← Chapters

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း ၆၉ - မြွေဟောက်မည်းနှင့် အောက်ခြေမရှိသောတွင်းနက်ကြီး။

ဥက္ကာခဲများသည် အလွန်တန်ဖိုးကြီးမားလှသည်။၎င်းတို့တွင် ကမ္ဘာပေါ်၌ ရှားပါးသော သို့မဟုတ် လုံးဝမရှိသော သတ္တုဓာတ်များ ပါဝင်နေပြီး ပြန်လည်ပြည့်ဖြိုးမြဲမဟုတ်သည့် ရှားပါးအရင်းအမြစ်များ အမျိုးအစားတွင် ပါဝင်သည်။ထို့အပြင် ဥက္ကာခဲများတွင် ဆဲလ်များကို ပြန်လည်ပြုပြင်ပေးခြင်း၊ဒဏ်ရာပျောက်ကင်းမှုကို မြန်ဆန်စေခြင်း၊ ဆဲလ်ဇီဝဖြစ်စဉ်ကို ကောင်းမွန်စေခြင်း၊ ဆဲလ်များကို အသွင်ပြောင်းလဲပေးခြင်း၊ ခန္ဓာကိုယ်ကို ထိန်းညှိပေးခြင်း၊ ဗိုင်းရပ်စ်ဆန့်ကျင်ခြင်းနှင့် အိုမင်းရင့်ရော်မှုကို တားဆီးပေးခြင်း အစရှိသည့် မရေမတွက်နိုင်သော အံ့ဖွယ်အစွမ်းသတ္တိများ ရှိကြသည်။

မှန်ပါသည်။ဘေးအန္တရာယ်ရှိသော ရေဒီယိုသတ္တိကြွ ဥက္ကာခဲများလည်း ရှိတတ်ကြသည်။

“ဘုရားရေ... တစ်ကမ္ဘာလုံးမှာတောင် ဒီလောက်များတဲ့ ဥက္ကာခဲတွေ ရှိမှာမဟုတ်ဘူး။”

လုပေါင်သည် နွားသိုးအိုကြီးတစ်ကောင်ခန့် ပမာဏရှိသည့် ဥက္ကာခဲကြီးတစ်လုံး ကျောက်နံရံတွင် မြှုပ်နေသည်ကို မြင်သောအခါ ဆွံ့အသွားရပြီး ၎င်းအပေါ်တွင် ရပ်ကာ အကြာကြီး ငေးကြည့်နေမိသည်။

ဤအောက်ခြေမရှိသောတွင်းနက်ကြီးသာ်ဥက္ကာခဲမိုးတွေ ရွာချခြင်းကြောင့် ဖြစ်သွားခြင်းလော။

လုပေါင် အကြာကြီး လေ့လာနေမိသည်။ ပြည်တွင်းရှိ သုတေသီများစွာမှာမူ ရူးသွပ်လုနီးပါး ဖြစ်နေကြသည်ကို သူ မသိခဲ့ပေ။ဤသည်မှာ ယခင်က တစ်ခါမှ မပေါ်ပေါက်ဖူးသေးသော ဥက္ကာခဲအမျိုးအစား ဖြစ်သည်။ အပြင်ပန်းကို ကြည့်ရုံနှင့်တင် ၎င်း၏တန်ဖိုးမှာ အလွန်မြင့်မားမည်ကို သူတို့ သိနေကြသည်။

မြေအောက် မီတာ ၅၀၀၊ ၁၀၀၀၊ ၂၀၀၀... မီတာ ၂၀၀၀ အရောက်တွင် အပူချိန်မှာ ၅၀ ဒီဂရီဆဲလ်စီးယပ်စ် ထက် ကျော်လွန်နေပြီဖြစ်သော်လည်း လုပေါင်၏ ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် ဤအပူချိန်ကို သူ ဂရုမစိုက်ပေ။သူသည် ခဏရပ်လိုက်ပြီး မလှမ်းမကမ်း ကျောက်နံရံပေါ်ရှိ ထူးဆန်းသော ဂူပေါက်ဝများစွာကို စိုက်ကြည့်နေမိသည်။ထိုဂူပေါက်ဝများမှာ လူတစ်ရပ်စာခန့် မြင့်ကြသည်။အကြောင်းရင်းမသိဘဲ လုပေါင်သည် ဖိအားပေးခံရသည့် ခံစားချက်ကို လှိုင်းလုံးများသဖွယ် ခံစားနေရသည်။

‘သက်ရှိသတ္တဝါတစ်ကောင် ရှိနေတယ်။’

မျှော်လင့်ထားသည့်အတိုင်းပင် အောက်ခြေမရှိသောတွင်းနက်ကြီးအတွင်း၌ လျှို့ဝှက်ဆန်းကြယ်သော သတ္တဝါများ ရှိနေကြသည်။ လုပေါင်သည် သတိဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။သူ၏ အမူအရာက ရုတ်တရက် တည်ကြည်သွားသဖြင့် Live ကြည့်နေသူများလည်း ကြောင်သွားကြသည်။ဆူညံနေသော Live ခန်းမကြီးမှာ သိသိသာသာ တိတ်ဆိတ်သွားတော့သည်။

“ဒီမှာ သတ္တဝါတစ်ကောင် ရှိနေပုံရတယ်တော်တော်လေးကြီးတဲ့ အကောင်ပဲ။”

လုပေါင်ကLive ကင်မရာကို တိုးတိုးလေး အချက်ပြလိုက်ပြီး ဧရာမ ဂူပေါက်ဝကြီးတစ်ခုဆီသို့ တဖြည်းဖြည်း တွားသွားလိုက်သည်။ သူ လက်မှတ်ထိုးဝင်ရန်အချိန်ကို စစ်ဆေးလိုက်ရာ တစ်နာရီခွဲခန့် ကုန်ဆုံးသွားပြီဖြစ်သည်။

ဂူပေါက်ဝတွင် ထူးဆန်းသော လျှောတိုက်ထားသည့် အမှတ်အသားအချို့ ရှိနေသည်။ လုပေါင် အသေအချာ အကဲခတ်ပြီးနောက် အတွင်းသို့ လမ်းလျှောက်ဝင်သွားသည်။ အထဲတွင် အလွန်ပူပြင်းပြီး အသက်ရှူရ ကျပ်လှသည်။ဂူအတွင်းရှိ ဖိအားပေးမှုမှာ Live ကြည့်နေသူများပင် ခံစားနေရပြီး လုပေါင်သည် အချိန်မရွေး ထွက်လာမည့် မိစ္ဆာကောင်၏ ဝါးမျိုခြင်းကို ခံရတော့မည့်အတိုင်းပင်။

မိနစ် ၂၀ ခန့် လမ်းလျှောက်သွားပြီးနောက် မီးခိုးရောင်ရင့်ရင့် ရောင်ပြန်ဟပ်မှုတစ်ခုက လုပေါင်၏ အာရုံကို ဖမ်းစားလိုက်သည်။ သတိဖြင့် ချဉ်းကပ်ကြည့်လိုက်သောအခါ သူ၏မျက်လုံးများ ထိတ်လန့်တကြား ပြူးထွက်သွားရသည်။၎င်းမှာ လူကြီးတစ်ယောက်၏ လက်ဖဝါးအရွယ်အစားရှိသော မီးနီရောင် အကြေးခွံတစ်ခု ဖြစ်နေသည်။

“ဘာကြီးလဲဟ။”

လုပေါင်သည် ထိုအကြေးခွံကို ကောက်ယူလိုက်ရာ ဦးရေပြားများ ထုံကျင်သွားပြီး

“ဒါက မြွေအကြေးခွံနဲ့ တူတယ် ဘာမိစ္ဆာကောင်လဲမသိဘူး။”

ဒီလောက်ကြီးတဲ့ မြွေဆိုရင် သူ၏ ရင်းနှင်းမှုစွမ်းရည် အလုပ်ဖြစ်ပါ့မလားဆိုတာ သေချာမသိနိုင်ပေ။ပင်လယ်ထဲက ပင်လယ်မြွေဟောက်ကြီးတောင်မှ သူ၏ စွမ်းရည်နှင့် ပင်လယ်ဘုရင် ခန္ဓာကိုယ်ပေါင်းစပ်မှုကြောင့်သာ ခွဲမရအောင် ခင်မင်သွားခဲ့ခြင်းဖြစ်သည်။

ဒါပေမဲ့ ဒါကတော့... လုပေါင် လှည့်ထွက်ရန် ပြင်လိုက်သည်။ဒီနေရာသည် အလွန်အန္တရာယ်များလွန်းသည်။

ဤအကြေးခွံတစ်ခုတည်းကပင် Live ကြည့်ရှုသူအားလုံးကို ဆွံ့အသွားစေသည်။

“လက်ဖဝါးအရွယ်အကြေးခွံကြီးလား။ ပြီးတော့ တော်တော်လည်း ထူတယ်။ ဒီတွင်းကြီးရဲ့ အောက်ခြေမှာ ဘယ်လိုမိစ္ဆာကောင်မျိုး ရှိနေတာလဲ။”

အောက်ခြေမရှိသောတွင်းနက်ကြီးက အဆုံးသတ်တော့မည့်ပုံပေါ်သည်ကို လုပေါင် ခံစားရသော်လည်း သူ ဆက်မဆင်းရဲတော့ပေ။ရင်းနှီးမှုစွမ်းရည် ရှိနေရင်တောင် ဤကဲ့သို့ အသက်နှင့်မလဲဝံ့ပေ။

အပေါ်သို့ ပြန်တက်နေစဉ် လုပေါင် တစ်ခုခု မှားယွင်းနေသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။အနောက်ဘက်မှ မျက်လုံးတစ်စုံက သူ့ကို စိုက်ကြည့်နေသည်ကို သူ အာရုံခံမိလိုက်သည်။သူ ချက်ချင်း လှည့်ကြည့်လိုက်သော်လည်း ဘာမှမတွေ့ရပေ။

“ငါ... ငါ... ဘုရားရေ...”

အသေအချာ အကဲခတ်ကြည့်သောအခါ လုပေါင်၏ ခြေထောက်များ တုန်ယင်လာသည်။ဘာမှမရှိသော ကျောက်နံရံပေါ်တွင် ဝေဝါးလှသော မျက်နှာတစ်ခုက သူ့ကို စိုက်ကြည့်နေသည်။

ဤသည်မှာ မြွေဟောက်မည်း နှင့် တူသော ဧရာမမြွေကြီးတစ်ကောင်ပင် ဖြစ်သည်။ ၎င်း၏ ဧရာမ ခန္ဓာကိုယ်မှာ ပတ်ဝန်းကျင်အရောင်နှင့် တစ်သားတည်း ဖြစ်နေသည်။၎င်း၏ မျက်လုံးများမှာ ဥက္ကာခဲများနှင့် အရောင်တူမနေပါကလုပေါင် ရှာတွေ့နိုင်မည် မဟုတ်ပေ။သူက ထိုအကောင်ကြီး၏ ရှေ့တည့်တည့်ကနေ အောက်ကို ဆင်းသွားခဲ့ခြင်းဖြစ်သည်။

သူက မြင်နေရသော်လည်း Live ကြည့်နေသူများမှာ မမြင်ရပေ။လုပေါင်သည် တစ်ခုခုကို မြင်လိုက်ရသည့်အလား ကျောက်နံရံ၏ အစိတ်အပိုင်းတစ်ခုကို ထိတ်လန့်တကြား ကြည့်နေသည်ကိုသာ သူတို့ မြင်ကြရသည်။

‘စနစ်... မင်း ငါ့ကို သတ်မလို့လား ဒါ ဘာကြီးလဲ။’

လုပေါင် တံတွေးကို ခက်ခက်ခဲခဲ မျိုချရင်း ပုန်းကွယ်နေသော ဧရာမမြွေကြီးနှင့် မျက်လုံးချင်း ဆုံလိုက်သည်။ဤမြွေသည် မတော်တဆ ပြုတ်ကျလာပြီး ဤထူးခြားသော ပတ်ဝန်းကျင်အောက်တွင် အသွင်ပြောင်းလဲသွားခြင်း ဖြစ်ပေလိမ့်မည်။ သူ ကိုင်ထားသော အကြေးခွံမှာ လွန်ခဲ့သော အချိန်အတော်ကြာက ကွာကျခဲ့ခြင်း ဖြစ်နိုင်သည်။ဤမြွေကြီး၏ ကိုယ်ပေါ်က အကြေးခွံများမှာ သူကောက်ရခဲ့သော အကြေးခွံထက် အဆပေါင်းများစွာ ပိုကြီးနေသေးသည်။

တစ်မိနစ်၊ ငါးမိနစ်၊ ဆယ်မိနစ်... မိနစ် ၂၀... ဤမြွေမှာ သက်ရှိထင်ရှားဖြစ်ပြီး သူ့ကို အကဲခတ်နေကြောင်း လုပေါင် သေချာသွားသည်။တစ်ဖက်လူက မလှုပ်ရှားသဖြင့် သူလည်း မလှုပ်ရဲပေ။ထို့အပြင် ဤမြွေက သူ့အပေါ် ရန်လိုခြင်း ရှိ မရှိကိုလည်း သူ အကဲခတ်နေရသည်။

မိနစ် ၂၀ ခန့် အကဲခတ်ပြီးနောက် မြွေကြီး၏ မျက်လုံးထဲတွင် စူးစမ်းလိုသည့် အရိပ်အယောင်တစ်ခုကို သူ နောက်ဆုံးတွင် မြင်လိုက်ရသည်။Live ကြည့်နေသူများမှာမူ လုပေါင် ဘာကို မြင်နေရမှန်း မသိသဖြင့် သေလုမတတ် စိုးရိမ်နေကြသည်။

“အဲဒါ...”

လုပေါင်မပြောဘဲ မနေနိုင်တော့ဘဲ တိုးတိုးလေး ရေရွတ်လိုက်သည်။

“ကျွန်တော်... ကျွန်တော်က ဒီအတိုင်း ဖြတ်သွားတာပါ စူးစမ်းချင်လို့ ဝင်ကြည့်တာပါ။ အဆင်ပြေရင်... ကျွန်တော် သွားတော့မယ်နော်...”

၎င်းက သူ့ကို တိုက်ခိုက်မည့် အစီအစဉ် ရှိပုံမရပေ။ ၎င်းက... စူးစမ်းနေရုံသက်သက်လော။မြွေဟောက်မည်းကြီးက ခေါင်းကို စောင်းလိုက်ပြီး သူ၏ခေါင်းကို လုပေါင်အနားသို့ တဖြည်းဖြည်း တိုးလာသည်။ကိုယ်ပျောက်နေသည့် အစွမ်းမှာ ပျောက်ကွယ်သွားပြီး ဧရာမ ခေါင်းကြီးတစ်ခု လုပေါင်၏ ရှေ့မှောက်တွင် ပေါ်လာတော့သည်။

လုပေါင် တံတွေးမျိုချရင်း အတင်းပြုံးလိုက်ရသည်။၎င်း၏ အရှိန်အဝါက သူ့ကို အလွန်အမင်းကြောက်ရွံ့စေသည်။ပင်လယ်မြွေဟောက်ကြီးနှင့်တွေ့တုန်းက သူ ဒီလောက်အလေးမထားခဲ့သော်လည်း ဤတစ်ကောင်ကတော့ ကွဲပြားနေသည်။၎င်း၏ အရှိန်အဝါက သူ့ကို အလွန်အမင်း မလုံခြုံသလို ခံစားရစေသည်။

လုပေါင် ဘာကို ကြောက်နေတာလဲဆိုတာ စူးစမ်းရင်း စိတ်လှုပ်ရှားနေကြသော ပရိသတ်များမှာ ဧရာမ မြွေကြီး ပေါ်လာသောအခါတွင်မှ ဆွံ့အသွားကြတော့သည်။

“ရတနာနတ်ဘုရား စကားများနေတာကို မကြောက်ဘူး သူ တိတ်ဆိတ်သွားတာကိုပဲ ကြောက်တာ။ ကြောက်စရာကြီး...”

“ဘုရားရေ...”

“ကိုယ်တောင် ဖျောက်နိုင်တာလား ငါတို့ အကြာကြီး ကြည့်နေတာတောင် မရိပ်မိဘူး...”

“ဥက္ကာခဲ ရေဒီယိုသတ္တိကြွမှုကြောင့် ဒီမြွေက အသွင်ပြောင်းသွားတာလား။အရောင်က လွဲနေပေမဲ့ ဒါက မြွေဟောက်မည်း ဖြစ်ရမယ် မဟုတ်လား။”

“ဒါက ကျင့်ကြံခြင်း စွမ်းအင်တွေ ပြန်လည်နိုးထလာတာပဲ။ငါလည်းနတ်ဘုရားဖြစ်အောင် ကျင့်လို့ရမလား။နေ့တိုင်း အစားအသောက်တွေ လိုက်ပို့ရတာ ပင်ပန်းလွန်းလို့...”

“ပေါင်ရေ မင်း သေလို့မဖြစ်ဘူးနော်!မင်း သေသွားရင် ငါတို့ ဘယ်သူ့ Live ကို ကြည့်ရတော့မှာလဲ။”

ထူးဆန်းသော မြွေဟောက်မည်းကြီး ပေါ်လာသည်နှင့်အမျှ လုပေါင်သည် ၎င်းထံမှ အလွန်ပြင်းထန်သော ဥက္ကာခဲ အရှိန်အဝါကို ခံစားလိုက်ရသည်။ဥက္ကာခဲများကြောင့် ဤမြွေကြီး အသွင်ပြောင်းသွားခြင်းဖြစ်ကြောင်း သူ သေချာသိသွားသည်။ဤဥက္ကာခဲများတွင် တိရစ္ဆာန်များကို အသွင်ပြောင်းလဲစေနိုင်သော အစွမ်းရှိနေသလား။

မြွေဟောက်မည်းကြီးမှာ သူနှင့် ရင်းနှီးလိုသည့် ဆန္ဒမရှိကြောင်း လုပေါင် ခံစားရသည်။၎င်း၏ အကြည့်မှာ အေးစက်နေဆဲပင်။ ရုတ်တရက် သူ တစ်ခုခုကို စဉ်းစားမိသွားပြီး Live ကင်မရာ၏ ရှုထောင့်ကို အမြန်ညှိလိုက်ကာ မျက်လုံးများကို မှိတ်လိုက်သည်။

တစ်ချက်တော့ လောင်းကြည့်ရမှာပဲ။

တောင်စောင့်နတ်ပုံရိပ်ယောင်ကျင့်စဉ်။

မျှော်လင့်ထားသည့်အတိုင်းပင် မြွေဟောက်မည်းကြီးသည် လုပေါင်၏ ဝိညာဉ်နှင့် ပုံရိပ်ဖော်ကျမ်းကို ကြည့်ရန် ချက်ချင်း ခေါင်းမော့လိုက်ပြီး အံ့ဖွယ် အခြေအနေတစ်ခုထဲသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။လုပေါင်သည် ယခုအခါ မိမိကိုယ်ကို အလွှာပေါင်းစုံဖြင့် ကာကွယ်ထားသည်။ထိုသို့မဟုတ်လျှင် သူသေသွားနိုင်ပေသည်။

တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားပြန်သည်။

တစ်နာရီအကြာတွင်။

“တီးတောင်... အောက်ခြေမရှိသောတွင်းတွင် လက်မှတ်ထိုးဝင်ခြင်းအောင်မြင်ပါသည်။”

“တီးတောင်... ထူးခြားသော ဟင်းလင်းပြင်ကို ဆုလာဘ်အဖြစ် ရရှိပါသည်။အောက်ခြေမရှိသောတွင်း(ဖွင့်ဆဲ) (ရွှေရောင်အဆင့်)”

လုပေါင်သည် စနစ်၏အသံကြောင့် လန့်နိုးလာသည်။မြွေဟောက်မည်းကြီးလည်း နိုးလာမည့် အရိပ်အယောင်ကို မြင်သဖြင့် သူသည် တွင်းကြီး၏ ထိပ်ဘက်သို့ အပြတ်အသတ် တွားတက်လေတော့သည်။ဒါပေမဲ့ သူ ကြားလိုက်တာ မှန်ရဲ့လား။လက်မှတ်ထိုးဝင်ခြင်း ကနေ အောက်ခြေမရှိတဲ့ တွင်းကြီးတစ်ခုကို သူ ဘယ်လို ရရှိသွားသနည်း။

သူ စစ်ဆေးကြည့်လိုက်သောအခါ ၎င်းမှာ ဖွင့်၍မရသေးသော အခြေအနေတွင်သာ ရှိနေသေးကြောင်း တွေ့ရသည်။

“ဂြောက် ဂြောက် ဂြောက်”

ရုတ်တရက် ကျိုးပဲ့သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ အောက်ခြေမရှိသောတွင်းနက်ကြီးမှာ ကျဉ်းမြောင်းလာသည်ကို လုပေါင် ထိတ်လန့်တကြား တွေ့လိုက်ရသည်။

“ဘုရားရေ...”

လုပေါင်သည် အရာအားလုံးကို ဂရုမစိုက်တော့ဘဲ မိုးကြိုးအရှိန်ဖြင့် အပေါ်သို့ ပြေးတက်တော့သည်။ မြွေဟောက်မည်းကြီးလည်း နိုးလာပြီဖြစ်သည်။၎င်းက လုပေါင်ကို တစ်ချက်ကြည့် ကျဉ်းမြောင်းလာသော ကျောက်နံရံများကို တစ်ချက်ကြည့်ပြီးနောက် လျှပ်စီးကဲ့သို့ အရှိန်ဖြင့် လုပေါင်ရှိရာသို့ ပြေးလာသည်။

မျှော်လင့်ချက်ကုန်နေသော လုပေါင်သည် သူ၏ခြေထောက်အောက်တွင် မာကျောသော အရာတစ်ခုကို နင်းမိလိုက်သည်။သူသည် မြွေဟောက်မည်းကြီး၏ ခေါင်းပေါ်တွင် ရပ်နေမိပြီး ၎င်းက သူ့ကို ဂူပေါက်ဝဆီသို့ အမြန်ဆုံး ပို့ဆောင်ပေးနေသည်ကို အံ့ဩစွာ တွေ့လိုက်ရသည်။

“သူ ငါ့ကို ကူညီနေတာပဲ။”

လုပေါင် ချက်ချင်း နားလည်သွားပြီး ဝမ်းသာအားရဖြင့်

“သွား... သွား... အမြန်သွားမယ်။”

ဂူပေါက်ဝကို မြင်လိုက်ရသည့် ခဏတွင် မြွေဟောက်မည်းကြီးသည် သူ၏ခန္ဓာကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး လုပေါင်ကို အပြင်သို့ လွှတ်တင်လိုက်သည်။မြွေကြီးက လုပေါင်ကို တစ်ချက်ကြည့်ပြီးနောက် ပိတ်တော့မည့် တွင်းကြီးထဲသို့ ပြန်လည် ပြေးဝင်သွားတော့သည်။

လုပေါင်သည် နိုင်ငံခြားသားများ တူးချင်နေသော ဥက္ကာခဲကြီးပေါ်သို့ ပြုတ်ကျသွားရင်း အော်ဟစ်လိုက်မိသည်။သူ ထိတ်လန့်တကြား နောက်လှည့်ကြည့်လိုက်ရာ မြွေဟောက်မည်းကြီး ပျောက်ကွယ်သွားပြီ ဖြစ်သည်။

“ဟင်...ဥက္ကာခဲကြီးလား ယူသွားမယ်ဟေ့။”

လုပေါင်သည် ထိုဥက္ကာခဲကြီးကို တစ်ချက်ကန်လိုက်ပြီး ပုခုံးပေါ်ထမ်းကာ ကြိုးကိုဆွဲပြီး အပေါ်သို့ လျင်မြန်စွာ ခုန်တက်လိုက်သည်။

“ငါ အပြင်ရောက်ပြီကွ။”

အမြင်အာရုံများ လင်းထိန်သွားသည်။ခုန်တက်လာသော လုပေါင်သည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး သူထမ်းလာသော ဥက္ကာခဲကြီးကို ချ၍ အောက်ခြေမရှိသောတွင်းနက်ကြီးကို ပြန်ကြည့်လိုက်ရာ တွင်းကြီးမှာ လျင်မြန်စွာ ပိတ်သွားသည်ကို တွေ့လိုက်ရသည်။

“ဟိုမြွေကြီးရော...”

သူ အမြန်ငုံ့ကြည့်သော်လည်း တွင်းကြီး ပိတ်သွားပြီဖြစ်၍ ဘာမှမမြင်ရတော့ပေ။

“အဲဒီမြွေကြီးသေမသွားဘူးမလား...”

“တီးတောင်... အောက်ခြေမရှိသောတွင်းနက်ကြီးအောင်မြင်စွာ ပွင့်သွားပါပြီ။”

စနစ်၏ အသံ ထပ်မံ ထွက်ပေါ်လာသည်။

အခန်း ၇၀ - အောက်ခြေမရှိသောတွင်းနက်ကြီးနှင့်လင်းယုန်ဖြူ။

အောက်ခြေမရှိသောတွင်းနက်ကြီးသည် ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ပြီ။

ဤရုတ်တရက် ဖြစ်ရပ်ကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။ လုပေါင်မှာ အဆင်ပြေနေသော်လည်း Live ကြည့်နေသော ပရိသတ်များမှာမူ ရူးသွပ်လုနီးပါး ဖြစ်နေကြသည်။

“ဘယ်လိုကြီး ပျောက်သွားတာလဲ။”

“ဒါဆို ဟိုဥက္ကာခဲတွေ အကုန်လုံး ပျောက်သွားပြီပေါ့။”

“မြေပြင်လှုပ်ရှားမှုလား။ဒါပေမဲ့ အဲဒီလိုပုံစံလည်း မဟုတ်ပါဘူး။ဘယ်လိုလုပ် ရုတ်တရက်ကြီး ပျောက်ကွယ်သွားနိုင်ရတာလဲ။”

“ကမ္ဘာ့ကမဖြေရှင်းနိုင်သေးတဲ့ ပဟေဠိတွေထဲမှာ တစ်ခု ထပ်တိုးသွားပြီထင်တယ်။ ရတနာနတ်ဘုရား ကလည်း တကယ်တော်တာပဲ နောက်ဆုံးအချိန်လေးမှာ ဒီလောက်ကြီးတဲ့ ဥက္ကာခဲကြီးကို ဆွဲထုတ်နိုင်ခဲ့တာ။ ဂုဏ်ပြုအလံနဲ့ ငွေယွမ် ၅၀၀ က သူ့အတွက် တကယ်ကို အဓိပ္ပာယ်ရှိပုံရတယ်။”

“ဟိုမြွေကြီးကော... သေသွားပြီလားးး”

“မရှိတော့ဘူး။”

အောက်ခြေမရှိသောတွင်းနက်ကြီး မရှိတော့ပေ။ လုပေါင်သည် မြက်ခင်းပြင်ကို အကြိမ်အနည်းငယ် ယက်ကြည့်မိသည်။ဤမြက်ခင်းပြင်ပေါ်တွင် အက်ကွဲကြောင်း အစအနလေးပင် မကျန်ခဲ့ပေ။သူသည် နိုင်ငံခြားသားများ၏ ဂေါ်ပြားကို သွားယူကာ ကျင်းအချို့ တူးကြည့်သော်လည်းထိုတွင်းကြီးမှာ တစ်ခါမှ မရှိခဲ့ဖူးသည့်အလား။

‘စနစ်...’

လုပေါင်၏ စိတ်ထဲတွင် သံသယတစ်ခု ဝင်လာပြီး စနစ်ကို ချက်ချင်း စစ်ဆေးလိုက်သည်။

ပိုင်ရှင်: လုပေါင်

စွမ်းရည်များ: တိရစ္ဆာန်ရင်းနှီးမှုစွမ်းရည်+၁၀၀ (ရွှေရောင်)၊ ပင်လယ်ဘုရင် ခန္ဓာကိုယ် (ငွေရောင်)၊ တောင်စောင့်နတ်ပုံရိပ်ယောင်ကျမ်း (အထူး)

ကျွမ်းကျင်မှုများ: တရုတ်ရိုးရာ လေမှုတ်တူရိယာ (ကျွမ်းကျင်အဆင့်)၊ မျောက်ဝံတိုက်ကွက် (အခြေခံအောင်မြင်မှု)

စနစ်ပစ္စည်းများ: စူပါ Live eye (လက်ဆောင်ထုပ်မှ)၊ ရွှေရောင်ကမ်းခြေ (ဧက ၂၀၀)၊ အောက်ခြေမရှိသောတွင်း တွင်းနက်ကြီး (ရွှေရောင်အဆင့်)

“ဖွင့်စမ်းးး”

လုပေါင်သည် အောက်ခြေမရှိသောတွင်းနက်ကြီး ကို ဖွင့်လိုက်သည်။

ယခင်နှင့်မတူဘဲ သူ၏နောက်ကျောဘက်တွင် ရွှေရောင်အလင်းတန်းလေးများ ထွက်နေသည့် အနက်ရောင် ဟင်းလင်းပြင်ပေါက်တစ်ခု ပေါ်လာသည်။လုပေါင်သည် အောက်ခြေမရှိသောတွင်း အတွင်းရှိ အရာအားလုံးကို အောက်ဆုံးအထိ တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်နေပြီဖြစ်သည်။

အောက်ခြေမရှိသောတွင်းနက်ကြီး: လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ က ကမ္ဘာပြင်ပ ဥက္ကာခဲတစ်ခု ကျရောက်ရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။သီးခြားတွင်းနက်ကြီးတစ်ခုဖြစ်ပြီး တိရစ္ဆာန်များကို သန်မာစေခြင်းနှင့် ဒဏ်ရာများကို ပျောက်ကင်းစေခြင်း စသည့် အစွမ်းများရှိသည်။ တိရစ္ဆာန်များ မွေးမြူနိုင်ပြီး ပစ္စည်းများကိုလည်း သိုလှောင်ထားနိုင်သည်။

လုပေါင်သည် အတွင်း၌ ရှေးဟောင်း အသွင်ပြောင်း မြွေဟောက်မည်းကြီးကိုပင် မြင်နေရသည်။!

“တောက် ဒါကသိုလှောင်အိတ် လိုမျိုးပဲ မဟုတ်လား အိမ်မွေးတိရစ္ဆာန်တွေကိုတောင် ထည့်ထားလို့ရတယ်။နောက်ဆို ရန်ဖြစ်ရင် ဒီမြွေကြီးကို ထုတ်လိုက်ရုံပဲ ဘယ်သူက ငါ့ကို ယှဉ်နိုင်တော့မှာလဲ။”

အကယ်၍သာ မီးပုရွက်ဆိတ် အုပ်စုတစ်စုလုံးကို အထဲထည့်ပြီး မွေးမြူရင် ဘယ်လိုဖြစ်မလဲ။

“ဒါ့အပြင် နောက်ဆိုရင် ရှာတွေ့သမျှ ရတနာတွေကို ဒီထဲမှာပဲ ထည့်ထားလို့ရပြီသယ်မသွားနိုင်မှာကို စိုးရိမ်စရာ မလိုတော့ဘူး။”

“ဝူးးး ဝူးးး”

မော်တော်ယာဉ် အသံများ ထွက်ပေါ်လာသည်။လုပေါင် လှည့်ကြည့်လိုက်ရာ စစ်ကားအချို့ အရှိန်ဖြင့် မောင်းနှင်လာသည်ကို တွေ့လိုက်ရသည်။သူ နားလည်လိုက်သည်။၎င်းတို့မှာ ဥက္ကာခဲအတွက် ရောက်လာသည့် အနီးနားက စစ်သားများ ဖြစ်ပေလိမ့်မည်။

ဤကျယ်ပြောလှသော မြက်ခင်းပြင်ကြီးထဲတွင် ဤနေရာကို ရှာတွေ့နိုင်ခြင်းမှာ တကယ်ကို အထင်ကြီးစရာပင်။

အကယ်၍သာ အောက်ခြေမရှိသောတွင်းနက်ကြီးက သူ့ပိုင်ဆိုင်မှု ဖြစ်လာမှန်း သိခဲ့လျှင် အစောက ဥက္ကာခဲအပိုင်းအစကြီးကို အပြင်သို့ ဘာလို့ ပစ်ထုတ်ခဲ့မိပါလိမ့်။အပြင်မပစ်ထုတ်ခဲ့ရင်လည်း အဲဒါက သူ့ပိုင်ဆိုင်မှုပဲ ဖြစ်နေမှာပင်။

သို့သော်လည်း အထဲမှာ ရှိနေတာတွေနဲ့ ယှဉ်ရင် အဲဒါက ဘာမှမဟုတ်သေးပေ။

လုပေါင်သည် တွင်း၏ အနက်ဆုံးအပိုင်းသို့ လှမ်းကြည့်လိုက်သည်။ အနက်ဆုံးနေရာတွင် ဆွဲဆောင်မှုရှိသော အရောင်အဝါများ တောက်ပနေသည့် ဧရာမ ဥက္ကာခဲကြီးတစ်ခု ရှိနေသည်။ ၎င်းမှာ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ က အောက်ခြေမရှိသောတွင်းနက်ကြီး ကို ဖန်တီးခဲ့သည့် တရားခံပင်။

ဤဟင်းလင်းပြင်မှာ လုပေါင်၏ ပိုင်ဆိုင်မှု ဖြစ်သည်။အခြားသူများမှာ ရှေ့တည့်တည့်တွင် ရပ်နေလျှင်တောင် မမြင်နိုင်ပေ။

လဲကျနေသော နိုင်ငံခြားသားများထံတွင်လည်း ဥက္ကာခဲ အသေးအချို့ ရှိနေသေးသည်။လုပေါင်က ၎င်းတို့ကို လက်လွှတ်မခံဘဲ အကုန်လုံးကို ရှာဖွေလိုက်ရာ အကြီးအသေး စုစုပေါင်း ၁၂ ခု ရရှိခဲ့သည်။သူထိုအရာတို့ကို ကျောပိုးအိတ်ထဲသို့ တိုက်ရိုက် ထည့်လိုက်တော့သည်။

ပစ္စည်းများ ထုပ်ပိုးပြီးနောက် လုပေါင်သည် ကျောပိုးအိတ်ကို လွယ်ကာ ထွက်ပြေးရန် ပြင်လိုက်သည်။၎င်းတို့မှာ စစ်သားများဖြစ်သဖြင့် လုပေါင် ခဏစဉ်းစားပြီး Live ကင်မရာဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ပရိတ်သက်တို့ရေ... Live ကို ဆက်လွှင့်ဖို့ အဆင်မပြေတော့လို့ပါ။ နောက်မှ ပြန်တွေ့ကြမယ်နော်။”

သူ လက်ယမ်းပြပြီး Live ကို ပိတ်လိုက်တော့သည်။

“နေကောင်းလား ရဲဘော်”

အရာရှိတစ်ဦး ပြေးလာပြီး အလေးပြုလိုက်သည်။ သူ၏ ရာထူးမှာ ဗိုလ်မှူး အဆင့်ဖြစ်ကြောင်း လုပေါင် မြင်လိုက်ရသည်။

“ပြည်သူ့အတွက် အလုပ်အကျွေးပြုပါမယ်။”

လုပေါင်သည် ဖြောင့်မတ်သော အမူအရာဖြင့် ပြန်လည် အလေးပြုလိုက်သည်။ ထို့နောက် ဥက္ကာခဲကြီးကို ညွှန်ပြကာ လေးလေးနက်နက် ပြောလိုက်သည်။

“ကျွန်တော် အသက်နဲ့လဲပြီး ဒီဥက္ကာခဲကြီးကို ဆွဲတင်ခဲ့တာပါ။ဒီလူတွေကိုလည်း ခင်ဗျားတို့လက်ထဲပဲ အပ်ခဲ့ပါရစေ။ ခင်ဗျားတို့ရဲ့ တာဝန်သိမှုအတွက် ကျေးဇူးတင်ပါတယ်။”

ပြောပြီးသည်နှင့် လုပေါင်သည် ကျောပိုးအိတ်ကို လွယ်ကာ လျင်မြန်စွာ ပြေးထွက်သွားတော့သည်။

‘အောက်ခြေမရှိသောတွင်းနက်ကြီးကငါ့ပိုင်ဆိုင်မှုဖြစ်နေပြီဆိုတော့ ခင်ဗျားတို့ပဲ ဒီဥက္ကာခဲကြီးကို ယူသွားလိုက်ကြတော့ ဟားဟား။’

‘စကားတွေအများကြီး မပြောနိုင်ဘူး။ ပြေးပြီဟေ့။’

“နေပါဦး... ဟေ့ ရဲဘော်၊ ကျွန်တော်တို့ ခင်ဗျားကို ဖိတ်ချင်လို့...”

ဗိုလ်မှူးက လုပေါင်ကို အမြန် ပြန်ခေါ်သော်လည်း မမီတော့ပေ။

စစ်သားတစ်စုမှာ အဝေးသို့ လျင်မြန်စွာ ပြေးထွက်သွားသော လုပေါင်၏ ကျောပြင်ကို ကြည့်ရင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

‘သူဘာလို့ ပြေးသွားတာလဲ။’

“စကားတောင် ဆုံးအောင် မပြောရသေးဘူး။”

သတိလစ်နေသောနိုင်ငံခြားသားများကို တစ်ချက်ကြည့် ဥက္ကာခဲကြီးကို တစ်ချက်ကြည့်ပြီးနောက် ဗိုလ်မှူးက ချက်ချင်း အမိန့်ပေးလိုက်သည်:။

“ဥက္ကာခဲကိုပြန်သယ်သွားမယ်။ ဒီလူတွေကိုလည်း ဖမ်းသွားကြ။ မင်းတို့ လူအနည်းငယ်ကတော့ ငါနဲ့အတူ ပတ်ဝန်းကျင်ကို ရှာဖွေရမယ်။”

အောက်ခြေမရှိသောတွင်းနက်ကြီးပေါ်လာခြင်းမှာ အတော်လေး အာရုံစိုက်ခံခဲ့ရသော်လည်း ၎င်း၏ ထူးဆန်းစွာ ပျောက်ကွယ်သွားမှုက သူတို့ကို ပို၍ပင် အံ့အားသင့်စေခဲ့သည်။

လုပေါင် ရုတ်တရက် ပြေးထွက်သွားခြင်းကလည်း ဗိုလ်မှူးကို အငိုက်မိစေခဲ့သည်။ သို့သော်လည်း တာဝန်ရှိနေသေးသဖြင့် ဗိုလ်မှူးမှာ ၎င်းကို အကြာကြီး စဉ်းစားမနေနိုင်ပေ။

ဤအချိန်တွင် လုပေါင်၏ စိတ်ထဲ၌ အောက်ခြေမရှိသောတွင်းနက်ကြီးအကြောင်းသာ ပြည့်နှက်နေသည်။

‘ငါ ပြန်ရောက်သွားရင် ပုရွက်ဆိတ် အုပ်စုတစ်စုလုံးကို အထဲရွှေ့မယ် အသွင်ပြောင်းကျား ကိုလည်း အထဲထည့်မယ် ပြီးတော့ တွင်းထဲက ကြောက်စရာကောင်းတဲ့ မြွေဟောက်မည်းကြီးလည်း ရှိသေးတယ်။ဒါဆိုရင် ငါ ဘယ်နေရာသွားသွား ဘယ်သူ့ကိုမှ ကြောက်စရာ မလိုတော့ဘူး ဟိဟိ။’

သူက လာလမ်းအတိုင်း ပြန်သွားချင်သော်လည်း ဟိုလူရမ်းကား ချင်ပိုင်လျဲ့ နှင့် တိုးမှာကို စိုးရိမ်မိသည်။

ထို့ကြောင့် လုပေါင်သည် ပိုဝေးသော်လည်း အခြားလမ်းကြောင်းတစ်ခုကို ပြတ်ပြတ်သားသား ရွေးချယ်လိုက်သည်။ရှေ့တွင် မြို့ငယ်လေးတစ်မြို့လည်း ရှိသည်။ ထိုမြို့သို့သွားကာ ကားတစ်စီး ငှားခြင်း သို့မဟုတ် ကြုံရာကား စီးခြင်းက ပိုအဆင်ပြေမည်ဟု သူ တွေးလိုက်သည်။

တစ်နာရီအကြာတွင် လုပေါင်သည် ဒေသခံ မြို့ငယ်လေးသို့ ရောက်ရှိလာခဲ့သည်။ခရီးသွားများ နေရာအနှံ့ ရှိနေသလို ဒေသခံ တိဗက်လူမျိုးများလည်း ရှိနေကြသည်။ လမ်းဘေးတွင် ရောင်းချနေသော ကုန်ပစ္စည်းများမှာလည်း ဆန်းပြားပြီး စုံလင်လှသည်။

“တိဗက် ကော်ဇောတွေလား။”

ဆိုင်တစ်ဆိုင်၏ အပေါက်ဝတွင် ချိတ်ဆွဲထားသော တိဗက်ကော်ဇောမျိုးစုံကို လုပေါင် မြင်လိုက်ရသည်။၎င်းတို့၏ အရောင်အသွေးမှာ တောက်ပပြီး သဟဇာတဖြစ်လှကာ တိုင်းရင်းသားရိုးရာ လက်ရာ များဖြင့် ခမ်းနားလှသည်။

တိဗက်ဆိုင်ရှင်မှာ လုပေါင် ရပ်ကြည့်နေသည်ကို မြင်သောအခါ ပြုံးလျက် လမ်းလျှောက်လာပြီး

“တာရှီးတဲလတ်” (မင်္ဂလာပါ)

ထို့နောက် စိတ်ကြိုက်ကြည့်ရန် အချက်ပြလိုက်သည်။

“ရပါတယ် ရပါတယ်။”

လုပေါင်အမြန်ပင် လစ်ထွက်ခဲ့သည်။ သူ ၎င်းတို့ကို သဘောကျသော်လည်း သယ်ဆောင်သွားရန် မလွယ်ကူပေ။

လှည်းဘီးများ၊တိဗက်ဓားများ၊ ကျောက်စိမ်းမျိုးစုံ၊ တိဗက်ကော်ဇောများ၊ ငွေထည်များ၊ အရိုးဖြင့် ပြုလုပ်ထားသော လက်မှုပစ္စည်းများ၊ ဒေသထွက် စားသောက်ဖွယ်ရာများ၊ သိုးရေ၊ စာမရီနွားရေ၊ ကျောက်မျက်ရတနာများစွာရောင်းချနေသည်။

ပစ္စည်းမျိုးစုံမှာ လုပေါင်ကို မျက်စိလည်သွားစေသည်။

“တကယ့်ကိုကောင်းတဲ့နေရာပဲ။ နောက်တစ်ခါကျရင် သမိသားစုကို ဒီကို ခရီးထွက်ဖို့ ခေါ်လာရမယ်။ မျက်နှာဝိုင်းလေး က အမြင့်ကြောက်တတ်တော့ သူမကို ဒီမှာ လာပြီး ကျင့်သားရအောင် လုပ်ရမယ်။ အောက်ဆီဂျင်ဘူးနဲ့ အသက်ရှူနေရရင်တောင် သူမကို ပြန်မလွှတ်တော့ဘူး။”

ထိုအချိန်တွင် အဝေးမှ ကြည်လင်ပြတ်သားသော လင်းယုန်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။လူအများအပြားလည်း စုရုံးနေကြသည်။ လုပေါင်သည် စူးစမ်းလိုစိတ်ဖြင့် သွားကြည့်လိုက်ရာ ချက်ချင်းပင် မျက်နှာ ပျက်သွားရတော့သည်။

“ချင်ပိုင်လျဲ့...”

ဤအချိန်တွင် ချင်ပိုင်လျဲ့မှာ စားပွဲတစ်ခုတွင်ထိုင်နေပြီး သိုးသားကင်များကို အားပါးတရ ဝါးစားနေကာ ဝိုင်ကိုလည်း ရေသောက်သလို သောက်နေသည်။သူ၏ လက်တစ်ဖက်တွင်မူ လင်းယုန်ဖြူတစ်ကောင်ကိုလည်း ကိုင်ထားသည်။

တစ်ခုခုကို အာရုံခံမိသဖြင့် ချင်ပိုင်လျဲ့သည် လူအုပ်ဘက်သို့ လှည့်ကြည့်လိုက်ရာ လူအုပ်ထဲက လုပေါင်ကို စိုက်ကြည့်လိုက်သည်။

“မင်း ဘယ်တွေသွားနေတာလဲ ငါ မင်းကို ရှာနေတာ အတော်ကြာပြီ။”

လင်းယုန်ကိုဖမ်းမိပြီးနောက် ချင်ပိုင်လျဲ့သည် လုပေါင်ကို သွားရှာသော်လည်း မတွေ့သဖြင့် ဤအနီးဆုံးမြို့သို့ လာရောက် လည်ပတ်နေခြင်း ဖြစ်သည်။

‘တောက် ငါက ဘာလို့ ဒီလောက် တော်ချင်ယောင်ဆောင်ပြီး ဒီလမ်းကို ရွေးလိုက်မိပါလိမ့်။’

လုပေါင်သည် ရှက်ကိုးရှက်ကန်း အပြုံးဖြင့် လမ်းလျှောက်သွားကာ

“ကျွန်တော့်ကို ဘာလို့ ရှာနေတာလဲ။”

“မင်း ဘယ်လိုထင်လဲ။”

ချင်ပိုင်လျဲ့ကသူကိုင်ထားသော သိုးခြေထောက်ဖြင့် အချက်ပြလိုက်သည်။

“ထိုင်ပါဦး တစ်ခုခု စားမလား။”

“မဆာပါဘူး။ ဒီလင်းယုန်ကို ဘယ်လို ဖမ်းလိုက်တာလဲ။”

လုပေါင်ခေါင်းငုံ့ကာ နလင်းယုန်ဖြူကို စူးစမ်းစွာ ကြည့်လိုက်သည်။

‘လင်းယုန်တွေကကောင်းကင်မှာ ပျံနေတာလေချင်ပိုင်လျဲ့က ဘယ်လိုများ ဖမ်းလိုက်တာလဲ။’

လင်းယုန်ဖြူသည် လုပေါင်ကို မော့ကြည့်လိုက်ပြီး ၎င်း၏ လှပသော ရွှေရောင်မျက်လုံးများမှာ ပုတ်ခတ်ပုတ်ခတ်ဖြင့် ရန်လိုသည့် အမူအရာ မပြပေ။

“သူ့အသိုက်ကို ရှာတွေ့ခဲ့တာ။ စည်းကမ်းမရှိ လာမကိုင်နဲ့နော် ဒီကောင်က တော်တော်ကြမ်းတာ... ဟင် မင်း ဘယ်လိုလုပ်လိုက်တာလဲ။”

ချင်ပိုင်လျဲ့မှာလုပေါင်က လင်းယုန်ဖြူကို ကောက်ကိုင်လိုက်သည်ကို ကြည့်ပြီး အံ့အားသင့်သွားသည်။သူ့ကို နှစ်နာရီကျော်ကြာ တိုက်ခိုက်ခဲ့တဲ့ ဒီလင်းယုန်ဖြူက အခုတော့ လုပေါင်လက်ထဲမှာ ငြိမ်ငြိမ်လေး နေနေရုံတင်မကဘဲ လုပေါင်ကိုပါ မော့ကြည့်နေသည်။

‘ဘာတွေ ဖြစ်နေတာလဲ။’

‘နှင်းလင်းယုန်ရဲ့ ကြမ်းတမ်းတဲ့ ဒေါသတွေက ဘယ်လိုဖြစ်ပြီး ဒီလို အခြေအနေမျိုး ဖြစ်သွားရတာလဲ။’

“တကယ်ကို လှတာပဲ။”

လုပေါင်သည် လင်းယုန်ဖြူကို ကြည့်ရင်း အိမ်က နှင်းလုံးလေးတောင် ကို သတိရသွားသည်။ အကယ်၍သာ ဒီလင်းယုန်ဖြူကို ပြန်သယ်သွားရင် နှင်းလုံးလေးက ခွေးတွေကို ခေါ်ပြီး ဒီကောင်ကို ရိုက်မလား။ ဒါမှမဟုတ် ဒီနှင်းလင်းယုန်ကပဲ နှင်းလုံးလေးရဲ့ အမွှေးတွေကို နှုတ်မလား မသိပေ။

နှစ်ကောင်လုံးကတော့ အလျော့ပေးမယ့်ပုံ မပေါ်ပေ။

All Chapters