← Chapters

ကောင်းကင်အလွန်မှ တိုက်ကွက်

Vol. 31 Ch. 322

ကောင်းကင်အလွန်မှ တိုက်ကွက်

Vol. 31 Ch. 322

“ရိုင်းလိုက်လေ မင်းတို့အဇူရာတိမ်ဂိုဏ်းက တကယ့် သူခိုးကောင်တွေနဲ့ပြည့်နေတာပဲ” လန်ချင်းဖုန်း ကျနး်ယန်ကို‌မြင်သည်နှင့် အထွန့်မတက်ဘဲ မနေနိုင်ခဲ့ပေ။

“ငါဒီလောက်ဆိုးတဲ့နေရာကို တစ်ခါမှ မမြင်ဖူးဘူး”

“အို့”

ကျန်းယန်ပြုံးလိုက်ကာ ဖော်ရွေသောမျက်နှာထားဖြင့် ပြောလိုက်၏။

လန်ချင်းဖုန်း ရောက်လာတာသိကတည်းက သူလန်ချင်းဖုန်းကို တောင်ပေါ် ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။ လန်ချင်းဖုန်းသည် သူ့ဟာသူ လာခဲ့ခြင်းဖြစ်ပြီး ဂိုဏ်းကိုယ်စားပြု ရောက်လာခဲ့ခြင်း မဟုတ်ပေ။

“ငါမြို့ထဲရောက်တာနဲ့ တစ်ယောက်ယောက်က ငါ့ကိုလမ်းည္ွန်ပေးမယ်လို့ ပြောတယ် ငါကတော့ ဒီလူကြင်နာလိုက်တာလို့ တွေးမိတာပေါ့ ပြီးတော့ကျ သူကငါ့ကို လမ်းညွှန်ခတောင်းတယ်” လန်ချင်းဖုန်း ခါးသက်သက်ပြောလိုက်သည်။

“သူက ငါ့ကိုဈေးလျှော့ထားတဲ့ ပစ္စည်းတွေ အစားအစာတွေနဲ့ အဖွဲ့၀င်ကဒ်တောင် ရောင်းလိုက်သေးတယ်

အဆိုးဆုံးကတော့ မင်းတို့အဇူရာတိမ်ဂိုဏ်းက ဧည့်ဂေဟာက တစ်ရက်ကို စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀၀တောင်းတယ်ကွ ပြီးတော့ အဇူရာတိမ်သတင်းစာကို ပျက်ဆီးအောင်လုပ်မိလို့လည်း ၄၀၀၀၀ လျော်ခဲ့ရတယ် အဲ့တာက သာမန်စက္ကူပဲလေ ဘာတွေထူးခြားနေလို့လဲကွ ဘာလို့ အဲ့လောက်ဈေးကြီးနေရတာလဲ”

ကျန်းယန် သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး ငါမင်းကိုပြောမပြပါဘူးဟု ‌ေတွးလိုက်၏။

ထိုသတင်းစာများသည် မကြာခဏဆိုသလို ရည်ရွယ်ချက်ရှိရှိ ပျက်ဆီးလေ့ရှိပြီး ထိုအရာက သူတို့အတွက် ငွေရှာကိရိယာတစ်ခုဖြစ်လာခဲ့သည်မှာလည်း ကြာခဲ့ချေပြီ။

“မင်းမှာ ပိုက်ဆံရှားနေလို့လား” ကျန်းယန် ပြန်မေးလိုက်သည်။

လန်ချင်းဖုန်းနှာခေါင်းရှုံ့လိုက်၏။

“အဲ့တာက ငွေကြောင့်မဟုတ်ဘူး လှည့်စားခံလိုက်ရလို့ကွ ငါလောင်းရဲတယ် အဇူရာတိမ်မြို့ဒီလိုဖြစ်လာတာ မင်းကြောင့်ပဲနေမယ် ငါအရင်ကဒီလိုအပြုအမူရှိတဲ့လူတွေကို ဒီလောက်အပြုံလိုက်ကြီး တစ်ခါမှ မမြင်ဖူးဘူး”

ကျန်းယန် ခပ်ဟဟရယ်မောလိုက်လေသည်။

“သာမန်လူတွေကို ကူညီလိုက်ရတာလည်း သိပ်ဆိုးတာတော့ မဟုတ်ပါဘူးကွာ”

လန်ချင်းဖုန်းခေါင်းယမ်းလိုက်ပြီး လေးလေးနက်နက်ပြောလိုက်၏။

“တော်လောက်ပြီ ငါဒီကိုလာတာ ကိစ္စနှစ်ခုကြောင့်ပဲ

ပထမတစ်ခုက ငါနဲ့တိုက်ခိုက်ပါ

ဒုတိယတစ်ခုကတော့ အဲ့ဒီအဇူရာတိမ်ဂိုဏ်းက လက်နက်တွေက ရောင်းဖို့လား”

သူအဇူရာတိမ်သတင်းစာ အတွဲ၃ ကိုထုတ်လိုက်ပြီး မျက်နှာဖုံးပေါ်က လက်နက်များကိုလက်ညှိုးထိုးပြကာ မေးလိုက်သည်။

“မင်း ဒုတိယမေးခွန်းကိုအရင်ဖြေလိုက်မယ် ရောင်းဖို့မဟုတ်ဘူး” ကျန်းယန် ပြတ်ပြတ်သားသားပြောလိုက်၏။

“အဲ့တာတွေက ငါတို့ဝှက်ဖဲတွေပဲ ဘာလို့ရောင်းရမှာလဲ ငါတို့က မင်းတို့လိုလူတွေနဲ့တိုက်ခိုက်ရရင် အဲ့ဒီလက်နက်တွေကိုပဲ မှီခိုနေရတာ”

လန်ချင်းဖုန်းနှုတ်ခမ်းများ တွန့်ကွေးသွားကာ

“တော်စမ်းပါ မင်းတို့ဂိုဏ်းမှာ မိစ္ဆာတွေရှိနေတာပဲ ဘယ်သူက မင်းတို့ကိုတိုက်ခိုက်ရဲမှာလဲ ငါက ငါ့အကြီးအကဲတွေအစားမေးပေးတာ ရောင်းဖို့မဟုတ်ရင်လည်း မေ့လိုက်တော့

အခု တိုက်ခိုက်ကြစို့”

“မင်း သေချာလို့လား” ကျန်းယန် ထူးဆန်းနေဟန်ဖြင့် မေးလိုက်၏။

“သေချာတာပေါ့ ငါအဲ့တာကြောင့်ပဲ ရောက်လာတာလေ ဒါပေမယ့် ငါအံ့ဩမိတာက မင်းကနတ်ဝိညာဉ်အဆင့်တောင် မရောက်သေးဘူးမဟုတ်လား”

ကျန်းယန်ပြုံးလိုက်သည်။

“မလောပါနဲ့ မင်းကိုတိုက်ခိုက်ဖို့က ဝိညာဉ်အခြေတည်အဆင့်နဲ့တင် လုံလောက်နေပြီ”

“ဘာ” လန်ချင်းဖုန်း စိတ်တိုသွားခဲ့၏။

“တိုက်ခိုက်ကြစို့ ငါမင်းကို နတ်ဝိညာဉ်အဆင့်ရဲ့ စွမ်းအားကို ပြပေးမယ်”

ကျန်းယန် အေးအေးဆေးဆေးပင် များစွာသော စိတ်ဝိညာဉ်လက်နက်များကို ထုတ်လိုက်လေသည်။

“ငါ …ငါတို စိတ်ဝိညာဉ်လက်နက်တွေ မသုံးကြရင်ရော” လန်ချင်းဖုန်း တံတွေးမြိုချလိုက်ကာ သတိထား၍ မေးလိုက်၏။

သူဆွံ့အသွားသလို စိတ်လည်းတိုသွားခဲ့သည်။ ဘယ်သူက ထိုမျှများပြားသော စိတ်ဝိညာဉ်လက်နက်များကို ကိုင်ဆောင်ပါသနည်း။ ထိုကောင့်တွင်တော့ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက် သုံးခုပင် ရှိနေသေးသည်။

ကျန်းယန် ရယ်မောလိုက်၏။

“ဟားဟား ကောင်းပြီလေ တိုက်ပွဲကွင်းပြင်ဆီ သွားကြတာပေါ့”

ကျန်းယန်တိုက်ပွဲကွင်းပြင်ဆီ အရင်ပျံသန်းသွားခဲ့ပြီး လန်ချင်းဖုန်း သူ့နောက်မှ ပျံသန်းလိုက်ပါလာခဲ့သည်။

ရောက်သောအခါ ကျန်းယန်လေးလေးနက်နက်ပြောလိုက်၏။

“ဒီမျိုးဆက်ရဲ့ ပါရမီရှင်တွေကြားထဲမှာ မင်းနဲ့ငါကအတော်လေးတူတယ်ကွ မဟုတ်ရင် ငါမင်းကိုဒီလောက်အလွယ်တကူ တောင်ပေါ်ခေါ်လာမှာ မဟုတ်ဘူး အခု တိုက်ခိုက်ပြီး ဒီအတောအတွင်းမင်းဘယ်လောက် တိုးတက်လာသလဲ ကြည့်ကြတာပေါ့”

လန်ချင်းဖုန်း မျက်လုံးလှန်ကြည့်လိုက်သည်။

“အမြဲ မင်းပဲနိုင်နေသလို ဟန်ဆောင်မနေပါနဲ့ ရေခဲကမ္ဘာ!”

သူချက်ချင်း တိုက်ခိုက်လိုက်၏။

သူ့နတ်ဝိညာဉ်အဆင့် စိတ်ဝိညာဉ်စွမ်းအားကြောင့် ထိုအကွက်က အရင်ကထက်များစွာ အစွမ်းထက်နေခဲ့သည်။ ရုတ်ချည်းဆိုသလို ကွင်းပြင်တစ်ခုလုံးက ရေခဲတိုင်များနှင့်ပြည့်နေသော ရေခဲကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။

သို့သော် ထိုရေခဲကမ္ဘာက ကွင်းပြင်ထဲတွင်သာဖြစ်တည်နေပြီး စွမ်းအားတစ်မျိုး၏ တားဆီးထားမှုကြောင့် အပြင်သို့ မထွက်နိုင်ခဲ့ပေ။

“သေမျိုးကမ္ဘာမှာ ကျတဲ့နှင်း” ကျန်းယန် သူ့ကိုယ်ပိုင် အန္တိမတိုက်ကွက်ကို ထုတ်သုံးလိုက်လေသည်။

လန်ချင်းဖုန်း အသာအယာပြုံးလိုက်၏။

“အဲ့တာကို သုံးနေတုန်းလား အဲ့တာကအလုပ်ဖြစ်ဦးမယ် ထင်လို့လား”

သူ့ထိန်းချုပ်မှုအောက်တွင် ရေခဲကမ္ဘာက ပြိုကွဲသွားကာနှင်းတောင်များ ပြိုကျလာပြီး မြေပြင်သည်လည်း ကွဲအက်သွားကာ ရေခဲဆူးချွန်များက မြှားမုန်တိုင်းတစ်ခုနှယ် ကျဆင်း‌ေန‌ေသာ နှင်းလွှာများကို ဖြတ်ပြီး ကျန်းယန်ဆီပြေး၀င်သွားခဲ့‌၏။

“ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်မှာတုန်းကလိုပင် မင်းရဲ့ မာကျောတဲ့ခန္ဓာကိုယ်ကိုသုံးပြီး ငါ့ရေခဲကမ္ဘာကို ခုခံမှာလား မင်းခန္ဓာကိုယ်ဘယ်လောက်မာကျောလဲ ကြည့်ကြတာပေါ့ကွာ” လန်ချင်းဖုန်း ရယ်မောလိုက်သည်။

“မင်းဒီလောက်များတဲ့ ရေခဲချွန်တွေကို တောင့်ခံနိုင်မှာလား”

ကျန်းယန် သတိထားနေခဲ့၏။ နတ်ဝိညာဉ်အဆင့် ထိပ်တန်းပါရမီရှင်တစ်ယောက်ကို လက်နက်မပါဘဲ ရင်ဆိုင်ရခြင်းက ဟာသတော့ မဟုတ်ပေ။ သတိမထားလျှင် သူရှုံးနိမ့်သွားနိုင်ပြီး သူ့နယ်မြေတွင် သူရှုံးနိမ့်ခဲ့ရလျှင် ထိုအရာက ရှက်စရာကောင်းလွန်းနေပေလိမ့်မည်။

သူလေထဲသို့ခုန်တက်လိုက်ပြီး သူ့လက်များထဲတွင် ကြမ်းတမ်းသောစိတ်ဝိညာဉ်စွမ်းအင်များ ပေါ်လာပြီးနောက် ထိုစွမ်းအင်များဖြင့် သူ့ပတ်ပတ်လည်ရှိ နှင်းများကို ဖိနှိပ်လိုက်၏။

ထိုအခါ မရေတွက်နိုင်သောနှင်းများက ဆတိုးပွားသွားပြီး လူသဏ္ဍာန်ပုံရိပ်များ ဖြစ်ပေါ်လာခဲ့ကာ ထိုပုံရိပ်များဆီမှ ကျောချမ်းဖွယ် အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။

“အဲ့တာဘာအကွက်လဲ” လန်ချင်းဖုန်း ကြောင်သွားခဲ့၏။

“သေမျိုးကမ္ဘာမှာ ကျတဲ့နှင်းမဟုတ်ဘူးလား”

ကျန်းယန်ပြုံးလိုက်သည်။

“ဒီအကွက်ကို ကောင်းကင်အလွန်ကတိုက်ကွက်လို့ခေါ်တယ်”

“သတိထား” ကျန်းယန် လက်ကိုဝေ့ယမ်းလိုက်၏။

ထိုပုံရိပ်များသည် ရေခဲချွန်များဆီ ပြေး၀င်သွားခဲ့ပြီး ရေခဲချွန်များနှင့်ထိသောအခါ ထိခိုက်ရမည့်အစား ရေခဲချွန်များက သူတို့ကို ပိုသန်မာသွားစေခဲ့သည်။

ရေခဲချွန်များကိုဖြတ်ပြီးနောက် ပုံရိပ်များက လန်ချင်းဖုန်းဆီပြေး၀င်သွားခဲ့ကြ၏။

“ဟားဟား ကောင်းတယ်” လန်ချင်းဖုန်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

“ဒါကို မျှော်လင့်မထားခဲ့မိဘူး”

“အခု ငါ့အလှည့်ပဲ”

“ရေခဲနှင့်နှင်း၏ တိတ်ဆိတ်မှု”

ရုတ်ချည်းဆိုသလို အရာအားလုံး နှေးကွေးသွားခဲ့ပြီး ရေခဲကမ္ဘာတစ်ခုလုံးက ရပ်တန့်သွားခဲ့၏။

အထီးကျန်သော အဖော်မဲ့သော အသက်မရှိသော ကျောချမ်းဖွယ်စွမ်းအားတစ်ခုသာ ထိုနယ်မြေထဲတွင် ပြည့်နှက်နေခဲ့သည်။

တခဏအတွင်း ကျန်းယန် အဆုံးမဲ့သောအထီးကျန်မှုကို ခံစားလိုက်ရပြီး ၀မ်းနည်းမှုများဖြင့် ပြည့်နှက်လာကာ သူ့စိတ်တစ်ခုလုံး အေးခဲသွားခဲ့၏။

ထို့နောက် ရုတ်တရက်ဆိုသလို လန်ချင်းဖုန်း၏ခန္ဓာကိုယ်က ကြမ်းတမ်းစွာ တုန်ခါလာခဲ့သည်။ သူသွေးချောင်းတစ်ချက်ဆိုးလိုက်ရပြီး ရေခဲကမ္ဘာလည်း ပြိုကွဲသွားကာ သူ့စွမ်းအားများလည်း အစအနမကျန်အောင် ပျောက်ကွယ်သွားခဲ့‌၏။

All Chapters