← Chapters

မလွတ်မြောက်နိုင်သော အကြံအစည်

Vol. 31 Ch. 319

မလွတ်မြောက်နိုင်သော အကြံအစည်

Vol. 31 Ch. 319

ချွန်းရှောင် ကျန်း‌ယန်အမိန့်ကိုနာခံပြီးနောက် လီချွေ့ဟွာ ကိစ္စကိုပါ ထုတ်ပြောလိုက်၏။

ထိုကိစ္စက ကိစ္စလေးတစ်ခုသာ ဖြစ်သော်လည်း ကျိုးလင်ဆီက စိတ်ဝိညာဉ်ကျောက်တုံးသောင်းချီ နှိုက်ထုတ်နိုင်ခဲ့သော ကိစ္စဖြစ်သောကြောင့် ထုတ်ပြောဖို့တော့ တန်ပေသည်။

ထိုကိစ္စ‌ေကြာင့် ကျန်းယန်ပင် အနည်းငယ်အံ့အားသင့်သွားခဲ့၏။ အခြေအနေကိုနားလည်သွားပြီးနောက် သူပြောလိုက်သည်။

“သူက အတော်လေးပါရမီရှိတာပဲ အနာဂတ်မှာ သူ့ကိုစောင့်ကြည့်ထား သူ့မြေးကသာ တကယ်ပဲ ကျင့်ကြံနိုင်တယ်ဆိုရင် သူ့ကို အခွင့်အရေးပေးလိုက်ပါ”

အဇူရာတိမ်မြို့ဖွံ့ဖြိုးရေးတွင် အကျိုးဆောင်နိုင်သူများကို အခွင့်အရေးများ ပေးခြင်းက မှားသောအရာတော့ မဟုတ်ပေ။

နောက်ရက်တွင် ချွန်းရှောင်ကိုယ်တိုင်သွားရောက်ပြီး ကျိုးလင်အား ကျန်းယန်ပြောခိုင်းသမျှကို ပြန်ပြောပြလိုက်၏။ ထို့နောက် သူမမေးလိုက်သည်။

“ဧည့်သည်တော် ဘယ်တော့အားမလဲ သိချင်ပါတယ် ဒါမှ ကျွန်မစီစဉ်ပေးနိုင်မှာမလို့ပါ”

ကျိုးလင်ပြန်ပြောလိုက်၏။

“ငါတို့က အချိန်မရွေးပဲ”

သူ့စိတ်ထဲတွင်တော့ ကြိတ်၍ လှောင်ရယ်နေခဲ့သည်။

ကုန်းရှို့ပင်းကိုသုံးခဲ့တဲ့အကွက်အတိုင်း ငါတို့ကို လာလုပ်လို့ ရမယ်ထင်နေတာလားကွ!

အဇူရာတိမ်သတင်းစာ ထွက်ပြီးနောက် ထိုကိစ္စနှင့်ပတ်သက်ပြီး ၀မ်လင်းဂိုဏ်းက လန်ကျားအထွတ်အမြတ်မြေဆီ လူလွှတ်ပြီး အကျိုးအကြောင်း မေးမြန်းခဲ့၏။ ထိုစဉ်က လန်ကျားအထွတ်အမြတ်မြေသည် သူတို့ အဇူရာတိမ်ဂိုဏ်း၏ ထောင်ချောက်ထဲ ကျရောက်သွားခဲ့ခြင်း ဖြစ်မှန်း ပြန်ပြောပြခဲ့သည်။

တစ်ချိန်တည်းမှာပင် ၀မ်လင်းဂိုဏ်းကိုလည်း ထိုအကွက်ထဲ ကျရောက်မသွားဖို့ သတိပေးခဲ့၏။

ကျိုးလင် အဇူရာတိမ်ဂိုဏ်းဆီမလာခင်တွင် ကျန်းတောက်ကသူ့အား အဇူရာတိမ်ဂိုဏ်းအကွက်ထဲ ကျမသွားစေဖို့ သတိပေးခဲ့သည်။

ကျိုးလင်ကလည်း အကယ်၍ သူသာထိုဂိုဏ်းမှကောင်များနှင့်တွေ့ဆုံရာတွင် တစ်ချက်လောက် ပြုံးပြဖြစ်ခဲ့လျှင် သူလူမဟုတ်ဘူးဟု ကျိန်ဆိုခဲ့၏။

နောက်ဆုံးတစ်ကြိမ်တုန်းက ကုန်းရှို့ပင်းသည် အလွန်ပြုံးပြခဲ့မိသောကြောင့် လှည့်စားခံခဲ့ရခြင်း ဖြစ်သည်။

ချွန်းရှောင် ကျိုးလင်နှင့်သူ့အဖွဲ့အား တောင်ပေါ်ဆီ ခေါ်သွာ‌းပေးခဲ့၏။ လမ်းတစ်လျှောက်လုံးတွင် ကျိုးလင်လုံး၀မပြုံးခဲ့ဘဲ သူ့အမူအရာက တောင့်တင်းနေခဲ့၏။

ကျန်းယန် ကိုယ်တိုင် သူတို့အား ထွက်ကြိုခဲ့ပြီး ကျိုးလင်ကိုမြင်သောအခါ ကျန်းယန် ရှေ့တက်လာကာ အားရပါးရရယ်မောလိုက်ပြီး ပြောလိုက်သည်။

“ညီကိုကျိုး မတွေ့ရတာကြာပြီနော် ငါမင်းကို အများကြီးလွမ်းနေတာကွ”

ကျိုးလင် ခပ်တည်တည်မျက်နှာထားဖြင့် အေးအေးဆေးဆေးပြန်ပြောလိုက်၏။

“တာအိုမိတ်ဆွေကျန်းက ယဉ်ကျေးလွန်းနေပါပြီ”

သူကျန်းယန်ကို အရိုးထဲထိအောင် မုန်းတီးသော်လည်း ထိုအကြောင်းကို ထုတ်ပြ၍တော့ မဖြစ်ပေ။

ကျိုးလင်၏ အေးစက်စက်အမူအရာကိုမြင်သောအခါ ကျန်းယန်၏ အပြုံးတောင့်တင်းသွားခဲဘ၏။ ထို့နောက် သူလည်း အူကြောင်ကြောင် အမူအရာဖြစ်သွားခဲ့သည်။

ထိုအမူအရာက ကျိုးလင်ကို စိတ်ကျေနပ်သွားစေခဲ့၏။

ဟမ့် ငါ့ကိုလှည့်စားဖို့ကြိုးစားတာ ကျရှုံးသွားပြီမလား!

ကျန်းယန်၏ အစီအစဉ်ကိုဖျက်ဆီးနိုင်ခဲ့သည့်အတွက် သူ့စိတ်ထဲ ဂုဏ်ယူသလိုလိုပင် ခံစားလိုက်ရသေးသည်။

ကျန်းယန်က ဘာမှမဟုတ်ပါဘူး ဟုတောင် သူစတင်ခံစားလာခဲ့ရ၏။

သို့သော်ကျန်းယန်က သူ့အမူအရာကို စိတ်မရှိခဲ့ဘဲ ထိုအေးစက်စက်အမူအရာနှင့်ပင် ကျိုးလင်နှင့်ဓာတ်ပုံအတူတူရိုက်ခဲ့သည်။ ကျန်းယန်က သူ့အမူအရာကိုပင် စိတ်မရှိသောအခါ ကျိုးလင်လည်း မငြင်းနိုင်တော့ဘဲ စိတ်မပါလက်မပါဖြင့် ပူးပေါင်းခဲ့ရ၏။

ထို့နောက် လုပ်ထုံးလုပ်နည်းများအတိုင်းပင် ကျန်းယန် ကျိုးလင်အား စကားပြောရန် အဇူရာတိမ်ခန်းမဆီ ခေါ်သွားခဲ့လေသည်။

ထိုအဖြစ်အပျက်တစ်လျှောက်လုံးတွင် ကျိုးလင်အမူအရာက တောင့်တင်းအေးစက်နေပြီး တစ်ချက်မှ မပြုံးခဲ့ပေ။

စကားခဏပြောပြီးနောက် ကျန်းယန် ကျိုးလင်အား အဇူရာတိမ်ဂိုဏ်းအတွင်း လိုက်ပြဖို့ ဖိတ်ခေါ်ခဲ့ပြန်၏။ သို့သော် ကျိုးလင်က သူပြောသမျှအားလုံးကို ငြင်းသာ ငြင်းနေခဲ့သည်။

သူ့စိတ်ထဲတွင် ငါကကုန်းရှို့ပင်းနောက်တစ်ယောက်ဖြစ်မလာစေရဘူးဟူ၍သာ တွေးနေခဲ့၏။

ထို့ကြောင့် ကျန်းယန်လည်း ကျိုးလင်အား တောင်အောက်လိုက်ပို့ဖို့မှလွဲ ရွေးစရာမရှိတော့ပေ။

အဇူရာတိမ်ဧည့်ဂေဟာဆီ ပြန်ရောက်သောအခါ မင်ဟောက်မေးလိုက်သည်။

“စီနီယာအစ်ကိုကျိုး ဒီတစ်ခေါက် အလည်သွားတာ ဘာပြဿနာမှမရှိခဲ့ဘူးမဟုတ်လား”

မင်ဟောက်သည် ၀င်္ကပါပညာကိုအထူးပြုလေ့လာသူဖြစ်ပြီး လီဖန်ကျိုး၏တိုက်ရိုက်တပည့်တစ်ယောက် ဖြစ်၏။

ဤတစ်ကြိမ်တွင် သူ့အား အဇူရာမဟာတိမ်၀င်္ကပါ၏ အပြစ်အနာများအား ရှာဖွေရန် ကျိုးလင်နှင့်အတူလွှတ်လိုက်ခြင်း ဖြစ်သည်။

တကယ်တော့ တောင်တက်လမ်းတစ်လျှောက်လုံးတွင် မင်ဟောက်အလွန်စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။ သူတို့ ကုန်းရှို့ပင်းလို လှည့်စားခံလိုက်ရမှာကို သူကြောက်ရွံ့နေခဲ့မိသည်။

သူ့အဆင့်အတန်းက ကျိုးလင်အောက်နိမ့်၏။ ထို့ကြောင့် ပြဿနတစ်ခုခုသာ ဖြစ်လာခဲ့လျှင် ဂိုဏ်းပြန်ရောက်ပါက သူ့အပြစ်ဖြစ်လာပေလိမ့်မည်။

ကျိုးလင်မောက်မာစွာ ပြုံးလိုက်ကာ

“ငါတစ်ချိန်လုံး တစ်ချက်တောင်မပြုံးခဲ့ဘူး ပြီးတော့ ကျန်းယန်နဲ့လည်း ဘာစကားမှကောင်းကောင်းမပြောခဲ့ဘူး သူငါ့ကိုဘာလုပ်နိုင်မှာလဲ ကြည့်ကြတာပေါ့

ငါတို့ဒီကိစ္စကို စိတ်ပူစရာ မလိုတော့ဘူး”

“မနက်ဖြန်မှ ငါတို့ အဇူရာတိမ်ပြတိုက်ကိုသွားပြီး

၀င်္ကပါထဲ ဘယ်လို၀င်ရမလဲ ကြည့်ကြမယ်

အဲ့ဒီအချိန်ကျရင်တော့ ၀င်္ကပါရဲ့ ပြစ်ချက်ကိုရှာဖို့ မင်းအကောင်းဆုံး ကြိုးစားရမယ်နော်”

“ပြဿနာမရှိပါဘူး ၀င်္ကပါပညာဆိုတာ ကျွန်တော့်ကျွမ်းကျင်တဲ့အရာပါပဲ” မင်ဟောက်ခေါင်းငြိမ့်ပြလိုက်၏။

အဇူရာတိမ်ဂိုဏ်းတွင် ယုစုန့် များစွာသော ဓာတ်ပုံများအား ကျန်းယန်ဆီ အကူအညီမဲ့စွာ ပေးလိုက်လေသည်။

“စီနီယာအစ်ကိုကြီး အဲ့ဒီ၀မ်လင်းဂိုဏ်းကလူက သတိကြီးလွန်းတယ် သူပြုံးတဲ့ပုံတစ်ပုံမှ မရိုက်နိုင်ခဲ့ဘူး ဒီတစ်ခေါက်တော့ ကိစ္စတွေက သိပ်မကောင်း…”

သူ့အစ်ကိုကြီးသည် ဘယ်လိုပုံများလိုချင်သလဲဆိုတာ သူသိနေခဲ့ပြီး ထိုပုံများ မရခဲ့သောကြောင့် သူစိတ်မသက်မသာဖြစ်နေခဲ့၏။

ကျန်းယန် ယုစုန့်ပေးသောပုံများကိုကြည့်ကာ ပြုံး၍ ခေါင်းယမ်းလိုက်ပြီး

“ကျိုးလင်ရဲ့ တွေးခေါ်နိုင်စွမ်းက ဒီအဆင့်လောက်ပဲရှိတာပါ ဒီပုံတွေက ငါ့အတွက် သတင်းရေးဖို့လိုတာထက်တောင် ပိုနေသေးတယ်”

ထို့နောက် သူချက်ချင်း စတင်ရေးသားလေတော့သည်။

တခဏအကြာတွင် သူယုစုန့်အား စာတစ်ရွက်ပေးလိုက်ပြီး ပြောလိုက်၏။

“ဒါကို ဂျူနီယာညီလေး လျူမင်ဆီယူသွား ပြီးရင် သူ့ကိုတတ်နိုင်သမျှမြန်မြန် ရိုက်ထုတ်ပေးဖို့‌ပြောလိုက်”

ယုစုန့် စာရွက်ကိုယူပြီးနောက် ချက်ချင်းဆိုသလို အဇူရာတိမ်မြို့ရုံးဆီ သွားခဲ့လေသည်။

ထို့နောက်တွင်တော့ အဇူရာတိမ်သတင်းစာ အတွဲ၄ကို အောင်မြင်စွာ ထုတ်ဝေနိုင်ခဲ့၏။

ထိုညတွင် အသစ်ထွက်ရှိလာသော သတင်းစာက ကျိုးလင်ဆီ ရောက်ရှိလာခဲ့သည်။

ကျိုးလင်မျက်မှောင်ကြုံ့သွားခဲ့၏။

အဇူရာတိမ်ဂိုဏ်းသည် တကယ်ကြီး သူ့ကိုတစ်ခုခုကြံစည်လိုက်ခြင်းပေလော။

သူသတင်းစာကိုအလျင်အမြန်ပင် ဖွင့်လိုက်ရာ သူနှင့်ကျန်းယန်တို့၏ ပုံများက စာရွက်၏ တစ်၀က်ခန့်နေရာယူထားသည်ကို တွေ့လိုက်ရသည်။

ခေါင်းစဉ်မှာ အနာဂတ်ဆီသို့ရှေးရှု၍ ဖြစ်၏။

သတင်းစာသည် ၀မ်လင်းဂိုဏ်း၏ကိုယ်စားလှယ် ကျိုးလင်က အဇူရာတိမ်ဂိုဏ်း၏ကိုယ်စားလှယ်ကျန်းယန်နှင့် အဇူရာတိမ်ဂိုဏ်းတွင် ‌ေတွ့ဆုံခြင်းအကြောင်း ရေးသားထားခြင်း ဖြစ်သည်။

ကျိုးလင်နှလုံးသား ချက်ချင်းတင်းကြပ်သွားခဲ့၏။

သူသည် အလွန်အမင်းသတိထားခဲ့ခြင်း‌ဖြစ်လေရာ ထိုကောင်က သူ့ကိုဘာလုပ်နိုင်ပါမည်နည်း။

သူ့ပုံကိုသုံးပြီး အဓိပ္ပာယ်မရှိသော သတင်းမှားများရေးရဲလျှင်တော့ ထိုကဲ့သို့သော ကိစ္စမျိုးကို သူခွင့်လွှတ်မည် မဟုတ်ပေ။

သူအလျင်အမြန်ပင် အကြောင်းအရာတစ်ခုလုံးကို ဖတ်ရှုလိုက်သည်။

“ကိုယ်စားလှယ်ကျိုးလင်နှင့်ကိုယ်စားလှယ်ကျန်းယန် တို့သည် အဇူရာတိမ်ခန်းမထဲတွင်တွေ့ဆုံခဲ့ပြီး ဂိုဏ်းနှစ်ဂိုဏ်းစလုံး၏ အနာဂတ်တိုးတက်ရေး အမြင်များအကြောင်း အပြန်အလှန် ဖလှယ်ခဲ့ကြသည်။ ကိုယ်စားလှယ်ကျန်းယန်က ကျင့်ကြံခြင်းကမ္ဘာကြီးသည် အားလုံးနှင့်သက်ဆိုင်သောအရာဖြစ်ပြီး ကျုပ်တို့တွင် ကျင့်ကြံခြင်းကမ္ဘာတစ်ခုထဲရှိသောကြောင့် ထိုအရာကို ကာကွယ်ဖို့က ကျင့်ကြံသူတိုင်း၏ တာ၀န်သာဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။”

“တွေ့ဆုံပွဲပြီးဆုံးသွားသည့်နောက် ကိုယ်စားလှယ်ကျိုးလင်က နေထိုင်မကောင်းသလို ဖြစ်လာသောကြောင့် အဇူရာတိမ်ဧည့်ဂေဟာသို့ ပြန်ပြီး အနားယူခဲ့ပါသည်။”

“‌ဤတွေ့ဆုံပွဲသည် နှစ်တစ်ထောင်အတွင်း ၀မ်လင်းဂိုဏ်း

၏ ပထမဆုံးအကြိမ် အဇူရာတိမ်ဂိုဏ်းသို့ အလည်လာခြင်း ဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းနှစ်ဂိုဏ်းက ဂိုဏ်းများကြား အနာဂတ်ဆက်ဆံရေးဖွံ့ဖြိုးမှုအတွက် ရှေးရှုနေခဲ့ကြပါသည်”

“ကျွန်တော်တို့ကလည်း ထိုဂိုဏ်းနှစ်ဂိုဏ်း မတူညီမှုများကို ဘေးဖယ်ကာ အနာဂတ်တွင် ငြိမ်းချမ်းရေးကိုဦးထိပ်ထားဖို့သာ မျှော်‌လင့်နေမိပါတော့သည်။”

ကျိုးလင် ခပ်တင်းတင်းမျက်မှောင်ကြုံ့လိုက်၏။ထိုသတင်းထဲတွင် ဘာမှားနေမှန်း သူရှာမရခဲ့ပေ။

ထိုထဲက စကားအချို့သည် အမှန်တကယ်ပင် ကျန်းယန် တွေ့ဆုံပွဲတွင်ပြောခဲ့သော စကားများ ဖြစ်သည်။

သို့သော် တစ်ခုခုတော့ မှားနေသည်ဟု ကျိုးလင်ခံစားနေခဲ့ရ၏။

သို့သော် ဘာမှားနေသလဲ သူအဖြေရှာမရခဲ့ပေ။

တကယ်တော့ အခြား၀မ်လင်းဂိုဏ်းသားများလည်း ဘာမှားနေသလဲဆိုတာ အဖြေရှာမရခဲ့ပေ။

အတန်ကြာအောင် တွေးပြီးနောက် မင်ဟောက် ထိုသတင်းနှင့်ယှဉ်ကြည့်ရန် အရင်သတင်းစာများကို ထုတ်လိုက်လေသည်။

သေချာယှဉ်ကြည့်ပြီးနောက် သူရုတ်တရက်ပြောလိုက်၏။

“ပြဿနာက ဘယ်မှာလဲဆိုတာ ကျွန်တော်သိတယ် ဒီမှာကြည့်”

သူသတင်းစာအတွဲ၂ နှင့်အတွဲ၄ ကိုယှဉ်ပြလိုက်လေသည်။

တစ်ခုတည်းကြည့်မည်ဆိုလျှင် အတွဲ၄ထဲက သတင်းသည် သာမန်သာဖြစ်ပြီး ကျိုးလင်နှင့်ကျန်းယန်တို့ တွေ့ဆုံပွဲအကြောင်းသာဖြစ်ပြီး ဘာမှထူးခြားတာ မရှိပေ။

သို့သော် အတွဲ၂နှင့် ယှဉ်ကြည့်လိုက်လျှင်တော့…

အဇူရာတိမ်ဂိုဏ်းနှင့်လန်ကျားအထွတ်အမြတ်မြေဧ

် မဟာမိတ်ဖွဲ့ထားမှုက ပိုပြီး မသိသာသွားပေဘူးလော။

အတွဲ၂တွင် လန်ကျားအထွတ်အမြတ်မြေမှလူများက နွေးထွေးစွာ ပြုံးနေကြပြီး အတွဲ၄တွင်တော့ ၀မ်လင်းဂိုဏ်းက လူများ၏ အမူအရာများက တောင့်တင်းနေခဲ့ကြသည်။ သူတို့အမူအရာများကို ယှဉ်ကြည့်လိုက်လျှင် တစ်ခုခုတော့ မှားနေပြီဆိုတာ သိသာနေခဲ့၏။

ကျိုးလင် ဆွံ့အသွားခဲ့သည်။

သူ့တမင်သက်သက် ပြဿနာကိုရှောင်ခဲ့မှုက ကုန်းရှို့ပင်းနောက်ကျောကို ဓားနှင့်ထိုးလိုက်သလို ဖြစ်သွားလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့မိပေ။

“ဟမ့် ဘာပဲဖြစ်ဖြစ် ဒါက ငါတို့နဲ့ဘာမှမှမဆိုင်ဘဲ ဒီကိစ္စမှာ ငါတို့မပါဘူး” ကျိုးလင် ခပ်ပြတ်ပြတ်ပြောလိုက်ပြီး လျစ်လျုရှုလိုက်ဟန်ဖြင့် သတင်းစာကို ဘေးကိုပစ်ချလိုက်၏။

တကယ်တော့ သူအဇူရာတိမ်ဂိုဏ်း၏တောင်ခြေကို ရောက်လာကတည်း ကျန်းယန်၏ရည်မှန်းချက်က ပြည့်၀သွားပြီဆိုတာကိုတော့ သူမသိခဲ့ပေ။

အခြားဂိုဏ်းများ၏ အမြင်များက ရိုးရှင်းပေသည်။

အဇူရာတိမ်ဂိုဏ်းနှင့်နက်ရှိုင်းသောအမုန်းတရားရှိသည့် ၀မ်လင်းဂိုဏ်းတောင် အဇူရာတိမ်ဂိုဏ်းဆီရောက်သွားခဲ့လျှင် သူတို့ရော ဘာလို့ မသွားရပါမည်နည်း။

အကယ်၍ တစ်ယောက်ယောက်က ပြဿနာရှာခဲ့မည်ဆိုလျှင်လည်း အရင်ဆုံးသွားခဲ့သူများက ၀မ်လင်းဂိုဏ်းနှင့် လန်ကျားအထွတ်အမြတ်မြေတို့သာ ဖြစ်၏။

All Chapters