← Chapters

အခန်း (၂၄၅-၂၄၆)

Vol. 25 Ch. 245-246

အခန်း (၂၄၅-၂၄၆)

Vol. 25 Ch. 245-246

အခန်း ၂၄၅ ဆရာ... ယွင်ဝေ့ လာကန်တော့တယ်

နှစ်တစ်ထောင်ကြာပြီးနောက် အနောက်ဘက်ဒေသ၊ အနန္တတာအိုဂိုဏ်း။

ယွီယွင်ဝေ့က သူမ၏ဂိုဏ်းတူအစ်ကို ပြန်လည်ဝင်စားလာသူကို မှော်ဝင်္ကပါတစ်ခုမှတစ်ဆင့် ရှာဖွေတွေ့ရှိခဲ့ချိန်မှစ၍ သူမက ထင်းဖုန်းဂေဟာမှ တပည့်များကို အလယ်ပိုင်းလွင်ပြင်ဆီသို့ စေလွှတ်ထားခဲ့သည်။

သတင်းအစအနတစ်ခု ရရှိသည်နှင့်တစ်ပြိုင်နက် ထင်းဖုန်းဂေဟာမှ တပည့်များက သူမထံသို့ မှော်ရတနာတစ်ခုဖြင့် ဆက်သွယ်လာကြမည်ဖြစ်သည်။

အဲဒီအချိန်ကျရင်တော့ သူမက အလယ်ပိုင်းလွင်ပြင်ရှိ ကျိုးနိုင်ငံဆီသို့ ချက်ချင်း ထွက်ခွာသွားမည်ဖြစ်သည်။

သို့သော် ထင်းဖုန်းဂေဟာမှ တပည့်များ ထွက်ခွာသွားပြီးနောက် ယွီယွင်ဝေ့က ထပ်ခါတလဲလဲ တွေးတောနေမိပြီး အနည်းငယ် စိတ်မချသလို ခံစားနေရသည်။

ဒါက ထင်းဖုန်းဂေဟာမှ တပည့်များက သစ္စာမရှိဘူးဟု ဆိုလိုချင်ခြင်း မဟုတ်ပေ။

အမှန်တော့ ထင်းဖုန်းဂေဟာသည် အနန္တတာအိုဂိုဏ်း၏ သတင်းအချက်အလက်များကို စုဆောင်းပေးသော လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်းတစ်ခုသာဖြစ်သည်။ သူတို့ခေါင်းထဲရှိတွေးနေသမျှက လူသတ်ဖို့သာဖြစ်ပြီး သူတို့၏ လုပ်နည်းလုပ်ဟန်များက လုံလောက်အောင် ချောမွေ့နူးညံ့မှု ရှိချင်မှ ရှိပေမည်။

ထို့အပြင် သူတို့က ယခုတစ်ကြိမ် ပြန်လည်ခေါ်ဆောင်လာရမည့်သူသည် မည်မျှ အရေးကြီးကြောင်းကို မသိရှိကြပေ။

သူတို့၏ အမိန့်များက ထိုသူကို အမှားအယွင်းမရှိဘဲ ပြန်လည်ခေါ်ဆောင်လာရန်မျှသာ ဖြစ်သည်။

အကယ်၍များ သူတို့က ဂိုဏ်းတူအစ်ကိုကို ပြစ်မှားစော်ကားမိသွားရင် ဘယ်လိုလုပ်မလဲ။

အရေးကြီးဆုံးအချက်မှာ ယခုတစ်ကြိမ် ကျိုးနိုင်ငံဆီသို့ ဦးတည်သွားကြသော ထင်းဖုန်းဂေဟာ၏ အထက်တန်းလွှာတပည့်များထဲတွင် သူတို့ကို ဦးဆောင်သွားသည့် အမြင့်ဆုံးအဆင့်ရှိ အကြီးအကဲပင်လျှင် ကျောက်စိမ်းသန့်စင်ခြင်းအဆင့်၌သာ ရှိနေခြင်းဖြစ်သည်။

ကျောက်စိမ်းသန့်စင်ခြင်းအဆင့်က ဂိုဏ်းတစ်ခုကို တည်ထောင်ရန် လုံလောက်သည်ဆိုသော်ငြား ယွီယွင်ဝေ့ကတော့ ဒါဟာ လုံလောက်မှုမရှိသေးဘူးဟု အမြဲ ခံစားနေရသည်။

ထို့ကြောင့် ယွီယွင်ဝေ့က သူမ သဘောမကျသော်လည်း ဂိုဏ်းတူအစ်ကိုကို ပြန်လည်ခေါ်ဆောင်လာရန် အသင့်တော်ဆုံးဖြစ်သည့် လူတစ်ယောက်ကို ဖိတ်ခေါ်ရန် စီစဉ်လိုက်သည်။

"ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်။"

"ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်။"

"ဂိုဏ်းချုပ်ကို အရိုအသေပေးပါတယ်။"

ယွီယွင်ဝေ့က ပန်းတစ်သောင်းတောင်ထွတ်သို့ လျှောက်လှမ်းဝင်ရောက်သွားသောအခါ အမျိုးသမီးကျင့်ကြံသူအားလုံးက သူမကို အရိုအသေပေးခဲ့ကြသည်။

ယွီယွင်ဝေ့က ဘာမှတုံ့ပြန်မှုမလုပ်ဘဲ တောင်ပေါ်သို့သာ ဆက်လက် လျှောက်တက်သွားခဲ့သည်။

လမ်းတစ်လျှောက်တွင် ပန်းတစ်သောင်းတောင်ထွတ်မှ အမျိုးသမီးတပည့်အချို့က ကြည်လင်သော စမ်းရေကန်များထဲတွင် ရေချိုးနေကြသည်။

အချို့က ပါးလွှာသော အဝတ်အစားများကို ဝတ်ဆင်ထားလျက် ကျောက်စရစ်ခဲလမ်းလေးပေါ်တွင် ပြေးလွှားကာ တစ်ယောက်နှင့်တစ်ယောက် ရွှင်မြူးစွာ ဆော့ကစားနေကြသည်။

အချို့က ခြံဝင်းထဲတွင် သေရည်ခွက်များကို မြှောက်ကာ သောက်စားနေကြပြီး သူတို့၏ အဝတ်အစားများက နေရာအနှံ့ ပြန့်ကျဲနေကာ သေရည်များက သူတို့၏ အသားအရေပေါ်မှတစ်ဆင့် စီးကျနေခဲ့သည်။

ပန်းတစ်သောင်းတောင်ထွတ်၏ တပည့်အများစုက လုံခြုံမှုမရှိသော အဝတ်အစားများကိုသာ ဝတ်ဆင်ထားကြပြီး ဖြူဖွေးသောအသားအရေများစွာကို ဖော်ပြထားကြသည်။

ယွီယွင်ဝေ့ သွားရာနေရာတိုင်းတွင် ပျော်ရွှင်မြူးထူးနေသော မိန်းမပျိုလေးများ၏ တစီစီမြည်သံများက ဖုံးလွှမ်းနေခဲ့သည်။

သို့သော် လွန်ခဲ့သော နှစ်တစ်ထောင်က ပန်းတစ်သောင်းတောင်ထွတ်နှင့် နှိုင်းယှဉ်လျှင် ယခုအခါ ပန်းတစ်သောင်းတောင်ထွတ်၏ စည်းမျဉ်းများက အလွန်တရာ တင်းကျပ်နေပြီဖြစ်သည်။ မည်သည့်အမျိုးသားကိုမျှ တောင်ထွတ်အတွင်းသို့ ခေါ်ဆောင်ခွင့် မပြုတော့ပေ။

ထို့ကြောင့် ဤမြင်ကွင်းကို မည်သည့်အမျိုးသားမှ မျက်မြင်မတွေ့နိုင်တော့သည်မှာ နှမြောစရာပင်။

"ဂိုဏ်းချုပ်က ကိုယ်တိုင်ကိုယ်ကျ ကြွမြန်းလာတာတောင် ပန်းတစ်သောင်းတောင်ထွတ်က ကြိုဆိုဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ဂိုဏ်းချုပ်။"

ယွီယွင်ဝေ့ လမ်းလျှောက်လာသည်မှာ နံ့သာတိုင်တစ်တိုင်စာ အချိန်ပင်မရှိသေးချိန်၌ အမျိုးသမီးတစ်ဦးက ဂိုဏ်းချုပ်ရောက်လာကြောင်း ကြားသိရပြီး သူမရှေ့သို့ အလျင်အမြန် ရောက်ရှိလာကာ အရိုအသေပေးလိုက်သည်။

သူမ၏ ဖြူဖွေးသော ခြေကျင်းဝတ်လေးများက ဗလာကျင်းနေပြီး ပါးလွှာအေးမြသော စကတ်တိုလေးကို ဝတ်ဆင်ထားသည်။ သူမက ထင်ရှားပေါ်လွင်သော အလှတရားနှင့် သိုးဆီခဲကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော အသားအရေကို ပိုင်ဆိုင်ထားပြီး ဆွဲဆောင်မှုအပြည့်ရှိသော ဖီးနစ်မျက်လုံးတစ်စုံလည်း ရှိသည်။ သူမ၏ လှုပ်ရှားမှုတိုင်းက ညို့ငင်နိုင်စွမ်းရှိသော ကျက်သရေကို ထုတ်လွှင့်နေခဲ့သည်။

ထိုအမျိုးသမီး၏ အမည်မှာ ဝမ်ဝမ်ယွဲ့ဖြစ်ပြီး သူမက ပန်းတစ်သောင်းတောင်ထွတ်၏ တောင်ထွတ်သခင်မ လက်ရှိလက်ခံထားသော တစ်ဦးတည်းသော တပည့်ဖြစ်သည်။

"ဝမ်ယွဲ့... မင်းရဲ့တောင်ထွတ်သခင်မ ဘယ်မှာလဲ။" ယွီယွင်ဝေ့က မေးလိုက်သည်။

"ဂိုဏ်းချုပ်ကို အစီရင်ခံပါတယ်။ ဆရာက တောင်ထိပ်မှာ အနားယူနေပါတယ်။"

"သူမဆီကို ငါ့ကို ခေါ်သွားပေး။"

"ဟုတ်ကဲ့ပါ။"

ဝမ်ဝမ်ယွဲ့က အလျင်အမြန် လမ်းပြခေါ်ဆောင်သွားခဲ့သည်။

သိပ်မကြာခင်မှာပင် သူတို့က တောင်ထိပ်ရှိ ခြံဝင်းတစ်ခုဆီသို့ ရောက်ရှိသွားခဲ့ကြသည်။

ခြံဝင်းထဲတွင် အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက လွှဲကုလားထိုင်ပေါ်တွင် အနားယူနေခဲ့သည်။

သူမ၏ မျက်နှာပေါ်တွင် စာအုပ်တစ်အုပ်ကို ဖွဖွလေး ဖုံးအုပ်ထားသည်။

စာအုပ်၏ အောက်ဘက်တွင်မူ သူမ၏ ဖြူဖွေးသွယ်လျသော လည်တိုင်နှင့် အလှပဆုံး ပုံဖော်ထားသည့်အလား ထင်ရှားနေသော ညှပ်ရိုးများကို မှိန်ဖျော့ဖျော့ မြင်တွေ့နေရသည်။

ညှပ်ရိုးများ၏ အောက်ဘက်တွင် ကျောက်စိမ်းကဲ့သို့ ပြည့်ဖြိုးသော သူမ၏ ရင်အုံနှစ်မြွှာက အင်္ကျီကော်လာကို တွန်းတင်ထားပြီး နူးညံ့သော အကွေးအကောက်လေးတစ်ခုကို ဖန်တီးထားခဲ့သည်။

ထိုမှအောက်ဘက်သို့ ဆက်ကြည့်လိုက်လျှင် ထိုကျက်သရေရှိသော အနိမ့်အမြင့်များအလွန်တွင် ပြားချပ်ချောမွေ့သော ဝမ်းဗိုက်တစ်ခုရှိနေပြီး ပို၍အောက်ဘက်တွင်တော့ လုံးဝန်းကော့တက်နေသော တင်ပါးများနှင့် ဖြူဖွေးကာ အချိုးကျလှပသော ခြေတံရှည်တစ်စုံ ရှိနေခဲ့သည်။

ဝမ်ယွဲ့က သူမ၏ဆရာကို နှိုးတော့မည့်အချိန်လေးမှာပင် ယွီယွင်ဝေ့က သူမကို တားမြစ်ရန် လက်ဟန်ပြလိုက်သည်။

"မင်း အရင်ထွက်သွားလို့ရပြီ။" ယွီယွင်ဝေ့က ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်။"

ဝမ်ဝမ်ယွဲ့က ခေါင်းညိတ်ပြပြီး နောက်ဆုတ်ထွက်သွားခဲ့သည်။

ယွီယွင်ဝေ့က ခြံဝင်းထဲသို့ လျှောက်ဝင်သွားပြီး လွှဲကုလားထိုင်ဘေးရှိ ကျောက်စားပွဲတွင် ထိုင်ကာ သူမဘာသာ လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်သည်။

စားပွဲပေါ်တွင် အနန္တတာအိုဂိုဏ်း၏ အုပ်ချုပ်ရေးဆိုင်ရာ စာရွက်စာတမ်းများက အထပ်လိုက် အထပ်လိုက် တင်ရှိနေခဲ့သည်။

ယွီယွင်ဝေ့က အချို့ကို ပေါ့ပေါ့ပါးပါး ဖွင့်ကြည့်လိုက်ရာ စာရွက်စာတမ်း တစ်ခုချင်းစီတိုင်းကို အလွန် အသေးစိတ်ကျကျ ကိုင်တွယ်ဖြေရှင်းထားသည်ကို မြင်တွေ့လိုက်ရသည်။

"ဆက်မအိပ်နေနဲ့တော့။"

နံ့သာတိုင်တစ်ဝက်ခန့် လောင်ကျွမ်းပြီးချိန်တွင် ယွီယွင်ဝေ့က စာလိပ်တစ်ခုကို ကောက်ယူကာ ပါးလွှာသော ပိုးသားဝတ်စုံအောက်ရှိ အမျိုးသမီး၏ ပြားချပ်နုနယ်သော ဝမ်းဗိုက်ဆီသို့ ပစ်ပေါက်လိုက်သည်။

"အွန်း... ဟွန်း..."

အမျိုးသမီးက ချွဲနွဲ့သော ညည်းသံလေးတစ်ခု ပြုလိုက်ပြီး သူမ၏မျက်နှာကို ဖုံးအုပ်ထားသော စာလိပ်ကို ဖယ်ရှားလိုက်ကာ ယွီယွင်ဝေ့ကို ညည်းတွားတွား ကြည့်လိုက်သည်။ "ဂိုဏ်းချုပ်ရယ်... တကယ်ပါပဲ။ ငါ အိပ်နေတဲ့အချိန်တောင် လာနှောင့်ယှက်ရလား။"

စကားပြောနေရင်း အမျိုးသမီးက သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို ပွတ်သပ်နေခဲ့သည်။

ယွီယွင်ဝေ့က သူမ၏ မြူဆွယ်ညို့ငင်နေမှုကို တိုက်ရိုက် လျစ်လျူရှုလိုက်သည်။ "စစ်လီ... အလယ်ပိုင်းလွင်ပြင်က ကျိုးနိုင်ငံမှာ မင်း လုပ်ပေးရမယ့် ကိစ္စတစ်ခု ရှိတယ်။"

"ကျိုးနိုင်ငံ" စစ်လီက သမ်းဝေလိုက်သည်။ "ဘာလုပ်ဖို့လဲ။"

"ဂိုဏ်းတူအစ်ကို အဲဒီမှာ ရှိနေလောက်တယ်။" ယွီယွင်ဝေ့က အမှန်အတိုင်း ပြောလိုက်သည်။

ယွီယွင်ဝေ့၏ စကားသံ အဆုံးတွင် စစ်လီ၏ မျက်လုံးများထဲ၌ တွေဝေငေးမောမှုတစ်ခု လက်ခနဲ ဖြတ်ပြေးသွားခဲ့သော်လည်း ချက်ချင်းပင် ပြန်လည်တည်ငြိမ်သွားခဲ့ပြီး သူမက ညည်းတွားတွား ပြောလိုက်သည်။ " ဂိုဏ်းချုပ်ရယ်... နင် ရှာနေတာ နှစ်တစ်ထောင်တောင် ရှိနေပြီ။ ဘယ်နှကြိမ်တောင် သူ့ကို တွေ့ခဲ့ဖူးလို့လဲ။"

"ဂိုဏ်းမှာပဲနေပြီး နင့်အတွက် လက်တွေ့ကျတဲ့ ကိစ္စတချို့မှာ ကူညီပေးတာကမှ ပိုကောင်းဦးမယ်။"

"ဒီတစ်ခေါက်တော့ ထပ်ပြီး အမှားအယွင်း မရှိနိုင်တော့ဘူး။" ယွီယွင်ဝေ့က သူမ၏ အင်္ကျီလက်စထဲမှ ကျောက်စိမ်းတိုကင်ပြားတစ်ခုကို ထုတ်ကာ စားပွဲပေါ်သို့ တင်လိုက်သည်။ "အလယ်ပိုင်းလွင်ပြင်ကို ရောက်တဲ့အခါ ထင်းဖုန်းဂေဟာကို မင်းအတွက် အလုပ်လုပ်ပေးဖို့ အမိန့်ပေးရာမှာ ဒီကျောက်စိမ်းတိုကင်ပြားကို အသုံးပြုလို့ရတယ်။"

"ဒါက အမိန့်လား။" စစ်လီက ကျောက်စိမ်းတိုကင်ပြားကို ကြည့်ကာ မေးလိုက်သည်။

"အမိန့်မဟုတ်ရင်တောင် မင်း သွားမှာပါပဲ။" ယွီယွင်ဝေ့က စစ်လီကို အေးတိအေးစက် တစ်ချက် ကြည့်လိုက်သည်။ "ဒီလွန်ခဲ့တဲ့ နှစ်တစ်ထောင်အတွင်း ဘယ်သူ့အတွက် မင်းကိုယ်မင်း သန့်သန့်ရှင်းရှင်းနေပြီး ထိန်းသိမ်းခဲ့သလဲဆိုတာကို ငါမသိဘူးလို့ မထင်နဲ့။"

ယွီယွင်ဝေ့က မတ်တတ်ရပ်ကာ ထွက်ခွာသွားခဲ့ပြီး သူမ၏ အသံက တောင်ထိပ်မှ ဟိန်းပျံလာခဲ့သည်။ "ယောကျ်ားတစ်ယောက်အတွက် မသေမျိုးအဆင့်မှာပဲ ရပ်တန့်နေပြီး ကောင်းကင်ဘုံတက်လှမ်းခြင်း မဟာတာအိုကိုတောင် စွန့်လွှတ်ပြီး သူ့ကို စောင့်နေခဲ့တာပဲ။ ပန်းတစ်သောင်းတောင်ထွတ်ရဲ့ တောင်ထွတ်သခင်မက ဒီလောက်တောင် ရူးမိုက်စွဲလမ်းနေတာ တကယ်ကို ရယ်စရာကောင်းလှတယ်။"

"တကယ်ပါပဲ... အဲဒါက အကူအညီတောင်းရမယ့်ပုံစံ လုံးဝ မဟုတ်ဘူး။" ယွီယွင်ဝေ့ ခြံဝင်းထဲမှ ထွက်ခွာသွားပြီးနောက် စစ်လီက လွှဲကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

သူမက ဆွဲကြိုးလေးတစ်ခုကို ကောက်ယူကာ သူမ၏ မျက်စိရှေ့ရှိ နေရောင်ခြည်ထဲသို့ မြှောက်ကိုင်လိုက်သည်။ အစိမ်းရောင် အစက်အပြောက်လေးများက အမျိုးသမီး၏ နက်ရှိုင်းသော မျက်လုံးများထဲတွင် ရောင်ပြန်ဟပ်နေပြီး လွန်ခဲ့သော နှစ်တစ်ထောင်က ပုံရိပ်လေးတစ်ခု သူမ၏ မျက်လုံးများထဲတွင် လှိုင်းထနေသည့်အလားပင်။

"အဲဒါက ရယ်စရာကောင်းလို့လား။"

စစ်လီက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ဆွဲကြိုးလေးကို သူမ၏ လက်ချောင်းဖြင့် ညင်သာစွာ တောက်လိုက်သည်။

"တကယ်လည်း နည်းနည်းတော့ ရယ်စရာကောင်းသားပဲ။ အဲဒီယောကျ်ားက နင့်ကို တစ်ခါလေးတောင် သေချာ ဂရုတစိုက် မကြည့်ခဲ့ဘူးလေ။"

ပန်းတစ်သောင်းတောင်ထွတ်မှ ထွက်ခွာလာပြီးနောက် ယွီယွင်ဝေ့သည် အနန္တတာအိုဂိုဏ်း၏ အဓိကတောင်ထွတ်ဆီသို့ ချက်ချင်း ပြန်မသွားခဲ့ပေ။ ထို့အစား သူမက အနန္တတာအိုမြို့တော်တွင် စန်းလော့သေရည် တစ်အိုး ဝယ်ယူလိုက်ပြီး ရဲ့ရွှယ်တောင်ထွတ်ဆီသို့ ဦးတည်သွားခဲ့သည်။

ယခုအခါ ရဲ့ရွှယ်တောင်ထွတ်သည် အနန္တတာအိုဂိုဏ်း၏ တားမြစ်နယ်မြေတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။

ယွီယွင်ဝေ့မှလွဲ၍ မည်သူမျှ ဤနေရာသို့ လာရောက်ခွင့် မရှိပေ။

ယွီယွင်ဝေ့က သူမ၏ နေ့စဉ်တာဝန်များကြောင့် အလွန်အမင်း ပင်ပန်းနွမ်းနယ်လာချိန်များတွင် သူမက ဤနေရာသို့ ပြန်လာ၍ ခဏထိုင်ကာ ရက်အနည်းငယ်ကြာ နေထိုင်တတ်သည်။

ဤတောင်ထွတ်ဆီသို့ ပြန်လာမှသာ သူမ၏ နှလုံးသားက အမှန်တကယ် တည်ငြိမ်အေးချမ်းသွားနိုင်သည့်အလားပင်။

လွန်ခဲ့သော နှစ်တစ်ထောင်က ရဲ့ရွှယ်တောင်ထွတ်နှင့် ယှဉ်လျှင် ကွာခြားချက်မှာ တောင်ထိပ်တွင် အုတ်ဂူမှတ်တိုင်တစ်ခု ရှိနေခြင်းပင်ဖြစ်သည်။

အုတ်ဂူမှတ်တိုင်ရှေ့သို့ လျှောက်သွားရင်း ယွီယွင်ဝေ့က ၎င်း၏အပေါ်တွင် ဓားရှည်တစ်လက်ဖြင့် ထွင်းထုထားသော စာလုံးကြီးများကို ကြည့်လိုက်သည်။

ဤစာလုံးများကို ဂိုဏ်းတူအစ်ကိုက ကိုယ်တိုင် ထွင်းထုပေးခဲ့ခြင်း ဖြစ်သည်။

ဂိုဏ်းတူအစ်ကိုက ဤအုတ်ဂူမှတ်တိုင်ကို ထွင်းထုနေချိန်တွင် သူမက သူ၏ဘေးတွင် ထိန်းမရသိမ်းမရ ငိုကြွေးနေခဲ့သည်ကို ယွီယွင်ဝေ့ ယခုထက်တိုင် မှတ်မိနေဆဲပင်။

အုတ်ဂူမှတ်တိုင်ရှေ့တွင် ဒူးထောက်လိုက်ပြီး ယွီယွင်ဝေ့က သေရည်အိုး၏ တံဆိပ်ကို ခွာလိုက်ရာ သေရည်၏ မွှေးပျံ့သော ရနံ့က တောင်လေပြေနှင့်အတူ တိတ်ဆိတ်စွာ လွင့်ပျံသွားခဲ့သည်။

"ဆရာ... ယွင်ဝေ့ လာကန်တော့တယ်။"

အခန်း ၂၄၆ ညီမလေးဝမ်ရှင်းရဲ့ ခန္ဓာကိုယ်လေးက ဒီလောက်လှမယ်မှန်း တကယ် မသိသာဘူးပဲ

နံနက်စောစောတွင် ရှောင်မိုနှင့် အခြားနှစ်ဦးတို့သည် နဂါးနက်ဂိုဏ်းဆီသို့ သူတို့၏ ခရီးကို ဆက်လက်ထွက်ခွာလာခဲ့ကြသည်။ မကြာမီမှာပင် နဂါးနက်ဂိုဏ်းတည်ရှိရာ တောင်တန်းဒေသကို မြင်တွေ့လိုက်ကြရသည်။

တောင်ထွတ်များမှ စီးဆင်းနေသော ဝိညာဉ်စွမ်းအင်များကြားတွင် ရှောင်မိုက သတ်ဖြတ်လိုသော အငွေ့အသက်တစ်ခုကို အာရုံခံမိလိုက်သည်။

ဤသည်မှာ ဂိုဏ်းကာကွယ်ရေး မှော်ဝင်္ကပါက အချိန်မရွေး လည်ပတ်ရန် အသင့်ဖြစ်နေပြီဆိုသည့် လက္ခဏာပင်ဖြစ်သည်။

ဤအချက်က နဂါးနက်ဂိုဏ်း၏ အခြေအနေမှာ တကယ်ကို ဒုက္ခများနေဖွယ်ရှိကြောင်း ပြသနေခဲ့သည်။

"သွားကြစို့။"

ရှောင်မိုက သူ၏အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ရှေ့သို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားခဲ့သည်။

"သခင်လေး... ခဏလောက် စောင့်ပါဦး။" စစ်လီက ရှောင်မို၏ အနောက်မှ လှမ်းခေါ်လိုက်သည်။

"ဘာကိစ္စလဲ။" ရှောင်မိုက လှည့်ကာ မေးလိုက်သည်။

စစ်လီက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ဆွဲဆောင်မှုရှိသော လေသံဖြင့် "တစ်နေ့ကုန် ကျင့်ကြံနေတတ်တဲ့ သခင်လေးအနေနဲ့ ဂိုဏ်းတွေကြားက ကိစ္စတွေကို မသိတာက ပုံမှန်ပါပဲ။ တကယ်တော့ ဒီနဂါးနက်ဂိုဏ်းက ကျွန်မတို့ အနန္တတာအိုဂိုဏ်းနဲ့ ရန်ငြိုးတချို့ ရှိနေတယ်လေ။" ဟု ပြောလိုက်သည်။

"ဘာရန်ငြိုးမျိုးလဲ။" ဤကိစ္စကို ရှောင်မို တကယ် မသိခဲ့ပေ။

"နဂါးနက်ဂိုဏ်းရဲ့ အရင်ဂိုဏ်းချုပ်နဲ့ ကျွန်မတို့ အနန္တတာအိုဂိုဏ်းရဲ့ အရင်ဂိုဏ်းချုပ်တို့က တစ်ခါတုန်းက မိန်းမတစ်ယောက်အတွက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြဖူးတယ်။ အဲဒီကတည်းက နှစ်ဖက်စလုံးက သေခန်းပြတ် ရန်သူတွေ ဖြစ်သွားခဲ့ကြတာပဲ။

သခင်လေးက နဂါးနက်ဂိုဏ်းမှာ ဘာသွားလုပ်မလဲဆိုတာကို ဒီအစေခံမလေး မသိပေမဲ့ သခင်လေး ဒီလိုမျိုး တိုက်ရိုက် ဝင်သွားဖို့ဆိုတာက လုံးဝပဲမဖြစ်နိုင်ဘူးလေ။

ကျွန်မတို့ သုံးယောက်စလုံး ချက်ချင်း နှင်ထုတ်ခံရဖို့များတယ်။"

စကားပြောနေရင်း စစ်လီက ဝမ်ရှင်းကို ကြည့်လိုက်သည်။

ဝမ်ရှင်းက နားမလည်နိုင်စွာဖြင့် ခေါင်းစောင်းကာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်နေခဲ့သည်။

"ကျွန်မတို့ အနန္တတာအိုဂိုဏ်းနဲ့ ပဋိပက္ခရှိတဲ့အပြင် နဂါးနက်ဂိုဏ်းက အနောက်ဘက်ဒေသက ဗုဒ္ဓဘာသာဂိုဏ်းတွေအပေါ်မှာလည်း အမြင်မကြည်ကြဘူး။" စစ်လီက ညီမလေးဝမ်ရှင်းကို အကဲခတ်ကြည့်လိုက်သည်။ "ဒါကြောင့် ညီမလေးဝမ်ရှင်းလည်း ရုပ်ဖျက်ဖို့ လိုတယ်။"

"ရဟန်းတွေက မုသားစကား မဆိုရဘူး၊ လူတွေကိုလည်း မလှည့်စားရဘူး။" ဝမ်ရှင်းက ခေါင်းခါလိုက်ပြီး မသိမသာ နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားခဲ့သည်။

"စိတ်မပူပါနဲ့ ညီမလေးဝမ်ရှင်းရယ်။ နည်းနည်းလေး ပြင်ဆင်ရုံပါပဲ။ အကယ်၍ သူတို့က ညီမလေးဝမ်ရှင်းကို မမှတ်မိဘူးဆိုရင် အဲဒါ သူတို့ကိစ္စလေ။ ညီမလေးဝမ်ရှင်းနဲ့ ဘာဆိုင်လို့လဲ။" စစ်လီက ဝမ်ရှင်းကို ချော့မော့ပြောဆိုလာခဲ့သည်။

စစ်လီ၏ စကားများကို ကြားသောအခါ ဝမ်ရှင်းက ခေါင်းငုံ့သွားပြီး သူမပြောသည်က အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသော်လည်း သူမ၏ အမူအရာတွင် တွေဝေမှုများ ရှိနေဆဲပင်။

"သခင်လေးက ဘယ်လိုထင်လဲ။" စစ်လီက ရှောင်မိုကို မေးလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ရှောင်မိုကသာ သဘောမတူပါက ဝမ်ရှင်းကို သူမ ဘာမှမလုပ်ရဲသောကြောင့် ဖြစ်သည်။

"မင်းဘာသာမင်းပဲ ကိုင်တွယ်လိုက်တော့။" ရှောင်မိုက ပြောလိုက်သည်။

"နားလည်ပါပြီ သခင်လေး။" ရှောင်မိုက ကန့်ကွက်ခြင်းမရှိသည်ကို မြင်သောအခါ စစ်လီက ချက်ချင်းပင် စိတ်သက်သာရာ ရသွားခဲ့သည်။ "မြန်မြန်... မြန်မြန်လုပ်။ ဝမ်ရှင်း... မြန်မြန် အဝတ်အစားတွေ ချွတ်လိုက်။ အစ်မက နင့်ကို သေသေချာချာ ပြင်ဆင်ပေးမယ်။ နင့်ဆီမှာ ရှားပါးပြီး လှပတဲ့ အခံလေး ရှိနေတာကို ငါတို့ အလဟဿ အဖြစ်မခံနိုင်ဘူး။"

စကားပြောအပြီးတွင် စစ်လီက ချက်ချင်းပင် မှော်ဝင်္ကပါတစ်ခုကို ဖန်တီးလိုက်ပြီး နတ်ဘုရားအာရုံ ထောက်လှမ်းမှုနှင့် အပြင်ဘက်အမြင်အာရုံများအားလုံးကို ကာကွယ်လိုက်ကာ ဝမ်ရှင်း၏ ကိုယ်ပေါ်ရှိ ဘုန်းကြီးဝတ်ရုံများကို စတင်ဆွဲချွတ်တော့သည်။

"ညီမလေးဝမ်ရှင်းရဲ့ ခန္ဓာကိုယ်လေးက ဒီလောက်လှမယ်မှန်း တကယ် မသိသာဘူးပဲ။ အဝတ်ဝတ်ထားရင် သွယ်လျပေမဲ့ ချွတ်လိုက်ရင် ပြည့်စုံတယ်ဆိုတဲ့ စာအုပ်ထဲက အဓိပ္ပာယ်က ဒါမျိုးကို ပြောတာများလား။"

"နေပါဦး... နင့်ဟာက ငါ့ကိုတောင် မီတော့မယ်ဆိုတာ ဘယ်လိုဖြစ်ရတာလဲ။"

"ညီမလေးဝမ်ရှင်းရယ်... နင့်အသားအရေလေးက အရမ်းနုနယ်တာပဲ။ ဘယ်လိုလုပ်ပြီး ဒီလောက်ချောမွေ့ပြီး ဒီလောက် ဖြူဖွေးနေရတာလဲ။"

"ကောင်းကင်ဘုံက တကယ်ကို မတရားဘူး။"

"အစ်မစစ်လီ... ကျွန်မကို လျှောက်မကိုင်နဲ့လေ..."

"တစ်ချက်လေးပဲ... တစ်ချက်တည်းပါ။ နောက်ဆုံးအကြိမ်လေးပါ။"

"အစ်မစစ်လီ... တော်ပါတော့..."

မှော်ဝင်္ကပါက နတ်ဘုရားအာရုံ ထောက်လှမ်းမှုကို ပိတ်ဆို့ထားသော်လည်း အတွင်းမှ အသံများကမူ ထွက်ပေါ်လာဆဲပင်။

ရှောင်မိုက ခေါင်းခါလိုက်ပြီး မှော်ဝင်္ကပါ နောက်တစ်ထပ်ကို ထပ်မံထည့်သွင်းကာ ဆော့ကစားနေကြသော မိန်းကလေးနှစ်ဦး၏ အသံများကို အပြင်မထွက်အောင် ပိတ်ဆို့လိုက်သည်။

နံ့သာတိုင်တစ်တိုင်စာ လောင်ကျွမ်းချိန် ကြာပြီးနောက် စစ်လီနှင့် ဝမ်ရှင်းတို့က မှော်ဝင်္ကပါထဲမှ ထွက်ပေါ်လာကြသည်။

ဝမ်ရှင်းက သူမ၏ ဘုန်းကြီးဝတ်ရုံများကို ချွတ်ကာ ပန်းနုရောင် ဂါဝန်လေးတစ်ထည်ကို ဝတ်ဆင်ထားခဲ့သည်။ ထိုဂါဝန်လေးက အံဝင်ခွင်ကျဖြစ်နေပြီး သူမ၏ သွယ်လျသောခါးလေးနှင့် ကျက်သရေရှိသော ခန္ဓာကိုယ် ကောက်ကြောင်းများကို အတိအကျ ပုံဖော်ပေးထားသည်။

ပန်းပွင့်ငယ်လေးများ ကျိုးတိုးကျဲတဲ ထိုးနှံထားသော စကတ်လေးက ညင်သာစွာ ကျဆင်းနေပြီး ကြွားလုံးထုတ်လွန်းခြင်း မရှိသလို ရှုပ်ထွေးလေးလံနေခြင်းလည်း မရှိပေ။

ဆယ်နှစ်ကျော်ကြာ ဂါဝန်မဝတ်ခဲ့ရသော ဝမ်ရှင်းမှာ အနည်းငယ် အနေရခက်နေပုံရပြီး သူမ၏ အဝတ်အစားများကို မကြာခဏ ငုံ့ကြည့်နေခဲ့သည်။

သူမ၏ နူးညံ့ပြီး သန့်စင်ဖြူဖွေးသော ပါးပြင်လေးများတွင် ရှက်ရွံ့မှုကြောင့် သဘာဝအတိုင်း ရဲတွတ်နေသော်လည်း သူမ၏ မျက်ခုံးလေးများက သေးသွယ်သပ်ရပ်နေကာ သူမ၏ မျက်လုံးများက ကြည်လင်တိတ်ဆိတ်နေခဲ့သည်။

သူမက ဆံပင်တုကို တပ်ဆင်ထားပြီး သူမ၏ ဆံပင်ရှည်များကို စစ်လီက ခေါင်းနောက်ဘက်တွင် ပေါ့ပေါ့ပါးပါး ထုံးဖွဲ့ပေးထားကာ ဆံပင်အနည်းငယ်က သူမ၏ နားထင်ဘေးတွင် ကျဆင်းနေခဲ့သည်။ သူမကို ကြည့်ရသည်မှာ သက်တောင့်သက်သာနှင့် သဘာဝကျနေခဲ့သည်။

သူမ ရပ်နေသည့်ပုံစံက သန့်စင်ပြီး ရိုးရှင်းသော ပန်းချီကားတစ်ချပ်နှင့် တူနေသော်လည်း မြင်ရသူတိုင်းက နောက်တစ်ကြိမ် ထပ်မံ ကြည့်ရှုမိအောင် ဆွဲဆောင်ထားနိုင်ခဲ့သည်။

ပန်းတစ်သောင်းတောင်ထွတ်၏ တပည့်တစ်ယောက်အနေဖြင့် စစ်လီက မိတ်ကပ်ပြင်ဆင်ခြင်းနှင့် ပုံစံသွင်းခြင်းတို့တွင် အတော်လေး ကျွမ်းကျင်မှု ရှိသည်ဟု ဆိုရမည်ပင်။

"ဘယ်လိုနေလဲ။ သခင်လေးက ညီမလေးဝမ်ရှင်းကို လှတယ်လို့ ထင်ရဲ့လား။" စစ်လီ၏ နှုတ်ခမ်းများက ချီးကျူးမှုကို တောင်းဆိုနေသည့်အလား အနည်းငယ် ကွေးတက်သွားခဲ့သည်။

"မဆိုးပါဘူး... အတော်လေး လှတယ်။" ရှောင်မိုက တကယ်ပင် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ရှောင်မို၏ ချီးကျူးခြင်းကို ခံလိုက်ရသော ဝမ်ရှင်း၏ မျက်လုံးများက တိတ်တဆိတ် တောက်ပသွားပြီး သူမ၏ ရင်ထဲတွင် ပျော်ရွှင်မှုငယ်လေးတစ်ခု ပြည့်နှက်သွားခဲ့သည်။ မူလက စိုးရိမ်နေခဲ့သော မိန်းကလေးမှာ ထိုစကားတစ်ခွန်းကြောင့်ပင် ယုံကြည်မှုတွေ ရရှိသွားခဲ့သည်။

"ဒီတိုင်း ရပ်မနေနဲ့... သွားကြစို့။" ရှောင်မိုက ဝမ်ရှင်းကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်ပြီး ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။

"လာ... လာပါပြီ။"

ဝမ်ရှင်းက သူမ၏ စကတ်စကို ကိုင်ကာ ရှောင်မို၏ နောက်သို့ အပြေးကလေး လိုက်သွားခဲ့သည်။

"တကယ်ပါပဲ... ညီမလေးဝမ်ရှင်းက ဒီလောက်လှနေတာကိုတောင် သူက နည်းနည်းလောက် ပိုပြီး ချီးကျူးမပေးနိုင်ဘူး။"

စစ်လီက သက်ပြင်းချလိုက်ပြီး ဝမ်ရှင်းက ဒီထက်ပိုပြီး ထိုက်တန်သည်ဟု ခံစားလိုက်ရသည်။

ဒါပေမဲ့...

ရှေ့မှ အမျိုးသားနှင့် အမျိုးသမီး၏ ကျောပြင်များကို ကြည့်ရင်း သူတို့နှစ်ယောက်ကြားတွင် ထူးဆန်းသော လိုက်ဖက်ညီမှုတစ်ခု ရှိနေပုံရသည်။

မကြာမီမှာပင် ရှောင်မို၊ စစ်လီနှင့် ဝမ်ရှင်းတို့ သုံးယောက်သည် နဂါးနက်ဂိုဏ်း၏ တောင်ဝင်ပေါက်သို့ ရောက်ရှိလာခဲ့ကြသည်။

"ဘယ်သူတွေလဲ။"

ဂိုဏ်းစောင့် နဂါးနက်ဂိုဏ်း တပည့်များက သူတို့သုံးယောက်ကို မြင်သောအခါ သူတို့အားလုံးက စိတ်ကို စုစည်းလိုက်ပြီး လက်ထဲရှိ ဓားရှည်များကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကြသည်။

"ကျွန်တော့်နာမည်က ရှောင်မိုပါ။ ကျွန်တော်က တကိုယ်တော်ကျင့်ကြံသူ တစ်ယောက်ပါ။ လွန်ခဲ့တဲ့ ရှစ်နှစ်က ကျွန်တော့်ရဲ့ အစ်ကိုနှစ်ယောက်က မသေမျိုးတာအိုကို ရှာဖွေဖို့ နဂါးနက်ဂိုဏ်းကို ရောက်လာခဲ့ကြတယ်။ ကျွန်တော့်အစ်ကိုနှစ်ယောက်က လက်ရှိ ဂိုဏ်းထဲမှာ ကျင့်ကြံနေကြတယ်ဆိုတာ ဟုတ်ပါသလား။ သူတို့ကို သွားတွေ့လို့ ရမလား။"

ရှောင်မိုက ရှေ့သို့ထွက်ကာ အရိုအသေပေးလျက် ယဉ်ကျေးစွာ ပြောလိုက်သည်။

ရှောင်မို မည်မျှ ယဉ်ကျေးနေသည်ကို မြင်သောအခါ စစ်လီက ခဏတာ မှင်တက်သွားခဲ့သည်။

သူမက ရှောင်မို၏ ယခင်က ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုများနှင့် သူမနှင့် ဝမ်ရှင်းအပေါ်ထားရှိသော အေးတိအေးစက် အမူအရာတို့ကို ပြန်အမှတ်ရသွားခဲ့သည်။

စစ်လီအနေဖြင့် သူက အခြားသူများအပေါ် ဤမျှ ယဉ်ကျေးလိမ့်မည်ဟု တကယ်ကို စိတ်ကူးမယဉ်နိုင်ခဲ့ပေ။

ဂိုဏ်းစောင့်တပည့်များ အချင်းချင်း အကြည့်ချင်းဖလှယ်ပြီးနောက် တပည့်တစ်ယောက်က ရှေ့သို့ထွက်လာကာ "ညီအစ်ကိုရဲ့ အစ်ကိုတွေ နာမည်က ဘယ်သူတွေလဲဆိုတာ မေးလို့ရမလား။ ငါတို့ အထဲသွားပြီး မင်းကိုယ်စား သူတို့ကို ရှာပေးလို့ရပါတယ်။" ဟု မေးလိုက်သည်။

"ကျွန်တော့် အစ်ကိုကြီးနာမည်က ကျန်းရှန်းဟန်၊ ပြီးတော့ ဒုတိယအစ်ကို နာမည်က လိုထိုက်ပါ။ အရိုးသက်တမ်းကတော့ အခုလောက်ဆို နှစ်ဆယ့်သုံး နှစ်ဆယ့်လေးလောက် ရှိနေလောက်ပါပြီ။" ရှောင်မိုက အမှန်အတိုင်း ပြောလိုက်သည်။

"ဒါဆို ညီအစ်ကိုကျန်းနဲ့ ညီအစ်ကိုလို ပေါ့။" နာမည်များကို ကြားပြီးနောက် ကျင့်ကြံသူက ပြုံးလိုက်သည်။ "ခဏလောက် စောင့်ပါဦး ညီအစ်ကို။ ငါ သွားပြီး သူတို့ကို ချက်ချင်း ခေါ်လာခဲ့ပါ့မယ်။"

"အားထုတ်ပေးရတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကို။"

"ကိစ္စမရှိပါဘူး... ဘာမှမဟုတ်ပါဘူး။ ငါက မင်းရဲ့ အစ်ကိုနှစ်ယောက်ဆီက သေရည်ဖိုး အကြွေးဆပ်ဖို့တောင် ကျန်သေးတယ်။"

ဂိုဏ်းစောင့်တပည့်က သူ၏ လုပ်ဖော်ကိုင်ဖက်နှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် ဂိုဏ်းထဲသို့ ချက်ချင်း ပျံသန်းဝင်ရောက်သွားခဲ့သည်။

သူ၏ အစ်ကိုများကို စောင့်ဆိုင်းနေစဉ်အတွင်း ရှောင်မိုက အခြား နဂါးနက်ဂိုဏ်း တပည့်သုံးဦးနှင့် စကားစမြည် ပြောဆိုနေခဲ့သည်။

ရှောင်မိုက သူတို့လူထဲက လူတစ်ယောက်မှန်း သိသွားသည်နှင့်တစ်ပြိုင်နက် သူတို့က သက်သောင့်သက်သာ ဖြစ်သွားကြသည်။

ရှောင်မို သိရှိခဲ့ရသလောက်အရ နဂါးနက်ဂိုဏ်း၏ အခြေအနေမှာ မကြာသေးမီက တကယ်ကို ဆိုးရွားနေခဲ့သည်။

လက်ရှိတွင် ဧကရာဇ်သားရဲဂိုဏ်းက မိုင်နှစ်ဆယ်အကွာအဝေးရှိ တောင်တန်းတစ်ခုပေါ်တွင် စခန်းချကာ တပ်စွဲထားပြီး နဂါးနက်ဂိုဏ်းကို လောဘတကြီး စောင့်ကြည့်နေကြရာ ကြီးမားသော စစ်ပွဲကြီးတစ်ခုက မကြာမီ ဖြစ်ပွားတော့မည်ဖြစ်သည်။

သူ၏ အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုတို့သည် နဂါးနက်ဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် ကြိုးကြိုးစားစား ကျင့်ကြံခဲ့ကြပြီး ယခုအခါ ဂူဗိမာန်အဆင့်ရှိ ကျင့်ကြံသူများ ဖြစ်နေကြပြီဆိုသည်ကိုလည်း ရှောင်မိုက သူတို့ထံမှ သိရှိခဲ့ရသည်။

ထို့အပြင် အကယ်၍ သူတို့သာ သိုင်းပြိုင်ပွဲကို အောင်မြင်ခဲ့ပါက တောင်ထွတ်သခင်၏ ကိုယ်ပိုင်တပည့်များအဖြစ် ရွေးချယ်ခံရနိုင်ပေသည်။

သို့သော် မကြာသေးမီက ဧကရာဇ်သားရဲဂိုဏ်းကြောင့် ထိုပြိုင်ပွဲကို ယာယီ ဖျက်သိမ်းထားခဲ့ရသည်။

"ညီငါး"

ရှောင်မိုက ဧကရာဇ်သားရဲဂိုဏ်းအကြောင်း အသေးစိတ်ကို ထပ်မေးတော့မည့်အချိန်မှာပင် လေထဲမှ အမျိုးသားနှစ်ဦး၏ အသံများ ထွက်ပေါ်လာခဲ့သည်။

All Chapters