး အလင်းတန်များအတွင်းမှ နတ်ဘုရားတစ်ပါး ထွက်ပေါ်လာလေသည်။

ထိုနတ်ဘုရားမှာ ဆန်းလျန်၏ ကိုယ်ခွဲတစ်ခုဖြစ်သည့် "ဒုက္ခအပေါင်းမှကယ်တင်သူ ကောင်းကင်ဘုံအရှင်သခင် ချင်းရွှမ်ထျန်းကျွင်း" ပင် ဖြစ်လေတော့သည်။

လောကတစ်ခွင်ရှိ လေလွင့်ဝိညာဉ်များသည် ကြည်လင်သည့်အလင်းတန်းများအတွင်းသို့ ဝင်ရောက်သွားကြလေသည်။

ကြည်လင်သည့်အလင်းတန်းများ၏နောက်ကွယ်တွင် ရှိနေသည့်အရာမှာ ဖန်သားကောင်းကင်ဘုံဖြစ်သည်ကို နတ်ဘုရားများအားလုံး တအံ့တသြဖြင့် သိရှိလိုက်ကြရလေသည်။

နတ်ဆေးကိုယ်တော် ပျံလွန်တော်မူသွားသည့်နောက်ပိုင်း ဖန်သားကောင်းကင်ဘုံသည်လည်း ပျောက်ကွယ်သွားခဲ့လေသည်။

ထိုဖန်သားကောင်းကင်ဘုံသည် ဆန်းလျန်၏ ကိုယ်ခွဲတစ်ခုဖြစ်သည့် ချင်းရွှမ်ထျန်းကျွင်း၏ လက်ထဲသို့ ရောက်ရှိနေလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ကြပေ။

ဖန်သားကောင်းကင်ဘုံအလယ်တွင် အထပ် (၃)ထပ်ပါရှိသည့် နန်းတော်ကြီးတစ်ခု ရှိနေလေသည်။

ထိုနန်းတော်ကြီးရှေ့တွင် ရိုးရှင်းသည့် လက်ရေးဖြင့် "အပြာရောင်ခရီးရှည်နန်းတော်" ဟု ရေးသားထားလေသည်။ စာလုံးစုတ်ချက်တိုင်းက တာအိုတရားဓမ္မများဖြင့် ပြည့်ဝလျှက်ရှိလေ၏။

ဖန်သားကောင်းကင်ဘုံနှင့် အပြာရောင်ခရီးရှည်နန်းတော် ပေါင်းစပ်ထားခြင်းသည် အားလော်ဟယ်၏ ကောင်းကင်တိုင်းပြည်ထက်ပင် ခမ်းနားနေလေသည်။

အစိမ်းရောင်ကြာပန်းများက အရှေ့ဘက်ကောင်းကင်တစ်ခွင်တွင်လှည့်ပတ်နေပြီး ဖန်သားကောင်းကင်ဘုံကိုကာကွယ်ပေးထားလေသည်။

အသူရာချောက်မှာ လူ့လောကမှ လုံး၀ ဖြတ်တောက်ခံလိုက်ရပြီ ဖြစ်သည့်အတွက် ဝိညာဉ်များ လူပြန်ဝင်စားနိုင်ရန်အတွက် လူပြန်ဝင်စားခြင်းလမ်းစဉ်ကို ချင်းရွှမ်ထျန်းကျွင်း ၊ အားလော်ဟယ်နှင့် မီလဲ့ကိုယ်တော်တို့က အသီးသီးတာဝန်ယူလိုက်ကြပြီ ဖြစ်လေသည်။

အခြားသောနတ်ဘုရားများမှာ ကောင်းကင်ထက်တွင်မြင်တွေ့ရသည့် မြင်ကွင်းများကိုကြည့်ပြီး မနာလိုစိတ်ဖြစ်မိကြသော်လည်းမည်သို့မှ မတတ်နိုင်ခဲ့ကြပေ။

မီလဲ့ကိုယ်တော် ၊ အားလော်ဟယ်နှင့် ချင်းရွှမ်ထျန်းကျွင်းတို့ (၃)ယောက်သည် သဘာဝအကျိုးကျေးဇူးများရရှိထားသူများ ဖြစ်လေသည်။ သူတို့၏အဆင့်အတန်းက အခြားသော နတ်ဘုရားများနှင့် ကျင့်ကြံသူများထက် သာလွန်လေသည်။

ထို့ပြင်… ဖန်သားကောင်းကင်ဘုံသည် "ဒုက္ခအပေါင်းမှကယ်တင်သူ ကောင်းကင်ဘုံအရှင်သခင် ချင်းရွှမ်ထျန်းကျွင်း" ၏လက်ထဲသို့ ရောက်နေလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ပေ။

သို့သော်… အံ့သြစရာတော့မဟုတ်ပေ။

အတိတ်ကာလ လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းကျော်က နတ်ဆေးကိုယ်တော်သည် ဆန်းလျန်ထျန်းကျွင်းကို ရှုံးနိမ့်ပြီး ပျံလွန်တော်မူခဲ့ပြီးသည့်နောက် ဆန်းလျန်ထျန်းကျွင်း၏ ကိုယ်ခွဲဖြစ်သည့် ချင်းရွှမ်ထျန်းကျွင်းက ဖန်သားနန်းတော်ကို ရယူထားသည်မှာ ဖြစ်သင့်သည့်ကိစ္စ ဖြစ်လေသည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် တစ်ချိန်က ဆန်းလျန်ထျန်းကျွင်း၏ ကြိုတင်ခန့်မှန်းနိုင်စွမ်းနှင့် တွက်ချက်နိုင်စွမ်း မည်မျှ မြင့်မားသည်ကို ပြသနေလေသည်။

ပထမဆုံး တိကျန်ဗောဓိသကျ ပြန်လာမည့် နှစ်ပေါင်းတစ်သောင်းကျော်ကြာ အချိန်ကို ဆန်းလျန်ထျန်းကျွင်း ခန့်မှန်းနိုင်စွမ်းရှိခဲ့သည်။ တစ်ချိန်တည်းမှာပင်… ဖန်သားကောင်းကင်ဘုံကို ချင်းရွှမ်ထျန်းကျွင်း၏ လက်ထဲတွင် လျှို့ဝှက်ထားရှိပြီး အချိန်ကိုက် ထိတ်လန့်အံ့သြစရာ လုပ်ရပ်ကို လုပ်ပြခဲ့လေသည်။

ဆန်းလျန်ထျန်းကျွင်းက အမျှော်အမြင်ရှိရှိဖြင့် ဖန်သားကောင်းကင်ဘုံကို သိမ်းပိုက်ထားခဲ့ခြင်း ဖြစ်လေသည်။

ရွှမ်တုတောက်ကျွင်းနှင့် တိကျန်ဗောဓိသကျတို့သည် ချင်းရွှမ်ထျန်းကျွင်းလက်ထဲမှ ဖန်သားကောင်းကင်ဘုံကိုကြည့်ရင်း မိုးကောင်းကင်ကိုပင် မုန်းတီးမိသည်အထိ မနာလိုဖြစ်မိကြလေသည်။ သို့သော်… သူတို့လည်း မည်သို့မှ မတတ်နိုင်ခဲ့ပေ။

………..

ထိုသို့သော အဖြစ်အပျက်များ ဖြစ်ပျက်နေချိန်တွင်…

ဆန်းလျန်နှင့် ကျောက်ရှောင်ယွီကတော့ အဝေးဆီမှ နဂါးငွေ့တန်းကို လှမ်းငေးကြည့်နေကြရင်းမှ တစ်ယောက်မျက်နှာတစ်ယောက် ပြန်ကြည့်လိုက်ကြကာ ပြိုင်တူ ပြုံးလိုက်ကြလေသည်။

လောကကြီး ပြောင်းလဲသွားပြီဖြစ်ကြောင့် သူတို့ (၂)ယောက်လုံး နားလည်လိုက်ကြသည်။

အထူးသဖြင့် ဆန်းလျန်ဖြစ်လေသည်။ စိတ်ရှုတ်ထွေးခြင်းများကင်းစင်ပြီး သူ၏ မျက်ဝန်းများက ကြည်လင်နေလေသည်။

ထိုအချိန် … နဂါးငွေ့တန်းကို ဖြတ်သန်းပြီး အေးစက်သည့်အလင်းတန်းတစ်ခု ပျံသန်းလာသည်ကို ဆန်းလျန်နှင့် ကျောက်ရှောင်ယွီ တွေ့လိုက်ရလေသည်။

ထိုအလင်းတန်းကို တွေ့သည်နှင့် ဆန်းလျန်စိတ်ထဲတွင် တစ်ချက်လှုပ်ရှားသွားပြီး ကျောက်ရှောင်ယွီ၏လက်များကို ဆုပ်ကိုင်လိုက်လေသည်။

ထို့နောက်… မျက်စိတစ်မှိတ်အတွင်းမှာပင် တောတောင်ရေမြေများကို ဖြတ်ကျော်ကာ သူတို့ (၂)ယောက် ချင်းရှတောင်သို့ ရောက်ရှိလာကြလေသည်။

မက်မွန်ပန်းပွင့်သည့်ရာသီ ကုန်ဆုံးသွားပြီဖြစ်သည့်အတွက် ချင်းရှတောင်တစ်ခွင်တွင် မက်မွန်ပွင့်ကြွေများဖြင့် ပြည့်နက်နေလေသည်။

ကျောက်ရှောင်ယွီက ပန်းနုရောင်ပွင့်လွှာလေးတစ်ခုကိုကောက်ယူလိုက်ပြီး လေဖြင့်အသာမှုတ်လိုက်လေသည်။ ထိုအခါ ပွင့်လွှာလေးသည် တောင်ပေါ်ရှိ ကျောက်တောင်များ ၊ ရေတံခွန်များရှိရာသို့ လွင့်ပျံသွားပြီး သဲလွန်စမကျန် ပျောက်ကွယ်သွားလေတော့သည်။

သူမက အေးဆေးသည့်လေသံဖြင့်…

"ဒီနေ့ဖြစ်သွားတဲ့အဖြစ်အပျက်တွေက တကယ့်ကို ရှုတ်ထွေးလွန်းတယ် ၊ ဒါပေမဲ့ ကျွန်မတို့အတွက်တော့ နည်းနည်း အသက်ရှူချောင်သွားတာပေါ့…"

ဆန်းလျန်က…

"တိကျန်ဗောဓိသကျပြန်ပေါ်လာတာ အကုန်ရှုတ်ကုန်တာပေါ့ ၊ သူက အသူရာချောက်နဲ့ လူ့လောကကို ဖြတ်တောက်ပစ်လိုက်တယ် ၊ 'ငရဲပြည်သည်စည်ကားလျှက်ရှိသည်' ဆိုတဲ့ တဘောင်အတိုင်းဖြစ်တာတော့မှာ စိတ်ပူမိတယ် ၊ ပြီးတော့ အခု လူပြန်ဝင်စားခြင်းလမ်းစဉ်ကို အားလော်ဟယ်နဲ့ မီလဲ့ကိုယ်တော်ကလည်း တစ်စိတ်တစ်ပိုင်း တာဝန်ယူကြတော့မယ် ၊ အဲဒီလိုသာဆိုရင် သူတို့လည်း တန်ခိုးစွမ်းအားတွေ ကြီးမားလာကြတော့မှာ ၊ တော်သေးတာပေါ့… ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်က ဒီလိုအချိန်မျိုးမှာ လှုပ်ရှားဖို့အတွက် ကျုပ်ရဲ့ကိုယ်ခွဲတစ်ခုဖြစ်တဲ့ ချင်းရွှမ်ထျန်းကျွင်းကို ကစားပွဲထဲမှာ မြှုပ်ကွက်တစ်ခုအနေနဲ့ အကွက်ကျကျ စီစဉ်ထားခဲ့မိလို့…"

ဆန်းလျန်စကားပြောနေစဉ်မှာပင် ဆန်းလျန်၏ မျက်ခုံး (၂)ခုကြားမှ အနီရောင်ပြဒါးသင်္ကေတက အလင်းရောင်သဲ့သဲ့လေး လင်းလက်နေလေသည်။ ဆန်းလျန်၏ ကိုယ်ခွဲတစ်ခုဖြစ်သည့် ချင်းရွှမ်ထျန်းကျွင်း ခိုင်မာစွာရပ်တည်နေသည်ဆိုသည့် အဓိပ္ပါယ်ပင် ဖြစ်လေသည်။

"ဒုက္ခအပေါင်းမှကယ်တင်သူ ကောင်းကင်ဘုံအရှင်သခင် ချင်းရွှမ်ထျန်းကျွင်း" ထွက်ပေါ်လာသည့်အခါ ဆန်းလျန်၏ ပျောက်ကွယ်နေသည့် မှတ်ဉာဏ်အချို့မှာ ရှင်းရှင်းလင်းလင်းပြန်ပေါ်လာလေသည်။

တစ်ချိန်တည်းမှာပင်… သူ အဘယ့်ကြောင့် အတိတ်မေ့နေရသည်ကိုလည်း နားလည်လာမိလေတော့သည်။

***

All Chapters