နောင်တရနေသော ရှိ့ယိဘုရားကျောင်း
Vol. 31 Ch. 325
မြူနှင်းဂိုဏ်းမှလူများကို လိုက်ပို့ပြီးနောက် ကျန်းယန် ကုန်းရှုနှင့်ကျိရှုတို့ကိုဖိတ်ခေါ်ခဲ့၏။
“မတွေ့တာကြာပြီနော် ဘယ်လေတိုက်လို့ လွင့်လာကြတာလဲ” ကျန်းယန် ပြုံးကာ နွေးထွေးစွာ ပြောလိုက်သည်။
ကျန်းယန်၏ အေးချမ်းလှသော အမူအရာကိုကြည့်ပြီး သူတို့ ကောင်းကင်သူရဲကောင်းတိုက်ါပွဲကွင်းပြင်ထဲက အခြေအနေကို ပြန်သတိရသွားခဲ့ဧ။။် ထိုစဉ်တုန်းက ထိုကောင်သည် ရူးသွပ်သွားခဲ့ပြီး တွေ့သမျှလူကို လိုက်သတ်နေခဲ့ဖူးသည်။ ယခုကျန်းယန်ကတော့ ကွဲပြားလွန်းလှ၏။
“ငါတို့က ဒီကိုနင့်အတွက်ရောက်လာတာမဟုတ်ဘူး ဆရာစန်းစုန့်ကိုတွေ့ဖို့ ရောက်လာတာ” ကျိရှု ခပ်တင်းတင်းပြောလိုက်သည်။
ကျန်းယန် ခေါင်းယမ်းလိုက်ကာ
“အဲ့ဒီဆရာအိုကြီးက ကပ်ဘေးဖြတ်ကျော်ခြင်အဆင့်ကို ကျော်ဖြတ်ရင်း အလုပ်ရှုပ်နေတယ်”
ကျိရှုနှင့်ကုန်းရှုတို့ တုန်လှုပ်စွာ အကြည့်ချင်းဖလှယ်လိုက်ကြ၏။ စန်းစုန့်သည် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်သိူ့ ရောက်ရှိပေတော့မညါလော။
ထိုသို့သာဆိုလျှင်တော့ သူတို့ရှို့ယိဘုရားကျောင်း၏ ဆုံးရှုံးမှုက မသေးလှပေ။
“အခြားကိစ္စရှိသေးလား” ကျန်းယန် မေးလိုက်သည်။
“မရှိရင်တော့ ကျေးဇူးပြုပြီး ထွက်သွားကြပါတော့ ငါ့မှာတွေ့စရာ ဧည့်သည်တွေ အများကြီးရှိနေတယ် မင်းတို့နဲ့ စကားစမြည်ပြောမပေးနိုင်ဘူး”
“ပြီးတော့ ချင်းရှုရော” ကျိရှု ဆက်မေးလိုက်၏။
ကျန်းယန် အဓိပ္ပာယ်ပါပါဖြင့် ပြုံးလိုက်ကာ
“ကြည့်ရတာ မင်းတို့အထင်မှားနေကြပုံပဲ အဲ့ဒီဆရာအိုကြီးရော တပည့်လေးရောက မင်းတို့ ရှို့ယိဘုရားကျောင်းက မဟုတ်တော့ဘူး သူတို့ကအခု အဇူရာတိမ်ဂိုဏ်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေပြီ”
“ငါတို့ သူတို့အတွက် စိတ်ဝိညာဉါကျောက်တုံး ဘီလီယံနဲ့ချီပြီး သုံးထားတာ” ကျန်းယန်ဆက်ပြောလိုက်သည်။
“ငါတို့လူတွေကို အလွယ်တကူ တွေ့လို့မရဘူး”
ကုန်းရှို့အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ
“ဒါပေမယ့် ငါတို့က တစ်ချိန်က ဂိုဏ်းတူတပည့်တွေဖြစ်ခဲ့ကြတာလေ မိတ်ဆွေဟောင်းချင်း တွေ့ခွင့်တော့ ရှိသင့်တာပေါ့”
ကျန်းယန် ခေါင်းငြိမ့်ပြလိုက်၏။
“အကျိုးအကြောင်ူသင့်ပါတယ် ဒါပေမယ့် အခုချင်းရှုက မှော်လက်နက်ပံုစံဆွဲေရးနဲ့ ထုတ်လုပ်ေရး ဝာာ၀န်ခံအဖြစ် တာ၀န်ထမ်းဆောင်နေရင်း အလုပ်ရှုပ်နေတယ် စစ်ရေးပြပွဲက မကြာခင်စတော့မှာဆိုတော့ သူ့မှာ မင်းတို့နဲ့တွေ့ဖို့ အချိန်မရှိဘူး”
သူတမင်သက်သက် မှော်လက်နက်အသစ်များထုတ်လုပ်နေကြောင်းကို ပြောပြပြီး ရှို့ယိဘုရားကျောင်း နောင်တရအောင် လုပ်လိုက်ခြင်း ဖြစ်သည်။ သူတို့ တပည့်ဟောင်းကြောင့် အဇူရာတိမ်ဂိုဏ်း၏ မှော်လက်နက်များ တိုးတက်လာခဲ့လျှင် ရှို့ယိဘုရားကျောင်း ဆုံးရှုံးမှုကို အကြီးအကျယ်ခံစားသွားရပေလိမ့်မည်။
ကျန်းယန် လိုချင်သည့်အတိုင်းပင် ကျိရှုနှင့်ကုန်းရှုတို့ ဆုံးရှုံးမှုကို စတင်ခံစားနေခဲ့ရချေပြီ။
ကျိရှု မျက်မှောင်ကြုံ့လိုက်၏။
“အဇူရာတိမ်ဂိုဏ်းက အကျိုးအကြောင်းမသင့်ဘူး သူတို့က ငါတို့လူတွေပဲ”
ကျန်းယန်သူမကို အေးစက်စက်တစ်ချက်ကြည့်လိုက်ကာ
“မင်းအကြောင်းပြချက်အကြောင်း တကယ်ကို ဂရုစိုက်တယ်ဆိုရင် အခုငါ့ဘေးမှာ လာရပ်တော့လေ မင်းငါ့ကို ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲမှာ ရှုံးထားတာကို မှတ်မိတယ်မလား”
ကျိရှု ကျန်းယန်ကိုကြည့်ရှုရင်း ဆွံ့အသွားခဲ့၏။ ကုန်းရှို့ကတော့ မျက်မှောင်ကြုံ့နေရင်း အဇူရာတိမ်ဂိုဏ်း ဘာလုပ်ချင်နေသလဲ တွေးတောနေခဲ့သည်။
ကျန်းယန် သူတို့ကို စိန်ခေါ်လိုက်၏။
“အခြားဂိုဏ်းက လူတွေကို ယူတာက အပြစ်ဖြစ်တယ်ဆိုရင် အခြားဂိုဏ်းက နတ်လက်နက်တွေကို ယူတာကရော ပြစ်မှုမမြောက်ဘူးလား ရှို့ယိဘုရားကျောင်းက ကိုယ့်မျက်ချေးကိုယ် မမြင်တတ်တာလား”
သူဆက်ပြောလိုက်၏။
“စန်းစုန့်နဲ့ချင်းရှုက သူတို့ဆန္ဒနဲ့သူတို့ မိစ္ဆာတွေကိုစောင့်ကြပ်ဖို့ သဘောတူခဲ့တာ သူတို့က မင်းတို့လို စိတ်သေဘာထားကျဉ်းမြောင်းပြီး ရေနစ်သူဝါးကူထိုးချင်တဲ့ သူတွေ မဟုတ်ဘူး”
ကျိရှုနှင့်ကုန်းရှုတို့ ဒေါသထွက်သွားသော်လည်း ပြန်မတုန့်ပြန်နိုင်ခဲ့ပေ။ သူတို့အပြုအမူများတွင် မေးခွန်းထုတ်စရာများ ရှိနေမှန်း သူတို့လည်းသိနေ၍ ဖြစ်သည်။
ကုန်းရှု သက်ပြင်းချလိုက်၏။
“စကားအရာမှာဆိုရင် လူအနည်းငယ်လောက်ပဲ မင်းနဲ့ယှဉ်နိုင်လိမ့်မယ် တာအိုမိတ်ဆွေကျန်း ဒါပေမယ့် ရှို့ယိဘုရားကျောင်းက သူ့တပည့်တွေကို လွယ်လွယ်နဲ့ လက်လွှတ်ပေးမှာ မဟုတ်ဘူး”
ကျန်းယန် ခပ်ဟဟရယ်မောလိုက်သည်။
“အရိုးသားဆုံးပြောရရင် မင်းတို့က ထိပ်တန်းတပည့်တွေဆိုပေမယ့်ရှို့ယိဘုရားကျောင်းမှာ မင်းတို့ရဲ့ လွှမ်းမိုးမှုက အကန့်အသတ်ရှိတယ် မင်းတို့ဂိုဏ်းကိုယ်စား ပြောပိုင်ခွင့်မရှိဘူး ပြန်ပြီးတော့ ဘာတွေဖြစ်ခဲ့လဲဆိုတာ ပြောပြလိုက်ပါ ပြီးတော့ အဇူရာတိမ်သတင်းစာထွက်ပြီ အဲ့ဒီထဲမှာ စစ်ရေးပြပွဲအတွက် ဖိတ်စာပါတယ် ရှို့ယိဘုရားကျောင်းက ကိုယ်စားလှယ်လွှတ်ပြီး စစ်ရေးပြပွဲမှာ တက်ရောက်ပေးဖို့ ငါမျှော်လင့်ပါတယ်”
“ငါတို့ သတင်းပို့လိုက်ပါ့မယ်” ကုန်းရှို့ပြန်ပြောလိုက်၏။
သူတို့နှစ်ယောက်ထွက်သွားပြီးနောက် သူတို့မျက်လုံးများထဲ နောင်တအရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။ သူတို့အရင်က အထင်သေးခဲ့သော ချင်းရှုသည် လက်နက်သန့်စင်ရေးတွင် အဆင့်တစ်ခုအထိ ရောက်ရှိသွားခဲ့၏။ စန်းစုန့်ကလည်း ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်သို့ ရောက်ရှိတော့မည်ဟု ဆိုပြန်သည်။ ထိုအဖိုးကြီးသည် တာအိုပေါင်းစည်းခြင်းအဆင့်တွင်သာ သေသွားတော့မှာဟု သူတို့အားလံုး ထင်ထားခဲ့ကြခြင်း ဖြစ်၏။ ထိုသတင်းက သူတို့အကြီးအကဲများဆီ ချက်ချင်း ရောက်ရှိသွားခဲ့သည်။
ထို့နောက် ကျန်းယန် လန်ချင်းဖုန်းလိုပင် သူနှင့်ယှဉ်ပြိုင်လို၍ လာရောက်ခဲ့သော ချီလန်နှင့်တွေ့ဆုံခဲ့၏။ သူတို့နှစ်ယောက် အကြိမ်အနည်းငယ် လက်ရည်စမ်းပြီးခဲ့ပြီးသည့်နောက်တွင် ရပ်တန့်ခဲ့သည်။
ကျန်းယန် သူ့အား ပင်လယ်ကောင်းကင်မျှော်စင်နှင့်ကုန်သွယ်လိုသည့်အကြောင်း ပြောခဲ့ပြီး ချီလန်ကလည်း ဂိုဏ်းကိုယ်စား သဘောတူခဲ့၏။
“ငါတို့ဂိုဏ်းက မင်းတို့နဲ့ အရမ်းဝေးတယ်” ချီလန် လေးလေးနက်နက်ပြောလိုက်သည်။
“ေကာင်းကင်လုံးသားကျွန်းပြီးရင် ငါတို့က မင်းတို့နဲ့အဝေးဆူံးပဲ ပြီးတော့ ငါတို့က မင်းတို့ကိစ္စတွေမှာလည်း ၀င်မရှုပ်ချင်ပါဘူး အခြေအနေတွေက အတင်းဖိအားပေးလာလို့သာ ဒီကိစ္စတွေမှာ ၀င်ပါလာရတာ အခုကိစ္စတွေ တည်ငြိမ်သွားပြီဆိုတော့ ငါတို့လည်း ငါတို့ခွန်အားပိုသန်မာလာဖို့ အာရုံစိုက်ရတော့မယ် ငါတို့မျှော်စင်က မင်းတို့နဲ့ ကုန်သွယ်ချင်ပါတယ်”
ကျန်းယန် ခေါင်းငြိမ့်ပြလိုက်၏။
“ရှေးခေတ်ကတည်းက အဇူရာတိမ်ဂိုဏ်းက ငြိမ်းချမ်းရေးကို တန်ဖိုးထားခဲ့တယ် လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက ငါတို့က မျှော်လင့်မထားတဲ့ ကပ်ဘေးတစ်ခုနဲ့ ကြုံတွေ့ခဲရပြီး ခက်ခက်ခဲခဲ ကိုင်တွယ်ခဲ့ရတယ် ချီလန် မင်းအကြီးအကဲတွေကို သတိပေးလိုက်ပါ မိစ္ဆာကပ်ဘေးက ပြန်လာနိုင်ေသးတယ် အဲ့ဒီအတွက် ကြိုတင်ပြင်ဆင်ထားတာ ကောင်းလိမ့်မယ်”
ချီလန် တုန်လှုပ်သွားခဲ့သည်။ “မိစ္ဆာကပ်ဘေးက ပြန်လာနိုင်သေးတယ်တဲ့လား ဒါပေမယ့် သူတို့က အဇူရာတိမ်ဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့လိုက်ပြီ မဟုတ်လား”
ကျန်းယန် အေးအေးဆေးဆေးပြန်ပြောပြလိုက်သည်။
“ငါ့ကိုပြောပါဦး အဲ့ဒီမိစ္ဆာတွေက ဘယ်ကလာတာလဲ ပြီးတော့ သူတို့က ဘာကိုလိုချင်တာလဲ”