← Chapters

ရွှေတံဆိပ်ဧည့်လမ်းညွှန်ဆိုတာဘာလဲ

Vol. 31 Ch. 317

ရွှေတံဆိပ်ဧည့်လမ်းညွှန်ဆိုတာဘာလဲ

Vol. 31 Ch. 317

ကျန်းယန်နှင့်ကျန်းကျစ်ချိုးတို့ ပြတိုက်ဆီသို့ရောက်ရှိလာခဲ့ကြသည်။ ပြတိုက်အ၀င်၀က အဆုံးမဲ့အောင်ရှည်လျားသော လူတန်းရှည်ကြီးကိုကြည့်ပြီး ကျန်းယန် စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်မိ၏။

သူ့ပြတိုက်ဧ။် အဇူရာတိမ်မြို့မြို့ပျက်ထဲသို့ ၀င်ခွင့်နှင့် မိစ္ဆာများကိုကြည့်ရှုခွင့်ဟူ‌ေသာ မက်လုံးက ဂိုဏ်းကြီးများကိုဆွဲဆောင်နေပြီး ဂိုဏ်းထဲတွင် သင်ခန်းစာများလာနားထောင်ခွင့်နှင့် ဆေးဖော်စပ်ခိုင်းလို့ရခြင်းဟူသော အချက်ကတော့ သာမန်ကျင့်ကြံသူများကို ဆွဲဆောင်နေခဲ့သည်။

ထိုအချက်နှစ်ချက်ကြောင့် သူ့ပြတိုက်သည် အလွန်ကျော်ကြားနေခြင်း ဖြစ်၏။

ပြတိုက်ထဲ၀င်ထွက်နေကြသော လူအုပ်ကြီးကိုကြည့်နေရင်း ကျန်းကျစ်ချိုး အလိုမကျဟန်ဖြင့် မေးလိုက်သည်။

“စီနီယာအစ်ကိုကြီး တကယ်ကြီးအဇူရာတိမ်ပြတိုက်ကို အခုလို အလကား၀င်ထွက်ခွင့်ပေးနေမှာလား”

တကယ်၍ တစ်ယောက်ကို တစ်ရက်လျှင် စိတ်ဝိညာဉ်ကျောက်တုံးပဲကောက်ခံမည်ဆိုလျှင်တောင် သူတို့ထိုပြတိုက်မှ စိတ်ဝိညာဉ်ကျောက်တုံး သောင်းနှင့်ချီပြီး ရှာနိုင‌်ပေလိမ့်မည်။

ကျန်းယန် ခေါင်းခါပြလိုက်၏။ သူ့ပြတိုက်၏ ရည်ရွယ်ချက်သည် ငွေရှာရန် မဟုတ်ပေ။

သူထိုကဲ့သို့သော အသေးအမွှား၀င်ငွေမျိုးကိုလည်း ဂရုမစိုက်ပေ။

ထို့အပြင် ၀င်ကြေးကောက်ခံလိုက်ပါက သာမန်ကျင့်ကြံသူများ၀င်ခွင့်အခက်တွေ့သွားနိုင်သောကြောင့် သူ့ရည်ရွယ်ချက်နှင့်လည်း သွေဖည်သွားနိုင်ပေသည်။

ပြတိုက်ကို တခဏစစ်ဆေးကြည့်ရှုပြီးနောက် ကျန်းယန် ကျန်းကျစ်ချိုးကို ပြောလိုက်၏။

“ဒီနေရာကို သေချာစောင့်ကြည့်ထား ဘယ်သူ့ကိုမှ အခြားသူအတွက် အစားထိုးစာရင်းပေးတာမျိုး လုပ်ခွင့်မပေးနဲ့ အဲ့ဒီလိုလုပ်ရပ်မျိုးလုပ်တာကိုတွေ့တာနဲ့ လုပ်တဲ့လူကို ချက်ချင်းမြို့ထဲကနှင်ထုတ်ပစ် ပြီးရင်မြို့ထဲပြန်ဝင်ခွင့်ကို နှစ်၀က်ပိတ်ထားလိုက်

ဒီစည်းမျဉ်းကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုပြရမယ် ဒီစည်းမျဉ်းကို ဖောက်ဖျက်တဲ့သူတွေအတွက် အကျိုးဆက်ကဘာလဲဆိုတာ သူတို့နားလည်အောင် လုပ်ရမယ်”

သူသည် အခြားဂိုဏ်းကြီးများနှင့်သာမန်ကျင့်ကြံသူများအား ပြတိုက်နှင့်ပတ်သက်သော အခွင့်အရေးများကို အလကားပေးနိုင်၏။ သို့သော် ထိုသူများသည် ပြတိုက်ထဲမ၀င်ခင် အဇူရာတိမ်ဂိုဏ်း၏ သမိုင်းများကိုလေ့လာပြီး ဦးနှောက်ဆေးခြင်းကိုတော့ ကျိန်းသေပေါက် ခံသွားကြရပေမည်။

“စိတ်ချပါ စီနီယာအစ်ကိုကြီး ကျွန်တော်တို့ ကောင်းကောင်းဆောင်ရွက်နေပါတယ်” ကျန်းကျစ်ချိုး ခေါင်းငြိမ့်ပြလိုက်၏။

သူသည် ငါးနှစ်အတွင်း အဇူရာတိမ်မြို့ပြောင်းလဲသွားပုံကို ကိုယ်တိုင်ကိုယ်ကျ မြင်‌ေတွ့ခဲ့ရသူ ဖြစ်သည်။

ထို့ကြောင့် သူ့နှလုံးသားထဲ သူ့စီနီယာအစ်ကိုကြီးပေါ် လေးစားမှုများနှင့်သာ ပြည့်နှက်နေခဲ့၏။

“ကောင်းပြီ ဘာကိစ္စမှမရှိတော့ရင် အစီအစဉ်အတိုင်းပဲဆက်လုပ်ထား” ကျန်းယန် လက်ကာပြလိုက်သည်။

“ငါစစ်ရေးပြပွဲစီစဉ်ဖို့ ဂိုဏ်းကိုပြန်ဦးမယ်”

လက်ရှိအခြေအနေတွင် စစ်ရေးပြပွဲက ဂိုဏ်းအတွက်အရေးအကြီးဆုံးသောအရာဖြစ်သောကြောင့် သူကောင်းကောင်းပြင်ဆင်ထားဖို့ လို၏။

ကျန်းယန် ထွက်သွားတော့မည်ကိုမြင်သောအခါ ကျန်းကျစ်ချိုး အမြန်ပြောလိုက်သည်။

“စီနီယာအစ်ကိုကြီး ကျွန်တော်တို့ဌာနကိုရော ဘယ်တော့ နောက်တစ်ခါလေ့ကျင့်ပေးမှာလဲ အစ်ကိုကြီးမသိပါဘူး အစ်ကိုကြီးလေ့ကျင့်ပေးပြီးကတည်းက ဒီဌာနကလူတွေက အစ်ကိုကြီးနောက်တစ်ခါ ဘယ်တော့လေ့ကျင့်ပေးမှာလဲပဲ မေးနေကြတာ”

“အဲ့ဒီအကြောင်းနောက်မှပြောကြတာပေါ့ ငါအရမ်းအလုပ်ရှုပ်နေတယ်” ကျန်းယန် ခေါင်းခါပြလိုက်ပြီးနောက် တောင်ပေါ်ပြန်သွားခဲ့၏။

အဇူရာတိမ်မြို့အ၀င်၀တွင် အဇူရာတိမ်ဧည့်လမ်းညွှန်အဖွဲ့မှ အဖွဲ့၀င်များ ရွှေတံ‌ဆိပ်ဧည့်လမ်းညွှန် လီချွေ့ဟွာနားတွင် ဝိုင်းနေကြသည်။

“စီနီယာလီ ကျေးဇူးပြုပြီး ကျွန်တော်တို့ကိုလည်း အတွေ့အကြုံလေး နည်းနည်းလောက် မျှပေးပါဦး”

ထိုလူစုက လီချွေ့ဟွာနားကပ်ကာ ဖားနေခဲ့ကြ၏။

ထိုလူအုပ်ထဲတွင် အဆင့်နိမ့်ကျင့်ကြံသူများပင် ပါနေပြီး ထိုသူများက သာမန်လူလီချွေ့ဟွာကို စီနီယာဟု ခေါ်နေခဲ့သည်။

နောက်ဆုံးတွင် လီချွေ့ဟွာသည် သာမန်လူတစ်ယောက်ဖြစ်သော်လည်း စိတ်ဝိညာဉ်ကျောက်တုံးများနှင့်စိတ်ဝိညာဉ်ဝိုင်များပင် ရရှိထားသူဖြစ်၏။ ဘယ်သူက သူမကိုအားမကျဘဲ နေပါမည်နည်း။

ထိုအဖြစ်အပျက်ကို မြင်သောအခါ များစွာသောကျင့်ကြံသူများက သူမအနားကပ်လာကြပြီး သူမလို ဧည့်လမ်းညွှန်ဖြစ်အောင် ကြိုးစားလေတော့သည်။

လီချွေ့ဟွာ ခေါင်းခါကာ ပြောလိုက်၏။

“ငါ့မှာ ဘာအတွေ့အကြုံတွေရှိရမှာလဲ ငါလုပ်ခဲ့တာဆိုလို့ ဆရာကျန်းနောက်ဆုံးတစ်ခေါက် သင်ခန်းစာတွေလာပို့ချတုန်းက သေချာနားထောင်ခဲ့တာပဲ ရှိတာ

ငါဆရာကျန်းကို နောက်တစ်ခါသင်ခန်းစာလာပို့ချပေးဖို့ အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့တယ် ဒါပေမယ့် ကံဆိုးစွာနဲ့ ဒုတိယအကြိမ်က အခုထိရှိမလာသေးဘူး

ဆရာကျန်းက ဘယ်သူများလဲဆိုတာ ငါတကယ်ပဲသိချင်မိတယ် သိလို့ကတော့ သေချာပေါက် သူ့ဆီသွားလည်ပြီး အရိုအသေပေးမိမှာ”

ဤကာလအတွင်း သူရရှိခဲ့သော စိတ်ဝိညာဉ်ကျောက်တုံးက ၁၀၀၀ ပင်မကတော့ပေ။

သူမလိုသာမန်လူတစ်ယောက်အတွက်တော့ ထိုပမာဏက စိတ်ကူး၍ပင် မရနိုင်သော ပမာဏမျိုး ဖြစ်သည်။

ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက်အတွက် ဆိုလျှင်တောင် ထိုပမာဏက အလွန်များပြားသော ပမာဏ ဖြစ်နေသေး၏။

အခြားဧည့်လမ်းညွှန်များလည်း နောင်တရသလို ခံစားလိုက်ရသည်။

သူတို့အဘယ်ကြောင့် အရင်က ထိုသင်တန်းကိုမသိခဲ့ရပါသနည်း။

ရုတ်တရက် လီချွေ့ဟွာ မြို့ထဲ၀င်လာသော လူတစ်စုကိုတွေ့လိုက်ရပြီး သူ့မျက်လုံးများ တောက်ပသွားကာ သူ့ဘေးကလူများကို ခပ်တိုးတိုးပြောလိုက်၏။

“ငါနင်တို့ကို ဘာမှသင်မပေးဘူးလို့ မပြောနဲ့နော် သေချာကြည့်ထား ငါဆရာကျန်းဆီက သင်လာတဲ့ နည်းလမ်းတွေကို ပြမယ်”

အခြားဧည့်လမ်းညွှန်များလည်း သေချာကြည့်လိုက်ကြလေသည်။

မြို့ထဲသို့၀င်လာသူများမှာ လူနည်းအနည်းငယ်ဖြစ်ပြီး ထိုသူများ၏ အမူအရာများသည် မည်းမှောင်ပြီး အတော်‌ေလး မောက်မာပုံ ရသည်။

ထိုသူများ၏ အေးစက်ကာ မြင့်မြတ်သော ပုံစံများကိုကြည့်ပြီး အခြားဧည့်လမ်းညွှန်များ ခေါင်းခါမိသွားကြ၏။

ထိုကဲ့သို့သော လူများက ဆက်ဆံဖို့ ခက်ခဲလွန်းလှသည်။

လူတိုင်းက အသက်အောင့်ကာ ရွှေတံဆိပ်ဧည့်လမ်းညွှန်တစ်ယောက်က ထိုလူများကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ စောင့်ကြည့်နေခဲ့ကြ၏။

ခပ်ပြုံးပြုံးအမူအရာဖြင့် လီချွေ့ဟွာ ထိုလူများနား ချဉ်းကပ်သွားခဲ့ပြီး မေးလိုက်လေသည်။

“ဂုဏ်သရေရှိ ဧည့်သည်တော်တို့ရှင့် ဒါက ဧည့်သည်တော်တို့ အဇူရာတိမ်မြို့ကို ပထမဆုံးအကြိမ်ရောက်ဖူးတာလား”

ကျိုးလင် သူမကိုတစ်ချက်ပင် မကြည့်ဘဲ အေးစက်စက်ပြောလိုက်၏။

“ပုရွက်ဆိတ်လေး ထွက်သွားစမ်း”

မြို့ထဲကို၀င်လာသူများမှာ ကျိုးလင်တို့ကလွဲ အခြားမဟုတ်ပေ။

သူသည် အဇူရာတိမ်ဂိုဏ်းကို နှလုံးသားထဲမှနက်နက်ရှိုင်းရှိုင်းမုန်းတီးနေသူ ဖြစ်သည်။

ကျန်းယန်သည် သူ့ကို တိုက်ပွဲကွင်းပြင်ထဲတွင် ရက်ရက်စက်စက်ဖိနှိပ်ခဲ့သည့်အပြင် ၀မ်လင်းဂိုဏ်းကလည်း အဇူရာတိမ်ဂိုဏ်းကိုလျော်ကြေး ‌၂၀ဘီလီယံ ပေးခဲ့ရသေး၏။

သူမည်သို့ ထိုဂိုဏ်းကို မမုန်းဘဲ နေပါတော့မည်နည်း။

ထို့ကြောင့် သူ့ဤခရီးက အာဃာတများဖြင့် ပြည့်နှက်နေခဲ့ခြင်း ဖြစ်သည်။

တကယ်တော့ သူဒီနေရာသို့ လုံး၀မလာချင်ခဲ့ပေ။ ဂိုဏ်း၏အမိန့်ကိုလွန်ဆန်လို့ မရ၍သာ ရောက်လာခဲ့ရခြင်း ဖြစ်၏။

အခုတော့ မြို့ထဲ၀င်၀င်ချင်းပင် သူ့ကိုပုရွက်ဆိတ်လေး တစ်ကောင်က စကားလာပြောနေခဲ့သည်။ ထိုအဖြစ်က သူ့ကို ပိုပြီးပင် မနှစ်မြို့ ဖြစ်သွားစေခဲ့၏။

အနီးနားရှိ ဧည့်လမ်းညွှန်များကတော့ ခေါင်းကိုသာ ခါယမ်းလိုက်မိကြသည်။

ဒီလိုဖြစ်မယ်ဆိုတာသူတို့ကြိုသိနေခဲ့ကြ၏။ ထိုကဲ့သို့သော သူများနှင့် ဆက်ဆံရရာတွင် ငွေရရှိဖို့က မလွယ်လှပေ။

ရွှေတံဆိပ်ဧည့်လမ်းညွှန်တစ်ယောက်အတွက်ပင် ဖြစ်နိုင်ပုံမရပေ။

အဆူငေါက်ခံရပြီးနောက် လီချွေ့ဟွာ သက်ပြင်းချလိုက်ပြီး ခေါင်းယမ်းလိုက်ကာ ခပ်တိုးတိုးပြောလိုက်၏။

“သူ့ကိုလူချမ်းသာထင်ခဲ့တာ ကြည့်ရတာ အခွံပဲရှိပြီး အဆံမရှိတဲ့သူမျိုး နေမှာပါလေ”

ထွက်သွားဖို့ပြင်နေသော ကျိုးလင်ချက်ချင်း ခေါင်းလှည့်ကာ သူမကို စူးစိုက်ကြည့်လိုက်လေသည်။

“မင်းခုနက ဘာပြောလိုက်တာလဲ”

လီချွေ့ဟွာ သူ့ကိုပြန်ကြည့်လိုက်ပြီး ခေါင်းခါပြလိုက်၏။

“ကျွန်မ ဘာမှမပြောပါဘူး”

ကျိုးလင် အေးစက်စက်လှောင်ပြုံးပြုံးလိုက်ကာ မေးလိုက်လေသည်။

“မင်းကဘယ်သူလဲ”

လီချွေ့ဟွာ သာမန်အတိုင်း ပြန်ပြောလိုက်၏။

“ကျွန်မက အဇူရာတိမ်မြို့က ဧည့်လမ်းညွှန်တစ်ယောက်ပါ ဧည့်သည်တွေကို အခကြေးငွေယူပြီး လမ်းညွှန်ပေးတာပါ”

“ကောင်းပြီလေ ဒါဆို ငါတို့ကိုလမ်းညွှန်ပေး” ကျိုးလင် အမိန့်ပေးသံဖြင့် ပြောလိုက်သည်။

လီချွေ့ဟွာ ခေါင်းယမ်းလိုက်ကာ သူ့ဘေးနားက ဧည့်လမ်းညွှန်များကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။

“ရှင်ကျွန်မအစား သူတို့ကို ရှာသင့်တယ် သူတို့က ပိုဈေးချိုတယ်လေ ကျွန်မက ရွှေတံဆိပ်ဧည့်လမ်းညွှန်ဆိုတော့ ဈေးပိုကြီးတယ်”

ကျိုးလင်လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလိုက်သည်။

၀မ်လင်းဂိုဏ်းတွင်သာဆိုလျှင် သူထိုပုရွက်ဆိတ်ကို သေအောင်ရိုက်သတ်ပစ်ပြီးနေလောက်လေပြီ။

သို့သော် ဤနေရာက အဇူရာတိမ်မြို့ ဖြစ်၏။

ကျိုးလင် လက်ကိုတစ်ချက်ဝေ့ယမ်းလိုက်ရာ စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်းက လီချွေ့ဟွာရှေ့တွင် ပြန့်ကြဲ၍ ထွက်ပေါ်လာခဲ့လေသည်။ စိတ်ဝိညာဉ်ကျောက်တုံးများမှ ထွက်နေသောအလင်းရောင်များက လူတိုင်းမျက်နှာတွင် ထင်ဟပ်နေခဲ့၏။

ကျိုးလင် လီချေွ့ဟွာကို အထင်သေးဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ဒီလောက်ဆို လောက်ပြီလား”

All Chapters