စစ်ရေးပြပွဲအတွက် တရား၀င် ဖိတ်ကြားစာ
Vol. 31 Ch. 321
သူလိုချင်သော လက်နက်ကို သွန်းလုပ်လုိက်နုိင်ေသာေကြာင့် ကျန်းယန် အလွန်ကျေနပ်နေခဲ့မိသည်။
အခုတော့ သူအဇူရာတိမ်ဂိုဏ်း၏စွမ်းအားကို ထုတ်ပြပြီး အခြားဂိုဏ်းများ သူတို့အား ပိုသတိထားသွားအောင် လုပ်နိုင်ခဲ့ချေပြီ။
နောက်တုံးတွင် အခြားသူများ၏မျက်လုံးထဲ၌ အကယ်၍ သူတို့က ဒီလောက်စွမ်းအားကြီးသောလက်နက်ကိုထုတ်ပြနေလျှင် နောက်ကွယ်၌ ပိုစွမ်းအားကြီးသော လက်နက်များ ရှိနေသေးသည်ဟု မြင်သွားပေလိမ့်မည်။
ထိုဘာမှန်းမသိခြင်းဟူသော အရာက အခြားဂိုဏ်းများကို ပိုသတိထားသွားစေလိမ့်မည်သာ။
ကျန်းယန် စုတ်ချက်တောင်ထွတ်မှ ထွက်ခွာလာပြီး သူ့ဆရာကို ထိုသတင်းပေးရန် အဇူရာတိမ်တောင်ထွတ်သို့ ရောက်ရှိလာခဲ့၏။
“ဆရာ ကောင်းကင်ကဥက္ကာခဲတစ်တုံးကျလာပြီး အဇူရာမဟာတိမ်၀င်္ကပါကိုထိသွားရင် ၀င်္ကပါက တောင့်ခံထားနိုင်လောက်လား”
ချင်းယွင်ကျိ သတိထား၍ ပြန်ေမးလိုက်သည်။
“ဒီတစ်ခေါက်ရော မင်းဘာတွေစီစဉ်နေတာလဲ”
ကျန်းယန် ပြုံးလိုက်၏။
“ကျွန်တော်က ဒီတိုင်းမေးကြည့်တာပါ”
တွေးကြည့်ပြီးနောက် ချင်းယွင်ကျိ မေးလိုက်လေသည်။
“ဘယ်လောက်ကြီးကြီးလဲ”
“လေ့ကျင့်ရေးကွင်းအရွယ်လောက်ပေါ့” ကျန်းယန် အနီးရှိ တောင်တစ်လုံးကိုလက်ညှိုးထိုးပြကာ ပြောလိုက်
၏။
ချင်းယွင်ကျိ စိတ်အေးသွားကာ ပြန်ဖြေလိုက်သည်။
“အဲ့လောက်ဆို ပြဿနာမရှိဘူး”
တောင်တစ်လုံး၏ ကျဆင်းလာမှုက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်၏ တိုက်ခိုက်မှုလောက်သာ ရှိပြီး ထိုစွမ်းအားလောက်ကို ၀င်္ကပါက တောင့်ခံနိုင်၏။
စိတ်အေးသွားသော ကျန်းယန်တစ်ယောက် ဘဏ္ဍာတိုက်ဆီရောက်သွားခဲ့ပြီး ဂျင်တစ်သန်းလောက် အလေးချိန်ရှိသော ကြေးနီ သံ ခဲ ရွှေ နှင့် ငွေ သတ္တုများကို သွားယူလာခဲ့သည်။
သူထိုအရာများကို တားမြစ်နယ်မြေဆီယူသွားခဲ့ပြီး မိစ္ဆာများနှင့် တွေ့ဆုံခဲ့၏။
“စီနီယာတို့ ကျွန်တော်စီနီယာတို့ရဲ့ အကူအညီလိုအပ်နေတယ်” သူပြောပြီးနောက် သူယူလာသော သတ္တုများကို တောင်တစ်လုံးပေါ် ပစ်ချလိုက်လေသည်။
ဂူဒူအာ စိတ်၀င်တစားမေးလိုက်၏။
“မင်းကဘာလိုတာလဲ”
ကျန်းယန် ဖြေလိုက်သည်။
“ကျွန်တော် ဒီသတ္တုတွေအားလုံး အရည်ေပျာ်ပြီး သံချောင်းတစ်ချောင်းဖြစ်လာတာ လိုချင်တယ်
အဲ့တာက အရမ်းကိုသန်မာရမယ် ဟင်းသောက်ပန်ကန်လုံးတစ်လုံးစာလောက် လုံးပတ်ရှိပြီး ဆယ်ပေလောက် ရှည်ရမယ်
ပြီးတော့ မြေဆွဲအားနိယာမတွေ အရှိန်နိယာမတွေ အပြင် စီနီယာတို့ရဲ့ မိစ္ဆာစွမ်းအားအချို့ပါ သံချောင်းပေါ် ရေထွင်းပေးရမယ်”
ဂူဒူအာပိုပြီး စိတ်၀င်စားလာခဲ့၏။
“မင်းက အဲ့တာကို ဘယ်နေရာမှာသုံးမလို့လဲ”
ကျန်းယန် လက်ညှိုးထိုးပြလိုက်လေသည်။
“ကျွန်တော်အဲ့တာကို အမြင့်တစ်နေရာကနေ မြေပြင်ပေါ် ပစ်ချမှာ အကျိုးသက်ရောက်မှုက ကြီးလေလေ ကောင်းလေလေပဲ”
ဂူဒူအာ ခေါင်းငြိမ့်ပြလိုက်၏။
“နားလည်ပြီ ငါတို့မင်းအတွက် လုပ်ပေးမယ် စိတ်ချထား”
“ကျေးဇူးတင်ပါတယ်” ကျန်းယန်ပြန်ပြောလိုက်လေသည်။
“ပြီးတော့ ကျွန်တော်မကြာခင် စစ်ရေးပြပွဲတစ်ခုလုပ်ဉီးမှာ အဲ့ဒီအခါလည်း စီနီယာတို့ ပေါ်လာဖို့ လိုသေးတယ်နော်”
“ပြဿနာမရှိဘူး လိုတဲ့အခါသာ ငါတို့ကိုလှမ်းခေါ်လိုက်”
ထိုနေရာမှ ထွက်လာခဲ့ပြီးနောက် ကျန်းယန် စစ်ရေးပြပွဲလုပ်ဖို့ နေရာကို စတင်ရွေးချယ်လေတော့သည်။
ထိုနေရာသည် အဇူရာတိမ်မြို့မှ ဝေးဖို့လိုသလို ၀င်္ကပါကိုလည်း ထိခိုက်စေ၍ မဖြစ်ပေ။
ထို့နောက် ချင်းယွင်ကျိ၏ အကြံပေးမှုနှင့်အတူ ကျန်းယန် အဇူရာတိမ်ဂိုဏ်း၏ မြောက်ဘက် မိုင်ပေါင်း ၁၇၀ အကွာရှိ နယ်မြေကို ရွေးချယ်လိုက်၏။
တည်နေရာသတ်မှတ်ပြီးသည်နှင့် ကျန်းယန် ကျန်းကျစ်ချိုးအား အဇူရာတိမ်သတင်းစာ အတွဲ၅ ကိုထုတ်ဝေဖို့ အမိန့်ပေးလိုက်လေသည်။
ထိုသတင်းစာထဲတွင် အသိပေးချက်တစ်ခုသာ ပါ၀င်ပေသည်။
စစ်ရေးပြပွဲသို့ တက်ရောက်ရန် ဂိုဏ်းများအားလုံးအား ဖိတ်ကြားခြင်း!
သို့သော် ဂိုဏ်းတိုင်းက အဇူရာတိမ်မြို့တွင် အရင်ဆုံးစာရင်းသွင်းဖို့ လိုအပ်၏။
ထိုဖိတ်ကြားစာသည် နှစ်လအတွင်း တစ်ကမ္ဘာလုံးဆီ ပျံ့နှံ့သွားမည်ဖြစ်ပြီး ကောင်းကင်နှလုံးသားကျွန်းလို အလွန်ဝေးသော နေရာမျိုးဆီ ရောက်ဖို့က အများဆုံး ၂နှစ်တော့ လိုအပ်ပေသည်။
လန်ကျားအထွတ်အမြတ်မြေ ထိုသတင်းစာကို ရရှိသောအခါ သူတို့အံကိုကြိတ်၍ ပြောလိုက်ကြ၏။
“ငါတို့ ဒီအကွက်ထဲ နှစ်ခါပြန်ကျလို့ မဖြစ်ဘူး”
“ငါတို့တင်မဟုတ်ဘူး အခြားဂိုဏ်းကလူတွေကိုလည်း ဒီပွဲကိုမသွားဖို့ တားမြစ်ရမယ်”
“ပြောရရင် ဒီစစ်ရေးပြပွဲက ငါတို့နဲ့ ဘာမှမဆိုင်ဘူး”
လန်ကျားအထွတ်အမြတ်မြေမှ အကြီးအကဲများ ဒေါသထွက်နေခဲ့ကြသည်။
အဇူရာတိမ်ဂိုဏ်းသည် အရှက်မဲ့လွန်းလှပြီ အချိန်တိုင်း သူတို့ဆီက အမြတ်ထုတ်ဖို့သာ ကြံနေခဲ့၏။ ဒီတစ်ခါတော့ သူတို့ထိုသို့ အဖြစ်မခံတော့ပေ။
မြင့်မြတ်သခင် ခေါင်းကိုယမ်းလိုက်သည်။
ကျန်းယန်အပေါ် သူနားလည်ထားပုံအရ သူတို့ မတက်ရောက်တော့ရော ဘာထူးသွားပါမည်နည်း။
ဘာပဲဖြစ်ဖြစ် ကျိုးလင်၏ရောက်ရှိသွားမှုက သူတို့ လန်ကျားအထွတ်အမြတ်မြေ၏ နာမည်ကို ဆွဲချသွားပြီးပြီ မဟုတ်ပါလော။
သို့သော် အကြီးအကဲများအားလုံးက ငြင်းဆန်နေမှတော့ သူလည်း သဘောတူဖို့မှလွဲ ရွေးစရာမရှိတော့ပေ။ သို့သော် သူကျန်းယန် ဘာအကွက်များထပ်ရွှေ့ဦးမလဲဆိုတာကို ခန့်မှန်းမရခဲ့ပေ။
လန်ကျားအထွတ်အမြတ်မြေက အဇူရာတိမ်ဂိုဏ်းကို လျစ်လျူရှုထားဖို့ ဆုံးဖြတ်ထားချိန်တွင် အခြားဂိုဏ်းများကတော့ ပိုပိုနီးကပ်လာခဲ့ကြသည်။
အဇူရာတိမ်မြို့ထဲတွင် နေ့တိုင်း စာရင်းလာသွင်းသော လူသစ်များရောက်ရှိနေခဲ့ကြ၏။
ရှန်ယိဟောက် စာရင်းသွင်းဖို့ လူတန်းရှည်ထဲတွင် စောင့်ဆိုင်းနေရင်း မသက်မသာခံစားနေခဲ့ရသည်။
သူသည် တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ဖြစ်သော်လည်း ရွှေအမြုတေအဆင့်များနှင့်အတူ လူတန်းထဲတွင် စီနေရခြင်းပေလော။
နောက်ဆုံးတစ်ခေါက်သူလာတုန်းက အဇူရာတိမ်ဂိုဏ်းဆီ တန်းသွားခွင့်ရခဲ့သော်လည်း လအနည်းငယ်အကြာတွင် အရာရာက ပြောင်းလဲသွားခဲ့ချေပြီ။
သို့သော် ဤတစ်ခေါက်တွင် သူစိုးရိမ်တော့ မနေတော့ပေ။
အဘယ်ကြောင့်ဆိုသော် သူ့ရှေ့က လူတန်းထဲတွင် မဟာနှင်းတောင်ဂိုဏ်း၏ နာမည်ကျော် လန်ချင်းဖုန်းကို သူမြင်နေရ၍ ဖြစ်သည်။
ထိုအခိုက်တွင် လန်ချင်းဖုန်းက ရှို့ယိဘုရားကျောင်းမှ လူများကို နှုတ်ဆက်နေခဲ့၏။
ဂိုဏ်းနှစ်ဂိုဏ်းလုံးက အဇူရာတိမ်ဂိုဏ်းနှင့် တူညီသောအကွာအဝေးတွင်ရှိသောကြောင့် အချိန်ကိုက်နီးပါးရောက်ရှိလာခဲ့ကြပြီး ဤနေရာတွင် အတူတူတန်းစီနေခဲ့ကြခြင်း ဖြစ်သည်။
“တာအိုမိတ်ဆွေကျိရှု မတွေ့တာကြာပြီနော်” လန်ချင်းဖုန်း ပြုံးပြလိုက်၏။
“လင်းရှုရော ဘယ်မှာလဲ”
“သူကတံခါးပိတ်ကျင့်ကြံနေပြီးတော့ ဓားပညာလေ့လာနေပါတယ်” ကျိရှုပြန်ဖြေလိုက်သည်။
“ဒါဆိုရင်တော့ နောက်တစ်ခေါက်ငါတို့တွေ့ရင် သူက အတော်ကြီးတိုးတက်နေတော့မှာပဲ” လန်ချင်းဖုန်းထို့နောက် ဆက်ပြောလိုက်၏။
“ကျန်းယန်ရော ပိုသန်မာလာသလား ငါသိချင်မိတယ် ဒီတစ်ခေါက်တွေ့ရင် ငါသူ့ကို စိန်ခေါ်ရမယ်”
ကျိရှု သူ့ကိုတစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောခဲ့ပေ။
လန်ချင်းဖုန်းသည် နတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်မှန်း သူတွေ့နေခဲ့ရသည်။ သို့သော် သူမနားလည်ထားပုံအရ လန်ချင်းဖုန်းသည် ဘယ်လိုမှ ကျန်းယန်ပြိုင်ဘက် မဖြစ်နိုင်သေးပေ။
ထိုကောင့်တွင် များစွာသော စိတ်ဝိညာဉ်လက်နက်များ ရှိနေမှန်း သူမ သိ၏။
“ဟေး မင်းအလှည့်ရောက်ပြီ” ၀န်ထမ်းလေး အော်ပြောလိုက်သည်။
လန်ချင်းဖုန်းရှေ့တက်လာကာ
“ငါက ဒီကိုကျန်းယန်နဲ့တွေ့ဖို့လာတာ ငါရော စာရင်းသွင်းစရာလိုတယ်လား”
၀န်ထမ်းလေး သူ့ကိုတစ်ချက်ကြည့်လိုက်ကာ
“မင်းက အစစ်အမှန်အမတတစ်ပါးလား”
“မ…မဟုတ်ဘူး” လန်ချင်းဖုန်းအောင့်သက်သက်ဖြင့် ပြန်ပြောလိုက်သည်။
“ဒါဆို အချိန်လာဖြုန်းမနေနဲ့” ၀န်ထမ်းပြောလိုက်ပြီးနောက် စာရင်းစာအုပ်ကို ဖွင့်လိုက်၏။
“မင်းကဘယ်ကလဲ”
“မဟာနှင်းတောင်တန်း”
“နာမည်ကရော”
ကင်းလှည့်နေသော စစ်သည်နှစ်ရာကိုတစ်ချက်ကြည့်လိုက်ပြီးနောက် လန်ချင်းဖုန်း ပြန်ဖြေလိုက်သည်။
“လန်ချင်းဖုန်း”
“ဒါက မင်းနေထိုင်ခွင့်ကတ်ပြား မြို့ထဲမှာ တိုက်ခိုက်လို့မရဘူးနော် နားလည်တယ်မလား နောက်တစ်ယောက်”
လန်ချင်းဖုန်း ခေါင်းယမ်းလိုက်ကာ ထွက်ခွာသွားခဲ့၏။
အဇူရာတိမ်မြို့ထဲ၀င်၀င်ချင်းပင် လိုက်နာရသော လုပ်ထုံးလုပ်နည်းများစွာ ရှိနေသောကြောင့် သူဆွံ့အနေခဲ့သည်။
သူ့ကိုအံ့အားသင့်သွားစေသောအချက်မှာ သာမန်လူဖြစ်သော ၀န်ထမ်းလေးကပင် အလွန်ယုံကြည်မှုရှိနေပြီး အားလုံးကို တန်းတူဆက်ဆံနေသော အချက်သာ ဖြစ်၏။
မဟာနှင်းတောင်ဂိုဏ်းတွင်ဆိုလျှင် ထိုကဲ့သို့သောသူမျိုးက သူ့ရှေ့တွင် ၀ပ်နေအောင် ဒူးထောက်နေရပေလိမ့်မည်။
မြို့ထဲရောက်သောအခါ တစ်ယောက်ယောက်က သူ့ဆီ ေနွးထွေးစွာ ချဉ်းကပ်လာခဲ့သည်။
“ဂုဏ်သရေရှိဧည့်သည်တော်ကြီးကို အဇူရာတိမ်မြို့က ကြိုဆိုပါတယ်”