← Chapters

အိမ်မှာထိုင်နေရင်း ကောင်းကင်ပြိုကျတာကို အပြစ်တင်ခြင်း

Vol. 31 Ch. 320

အိမ်မှာထိုင်နေရင်း ကောင်းကင်ပြိုကျတာကို အပြစ်တင်ခြင်း

Vol. 31 Ch. 320

အဇူရာတိမ်သတင်းစာ အတွဲ၄က နေရာအနှံ့သို့ အလျင်အမြန်ပျံ့နှံ့သွားခဲ့သည်။

ထိုသတင်းစာ လန်ကျားအထွတ်အမြတ်မြေဆီ ရောက်သွားသောအခါ အကြီးအကဲများ သတင်းစာကို ချက်ချင်းဖွင့်ဖတ်လိုက်ကြပြီး ဒေါသထွက်သွားကြ၏။

“အဇူရာတိမ်ဂိုဏ်းက အရှက်မဲ့လိုက်တာ”

“သူတို့ဒီလိုလုပ်လိုက်တော့ အများအမြင်မှာ ငါတို့က သူတို့နဲ့မဟာမိတ်ဖွဲ့ထားသလို ဖြစ်သွားတာပေါ့”

“ပြီးတော့ အဲ့ဒီ၀မ်လင်းဂိုဏ်းက ကလေးကလည်း ဘာလို့ဒီလိုပြုမူရတာလဲ”

သူတော်စင်သခင်ပင် ဆွံ့အနေခဲ့သည်။

သူတို့ဘာမှမလုပ်ခဲ့ဘဲ အဘယ်ကြောင့် ပြဿနာထဲ တစ်ဖန်ဆွဲထည့်ခံလိုက်ရပါသနည်း။

အတန်ကြာတိတ်ဆိတ်နေပြီးနောက် သူသက်ပြင်းချလိုက်၏။

“မေ့လိုက်ပါတော့ အခုကစပြီး အဇူရာတိမ်ဂိုဏ်းနဲ့ပတ်သက်တဲ့ကိစ္စတွေကို သေချာဂရုစိုက်ရမယ် သူတို့ကို လုံး၀လျစ်လျူရှုထားလိုက်တာ အကောင်းဆုံးပဲ ငါတို့ သူတို့ကို လုံး၀မတွေ့ရင် ငါတို့ကိုဘယ်လိုလှည့်စားနိုင်ဦးမလဲ ကြည့်ကြတာပေါ့”

ကွေ့ယွမ်ဘုရားကျောင်းတွင်

ဘုန်းကြီးတစ်စု သတင်းစာကို ဖတ်ရှုနေခဲ့ကြ၏။

ကျင်းရှန် မျက်မှောင်ကြုံ့သွားခဲ့သည်။

“ငါတို့က အဇူရာတိမ်ဂိုဏ်းကို လျစ်လျူရှုထားရမှာ မဟုတ်ဘူးလား အခု လန်ကျားအထွတ်အမြတ်မြေရော ၀မ်လင်းဂိုဏ်းရောက သူတို့ဆီ သွားနေကြတယ် သူတို့ ဘာတွေလုပ်နေကြတာလဲ”

ကျင်းခုန်း အေးအေးဆေးဆေးပြန်ပြောလိုက်၏။

“အဇူရာတိမ်ကုန်းမြေတိုက်ကြီးမှာ တစ်ခုခုဖြစ်ခဲ့လို့များလား ငါတို့ကအရမ်းဝေးတော့ အဲ့ကသတင်းတွေက ဒီကိုအရမ်းနောက်ကျမှ ရောက်လာတာ သတင်းပို့သမားကလည်း ရွှေအမြုတေအဆင့်ပဲဆိုတော့ အရမ်းနှေးတယ်

ငါတို့တွေ ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ကို အဇူရာတိမ်မြို့ထဲ နေခိုင်းပြီး သတင်းတွေချက်ချင်းပြန်ပို့ပေးနိုင်အောင် စီစဉ်ထားသင့်တယ်”

ထို့နောက် အေးအေးချမ်းချမ်းပင် ပုတီးစိပ်နေသော ကျောင်းထိုင် ခပ်အေးအေး၀င်ပြောလိုက်၏။

“အခြားသူတွေရဲ့ကိစ္စက ငါတို့စိတ်ပူစရာမဟုတ်ပါဘူး ငါတို့က ငါတို့ကိုယ်ငါတို့ပဲ အာရုံစိုက်ထားရမယ်

ကျန်းယန် ကောင်းကင်‌သူရဲကောင်းတိုက်ပွဲကွင်းပြင်မှာ ထုတ်ပြခဲ့တဲ့ ကျမ်းစာက ငါတို့အတွက် အရမ်းအရေးကြီးတယ် ဒါပေမယ့် သူထုတ်ပြတာက အပြည့်အစုံမဟုတ်သေးဘူး

ငါတို့ ပြည့်စုံတဲ့ကျမ်းကိုလိုချင်ရင် သူနဲ့ညှိနှိုင်းရမယ်

အခြားဂိုဏ်းတွေက လူတွေလွှတ်နေမှတော့ ငါတို့လည်း တစ်ယောက်ယောက်လွှတ်ရမယ် ဘာပဲဖြစ်ဖြစ် ငါတို့အဲ့ဒီကျမ်းကို ကျိန်းသေပေါက် ရအောင်ယူရမယ် အဲ့တာက ငါတို့ရဲ့ ဗုဒ္ဓတရားတွေအပေါ် အများကြီး အကျိုးဖြစ်ထွန်းစေလိမ့်မယ်”

“သဘောတူပါတယ်”

…….

ရှို့ယိဘုရားကျောင်းတွင် ယွင်စုန့်နှင့်အခြားသူများ တိတ်တဆိတ်ပင် သတင်းစာနှစ်စောင်ကို ယှဉ်ကြည့်နေခဲ့ကြသည်။

“ငါတို့တွေ အဇူရာတိမ်ဂိုဏ်းကို လျစ်လျူရှုထားဖို့ သဘောတူထားပေမယ့် အဲ့ဒီဂိုဏ်းနှစ်ဂိုဏ်းက လျှို့ဝှက်ပြီး လူတွေ လွှတ်ခဲ့တယ် သူတို့က ဘာသဘောလဲ

ဂျူနီယာလေးတွေ လွှတ်လိုက်တာက သဘောတူညီချက်ကို ဖောက်ဖျက်ရာ ကျမယ် ထင်ကြလား”

တခဏရပ်ပြီးနောက်

“မင်းတို့အားလုံးကဖောက်ဖျက်နေမှတော့ ငါတို့ကိုလည်းဖောက်ဖျက်လို့ အပြစ်လာမတင်နဲ့တော့”

“ဆိုတော့ မင်းတို့ဂိုဏ်းတွေအားလုံးက တိတ်တဆိတ်လူလွှတ်ကြတယ်ပေါ့လေ ကောင်းပြီလေ ရှို့ယိဘုရားကျောင်းလည်း မင်းတို့လို လုပ်လိုက်တာပေါ့”

ထို့နောက် ရှို့ယိဘုရားကျောင်းက ကျိရှုနှင့်ကုန်းရှုတို့ ဦးဆောင်သောအဖွဲ့ကို စေလွှတ်ခဲ့ပြီး လင်းရှုကတော့ ဓားပညာလေ့လာရန် ဘုရားကျောင်းတွင်သာ နေရစ်ခဲ့သည်။

အစကတော့ လန်ကျားအထွတ်အမြတ်မြေသည် အဇူရာတိမ်ဂိုဏ်းသို့ အကြံအစည်ဖြင့် သွားခဲ့ကြခြင်း ဖြစ်၏။

၀မ်လင်းဂိုဏ်းကလည်း ထို့အတူပင်။ သို့သော် သူတို့အကြံအစည်က ကျန်းယန်၏ရွှေ့ကွက်များကြားတွင် အဇူရာတိမ်ဂိုဏ်းကို အကျိုးပြုလိုက်သလိုဖြစ်သွားပြီး ဂိုဏ်း၉ဂိုဏ်းကြား သဘောတူညီချက်က ဒီလိုနည်းဖြင့် ပျက်ပျယ်သွားလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။

ယခုအခါ ရှို့ယိဘုရားကျောင်းတင်မကဘဲ ဝေးလံလှသော ကောင်းကင်နှလုံးသားကျွန်းနှင့် ပင်လယ်ကောင်းကင်မျှော်စင်လို နေရာများကပင် လူများ စေလွှတ်လာခဲ့ကြ၏။

“ငါကျန်းယန်နဲ့ ရေခဲနဲ့နှင်းအကြောင်း ဆွေးနွေးချင်နေတာကြာပြီ နောက်ဆုံးတော့ သွားနိုင်ပြီပေါ့”

မဟာနှင်းတောင်ဂိုဏ်းမှ လန်ချင်းဖုန်းတစ်ယောက် သူ့အဖွဲ့ကိုဦးဆောင်ကာ အဇူရာတိမ်ဂိုဏ်းဆီ ထွက်ခွာလာခဲ့လေသည်။

နှင်းနယ်မြေတွင်လည်း မြူနှင်းဂိုဏ်းဆွေးနွေးနေခဲ့၏။

ဂိုဏ်းချုပ် ရှန်ယိဟောက် ကိုအမိန့်ပေးလိုက်သည်။

“ပါချင်းယန်နဲ့အခြားသူတွေကို ခေါ်ပြီး အဇူရာတိမ်ဂိုဏ်းကိူ ပြန်သွား ငါတို့ဒေသထွက် ပစ္စည်းတွေယူသွားပြီး သူတို့နဲ့ ကုန်သွယ်ခဲ့”

ရှန်ယိဟောက် တွန့်ဆုတ်နေခဲ့၏။

“ဂိုဏ်းချုပ် ပြဿနာတစ်ခုခုဖြစ်မလာနိုင်ဘူးလား”

ဂိုဏ်းချုပ်‌ပြုံးလိုက်သည်။

“၀မ်လင်းဂိုဏ်းနဲ့ သူတို့နဲ့က အမုန်းတရားအကြီးမားဆုံးပဲ အခု၀မ်လင်းဂိုဏ်းတောင် သွားနေပြီကို ငါတို့က ဘာကြောက်နေရမှာလဲ ပြီးတော့ ငါတို့အဇူရာတိမ်ဂိုဏ်းကို အကြေွးတင်ထားတယ် အခုက အကြွေးပြန်ဆပ်ဖို့ အကောင်းဆုံးအချိန်ပဲ”

ရှန်ယိဟောက် အကူအညီမဲ့စွာ ပြောလိုက်၏။

“မဟာနှင်းတောင်ဂိုဏ်းက အထင်လွဲပြီး ပြဿနာရှာမှာကိုပဲ ကျွန်တော်က ကြောက်မိတာပါ အဇူရာတိမ်ဂိုဏ်းကလည်း ကျွန်တော်တို့ကို ကူညီနိုင်မှာမဟုတ်ဘူးလေ”

တွေးတောပြီးနောက် ဂိုဏ်းချုပ် ပြန်ပြောလိုက်လေသည်။

“အဇူရာတိမ်ဂိုဏ်းကို အရင်သွားလိုက် ပြီးမှအခြေအနေကြည့်ပြီး ဆုံးဖြတ်ခဲ့”

လိုအပ်လျှင် သူတို့သည် ကုန်သည်များ ခရီးသွားများလိုပင် ဟန်ဆောင်နိုင်သေး၏။

ရှန်ယိဟောက် သဘောတူပြီးနောက် သူအဖွဲ့နှင့် အတူ ထွက်ခွာသွားခဲ့လေသည်။

အဇူရာတိမ်ဂိုဏ်းတွင်

သတင်းစာအတွဲ၄ကို ထုတ်ဝေပြီးနောက် ကျန်းယန် ထိုကိစ္စကို စိတ်မ၀င်စားတော့ပေ။

သူ့အာရုံက စစ်ရေးပြပွဲဆီသာ ရောက်ရှိနေခဲ့၏။

“ဆရာဦးလေး အခြေအနေဘယ်လိုရှိလဲ” ကျန်းယန် ဟွာလင်းကျိကို မေးလိုက်လေသည်။

ဟွာလင်းကျိသူ့ကို ကိရိယာတစ်ခုထုတ်ပြခဲ့ပြီး လေးလေးနက်နက်ရှင်းပြလိုက်၏။

“သေချာလေ့လာပြီးတဲ့နောက် ငါတို့ပေါက်ကွဲမှုကြီးကြီးမားမားဖြစ်စေနိုင်တဲ့ အရာတစ်ခုကို တီထွင်နိုင်ခဲ့တယ် အဲ့တာက ဒြပ်ငါးမျိုးနဲ့ ဖွဲ့စည်းထားတာ

ဆန့်ကျင်ဘက်စွမ်းအားတွေအများကြီးရှိတယ်ကွ ဥပမာ ရေနဲ့မီး ယင်နဲ့ယန်လိုအားမျိုးတွေပေါ့ ဒါပေမယ့် အဲ့တာတွေရဲ့ပေါက်ကွဲအားက လုံလောက်အောင် မပြင်းထန်ဘူး

အဲ့တာကြောင့် ငါတို့က ဒြပ်ငါးမျိုးအပေါ် အာရုံစိုက်ခဲ့ကြတာ

မင်းဆရာဒေါ်လေး ၄ရဲ့ ၀င်္ကပါနဲ့ ငါ့ကဗ္ဗည်းကိုသုံးပြီးတာနဲ့ ဒီကိရိယာက အသက်၀င်လာလိမ့်မယ် ပြီးရင် ဒြပ်ငါးမျိုးကို စုစည်းပစ်မှာ အဲ့ဒီဒြပ်ငါးမျိုးက အဆင့်တစ်ခုထိရောက်သွားတဲ့အခါကျရင်တော့ အချင်းချင်းပေါင်းစပ်သွားပြီး ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်သွားစေလိမ့်မယ်

အဲ့ဒီပေါက်ကွဲမှုရဲ့ စွမ်းအားက တာအိုပေါင်းစည်းခြင်းအထွတ်အထိပ်အဆင့်တစ်ယောက်ရဲ့ တိုက်ကွက်နဲ့ ယှဉ်လို့ရတယ်”

ကျန်းယန် ၀မ်းသာသွားခဲ့၏။

“ဒါဆို ဘာစောင့်နေတာလဲ ဆရာဦးလေး ၆ ကိုခေါ်ပြီး အမြန်သွန်းလုပ်လိုက်တော့လေ”

ဟွာလင်းကျိ သက်ပြင်းချလိုက်သည်။

“ငါသူနဲ့ဆွေးနွေးပြီးပြီ အဲ့ဒီလက်နက်သွန်းလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေက စိတ်ဝိညာဉ်လက်နက် နှစ်ခုစာလောက်ရှိတယ်

အဲ့တာတွေ အားလုံးကို ပေါက်ကွဲစေတဲ့လက်နက်တစ်ခုထဲပေါင်းထည့်လိုက်ရင် အရမ်းနှမြောစရာ ကောင်းနေလိမ့်မယ်”

“နှမြောစရာမကောင်းပါဘူး” ကျန်းယန် ခပ်ပြတ်ပြတ်ပြန်ပြောလိုက်၏။

“ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒီလက်နက်ကိုဖန်တီးရမယ်”

သူထိုလက်နက်ကို စစ်ရေးပြပွဲမတိုင်ခင် အောင်မြင်အောင် သွန်းလုပ်ထားဖို့ လိုအပ်ပေသည်။ ထိုမှသာ သူတို့စွမ်းအားအား အခြားဂိုဏ်းများသိအောင် ပြသ‌နိုင်ပေလိမ့်မည်။

All Chapters