အခန်း (၆၇-၆၈)
Vol. 7 Ch. 67-68
အခန်းး ၆၇ - အောက်ခြေမရှိသောတွင်းနက်ကြီး။
ကောင်းကင်ယံ မြင့်မားကြည်လင်နေပြီး တိမ်တိုက်များက ပါးလွှာနေကာ မြေမျက်နှာသွင်ပြင်က ပြန့်ပြူးကျယ်ပြောလှသည်။မိုင်ပေါင်းထောင်ချီ ရှည်လျားလှသော မြက်ခင်းပြင်ကြီးမှာ စိမ်းလန်းသော ကော်ဇောကြီးကို ခင်းကျင်းထားသကဲ့သို့ ရှိပြီး နွားများနှင့် မြင်းများမှာလည်း ဟိုတစ်စု သည်တစ်စု ရှိနေကြသည်။စိမ်းလန်းသော လှိုင်းလုံးကြီးများသဖွယ် ကျယ်ပြောလှသော ဤဒေသမှာ သက်ဝင်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
“တကယ်ကို လှတာပဲ။”
ဤသည်မှာ လုပေါင်အတွက် မြက်ခင်းပြင်ဒေသသို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်ပြီး ရှုခင်းများကြောင့် သူ ဆွံ့အသွားရသည်။ တကယ့်ကို ခမ်းနားလှသော မြင်ကွင်းပင်ဖြစ်သည်။
သူ၏ စိတ်အခြေအနေမှာလည်း သိသိသာသာ ကြည်လင်လန်းဆန်းသွားသည်။ စနစ်မြေပုံ ကို စစ်ဆေးလိုက်ရာ အောက်ခြေမရှိသောတွင်းနက်ကြီး နှင့် အလွန်နီးကပ်နေပြီဖြစ်ကြောင်း တွေ့ရသည်။သူ၏ လက်ရှိအရှိန်ဖြင့်ဆိုပါက မိနစ် ၃၀ အတွင်း ရောက်ရှိမည်ဖြစ်သည်။
ကောင်းကင်ယံတွင် မြက်ခင်းပြင် လင်းယုန်များ ဝဲပျံနေကြသည်။လှပသော မြက်ခင်းပြင်ကြီးပေါ်တွင် ဘတ်စကတ်ဘောကွင်း တစ်ကွင်းစာခန့် ပြိုကျသွားသည့်အလား မည်းနက်နေသော အောက်ခြေမရှိသောတွင်းနက် ကြီးတစ်ခု ရှိနေသည်။ ၎င်းမှာ လူသားများကို ဝါးမျိုမည့် သားရဲကြီးတစ်ကောင်ကဲ့သို့ အောက်ခြေမမြင်ရလောက်အောင် နက်ရှိုင်းလှသည်။
ထိုနေရာတွင် တဲအချို့နှင့် လမ်းကြမ်းမောင်း ကားများ ရှိနေသည်။ နိုင်ငံခြားသား နှစ်ဦးမှာ ခေါက်ဆွဲခြောက် စားရင်း အလွန်လှပသော ဥက္ကာခဲ တစ်ခုကို ကိုင်ကာ စကားပြောနေကြသည်။
“ဘယ်လောက်ကြာဦးမလဲ။”
“ငါ့ခန့်မှန်းချက်အရတော့ နောက်ထပ် နှစ်နာရီလောက်ဆိုရင် ရပြီ။ဒီဥက္ကာခဲက ဒေါ်လာ သန်းနဲ့ချီ တန်တာ။ ငါတို့ ကံကောင်းတာ တကယ် မယုံနိုင်စရာပဲ။”
သူတို့မှာ စူးစမ်းလေ့လာရသည်ကို ဝါသနာပါသော ကမ္ဘာလှည့်ခရီးသည်များသာ ဖြစ်ကြသည်။ဒေသခံ နွားကျောင်းသားများထံမှ အောက်ခြေမရှိသောတွင်းနက်ကြီ အကြောင်း ကြားရလိမ့်မည်ဟု မထင်မှတ်ထားသလို ၎င်းအတွင်းမှ အဖိုးတန် ဥက္ကာခဲများကို ရှာတွေ့လိမ့်မည်ဟုလည်း ပို၍ပင် မထင်ထားခဲ့ကြပေ။
“ဒီအရူး နွားကျောင်းသားတွေက သူတို့ရဲ့ နွားတွေ သိုးတွေ ကျင်းထဲမကျဖို့ပဲ ဂရုစိုက်တတ်ကြတာလေ။”
“ဟားဟားဟား အောက်က အကောင်ကြီးကို ထားလိုက်ပါဦး ဒီအပိုင်းအစလေး တစ်ခုတည်းနဲ့တင် ငါတို့ တစ်နှစ်ပတ်လုံး ဘုရင်လို နေလို့ရပြီ။”
သူတို့နှစ်ဦးမှာ အလွန် စိတ်လှုပ်ရှားနေကြသည်။စကားပြောစက် ထဲမှလည်း အခါအားလျော်စွာ အသံများ ထွက်ပေါ်နေသည်။ငအခြားသူများမှာ အောက်ခြေတွင် ထိုအဖိုးဖြတ်မရသော ဥက္ကာခဲကို တူးဖော်နေကြခြင်း ဖြစ်သည်။
သန်မာသော ကြိုးများကို ကားနောက်မြီးတွင် ချည်နှောင်ထားပြီး နောက်ပိုင်းတွင် ဥက္ကာခဲကို ကားဖြင့် တဖြည်းဖြည်း ဆွဲတင်ရန် ပြင်ဆင်ထားကြသည်။
တစ်ချိန်တည်းမှာပင်
လုပေါင်သည် ပါးလေးနီနေသော တိဗက်ကလေးငယ်တစ်ဦး ထို့နောက် စာမရီနွားတစ်ကောင်နှင့် ဓာတ်ပုံတွဲရိုက်ပြီးကာစ ရှိသေးသည်။ရိုးသားပုံရသော တိဗက်အဖိုးအိုတစ်ဦးက လုပေါင်ထံမှ ယွမ် ၁၀၀ကို တောင်းခံလိုက်ပြီးနောက် ဘေးကင်းလုံခြုံ၍ ပျော်ရွှင်ပါစေကြောင်း ဆုတောင်းပေးလိုက်သည်။
“မျက်နှာဝိုင်းလေးက ချစ်စရာအကောင်းဆုံးပဲ။”
လုပေါင်သူ၏ တတိယတန်းစား ဓာတ်ပုံပညာဖြင့် ရိုက်ထားသော ပုံများကို ကြည့်ရင်း တွေးလိုက်မိသည်။မျက်နှာဝိုင်းလေးသာဆိုရင် ဓာတ်ပုံရိုက်ဖို့ ယွမ် ၁၀၀ တောင်းမှာ မဟုတ်ပေ။
သူ အောက်ခြေမရှိသောတွင်းနက်ကြီးသို့ ရောက်သောအခါ လမ်းကြမ်းမောင်း ကားများကို မြင်ပြီး ရပ်တန့်သွားသည်။ဤတွင်းကြီးကို တစ်ယောက်ယောက် ရှာတွေ့သွားခြင်းလော။၎င်းမှာလည်း နိုင်ငံခြားသားများ ဖြစ်နေသည်။
သူ ချက်ချင်းပင် နားစွင့်လိုက်သည်။သူ၏ အင်္ဂလိပ်စာမှာ တော်တော်လေး ကောင်းမွန်သဖြင့် သူရရှိလိုက်သော သတင်းအချက်အလက်များကြောင့် ဆွံ့အသွားရသည်။
ဥက္ကာခဲ၊ အဖိုးဖြတ်မရခြင်း၊ နိုင်ငံခြားသို့ ခိုးထုတ်ရန် ကြံစည်ခြင်း၊ ရောင်းချခြင်း...
အောက်ခြေမရှိသောတွင်းထဲမှာ တကယ်ပဲ ဥက္ကာခဲ ရှိနေတာလား။
စနစ်သည် သူ့ကို ဒီနေရာကို ပို့လိုက်တယ်ဆိုကတည်းက ဒီဥက္ကာခဲက သူ့ပိုင်ဆိုင်မှု ဖြစ်ရမှာ မဟုတ်လော။
‘တောက် ဒီနိုင်ငံခြားသားတွေက ငါ့ဥက္ကာခဲကို ကြံစည်ရဲတယ်ပေါ့ မဟုတ်ဘူး... သူတို့က တရုတ်နိုင်ငံရဲ့ ရတနာကို ကြံစည်နေကြတာ။’
Live လွှင့်ရမည့်အချိန် နီးကပ်လာသဖြင့် လုပေါင်သည် သူတို့၏ကားနောက်သို့ တိတ်တဆိတ် ကပ်သွားပြီး ပုန်းနေလိုက်သည်။အခြေအနေကို ပိုမိုနားလည်ရန် လိုအပ်သည်။
၁၀ မိနစ်အကြာတွင်
သူတို့၏ စကားဝိုင်းမှတစ်ဆင့် လုပေါင် အခြေအနေအရပ်ရပ်ကို သိရှိသွားသည်။ဤနိုင်ငံခြားသားများသည် နွားကျောင်းသားများထံမှ ဤတွင်းအကြောင်း ကြားခဲ့ခြင်းဖြစ်သည်။ရောက်ရှိလာပြီးနောက်တွင် အလွန်ရှားပါးသော ဥက္ကာခဲအကြီးစား တစ်လုံးနှင့် အသေးအချို့ကို တွေ့ရှိခဲ့ကြသည်။၎င်းတို့မှာ အဖိုးဖြတ်မရပေ။
ဤအုပ်စုတွင် လူ ၅ ဦး ပါဝင်ပြီး တစ်လှည့်စီ အနားယူကြသည်။ သူတို့ တူးဖော်နေသည်မှာ ၁၇ နာရီရှိပြီဖြစ်သည်။
‘ငါ ဝင်ယူရမလား။ငါသာ ယူလိုက်ရင် သတင်းက သေချာပေါက် ပျံ့နှံ့သွားမှာငါလည်း သိမ်းထားလို့ရမှာ မဟုတ်ဘူး။ ဥက္ကာခဲတွေက နိုင်ငံတော် သုတေသနအတွက် အရေးကြီးတယ်လေ။ မျိုးချစ်စိတ်ဓာတ် ထက်သန်တဲ့ လူငယ်တစ်ယောက် အနေနဲ့ တွေးကြည့်ရင်... ယူမယ်ဟေ့’
သူတို့ကို Live လွှင့်ရင်းနဲ့ပဲ လုယူလိုက်မည်ဟုတွေးလိုက်သည်။
‘နေ့ခင်းကြောင်တောင်မှာပဲတရားဝင် ဗြောင်ကျကျ လုပြမယ်။’
ထို့ကြောင့် လုပေါင်သည် မီတာအနည်းငယ်အကွာသို့ သတိဖြင့် နောက်ဆုတ်လိုက်ပြီး စနစ်ကို Live စတင်လွှင့်ခိုင်းလိုက်သည်။
လုပေါင်၏ ယနေ့ မြက်ခင်းပြင် Live အကြောင်းမှာ ပျံ့နှံ့နေပြီးသား ဖြစ်သည်။ Ocean Live Stream မှလည်း အကြီးအကျယ် ကြော်ငြာပေးထားသည်။ လူပေါင်း သိန်းနှင့်ချီ၍ စောင့်ဆိုင်းနေကြပြီး Live စတင်သည်နှင့် လူအုပ်ကြီးမှာ ရုန်းရင်းဆန်ခတ် ဖြစ်သွားတော့သည်။
“တစ်ယောက်ယောက် လာနေတယ်နွားကျောင်းသား မဟုတ်ဘူး။”
အနားယူနေသောဗလတောင့်တောင့် လူဖြူတစ်ဦးက လုပေါင်ကို အမှတ်မထင် မြင်သွားပြီး ချက်ချင်း မတ်တပ်ရပ်လိုက်သည်။
ဦးထုပ် ဆောင်းထားသော လူဖြူကြီးမှာလည်း လုပေါင်ကို မြင်သောအခါ အမူအရာ အနည်းငယ် ပျက်သွားသည်။ ပတ်ဝန်းကျင်ကို အကဲခတ်ပြီး လုပေါင် တစ်ယောက်တည်း ဖြစ်ကြောင်း အတည်ပြုပြီးနောက်မှ သူ အနည်းငယ် စိတ်အေးသွားသည်။
“Hello…”
တိုးတိုးတိတ်တိတ် တိုင်ပင်ပြီးနောက် ဗလတောင့်တောင့် လူဖြူက ရှေ့မှထွက်ကာ လုပေါင်ကို လက်ယမ်း နှုတ်ဆက်လိုက်သည်။
“ကျွန်တော် အင်္ဂလိပ်စကား မပြောတတ်ဘူး။”(English)
လုပေါင်ကလည်းလက်ပြန်ယမ်းပြရင်း အင်္ဂလိပ်စာ မတတ်ကြောင်း အင်္ဂလိပ်လိုပင် ပြန်ပြောလိုက်သည်။
ဗလတောင့်တောင့် လူဖြူမှာ ကြောင်သွားပြီး
“မင်းရဲ့ အင်္ဂလိပ်စာက တော်တော်ကောင်းနေတာပဲ မဟုတ်လား။”(English)
“ခင်ဗျား ဘာပြောလဲ ကျွန်တော် နားမလည်ဘူး။ အင်္ဂလိပ်စာ မတတ်ဘူး။ ကျွန်တော့်ကို တရုတ်လို ပြောလို့ရမလား။အင်္ဂလိပ်စာတကယ် နားမလည်ဘူး။ (English)”
လုပေါင်၏ ကျွမ်းကျင်လှသော အင်္ဂလိပ်အသံထွက်ကြောင့် နိုင်ငံခြားသားနှစ်ဦးမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။သူတို့ မကြာမီ နားလည်သွားသည်။
‘ဒီကောင်ငါတို့ကို လာနောက်နေတာလား။ဒါမှမဟုတ် ဒီစာကြောင်း အနည်းငယ်ကိုပဲ သူ သိတာလား။’
“ငါတို့ ဒီမှာ စူးစမ်းလေ့လာနေတာပါ။ ထွက်သွားပေးလို့ ရမလား။”(English)
ဗလတောင့်တောင့်လူဖြူက ယဉ်ယဉ်ကျေးကျေးနှင့် လက်သီးကို ဆုပ်ပြလိုက်သော်လည်း သူ၏ အမူအရာမှာမူ လုပေါင်ကို ခြိမ်းခြောက်နေခြင်း ဖြစ်သည်။
“ဘာလို့ ထွက်သွားရမှာလဲ။ကျွန်တော် အင်္ဂလိပ်စာ နားမလည်ဘူး။ ကျွန်တော့်ကို တရုတ်လို ပြောပေးလို့ ရမလား။” (English)
လုပေါင်၏ အင်္ဂလိပ်စာမှာ အလွန်ကောင်းမွန်နေသည်။
သူသည်ကျောင်းတုန်းက ထိပ်တန်းကျောင်းသား ဖြစ်ခဲ့သည်လေ။
“မင်း ငါတို့ကို လာနောက်နေတာလား။”(English)
ပိန်ပိန်ပါးပါး လူဖြူကြီးက လမ်းလျှောက်လာပြီး သူ၏ခါးမှ တိဗက်ဓားတစ်မြှောင်ကို အေးစက်သော အကြည့်ဖြင့် ဆွဲထုတ်လိုက်သည်။
“ငါ မင်းတို့ကို နောက်နေတော့ ဘာဖြစ်လဲ မင်းပြောတာ ငါ နားမလည်ဘူးလေ။”(English)
“တောက် အစုတ်ပလုတ်ကောင်”(English)
ပဋိပက္ခက ရုတ်တရက် ဖြစ်ပွားသွားသော်လည်း Live ကြည့်နေသော ပရိသတ်များမှာ ရယ်မောခြင်းကို မရပ်နိုင်ကြပေ။ အင်္ဂလိပ်စာ နားမလည်သူများမှာ ကြောင်နေကြသော်လည်း နားလည်သူများမှာမူ ဗိုက်အောင့်သည်အထိ ရယ်နေကြသည်။
“ဒီလောက် ကျွမ်းကျွမ်းကျင်ကျင် ပြောနေပြီးမှ မတတ်ဘူးလို့ ဟန်ဆောင်နေတာ။ဒါ တမင် သက်သက် ပြဿနာရှာနေတာ မဟုတ်လား။”
“ရှန်ဝေ ရေ မင်း ကိုယ်ခံပညာ မတတ်ဘူးလို့ ပြောနေတုန်းပဲလား ဟားဟားဟား။”
“ကျွန်တော် ဝင်လာတာနဲ့ ရှန်ဝေက လိုင်းဖူကို ရိုက်နေတာ မြင်လိုက်ရတယ် သူက ကိုယ်ခံပညာတွေသုံးပြီး ရိုက်နေတာတောင် မတတ်ဘူးလို့ ပြောနေတုန်းပဲ။”
“ဘာတွေဖြစ်နေတာလဲ။ဟိုလူနှစ်ယောက်က ကြည့်ရတာ အရမ်း ရက်စက်မယ့်ပုံပဲ ဓားတွေတောင် ထုတ်ထားပြီ။ ဒါပေမဲ့ သူတို့ ရှေ့ကလူက ကျည်ဆန်တောင် ရှောင်နိုင်တယ်ဆိုတာ သိကြရဲ့လား။သူတို့ အခု အရိုက်ခံရတော့မယ်ဆိုတာ သိကြရဲ့လား။”
“ဒီနိုင်ငံခြားသား နှစ်ယောက်တော့ တကယ့် အရိုက်ခံရခြင်းဆိုတာ ဘာလဲဆိုတာ သိတော့မယ်။”
လုပေါင်က တမင်သက်သက် ပြဿနာရှာနေခြင်း ဖြစ်သော်လည်း တစ်ဖက်လူက ခြိမ်းခြောက်ပြီး ဓားထုတ်ထားသဖြင့် ကြည့်ရှုသူ မည်သူကမျှ လုပေါင် မှားသည်ဟု မထင်ကြပေ။ထို့အစား တစ်ဖက်လူကသာ ရိုင်းစိုင်းသည်ဟု ထင်မြင်နေကြသည်။
လုပေါင်က ပြုံးလိုက်ပြီး
“တရုတ်နိုင်ငံရဲ့ အမျိုးသားရတနာကို ဒီအတိုင်း လာခိုးလို့ရမယ် ထင်နေတာလား။မင်းတို့ လူတွေကို အခုချက်ချင်း အပြင်ထွက်ခိုင်းလိုက်။ အဲဒီ ဥက္ကာခဲက တရုတ်နိုင်ငံ ပိုင်တာ။ ငါ့ဆီက ခွင့်ပြုချက်မရဘဲ ခိုးဖို့ ကြိုးစားနေတာလား။”
သူ သူတို့ကို ဆက်ပြီး မစနောက်ချင်တော့ပေ။ ကျောပိုးအိတ်ကို ချလိုက်ပြီး လက်ကောက်ဝတ်များကို အကြောလျှော့လိုက်သည်။
“သူ့ကို တားလိုက်။”
“ငါ လုပ်မယ်။”
လုပေါင်က ဥက္ကာခဲအကြောင်း ပြောလိုက်သည်နှင့် ထိုလူဖြူနှစ်ဦး ချက်ချင်း နားလည်သွားသည်။ဒီနေရာကို တစ်ယောက်ယောက် ရှာတွေ့သွားပြီဖြစ်ပြီး သူတို့နှစ်ယောက်လုံးမှာ တရုတ်စကားကို ကျွမ်းကျင်ကြသည်။ အကြည့်ချင်း ဖလှယ်ပြီးနောက် ဗလတောင့်တောင့် လူဖြူက တွန့်ဆုတ်မနေဘဲ ရှေ့သို့ ပြေးဝင်ကာ လုပေါင်၏ မျက်နှာကို လက်သီးဖြင့် ထိုးလိုက်သည်။
ပိန်ပိန်ပါးပါး လူဖြူကြီးကမူ သူ၏ စကားပြောစက်ကို သုံး၍ အောက်ဘက်ရှိ လူများကို သတင်းလှမ်းပို့ကာ အရှိန်မြှင့်ရန် ပြောလိုက်သည်။သူတို့ အခြေအနေကို သိသွားကြပြီဖြစ်၍ အမြန်လုပ်ရန် လိုအပ်သည်။
“ဘုန်းးးး”
သူ အပေါ်က အခြေအနေကို သတင်းပို့လို့ မပြီးသေးခင်မှာပင် အသံတစ်ခု ထွက်ပေါ်လာသည်။ဗလတောင့်တောင့် လူဖြူကြီးမှာ မြေပြင်ပေါ်သို့ ပျော့ခွေလဲကျသွားသည်။လုပေါင်က သူ၏လက်ကို အေးအေးဆေးဆေး ပြန်ရုပ်လိုက်သည်။သူ၏အတွက် ယခုအချိန်တွင် သာမန်လူများကို တိုက်ခိုက်ခြင်းမှာ တစ်ဖက်သတ် အနိုင်ကျင့်ခြင်းသာ ဖြစ်နေသည်။
“တောက် မင်းတို့တွေ အမြန်တက်လာခဲ့ကြစမ်း။” (English)
လူဖြူကြီး၏ မျက်နှာမှာ ဖြူဖျော့သွားသည်။ သူသည် စကားပြောစက်ထဲသို့ အော်ဟစ်လိုက်ပြီး ဓားကိုကိုင်ကာ နောက်ဆုတ်သွားတော့သည်။မြေပြင်ပေါ်က လူဖြူကြီးမှာ ဆယ်စုနှစ်တစ်ခုကျော် လေ့ကျင့်ထားသော လက်ဝှေ့သမား တစ်ဦး ဖြစ်သည်။
အခန်း ၆၈ - အဖိုးတန် ပြင်ပကမ္ဘာမှ ဥက္ကာခဲ
“ဘာဖြစ်တာလဲ။”(English)
“တောက်”
စကားပြောစက်ထဲမှ ဒေါသတကြီး ဆဲဆိုသံများ ထွက်ပေါ်လာသည်။ အောက်ဘက်ရှိ လူများ မကြာမီ တက်လာတော့မည်။လုပေါင် က Live လွှင့်နေသော ကင်မရာဘက်သို့ လှည့်ကြည့်ကာ လက်ယမ်းပြလိုက်သည်။
“ပရိတ်သက်တို့ရေ အထင်မလွဲကြပါနဲ့ဦး။ ကျွန်တော်က လူတွေကို ဒီတိုင်း လိုက်အနိုင်ကျင့်နေတဲ့ Streamer မဟုတ်ပါဘူး။ အခြေအနေကို ရှင်းပြပါရစေ။ ဟိုရှေ့ကဟာကို မြင်လား။အဲဒါ အောက်ခြေမရှိသောတွင်းနက်ကြီးပဲ။အဲဒီထဲမှာ တကယ့်ကို အဖိုးဖြတ်မရတဲ့ ဥက္ကာခဲအကြီးကြီး ရှိနေတယ်။ ကျွန်တော် အရင်ကတည်းက ဒါကို ရှာတွေ့ထားတာ နိုင်ငံတော်ကို လှူဒါန်းဖို့အတွက် တူးဖော်တဲ့ပုံစံကို Live လွှင့်ပြချင်ခဲ့တာပါ။ဒီအရာက သုတေသနလုပ်ငန်းတွေအတွက် အများကြီး အထောက်အကူပြုပါတယ်။ ဒါပေမဲ့ ကျွန်တော် Live လွှင့်ဖို့ ကြိုးတွေယူပြီး ပြန်လာတဲ့အချိန်မှာပဲ ပစ္စည်းခိုးနေတဲ့ သူခိုးတစ်စုနဲ့ တိုးတော့တာပဲ။ကျွန်တော်တို့ တရုတ်ပြည်ကြီးရဲ့ ပိုင်ဆိုင်မှုတွေကို ခင်ဗျားတို့ ဒီတိုင်း လာခိုးလို့ရမလား။”
“ကြည့်ကြပါဦး ကြည့်ကြပါဦး”
လုပေါင်သည် သတိလစ်နေသော လူဖြူအမျိုးသား၏ ခါးမှ အိတ်ကို ဆွဲယူလိုက်သည်။ သူ၏လက်ထဲတွင် ရွှေရောင်ဖျော့ဖျော့ အမည်းရောင်နှင့် ငွေရောင်များ တောက်ပနေသော ဥက္ကာခဲငယ် အချို့ ပါလာသည်။
တကယ်ကို လှပလွန်းသည်။
လုပေါင်ကိုယ်တိုင်ပင် အံ့အားသင့်သွားရသည်။ထိုဥက္ကာခဲက အရမ်းလှလွန်းနေသည်။Live ကြည့်နေသော ပရိသတ်များမှာလည်း ဆွံ့အသွားကြသည်။
“ဥက္ကာခဲတွေတကယ်ရှိတာပဲ...”
“ဘုရားရေ ဥက္ကာခဲတွေပဲ။”
“အရမ်းလှတာပဲ ဘာလဲ နိုင်ငံခြားသားတွေက ငါတို့တရုတ်ပြည်ထဲ လာပြီး ဥက္ကာခဲ ခိုးနေကြတာလား။”
“ရတနာနတ်ဘုရား က ဒါတွေကို ဘယ်လိုရှာတွေ့တာလဲ။ဒီလူက ရတနာရှာတဲ့ ကြွက် လား။”
“ရတနာနတ်ဘုရား ရှာတွေ့လို့ တော်သေးတာပေါ့ မဟုတ်ရင် နိုင်ငံခြားကို အခိုးခံလိုက်ရရင် တရုတ်ပြည်အတွက် ဆုံးရှုံးမှုကြီးပဲ မဟုတ်လား။သူ့ကို ဘာလို့ ရတနာနတ်ဘုရားလို့ ခေါ်လဲဆိုတာ အခုမှ သိတော့တယ်။ သူက ရတနာရှာဖွေရေး နတ်ဘုရားပဲ။”
“တောက် ခင်ဗျားတို့ နိုင်ငံခြားသားတွေ ဥပဒေချိုးဖောက်နေတာ သိရဲ့လား။”
“သူတို့ကို သေအောင် ရိုက်သတ်လိုက်။”
ဥက္ကာခဲများ ပေါ်လာခြင်းက Live လွှင့်ခန်းကို အကြီးအကျယ် ပွက်လောရိုက်သွားစေသည်။လုလင်းဟွာ ၏ ခေါင်းထဲတွင် တဝီဝီ မြည်နေတော့သည်။ဤကဲ့သို့သော Live မျိုးကို ဘယ်သူက မကြည့်ဘဲ နေနိုင်မည်နည်း။တကယ့် နတ်ဘုရားအဆင့် Liveပင် ဖြစ်သည်။
လုပေါင်သည် ဓားကိုင်ထားသော လူဖြူကြီးကို ဂရုမစိုက်ဘဲ အောက်ခြေမရှိသောတွင်းနက်ကြီး၏ အစွန်းသို့ လမ်းလျှောက်သွားလိုက်သည်။
“တီ... အောက်ခြေမရှိသောတွင်းတွင် လက်မှတ်ထိုးဝင်နေပါသည်...”
တာဝန်စတင်နေပြီ ဖြစ်သည်။
လုပေါင် ငုံ့ကြည့်လိုက်သောအခါ မျက်လုံးများပင် ထုံကျင်သွားသည်။ မျောက်ဝံတိုက်ကွက်တွင် ညဘက်မြင်နိုင်စွမ်း ပါရှိပြီး သူ၏အမြင်အာရုံမှာ အလွန်စူးရှသည်။ဤတွင်းကြီးမှာ အောက်ခြေမရှိသယောင် ထင်ရသော်လည်း တွင်းနံရံများမှာ ကြယ်တာရာပင်လယ်ကြီးကဲ့သို့ ဖြစ်နေသည်။ အရွယ်အစားမျိုးစုံရှိသော ဥက္ကာခဲများသည် အောက်သို့ နက်သွားလေလေ ပိုများလာလေလေ ဖြစ်သည်။ ဤနိုင်ငံခြားသားများ ရှာတွေ့ထားသည်မှာ အစိတ်အပိုင်း အသေးလေးတစ်ခုသာ ရှိသေးသည်။
‘ဒါတွေအားလုံးက ဥက္ကာခဲတွေလား။ ဘာလို့ ဒီလောက်တောင် များနေရတာလဲ။’
“ရားးးး”
လုပေါင်သည်တွင်းကြီးထဲသို့ အားရပါးရ အော်ဟစ်လိုက်သည်။ ခဏချင်းမှာပင် အသံမှာ ပဲ့တင်ထပ်ကာ ဝေးရာသို့ ပျံ့လွင့်သွားပြီး တိတ်ဆိတ်သွားတော့သည်။ တကယ်ကို အောက်ခြေမရှိသောတွင်းကြီးပင်။
“ဖတ်”
အောက်ဘက်မှ ဆဲဆိုသံတစ်ခု တက်လာသည်။
“ဖတ် မင်းဘိုးအေကို ဖတ်”
လုပေါင်ကပြန်ဆဲလိုက်သည်။ ယခုအချိန်တွင် သူ၏စိတ်ထဲ၌ ဤဥက္ကာခဲအချို့ကို မည်သို့ရအောင် ယူရမည်ကိုသာ တွေးနေမိသည်။ဤမျှအဖိုးတန်သော ဥက္ကာခဲများကို မြင်ပြီး မည်သူက မလိုချင်ဘဲ နေနိုင်မည်နည်း။
“မင်းလို အမှိုက်ကောင်က တရားမျှတစွာ မယှဉ်ဘဲ နောက်ကျောကို ဓားနဲ့ထိုးဖို့ပဲ ကြံနေတာလား။”
လုပေါင် လှည့်ပြီး လက်ဝါးဖြင့် ရိုက်လိုက်သည်။ဓားဖြင့်ထိုးရန် ကြိုးစားနေသော လူဖြူကြီးမှာ မြေပြင်ပေါ်တွင် လူးလိမ့်သွားပြီး သွားအချို့ ကျွတ်ထွက်ကာ သတိလစ်သွားတော့သည်။
“ဆောရီး ဆောရီး အားပါသွားတယ်။ နောက်တစ်ခါကျရင် အားလျှော့ရိုက်ပါ့မယ်။”
လုပေါင်သူ၏လက်ကို ကြည့်လိုက်သည်။ နောင်ကျရင် မျက်နှာဝိုင်းလေး ကို ရိုက်မိရင် သူမသေသွားမှာ စိုးရိမ်ရမည်။ဒါပေမဲ့ သူမက နောက်ပိုင်းမှာ အသားလေး နည်းနည်းတက်လာတော့ ခံနိုင်ရည် ရှိလောက်ပါမည်။ သူပေးထားသော အစာစားချင်စိတ် ဖြစ်ပေါ်စေသည့် အသီးကြောင့် သူမ၏ ကိုယ်အလေးချိန် မတက်သော ထူးခြားသည့် ခန္ဓာကိုယ်မှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
သူမမသိသေးသော်လည်း မကြာမီမှာ ဝမ်းနည်းစရာကောင်းသော ဝိတ်ချခြင်း လုပ်ငန်းစဉ်နှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
‘အခုတော့ပျော်ပျော်ကြီး စားပါစေဦးလေ။’
မကြာမီ အောက်ခြေမရှိသောတွင်းနက်ကြီး ထဲမှ ဆံပင်ရွှေရောင် မျက်လုံးပြာနှင့် အမျိုးသမီးတစ်ဦး တက်လာသည်။ သူမက သိပ်တော့ မလှပေ။ခေါင်းပြူထွက်လာသည်နှင့် လုပေါင်က သူမ၏ အော်ဟစ်သံနှင့်အတူ လက်ဝါးဖြင့် ရိုက်ချလိုက်ပြီးနောက် အပြင်သို့ ဆွဲထုတ်ကာ မြက်ခင်းပေါ် ပစ်တင်လိုက်သည်။
‘သတိလစ်သွားပြန်ပြီ။’
“မင်း ဘယ်သူလဲ။ဘာလိုချင်တာလဲ။”
အောက်ဘက်ရှိ လူများမှာ အပေါ်သို့ မတက်ရဲကြတော့ပေ။
“စကားများမနေနဲ့။ တက်မလာရင် ငါ ကြိုးဖြတ်ချလိုက်မှာနော်။”
လုပေါင်က ဓားတစ်မြှောင်ကို ကောက်ကိုင်ပြီး အောက်ဘက်သို့ ချိန်ပြလိုက်သည်။
ဖ၊ဆဪ
“မလုပ်ပါနဲ့ မလုပ်ပါနဲ့ ညီလေး။ ဒါက အထင်လွဲတာပါ။ ကျွန်တော်တို့က ဒီနေရာကို စူးစမ်းလေ့လာနေတာပါ။ ကျွန်တော်တို့က စူးစမ်းရှာဖွေသူတွေပါ။”
အောက်ဘက်ရှိလူများမှာ ထိတ်လန့်ကုန်ကြသည်။ ဤတွင်းကြီး၏ အစွန်းများတွင် ပျားအုံကဲ့သို့ အပေါက်ငယ်လေးများစွာ ရှိနေသော်လည်း ၎င်းတို့ကို အသုံးပြု၍ တက်ရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။ကြိုးမရှိပါက သူတို့ တွင်းထဲမှာပဲ သေသွားနိုင်သည်။
လူဖြူလူငယ်တစ်ဦး အရင်ဆုံး တက်လာပြီး လုပေါင်ကို ထိတ်လန့်တကြား ကြည့်ကာ သတိလစ်နေသော လူများကို ကြည့်လိုက်သည်။သူ၏နောက်တွင် အလွန်လှပသော ဆံပင်ရွှေရောင် မိန်းကလေးတစ်ဦး ပါလာသည်။ သူတို့နှစ်ယောက်လုံး တုန်တုန်ရင်ရင်ဖြင့် စုကပ်နေကြပြီး
“ဘာ... ဘာလိုချင်တာလဲ ကျွန်တော်တို့... ကျွန်တော်တို့ ရှိတာတွေ အကုန်ပေးပါ့မယ်...”
“မင်းတို့ တရုတ်စကား တော်တော်တတ်တာပဲ။ မောင်နှမတွေလား။”
လုပေါင်က ထိုလှပသော နိုင်ငံခြားသူလေးကို ကြည့်လိုက်သည်။ ဤမျှလှသော အလှမျိုးမှာ ရှားပါးလှသည်။သူမက တကယ့် အလှလေးပင်ဖြစ်သည်။သူ သဘောကျမိသွားသည်။
“အမ်မာ က ကျွန်တော့်ဇနီးပါ၊ ကျွန်တော်တို့...”
“ဪ...ဇနီးလား မင်းအဖေပဲ။”
လုပေါင်က သူ့ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ထိုလူငယ်မှာ ရှေ့ကမြင်ကွင်းတွေ မှောင်အတိကျသွားပြီးစကားပင် မဆုံးသေးမီ သတိလစ်သွားတော့သည်။
“အားးးး”
မိန်းကလေးကထအော်လိုက်တော့သည်။
“ဖတ်”
လုပေါင်သည် အမ်မာဆိုသည့် ထိုအလှလေးကိုလည်း ဘာမှမစဉ်းစားဘဲ လက်ဝါးဖြင့် ရိုက်ကာ သတိလစ်သွားစေခဲ့သည်။
“အိမ်ထောင်ကျပြီးသားလား။ငါ့ရဲ့ ခံစားချက်တွေကို အလဟဿ ဖြစ်အောင် လုပ်နေတာပဲ။”
လုပေါင်ကညည်းတွားရင်း အောက်ခြေမရှိသောတွင်းနက်ကြီးဘက်သို့ ပြန်လှည့်လိုက်သည်။သူရိုက်လိုက်သော ဤလူများမှာ နာရီအတော်ကြာအောင် နိုးလာကြမည် မဟုတ်ပေ။
တွင်းကြီးအတွင်းရှိ အပူချိန်မှာ အနည်းငယ် မြင့်မားနေပြီး အပူချိန် မြင့်မားစွာဖြင့် အရည်ပျော်ထားသကဲ့သို့ ခံစားရသည်။ကျောက်နံရံများမှာ သံမဏိကဲ့သို့ မာကျောနေပြီး ကျောက်ဖြစ်ရုပ်ကြွင်းသဖွယ် ဖြစ်နေသည်။ လုပေါင်သည် ကြိုးကို အသုံးမပြုဘဲ သူ၏လက်ဗလာဖြင့် တွင်းကြီးထဲသို့ လျင်မြန်စွာ ဆင်းသွားသည်။
တွင်းကြီးအတွင်း၌ ကျောက်နံရံများတွင် မြှုပ်နေသော ဥက္ကာခဲများကို ခဏခဏ တွေ့ရပြီး ဆွဲဆောင်မှုရှိသော အရောင်အဝါများဖြင့် တောက်ပနေကြသည်။ဤမြင်ကွင်းက အမြင့်ကြောက်သော ပရိသတ်များစွာကို ထိတ်လန့်သွားစေခဲ့သည်။ဤတွင်းကြီး၏ အသွင်အပြင်နှင့် များပြားလှသော ဥက္ကာခဲများမှာလည်း လူအများ၏ အာရုံစိုက်မှုကို ရရှိစေခဲ့သည်။
လူကြီးတစ်ယောက် အရွယ်အစားရှိသော ဥက္ကာခဲကြီးတစ်ခု ပေါ်လာသောအခါ ဈေးကြီးလွန်းသည်၊ အဖိုးဖြတ်မရ၊ရတနာ၊လှပသည် နှင့် ကြယ်များ ဟူသော စကားလုံးများ လူတိုင်း၏ စိတ်ထဲသို့ ရောက်ရှိလာသည်။
ဥက္ကာခဲကြီးမှာပျားအုံပုံစံ ဖြစ်နေပြီး တောက်ပသော ရွှေရောင်နှင့် အမည်းရောင်များ ရောယှက်နေသည်။ထိုနေရာတွင် တူးဖော်ရေး ကိရိယာအချို့ကိုလည်း တွေ့ရသဖြင့် ဤနိုင်ငံခြားသားများသည် တူးဖော်ပြီးစီးရန် နီးစပ်နေပြီဖြစ်ကြောင်း ထင်ရှားသည်။
“ပရိတ်သက်တို့ရေ ငါတို့တွေ ရတနာပုံကြီးနဲ့တိုးပြီ ဒါကို ငါသာ နိုင်ငံတော်ကို မအပ်ရင် ဟိုတူနဲ့ ထုထားတဲ့ ခေါင်းမျိုးနဲ့ ပညာရှင်တွေက ငါ့ကို နားပူအောင် လုပ်ကြတော့မှာ။”
လုပေါင်ကဥက္ကာခဲ၏ မျက်နှာပြင်ကို အသာအယာ ပွတ်သပ်လိုက်သည်။ကိုင်လိုက်လျှင် အနည်းငယ် ပူနေသည်။
‘အောင်ပွဲခံအလံလေး လက်မှတ်နဲ့ ဆုငွေ ၅၀၀ ကတော့ ငါ့အတွက်ပဲ။ စိတ်လှုပ်ရှားစရာပဲ။’
“ဝူးးးးး”
အောက်ဘက်မှ ပြင်းထန်သော လေစီးကြောင်းတစ်ခု အပေါ်သို့ တိုးထွက်လာသည်။လုပေါင် အံ့ဩသွားသည်။ဤအောက်ခြေမရှိသောတွင်းထဲမှာ ဘာကြောင့်လေစီးကြောင်း ရှိနေရသနည်း။ထို့ပြင် ဒီလေစီးကြောင်းက ထူးဆန်းနေပြီး အပူတွေ ပါနေသေးသည်။
တွင်းနက်ကြီးထဲကို ငုံ့ကြည့်ရင်း လုပေါင်၏ စိတ်ထဲမှာ တစ်ခုခုကို ခံစားလိုက်ရသည်။ စနစ် ၏ လက်မှတ်ထိုးဝင်ရန်တာဝန်ပေးခြင်း မှာ ဤမျှ မရိုးရှင်းနိုင်ပေ။အောက်မှာ သတ္တဝါတစ်ကောင် ရှိနိုင်သည်။သို့မဟုတ် ချော်ရည်တွေလည်းရှိနိုင်သည်။
ဝံပုလွေဂူ ကျားဂူ မျောက်ဖြူဂူ ပင်လယ်အောက်ခြေ ဒါမှမဟုတ် တောင်စောင့်နတ်ကျောင်း၊ လက်မှတ်ထိုး ဝင်တဲ့ နေရာတိုင်းမှာ သတ္တဝါတွေ ပေါ်လာလေ့ရှိသည်။ဥက္ကာခဲက ပစ်မှတ်မဟုတ်ဘဲ အောက်မှာ တစ်ခုခု ရှိနေခြင်းဖြစ်နိုင်သည်။
“ပရိတ်သက်တို့ရေ ဒီတွင်းက ဘယ်လောက်နက်လဲဆိုတာ ကျွန်တော် စမ်းသပ်ကြည့်မယ်။အောက်မှာ လေစီးကြောင်း ရှိနေတယ်တစ်ခုခု ထူးဆန်းတာ ရှိနေနိုင်တယ်။ ကျွန်တော် ဆင်းကြည့်ဦးမယ်။”
လုပေါင်နားလည်သွားပြီ; စနစ်ကတာဝန်ပေးခြင်း ဆိုတာ ထင်သလောက် မရိုးရှင်းပေ။ သူက ပရိသတ်တွေကို နှုတ်ဆက်လိုက်ပြီး တွင်းအောက်ခြေဘက်သို့ တွားဆင်းသွားလေတော့သည်။
ဤကဲ့သို့ အသက်ဘေးကို ဂရုမစိုက်သော လုပ်ရပ်က ကြည့်ရှုသူများ၏ စိတ်နှလုံးကို တုန်ယင်သွားစေသည်။
“ဒီဘက်ခေတ် Streamer တွေက ဒီလောက်တောင် အစွမ်းထက်နေကြတာလား။”
“ကျွန်တော် Live တွေ ဘယ်တုန်းကမှ မကြည့်ဘူး ဒါပေမဲ့ ရတနာနတ်ဘုရားရဲ့ Live ကို စကြည့်မိကတည်းက ဇာတ်လမ်းတွဲတွေတောင် မကြည့်ချင်တော့ဘူး။”
“သူသာ ပြုတ်ကျသွားရင်...”
“အချိန်သာ ပေးမယ်ဆိုရင် သူ တကယ်ပဲ တွင်းအောက်ခြေအထိ ရောက်သွားနိုင်မယ်လို့ ထင်တယ်...”
“ဥက္ကာခဲတွေ ဥက္ကာခဲတွေကို တူးဦးလေကျွန်တော်တို့က ရတနာရှာတာ ကြည့်ချင်တာပါ ရင်ခုန်စရာတွေ အရင်မလုပ်ပါနဲ့ဦး။ ဥက္ကာခဲ တူးတာက ပိုမကောင်းဘူးလားဟာ... နောက်ထပ် ဥက္ကာခဲကြီး တစ်လုံး။”
“ဘုရားရေ ဥက္ကာခဲတွေ ဒီလောက်တောင် များနေတာလား။”
အပေါ်က တစ်လုံးထက်တောင် ပိုကြီးသော နောက်ထပ် ဥက္ကာခဲကြီး တစ်လုံး ပေါ်လာပြန်သည်။ဤနေရာတွင် တွားတက်ရန်မှာ အလွန်ခက်ခဲလှသည်။ မျောက်ဝံတိုက်ကွက်ကို တတ်မြောက်ထားသော လုပေါင်အတွက်ပင်လျှင် အရှိန်မှာ မမြန်လှပေ။အောက်သို့ နက်သွားလေလေ အပူချိန်မှာ တဖြည်းဖြည်း မြင့်တက်လာလေလေ ဖြစ်သည်။မြေတွင်းအပူရှိန် ဖြစ်မည်ဟု လုပေါင် နားလည်လိုက်သည်။ဤနေရာရှိ ဥက္ကာခဲများမှာလည်း ပို၍ များပြားလာတော့သည်။