← Chapters

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း ၆၁ - ပုရွက်ဆိတ်စစ်သည် တစ်သိန်း။

​ဒါပေါင် ၏ အနံ့ခံအာရုံမှာ ထက်မြက်လှသော်လည်း ဗုံးများနှင့် တစ်ခါမျှ မထိတွေ့ဖူးပေ။လုပေါင် ရုတ်တရက်တစ်စုံတစ်ခုကို သတိရလာပြီး မီးပုရွက်နီ တွေအကြောင်း စဉ်းစားမိသွားသည်။ဤမီးပုရွက်နီစစ်တပ်သည် ဗုံးရှာဖွေရန် ပို၍သင့်တော်နိုင်ကြောင်း သူသဘောပေါက်သွားခဲ့သည်။

​ပုရွက်ဆိတ်စစ်သည်တော်များ။

​ပုရွက်ဆိတ်ဘုရင်သည် ပုရွက်ဆိတ်အုံတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်သည်။အမိန့်အားလုံးကို ပုရွက်ဆိတ်ဘုရင်က ထုတ်ပြန်ပြီး တုံ့ပြန်ချက်အချက်အလက်များကိုလည်း ပုရွက်ဆိတ်ဘုရင်က လျင်မြန်စွာ လက်ခံရရှိကာ အမိန့်အသစ်များကို ပြန်လည်ထုတ်ပြန်နိုင်သည်။

​လောလောဆယ် ကားထဲတွင် နှင်းလုံးလေးမှာ လုပေါင်၏ ရင်ခွင်ထဲ၌ ငြိမ်သက်စွာ ခွေနေပြီး ခွေးနှစ်ကောင်မှာမူ နောက်ခန်းတွင် မျက်လုံးအပြူးသားဖြင့် အသက်ပင်ပြင်းပြင်းမရှူရဲဘဲ ထိုင်နေကြသည်။

အဘယ်ကြောင့်ဆိုသော် ယခုအခါ လုပေါင်၏ ပုခုံးပေါ်တွင် ဧရာမ မီးပုရွက်နီဘုရင်ကြီး ထိုင်နေသောကြောင့်ဖြစ်သည်။

​"သူတို့ရဲ့ အဆိပ်က တကယ်ပဲ ပြင်းတာလား။"

"ကျိကျိ"

"တကယ်လို့ ဒါက ငါထင်ထားသလိုသာ အလုပ်ဖြစ်မယ်ဆိုရင် မင်းရဲ့ အနေအထားက နောင်ကျရင် ပြောင်းလဲသွားလိမ့်မယ်။"

"ကျိ..."

​လူနှင့် ပုရွက်ဆိတ်တို့ စကားပြောနေကြသည်။ ခွေးနှစ်ကောင်နှင့် ကြက်တူရွေးမှာမူ နောက်ခန်းတွင် လုံးဝတိတ်ဆိတ်နေကြပြီးပုရွက်ဆိတ်ဘုရင်ကို ကြောက်ရွံ့နေကြသည်။ အထူးသဖြင့် ကားနောက်ဖုံးထဲတွင် ဤအကောင်မျိုးတွေ အများကြီး ရှိနေသည်ကို သိထားသောကြောင့် ဖြစ်သည်။

ချင်းကျန်းမြို့၏ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲစခန်းတွင် ဗုံးပေါက်ကွဲရန် အချိန် နာရီဝက်သာ လိုတော့သည်။ယခုတစ်ကြိမ်တွင် အကြမ်းဖက်သမားများမှာ အတွေ့အကြုံ အလွန်ရင့်ကျက်သဖြင့် ရဲတပ်ဖွဲ့ကို အခွင့်အရေး လုံးဝမပေးပေ။ အကယ်၍ အတင်းအဓမ္မ ဝင်ရောက်စီးနင်းမည်ဆိုပါက ဓားစာခံများ၏ ဘေးကင်းရေးကို လုံးဝ အာမခံနိုင်မည်မဟုတ်ချေ။

​"အချိန်မရှိတော့ဘူး သတင်းထောက်တွေကို ချက်ချင်း ဖယ်ထုတ်ပြီး လှုပ်ရှားဖို့ ပြင်ဆင်ကြ။"

Blade အထူးတပ်ဖွဲ့၏ တပ်မှူး ချန်ချုံရှန်း က အချိန်ကို စစ်ဆေးလိုက်သည်။ ထပ်မံနှောင့်နှေးနေပါက အချိန်ဖြုန်းရုံသာ ရှိတော့မည်။

​"ကောင်းပါပြီ"

ချင်းကျန်းမြို့ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်း၏ ညွန်ကြားရေးမှူး စုန့်ရှုက ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ဒါပေမဲ့ ဓားစာခံတွေ ဘေးကင်းဖို့ကိုတော့ ငါတို့ အတတ်နိုင်ဆုံး ကြိုးစားရလိမ့်မယ်။"

​တစ်ဖက်အဖွဲ့က ဆွေးနွေးညှိနှိုင်းရန် လုံးဝ ငြင်းဆိုထားသည်။ဤတစ်ကြိမ်တွင် အနည်းဆုံး သူ ရာထူးမှ ထုတ်ပယ်ခံရမည်ကို စုန့်ရှု နားလည်ထားသည်။အတွင်းထဲတွင် ရှိနေသည်မှာ နိုင်ငံတကာ ပြပွဲဗဟိုဌာနကြီးကို ဖောက်ခွဲပစ်ရန် ရည်ရွယ်ထားပုံရသည့် ယုတ်မာသော ရာဇဝတ်ကောင်များဖြစ်သည်။ဓားစာခံ တစ်ရာကျော် ဖမ်းဆီးထားခြင်းမှာ ရဲတပ်ဖွဲ့ကို ဝင်မစီးနိုင်အောင် ဟန့်တားထားခြင်းသာ ဖြစ်သည်။

​ယခု သူတို့မှာ အခြေအနေကို ထိန်းချုပ်ရန် ကြိုးစားဖို့သာရှိသော်လည်းဓားစာခံများ အထိအခိုက် အကျအဆုံး များနိုင်သည်ကို သိနေလေသည်။သတင်းထောက်အဖွဲ့များကို ဖယ်ထုတ်လိုက်ပြီး အထူးတပ်ဖွဲ့ဝင်များ စတင်ချဉ်းကပ်လာကြသည်။

​"နေဦး နေပါဦး ခဏလေး တပ်မှူး ကျွန်တော်ပါ ကျွန်တော်ပါပဲ ကျွန်တော့်မှာ ဖြေရှင်းဖို့နည်းလမ်းရှိတယ်။"

လုပေါင် ရောက်ရှိလာသည်။သူ၏ ထူးကဲသော အကြားအာရုံဖြင့် ၎င်းတို့ အတင်းဝင်စီးတော့မည်ကို ကြားလိုက်ရသဖြင့် အော်ဟစ်တားဆီးလိုက်သည်။သင်္ချိုင်းသူခိုးများကို ဖမ်းဆီးစဉ်က တွေ့ခဲ့ဖူးသော တပ်မှူးကို သူတွေ့လိုက်ရသဖြင့် အချက်ပြကာ လက်ဝှေ့ယမ်းပြလိုက်သည်။

​"သူက ဘယ်သူလဲ။"

စုန့်ရှုကအဝေးတွင် တားဆီးခံထားရသော လုပေါင်ကို လှည့်ကြည့်လိုက်သည်။

​"ဟင်... သူက Ocean Live Stream က Streamer ပဲ။ သူက တကယ့်ကို ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်ပါ။"

လုပေါင်နှင့်အရင်က ဆုံဖူးသော ဗိုလ်ကြီး ချင်လဲ့က မှတ်မိသွားသည်။လုပေါင်သည် သူ့အပေါ် အထင်ကြီးစရာကောင်းသော အမှတ်အသားများ ထားရစ်ခဲ့သူ ဖြစ်သည်။

​"Streamer ဟုတ်လား အဓိပ္ပာယ်မရှိတာ သူ့ကို ချက်ချင်း ဆွဲထုတ်လိုက်။"

Streamer တစ်ယောက်ဆိုသည်ကို ကြားလိုက်ရသောအခါ စုန့်ရှု အလွန်ဒေါသထွက်သွားတော့သည်။ဒီခေတ်တွင် အင်တာနက် နာမည်ကျော်တွေက ကြည့်ရှုသူရဖို့အတွက် အရူးအမူး ဖြစ်နေကြပြီလော။ယခုကဲ့သို့ အချိန်မျိုးတွင် လာရောက် ရှုပ်ရှက်ခတ်အောင် လုပ်ရဲကြသလား။

​အခြားနည်းလမ်း မရှိတော့သဖြင့် လုပေါင်သည် သူ့ကို တားဆီးထားသော ရဲနှစ်ယောက်ကြားမှ လျင်မြန်စွာ ရှောင်ထွက်လိုက်သည်။တစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်စွာ လှုပ်ရှားရင်း ချန်ချုံရှန်း နှင့် စုန့်ရှု တို့၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။

​"မင်း..."

စုန့်ရှုလန့်သွားပြီး သူ၏သေနတ်ကို ဆွဲထုတ်လိုက်သည်။

​"အရာရှိကြီး စိတ်အေးအေးထားပါ။ ကျွန်တော့်မှာ ခင်ဗျားတို့နဲ့ ပူးပေါင်းနိုင်မယ့် နည်းလမ်းရှိပါတယ်။ဓားစာခံတွေရဲ့ ဘေးကင်းရေးကို လုံးဝ စိတ်ချရအောင် ကျွန်တော် လုပ်ပေးနိုင်ကောင်း လုပ်ပေးနိုင်ပါလိမ့်မယ်။"

လုပေါင်ကရန်လိုစိတ်မရှိကြောင်း ပြရန် လက်နှစ်ဖက်ကို ချက်ချင်း မြှောက်ပြလိုက်သည်။ မျောက်သိုင်း ကျွမ်းကျင်မှုကြောင့် သူ၏အရှိန်မှာ ကျည်ဆန်ကိုပင် ရှောင်နိုင်သည်အထိ မြန်ဆန်သဖြင့် သူသည် ယုံကြည်မှုရှိပြီး ကြောက်ရွံ့ခြင်း မရှိပေ။

​"ငါက Blade အထူးတပ်ဖွဲ့က ချန်ချုံရှန်းပါ။ အချိန်က ကပ်နေပြီ။ မင်းမှာ ဘယ်လိုနည်းလမ်းရှိလဲဆိုတာ ပွင့်ပွင့်လင်းလင်းပဲ ပြောပါ။"

ချန်ချုံရှန်းသည်လည်းကိုယ်ခံပညာရှင်တစ်ဦး ဖြစ်သည်။ လုပေါင် သူတို့ရှေ့ ရောက်လာပုံကို မြင်လိုက်ရုံဖြင့် ဤလူမှာ မည်မျှ အန္တရာယ်များကြောင်း သူသိလိုက်သည်။

​ဒါက ဆရာကြီးတစ်ယောက်ပဲ။

​"ကျွန်တော် မျိုးဗီဇပြောင်း မီးပုရွက်နီတွေကို ထိန်းချုပ်နိုင်တယ်။သူတို့မှာ အရမ်းပြင်းထန်တဲ့ အဆိပ်တွေရှိပြီး ကျွန်တော် အများကြီး ယူလာခဲ့တယ်။ ဗုံးရှာတာပဲဖြစ်ဖြစ်အကြမ်းဖက်သမားတွေ ဘယ်မှာရှိလဲ ရှာတာပဲဖြစ်ဖြစ် သူတို့ လုပ်နိုင်တယ်။သူတို့ကို အကြမ်းဖက်သမားတွေဆီကို တိတ်တဆိတ် ကပ်ခိုင်းပြီး ပုန်းနေခိုင်းလို့ရတယ်။ကျွန်တော့်ကို ယုံကြည်ပေးပါ။ ပူးပေါင်းကြည့်ကြမလား။"

​လုပေါင်က သူ၏ ကျောပိုးအိတ်ကို ပုတ်ပြလိုက်ရာ ဧရာမ မီးပုရွက်နီကြီးတစ်ကောင် ချက်ချင်း ထွက်လာပြီး သူ၏ ပုခုံးပေါ်တွင် ရပ်နေသည်။

​"ဟား... မင်းပဲ။"

"မီးပုရွက်နီဘုရင်နဲ့ အသွင်ပြောင်းကျား ကို ထိန်းတဲ့ Streamer မဟုတ်လား။"

လုပေါင်၏ ပုခုံးပေါ်ရှိ ဧရာမ မီးပုရွက်နီကို မြင်လိုက်ရသောအခါ စုန့်ရှုနှင့် ချန်ချုံရှန်းတို့ ချက်ချင်း မှတ်မိသွားကြသည်။ မီးပုရွက်နီစစ်တပ်ကို ထိန်းချုပ်ထားသော အံ့ဖွယ်လူငယ်၏ သတင်းမှာ အလွန် အံ့ဩစရာကောင်းလှသည်။မီးပုရွက်နီများကို ထိန်းချုပ်နိုင်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။

​"မီးပုရွက်နီတွေက ကိုက်ရင်တောင် ထိရောက်ပါ့မလား။"

စုန့်ရှုကဤအရာမှာ အနည်းငယ် ရယ်စရာကောင်းနေသည်ဟု ခံစားရသည်။

​"မျိုးဗီဇပြောင်းထားတဲ့ အကောင်အချို့ ရှိပါတယ်။သူတို့ရဲ့ အဆိပ်က သာမန်ထက် အဆမတန် ပြင်းထန်တယ်။သူတို့ကို မသေစေရင်တောင်မှ သည်းမခံနိုင်တဲ့ နာကျင်မှုကို ခံစားရစေပြီး ရူးသွပ်သွားစေလိမ့်မယ်။"

လုပေါင်က အလျင်အမြန် ရှင်းပြသည်။ အချို့သော ပုရွက်ဆိတ်ကြီးများမှာ သူခေါ်သည့် ပထမအဆင့် မျိုးဗီဇပြောင်းများ ဖြစ်ကြသည်။ပုရွက်ဆိတ်ဘုရင်မှာမူ အဆင့်မည်မျှ ပြောင်းလဲထားသည်ကို သူပင် မပြောနိုင်ပေ။

​"ဒါတောင်မှ မင်းက ဘာလို့ ငါတို့ကို ကူညီဖို့ ဒီလို အန္တရာယ်ကို လာရင်ဆိုင်ရတာလဲ ဒါက မင်းအတွက် ပြဿနာတွေ ဖြစ်လာနိုင်တာကို သိမှာပါ။"

ချန်ချုံရှန်းက သံသယဖြင့် မေးလိုက်သည်။ မည်သူက ယခုကဲ့သို့ အခြေအနေမျိုးတွင် စွန့်စားချင်ပါမည်နည်း။လူအများစုမှာ ရှောင်ဖယ်နေကြမည်သာ ဖြစ်ပေသည်။

​"ဟိုဘက်က ကုမ္ပဏီကို မြင်လား အဲဒါ ကျွန်တော့် မိသားစုပိုင်ပဲ။တကယ်လို့ ဒီနေရာကြီး ပြိုကျပျက်စီးသွားရင် အဲဒီနေရာကိုပါ ထိခိုက်နိုင်တယ်။ နောက်ပြီး ကျွန်တော့်မိသားစုက အိမ်ခြံမြေ လုပ်ငန်းလုပ်တာ။ဒီလိုမျိုး ဖြစ်ရပ်မျိုးက ကျွန်တော်တို့အတွက် လုံးဝ မကောင်းဘူး။ နောက်ပြီး အထဲမှာ ဓားစာခံတွေ ရှိနေတယ်။ ကျွန်တော် သိတဲ့သူတစ်ယောက်ယောက် ပါနေရင် ဘယ်လိုလုပ်မလဲ။ကျွန်တော်က တိုင်းပြည်ကို ချစ်တဲ့မျိုးချစ်စိတ်ဓာတ်တက်ကြွတဲ့ လူငယ်တစ်ယောက်လည်း ဖြစ်ပါတယ်။အကြောင်းပြချက်တွေ အများကြီး ရှိပါတယ်။ ပိုအရေးကြီးတာက မီးပုရွက်နီ စစ်သည်တော်တွေရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်ချင်လို့ပါ။ အကယ်လို့ ကျွန်တော်တို့ အောင်မြင်သွားရင် နောင်မှာ ကျွန်တော့်မှာ ပြဿနာရှိလာရင် ခင်ဗျားတို့ ကူညီမှာ မဟုတ်ဘူးလား။ကျွန်တော့် မိဘတွေရဲ့ အဆက်အသွယ်က အတော်များများ ရှိတယ် ခင်ဗျားတို့နဲ့ သိကျွမ်းရတာက ကျွန်တော့်အတွက် အကျိုးရှိမှာပါ။"

​လုပေါင်တွင် အကြောင်းပြချက်များစွာ ရှိနေသည်။ဤနေရာတွင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပါက ချင်းကျန်းမြို့၏ အိမ်ခြံမြေ ဈေးနှုန်းများကို အမှန်တကယ် ထိခိုက်နိုင်ပေသည်။

​"ကောင်းပြီလေ။"

စုန့်ရှုနှင့် ချန်ချုံရှန်းတို့ အကြည့်ချင်း ဖလှယ်လိုက်ပြီး တိတ်တဆိတ် ဆွေးနွေးကာ သဘောတူလိုက်ကြသည်။

​တစ်မိနစ်အကြာတွင် မီးပုရွက်နီ အုပ်စုများသည် အရပ်ရပ်သို့ ပျံ့နှံ့သွားကြသည်။ အတောင်ပံပါသော အကောင်များသည် ပျံသန်းသွားကြပြီး အက်ကြောင်းများကြားမှ တိုးဝင်ကာ အလွန်လျင်မြန်စွာ လှုပ်ရှားကြသည်။

​"နီနီလေး အဆိပ်ပြင်းတဲ့ မီးပုရွက်နီတွေကို ဟိုမျက်နှာဖုံးစွပ်ထားတဲ့ လူတွေအပေါ်မှာ ပုန်းခိုင်းထားပြီး ငါ့အမိန့်ကို စောင့်ခိုင်းလိုက်။"

လုပေါင်က ပုရွက်ဆိတ်ဘုရင်ကို လက်ဖြင့် ပုတ်ကာ နီနီလေးဟု ရိုးရိုးရှင်းရှင်း အမည်ပေးလိုက်လေသည်။

"ကျိကျိ။"

မီးပုရွက်နီက သူ၏ အစိတ်အပိုင်းများကို ဆက်တိုက် တုန်ခါစေကာ အမိန့်ပေး အချက်ပြချက်များ ထုတ်လွှတ်ရင်း ပြန်ထူးလိုက်သည်။

​"ဒါနဲ့ ခင်ဗျားတို့ဆီမှာ ယမ်းတွေ ရှိလား ဗုံးအနံ့နဲ့ဆင်တူတာမျိုးဆို ရပါပြီ။ ကျွန်တော့်ခွေး နှစ်ကောင်က အနံ့ခံတာ အရမ်းတော်တယ်။ သူတို့ကို အနံ့ခံခိုင်းထားရင် နောက်ပိုင်း အားကိုးရနိုင်တယ်။"

လုပေါင်ကဒါပေါင် နှင့် ဟေးမီကို ညွှန်ပြရင်း စုန့်ရှုကို ပြောလိုက်သည်။

​"ရှိတယ်။"

ဤအချက်နှင့် ပတ်သက်၍ စုန့်ရှုတို့က သိပ်အလေးမထားပေ။လေ့ကျင့်ပေးမထားသော ရဲခွေးမဟုတ်သည့် ခွေးများက ယမ်းရှာရန်မှာ ခက်ခဲလိမ့်မည်ဟု ထင်နေကြသည်။ သို့သော် သူ မငြင်းလိုက်ပေ။

​မီးပုရွက်နီများသည် တစ်ကောင်ပြီးတစ်ကောင် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲစခန်း အတွင်းသို့ တိုးဝင်သွားကြတော့သည်။ လုပေါင်၏ စီစဉ်မှုဖြင့် ၎င်းတို့သည် မျက်နှာဖုံးစွပ် အကြမ်းဖက်သမားများဆီသို့ တိတ်တဆိတ် ချဉ်းကပ်သွားကြပြီး ကျန်ပုရွက်ဆိတ်များကလည်း အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားကြသည်။

​စုစုပေါင်း ပုရွက်ဆိတ်စစ်သည်တော် တစ်သိန်းခန့်မှာ မည်သူမျှ သတိမထားမိဘဲ အတွင်းသို့ တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်သွားကြလေတော့သည်။

အခန်း ၆၂ - တိုက်ခိုက်ရေးကျွမ်းကျင်လှသော မီးပုရွက်ဆိတ်နီစစ်သည်တော်များ။

“ငါတို့တွေကို ရိပ်မိသွားလောက်လား။”

ချန်ချုံရှန်း က လုပေါင် ကို သတိပေးလိုက်သည်။

“မဖြစ်နိုင်တာ ဘယ်သူက ပုရွက်ဆိတ်တွေကို ဂရုစိုက်မှာလဲ တစ်ယောက်ယောက်က သူတို့ကို ပုရွက်ဆိတ်တွေနဲ့ တိုက်ခိုက်လို့ရတယ်လို့ သွားပြောရင်တောင် သူတို့ ယုံပါ့မလား။”

လုပေါင်သည်လည်း အလွန်စိတ်လှုပ်ရှားနေသည်။

“ဒါသာ အောင်မြင်သွားရင် နောင်ကျရင် တပ်ဖွဲ့အမျိုးအစားအသစ်တစ်ခုအဖြစ်တောင် စဉ်းစားလို့ရတယ်။ဒီအကောင်တွေက ရဲခွေးတွေထက် အများကြီး ပိုပြီး လူမသိသူမသိ လှုပ်ရှားနိုင်တယ်လေ။”

ချန်ချုံရှန်း ခေါင်းညိတ်လိုက်သည်။ လောလောဆယ်တွင် သူ စကားပြောနေရန် အချိန်မရှိပေ။လုပေါင် မည်သို့ပင် စီစဉ်ထားပါစေ သူတို့သည် နောက်တစ်မိနစ်အတွင်း စတင်လှုပ်ရှားတော့မည်ဖြစ်သည်။

အကယ်၍ ယခုတစ်ကြိမ် အခြေအနေမှာ အလွန်ထူးခြားမနေပါက လုပေါင်၏စကားကို သူတို့ နားထောင်နေကြမည်မဟုတ်ပေ။

အတော်အတန်ကြီးသော မီးပုရွက်နီတစ်ကောင်သည် အကြမ်းဖက်သမားတစ်ဦး၏ ကိုယ်ပေါ်သို့ တွားတက်သွားပြီး သူ၏အင်္ကျီကော်လာထဲသို့ ဖြည်းညှင်းစွာ တိုးဝင်၍ ငြိမ်နေလိုက်သည်။အခြားပုရွက်ဆိတ်အချို့မှာလည်း ခြေထောက်များမှတစ်ဆင့် တိတ်တဆိတ် တက်သွားပြီး ပုန်းအောင်းနေကြသည်။”

“ဖက်”

အကြမ်းဖက်သမားတစ်ဦးသည် ကြမ်းပြင်ပေါ်ရှိ မီးပုရွက်နီတစ်ကောင်ကို မြင်သွားပြီး ခြေထောက်ဖြင့် နင်းခြေလိုက်သည်။၎င်းတို့ထဲမှ မည်သူမျှ ဤပုရွက်ဆိတ်များကို ဂရုမစိုက်ကြပေ။ သူတို့သည် အချိန်ကိုသာ ခဏခဏ စစ်ဆေးနေကြသည်။ပုရွက်ဆိတ်ကို မည်သူက အရေးတယူ လုပ်ပါမည်နည်း။

“သူတို့တွေ လှုပ်ရှားတော့မယ်ထင်တယ်။ ဒီနေရာက နောက် ၁၀ မိနစ်နေရင် ပေါက်ကွဲတော့မယ်။ အားရှု မင်း ညီအစ်ကိုတွေကို ခေါ်ပြီး အရင်ဆုံး ဆုတ်ခွာဖို့ ပြင်ဆင်လိုက်။”

သူတို့သည်ဤနေရာတွင် အသေခံရန် ရည်ရွယ်ချက်မရှိပေ။ယခုတစ်ကြိမ် လုပ်ရပ်မှာ ဖိအားပေးရန်သက်သက်သာ ဖြစ်သည်။ ဤစစ်ဆင်ရေးအတွက် သူတို့ တစ်နှစ်ခွဲခန့် ပြင်ဆင်ခဲ့ကြပြီး ထွက်ပြေးမည့်လမ်းကြောင်းကိုလည်း ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။

“ဒီဓားစာခံတွေကို သတ်ပစ်ရမလား။”

“ငါတို့ ထွက်သွားတဲ့အချိန်ကျမှ သတ်ပစ်လိုက်။”

မီးပုရွက်နီဘုရင်၏ အစိတ်အပိုင်းများသည် လျင်မြန်စွာ တုန်ခါနေသွားပြီး အပြင်ဘက်သို့ အသံတိတ်လှိုင်းများကို ပေးပို့နေသည်။

“ကျိ ကျိကျိ...”

ပုရွက်ဆိတ်ဘုရင်က အော်မြည်လိုက်ပြီး သူ၏ အထိအတွေ့အာရုံခံများဖြင့် လုပေါင်ကို ထိကာ အချက်အလက်များကို စတင်လက်ဆင့်ကမ်းပေးလိုက်သည်။

“သွားပြီ မကောင်းဘူး သူတို့က ထွက်ပြေးတော့မယ်။ ဗုံးက နောက် ၁၀ မိနစ်နေရင် ပေါက်ကွဲလိမ့်မယ်။သူတို့ ထွက်မသွားခင် ဓားစာခံအားလုံးကို သတ်ပစ်လိမ့်မယ်။ အချိန်က ၂၅ မိနစ် မဟုတ်တော့ဘူး။”

တစ်ဖက်အဖွဲ့က ပြောခဲ့သောအချိန်မှာ သူတို့ကို လှည့်စားရန် ပြောခဲ့သော အချိန်တစ်ခုသာ ဖြစ်ခဲ့သည်။

တောင်နတ်မင်း ပုံရိပ်ယောင်ကျင့်စဉ် ကြောင့် လုပေါင်သည် ပုရွက်ဆိတ်ဘုရင်နှင့် ဆက်သွယ်နိုင်သည်။ဤသတင်းကို ရရှိသောအခါ သူ ထိန့်လန့်သွားတော့သည်။လုပေါင်၏ စကားများကြောင့် စုန့်ရှူနှင့် ချန်ချုံရှန်းတို့၏ မျက်နှာများ ပျက်ယွင်းသွားကြတော့သည်။

“ပုရွက်ဆိတ်တွေက ကြားတာလား။”

စုန့်ရှုမှာ ပြက်လုံးတစ်ခုကို နားထောင်နေရသလို ခံစားလိုက်ရသည်။ဤသို့ဖြစ်နိုင်သည်ကို သူ အရင်က ခန့်မှန်းခဲ့ဖူးသော်လည်း ယခုလက်တွေ့တွင် ထူးဆန်းသလို ရယ်စရာလည်းဖြစ်နေသည်။ပုရွက်ဆိတ်စစ်သည်များသည် မြေပေါ် မြေအောက် လမ်းကြောင်းများအားလုံးကိုလည်း ပိတ်စို့ထားပြီးဖြစ်သည်။တစ်ဖက်အဖွဲ့သည် မည်သို့ ထွက်ပြေးနိုင်မည်နည်း။

“ဇုန်C က ဧည့်ကြိုကောင်တာအောက်မှာ မြေအောက်လမ်းကြောင်း တစ်ခုရှိတယ်။ ကျွန်တော့် မီးပုရွက်နီတွေ ချက်ချင်း အဆင်သင့်ပြင်ခိုင်းလိုက်မယ်။”

လုပေါင်သည် ပုရွက်ဆိတ်စစ်သည်တော်များမှာ အံ့ဩစရာကောင်းလှသည်ဟု ထင်မိသည်။သူသည် အပြင်တွင် ရပ်နေသော်လည်း နေရာတစ်ခုလုံး၏ အခြေအနေကို သိရှိနေသည်။ပုရွက်ဆိတ်စစ်သည် တစ်သိန်းမှာ မျက်လုံးတစ်သိန်းကဲ့သို့ပင် ဖြစ်သည်လေသည်။

“ကျွန်တော်တို့ဘက်က အားလုံး အဆင်သင့်ပဲ ဘယ်အချိန်မဆို ဝင်စိးဖို့ အသင့်ပဲ။”

ချန်ချုံရှန်းက အချိန်ကို ကြည့်လိုက်ရာ ရင်ထဲ အေးစိမ့်သွားလေသည်။အချိန်မလောက်တော့မည်ကို သူ စိုးရိမ်မိလေသည်။

ရုတ်တရက် လုပေါင်သည် ဒါပေါင်က သူ၏ခြေသည်းများဖြင့် အမှတ်အသားများ ခြစ်နေသည်ကို မြင်လိုက်ရသည်။၎င်းသည် ခဏခဏ ခေါင်းကိုမော့ကာ လေကို အနံ့ခံပြီး နှာချေကာ မြေပုံတစ်ခုကို ဆက်လက်ဆွဲနေသည်။

“ဒုက္ခပဲ ဗုံးက တစ်လုံးထဲ မဟုတ်ဘူး...။”

“ဘာ...”

“ဒီမှာကြည့်လိုက်”

ချန်ချုံရှန်းနှင့် စုန့်ရှုတို့သည် ဒါပေါင်၏ ခြေသည်းများဖြင့် ခြစ်ထားသော အမှတ်အသားများကို မြင်လိုက်ရသောအခါ ဦးခေါင်းတစ်ခုလုံး ထုံကျင်သွားတော့သည်။

၎င်းမှာ မြေပုံတစ်ခုသဖွယ် ဖြစ်နေသည်။ ဖောက်ခွဲရေးပညာရှင် တစ်ယောက်အနေဖြင့် ချန်ချုံရှန်းသည် ဤအမှတ်အသားများမှာ ပြပွဲဗဟိုဌာန၏ အဆောက်အအုံ အခြေခံအုတ်မြစ်ရှိ အချက်အချာနေရာများဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။

“ဘုရားရေ...”

စုန့်ရှု၏ မျက်နှာမှာ ဖြူလျော့သွားပြီး

“ဒါတော့ ဒုက္ခပဲ။ ဒီတာဝန်ပြီးသွားရင် အစီရင်ခံစာတင်ဖို့က တကယ့် ပြဿနာကြီးပဲ...”

ပြဿနာဖြစ်သည် မဖြစ်သည်ကို ခနဖယ်ထားလိုက်လျှင် သူတို့သည် ဤအချက်အလက်ကို မည်သို့ မည်ပုံတင်ပြရမည်နည်း။ပုရွက်ဆိတ်တွေဆီက သတင်းရတာလား။ဒါမှမဟုတ် အိမ်မွေးခွေးတစ်ကောင်က မီတာရာချီအကွာမှာ ရပ်နေပြီး အနံ့ခံရုံနဲ့ ဗုံးဖြန့်ကျက်မှုမြေပုံကို ဆွဲပြလိုက်တာလားဘယ်သူက ယုံပါ့မနည်း။

“ကျွန်တော့်ဘက်က အဆင်သင့်ပဲ။ ၅ စက္ကန့်အတွင်း စလှုပ်ရှားမယ်။”

“ကောင်းပြီ။”

စတင်ရေတွက်လိုက်တော့သည်။

“၅”

“၄”

“၃”

“၂”

“၁”

“လှုပ်ရှားကြတော့။”

“ကိုက်စမ်းးး”

ပုရွက်ဆိတ်ဘုရင်က တိုက်ခိုက်ရန် အမိန့်ကို ချက်ချင်း ထုတ်ပြန်လိုက်သည်။ လျှပ်တစ်ပြက်အတွင်းမှာပင် အကြမ်းဖက်သမားများအပေါ်တွင် ပုန်းအောင်းနေသော မီးပုရွက်နီအားလုံး လှုပ်ရှားလိုက်ကြသည်။သူတို့၏ ထက်မြက်လှသော လွှသွားကဲ့သို့ သွားများက အကြမ်းဖက်သမားများ၏အရေပြားကို ဖောက်ဝင်သွားပြီး ပြင်းထန်သော အဆိပ်များမှာ သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်း ဝင်ရောက်သွားတော့သည်။

“အားးး”

“အားးး”

ဓားစာခံအားလုံး တုန်ယင်ငိုကြွေးနေကြစဉ်မှာပင် အကြမ်းဖက်သမား အားလုံးမှာမူ နာကျင်စွာ အော်ဟစ်လိုက်ကြတော့သည်။ မြေအောက်လမ်းကြောင်းထဲသို့ ထွက်ပြေးရန် ပြင်နေပြီဖြစ်သော အကြမ်းဖက်သမားအချို့ပင်လျှင် မြေပြင်ပေါ်တွင် လူးလှိမ့်အော်ဟစ်နေကြတော့သည်။ရိုးတွင်းခြင်ဆီအထိ ထိုးဖောက်ဝင်ရောက်သွားသော ပြင်းထန်လှသည့် နာကျင်မှုမျိုး ဖြစ်ပေသည်။

အကြမ်းဖက်သမားတစ်ဦးမှာ ကြမ်းပြင်ပေါ်သို့ တိုက်ရိုက်လဲကျသွားပြီး အနည်းငယ် အကြောများဆွဲသွားကာ ငြိမ်သက်သွားတော့သည်။

“အစ်ကိုကြီးးးး”

လူတစ်ယောက်မှာ မျက်လုံးများ နီမြန်းကာ ရုန်းကန်အော်ဟစ်နေသည်။သူတို့ကိုယ်ပေါ်တွင် ဘာတွေဖြစ်နေမှန်း ဘယ်လိုတိုက်ခိုက်မှုမျိုး ခံနေရမှန်း သူတို့ကိုယ်တိုင်ပင် မသိကြပေ။ မကြာမီမှာပင် သူတို့ မြင်လိုက်ရသည်။ မီးပုရွက်နီ အသင်းကြီး ပေါ်လာပြီး သူတို့ ရုန်းကန်နေစဉ်မှာပင် ပုရွက်ဆိတ်များမြေအေအောက်၌ နစ်မြုပ်သွားကြလေသည်။

“ဘုန်းးး”

“ဘုန်းး”

အထူးတပ်ဖွဲ့ဝင်များသည် တံခါးများနှင့် ပြတင်းပေါက်များမှတစ်ဆင့် အတင်းဝင်ရောက်လာကြသည်။အထဲတွင်ဖြစ်ပျက်နေသောအခြေအနေကို မြင်လိုက်ရသောအခါ သူတို့အားလုံး ဆွံ့အသွားကြတော့သည်။ အကြမ်းဖက်သမားအားလုံးမှာ ကြမ်းပြင်ပေါ်တွင် လဲကျနေကြပြီ ဖြစ်သည်။

“သူတို့ကို ရပ်ခိုင်းလိုက်တော့။”

လုပေါင်က သူတို့နောက်မှ ပြေးဝင်လာသည်။ ဤမြင်ကွင်းကို မြင်သောအခါ သူက နီနီလေးကို လျင်မြန်စွာ အမိန့်ပေးလိုက်သည်။

အမိန့်ကို ထုတ်ပြန်လိုက်သည်နှင့် မီးပုရွက်နီအားလုံး လျင်မြန်စွာ ပြန်ဆုတ်လာကြပြီး လုပေါင်၏အနားတွင် စုဝေးကာ ငြိမ်သက်နေကြသည်။ရန်သူသုံးဦးမှာ နေရာတင် သေဆုံးသွားခဲ့ပြီး အခြားသူများလည်း အသက်ရှင်ရန် ခဲယဉ်းပေလိမ့်မည်။ဤမီးပုရွက်နီများသည် သားကောင်ကြီးများကို အမဲလိုက်ရာတွင် ကျွမ်းကျင်နေကြပြီ ဖြစ်သည်။ တောဝက်တစ်ကောင် သူတို့နယ်မြေထဲ ဝင်လာလျှင်ပင် လွတ်ရန်ခဲယဉ်းလှသည်။ လူသား၏ နုနယ်သော ခန္ဓာကိုယ်မှာမူ ပြောနေရန်ပင် မလိုတော့ပေ။

“ဓားစာခံတွေကို မြန်မြန် ဆုတ်ခွာခိုင်း။”

“ဆေးအဖွဲ့တွေ ဝင်ခဲ့တော့။”

“ဗုံးရှင်းလင်းရေးအဖွဲ့နဲ့ အနံ့ခံခွေးတွေ ထွက်ခဲ့တော့။”

“ဗုံးကျွမ်းကျင်သူတွေ ဝင်ခဲ့ကြ။”

“မသက်ဆိုင်သူတွေ အပြင်ထွက်ပေးပါ။”

စစ်စင်ရေသည်အရမ်းကို ချောမွေ့လွန်းနေသည်။

ချန်ချုံရှန်းနှင့် စုန့်ရှုတို့ သတိပြန်ဝင်လာသောအခါ သူတို့မှာ အံ့ဩဝမ်းသာ ဖြစ်သွားကြရသည်။သို့သော် အခြားအရာများကို စဉ်းစားမနေနိုင်တော့ဘဲ အားလုံး အလုပ်စလုပ်ကြတော့သည်။ဒဏ်ရာရသူများကို ကယ်တင်သည်။သေဆုံးသူများကို သယ်ထုတ်သည်။ဓားစာခံ တစ်ရာကျော်လုံးကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ဗုံးရှင်းလင်းရေး စစ်သားများနှင့် ဗုံးကျွမ်းကျင်သူများ ဝင်ရောက်လာကြသည်။

လုပေါင် ခေါင်းကုတ်လိုက်သည်။

“ဝုတ် ဝုတ်။”

ဒါပေါင်က မလှမ်းမကမ်းနေရာသို့ ပြေးသွားပြီး ကြမ်းပြင်ပေါ်ရှိ အုတ်ချပ်တစ်ခုကို ခြစ်နေသည်။လုပေါင် ဘာဖြစ်နေသည်ကို သိလိုက်သဖြင့် ချက်ချင်းပြေးသွားကာ

“ဒါပေါင် မလှုပ်နဲ့။”

“ဝုတ်”

ဒါပေါင်က ချက်ချင်း ရပ်တန့်လိုက်ပြီး ကြမ်းပြင်ကို ကြည့်ကာ ဟောင်လိုက်လေသည်။

ဗုံးနံ့ရသွားသော ရဲခွေးတစ်ကောင်လည်း အနားသို့ ချဉ်းကပ်လာသည်။

“ဗုံးကျွမ်းကျင်သူ။”

စုန့်ရှုလည်းသတိပြုမိသွားပြီး ကျွမ်းကျင်သူကို ချက်ချင်း လှမ်းခေါ်လိုက်သည်။

ဗုံးကျွမ်းကျင်သူက ပြေးလာပြီး ကြမ်းပြင်အုတ်ချပ်ကို ဖယ်လိုက်ရာ အောက်တွင် ဗုံးအစည်းတစ်ခုကို တွေ့လိုက်ရသည်။ ဗုံးပေါ်ရှိ နာရီမှာ ၇ မိနစ်နှင့် ၂၄ စက္ကန့်သာ ကျန်တော့သည်။

“ဝုတ် ဝုတ် “

ဒါပေါင်ကအခြားတစ်နေရာသို့ပြေးသွားပြီး ထပ်ဟောင်ပြန်သည်။

ဟေးမီကလည်း ကားတစ်စီးအောက်သို့ ပြေးဝင်ကာ မြီးနံ့နံ့ဖြင့် ကျယ်လောင်စွာ ဟောင်နေသည်။

“ဗုံးကျွမ်းကျင်သူ။”

“ဒီမှာ တစ်ခု။”

“ဒီမှာလည်း နောက်တစ်ခုရှိတယ်။”

ခွေးနှစ်ကောင်တင်မကဘဲ မီးပုရွက်နီစစ်တပ်သည်လည်း လုပေါင်၏ အမိန့်အောက်တွင် ရှိနေသည်။သူတို့ ဗုံးတစ်လုံးကို မြင်သည်နှင့် အချက်ပြကြသည်။တိုတောင်းလှသော ၂ မိနစ်အတွင်းမှာပင် ဗုံးအားလုံးကို ရှာဖွေတွေ့ရှိသွားခဲ့သည်။

“ခေါင်းဆောင်တို့ကျွန်တော် အရင်သွားတော့မယ်။ ခင်ဗျားတို့ ဆက်ပြီး ကြိုးစားကြပါဦး။”

လုပေါင်က အခြားဗုံးများ မရှိတော့ကြောင်း သေချာအောင် လုပ်ပြီးနောက် ပြေးထွက်တော့သည်။မိနစ်အနည်းငယ်သာ ကျန်တော့သဖြင့် ဤလူများသည် အားလုံးကို ဖြုတ်နိုင် မဖြုတ်နိုင် သူ မသိပေ။သို့သော် သူတို့၏ အရှိန်ကို ကြည့်ရသည်မှာ ကြီးမားသော ပြဿနာ မရှိနိုင်ပုံရသည်။

“ဂူး...”

“ဂူးမနေနဲ့ ပြေး။”

နှင်းလုံးလေးမှာလူပေါင်အော်လိုက်သော ကားမူးတာ ပျောက်သွားပုံရသည်။နှင်းလုံးလေးက သူတို့ကို လာရှာနေစဉ်မှာပင် လုပေါင်က ဆွဲမကာ အပြင်သို့ ပြေးထွက်လာခဲ့သည်။ သူက ဗုံးဖြုတ်နည်းကို မသိပေ။ဗုံးတွေကို ဒီလောက်မြန်မြန် ရှာပေးနိုင်ခဲ့တာကပင် သူ အတော်လေး လုပ်ဆောင်ပေးခဲ့ပြီးပြီဖြစ်သည်။ ဤနေရာတွင် ကျွမ်းကျင်သူများ အများကြီး ရှိနေသဖြင့် သူ လူစွမ်းကောင်း လုပ်နေစရာ မလိုတော့ပေ။

“နီနီလေး မင်းက တကယ့်ကို ဆရာကြီးပဲကွ။”

လုပေါင်က နီနီလေး၏ ခေါင်းကို ပုတ်လိုက်သည်။ပုရွက်ဆိတ်စစ်သည် တစ်သိန်းကိုသာ အသုံးချလိုက်လျှင် မည်သူက တားနိုင်ပါမည်နည်း။

ဤကယ်ဆယ်ရေးတွင် ကျွန်တော်တို့ဘက်မှ ပုရွက်ဆိတ်လေးတစ်ကောင်သာ အသက်ပေးခဲ့ရသည်။ရန်သူဘက်မှာမူ... အဲဒါကတော့ သူ စိုးရိမ်နေရမည့် အရာမဟုတ်တော့ပေ။

All Chapters